← Chapters

နင်တို့ကို တိုင်ကွန်းတွေရဲ့ အရုပ် လိုက်ပြမယ်

Vol. 49 Ch. 725

နင်တို့ကို တိုင်ကွန်းတွေရဲ့ အရုပ် လိုက်ပြမယ်

Vol. 49 Ch. 725

“ ကျွန်မက မစ္စတာလင်းနဲ့ အရေးကြီး ကိစ္စ ပြောစရာရှိတယ်ဆိုတော့ သူစိတ်ရှိမယ် မထင်ပါဘူး…” ရန်စီမှ သူမ ဆံပင်ကို နားနောက်သို့ သပ်ရင်း ပြောလိုက်၏။ သူမ၏ အပြုအမူမှာ ဖျားယောင်းဟန်ရှိနေပြီး မိန်းမသားဆန်စွာ ကြည့်ကောင်းနေသည်။

“ အဲ့လိုဆိုမှတော့ သွားကြတာပေါ့…”

သုံးယောက်သား ဘန်ထလေထဲသို့ ဝင်၍ ဖီးနစ် ဆိပ်ခံတံတားသို့ ဦးတည်လိုက်ကြ၏။

ရာဝမ်းကျွန်းမှာ မကျယ်ဝန်းချေ။ မိနစ်နှစ်ဆယ်ကျော် မောင်းနှင်ပြီးနောက် ဖီးနစ် ဆိပ်ခံတံတားသို့ ရောက်ရှိလာလေသည်။

လင်းရီ ကား ပါကင် ထိုးပြီးပြီးချင်းပဲ ဇိမ်ခံ သင်္ဘောကြီးများအား အစီအရီ တစ်စင်းပြီး တစ်စင်း မြင်တွေ့လိုက်ရ၏။

ခမ်းနားမှု အရာတွင်တော့ ဟွာရှတစ်ခွင်၌ ယခုနေရာနှင့် ယှဉ်နိုင်သည့် နေရာ မရှိသေးချေ။

ထပ်ပေါင်းအနေဖြင့် ဆိပ်ခံတံတား အစွန်းဘက် မီတာ တစ်ရာ ဘက်တွင် ဧရာမ ဇိမ်ခံသင်္ဘောကြီး တစ်စင်းကလည်း ကျောက်ဆူးချထားလေသည်။

အဆိုပါ ဧရာမ ဇိမ်ခံသင်္ဘောကြီးကို မြင်တော့ ကျန်းရှောင်ယွီ အံ့ဩဘနန်း ဖြစ်သွားခဲ့၏။

အဆိုပါ သင်္ဘောကြီးက မီတာ သုံးရာကျော် ရှည်လျားပြီး ဆယ်ထပ် မြင့်မားလေသည်။ ထို သင်္ဘောကြီးကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်က အသက်ရှူ မှားသွားစေလောက်၏။

သင်္ဘောပေါ်ရှိ ဝမ်ကျန်း ဆိပ်ကမ်း ဟူသော စာသားကို မြင်တော့ ယင်းက သူ 2.5 ဘီလီယမ် သုံး၍ ဝယ်ထားသည့် သင်္ဘောအသစ် ဖြစ်ကြောင်း လင်းရီ သိရှိလိုက်သည်။

သူ မေးစေ့ကို ပွတ်သပ်လိုက်၏။ ငွေကုန်သွားတာ အလကားတော့ မဖြစ်ဘူးပဲ….

“ အစ်ကိုရီ… အဲ့ သင်္ဘောကြီးကို ကြည့်လိုက်… အရမ်းကြီးပြီး အရမ်းလည်း လှတယ်… " ကျန်းရှောင်ယွီမှ ကြယ်ငါး အား လက်ညိုးထိုးရင်း ပြောလိုက်သည်။

“ အင်း… ကြီးတာတွေက တော်တော်လေး ကောင်းတယ်…”

“ အဲ့ဒါကြီးက နိုင်ငံထဲ အကြီးဆုံး သင်္ဘောဖြစ်မယ်ထင်တယ်… “ ရန်စီ မှ ပြောလိုက်ပြီး “ အဲ့ တံဆိပ်ကိုကြည့်လိုက်… ဒါ ဝမ်ကျန်း ဆိပ်ကမ်းက သင်္ဘောပဲ…”

“ ကျွန်မ ဝမ်ကျန်း ဆိပ်ကမ်းကို သိတယ်… ကျိုးဟိုင်မှာ နာမည်ကြီး ဆိပ်ကမ်းလေ… သူငယ်ချင်းနဲ့တောင် တစ်ခေါက်ရောက်ဖူးသေးတယ်.. နည်းနည်းလေး ဈေးကြီးနေတာကလွဲလို့ အကုန်ကောင်းတယ်…”

လင်းရီ ပြုံးလိုက်ပြီး “ တကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် ခဏနေကျ အဲ့ သင်္ဘောကြီးပေါ် လိုက်ပို့ပေးမယ်လေ…”

“ ဟမ်… အဲ့တာ ဖြစ်နိုင်လို့လား…”

“ ဘာလို့ မဖြစ်နိုင်ရမှာ… အဲ့တာက ငါ့သင်္ဘောပဲကို..”

“ အာ… ရှင့် သင်္ဘော….”ကျန်းရှောင်ယွီ အံ့အားသင့်သွားခဲ့ပြီး “ ဒါပေမယ့် ဒါရိုက်တာရန်ပြောတာ အဲ့သင်္ဘောက ဝမ်ကျန်းဆိပ်ကမ်း အပိုင်လေ…”

“ မင်းတို့ကို ပြောပြဖို့ မေ့နေတာ.. ဝမ်ကျန်း ဆိပ်ကမ်းကလည်း ငါ့အပိုင်ပဲ…”

ကျန်းရှောင်ယွီနှင့် ရန်စီတို့ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့ကြ၏။

“ မစ္စတာလင်း.. ကျွန်မ အမြဲတမ်း သိချင်နေခဲ့တာ… ရှင့်မှာ ကျော်ကြားမှုလည်း ရှိတယ်.. ငွေကြေးလည်း ရှိတယ်… ဒါတောင် ဘာလို့ စထွင်မာ အလုပ်ကြီး လုပ်နေရတာ…”

“ ဘာလို့ဆိုတော့ အကုန်ရှိနေတော့ ဘာအလို ဆန္ဒမှ မရှိတော့တာလေ… စိတ်ထဲရှိရာ လျှောက်လုပ်နေတာ…”

ရန်စီ ပြုံးလိုက်ပြီး “ အထင်လွဲခဲ့မိတာ စိတ်မရှိပါနဲ့…”

“ ဟုတ်သား .. မင်းငါနဲ့ ဆွေးနွေးစရာ ရှိတယ်လို့ ပြောတယ်မလား… ခုပြောလေ…”

ရန်စီ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး “ ဒီလိုပါ … လတ်တလော ကျွန်မတို့က တခြားနိုင်ငံက ရုပ်သံဌာန တစ်ချို့နဲ့ တောတွင်းရှင်သန်ခြင်း ပရိုဂရမ်တစ်ခု ရိုက်ကူးဖို့ ပြင်ဆင်နေတာ…ဒါကြောင့်မို့ နိုင်ငံအသီးသီးက တောတွင်း ကျွမ်းကျင်သူတွေကို ပါဝင်ပေးဖို့ ဖိတ်ခေါ်နေတာ… ကျွန်မ‌ မေးချင်တာ မစ္စတာလင်းဆီမှာ အဲ့လိုလုပ်ဖို့ စိတ်ကူး ရှိမလားလို့ပါ… တကယ်လို့ အဆင်ပြေမယ်ဆိုရင် မစ္စတာလင်းကို ဖိတ်ခေါ်ချင်ပါတယ်…”

“ တောတွင်း ရှင်သန်ခြင်း…” လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး “ မိန်းကလေး … မင်းကတော့ လူရှာတာ မှားနေပြီ… ငါက အောက်ဒေါ စထွင်မာ ဖြစ်ရင် ဖြစ်မယ်… ဒါပေမယ့် တောတွင်း ရှင်သန်တာနဲ့တော့ ကွာခြားချက်ကြီး ရှိနေသေးတုန်းပဲ…”

လင်းရီ သူ၏ အကန့်အသတ်ကို သူသိသည်။

သူ့ စိတ်ထဲတွင် ပညာရှိ ဉာဏ်ပညာကြောင့် တောတွင်းထဲ၌ မည်သို့ ရှင်သန်ရမည်နှင့် စပ်လျဉ်း၍ ဗဟုသုတက အနည်းငယ်သာရှိ၏။ သို့သော်လည်း သီအိုရီနှင့် လက်တွေ့ကား ကွာခြားလှသည်။ သူနှစ်ခုကို ရောနှော၍ မဖြစ်နိုင်ချေ။

ယမန်နေ့ တပ်တွင်း၌ သေနတ်တပ်ဆင်သကဲ့သို့၊အကယ်၍ သူသာ ကြိုတင်၍ မလေ့ကျင့်ခဲ့ပါက သူ၏ တပ်ဆင်နှုန်းမှာလည်း လျင်မြန်လာလိမ့်မည် မဟုတ်ချေ။

“ အောက်ဒေါ စထွင်မာနဲ့ တောတွင်း ရှင်သန်သူတွေကြား ကွာဟချက် ကြီးမားတယ်ဆိုတာ နားလည်ပါတယ်… ဒါပေမယ့် အဲ့ဒီနေ့က တပ်ထဲမှာ မစ္စတာလင်းရဲ့ အရည်အချင်းတွေကို မြင်ပြီးတော့ ရှင့်မှာ အခြေခံကောင်းတွေ ရှိနေလိမ့်မယ်လို့ ခံစားလိုက်ရတယ်… ဒီလိုမျိုး ပရိုဂရမ်ထဲမှာ ပါဝင်ဖို့ဆိုတာ ပြဿနာ မရှိလောက်ဘူး မဟုတ်လား…”

“ ဆုလဒ်အတွက်ကျကော ….”

“ အာ... မစ္စတာလင်းက ကျွန်မတို့ရဲ့ ဆုလဒ်ကို စိတ်ဝင်စားနေသေးတာလား…”

ရန်စီ ရှက်ရွံ့စွာ ပြောလိုက်၏။

သူက ဥစ္စာပေါ် ရုပ်ချောနဲ့ အဆင့်အတန်း ရှိတဲ့သူ တစ်ယောက်လေ…. သူမ ကမ်းလှမ်းတဲ့ ဆုလဒ်တွေက လင်းရီကို မက်မောစေနိုင်မှာတဲ့လား….

ထို့ကြောင့် သူမ လင်းရီကို ဖြောင်းဖြရန်အတွက် မည်သည့် ဆုလဒ်အကြောင်းကိုမျှ ထုတ်မပြောခဲ့ခြင်းပင်။

“ မင်းပြောတာ မှန်တယ်…”

ရန်စီ လင်းရီကို ပြုံးပြလိုက်ပြီး “ ဒါဆို မစ္စတာလင်းက ပရိုဂရမ်ထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားသွားပြီလား…. အဲ့မှာ ပါဝင်မယ့် ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်နော်… တကယ်လို့ မစ္စတာလင်းကသာ ဘဝက အရမ်း ငြီးငွေ့ဖို့ကောင်းတယ်လို့ ခံစားနေရရင် ဒီပရိုဂရမ်ထဲမှာ စိတ်လှုပ်ရှား ရင်ဖိုစရာတွေကို ရှာဖွေပြီးတော့ ကိုယ့်ကိုယ်ကို စိန်ခေါ်လို့ရတယ်….”

“ ပရိုဂရမ်(အစီအစဉ်)က ဘယ်အချိန်စမှာ..”

“ တစ်လအတွင်းပဲ…”

“ ကောင်းပြီလေ… တကယ်လို့ ငါ့အချိန်ဇယားက ခွင့်ပြုတယ်ဆိုရင်တော့ ငါ့ကိုပါ ထည့်တွက်လိုက်…”

စနစ်၏ လျှပ်တစ်ပြက်မစ်ရှင်များကြောင်း ပြဿနာ သိပ်မရှိသရွေ့ လင်းရီဘက်က မည်သည့် ကမ်းလှမ်းမှုမျိုးကိုမျှ ပယ်ချလိမ့်မည် မဟုတ်ချေ။

“ ဒါဆို ကျွန်မ မစ္စတာလင်းရဲ့ နာမည်ကို ထိပ်ဆုံးကနေ ချရေးထားလိုက်တော့မယ်…” ရန်စီ အပြုံးလေး ဖြင့် ပြောလိုက်၏။

“ ကောင်းပြီ… မင်း သင့်လျော်သလိုသာ ကြည့်လုပ်လိုက်…”

ခေတ္တမျှ လမ်းလျှောက်ပြီးနောက် သုံးယောက်မှာ ဖီးနစ် ဆိပ်ခံတံတားသို့ ရောက်ရှိလာခဲ့ကြသည်။

ပီစုန့်ကျန်း ပြောသည့် အတိုင်း လင်းရီတို့ ရောက်သည်နှင့် ‘ ဝမ်ကျန်းဆိပ်ကမ်း ‘ ဟု ရေးသားထားသည့် ဆိုင်းဘုတ်အကြီးစားကြီးကို မြင်တွေ့လိုက်ရသည်။

“ အစ်ကိုရီ… သွေးပူအောင် လုပ်တဲ့အနေနဲ့ ခဏလောက် စထွင်းသင့်တယ် ထင်တာပဲ… မဟုတ်ရင် အကျိုးသက်ရောက်မှုက သိပ်ကောင်းမှာ မဟုတ်ဘူး..” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒီလောက်ထိ စထွင်းဖို့ကောင်းတဲ့ ပစ္စည်းကို အသုံးမပြုဘူးဆိုရင် နှမြောဖို့ ကောင်းတာပေါ့…”

“ အင်း… မင်းသဘောပဲ…”

လိုက်စထွင်းများနှင့် ပတ်သက်လာလျှင်တော့ ကျန်းရှောင်ယွီက သူ့ထက် အတွေ့အကြုံများလေသည်။

ယခုလို ကိစ္စများတွင် လင်းရီက သူမ၏ အစီအစဉ်များကို လိုက်နာသည်က ပိုအဆင်ပြေသည်။

သို့နှင့် တိုက်ရိုက်ထုတ်လွင့်မှုမှာ တရားဝင် စတင်ခဲ့တော့၏။

“ ဟဲလို.. လူတိုင်းပဲ… ခုကစပြီး‌တော့ ရာဝမ်းကျွန်းရဲ့ တိုက်ရိုက်ထုတ်လွင့်မှုကြီးက တရားဝင် စတင်ပါပြီ… ဒီနေ့ မျက်နှာဖုံး အစ်ကိုကြီးနောက် လိုက်ပြီးတော့ လူချမ်းသာတွေရဲ့ အရုပ်ကို ပြပေးမယ်…”

“ ဟိတ် ဟိတ်… ဘာလို့ ကင်မရာကို ရန်စီဘက် လှည့်ထားတာ…” လင်းရီ ကမန်းကတမ်း လှမ်းအော်လိုက်၏။

ရန်စီ ရှက်ရွံ့သွားခဲ့ပြီး သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။

“ ဟားဟား… စိတ်လှုပ်ရှားစရာပဲ….”

“ အရုပ်ကြီးက အကြီးကြီးပဲ… တော်တော်လေး ထိန်းချုပ်ဖို့ ခက်လောက်တယ်…”

“ အာ… ဆောတီး ဆောတီး… ဒါက မတော်တဆ…” ကျန်းရှောင်ယွီ ကင်မရာကို ပြန်လှည့်လိုက်ပြီး ဖီးနစ် ဆိပ်ခံတံတားရှိ ဇိမ်ခံသင်္ဘောများဘက်သို့ ပြန်လှည့်လိုက်၏။

မရည်ရွယ်ထားသည့် အဖြစ်အပျက်က တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လေထုကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး မိနစ်အနည်းငယ်အတွင်း ကြည့်ရှုသူ နှစ်သိန်းကျော်အထိ ရောက်ရှိလာခဲ့၏။သို့သော်လည်း ကျန်းရှောင်ယွီကတော့ မျက်မှောင်ကြုတ်ထားလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမ မျှော်မှန်းထားသည့် ပမာဏသို့ ရောက်ရှိ မလာသောကြောင့်ပင်။

သူမ၏ အမြင်တွင်တော့ အစ်ကိုရီ၏ လက်ရှိ ပရိသတ် အရေအတွက်နှင့်ဆိုပါက စစချင်း မိနစ်ပိုင်းတွင် ကြည့်ရှုသူ ငါးသိန်းအထက်တော့ ရှိသင့်လေသည်။ ယခု ပမာဏက အတော်လေးကို နည်းကျဉ်းလှ၏။

“ ဟဲ့ … ဒီကနေ့ လူတွေ နည်းလှချည်လား… ဖြစ်နိုင်တာ လူတိုင်းက ထမင်းစားနေကြလို့ လိုက်စထွင်း မကြည့်နိုင်ကြတော့တာများလား…” ကျန်းရှောင်ယွီ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ပြီး “ နင်တို့ပဲ ရာဝမ်းကျွန်းက စထွင်းကို ကြည့်ချင်တယ်လို့ ပူဆာခဲ့တာနော်… ခု ငါတို့ ဒီရောက်နေပြီ…. ကြည့်တဲ့သူကျတော့ မရှိကြဘူး.. ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် လာတောင် မလာပါဘူး…”

“ ရှောင်းယွီ… အဲ့တာ မင်းတို့ အမှားပဲလေ… ဘာလို့ နောက်ကျမှ စထွင်းတာ… လုံရွှိုက်ဆို လေယာဉ်ဆင်းပြီး နာရီဝက်ကြာတော့ စထွင်းတော့တာပဲ… သူလည်း ခု ဖီးနစ် ဆိပ်ခံတံတားကို ရောက်နေတော့ လူတိုင်းက သူ့အခန်းထဲ ရောက်နေကြပြီ…. ငါတောင် မျက်နှာဖုံး အစ်ကိုကြီး စထွင်းနေတယ်ဆိုတဲ့ အသိပေးစာ ရလို့ လာကြည့်တာ…”

“ သပပဲ… ဒီလူတွေက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြတာလား… လေဆိပ်မှာ တွေ့တာကတော့ ဟုတ်ပါပြီ… ဒါပေမယ့် တကယ်ကြီး ဒီဆိပ်ခံတံတားမှာတောင် လာဆုံနေသေးတယ်…”

“ဘယ်တတ်နိုင်မှာ... ဒီမှာ စထွင်းမယ်ဆိုမှတော့ ဒီနေရာကို သေချာပေါက် လာလည်ရမယ်မဟုတ်ဘူးလား... ရှောင်လွဲလို့မှ မဖြစ်တာ…”

“ ရပြီ… စိတ်လျှော့… ဘာလို့ အဲ့လောက်ထိ စိတ်တိုနေတာ…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ ကိစ္စ ငါတို့ လုပ်ကြမယ်… အရာအားလုံးကို ရှိရင်းစွဲအတိုင်းပဲ ထားထားလိုက်..”

“ အစ်ကိုရီ.. တကယ်လို့ အစ်ကိုကောင်းကတာ ရှင် တစ်စုံတစ်ယောက်ကို ဇွပ်ဇွပ်ဇွပ် လုပ်ဖူးတယ်လို့ မပြောခဲ့ရင် အစ်ကိုရီက ရည်မွန်သိမ်မွေ့တဲ့လူဆိုပြီး အမှတ်မှားလောက်တယ်…”

ရန်စီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။

လင်းရီလို ရုပ်ချောပြီး ပိုက်ဆံရှိတဲ့ သူက ကောင်မလေးတွေကို အထည်လဲတွေမှာ သဘာဝပဲလေ….

အဲ့တာကို သံသယရှိနေစရာ လိုသေးလို့လား….

All Chapters