အဲ့ဒီ သောက်ရူးတွေကို သွားတွေ့ကြစို့
Vol. 49 Ch. 733
ဝမ်ဇီချန်း ဆေးလိပ်မီးညှိလိုက်ပြီး မျက်နှာ အမူအရာမှာ သိပ်မလှတော့ချေ။
“ ဘာတွေ ဖြစ်နေတာ … အသေးစိတ် ပြောစမ်း..”
လုံရွှိုက် ထိုင်ခုံတစ်လုံး ဆွဲယူလိုက်ပြီး ထိုင်ချကာ ဖြစ်ပျက်သမျှ အသေးစိတ်ကို ပြောပြလိုက်လေသည်။
ဝမ်ဇီချန်း နားထောင်လေလေ သူ၏ အမူအရာကလည်း ပို၍ အကျည်းတန်လာလေလေပင်။
“ ဆိုတော့ အဲ့ဒီစထွင်မာက မျက်နှာဖုံး အစ်ကိုကြီးပေါ့…” မာဝေ့အန်း အေးတိအေးစက် လေသံဖြင့် ပြောလိုက်၏။
“ မင်း သူ့ကို သိနေတယ်လား…”
“ သိပ်သိတာပေါ့…” မာဝေ့အန်း ပြောလိုက်ပြီး “ တလောတုန်းက Dou Yu မှာ လူသစ်ဘုရင်ပွဲရှိတယ်… အစက ပထမနေရာကို မုန့်ကြီးက ရရမှာ.. ဒါပေမယ့် အဲ့ကောင်က ဖြတ်လုသွားတယ်လေ… မင်းရဲ့ စီးပွားရေးကိုပါ တုတ်နဲ့ လာထိုးနေလိမ့်မယ်လို့တော့ ထင်မထားဘူး…”
“ အဲ့ကောင်က ဘယ်နေရာကနေ ရောက်လာခဲ့တာ… ဒီလို စထွင်းထဲမှာတောင် ငါးသန်းကို သာမန်ကာလျှံကာ ဖြုန်းပစ်လိုက်တယ်ဆိုတော့ သာမန်လူတော့ မဖြစ်နိုင်လောက်ဘူး…” ဝမ်ဇီချန် မေးမြန်းလိုက်၏။
“ အဲ့ကောင်မှာက အမာခံ ပရိသတ် နည်းနည်းရှိတယ်.. ပြီးတော့ အကုန်လုံးကလည်း ချမ်းသာတဲ့ အမျိုးသမီးတွေ... ဆိုတော့ သူတို့ အမ်းထားတဲ့ ပိုက်ဆံတွေ နေမှာပေါ့….” မာဝေ့အန်း ပြောလိုက်ပြီး “ ပြီးတော့ ငါကြားထားတာ သူ Dou Yu နဲ့လည်း စာချုပ်ချုပ်ထားသေးတယ် … ပလတ်ဖောင်းကလည်း ရိုးတော့ မရိုးသားဘူး… အဲ့ဒီ ငွေငါးသန်းက သူ့ပိုက်ဆံတွေ ဟုတ်ချင်မှ ဟုတ်မှာ…”
လုံရွှိုက် ခေါင်းညိမ့်လိုက်၏။ “ ကျုပ်လည်း အဲ့လို ထင်တယ်… သူ့နောက်မှာရှိတဲ့ စတူဒီယိုက တိုင်ကွန်းပုံစံ ဖန်တီးချင်တာနဲ့ စကတည်းက ဒီလိုမျိုး ပိုက်ဆံအများကြီး ဖြုန်းပစ်လိုက်တာ ဖြစ်လောက်တယ်…”
အခန်းထဲရှိ လူတိုင်း သဘောတူညီစွာဖြင့် ခေါင်းညိမ့်လိုက်ကြ၏။
ချမ်းသာသည့် လူတစ်ယောက်က စထွင်းမင်းလုပ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
“ ဘော့စ်… ကျွန်မတို့ ခု ဘယ်လိုလုပ်ကြမလဲ…” ပိုင်ပင်းယွီ့ မေးမြန်းလိုက်ပြီး “ အဲ့ဒီ အဖြစ်အပျက်က ကြည့်ရှုသူတွေအပေါ် မကောင်းတဲ့ အမြင် သဘောထားတွေ သက်ရောက်သွားပြီ… လုံရွှိုက်ရဲ့ ရေပန်းစားမှုနဲ့ဆိုရင် မနက်ဖြန်ကျ ဒီကိစ္စက ထရန်းဒင်းလစ်ထဲတောင် ရောက်သွားလောက်တယ်… တကယ်လို့ မြန်မြန်မဖြေရှင်းဘူးဆိုရင် သူရဲ့ စထွင်မာ အလုပ်အကိုင်က အဆုံးသတ်ပြီပဲ…”
“ လောင်မာ… မင်းကော ဒီကိစ္စ ဘယ်လိုထင်လဲ…” ဝမ်ဇီချန်း ဆေးလိပ်တစ်ဖွာဖွာပြီးနောက် မာဝေ့အန်းအား ကြည့်လျက် မေးလိုက်သည်။
မာဝေ့အန်း ဆိုဖာနောက်သို့ မှီလိုက်ပြီး “ သူ့ကို ဒီခေါ်လိုက်… အဲ့ကောင် ဘယ်အဖွဲ့အစည်းက … သူတို့ ဘော့စ်က ဘယ်သူလဲဆိုတာ ကြည့်ကြတာပေါ့… အဲ့တာဆို ဒီကိစ္စက ပိုပြီး ကိုင်တွယ်လို့ လွယ်ကူသွားပြီ…”
ဝမ်ဇီချန်း မျက်လုံးမှေးကျဉ်းလိုက်ပြီး “ မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား… ငါ ခု ဖုန်းဆက်ပြီး ခေါ်လိုက်မယ်….”
“ သူ့မှာ ဖန်ဂရုတော့ ရှိတယ်… ဘော့စ်ဝမ် အဲ့ထဲ ဝင်ပြီး မေးကြည့်လို့ရတယ်…” လျိုစီးယွမ်မှ ပြောလိုက်၏။
“ အဲ့တာဆို ရှောင်လျို… မင်းသူ့ကို အရင်ဖုန်းခေါ်ပြီးတော့ မင်း ဘယ်သူလဲဆိုတာ ပြောလိုက်… သူတို့နဲ့ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ ရမယ်ဆိုရင်တော့ ပိုကောင်းတယ်…” မာဝေ့အန်း ပြောလိုက်သည်။
“ အိုကေ…”
လျိုစီးယွမ် သူ့ဖုန်းကို ထုတ်လိုက်ပြီး လင်းရီ ဖန်ဂရုအား ရှာတွေ့သွားခဲ့၏။ ထို့နောက် လင်းရီနှင့် ကျန်းရှောင်ယွီထံ မက်ဆေ့ချ် ပို့လိုက်လေသည်။
အခန်းထဲရှိ လေထုမှာ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်နေကြပြီး တစ်ဖက်သူ၏ ပြန်စာကို စောင့်မျှော်နေကြ၏။
“ ဘော့စ်… ကျန်းရှောင်ယွီလို့ ခေါ်တဲ့ မိန်းကလေးက ခုပဲ စာပြန်လာတယ်… သူမရဲ့ ဖုန်းနံပါတ်ကို ပို့လာတယ်ဘော့စ်…”
“ အဲ့ဖုန်းနံပါတ် ငါ့ကိုပေး… ငါသူတို့ဆီ ဖုန်းခေါ်လိုက်မယ်…” ဝမ်ဇီချန်း ပြောလိုက်၏။
လျိုစီးယွမ် ခေါင်းညိမ့်လိုက်ပြီး ကျန်းရှောင်ယွီ၏ ဖုန်းနံပါတ်ကို ဝမ်းဇီချန်းထံ ပေးလိုက်သည်။
ဝမ်းဇီချန်း ဖုန်းနံပါတ်အား ရိုက်ထည့်လိုက်၍ မကြာမီ ဖုန်းဝင်သွာခဲ့ပြီး ကျန်းရှောင်ယွီ၏ အသံမှာ ထွက်ပေါ်လာခဲ့လေသည်။
“ ငါ့နဲ့လည်း မသိပဲနဲ့ ငါ့ဖုန်းနံပါတ်တောင်းပြီး ဘာပြော…….”
“ မိန်းကလေး.. ငါ့နာမည် ဝမ်းဇီချန်း … မင်းလည်း Dou Yu ကပဲ ဆိုတော့ ပင်းဟော် မီဒီယာအကြောင်း သိတယ်မလား….”
ဝမ်းဇီချန်း မည်သူမည်ဝါ ဖြစ်ကြောင်း သိလိုက်ရတော့ ကျန်းရှောင်ယွီ ကြက်သေသေသွားခဲ့သည်။
“ နင် … နင်တို့က Dou Yu ရဲ့ နံပါတ်ဝမ်း စတူဒီယို မလား…”
“ အိုး.. အတော်လေး သိသားပဲ.. ဒါဆို ငါလည်း လေကုန်ခံမနေတော့ဘူး… “ ဝမ်ဇီချန်း ပြောလိုက်ပြီး “ အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီး ဆိုတဲ့ကောင် မင့်ဘေးနားမှာ ရှိလား…. ရှိရင် ဖုန်းပေးလိုက်…”
“ ပြောလေ… စပီကာ ဖွင့်ထားတယ်…”
“ အေး ဘာလဲ ပြော….”
လင်းရီ၏ လေသံက လူတိုင်းကို ကြက်သေသေသွားစေသည်။
ဒီကလေးက တကယ့်ကို respect မရှိတာပဲ…
“ မင်း စတူဒီယို သူဌေးက ဘယ်သူလဲ… နာမည်ဘာလဲ….”
“ စတူဒီယို… ဘာ စတူဒီယိုတုန်း….”
“ live stream စတူဒီယိုကို ပြောနေတာ… ဒီ အချိန်ရောက်မှ မသိချင်ယောင်ဆောင်နေလည်း အသုံးမဝင်ဘူး…”
“ ဒီမှာ ဟေ့ကောင်.. မင်း ဘာတွေလာပြောနေမှန်းကို မသိတာ… ငါ စထွင်းတုန်းက ငါနဲ့ ရှောင်းယွီပဲ ရှိတယ်… မင်းမှာ ပြောစရာရှိတယ် ဆိုလည်း မြန်မြန်ပြော… မရှိရင်လည်း ဘောင်းဘီပြန်ဝတ်လိုက်တော့… ခုလို လုပ်နေတာက တော်တော်လေးကို လူကြီး လူကောင်းမဆန်တာပဲ….”
( TL/N - ဘောင်းဘီပြန်ဝတ်လိုက်တော့ဆိုတာက ယောက်ျားစကားပြော/ယောက်ျားပီသခိုင်းတာ… ပြောစရာရှိတာတည့်ပြော၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပါ..)
သီးသန့်ခန်းထဲရှိ လေထုမှာ အေးခဲသွားတော့၏။
Live stream နယ်ပယ်တွင် ဝမ်းဇီချန်းအား ထိုသို့ ပြောဝံ့သူကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။
“ ညီကို… မင်းက တော်တော်လေး အကြောက်အလန့်ကင်းနေတယ်ပေါ့… “ ဝမ်းဇီချန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါခု Queen ဘားရဲ့ အခန်း 303 မှာ… မင်းလာရဲရင် လာခဲ့လိုက်… ငါတို့ သေချာလေး စကားပြောကြမယ်…”
“ ကောင်းပြီလေ… စောင့်နေလိုက်…”
…………….
တစ်ချိန်တည်းတွင် လင်းရီ ကျန်းရှောင်ယွီကို ကြည့်လိုက်ပြီး “ Queen ဘားက ဘယ်နားလေးမှာ…”
“ အစ်ကိုရီ .. ရှင်တကယ်ကြီး သွားတွေ့မလို့လား…”
“ ဘာလို့… ချင်းကြီးနဲ့ ကျန်တဲ့ကောင်တွေဆီ သွားရင်တောင် ပျင်းဖို့ ကောင်းသေးတယ်.. ခုက အဲ့ဒီ သောက်ရူးတွေကို သွားတွေ့ဖို့ အခွင့်ကောင်းပဲ.. အချိန်ဖြုန်းလို့ ကောင်းတာပေါ့…”
“ ဒါပေမယ့် သူတို့က လူစုပြီး ရှင့်ကို စောင့်နေမယ်ဆိုရင်ကော …” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ အစ်ကိုချင်းနဲ့ ကျန်တဲ့သူတွေကို အသိပေးပြီးတော့မှ သွားရင် သွားပါလား…”
“ အဲ့ကောင်တွေကို အသိပေးလည်း အလကားပဲ…. မကူညီတဲ့အပြင် လာပြီးတောင် လက်ပိုက် ကြည့်နေရင် ကြည့်နေလောက်တယ်..”
“ မဖြစ်နိုင်တာ… အစ်ကိုချင်းတို့က အဲ့လို လူစားမျိုးတွေ ဖြစ်နိုင်ပါ့မလား…
“ ဘာလို့လဲဆိုတော့ ငါ ဖြေရှင်းနိုင်တယ်ဆိုတာ သိလို့ပဲလေ… သူတို့ ဝင်ပါမှာ မဟုတ်ဘူး…”
ကျန်းရှောင်ယွီ မျက်လုံး အရောင် လက်သွားခဲ့၏။ “ ဟုတ်သားပဲ… တပ်ထဲမှာ တုန်းက တပ်ခွဲမှူးတောင် အစ်ကိုရီရဲ့ ပြိုင်ဘက် မဟုတ်တာကို… တကယ်လို့ သူတို့ရဲ့ အတော်ဆုံးကို မထုတ်ခဲ့ဘူးဆိုရင် မျက်နှာပျက်ရလောက်တယ်…”
လင်းရီ ပြုံးလိုက်ပြီး ဘာမျှမပြောချေ။ ရှောင်းယွီက အင်နိုးစန့်လေးသာ ရှိသေး၏။
ခဏ ကြာပြီးနောက် ကျန်းရှောင်ယွီ Queen ဘားကို ဂျီပီအက်စ် ပေါ်တွင် ရိုက်ရှာလိုက်ပြီး “ Queen ဘားက ဒီနဲ့ ငါးကီလိုမီတာလောက်မှာ… တော်တော်နီးတာပဲ…”
“ သွားစို့.. ဒီအစ်ကိုက မင်းကို အမြင်ကျယ်သွားအောင် လုပ်ပေးမယ်…”
“ အစ်ကိုရီ.. ကျွန်မတို့ ဘားကို ရောက်တဲ့အချိန်ကျရင် မင်းသားလေးက မင်းသမီးလေးကို ကာကွယ်ပေးသလိုမျိုး ကာကွယ်ပေးမှာလားဟင်…”
“ အာ… အစ်ကိုရီ.. ဘာလို့ မှန်ချလိုက်တာ…”
“ အိပ်ငိုက်နေတယ်ထင်လို့… လန်းလန်းဆန်းဆန်းဖြစ်သွားအောင် လေအေးလေးဘာလေး ရှူရှိုက်လိုက်ဦး…”
“ ဟားဟား… အစ်ကိုရီကတော့ မျက်နှာသာကို မပေးတာပဲ… အမှန်ဆို ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အရမ်းကြီး မဆိုးရှာပါဘူး…. မျက်နှာလေးက ချစ်ဖို့ကောင်းတယ်… ခြေတံတွေကလည်း အရှည်ကြီးပဲ… သူများကို အသည်းနာအောင် အဲ့လိုပြောဖို့ မသင့်ဘူးလို့တော့ ထင်တာပဲ…”
“ A cup နဲ့ လူတိုင်းက အဲ့လိုမျိုး ပြောကြတာပဲ… စိတ်ကူးယဉ်တာတွေကို လွှတ်ချပြီးတော့ လက်တွေ့ကို ရင်ဆိုင်လိုက်…”
“ အမှန်တွေကိုပဲ....”
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ Queen ဘားသို့ ရောက်ရှိလာခဲ့လေသည်။
လင်းရီ မျက်နှာဖုံး နှင့် နေကာမျက်မှန်ကို တပ်လိုက်ပြီး ကျန်းရှောင်ယွီနှင့် အတူ ကားထဲမှ ထွက်လိုက်၏။
ဘား၏ ဝင်ပေါက်ဝတွင်တော့ ကျန်းရှောင်ယွီ မိန်းကလေးနှစ်ယောက်မှာ လူမှန်းသူမှန်း မသိလောက်အောင် အရက်မှူးနေပြီး ပလတ်ဖောင်းခေါင်းအုံး အိပ်နေသည်အား ပန်းမွေ့ရာကြီးထက်တွင် အိပ်နေသည့်နှယ် ပြုမူနေသည်ကို မြင်တွေ့လိုက်ရ၏။
“ အစ်ကိုရီ… အဲ့မိန်းကလေး နှစ်ယောက်က အဆင်မပြေဘူးထင်တယ်… သွားကူညီကြမလား…”
“ ဘာဆိုင်လို့ … အဲ့လိုဖြစ်အောင်လည်း သူတို့ပဲ လုပ်တာလေ… ဘာလို့ သွားကူညီပေးရမှာ…”
“ အိုး… အိုကေ…”
ကျန်းရှောင်ယွီ လင်းရီနောက်သို့ ကပ်လိုက်ရင်း Queen ဘားထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာခဲ့လေသည်။ အထဲရှိ အသံများကတော့ နားအူမတတ် ဆူညံနေပြီး မီးအလင်းရောင်များကလည်း မျက်စိ ဖွင့်ရန် ခက်ခဲလောက်တဲ့အထိ ကျိန်းစပ်နေသည်။ ပါတီများကလည်း နေရာအနှံ့ပင်။
ကျန်းရှောင်ယွီကို လက်ခံရ ခက်ခဲသွားစေသည်က မိန်းကလေး အများစုမှာ အကုန်လုံးနီးပါး ချွတ်ထားကြပြီး အတွင်းခံလေးများဖြင့် ရှိနေကြသည်ကိုပင်။
“ ဒီဟာမတွေကတော့ တကယ်ပဲ.. ကိုယ့်ကိုယ်ကို တန်ဖိုးထားရကောင်းမှန်းလည်း မသိကြဘူး…” ကျန်းရှောင်ယွီ စိတ်တိုစွာဖြင့် ပြောလိုက်၏။
“ ဒါက ဘာမှ မဟုတ်သေးဘူး.. ဒီထက် ပိုဆိုးတာတွေ အများကြီး ရှိသေးတယ်… ရာဝမ်းကျွန်း ရွက်လှေစုဝေးပွဲဆိုတာ ဟိုင်ထျန်းပွဲရဲ့ မူခွဲသာသာလောက် ရှိတာ… မင်းခု မြင်နေရတာက အပေါ်ယံလေးပဲ….”
“ အာ… ဒီနေရာရောက်ပြီးတော့မှပဲ ကိုယ့်ကိုယ်ကို ကလေးပဲ ရှိသေးတယ်လို့တောင် အတွေးဝင်မိသွားတယ်… ကျွန်မက အင်နိုးစန့်လေး ရှိသေးတာပဲနော်…”
လင်းရီ ကျန်းရှောင်ယွီ၏ ခေါင်းကို ပုတ်လိုက်ပြီး အပြုံးလေးဖြင့် “ အရဲဝံ့ဆုံးလူက ကမ္ဘာကြီးကို အရှိအတိုင်း လက်ခံပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်တဲ့ သူပဲ….”
ကျန်းရှောင်ယွီ လင်းရီကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး “ အစ်ကိုရီ… ကျွန်မက ရဲဝံ့တဲ့ အမျိုးသမီးလို့ ထင်လား…”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဒါပေါ့.. မင်းက ကိုယ် A cup ဆိုဒ် ရှိတယ်ဆိုတာကိုတောင် လက်ခံနိုင်တယ်လေ… ဆိုတော့ လူတိုင်းထက်ကို ပိုပြီး ရဲဝံ့တယ်…”