← Chapters

သဘောမနော အလွန်ကောင်းတဲ့ အစ်ကိုရီ

Vol. 49 Ch. 723

သဘောမနော အလွန်ကောင်းတဲ့ အစ်ကိုရီ

Vol. 49 Ch. 723

လင်းရီ၏ စကားလုံးများက လုံရွှိုက်နှင့် ပိုင်ပင်းယွီ့ကို တစ်ခဏမျှ မတုံ့ပြန်နိုင် ဖြစ်သွားစေခဲ့သည်။

သူတို့အားလုံးက နိုင်ငံကြီးသားတွေလေ… နည်းနည်းပါးပါး ကြွားဝါလို့ရတယ်… ဒါပေမယ့် ဆဲစရာ လိုလို့လား…

လူတိုင်းက ပခုံးနှစ်ဖက်ကြားကနေ ခေါင်းထွက်တဲ့ လူတွေကြီးပဲ.. လူမှုရေး စည်းကမ်းတွေကို မလိုက်နာရအောင် သူက ဘာကောင်မို့လို့…

“ မင်း စကားကို ပြန်မပြင်တော့ဘူးလား…” လုံရွှိုက် မျက်လုံး ကျဉ်းမြောင်းသွားပြီး ပြောလိုက်၏။

“ ငါမင်းကို ပြောလိုက်မယ်… ငါ ဒီ လေကြောင်းလိုင်းရဲ့ မန်နေဂျာနဲ့ သိတယ်… ငါသာ လှမ်းခေါ်လိုက်တာနဲ့ မင်းကို မောင်းထုတ်လို့ရတယ်ဆိုတာ မင်းသိရဲ့လား…”

“ အဲ့တာဆိုလုပ်လေ… ငါစောင့်နေတယ်…”

လင်းရီ ပြန်ပင် လှည့်မကြည့်ပဲ ကျန်းရှောင်ယွီနှင့် အတူ Gulfstream G550သို့ ဦးတည်လိုက်၏။

“ လုံရွှိုက်… အဲ့ကောင်ကို ပညာပြလိုက်စမ်းကွာ…” စထွင်းထဲရှိ ကြည့်ရှုသူတစ်ဦးမှ ပြောလိုက်၏။

“ ဒီကောင်က တော်တော်လေး မောက်မာတယ်… သူက Dou yu ရဲ့ နံပါတ်တစ် Outdoor စထွင်မာကို အဲ့လိုပြောလိုက်တယ်လား… ဒီကောင် Dou Yu မှာ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးနဲ့ တူတယ်..”

“လုံရွှိုက်… မန်နေဂျာခေါ်ပြီး ဒီကောင့်ကို မောင်းထုတ်ပစ်လိုက်… အဲ့တာဆို ကြည့်ရှုသူတွေကို တိုက်ခိုက်ပြီး ရယူနေစရာမလိုတော့ဘူး…”

“ ဟုတ်သား... မင်းက အင်တာနက် စောင့်ကြည့်လေ့လာရေး အဖွဲ့က လူတွေနဲ့ သိတယ် မဟုတ်ဘူးလား.. ပြီးတော့ Dou Yu ရဲ့ အမှုဆောင်တွေနဲ့လည်း ရင်းနှီးသေးတယ်… လာပြီး အမောက်ထောင်ပြနေတဲ့ အဲ့ကောင်ကို ဘန်းပစ်လိုက်… “

အခန်းထဲရှိ လူများမှ တညီတညွှတ်တည်း တောင်းဆိုနေကြသည်ကို မြင်တော့ လုံရွှိုက် ပြုံးလိုက်ပြီး “ ကောင်းပြီ.. လူတိုင်းပဲ… စိတ်ကိုငြိမ်ငြိမ်ထားကြပါ… ငါတို့အားလုံးက ပလတ်ဖောင်း တစ်ခုထဲက ညီကိုတွေကိုပဲ… သူ့ကို နောက်ထပ် အခွင့်အရေးလေး ပေးလိုက်ကြတာပေါ့..”

“ သေစမ်း… ဘာတွေ ဖြစ်နေတာတုန်း… ဘာလို့ သူတကယ်ကြီး ကိုယ်ပိုင် လေယာဉ်ပေါ် တက်သွားတယ်…”

စထွင်းထဲရှိ လူများ၏ ပြောကြားသံကို ကြားတော့ လုံရွှိုက်နှင့် ပိုင်ပင်းယွီ့တို့ ကြက်သေသေသွားခဲ့ကြ၏။ သူတို့၏ ခေါင်းများကို ရုတ်ချည်း လှည့်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်လိုက်ကြလေသည်။

သူ အံ့အားသင့်သွားခဲ့သည်က တစ်ဖက်သူမှာ မလှမ်းမကမ်းရှိ ကိုယ်ပိုင်လေယာဉ်ပေါ်သို့ တက်သွားခဲ့ပြီ ဖြစ်၏။

“ သေစမ်း… ငါ အဲ့လေယာဉ်ကို သိတယ်.. အဲ့တာက ထိပ်တန်း စီးပွားဖြစ်လေယာဉ် GulfstreamG550 ပဲ … ယွမ် မီလီယမ် ရာချီတယ်လို့တောင် ပြောကြတယ်… တစ်ခေါက် ပျံသန်းဖို့ဆို မီလီယမ် ဆယ်ဂဏန်း အတွင်းပဲ… လခွမ်း.. အဲ့ကောင်က ဘယ်လိုလုပ်ပြီး အဲ့လိုလေယာဉ်ပေါ် ရောက်သွားရတာ…”

“ ကြည့်ရတာတော့ ဒိကောင် လိမ်နေတာ မဟုတ်ဘူးနဲ့တူတယ်… သူ တကယ်ကြီး ကိုယ်ပိုင်လေယာဉ်နဲ့ သွားလောက်တယ်…”

“ ဒီရဲ့ မျက်နှာဖုံး အစ်ကိုကြီးက မဆိုးဘူးပဲ… တကယ်ကြီး သီးသန့်လေယာဉ်တောင် စီးနိုင်တယ်… ဆိုးတာက သူ စထွင်းဖို့ ရည်ရွယ်ချက် မရှိတာပဲ… မဟုတ်ရင် အထဲက ဘယ်လိုပုံစံရှိလဲ ဆိုတာ ငါတို့ ကြည့်လို့ရတယ်…”

လုံရွှိုက်၏ မျက်နှာအမူအရာမှာ ကြည့်လို့လှမနေချေ။ သူပင် ကိုယ်ပိုင်လေယာဉ် မစီးဖူးရာ သကောင့်သားကတော့ ကိုယ်ပိုင်လေယာဉ်နှင့် ပျံသန်းတော့မည် ဖြစ်၏။

ယင်းက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလော။

ပိုင်ပင်းယွီ့ လုံရွှိုက်၏ အင်္ကျီစကို ဆွဲပြီး စကားတစ်ချို့ တီးတိုးပြောလိုက်၏။ “ သွားစို့… သူတို့ကို လောလောဆယ် လျစ်လျူရှုထားလိုက်… လေယာဉ်ပေါ် အရင်ဆုံး သွားကြမယ်…ငါတို့ရဲ့ ဦးစားပေးကို မမေ့နဲ့…”

“ အင်း…” လုံရွှိုက် ခေါင်းညိမ့်လိုက်ပြီး စထွင်းထဲရှိ လူများကို ကြည့်၍ “ ကြည့်ရတာ ဒီကောင် မျက်နှာပြောင်တိုက်ပြီး သူများလေယာဉ်ပေါ် တက်သွားတယ်နဲ့တူတယ်… ငါတော့ ဂရုမစိုက်ပါဘူး.. တကယ်လို့ ငါလည်း သူ့လို အရှက်မဲ့ကြေးဆို လေယာဉ် စင်းလုံးငှားပြီး ခုပဲ ထွက်သွားလိုက်တော့မယ်…”

“ ဟားဟား.. လုံရွှုက်က လုံးဝ အံ့အားသင့်စရာပဲ.. G550 ကို ငှားဖို့ဆို ယွမ် မီလီယမ်နဲ့ချီပြီး ကုန်မှာ… တိုင်ကွန်းတွေရဲ့ သုံးဖြုန်းတဲ့ အလေ့ကတော့ စိတ်လှုပ်ရှားစရာပဲ…”

“ ဒါ အင်တာနက်ပေါ်က ငွေကြေးအချမ်းသာဆုံး စထွင်မာပဲ… ငြင်းစရာ မလိုဘူး…”

အဆိုပါ ကွန်းမန့်များကို မြင်တော့ လုံရွှိုက်၏ အမူအရာမှာ သိသိသာသာ ကောင်းမွန်လာပြီး ထူးမခြားနားသည့် လေသံဖြင့် “ ဒီတိုင်း ယွမ် မီလီယမ် အနည်းငယ်လေးပဲ မလား… ဘာမှမဟုတ်ပါဘူး.. မင်းတို့ အစ်ကိုကြီးက နောက်သုံးလေးရက်လောက်နေရင် ကျွန်းတစ်ကျွန်းငှားပြီး ညီကိုတွေနဲ့ ပျော်မယ် ပါးမယ်… အဲ့ဒီအခါကျရင် ငါက ချမ်းသာတယ်ဆိုတာကို မင်းတို့ ယုံကြည်ချက်အပြည့်နဲ့ ကြေညာလို့ရပြီ..”

“ ပြဿနာမရှိဘူး… ကျုပ်ကတော့ အစ်ကိုလုံရဲ့ ဟို လျှို့ဝှက်တဲ့ လှုပ်ရှားမှုလေးတွေကို စောင့်မျှော်နေပါတယ်.. ဟားဟား………..”

“ ကောင်းပြီ… လေယာဉ်ပေါ်မှာ ဖုန်းလိုင်းမရှိဘူးဆိုတော့ ခု စထွင်းကို ပိတ်လိုက်တော့မယ်.. ညီကိုတို့… ငါ လေယာဉ်ဆင်းပြီး စထွင်းမယ့် အချိန်ကို စောင့်နေကြလော့….” လုံရွှိုက်မှ ပြောလိုက်သည်။

“ အိုး ပြီးတော့ ငါ ဆန်းကြယ်တဲ့ တိုင်ကွန်းတွေနဲ့ အင်တာဗျူး တစ်ခုလည်း လုပ်ဦးမယ်… သေချာပေါက် စိတ်မပျက်စေရဘူး… အားလုံးပဲ နားစွင့်ထားကြ….”

စထွင်းကို ပိတ်ပြီးနောက် ပြုံးနေသည့် လုံရွှိုက်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။

“ အဲ့ကောင်က ဘယ်သူတုန်း… ဘယ်လိုလုပ်ပြီး Gulfstream G550 ကို စီးနိုင်တာ….”

သူတွေးကြည့်လိုက်တော့ လုံရွှိုက် Gulfstream G550 ပိုင်ဆိုင်သည့် သူဌေးနှင့် မသိကြောင်း သတိပြုမိလိုက်၏။

နှိုင်းယှဉ်ရမည် ဆိုလျှင် သူက ထို မျက်နှာဖုံးကောင်နှင့် အနည်းငယ် ကွာဝေးနေသေးသည်။

“ အစ်ကိုလုံ .. အဲ့တာက ဒီတိုင်း လေယာဉ် တစ်စင်းတည်းကို ခေါင်းထဲ ထည့်မနေနဲ့… “ လုံရွှိုက်၏ လက်ထောက် ကျန်းမုန့်မှ ပြောလိုက်ပြီး “ ကျွန်မ အထင်တော့ သူ့နောက်က စတူဒီယိုက ထောက်ပံ့ပေးထားတာ ဖြစ်မယ်… မဟုတ်ရင် သူ့လို စထွင်မာက ဒီလို ကိုယ်ပိုင်လေယာဉ်မျိုး စီးနိုင်မှာ မဟုတ်ဘူး…”

ပိုင်ပင်းယွီ့လည်း ခေါင်းညိမ့်လိုက်ပြီး “ သူ့စတူဒီယိုက ချမ်းသာတဲ့ ဒုတိယမျိုးဆက်လိုမျိုး ကြည့်ရှုသူတွေရဲ့ စိတ်ထဲ ကျန်ရစ်သွားစေချင်နေတာ နေမှာ… ဒါကြောင့်မို့ သူတို့ဘက်က ဒီလိုလေယာဉ်မျိုး ရဖို့ ပိုက်ဆံအများကြီး သုံးထားရလောက်တယ်…”

“ သေချာပေါက် ဖြစ်နိုင်တယ်…” လုံရွှိုက် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့လိုလုပ်လည်း အသုံးမဝင်ပါဘူး.. အဆုံးသတ်ကြရင် ကြည့်ရှုသူတွေက ငါ့ရဲ့ စထွင်းကိုပဲ ကြည့်ကြမှာ… မနေ့တစ်နေ့ကမှ လာတဲ့ကောင်က ငါနဲ့ ယှဉ်နိုင်မှာတဲ့လား….”

ပိုင်ပင်းယွီ့ ခေါင်းညိမ့်လိုက်ပြီး လုံရွှိုက်၏ မှတ်ချက်ကို မည်သို့မျှ မတုံ့ပြန်ချေ။

အင်တာနက်ပေါ်ရှိ စထွင်မာများ အားလုံးထဲတွင် လုံရွှိုက်၏ ရေပန်းစားမှုက အဆင့်တစ်ခုကြောင်းတော့ အာမခံနိုင်လေသည်။

အနှီ မျက်နှာဖုံးနှင့်လူက မည်သို့မျှ ယှဉ်နိုင်ရန် မဖြစ်နိုင်ချေ။

တစ်ချိန်တည်းတွင် လင်းရီနှင့် ကျန်းရှောင်ယွီတို့လည်း G550 ပေါ် တက်ပြီးနေချေပြီ။

လေယာဉ်ပေါ်တွင်တော့ ချင်းဟန်နှင့် ကျန်နှစ်ယောက်အပြင် စွံ့စွံ့ကားကားနှင့် မိန်းကလေး ဆယ်ယောက်ကျော်ကလည်း ရှိနေကြ၏။

သူတို့အားလုံးက မိနီစကတ်တိုလေးနှင့် ရမ္မက်နိုးကြွစေသည့် အဝတ်အစားများကို ရဲတင်းစွာ ဝတ်ဆင်ထားကြသည်။

ကျန်းရှောင်ယွီ ထိုသူများ၏ ဝတ်စားဆင်ယင်ပုံကို အကဲဖြတ်ပြီးနောက် ဂုဏ်ယူဖွယ်ကောင်းသည့် သူမတို့၏ ရင်ဘက်များကို ကြည့်လိုက်သည်။

ထို့နောက် သူမ ရင်ဘက်အား ပြန်ငုံ့ကြည့်ရင်း အစ်ကိုရီမှ သူမကို အထင်သေးနေခြင်း မဟုတ်ကြောင်း နားလည်သွားခဲ့လေသည်။

သူမ ကောင်းကျိုးအတွက် ပြောပြခဲ့ခြင်းပင်။

“ အစ်ကိုကြီးလင်း… သူက အစ်ကို့သူငယ်ချင်းလား..”ကောင်းကျုံးယွမ်မှ မေးလိုက်၏။

“ အင်း… ငါ့သူငယ်ချင်း…” လင်းရီ ခေါင်းညိမ့်လိုက်၏။

ကောင်းကျုံးယွမ် ကျန်းရှောင်ယွီကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ပြီး “ အစ်ကိုကြီးလင်းရဲ့ အလှရသက ဘယ်လိုလုပ်ပြီး မြန်မြန်ပြောင်းလဲသွားခဲ့တာ.. အရိုးတွေတောင် စကိုက်နေပြီ….ထင်တောင် ထင်မထားဘူး…”

ကျန်းရှောင်ယွီ “…..”

နင်ဘာစကား ပြောတာတုန်း ဟဲ့အကောင်ရဲ့..!

“ မင်း ကြီးတော်ကို ပြောင်းပါလား… သူမက ရာဝမ်းကျွန်းကို လိုက်ပြီး ငါနဲ့ စထွင်းလုပ်ပေးမှာ…”

“ စထွင်းမှာလား….” သုံးယောက်လုံး ကြက်သေသေသွားကြတော့၏။

အစ်ကိုကြီးလင်းက ဘာလို့ အဲ့လို နိမ့်ကျတဲ့ အလုပ်တွေ လုပ်နေတာ…

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ စားသောက်ဆိုင် ပိတ်ပြီးတော့ လိုက်စထွင်းဘက် ပြောင်းလိုက်တာလေ…”

“ အစ်ကိုကြီးလင်း… ကျွန်တော်ကတော့ မူးနေရင်တောင် အစ်ကိုကြီး လုပ်သလို လုပ်ဖို့ သတ္တိမရှိသေးဘူး… လေးစားပါတယ်ဗျာ…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ကျွန်တော်တို့ စတွေ့ပြီးကတည်းကနေ အစ်ကိုကြီး အလုပ်ဘယ်နှစ်ခုတောင် ပြောင်းပြီးသွားပြီလဲ…”

“ ငါက ဒါတွေ မလုပ်လို့ ဘာတွေလုပ်ရမှာ… အိမ်မှာနေပြီး အချိန်ထိုင်ဖြုန်းနေရမှာလား…. တော်စမ်းပါ.. ငါ့ကို မင်းတို့လိုမျိုးများ မှတ်နေလား…”

" မှတ်သားလောက်ပါတယ်…”

လင်းရီ ပြုံးလိုက်ပြီး ကျန်းရှောင်ယွီကို လှမ်းဆွဲလိုက်ကာ “ လာ ... ရှောင်းယွီ .. ငါမင်းကို မိတ်ဆက်ပေးမယ်…”

ပြီးနောက် လင်းရီ လက်ဟန်ပြလိုက်ပြီး

“ ဒီကောင်က ကောင်းကျုံးယွမ်.. ဒီကောင်ကျ လျန်ကျင်းမင် … ဒီခု လေကြောင်းလိုင်းက ဒီကောင့်အပိုင်ပေါ့… ဒီဘက်ကကျတော့ ချင်းဟန်.. ဒဏ္ဍာရီလာ ဆန်းပြားတဲ့ မင်းသားလေး… မင်း ဒီကောင်တွေကို အစ်ကိုကောင်း ၊ အစ်ကိုလျန်၊ အစ်ကိုချင်းလို့ ခေါ်လို့ရတယ်…”

“ သူက ချင်းဟန်လား….”

ကျန်းရှောင်ယွီ အံ့အားသင့်စွာဖြင့် ပြောလိုက်ပြီး “ သူ့ကို ရင်းနှီးနေပါတယ်လို့ မှတ်နေတာ.. လက်စသတ်တော့ ချင်းဟန်ကိုး… သူ့ပုံတွေကို အင်တာနက်ပေါ်မှာ အများကြီး မြင်ဖူးတယ်…”

“ အင်း… သူပဲ…”

“ ဟယ်လို အစ်ကိုချင်း.. ဟယ်လို အစ်ကိုလျန်.. ဟယ်လို အစ်ကို ကောင်း…” ကျန်းရှောင်ယွီ ခေါင်းညိမ့်ပြုံးရင်း လိုက်နှုတ်ဆက်လိုက်၏။

သို့သော်လည်း သူမရင်ဘက်ထဲတွင်တော့ ကဆုန်ဆိုင်းနေလေသည်။

သူမရှေ့ ထိုင်နေကြတဲ့သူတွေက ကျိုးဟိုင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူတွေလေ… သူမ ဒီလိုမျိုး တွေ့ရလိမ့်မယ်လို့တောင် ထင်မထားဘူး.. အရေးကြီးဆုံးက အဲ့ဒီသူတွေက အစ်ကိုကြီးလင်းကို အရမ်း ရိုကျိုးနေကြတာပဲ…

ဟင်.. ဒါဆို အစ်ကိုကြီးလင်းက ဘယ်လောက်တောင် အရှိန်အဝါကြီးလိုက်မလဲ…

ပြီးတော့ အဲ့လိုလူမျိုးက သူမနဲ့ မိတ်ဆွေလာဖြစ်နေတယ်.. တွေးကြည့်လိုက်ရုံနဲ့ အိပ်မက်မက်နေသလိုပဲ…

“ လာ လာ.. မင်းက အစ်ကိုကြီးလင်းရဲ့ သူငယ်ချင်းဆိုတော့ ငါတို့ရဲ့ သူငယ်ချင်းပဲပေါ့… အဆင်ပြေတဲ့ နေရာတာ ဝင်ထိုင်လိုက်….”လျန်ကျင်းမင်မှ လက်ပြရင်း ပျူငှာစွာ ပြောလိုက်သည်။

“ အစ်ကိုချန်.. ရှင်းဟွာ လေကြောင်းလိုင်းက တကယ်ကြီး အစ်ကို့ရဲ့ အပိုင်လား…”

“ ဒါပေါ့ ငါက ဘာလုပ်ဖို့ လိမ်ရမှာ…”

“ မဟုတ်ပါဘူး.. ခုလေးတင် အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတဲ့ လူတစ်ချို့တွေ့လာလို့… သူက လေကြောင်းလိုင်း မန်နေဂျာနဲ့ သိတယ်ပြောပြီး ကျွန်မတို့ကို မောင်းထုတ်ချင်နေတာလေ…. လေယာဉ်ပေါ် ပေးမတက်ချင်ဘူး…” ကျန်းရှောင်ယွီမှ စိတ်တိုစွာ ပြောလိုက်၏။

“ ငိုးမ… အဲ့တာ အမှန်ပဲလား… ဘယ်ကောင်က ငါ့ရဲ့ အစ်ကိုကြီးလင်းကို အဲ့လို ပြောဝံ့နေတာ….”

“ အွန်း အွန်း.. အမှန်ပဲ… ဒါပေမယ့် အစ်ကိုရီက သဘောမနော အလွန်ကောင်းနေတော့ သူတို့ကို လျစ်လျူရှုလိုက်တယ်လေ…”

ကျန်းရှောင်ယွီမှ လျန်ကျင်းမင် လုံရွှိုက်တို့ အဖွဲ့အား မောင်းထုတ်မည်ကို မစောင့်နိုင်တော့ချေ။ ထိုသို့ဖြင့် အစ်ကိုကြီးလင်းကသာ ကြည့်ရှုသူများ၏ အာရုံကို သိမ်းကျုံးယူသွားနိုင်ပေမည်။

သို့သော်လည်း သူမ မသိသည်က ထိုသို့ ပြုလုပ်ပြီး ရလာသည့် ကြည့်ရှုသူအရေအတွက်က လင်းရီ မစ်ရှင်အတွက် အထောက်အကူ မဖြစ်သည်ကိုပင်။

“ ဟားဟား…….”

လျန်ကျင်းမင်နှင့် ကျန်သူများအားလုံး ပွဲကျသွားခဲ့ကြ၏။ “ အစ်ကိုကြီးလင်းရဲ့ စရိုက်ကို သိပြီးတော့ သဘောကောင်းတယ်လို့ ပြောဖူးတာ မင်းက ပထမဆုံးအကြိမ်ပဲ.. ဟားဟား….”

“ ဟမ်…” ကျန်းရှောင်ယွီ ရှုပ်ထွေးသွားခဲ့၏။

“ ဖြစ်နိုင်တာ အစ်ကိုရီက စိတ်ဆတ်တဲ့ လူစားမျိုးလား… ဒါပေမယ့် ကျွန်မ သူနဲ့ သိလာတဲ့ တစ်လျှောက်လုံးတော့ အစ်ကိုရီက သိမ်မွေ့ပြီး ညင်သာတဲ့ လူကြီးလူကောင်း ပုံစံမျိုးပါ….”

“ ဟားဟား… ဆိုတော့ ဒီကောင် သူများကို ထိုးရင် ဘယ်လောက်တောင် ကြမ်းတမ်းလဲဆိုတာ မသိသေးဘူးပေါ့..” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ တကယ်… အစ်ကိုကြီးလင်းက အိပ်ရာပေါ်မှာ အဲ့လောက်တောင် ကြမ်းတယ်ပေါ့….”

All Chapters