← Chapters

ဘယ်ကောင် ပိုဆရာကျလဲ

Vol. 49 Ch. 727

ဘယ်ကောင် ပိုဆရာကျလဲ

Vol. 49 Ch. 727

သို့နှင့် လုံရွှိုက် စပီကာကို ဖွင့်လိုက်ပြီး “ မန်နေဂျာစွန်း… ကျုပ် စကားတွေ အများကြီး မပြောချင်ဘူး…. ခု စပီကာ ဖွင့်ထားတယ်....ခင်များပဲ ဒီကိစ္စ ကိုင်တွယ်လိုက်တော့….”

“ မင်းတို့ကောင်တွေ... ဘာဖြစ်ချင်နေကြတာ… လုံရွှိုက်က ငါ့သူငယ်ချင်းပဲ… သူ့ကို ဟန့်တားရဲနေတယ်ဆိုတော့ မင်းတို့ အလုပ် ပြုတ်ချင်နေကြတာလားကွ… မြန်မြန် .. သူ့ကို ပေးဝင်လိုက်စမ်း….”

“ ဟုတ် ဟုတ် … နားလည်ပါပြီ မန်နေဂျာစွန်း…”

ထို့နောက် ဖုန်းထဲရှိ အမျိုးသားမှ ရိုကျိုးသည့် လေသံဖြင့် “ လုံရွှိုက်… စိတ်မရှိပါနဲ့… ပွဲပြီးသွားရင် သူတို့ရဲ့ ဒီလ လုပ်အားခကို တစ်ဝက်ဖြတ်လိုက်မယ်… ဒါကြီးက လွန်လွန်းသွားပြီ… "

" ရပါတယ်… ကျုပ်ကလည်း ဒီတိုင်း စိတ်တိုလို့ ပြောလိုက်မိတာ… ဖြစ်နိုင်ရင်တော့ တတ်နိုင်သလောက် လျော့ပေါ့ပေးလိုက်ပါ…”

“ ဒါပေါ့ ဒါပေါ့… လုံရွှိုက်က ပြောလာပြီဆိုမှတော့ သေချာပေါက် မျက်နှာသာပေးရမှာပေါ့…”

“ ကောင်းပြီ… ကျုပ် အခု စထွင်းတော့မယ်…” လုံရွှိုက်မှ ပြောလိုက်ပြီး “ တလောကမှ ဖွင့်ထားတဲ့ ရန်ကျင်းက ကြယ်ခြောက်ပွင့် ဟိုတယ်က ဘူဖေး မဆိုးဘူးဆိုပဲ… ရောက်ရင် ခင်များကို လိုက်ကျွေးမယ်…”

“ ပြဿနာမရှိဘူး…”

လုံရွှိုက် သရုပ်ဆောင်နေသည်ကို ကြည့်ရင်း လင်းရီ အသစ်တစ်ခု သင်ယူလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဂျီးနီးယပ်စ်ပဲ….

“ ငါတော့ အဲ့ကောင်က မဆိုးဘူးထင်တာပဲ… မင်းသူ့ကို တောတွင်း ရှင်သန်ရှင်း ပရိုဂရမ်ထဲ ပါဝင်ဖို့ ဖိတ်ခေါ်ကြည့်ပါလား…” လင်းရီ ရန်စီကို ကြည့်၍ ပြောလိုက်သည်။

ရန်စီ ခေါင်းခါရမ်းလိုက်ပြီး “ သူ့စတိုင်က ကျွန်မတို့ ပရိုဂရမ်နဲ့ မသင့်တော်ဘူး…”

“ ဒီလို လူမျိုးနဲ့ဆို မင်းတို့ရဲ့ ပရိုဂရမ်က ပိုပြီးတောင် နာမည်ကြီးသွားဦးမယ် မဟုတ်ဘူးလား…”

“ တောတွင်း ရှင်သန်ခြင်း ပရိုဂရမ်က ကျားပီပီ မာန်ပီပီ လှုပ်ရှားရမယ့် အစီအစဉ်… သူ့လို လေအိုးတွေသာ ဝင်ပါလို့ကတော့ အမြှောက်စာဖြစ်သွားရုံပဲ ရှိမှာ…”

“ အဲ့လိုဆို မင်းတို့ ပရိုဂရမ်ရဲ့ အရည်အသွေးက အတော်လေး မြင့်မယ်နဲ့ တူတယ်…”

“ သေချာတာပေါ့….” ရန်စီ လင်းရီကို ပြုံးပြလိုက်ပြီး “ ရှင့်လိုမျိုး ယောက်ျားစစ်စစ်တွေကပဲ သင့်လျော်တာလေ… သူတို့လို စကားပြောကောင်းတဲ့သူတွေက ဘယ်လို သေလို့ သေသွားမှန်းတောင် မသိလိုက်ဘူး ဖြစ်သွားမယ်….”

ကျန်းရှောင်ယွီ ရန်စီကို ပြူးကျယ်စွာ စိုက်ကြည့်လိုက်၏။

သူမက အစ်ကိုရီ ယောက်ျား ပီသတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနေတာလဲ…

ဧကန္တ နှစ်ယောက်ကြားမှာ ထုတ်ပြောလို့မရတဲ့ အဖြစ်အပျက်တွေများ ရှိနေတာများလား…

ဒါပေမယ့် အစ်ကိုရီမှာလည်း ချစ်သူ ရှိပြီးတော့ ဒါရိုက်တာရန်ကလည်း ကောင်လေးရှိတယ်လေ….

လင်းရီနှင့် ရန်စီတို့ကို ကြည့်ရင်း ရှောင်းယွီ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုတို့က ပေါ်ပေါက်လာသည်။

တစ်ချိန်တည်းတွင် လုံရွှိုက် သူ့စထွင်းကို ပြန်လည်စတင်လိုက်၏။

စထွင်းထဲရှိ ကြည့်ရှုသူ အရေအတွက်မှာ ငါးသန်းကျော်အထိ ရောက်ရှိနေပြီး ပလတ်ဖောင်းရှိ ရေပန်းစားမှုနေရာ၏ တတိယအဆင့်သို့ပင် ချင်းနင်း ဝင်ရောက်လာခဲ့လေသည်။

“ လုံရွှိုက်က အံ့ဩစရာပဲ… သူ့မှာ တကယ်ကြီး ဒီလိုမျိုး အဆက်အသွယ်တွေ ရှိနေတယ်ဟ…”

“ ဒါ သူများကို အထင်သေးခြင်းရဲ့ ရလဒ်ပဲ… ဘယ်သူက သူဌေး ဘယ်သူက မြေးဆိုတာ သိအောင် ပြပစ်လိုက်…”

“ ကိုယ့်အဆင့်ကိုယ် မသိပဲနဲ့ စစ်သူကြီး လုံရှေ့မှာ ရှိုးပြရဲတယ်ပေါ့… ဒီကောင်တွေ ဘာစဉ်းစားနေလဲ ငါမပြောတတ်တော့ဘူး… မျက်နှာဖြတ်ရိုက်ပေးဖို့ တောင်းဆိုနေကြတာလားဟ….”

“ ဒါက ဘာမှ မဟုတ်သေးဘူး.. ငါခုလေးတင် မျက်နှာဖုံး အစ်ကိုကြီးရဲ့ အခန်းထဲက လာခဲ့တာ သူ့လူတွေကို ကြယ်ငါးဆီ ခေါ်သွားပေးမယ်ဆိုပဲ…”

“ ကြယ်ငါး… ဒီက အကြီးဆုံး ဇိမ်ခံသင်္ဘောကြီးဆီကိုလေ… “

“ အမှန်ပဲ… ပြီးတော့ ပြောသေးတယ်… အဲ့ သင်္ဘောကြီးက သူ့အပိုင်တဲ့… သူ့စိတ်ကြိုက် ဝင်ထွက်သွားလာလို့ရတယ်ဆိုပဲ…”

“ ငိုးပဲ… အဲ့ကောင် လေလုံးထွားလွန်းမနေဘူးလား… ဒါကြီးကတော့ များသွားပြီ..…”

“ ငါတော့ အဲ့ကောင် အစားရှက်လွန်းလို့ အစ်ကိုလုံရဲ့ စထွင်းကို လာကြည့်တာ….”

“ ငါလည်း သူ့အခန်းထဲက လာခဲ့တာပဲ… ငါတော့ ဆုံးဖြတ်ပြီးသွားပြီ.. သူ့စထွင်းတွေကို နောက်ဘယ်တော့မှ မကြည့်တော့ဘူး… နောင်ကျရင် ငါက လုံရွှိုက်ရဲ့ အမာခံ ပရိသတ်ပဲ…”

သူ့ အခန်းထဲရှိ လူတိုင်းက လင်းရီကို စော်ကားမော်ကား ပြောဆိုနေကြသည်ကို မြင်တော့ လုံရွှိုက် ပြုံးလိုက်ပြီး “ ကောင်းပြီ ကောင်းပြီ… လူတိုင်းက သူလျှောက်ပြောနေတာမှန်း သိရင်လည်း ဆက်မကြည့်နဲ့တော့ပေါ့… ဘာလို့ ဒီမှာလာပြီး ဆွေးနွေးနေကြတာ…ဘာပဲဆိုဆို ငါတို့အားလုံးက ပလတ်ဖောင်းတစ်ခုထဲက စထွင်မာတွေလေ… ပြီးတော့ ငါက စထွင်မာ အသစ်လေးတွေကို ပံ့ပိုးပေးရတာ ကြိုက်တယ်…တကယ်လို့ အနာဂတ်ကျ အောက်ဒေါ စထွင်မာဆိုတာနဲ့ လူတိုင်းက ငါ လုံရွှိုက်ကိုပဲ ပြေးမြင်နေရင် ပျင်းစရာကောင်းသွားမှာပေါ့…”

“ လုံရွှိုက်က အကောင်းဆုံးပဲ… သူက လေပဲ ထွားတတ်တဲ့ အဲ့ဒီ စထွင်မာ အသေးစားလေးတွေထက် အများကြီး သာတယ်…”

“ လူတွေက အစ်ကိုလုံကို ကြွားလို့ နာမည်ကြီးတယ်ဆိုပြီး သူ့အတိုင်း လိုက်အတုခိုးကြတယ်… သူတို့ မသိတာက အစ်ကိုလုံ ကြွားနေတာမဟုတ်ပဲ အဲ့လိုမျိုးပြောနိုင်တဲ့ အစွမ်းအစ ရှိနေတယ် ဆိုတာပဲ…”

“ လုံရွှိုက် ..လုံရွှိုက်.. မျက်နှာဖုံး အစ်ကိုကြီးကလည်း ဒီနားလေးမှာပဲ… ငါတို့ သွားနှုတ်ဆက်ကြမလား…”

“ သူတို့ ဒီရောက်နေတာလား…”

လုံရွှိုက် ရေရွတ်ပြီးနောက် လှည့်ကြည့်လိုက်သောအခါ လင်းရီနှင့် ကျန်းရှောင်ယွီတို့မှ အလှမ်း သိပ်မဝေးသည့် နေရာ၌ စထွင်းနေသည်ကို မြင်တွေ့လိုက်ရ၏။

“ ‌ဝေ့ .. ညီကို မင်းလည်း ဒီမှာ လာစထွင်းတာလား…”

“ ဘာလဲ... မရလို့လား…” လင်းရီ ခပ်တန်းတန်း ပြောလိုက်သည်။

“ စိတ်မဆိုးပါနဲ့.. ငါတို့အားလုံးက ပလတ်ဖောင်း တစ်ခုတည်းက လူတွေ မဟုတ်ဘူးလား… ငါက ဒီတိုင်း ကူညီချင်လို့ပါ…”

“ ငါ့ကို ကူညီမယ်….”

“ ဒီလိုလေ… ငါက ဒီ ရွက်လှေပြပွဲရဲ့ ထုတ်လုပ်သူ အများစုနဲ့သိထားတယ်… ငါဖုန်း တစ်ချက် ဆက်လိုက်တာနဲ့ မင်းကို လှေပေါ် ရောက်အောင် လုပ်ပေးလို့ရတယ်… ဒါပေမယ့် ဒီ မော့စ်တော့ မရဘူး.. ဒါက ငါဒီနေ့ စထွင်းမယ့် သင်္ဘော…”

“ မလိုပါဘူး… ငါတို့က ခဏနေကျရင် ကြယ်ငါးပေါ် တက်တော့မှာ.. မင်း ဘာမင်းပဲ စထွင်းနေလိုက်…”

“ ဟားဟား….”

လင်းရီ၏ စကားလုံးများကို ကြားတော့ လုံရွှိုက် စထွင်းထဲရှိ လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

“ ငါမပြောဘူးလား… ဒီကောင်က လေတော်တော်ကြီးတဲ့ကောင်ပါဆို…”

“ အင်း.. သူက တကယ့်ကို ဝင့်ကြွားတယ်… တော်သေးတာပေါ့ သူ့အခန်းထဲ မသွားမိလို့… မဟုတ်ရင် ငါပါ လွင့်သွားလောက်တယ်.. ဟာဟား..”

“ လုံရွှိုက်.. ငါတို့ ဒီ မော့စ် ဘယ်လို ပုံစံ ရှိလဲ မကြည့်ချင်တော့ဘူး.. ဒီကောင် မျက်နှာဖြတ်ရိုက်ခံလိုက်ရတဲ့အချိန် ဖြစ်သွားတဲ့ရုပ်ကိုပဲ မြင်ချင်တယ်…”

“ မကောင်းဘူး ထင်တယ်… ဘာပဲ ဆိုဆို ပလတ်ဖောင်း တစ်ခုတည်းက လူတွေကိုပဲ… သူ့ကို မျက်နှာသာ နည်းနည်းလောက် ပေးလိုက်ပါ…”

“ ဘာဆိုင်လို့ မျက်နှာသာပေးရမှာ… လုံရွှိုက် မင်းက သူ့ကို ငဲ့ညှာလေ… အဲ့ကောင်က ပိုပိုပြီး ဆိုးသွမ်းလာလေ… သူ့ကို သင်ပြပေးဖို့ လိုနေပြီ… မဟုတ်ရင် သူ့ကိုယ်သူ အင်တာနက်ပေါ်က အကောင်းဆုံး စထွင်မာဆိုပြီး မာန်တက်နေတော့မှာ…”

“ ကောင်းပြီလေ… ဒါဆိုလည်း တစ်ချက်လောက် သွားကြည့်ကြည့်တာပေါ့… အမှန်ဆို ငါလည်း ဒီကောင် စကားဘယ်လိုပြန်ဖာမလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားနေတာ…”

“ ငါတော့ အဲ့ကောင် မျက်နှာဖြတ်ရိုက်ခံရမယ်ဆိုတာ သေချာတယ်.. ပြီးရင် မဟုတ်က ဟုတ်က အကြောင်းပြချက်တွေနဲ့ ပရိသတ်တွေကို ပြန်ချော့မယ်.. ဒါပဲ... ”

“ ဟားဟာ… အဲ့တာက အရေးမကြီးဘူး… ငါက ဒီကောင် ငြင်းခံလိုက်ရတဲ့ အချိန် ဖြစ်သွားတဲ့ရုပ်ကို မြင်ချင်နေတာ… ပြီးရင် လိုင်းပေါ် ပြန်ဖြန့်မယ်.. ဟေးဟေး…”

“ သွားစို့ သွားစို့… ငါ မစောင့်နိုင်တော့ဘူး..”

လုံရွှိုက်နှင့် ပိုင်ပင်းယွိ့တို့ အချင်းချင်းကြည့်ရင်း ပြုံးလိုက်ကြ၏။

“ လှေပေါ်က နောက်မှ တက်လို့လည်း ရတယ်… ရှိုးပွဲ အရင် သွားကြည့်ကြတာပေါ့…”

“ သွားစို့… “ ပိုင်ပင်းယွီ့ လက်ပိုက်လျက် ပြောလိုက်ပြီး “ အဲ့ခွေးမက ငါ့ရဲ့ ပထမနေရာကို လုသွားကတည်းက အခဲမကြေဘူး… ခုတော့ ပြန်ပြီး လက်စားချေလို့ ရတော့မယ်…”

“ ဒါဆိုလည်း သွားစို့… ငါမင်းကို လက်စားချေပေးမယ်…”

လုံရွှိုက် သူ့လူများကို ဦးဆောင်၍ လင်းရီထံ ရောက်လာခဲ့လေသည်။

လင်းရီ ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး “ ဒီကိုဘာလာလုပ်တာ.. မင်းတို့ကောင်တွေလည်း သင်္ဘောပေါ် တက်ချင်လို့လား…”

“ မဟုတ်ပါဘူး… ငါ့စထွင်းထဲက ညီကိုတွေက မင်း အဲ့ သင်္ဘောပေါ် ဘယ်လို တက်မလဲဆိုတာ စိတ်ဝင်စားနေကြလို့…”

“ ဘာစိတ်ဝင်စားစရာရှိလို့… အဲ့ကောင်တွေက သင်္ဘောပေါ် ဘယ်လို တက်ရလဲ ဆိုတာတောင် မသိတဲ့ ကောင်တွေလား…”

“ ဘာလို့လဲဆိုတော့ ငါ ခေါင်းဆောင်ပိုင်းတွေကို သေချာမေးကြည့်ပြီးသွားပြီ… သူတို့ ပြောတာ ဒီနေ့ သင်္ဘောပေါ်ကို ဘယ်ဧည့်သည်မှ လက်မခံဘူး… ဒါကြောင့်မို့ ငါ့ညီကိုတွေက မင်း ဘယ်လိုမျိုး တက်သွားမလဲဆိုတာ စိတ်ဝင်စားနေကြတာ…”

“ ဒီလို အရေး မပါတဲ့ ကိစ္စလေးတွေတောင် လိုက်ပြီး စိတ်ဝင်စားနေတယ်ဆိုတော့ ရေတွင်းထဲက ဖားသူငယ်လေးတွေပဲ…”

လုံရွှိုက် ပခုံးတွန့်လိုက်ပြီး “ ညီကို … မင်းက ငါ မြင်ဖူးသမျှထဲမှာ စကားအပေါဆုံးပဲ သိလား…”

သို့နှင့် လုံရွှိုက်မှ တက်သွားရန် ကြိုဆိုသည့် ဟန်အမူအရာဖြင့် “ လုပ်လေ… မင်း ကြယ်ငါးပေါ် ဘယ်လို တက်မလဲဆိုတာ ငါတို့ကို ပြစမ်းပါဦး…”

“ ငကြောင် တစ်သိုက်တွေ…”

လင်းရီ ကူကယ်ရာ မဲ့စွာဖြင့် ရေရွတ်ပြီးနောက် အိတ်ကပ်ထဲ လက်ထည့်လျက် ကြယ်ငါး ဇိမ်ခံသင်္ဘောကြီး၏ စက်လှေကားသို့ တက်လှမ်းသွားလိုက်သည်။

All Chapters