စထွင်းပေါ်တွင် အကြီစား ရှိုးပြခြင်း
Vol. 49 Ch. 726
“ သွားစို့… စိတ်ကူးတွေယဉ် မနေနဲ့… မမှောင်ခင် တစ်ချက်လောက် သွားကြည့်ရအောင်…”
“ အိုကေ…”
သို့နှင့် သုံးယောက်သား ကြယ်ငါးဟု အမည်တွင်သည့် ဇိမ်ခံ သင်္ဘောကြီး အနားသို့ ချဉ်းကပ်လာခဲ့ကြ၏။ ရန်စီပင် မျှောင်တလင့်လင့်နှင့် ဖြစ်နေလေသည်။
သို့သော်လည်း သူမတို့ အထဲ ဝင်လျှင် ဝင်ခြင်း အသံဗလံများကို ကြားလိုက်ရ၏။
သူမတို့ ခေါင်းများကို လှည့်ကြည့်လိုက်တော့ တိုက်ဆိုင်စွာဖြင့် လုံရွှိုက်နှင့် ကျန်သူများကို မြင်တွေ့လိုက်ရလေသည်။
အဖော်ပြုနေသည့် လက်ထောက်ကလည်း မနက်က တွေ့ခဲ့သည့် အဝတ်အစားများနှင့် ဖြစ်၏။
သို့သော်လည်း လုံရွှိုက်ကတော့ ပေါ့ပေါ့ပါးပါး ကမ်းခြေအဝတ်အစားများနှင့် နေကာ မျက်မှန် အမည်းတစ်လက်ကို တပ်ဆင်ထားကာ သူ စထွင်းသည့် နေရာနှင့် အလွန်အမင်း ပနံသင့်နေလေသည်။
“ ညီကိုတို့ .. ငါတို့ ခုရောက်နေတဲ့ နေရာက ဖီးနစ် ဆိပ်ခံတံတားပဲ… ဇိမ်ခံသင်္ဘောကြီးတွေ အကုန် ပြသထားတဲ့ နေရာပေါ့..” လုံရွှိုက်မှ ပြောလိုက်ပြီး “ ပြီးတော့ ငါ ခုလေးတင် မန်နေဂျာနဲ့ စကားပြောပြီးသွားပြီ… မင်းတို့ကို ဒီက ဒုတိယ အကြီးဆုံး ဇိမ်ခံ သင်္ဘောကြီးဆီ ခေါ်သွားပေးမယ်…”
“ လုံရွှိုက် … ငါတို့ ရှေ့နားလေးမှာ ပိုကြီးတဲ့ သင်္ဘောကြီး ရှိနေတယ် မဟုတ်ဘူးလား… အဲ့နေရာကို သွားကြည့်ကြမယ်လေ…”
“ အမှန်ပဲ… မင်းရဲ့ အင်တာနက် ပေါ်က နံပါတ်ဝမ်း စထွင်မာဆိုတဲ့ အဆင့်အတန်းနှင့် အကောင်းဆုံး ဆိုတာတွေကိုမှ ပြသင့်တာပေါ့… မော့စ် သင်္ဘောကြီးက ကောင်းတယ်ဆိုရင်တောင် ဘေးက တစ်ခုလောက်တော့ မလန်းသေးဘူး…”
ကြည့်ရှုသူများ၏ စကားကို မျှော်လင့်ထားသည့် အလား လုံရွှိုက်မှ ပြုံးလိုက်၏။
“ ညီကိုတို့… ငါမိတ်ဆက်ပေးမယ်… ခု ဘေးက အဲ့ သင်္ဘောကြီးက ကြယ်ငါးလို့ ခေါ်တဲ့ ဖီးနစ် ဆိပ်ခံတံတားက အကြီးဆုံး ဇိမ်ခံ သင်္ဘောကြီးပဲ.. ဒါပေမယ့် သူတို့ဘက်က ဘယ်လို သူစိမ်းကိုမှ လက်မခံဘူးဆိုလို့ မင်းတို့ကို နောက်ခြေတစ်လှမ်းဆုတ်ပြီးတော့ မော့စ်ကို ပြနေတာ..”
“ အာ… အဲ့လိုစည်းမျဉ်းရှိနေမှတော့ ငါတို့လည်း ဘာတတ်နိုင်တော့မှာ…”
“ ထားလိုက်ပါ...မော့စ်ကို လိုက်ပြနိုင်တာနဲ့တင် ငါတို့ရဲ့ အစ်ကိုလုံက အံ့အားသင့်ဖို့ ကောင်းနေပြီ…”
“ ဒါပေါ့ကွ… အင်တာနက်ပေါ်က နံပါတ်ဝမ်း အောက်ဒေါ စထွင်မာဘွဲ့က အလကား ရထားတာမှတ်လို့…”
“ အမှန်အတိုင်း ဝန်ခံရရင် ငါ ဝမ်ကျန်းဆိပ်ကမ်းမှာ အသိတစ်ချို့ရှိတယ်… မနက်ဖြန်ကျရင် မင်းတို့ကို အထဲလိုက်ပြပေးဖို့ သဘောတူညီချက် ရထားပြီးထား… ဒါပေမယ့် ဒီနေ့တော့ မဟုတ်သေးဘူး…”
“ ကိစ္စမရှိပါဘူး… မော့စ်လည်း အဆင်ပြေတယ်… ငါ ငယ်ငယ်လေးကတည်းက ဇိမ်ခံ သင်္ဘောကြီးတွေရဲ့ အတွင်းဘက်ခြမ်းကို မမြင်ဖူးသေးဘူး…”
“ လူတိုင်းပဲ… မလောကြနဲ့ … ငါမင်းတို့ကို ခဏတစ်ဖြုတ် လိုက်ပြမေးမယ်…”
လုံရွှိုက်နှင့် ကျန်သူများ စထွင်းနေသည်ကို မြင်တော့ ကျန်းရှောင်ယွီ အထင်သေးစွာဖြင့် နှုတ်ခမ်းထောင်စွန်းတို့ ကွေးညွတ်သွားခဲ့၏။
“ ဒီကောင်က ကြွားလုံးထုတ်တဲ့ နေရာမှာ လယ်ဗယ်တစ်ခုကိုတောင် ရောက်နေပြီ… သူ့လေသံက တကယ့်ကို ယုံချင်စရာ ကောင်းတယ်..”
လင်းရီ ပြုံးလိုက်၏။
ဤလုံရွှုက်က အတော်လေး စိတ်ဝင်စားဖို့ကောင်းလေသည်။
ထိုသို့ ပြောပြီး စထွင်းလုပ်သည်က မျက်စိ စပါမွှေးစူးစရာ ကောင်းလှသော်လည်း စထွင်းလုပ်သည်ကပင် မျက်စိ စပါးမွေးစူးသင့်သည့် အရာပင်။ ယင်းက ကျန်းရှောင်ယွီပြောပြောနေသည့် ပါရမီဆိုသည့် အရာပင်တည်း။
“ လုံရွှိုက်က လှေပေါ် တက်တော့မှာလား… ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်…”
“ အောက်ဒေါ စထွင်းမင်းမှာ လုံရွှိုက်က ပိုပြီး အံ့ဩဖို့ ကောင်းနေတာပဲ… မျက်နှာဖုံး အစ်ကိုကြီး… မင်းကတော့ သူများနောက် ကျန်ရစ်ခဲ့ပြီ…”
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူ ဦးရေမှာ တစ်စထက် တစ်စ လျော့ကျသွားသည်ကို မြင်တော့ ကျန်းရှောင်ယွီ စိုးထိတ်သွားခဲ့၏။
“ ဟေ့... မသွားကြနဲ့လေ… နင်တို့ ပြောတော့ အစ်ကိုကြီးရဲ့ အမာခံ ပရိသတ်တွေပါဆို… ခု ထွက်သွားကြတော့မယ်ပေါ့…”
“ မဟုတ်ဘူးလေ… အဓိကက တစ်ဖက်သူက မော့စ်ပေါ် တက်တော့မှာ… အထဲက ဘယ်လိုပုံစံရှိလဲ ငါတို့လည်း မြင်ချင်တာပေါ့..”
“ ဒီတိုင်း ဒုတိယ အကြီးဆုံး သင်္ဘော မော့စ်လေးပဲ မလား… ခဏနေကျရင် နင်တို့ကို အကြီးဆုံး ကြယ်ငါး သင်္ဘောဆီ ခေါ်သွားပေးမယ်… အဲ့ သင်္ဘောထက် ပိုကောင်းမှာ သေချာတယ်….”
“ မင်း ငါတို့ကို လာနောက်နေတာလား.. အဲ့ဒီ ကြယ်ငါး က ဒီနေ့ ဘယ်ဧည့်သည်ကိုမှ လက်မခံပါဘူးဆိုနေ မင်းက ဘယ်လိုလုပ်ပြီး ခေါ်သွားပေးမှာ…”
“ နင်တို့ သိအောင် ပြောလိုက်မယ်… အဲ့ဒီ ကြယ်ငါး သင်္ဘောကြီးက မျက်နှာဖုံး အစ်ကိုကြီးရဲ့ သင်္ဘောပဲ… ဘယ်သူမှ ဝင်လို့မရဘူး.. ဒါပေမယ့် မျက်နှာဖုံး အစ်ကိုကြီးကတော့ စိတ်ကြိုက် ဝင်ထွက်လို့ရတယ်… တကယ်လို့ နင်တို့ ခုနေ ထွက်သွားကြမယ်ဆိုရင် သေချာပေါက် နောင်တ ရနေလိမ့်မယ်နော…”
ကျန်းရှောင်ယွီ၏ စကားလုံးများကို ကြားတော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်း ဟားတိုက် ရယ်မောလိုက်ကြ၏။
“ ရှောင်းယွီ… မင်းတောင် ပြောင်းလဲသွားခဲ့ပြီပဲ…”
“ ငါက ဘယ်လို ပြောင်းလဲသွားခဲ့လို့….”
“ မင်းအရင်တုန်းက ရိုးသားတဲ့ ငါးကလေး(ရှောင်ယွီ)ပါ… ခုတော့ အရမ်း လိမ်တတ်တဲ့ သူ ဖြစ်နေပြီ… ဒီလိုစကားမျိုးကို ငါတို့က ယုံရအောင် နှစ်တန်းကလေးများ မှတ်နေလားကွ….”
ကျန်းရှောင်ယွီ “ ??? “
သပလိုပဲ.. ငါ ဘယ်လို ကမ္ဘာကြီးမှာ လူလာဖြစ်နေတာတုန်း…
တစ်ဖက်က ဆက်တိုက်လိမ်ပြောနေတာတောင်မှ နင်တို့က ယုံကြည်နေကြတယ်…
ငါ့ဘက်က အမှန်တရားတွေ ပြောနေတာကျတော့ တစ်ယောက်မှ မယုံကြဘူး…
ငါက အဲ့လောက်တောင် ယုံချင်စရာ ကောင်းမနေလို့လား…
“ ငါတော့ လစ်ပြီ… လုံရွှိုက်ရဲ့ စထွင်းကိုပဲ သွားကြည့်တော့မယ်…”
“ သွားစို့.. လုံရွှိုက်ရဲ့ အခန်းထဲသွားပြီး သင်္ဘောက ဘယ်လိုပုံစံရှိလဲ သွားကြည့်ကြမယ်… ငါ့ထင်တော့ ဒီကောင်တွေ ဆိပ်ကမ်းနားပဲ လမ်းလျှောက်ကြမယ်နဲ့တူတယ်…. စထွင်း content ချင်းယှဉ်ရင် သူတို့က စစ်သူကြီးလုံအောက် နိမ့်ကျတယ်..”
“ ငါတွေးနေတာလည်း အဲ့ဒီအတိုင်းပဲ… သွားစို့ .. ဒီမှာ အချိန်ဖြုန်းမနေကြနဲ့…”
သို့နှင့် လင်းရီ၏ ကြည့်ရှုနှုန်းမှာ တစ်ဝက်မျှ လျှော့ချခံလိုက်ရလေသည်။
ကျန်းရှောင်ယွီ စိတ်တိုတိုဖြင့် ခြေထောက်ဆောင့်လိုက်၏။ သူမတို့၏ ကြည့်ရှုနှုန်းမှာ မူလကတည်းကရင် တစ်ဖက်သူအောက် လျော့နည်းနေပြီး ဖြစ်သော်လည်း ယခုတော့ အများအပြား ထွက်ခွာသွားခဲ့ကြသည်။
ဒါတွေအကုန် သူမ အမှားပဲ…
“ သွားကြပါစေ…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။
“ ဒါပေမယ့် ဒီလူတွေက အရမ်း စိတ်တိုဖို့ ကောင်းတာပဲ…”
“ မျှော်လင့်ပြီးသားပါ…” လင်းရီ ပြောလိုက်ပြီး “ ငါတို့က ရလဒ်နဲ့ပဲ စကားပြောတယ်….ဒီလို ကိစ္စမျိုးတွေနဲ့ အာရုံခံမနေဘူး… နောက်ကျ ဘယ်သူက သူဌေး ဘယ်သူက မြေးဆိုတာ ရှင်းပြနေစရာ မလိုဘူး... ”
ရန်စီ ဘေးတွင် မတ်တပ်ရပ်နေရင်း လင်းရီအား ကြည့်လိုက်၏။
ဝေါင်း… ဘယ်လောက်တောင် ခန္တီပါရမီနဲ့ ပြည့်စုံလိုက်သလဲ… သူ့လို စိတ်ဓာတ်မျိုး ပိုင်ရှင်တွေက ဒီဘက်ခေတ်မှာ ဖီးနစ်အမွှေးတောင်လို ရှားသွားပြီ…
“ မင်းတို့ ကောင်တွေက ဘာတွေလဲ… ငါက ဒီရောက်နေပြီကို ဘာလို့ အပေါ် ပေးမတက်တာ…”
သုံးယောက်သား ကြယ်ငါးပေါ်သို့ တက်တော့မည့် အချိန်တွင် လုံရွှိုက်ဘက်ခြမ်းမှ ဆူညံဆူညံ အသံများကို ကြားလိုက်ရ၏။
“ စိတ်မရှိပါနဲ့… ဒါက စည်းမျဉ်းမို့ပါ… သက်ဆိုင်ရာ ဝန်ထမ်းတွေကလွဲရင် ဘယ်အပြင်လူမှ လှေပေါ်ကို တက်ခွင့်မပြုထားပါဘူး… ကျေးဇူးပြုပြီး နားလည်ပေးပါ ဧည့်သည်….” လှေပေါ်တွင် စောင့်ကြပ်နေသည့် ဝန်ထမ်းမှ ပြောလိုက်၏။
“ မင်းတို့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ကြည့်ကြစမ်း… ငါဘာကောင်လဲဆိုတာ မသိဘူးလား…” လုံရွှိုက် ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ စိတ်မရှိပါနဲ့… ကျွန်တော်တို့ ဧည့်သည် ဘယ်သူဆိုတာလဲ မသိပါဘူး… ပါမစ်မပါပဲနဲ့တော့ ဘယ်သူ့ကိုမှ အထဲ ပေးမဝင်နိုင်ဘူး…”
“ ငါမင်းကို အချိန် သုံးစက္ကန့်ပေးမယ်…တကယ်လို့ မင်းငါ့ကို ပေးမဝင်ဘူးဆိုရင် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်…”
“ စိတ်မရှိပါနဲ့… ပါမစ်မပါဘဲနဲ့ ဘယ်သူ့ကိုမှ ပေးမဝင်နိုင်ပါဘူး… ဒါက စည်းမျဉ်းပါ…”
“ ဟားဟား… ငါ လုံရွှိုက်က ဒီနေရာကို လာပြီးတော့ အလကား ပရိုမိုးရှင်း ဆင်းပေးနေတာကို မင်းတို့က တကယ်ကြီး ပေးမဝင်ဘူးပေါ့… ဒီနေ့ မင်းတို့နဲ့ ထိုက်တန်တဲ့ နေရာကို ပြပေးမယ်….”
သို့နှင့် လုံရွှိုက် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်၏။
ထိုမြင်ကွင်းကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး “ ကြည့်ရတာတော့ ဒီကောင့် လိုက်စထွင်းက ကျရှုံးတော့မယ်နဲ့တူတယ်…”
“ အစ်ကိုရီ… သူတို့က ဒီတိုင်း သရုပ်ဆောင်နေကြတာ…” ကျန်းရှောင်ယွီ ပြောလိုက်၏။
“ အမ်…. သရုပ်ဆောင်နေတာလား….”
“ အွန်း... ဒီလိုမျိုး ရုန်းရင်းဆန်ခတ်ဖြစ်အောင်လည်း သူတို့ကိုယ်တိုင်ပဲ စီစဉ်ထားတာလေ… စောနတုန်းက သူ မော့စ်ပေါ် လိုက်ပြမယ်လို့ အာမခံထားတာကို တကယ်လို့ မပြနိုင်ဘူးဆို စထွင်း ကျရှုံးပြီး သူ့ရဲ့ ရေပန်းစားမှုအပေါ် အများကြီး အကျိုးသက်ရောက်သွားတော့မှာ… ဒါပေမယ့် ဒီလို ဇာတ်လမ်းမျိုးနဲ့ဆို သူဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ပြသပြီး ဖြစ်တာပေါ့…”
လင်းရီ ချင့်ချင့်ချိန်ချိန် လုပ်ရင်း ခေါင်းညိမ့်လိုက်၏။
“ ဆိုတော့ အဲ့လိုကိုး…”
မကြာမီ လုံရွှိုက်ဖုန်း ဝင်သွားခဲ့ပြီး မာန်ထောင် ဝင့်ကြွားသည့် လေသံဖြင့် “ မန်နေဂျာစွန်း… ဘာတွေဖြစ်နေတာ… ကျုပ် ဒီနေ့ လာပြီး လိုက်စထွင်းလုပ်တာကို အောက်က လူနှစ်ယောက်က လာပိတ်ပင်နေတယ်… ခင်များ လက်အောက်ငယ်သားတွေကို အဲ့လိုပဲ သင်ပြထားသလား…”
“ ဟုတ်တယ်… ကျုပ် ကျွန်းပေါ် ရောက်နေပြီ… ဒီကိစ္စကို တစ်မိနစ်အတွင်း ဖြေရှင်းပေး…. ကျုပ် စထွင်းထဲက ညီကို တွေက ထပ်မစောင့်နိုင်တော့ဘူး….”