← Chapters

မင်းရဲ့ ကောင်လေး စိတ်မရှိသရွေ့

Vol. 49 Ch. 724

မင်းရဲ့ ကောင်လေး စိတ်မရှိသရွေ့

Vol. 49 Ch. 724

‘အာ…’

အခန်းထဲရှိ လေထုမှာ ရုတ်ချည်း တိတ်ဆိတ်သွာခဲ့တော့၏။

လူတိုင်း၏ အကြည့်က ကျန်းရှောင်ယွီထံစုပြုံလို့နေသည်။

“ ညီမလေး… မင်း အစ်ကိုကြီးလင်းနဲ့ ကီးကိုက်နေတာ မဆန်းတော့ပါဘူး…. လက်စသတ်တော့ မင်းလည်း အစ်ကိုရီလို အကျင့်စရိုက်မျိုးနဲ့ပဲ ….”

ကျန်းရှောင်ယွီ မျက်နှာ နီရဲသွားခဲ့၏။ “ ကျွန်မ အထင်လွဲသွားခဲ့တာလား….”

လျန်ကျင်းမင် သစ်သီးလှီးဓားကို ကောက်ယူလိုက်ပြီး ပန်းကန်ထဲရှိ ပန်းသီးကို ကိုင်၍ ထိုးပြလိုက်၏။

“ သူပြောချင်တာက ဒီလို ထိုးတာကို ပြောတာ…”

ကျန်းရှောင်ယွီ နှုတ်ခမ်း တုန်ခိုက်သွားခဲ့သည်။

“ ရပြီ… ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ ရှောင်းယွီက မိန်းမကောင်းလေး… မင်းတို့ လန့်အောင် လျှောက်စ မနေကြနဲ့…”

“ သခင်လေးလင်း… ကျွန်မတို့က မလိမ္မာဘူး… ကျွန်မတို့ကို လာထိုးပေးပါလားလို့… ခစ်ခစ်…” အခန်းထဲရှိ မိန်းကလေးတစ်ဦးမှ ပြောလိုက်၏။

ကျန်းရှောင်ယွီ ထပ်မံ ရှော့ခ်ရသွားခဲ့သည်။ ဒီရဲ့ မမတွေက အရမ်းကို ပွင့်လင်းတာပဲ…

ပလတ်ဖောင်းပေါ်က စထွင်မာတွေတောင် ဒီလိုမျိုး ပြောရဲမှာ မဟုတ်လောက်ဘူး…

“ အစ်ကိုကြီးလင်း… အစ်ကိုကြီးရှေ့မှာ မိမိုက်သလို လုပ်သွားတဲ့ကောင်တွေက ခု ရာဝမ်းကျွန်းကို သွားမှာမလား…” လျန်ကျင်းမင်မှ သူ့ဖုန်းကို ကောက်ကိုင်ရင်း မေးလိုက်၏။

“ အင်း… ဘာလို့လဲ…”

“ ကျွန်တော် ဖုန်းဆက်ပြီး အဲ့ကောင်ကို မောင်းထုတ်ခိုင်းလိုက်မလို့… “ လျန်ကျင်းမင်မှ ဖုန်းကို ကိုင်ထားရင်း ပြောလိုက်ပြီး “ ခုက အစ်ကိုကြီး မိမိုက်သလို လုပ်ရမယ့် အလှည့်လေ.. သူတို့ လုံးဝ ရှိန်ထွက်သွားလိမ့်မယ်…”

“ မေ့ထားလိုက်… မလိုဘူး… “ လင်းရီ ပြောလိုက်ပြီး “ မပြည့်တဲ့ အိုးက ဘောင်ဘင်ခတ်တယ်.. ငါကဘာလို့ အဲ့ကောင်တွေကို သောက်ဂရု စိုက်နေရမှာ.. တကယ်လို့ ငါသာ ပြန်လုပ်ချင်ရင် ခုထိ ငြိမ်နေမယ် ထင်လား….”

“ ကောင်းပြီလေ… ဒါဆိုလည်း ဒီကောင်တွေကို ရာဝမ်းကျွန်းရောက်မှ ကိုင်တွယ်လည်း ရနေတာပဲ…”

“ ဟုတ်သား လင်းကြီး.. မင်းငါတို့ကို အက်ပ်တွေ ရေးဖို့ လူတွေ ရှာခိုင်းထားတယ်မလား… ခု ငါတို့ဘက်ခြမ်းကတော့ ပြီးလုပြီးခင်ပဲ..” ချင်းဟန်မှ ဆိုဖာနောက်သို့ မှီ၍ လက်နှစ်ဖက်ကို ဘေးပြန့်ကားရင်း ပြောလိုက်ပြီး “ မင်း ဘယ်အချိန်လောက် စချင်လဲ…”

“ ခု စလိုက်တော့.. ငါ နောက်ကျရင် မင်းဆီ ငွေလွှဲပေးလိုက်မယ်…”

“ နည်းနည်းလေးဆို ရပြီ… ငါတို့ဘက်က ရင်းနှီးမြုပ်နှံတယ်ပဲ သဘောထားလိုက်…အချိန်ကျလာရင် မင်းငါတို့ကို အမြတ်တော့ ခွဲပေးပေါ့…”

“ အဆင်ပြေတယ်.. ဘယ်လောက်မြတ်မလဲတော့ ငါမသိဘူး… ဒါပေမယ့် မင်းတို့ ပိုက်ဆံကိုတော့ သေချာပေါက် မရှုံးစေရဘူး….”

“ ရှင်တို့က စီးပွားရေး ကိစ္စ ဆွေးနွေးကြတာလား…”

ကျန်းရှောင်ယွီမှ မေးလိုက်၏။

“ ဆိုပါတော့…”

“ ဒါဆို ကျွန်မလည်း ပါမယ်လေ… အစ်ကိုရီအရင်တစ်ခေါက်က ပေးထားတဲ့ ပိုက်ဆံတွေရယ် ကျွန်မ စုထားတာတွေရယ် ပေါင်းလိုက်ရင် နှစ်မီလီယမ်လောက်တော့ ရှိတယ်….”

“ အိုး… ငါနင့်ကို သူဌေးမလေး ဖြစ်နေမယ်လို့တောင် ထင်မထားဘူး…” ကောင်းကျုံးယွမ်မှ စနောက်လိုက်၏။

“ အစ်ကိုကောင်းကလည်း ကျွန်မကို လှောင်နေပါပြီ…” ကျန်းရှောင်ယွီ ရှက်ရွံ့စွာဖြင့် ပြောလိုက်ပြီး “ ရှင်တို့ ရင်းနှီးမယ့် ငွေပမာဏက ဆယ်မီလီယမ် ကျော်တယ်မလား…”

“ တစ်ဘီလီယမ်… "

" တစ်ယောက်စီကို…”

“ အာ…. ပြတင်းပေါက် အပြင်ဘက်က တိမ်စိုင်တွေ အရမ်းလှတယ်နော်….”

“ ဟားဟား… "

ပုံမှန်ဆို ကျိုးဟိုင်မှ ရာဝမ်းကျွန်းသို့ ရောက်ရန် သုံးနာရီကျော် လေးနာရီနီးပါး ကြာမြင့်၏။ သို့သော်လည်း GulfstreamG550 ကြောင့် တစ်နာရီ စော၍ ရောက်လာခဲ့လေသည်။

လေယာဉ်ဆင်းပြီးနောက် သူတို့ လေဆိပ်အပြင်ဘက်၌ ရပ်ထားသည့် ဘန်ထလေ ငါးစင်းအား မြင်တွေ့လိုက်ရ၏။ အကုန်လုံးကို ချင်းဟန်မှ ကြိုစီစဉ်ထားခြင်းပင်။

သို့နှင့် အုပ်စုမှာ အနားယူမည့် ဟိုတယ်သို့ရောက်လာခဲ့ပြီး ကားပါကင်၌ တစ်မီလီယမ်အောက် ကားများ မရှိကြောင်း သတိပြုမိလိုက်၏။

မရေမတွက်နိုင်သည့် စူပါကားများက ယခုနေရာတွင် ရှိနေကာ မီလီယမ် ဆယ်ချီသည့် စူပါကားများပင် နေရာတိုင်း လိုလို၌ မြင်တွေ့နိုင်လေသည်။

အဆိုပါကားများနှင့် နှိုင်းယှဉ်ပါက လင်းရီတို့ စီးလာသည့် ဘန်ထလေမှာ ဘာမျှ မပေါက်ပေ။

ထပ်ပေါင်းအနေဖြင့် နိုင်ငံခြားသား မျက်နှာမျိုးစုံကို ဤနေရာတွင် မြင်တွေ့နိုင်ပြီး အများစုကတော့ အာရှသားများ ဖြစ်ကြလေသည်။

ကျော်ကြားသည့် ဟိုင်ထျန် ပွဲတော် ဖြစ်သည့် အလျောက် ရာဝမ်းကျွမ်း၏ အဆင့်မြင့် ရွက်လှေစုဝေးပွဲမှာ လုံးဝကို ခန့်မှန်းတိုင်းတာ၍ မရပေ။

“ ဒါကြီးကတော့ အရမ်းများသွားပြီ…” ကျန်းရှောင်ယွီ၏ မျက်လုံးလေး ပြူးကျယ်နေပြီး “ ကား ပြပွဲတွေမှာတောင်မှ ကားအကောင်းစားကြီးတွေ ဒီလောက်ပေါသောမနေဘူး..”

“ ကားဆိုတာက လမ်းဘေးကဟာတွေ… တကယ့် တိုင်ကွန်းကြီးတွေက အဲ့တာတွေကို အာရုံ မခံတော့ဘူး..”

“ ဒါဆို သူတို့က ဘာတွေကို အာရုံခံကြတာ… မိန်းမလှလေးတွေနဲ့လား…”

“ ဟားဟား… ငါတော့ မိန်းမလှလေးတွေကို ကစားရတာ ငြီးငွေ့နေပြီ…” လျန်ကျင်းမင်မှ ပြောလိုက်သည်။

“ ခုခေတ် တကယ် ချမ်းသာတယ်တဲ့လူတွေက ဇိမ်ခံသင်္ဘောတွေ လေယာဉ်တွေနဲ့ပဲ ကစားကြတော့တာ..”

လင်းရီ ပြောပြလိုက်၏။

“ အဲ့ဒီ ဇိမ်ခံသင်္ဘောတွေက ဈေးမပေါဘူးမလား…” ကျန်းရှောင်ယွီမှ သိချင်စိတ် ပြင်းပြစွာဖြင့် စူးစမ်းကြည့်လိုက်သည်။

“ ဒါပေါ့... ဈေးအပေါဆုံးကတောင် ဆယ်မီလီယမ် ကျော်တယ်.. မဟုတ်ရင် ဒီလို စုဝေးပွဲမျိုး ကျင်းပမှာတောင် မဟုတ်ဘူး…”

“ အိုး.. သဘောပေါက်ပြီ သဘောပေါက်ပြီ…”ကျန်းရှောင်ယွီ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး “ ဒီနေ့တော့ တစ်ခု သင်ယူလိုက်ရတာပဲ…”

မကြာမီ အုပ်စုမှာ ဟိုတယ်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ အခန်းများကို စီစဉ်ပြီးနောက် ချင်းဟန်မှ “ ပွဲက မနက်ဖြန်ကျမှ… ဒီနေ့ညတော့ တက်ဖို့ ကလပ်တစ်ခု ရှာကြစို့… ရာဝမ်းကျွန်းရဲ့ နိုက်ကလပ်က သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်လောက်ဘူး…”

“ မင်းတို့ သွားနှင့်ကြ.. ဝမ်ကျန်း ဆိပ်ကမ်းကလည်း ဒီရောက်နေတာဆို‌တော့ ငါတစ်ချက် သွားကြည့်လိုက်ဦးမယ်.. ပြီးမှပဲ မင်းတို့ဆီ လာရှာတော့မယ်…”

“ ဒါဆို ငါတို့လည်း လိုက်မယ်လေ… ဘာပဲဆိုဆို တခြား လုပ်စရာမှလည်း မရှိတာ….”

“ မလိုဘူး…မင်းတို့ကောင်တွေ နေရာသွားရှာနှင့်ကြ… ငါ တစ်ချက်ကြည့်ပြီးတာနဲ့ ပြန်လာခဲ့မှာ….”

“ ပြီးတာပဲလေ…” လျန်ကျင်းမင်မှ ပြောလိုက်ပြီး “ ရှောင်းယွီ.. ငါတို့နဲ့ လိုက်ခဲ့… မင်းကို ကောင်ချောချောလေးတွေ လိုက်ပြပေးမယ်….”

“ ကျွန်မ အစ်ကိုရီနောက် လိုက်သွားတာ ပိုကောင်းမယ် ထင်တယ်… “ ကျန်းရှောင်ယွီ ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်ပြီး “ မဟုတ်ရင် အစ်ကိုရီ ဒေါသထွက်သွားမှာ… “

ထိုအခါ ချင်းဟန်တို့ သုံးယောက်လုံး လင်းရီကို ပြိုင်တူ ကြည့်လိုက်ကြ၏။ “ ဘယ်လိုတောင် သားရဲဆန်လိုက်လဲ… A cup လေးတောင် အလွတ်မပေးဘူး….”

လင်းရီ ပြောစရာ စကား ကင်းမဲ့သွားတော့၏။

“ ငိုးမသားတွေ လာကြည့်မနေနဲ့.. ငါ ဘာမှ မလုပ်ထားဘူး…”

ကျန်းရှောင်ယွီ တခစ်ခစ် ရယ်မောလိုက်၏။ အနှီ ချမ်းသာသည့် သခင်လေးများက သူမ ထင်ထားသကဲ့သို့ ပေါင်းသင်းရန် ခက်ခဲမနေချေ။

“ ဒါနဲ့ အစ်ကိုကြီးလင်း… အစ်ကိုကြီး ဒီလာဖို့ မရီးကို ဘယ်လိုပြောလိုက်တာ… တော်နေကြာ ကောင်းခန်းရောက်မှ ရောက်ချလာနေဦးမယ်နော…”

“ ပူနေစရာ မလိုဘူး.. သူမက ငါ့အတွက်ဆိုပြီး ဒီမနက် ဖက်ထုပ်တွေတောင် လုပ်ပေးလိုက်သေးတယ်.. ပြီးတော့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်တဲ့.. အရမ်း မပင်ပန်းစေနဲ့တောင် ပြောလိုက်သေး…”

“ ဖက်ခ်…. သားရဲ တိရစ္ဆာန်ကြီး ….” ချင်းဟန်မှ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကို ဆွဲခေါ်၍ ထွက်ခွာသွားခဲ့လေသည်။

လင်းရီ “ ??? “

“ ဘာလဲ ဖြစ်နေလို့… ငါ့ကို အဲ့လိုမျိုး ပြောခဲ့တာ အမှန်တရားပဲလေ…”

ချင်းဟန်နှင့် ကျန်သူများ ထွက်ခွာသွားပြီးနောက် လင်းရီ ပီစုန့်ကျန်းထံ ဖုန်းဆက်လိုက်၏။

“ ဘော့စ်လင်း… ရာဝမ်းကျွန်းဆီ ရောက်လာပြီလားဗျ….”

“ အင်း ရောက်နေပြီ… မင်းတို့ အခု ဘယ်မှာလဲ… ငါ လာကြည့်မလို့…”

“ ကျွန်တော်တို့ ခု ဖီးနစ် ဆိပ်ခံတံတားမှာ… အကုန်လုံး အဆင်သင့်ပဲ.. အဲ့နားကို ရောက်ရင် ကျွန်တော်တို့ ဆိုင်းဘုတ်ရှိတယ်… ဘော့စ်ရောက်လာရင် တွေ့မှာပါ…”

“ ကောင်းပြီလေ… ခုပဲ လာနေပြီ… သင်္ဘောပေါ်မှာ စောင့်နေ…”

“ ကောင်းပါပြီ…”

ဖုန်းချပြီးနောက် လင်းရီ ကျန်းရှောင်ယွီကို ခေါ်ပြီး ထွက်သွားခွာနီးတွင် နောက်မှ အသံတစ်သံကို ကြားလိုက်ရလေသည်။

“ မစ္စတာလင်း….”

လင်းရီ နောက်လှည့်ကြည့်လိုက်တော့ သူ ယခင်က ဆုံဖူးသည့် ရန်စီဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော်လည်း ယနေ့ သူမ၏ ဝတ်စုံမှာ အထူးတလှယ် သိမ်မွေ့နေလေသည်။

သူမက အနက်နှင့် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း လှိုင်းပုံသဏ္ဌာန် အတွန့်တွန့်လေးများ ပြုလုပ်ထား၏။ သူမ၏ ဖြူသွယ်သည့် လည်တိုင်ပေါ်တွင်လည်း စိန်ဘယက်တစ်ကုံးက ရှိနေပြန်သည်။

သာမန် အလုပ်လုပ်နေကျ ပုံစံနှင့် ကွဲထွက်နေကာ လန်းဆန်းပြီး စွဲမက်ဖွယ်ရာ ကောင်းနေတော့၏။

“ မင်းလည်း ဒီရောက်နေတာလား…”

ရန်စီ ဒီရောက်နေသည်ကို မြင်တော့ လင်းရီ အနည်ငယ် ပဟေဠိ ဖြစ်သွားခဲ့၏။

သာမန်ဆို သူမရဲ့ အဆင့်အတန်းနဲ့ ဒီမှာ ရှိမနေသင့်ဘူး မဟုတ်လား….

ဒီနေရာက ကြီးကျယ်ခမ်းနားသလို ထင်ရပေမယ့် နေရာကောင်းတစ်ခုတော့ မဟုတ်ဘူးလေ…

“ အွန်း… ကျွန်မ ကောင်လေးနဲ့လိုက်လာခဲ့တာ.. မစ္စတာလင်းလည်း ဒီရောက်နေလိမ့်မယ်လို့ ထင်မထားဘူး… “ ရန်စီမှ အပြုံးလေးဖြင့် ပြောလိုက်၏။

“ တော်တော်လေး တိုက်ဆိုင်တာပဲ…”

“ မစ္စတာလင်းက စထွင်းလုပ်တော့မလို့လား…” ရန်စီ မေးလိုက်၏။

“ ဟုတ်တယ်... အရင်ဆုံး ကိစ္စ တစ်ချို့ ကိုင်တွယ်စရာ ရှိသေးလို့… အဲ့တာ ပြီးတော့မှပဲ လွင့်ဖြစ်မှာ… မဟုတ်လည်း စိတ်အခြေအနေရပေါ့…”

“ ကျွန်မလည်း ဘယ်သွားရမှန်းမသိ ဖြစ်နေတာနဲ့ အတော်ပဲ…တကယ်လို့ မစ္စတာလင်းက စိတ်မရှိဘူးဆိုရင် ကျွန်မကိုရော ခေါ်သွားပါလားဟင်…”

“ ဒါပေါ့… မင်းရဲ့ ကောင်လေးသာ စိတ်မရှိဘူးဆိုရင်ပေါ့…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

ကျန်းရှောင်ယွီ လင်းရီကို တစ်လှည့်၊ ရန်စီကို တစ်လှည့် ကြည့်လိုက်သည်။

သူမမှာ ကောင်လေး ရှိနေပြီးသားကို အစ်ကိုရီနောက် ဘာလိုက်လုပ်ဦးမှာ..

သူမ ရုတ်ချည်းဆိုသလို ရန်စီ၏ ကောင်လေးအတွက် နှလုံး နာကျင်သွားခဲ့ရ၏။

ဘာလို့ သူက ဦးထုပ်စိမ်း ဆောင်းခံရတော့မယ်လို့ ခံစားနေရတာ….

All Chapters