← Chapters

မစ်ဆူအုပ်စုနဲ့ သိလား

Vol. 49 Ch. 731

မစ်ဆူအုပ်စုနဲ့ သိလား

Vol. 49 Ch. 731

“ ဟမ်… သူတကယ်ကြီး ဟုန်ပေါင်း လွှတ်ပေးတော့မလို့လား…”

လုံရွှိုက်၏ စကားလုံးများက သူ့စထွင်းထဲရှိ ရေပန်းစားမှုကို ဖြည်းဖြည်းချင်း မြင့်တက်လာစေသည်။

မူလက လင်းရီအခန်းထဲသို့ သွားကြသူများပင် တစ်ဖန် ပြန်ရောက်လာခဲ့ကြလေသည်။

သူတို့အတွက် အလကားရမည့် ဟုန်ပေါင်းကို လက်မခံစရာ ဘာအကြောင်းပြချက်မျှ မရှိချေ။

“ ငါ့ စထွင်းကြည့်နေကျလူဆို ငါ လုံရွှိုက်က ပိုက်ဆံ ရှားတဲ့ ကောင်မဟုတ်ဘူးဆိုတာ နားလည်တယ်… ငါဆိုတဲ့ကောင်က သူများကို ထမင်းတစ်နပ်ကျွေးတာတောင် ပိုက်ဆံ တစ်သန်းကျော် အကုန်ကျခံတာကို ငါ့ရဲ့ ချစ်ညီကိုတွေအတွက် ယွမ်နှစ်သန်းလောက်လေးကို နှမြောမယ် ထင်နေလား…”

“ သောက်ပိုတွေ မပြောစမ်းနဲ့… ပေးစရာရှိသာ မြန်မြန်ပေး… မင်း ငါတို့ကို အရူးလာလုပ်လို့ကတော့ ဘလက်လစ်စ်ထဲ ထည့်ပြီးတော့မှ မင်းရဲ့ စထွင်းကိုလည်း ဘယ်တော့မှ မကြည့်တော့ဘူး…”

“ ညီကိုတို့ကလည်း စိတ်ကြီးပဲ… နောက်သုံးမိနစ်တောင် ကျန်သေးတယ်… အဲ့သုံးမိနစ်အတွင်း ဟုန်ပေါင်း ယွမ်နှစ်သန်းဖိုး လွှတ်ပေးမယ်… ဟုတ်ပြီလား…”

ထို့နောက် လုံရွှိုက် ကင်မရာကို ပြုံးပြုလိုက်ပြီး “ လူတိုင်းပဲ.. စိတ်ငြိမ်ငြိမ်ထားကြပါ.. ငါ မျက်နှာဖုံး အစ်ကိုကြီးနဲ့ တွေ့ပြီး သူဘယ်လိုတွေ ခံစားနေရလဲဆိုတာ တစ်ချက် အင်တာဗျူးလိုက်ဦးမယ်…”

ပြောပြီးနောက် လုံရွှိုက် စင်ပေါ်တက်ရန် တောင်းဆိုလွှာပို့လိုက်ပြီး ကျန်းရှောင်ယွီကလည်း ချက်ချင်းလက်ခံလိုက်လေသည်။

“ ဘာပြောမလို့လဲ.. နင်ခုထိ ယွမ်နှစ်သန်း ဟုန်ပေါင်းတွေ မလွှတ်ရသေးဘူးမလာ..” ကျန်းရှောင်ယွီမှ မေးလိုက်၏။

“ ငါ ခု ရောက်လာတာလည်း အဲ့အကြောင်း ပြောမလို့ပဲ…” လုံရွှိုက်ပြောလိုက်ပြီး “ ငါ့ရဲ့ ယွမ်နှစ်သန်းဖိုး ဟုန်ပေါင်းတွေက အသင့်ဖြစ်နေပြီ… စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် မင်းဘက်က ယွမ်လေးသန်း ပြန်ပေးရတော့မှာ… ဘယ်လိုလဲ… မင်းဘက်က ပြန်ပေးဖို့ အသင့်ပဲလား…”

“ အိုး.. မဆိုးပါဘူး… “ လင်းရီ ပြုံးလိုက်ပြီး “ မင်းတကယ်ကြီး ယွမ်နှစ်သန်းရအောင် စုဆောင်းနိုင်ခဲ့တယ်ပေါ့…”

“ ယွမ် နှစ်သန်းက များတယ်လို့ ထင်နေတာလား… မင်း ယွမ်တစ်သန်း အရင်ဆုံး ပို့လိုက်တယ်ဆိုတာ ငါ့ဘက်က မတတ်နိုင်ဘူး ထင်နေလို့မဟုတ်လား..” လုံရွှိုက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး “ ဒါပေမယ့် မင်းမှားသွားပြီး… ငါ့ကိုယ်ငါ ချမ်းသာတယ်လို့ မပြောရဲပေမယ့် ငါ့မှာ ယွမ် ဘီလီယမ်ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်... နှစ်သန်းဆိုတာ ငါ့အတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲရှိတာ… ဒီတိုင်း Dinner တစ်ပွဲစာလောက်လေးကို အေးဆေး ထုတ်နိုင်တာပေါ့…”

လင်းရီ ပြုံးလိုက်ပြီး “ ဒါပဲလား.. မင်း တခြား ဘာထပ်ပြီး ပြောချင်သေးလဲ…”

“ ငါပြောချင်တာ ငါ့ဘက်က ယွမ် နှစ်သန်းဖိုး ဟုန်ပေါင်းတွေ လွှတ်တော့မယ်… မင်းရဲ့ ယွမ် လေးတန်းဖိုး ဟုန်ပေါင်းတွေ အသင့်ပြင်ထားပြီးတော့ ခဏနေကျရင် ပရိသတ်တွေကို ပို့ပေးလိုက်…”

“ မလိုပါဘူး.... မင်းက အသင့်ဖြစ်နေပြီဆိုမှတော့ ငါလည်း နှောင့်နှေးမနေတော့ဘူး… “

သို့နှင့် လင်းရီ ကျန်းရှောင်ယွီကို ကြည့်လိုက်ပြီး “ ရှောင်းယွီ… ယွမ် လေးသန်းဖိုး ပို့ပေးလိုက်…”

“ အွန်း အွန်း.. အိုကေ….”

ကျန်းရှောင်ယွီ အလိုအလျောက် ခေါင်းညိမ့်မိလိုက်၏။ ဤ လူမဆန်သည့် တိုက်ပွဲက သူမကို ဆွံ့အစေလုနီးပါးပင်။

ကျန်းရှောင်ယွီ နာခံစွာဖြင့် ယွမ် လေးသန်းဖိုး ဟုန်ပေါင်းများ လွှတ်ပေးလိုက်လေသည်။

လင်းရီ လုံရွှိုက်ကို ပြုံးကြည့်ကြည့်လိုက်ပြီး “ ငါ့ဘက်က ကြိုပြီးတော့တောင် ပေးထားလိုက်ပြီ… စည်းမျဉ်းတွေ အရဆိုရင် မင်းဘက်က ယွမ်ဆယ်သန်း ပို့ပေးရမယ့် အလှည့်ပဲ.. မင်း ပို့ပြီးရင် ပြန်လာရှာလှည့်… ငါ့ဘက်က ကျန်တဲ့ ယွမ် ဆယ့်ခြောက်သန်းကို အသင့်ပြင်ထားလိုက်မယ်…”

( TL/N - ရှစ်သန်းက ကြိုလွှတ်ထားတာမို့ပါ။ ဟိုဘက်က နှစ်ခါ ဆက်တိုက် ပမာဏကို လွှတ်ရမှာမို့ ဆယ်သန်းဖြစ်သွားတာ။ တတိယတစ်ခေါက်ကျ လင်းရီက ဆယ့်ခြောက်သန်းပေါ့။ )

လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် အနီရောင် ဟုန်ပေါင်းများက ဆက်တိုက်ဆိုသလို ပျံသန်းနေလေသည်။

လုံရွှိုက်နှင့် ပိုင်ပင်းယွီ့တို့ မေးရိုးကြီးများပင် မြေပြင်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။

တကယ်ကြီး ယွမ်လေးသန်း ပို့လိုက်တယ်….

“ မျက်နှာဖုံး အစ်ကိုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်…. ရှီးပဲ… ငါလည်း အဲ့တစ်ခွန်းကလွဲရင် ဘာပြောရမှန်း မသိတော့ဘူးဟ…”

“ ငါ သောက်ရမ်း ချမ်းသာနေပြီ... ငါ သောက်ရမ်း တွေ ချမ်းသာနေပြီ… ဒီပိုက်ဆံတွေနဲ့ ကားအရစ်ကျဝယ်ထားတာ အပြီးချေလို့ ရတော့မယ်..”

“ သူက အင်တာနက်ပေါ်က နံပါတ်ဝမ်း အောက်ဒေါ စထွင်မာ… ငါနဲ့ ပြိုင်ငြင်းမယ် မကြံနဲ့… ဘာမှ ပြောစရာ မရှိဘူး.. မျက်နှာဖုံး အစ်ကိုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်….”

“ 666 .. “

“ ကောင်းပြီ… မင်းတို့ ပြီးပြီဆိုရင်လည်း ဟိုဘက်ခန်းက စထွင်းမှာ သွားပြီး ဆယ်သန်းသွားတောင်းချည်… “ လင်းရီ ပြုံးလိုက်လေသည်။

“ ကျေးဇူးပါ မျက်နှာဖုံး အစ်ကိုကြီး… ငါတို့ လုပြီးတာနဲ့ ပြန်လာခဲ့မယ်… ဆက်ဆက်စောင့်နေနော်…”

သို့နှင့် လင်းရီ အခန်းထဲရှိ လူတိုင်း လုံရွှိုက်၏ အခန်းထဲသို့ ရောက်ရှိသွားကြ၏။

“ စလိုက်ကြစို့… အရင်ဆုံး နှစ်မီလီယမ်… ပြီးမှ ရှစ်မီလီယမ်… “

“ မင်းမှာ ယွမ် ဘီလီယမ်ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်လို့ ပြောထားတယ် မဟုတ်ဘူးလား… ဆော်ဒီ မင်းသားနဲ့တောင် ထမင်း အတူစားခဲ့တဲ့သူက ဒီငွေလေး ဆယ်သန်းလောက်တော့ မမှုလောက်ပါဘူးနော…”

ကင်မရာ အရှေ့တွင် ရပ်နေရင်း လုံရွှိုက်၏ အမူအရာမှာ အလွန်အမင်း ကိုးရို့ကားယား ဖြစ်နေလေသည်။ သူ ဖုန်မှုန့်အသွင် ကူးပြောင်းပြီး ပျောက်ကွယ်သွားချင်သည်အထိ ဖြစ်နေမိတော့၏။

သို့သော်လည်း စက္ကန့်အနည်းငယ် ကြာပြီးနောက် လုံရွှိုက် စိတ်တည်ငြိမ်အောင် လုပ်ကာ မမှုဟန် ဆောင်လိုက်ပြီး “ အာ… စိတ်တော့ မရှိနဲ့ ငါ့ကောင်တို့ရာ… ငါနဲ့သိတဲ့ ခရိုင်ရေးမှူးက ထမင်းကျွေးချင်တယ် ပြောလာလို့… ဒီနေ့ စထွင်းကတော့ ဒီလောက်ပဲ… မနက်ဖြန်မှ ပြန်ဆက်ကြတာပေါ့…”

ထိုသို့ပြောပြီးနောက် လုံရွှိုက် စထွင်းကို အရေးတကြီး ပိတ်လိုက်၏။နောက်ကျောမှာလည်း ရေချိုးထားသကဲ့သို့ ချွေးအေးတို့ဖြင့် ရွှဲနစ်နေလေသည်။

“ သွားပြီ… ခုတော့ ပြီးသွားပြီ… နင့်ရဲ့ နံပါတ်ဝမ်း အောက်ဒေါ စထွင်မာဆိုတဲ့ ဘွဲ့က သူများ လက်ထဲကို ရောက်သွားပြီ…” ပိုင်ပင်းယွီ့ ဘေးမှ နေ၍ ပြောလိုက်၏။

“ ငါလည်း ဒီကောင်က ဒီလောက်ထိ တတ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး… သူက လေးမီလီယမ်ကို မျက်တောင်မခတ်ပဲ လွှတ်ပေးလိုက်တယ်… ငါတို့ကတော့ အဲ့လိုမျိုး မတတ်နိုင်ဘူး…ဒီတော့ နောက်ပြန်ဆုတ်ဖို့ပဲရှိတယ်…”

“ ငါတို့ချည်းသပ်သပ်နဲ့တော့ သူ့ကို ကိုင်တွယ်လို့ မဖြစ်ဘူးထင်တယ်.. ဘော့စ်ကို ရှာမှပဲ ဖြစ်တော့မယ်…”

“ အွန်း… အရင်ဆုံး ပြန်ပြီးတော့ ဘော့စ်ကို သွားရှာကြမယ်.. သူ့မှာ ကိုင်တွယ်နိုင်မယ့် နည်းလမ်း ရှိရင်လည်း ရှိမှာပေါ့…”

“ အင်း…”

လုံရွှိုက် ၊ ပိုင်ပင်းယွီ့နှင့် ကျန်သူများအားလုံး စိတ်ပျက်အားငယ်စွာဖြင့် လှေပေါ်မှ ဆင်းသွားကြလေသည်။

ထိုအခါ သူ့ စထွင်းထဲရှိ လူတိုင်းက လင်းရီဘက်ခြမ်းသို့ စုပြုံ ဝင်ရောက်လာခဲ့ကြ၏။ကြည့်ရှုသူ ဦးရေမှာ ခုနစ်သန်းထိ ရောက်ရှိလာပြီ ဖြစ်သော်လည်း ဆယ်သန်းနှင့်တော့ ကွာဝေးနေဆဲပင်။

လင်းရီလည်း နောက်ထပ် နာရီဝက်မျှကြာအောင် လှေပေါ်တွင် စထွင်းပြီးနောက် ပိတ်လိုက်လေသည်။

အလုပ်ကလည်း ရှိနေသေးသောကြောင့် သူ၏ အချိန်များအားလုံးကို စထွင်းလုပ်ရင်းဖြင့် ဖြုန်းတီးလိုက်၍ မဖြစ်ချေ။

“ အစ်ကိုရီ... ရှင်ခုနက လုံးဝ အမေးဇင်းပဲသိလား.. ရှင်သူတို့ကို မှုန့်ညှက်ညှက်ကြေအောင် လုပ်ပစ်လိုက်တာများ ဟိုဘက်က ရူးသွပ်သွားတော့မတတ်ပဲ… တွေးကြည့်လိုက်ရုံနဲ့တင် စိတ်ကျေနပ်ဖို့ ကောင်းလိုက်တာ..”

ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ခုဆို နံပါတ်ဝမ်း အောက်ဒေါ စထွင်မာဆိုတဲ့ ဘွဲ့ကို ဘယ်သူကမှ အစ်ကိုရီနဲ့ ယှဉ်ပြိုင်ရဲတော့မှာ မဟုတ်ဘူး…”

“ ငါလည်း အစကတော့ ဒီလိုမျိုး အလုပ်ရှုပ်မခံချင်ပါဘူး… ဒါပေမယ့် နာချင်တော့လည်း သူကိုယ်တိုင်က စဉ်းနှီတုံးပေါ် လည်လာစင်းပေးနေတာကိုး… ငါ့ကို အပြစ်လာတင်လို့တော့ ဘယ်ရမှာ…”

“ သူတို့က အမြဲတမ်း အဲ့အတိုင်းချည်းပဲ… စထွင်းအတွက်ဆို ဘာပဲလုပ်ရလုပ်ရ … “ ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ တကယ်လို့ တခြား စထွင်မာ အသေးလေးတွေသာဆိုရင် သူတို့ သေအောင် အနိုင်ကျင့်ကြလောက်တယ်…”

“ ကောင်းပြီ… အဲ့အကြောင်း ဆက်မပြောကြစို့…” လင်းရီ ပြုံးလိုက်ပြီး “ ငါ လုပ်စရာလေးတွေ ရှိသေးတယ်… ငါ့နောက်လိုက်ချင်တယ်ဆိုလည်း အတူသွားကြမယ်… မလိုက်ချင်ဘူးဆိုလည်း မင်းတို့ဘာမင်းတို့ သင်္ဘောပေါ်မှာ လျောက်ပတ်ကြည့်ကြ… ငါ ပြီးရင် လှမ်းခေါ်လိုက်မယ်…”

ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီဂ “ အစ်ကိုရီ လုပ်စရာရှိတာ သွားလုပ်… ကျွန်မကတော့ ဒီလိုနေရာမျိုး ခုမှ ရောက်ဖူးတာဆိုတော့ သေချာလေး လိုက်ကြည့်လိုက်ဦးမယ်…”

“ မင်းကော…” လင်းရီ ရန်စီကို ကြည့်လိုက်၏။

“ တကယ်လို့ မစ္စတာလင်းက စိတ်မရှိဘူးဆိုရင် ကျွန်မ မစ္စတာလင်းနောက် လိုက်ချင်ပါတယ်…”

“ ဒါဆိုလည်း သွားကြစို့…”

လင်းရီနှင့် ရန်စီတို့ ထွက်ခွာသွားသည်ကို မြင်တော့ ကျန်းရှောင်ယွီ ဖြည်းညင်းစွာ ခေါင်းခါရမ်းလိုက်၏။

သူမ ဒါရိုက်တာရန်၏ ကောင်လေးအတွက် နာကျင်ပေးလိုက်သည်။

လမ်းကိုယ်စီ ခွဲကြပြီ‌းနောက် လင်းရီ ပီစုန့်ကျန်းနှင့် ကျန်သူများရှေ့သို့ ရောက်လာလေသည်။

“ သွားစို့… ဒီနေရာက စကားပြောကောင်းတဲ့ နေရာ မဟုတ်ဘူး…”

အခန်းထဲကိုရောက်တော့ လင်းရီ ပီစုန့်ကျန်းကို ကြည့်လိုက်ပြီး “ ဒီမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဘယ်လိုရှိလဲ.. အခက်အခဲတွေ ရှိသေးလား..”

“ အကုန်လုံး အဆင်ပြေပါတယ်ဘော့စ်…” ပီစုန့်ကျန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒီတစ်ခေါက် ကျွန်တော်တို့ လုပ်စရာက ဘာမှ သိပ်မရှိဘူး… အဓိက က ပရိုမိုးရှင်း ဆင်းဖို့ပါပဲ…”

ပြောပြီးနောက် ပီစုန့်ကျန်း ပရိုမိုးရှင်း ဆင်းမည့် အစီအစဉ်အား လင်းရီလက်ထဲသို့ ကမ်းပေးလိုက်၏။

“ ဘော့စ်.. တစ်ချက်ကြည့်ကြည့်ပါဦးဗျ.. တကယ်လို့ စိတ်တိုင်းမကျတဲ့ နေရာရှိရင် ကျွန်တော်တို့ ချက်ချင်းပြောင်းလိုက်ပါ့မယ်…”

လင်းရီ လှန်လောကြည့်လိုက်ပြီး အစီအစဉ်က သိပ်မဆိုးဟု ခံစားလိုက်ရ၏။

“ ဒီနေရာမှာ မင်းက ပိုနားလည်တယ်…ပြီးတော့ မင်းကိုလည်း လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးပြီဆိုတော့ ဝင်မစွက်ဖက်တော့ဘူး…”

“ ဟုတ်ကဲ့… ယုံကြည်ပေးလို့ ကျေးဇူးပါဘော့စ်… ကျွန်တော်တို့ သေချာပေါက် စိတ်မပျက်စေရပါဘူး…” ပီစုန့်ကျန်းပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်တော် တစ်ခုလောက် မေးလို့ရမလား..”

“ ဘာမေးမှာ မေး… ”

“ ဘော့စ်.. မစ်ဆူအုပ်စုက တစ်ယောက်ယောက်နဲ့များ သိသလား…”

All Chapters