လက်စမ်းတဲ့အနေနဲ့ ယွမ်တစ်သန်းလွှတ်လိုက်
Vol. 49 Ch. 729
“ ဖက်ခ်.. သူက မျက်နှာဖုံး အစ်ကိုကြီးကို ဆန့်ကျင်တော့မလို့လား…”
“ ဟီးဟီး… စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ…”
“ ဒါပေမယ့် ငါကတော့ မျက်နှာဖုံး အစ်ကိုကြီးရဲ့ စထွင်းကို ကြည့်ချင်နေသေးတယ်… သွားစို့.. သွားစို့…”
“ ခု ထွက်သွားပြီးတော့မှ နောင်တမရကြနဲ့… တခြား ခေါင်းစဉ်တွေမှာတော့ ငါမပြောရဲဘူး… ဒါပေမယ့် အောက်ဒေါ စထွင်းမင်းမှာ ငါ့ထက် သာတဲ့လူ ရှိတယ်ဆိုတာတော့ ငါ မယုံဘူး…”
“ ဟီးဟီး… မင်းက အဲ့လောက် အံ့အားသင့်ဖို့ ကောင်းနေရင်လည်း ဘာလို့ ကြယ်ငါးပေါ် တက်ပြီး လိုက်မပြတာ… ဒီလိုတွေ ပြောနေလည်း အလကားပဲ…”
သူ့လိုက်စထွင်းထဲရှိ ကြည့်ရှုသူ ဦးရေ ဆက်တိုက် လျော့ကျနေသည်ကို မြင်တော့ လုံရွှိုက်၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး စိတ်ထဲတွင် အားပါးတရ ကျိန်ဆဲလိုက်၏။
“ ငိုးမ ဒဿဂီရိလို ကောင်တွေ…”
“ လုံရွှိုက်…”
ပိုင်ပင်းယွီ့ လုံရွှိုက်၏ အင်္ကျီစကို ဆွဲလိုက်ပြီး “ ခုက စိတ်တိုနေရမယ့် အချိန်မဟုတ်သေးဘူး…. ဖြေရှင်းဖို့ နည်းလမ်းကို မြန်မြန် စဉ်းစား…”
“ မော့စ်ပေါ် အရင်တက်ကြစို့… ငါ ခဏနေကျရင် ဟုန်ပေါင်း လွှတ်ပေးပြီးတော့ ကြည့်ရှုသူတွေကို ပြန်ခေါ်လိုက်မယ်…” လုံရွှိုက် ပြောလိုက်ပြီး “ ကြယ်ငါးပေါ် မတက်နိုင်တာက ငါတွက်ချက်တာ မှားသွားလို့ပဲ… နောက်မှ ဒီကောင့်ကို ငွေနဲ့ ဖို့သတ်တော့မယ်…”
“ အွန်း… အဲ့နည်းလမ်းက အသုံးဝင်လောက်တယ်…” ပိုင်ပင်းယွီ့ ခေါင်းညိမ့်လိုက်ပြီး “ နင့်ဆီမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ… လောက်ကောလောက်ပါ့မလား…”
“ ၁.၄ မီလီယမ်တောင် ကျန်သေးတယ်… ဆိုတော့ သူ့ကို အမှုန့်ကြိတ်ဖို့ အလွယ်လေးပဲ မဟုတ်ဘူးလား…”
“ အွန်း.. အဲ့လောက်ဆို သေချာပေါက် လုံလောက်တယ်…” ပိုင်ပင်းယွီ့ ခေါင်းညိမ့်လိုက်သည်။
တစ်နေ့တာလုံး သူစုဆောင်းထားခဲ့ရသည့် ကြည့်ရှုသူများကို ထို မျက်နှာဖုံးနှင့်ကောင်က လုယူသွားခဲ့လေသည်။
အကယ်၍ သူသာ ဖြေရှင်းချက်တစ်ခုကို မစဉ်းစားနိုင်ပါက သူ၏ အင်တာနက် နံပါတ်ဝမ်း စထွင်မာဘွဲ့မှာလည်း သူများနောက် ပါသွားပေတော့မည်။
………
တစ်ချိန်တည်းတွင် လင်းရီလည်း ကျန်းရှောင်ယွီ၊ ရန်စီတို့နှင့်အတူ လှေပေါ်သို့ ရောက်ရှိနေချေပြီ။
နေဝင်ဆည်းဆာအလင်းရောင်က ကုန်းပတ်ပေါ်ရှိ လူများပေါ်သို့ ဖြန်းပက်နေပြီး လှိုင်းလုံးများက တစ်လှိမ့်ပြီးတစ်လှိမ့် ချီတက်လာလျက်ရှိကာ စင်ရော်ငှက်များကလည်း ပင်လယ်ကိုယှက်ရင်း ပျံသန်းနေကြလေသည်။
ပျောက်ကွယ်တော့မည့် တစ်စင်းတည်းသောနေ၏ အလှတရားက အထီးကျန်ဆန်လွန်းလှပြီး ကောင်းကင်မှာလည်း ဥတုဆောင်း၏ ကြွေရွက်ဝါ သဏ္ဍာန် အဆင်းရှိနေကာ အနန္တဖြစ်သော အလှတရားတို့အား ဖော်ဆောင်ထားလေသည်။
ထိုစဉ် ပီစုန့်ကျန်း လူတစ်အုပ်အား ဦးဆောင်လာပြီး လင်းရီတို့ထံ လှမ်းလာခဲ့၏။ လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မလာရန် အချက်ပြလိုက်သည်။
လူတို့၏ အရိပ်အကဲအား ကောင်းမွန်စွာ အကဲခတ်တတ်သည့် ပီစုန့်ကျန်းမှာ လင်းရီ စထွင်းလုပ်နေသည်ကို မြင်တော့ သူ၏ အခြား အထက်တန်း အရာရှိများနှင့် အတူ လာရင်းတန်းလန်း ရပ်တန့်လိုက်၏။
သူ မနေနိုင်ပဲ နဖူးရှိ ချွေးအေးတို့အား သုတ်လိုက်သည်။
ဘော့စ်က ဘယ်လိုပျော်ရမလဲဆိုတာ ကောင်းကောင်းကြီး နားလည်နေတာပဲ…
“ ဟဲ့… နင်တို့ မြင်ကြပြီလား… ဒါက ကြယ်ငါး(ရေလက်ဝါး) ဇိမ်ခံသင်္ဘောကြီးပဲ.. နာမည်နဲ့ လိုက်တယ်မလား…” ကျန်းရှောင်ယွီမှ ဝင့်ကြွားစွာ ပြော လိုက်၏။
“ မျက်နှာဖုံး အစ်ကိုကြီး … ခင်များက လုံးဝ အံ့အားသင့်စရာပဲ… ကျုပ် ခုလေးတင် အမြင်တွေ ကန်းသွားတာ… နံပါတ်တစ် အောက်ဒေါ စထွင်မာဆိုတာ အစ်ကိုကြီးပဲ..”
“ မျက်နှာဖုံး အစ်ကိုကြီး .. ဒါက ခင်များ အပိုင်လို့ ပြောထားတာမလား… ကျွန်တော်တို့ကို အပြင်မှာ ပြလို့ရလား…”
“ ရတာပေါ့… ဒီပွဲပြီးရင် ရှောင်းယွီကို အပြင်မှာ လူစုခိုင်းပြီးတော့ ဒီနေရာမှာ ပျော်ပါးကြမယ်… “ လင်းရီ ပြောလိုက်၏။
“ ဟီးဟီး… ကျေးဇူးပါ မျက်နှာဖုံး အစ်ကိုကြီး…”
ကျန်းရှောင်ယွီ စထွင်းထဲရှိ ကြည့်ရှုသူ ဦးရေကို ကြည့်လိုက်တော့ လေးသန်းကျော်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုအခါမှ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
နောက်ဆုံးတော့ ကိစ္စများက ပုံမှန် ပြန်ဖြစ်လာချေပြီ။
“ လှေပေါ်မှာ ဒီလောက်ကြီးတဲ့ ရေကန်ကြီး ရှိနေလိမ့်မယ်လို့တောင် ထင်မထားဘူး…. “
ကျန်းရှောင်ယွီ ပဲ့ထိန်းဘက်သို့ လမ်းလျှောက်နေရင်း အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်၏။
“ အေးဆေးပေါ့.. ငါ့အိမ်က ကန်လောက်တောင် မကြီးတဲ့ဟာကို….”
“ ဒါပေမယ့် ဒီကန်ကလည်း မသေးဘူးလေ… “ ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ တကယ်လို့ ဒီမှာသာ ရေကူးဝတ်စုံ ပါတီ လုပ်လိုက်ရရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ…”
“ ဒါရိုက်တာရန်တောင် စိတ်မလှုပ်ရှားတာကို မင်းက ဘာလို့ ရေကူးဝတ်စုံ ပါတီ လုပ်ဖို့ အရမ်း စိတ်ပါနေတာ…”
ကျန်းရှောင်ယွီ ရန်စီအား ချိနဲ့စွာ ကြည့်လိုက်ပြီး “ လီလီပန်းတွေက နွေဦးမှာပွင့်ကြတယ်တဲ့.. တစ်နေ့ ငါလည်း ရင်ကို ဟော့ဒီလိုကော့နိုင်ရမယ်..”
“ ကြည့်ရတာတော့ စစ်မှန်တဲ့ အလှတရားက ဘာလဲ ဆိုတာ ပြဖို့ ရေကူးဝတ်စုံ ပါတီ လုပ်ရတော့မယ်နဲ့ တူတယ်…”
“ဟားဟား…..”
စထွင်း အခန်းထဲရှိ လူတိုင်း ရယ်မောလိုက်ကြပြီး “ အစ်ကိုကြီး.. ခင်များက ချမ်းသာနေပြီးသားကို ယွမ်တစ်သိန်းလောက်ပေးပြီး ရှောင်းယွီကို ဆီလီကွန် ထည့်ပေးလိုက်ပါလား… ဘာပဲဆိုဆို သူမက အစ်ကိုကြီးရဲ့ လက်ထောက်ပဲလေ…”
“ ရှောင်းယွီရဲ့ အနေအထားနဲ့ဆို ယွမ် တစ်သိန်းလောက်နဲ့ လောက်မှာ မဟုတ်ဘူးကွ… ပစ္စည်း သပ်သပ်နဲ့တင် ယွမ် တစ်သိန်းလောက်ကျမှာဆိုတော့ အနည်းဆုံး ယွမ် နှစ်သိန်းလောက်မှ မသုံးရင် မဖြစ်နိုင်ဘူး…”
“ မုန်းဖို့ကောင်းလိုက်တာ… တစ်ချို့လူတွေကျ ယွမ်နှစ်သိန်းတန် ဆိုဒ်ကြီးရှိနေပြီးတော့မှ တစ်ချို့ကျတော့လည်း လေယာဉ်ကွင်းကြီး… ဟင်း.. ဒါဟာ ခက်ခဲတဲ့ ဒုက္ခတွေပါလား….”
ကျန်းရှောင်ယွီ ရန်စီ၏ ရင်ဘက်ကို မနာလိုကြီးစွာဖြင့် ကြည့်လိုက်၏။ သူမ တကယ်ကြီး ယွမ်နှစ်သိန်းတန် ဆိုဒ်ကြီးများဖြင့် လမ်းလျှောက်နေသူများကို အားကျမိလေသည်။
“ အစ်ကိုရီ… စထွင်းကြည့်တဲ့သူတွေက လူငါးသန်းတောင် ကျော်နေပြီ… ဟုန်ပေါင်းတွေ မလွှတ်ပေးတော့ဘူးလား….”
“ ကောင်းပြီလေ… မင်းလွှတ်ပေးချင်သလောက်သာ လွှတ်ပေးလိုက်…”
မည်မျှ ပမာဏက အသင့်လျော်ဆုံးလဲဆိုတာ လင်းရီ မသိသောကြောင့် ကျန်းရှောင်ယွီကိုသာ ကိုင်တွယ်ခိုင်းလိုက်လေသည်။
“ ဒါဆို ယွမ် တစ်ထောင် အရင် လွှတ်လိုက်မယ်…နောက်မှ ဖြည်းဖြည်းချင်းပေါ့….”
“ မျက်နှာဖုံး အစ်ကိုကြီးကလည်း များများလေး လွှတ်ပေးစမ်းပါ… လုံရွှိုက်က ခင်များ ပေးတာရဲ့ နှစ်ဆ ပေးမယ်လို့ ပြောထားတာနော်.. သူက ခင်များကို စိန်ခေါ်နေတယ်ဆိုတာ အရှင်းကြီးပဲ…”
လင်းရီ ပြုံးလိုက်ပြီး “ ငါ့ကို စိန်ခေါ်နေတာလား… ဒါမျိုးက ကြုံတောင့်ကြုံခဲပဲ…”
“ ငါခု ဖုန်းနောက်တစ်လုံးနဲ့ လုံရွှိုက်ရဲ့ စထွင်းကို ကြည့်နေတာ… သူ ယွမ်နှစ်ထောင်ကို ဒီတိုင်း လွှတ်လိုက်ပြီ…ဒီလောက် ငွေကြေးလေးက ပြဿနာမရှိပေမယ့် နောက်ဆုံးတိုက်ပွဲကိုတော့ ရှုံးလို့မရဘူး..”
“ အစ်ကိုရီ… စိတ်မပူနဲ့… ကျွန်မ သူတို့ စထွင်းထဲ ဝင်ပြီးတော့ ဘာဖြစ်နေလဲ တစ်ချက်ကြည့်လိုက်ဦးမယ်…”
ကျန်းရှောင်ယွီ သူမ ဖုန်းကို ထုတ်ပြီး လုံရွှိုက်၏ အခန်းထဲ ဝင်လိုက်တော့ ကြည့်ရှုသူများမှ ယွမ် နှစ်ထောင် ရရှိပြီးကြောင်း ဆွေးနွေးထားကြသည်ကို မြင်တွေ့လိုက်ရလေသည်။
“ အမှန်ပဲ အစ်ကိုရီ.. ဘယ်လိုလုပ်ကြမှာ.. သူတို့ဘက်က အလျော့ပေးမယ့်ပုံလည်း မပေါ်ဘူးနော်…”
“ ဘာလုပ်ရမှာ .. သူဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးကြတာပေါ့.” လင်းရီ ထူးမခြားစွာ ပြောလိုက်ပြီး “ သူက နှစ်ထောင်ပေးတယ်ဆိုတော့.. ငါတို့က လေးထောင်ပေးမယ်.. ဘယ်သူက နောက်ဆုံးကျ ရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြမယ်…”
လင်းရီ၏ စကားလုံးများက စထွင်းအခန်းထဲရှိ လေထုကို လောင်မြိုက်သွားစေသည်။
“ ဝါး…. မျက်နှာဖုံး အစ်ကိုကြီးက မျက်နှာဖုံး အစ်ကိုကြီးပါပဲ… အရမ်း ကြီးစိုးနိုင်လွန်းတယ်… သူက တိုက်ခိုက်ချင်နေတယ်ဆိုတော့လည်း တိုက်ခိုက်ကြတာပေါ့... ဘယ်သူက ပိုပြီး အံ့ဩဖို့ကောင်းလဲဆိုတာ ပြလိုက်ကြစို့…”
ကျန်းရှောင်ယွီ လင်းရီအနား တိုးကပ်လိုက်ပြီး လေသံ ခပ်အုပ်အုပ်ဖြင့် “ အစ်ကိုရီ.. တကယ်လို့ သေချာတယ်ဆိုရင် သူတို့ပေးတဲ့ ပမာဏထက် နှစ်ဆ ပေးကြမယ်လေ…”
“ အင်း…”
“ တကယ်လို့ သူတို့ဘက်က ဆယ်သန်း ပို့လာခဲ့ရင် ဘယ်လိုလုပ်မှာ… ကျွန်မတို့ဘက်က အဲ့လောက်အများကြီးကို ပြန်ပို့မှာလား…”
“ အဲ့လိုသာဆိုရင် ငါ Dou Yu ကို အပိုင်ဝယ်ပစ်လိုက်မယ်…”
ကျန်းရှောင်ယွီ မျက်လုံး အရောင် လက်သွားခဲ့သည်။
“ အစ်ကိုရီ… ကျွန်မ ရှင့်လိုမျိုး ကြီးစိုးနိုင်တဲ့ ယောက်ျားတွေကို အရမ်း သဘောကျတာပဲ…”
“ ဒါဆို စိတ်ကူးထဲမှာပဲ သဘောကျ… မသင့်တော်တဲ့ အတွေးတွေ မရှိစေနဲ့… ငါက မင်း ဘယ်တော့မှ မရနိုင်တဲ့ ယောက်ျားမျိုးပဲ…”
“ ရတယ်… အိပ်မက်ထဲမှာဆိုရင်တောင် ကျေနပ်တယ်…” ပြောပြီးနောက် ကျန်းရှောင်ယွီမှ “ ငါအခု ပို့တော့မယ်နော်… အားလုံးပဲ အသင့်ပြင်ထားကြ… လက်မြန်ရင် မြန်သလို ရမယ်…”
“ ဒီတိုင်း ပို့လိုက်စမ်းပါ… ဘယ်လောက်မှလည်း မဟုတ်တာကို…” လင်းရီ ပြုံးလိုက်ပြီး “ မင်းပုံစံက ကမ္ဘာဘယ်လောက်ကြီးလဲ ဆိုတာ မမြင်ဖူးတဲ့သူ ကျနေတာပဲ…”
“ ဟီးဟီး…”
ကျန်းရှောင်ယွီ လျှာတစ်လစ်လေးလိုက်ပြီး ယွမ် လေးထောင် ပို့ပေးလိုက်၏။
ဟုန်ပေါင်းများ ဆက်တိုက် ဂစ်ဝေး ပေးနေမှုကြောင့် ကြည့်ရှုသူဦးရေမှာ ၅.၅ သန်းသို့ ကျော်လွန်သွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင်ပဲ လင်းရီ စထွင်းထဲ၌ စင်ပေါ်တက်ရန် တောင်းဆိုလွှာ တစ်ခု ရောက်လာခဲ့၏။
“ အစ်ကိုရီ… လုံရွှိုက်က အပေါ်တက်လာချင်လို့တဲ့… ရှင်နဲ့ စကားပြောမလို့လား မသိဘူး…”
“ လက်ခံလိုက်လေ… သူဘာပြောမလဲ နားထောင်ကြတာပေါ့…”
ကျန်းရှောင်ယွီ လက်ခံပြီးနောက် လုံရွှိုက်၏ အသံကို ကြားလိုက်ရသည်။
“ ညီကို မင်းက ငါနဲ့ ပြိုင်ချင်နေတာလား….”
“ ဘာတွေ လာကြောင်နေတာ… မင်းပဲ ငါပေးတာထက် နှစ်ဆပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား… ငါက မင်းနဲ့ ပူးပေါင်းပေးနေတာလေ…”
“ ဟားဟား… ငါတို့ နှစ်ယောက်လုံးက ပလတ်ဖောင်း တစ်ခုတည်းသားချင်းတွေကို ဒီလိုမျိုး ယှဉ်ပြိုင်တယ်ဆိုတာက ပျော်စရာ မကောင်းပါဘူး…” လုံရွှိုက်ပြောလိုက်ပြီး “ ငါမင်းကို မျက်နှာသာပေးလိုက်မယ်… လက်လျော့လိုက်…”
“ ငါမတတ်နိုင်ဘူးလို့ ထင်နေတာလား…”
“ မင်းလည်း ပိုက်ဆံရှာရတာ လွယ်တာမှတ်လို့.. ဒီလိုမျိုး လုပ်စရာ မလိုပါဘူး…”
“ အဆင်ပြေတယ်… ငါပိုက်ဆံရှာတာက သောက်ရမ်းလွယ်တာ…” လင်းရီ ပြောပြီးနောက် ကျန်းရှောင်ယွီကို ကြည့်ကာ “ ရှောင်းယီ… လက်စမ်းတဲ့ အနေနဲ့ ယွမ်တစ်သန်းလွှတ်လိုက်…”