← Chapters

ခေါင်းတလားတစ်ခု

Vol. 10 Ch. 140

ခေါင်းတလားတစ်ခု

Vol. 10 Ch. 140

ထိုအချိန်မှာ လီယုန်သည်ကား ထွက်ပြေးသွားလေပြီဖြစ်၏။ လက်ရှိအချိန်၌ သူ့အရှိန်အဝါမှာ ဖျက်ဆီးခံလိုက်ရသည်။ သူ့သူငယ်အိမ်က ပြူးကျယ်နေပြီး မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်နေချေသည်။

ရှင်းလင်းနေသည့်အချက်မှာ သူဟာ သူ့မျိုးရိုး၏စွမ်းအားကိုသုံးပြီး ကမ္ဘာပေါ်ရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားများကိုဖောက်ခွဲခဲ့သည့်အတွက် အဖိုးအခကြီးကြီးမားမားပေးလိုက်ရခြင်းပင်။ သို့သော် သူထိုသို့မလုပ်ပါက… ထိုနေရာမှာတင် သူ့အသက်ဆုံးရတော့မည်ဖြစ်၏။ မည်သူကပိုအရေးကြီးနေသလဲဆိုသည်မှာ သိသာလှသည်။

"ဒါဆို ယဲ့ချိုးပိုင်က ဘာလို့ဒီလောက်အစွမ်းထက်နေရတာလဲ…"

လီယုန်၏အမူအရာမှာ အရုပ်ဆိုးအကျည်းတန်နေလေသည်။ မူလက သူထင်ထားခဲ့သည်မှာ ဤစိတ်တန်ခိုးရှင်ဘုံ၌ သူ့အတွက် ပြိုင်ဘက်နှစ်ယောက်သာရှိသည်ဟုပင်။ ပထမတစ်ယောက်က ဗုဒ္ဓသာဝကဖြစ်ပြီး ဒုတိတစ်ယောက်မှာ မဟာလျှို့ဝှက်မျိုးနွယ်စုသုံးစုထဲမှတစ်ခုဖြစ်သော မုရုန်မျိုးနွယ်မှပါရမီရှင်ဟုပင်။

မုရုန်ဇီ…

သို့သော် ယခုမူ ယဲ့ချိုးပိုင်ပေါ်လာခဲ့သည်။ ရေအလျဉ်ပြည့်လျှံရေးကနဦးအဆင့်မျှဖြင့် ထိုကဲ့သို့သောတိုက်ခိုက်ရေးခွန်အားမျိုးကို ပိုင်ဆိုင်ထားခြင်းကြောင့် ယဲ့ချိုးပိုင်၏ခွန်အားမှာ အလွန်ယုတ္တိမတန်ဟုပင် ပြောနိုင်လေသည်။

ထို့ပြင် တစ်ချက်ကြည့်ရုံမျှဖြင့် သူခွန်အားကုန်ထုတ်မသုံးထားရသေးကြောင်း သိသာသည်။ ထို့ကြောင့် လီယုန်လည်း ယဲ့ချိုးပိုင်ကို ပြဿနာရှာမည့်အကြံကိုလက်လျှော့လိုက်ရသည်။

ဤပုဂ္ဂိုလ်၏အရည်အချင်းမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသည်သာ။ သူ ထိုလူကိုတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သောယုံကြည်မှုမျိုးမရှိသဖြင့် သူ့ကိုရန်မစဘဲနေရုံသာတတ်နိုင်လေသည်။ ထိုသို့မှမဟုတ်လျှင် နောင်တွင် ပြဿနာများက အဆုံးသတ်မှာမဟုတ်တော့ပေ။

ထိုအချိန်တွင် အပြိုအပျက်ကြီး၏အမွေအနှစ်ရှေ့၌ ရွှေရောင်သံချပ်ကာရုပ်တုကြီးကိုရင်ဆိုင်နေရသည့် ဟုန်ရင်တစ်ယောက် ပြန်လည်မတိုက်ခိုက်ပါဘဲ အမိန့်ပြန်တမ်းတစ်ခုကို ထုတ်လိုက်လေသည်။ ရွှေရောင်သံချပ်ကာရုပ်တုကလည်း ထိုအမိန့်ပြန်တမ်းကိုမြင်သောအခါ မတိုက်ခိုက်ပါချေ။ ထိုအစား ထိုရုပ်တုကြီးက ဟုန်ရင့်ကို တိတ်တဆိတ်ဒူးထောက်ခစားလေတော့သည်။

ထိုအခြင်းအရာကြောင့် မည်သူမှမအံ့ဩမိကြပေ။ ဟုန်ရင်မှာ တိမ်လွှာဖီးနစ်အင်ပါယာ၏ဧကရီပင်တည်း။ ထိုမျှမက.. ဤနေရာမှာ တိမ်လွှာဖီးနစ်အင်ပါယာ၏ကျင့်ကြံရေးနယ်မြေလည်းဖြစ်နေလေသည်။ ရုပ်တုအားလုံးမှာ တိမ်လွှာဖီးနစ်အင်ပါယာကရုပ်တုများဖြစ်၏။ ထိုရုပ်တုများကို ဟုန်ရင်ထိန်းချုပ်နိုင်သည်မှာ မထူးဆန်းလှပေ။

"ကဲ.. အထဲဝင်ကြစို့။ ပြီးရင်တော့ မင်းသဘောပဲ"

မုဝမ်အာက ခေါင်းညိတ်ပြလိုက်ပြီး အမွေအနှစ်ခန်းမထဲသို့ ဝင်သွားလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်ကပြော၏။

"ငါတို့ ဒီမှာပဲခဏလောက်စောင့်နေရမလား။ အဲ့လိုမှမဟုတ်ရင် တစ်ယောက်ယောက်က ဝမ်အာ့ရဲ့အမွေအနှစ်ကို ဖြတ်လုနေလိမ့်မယ်"

ဟုန်ရင်ကပြုံးလိုက်သည်။

"မပူပါနဲ့။ ဝမ်အာပြန်ထွက်လာလို့ တစ်ယောက်ယောက်က ဝမ်အာ့ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် ရွှေရောင်သံချပ်ကာရုပ်တုကကာကွယ်ပေးပါလိမ့်မယ်"

"ပြီးတော့ ဆရာတူအစ်ကို.. ဝမ်အာ့ရဲ့ခွန်အားကိုလျှော့မတွက်ပါနဲ့။ ဒီလူတွေကြားမှာဆိုရင် သူ့ခွန်အားက ထိပ်တန်းလို့သတ်မှတ်လို့ရတယ်"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် သူတို့လေးယောက်လည်း အတွင်းနက်နက်ထဲကို ဆက်လျှောက်လာလိုက်ကြသည်။

ထိုအချိန်၌ အခြားတစ်ဖက်တွင်မူ…

ဤနေရာရှိလေထုက အလွန်အမင်းနောက်ကျိလှပေသည်။ ဤလေထုထဲရှိဝိညာဉ်ရေးရာစွမ်းအင်ကလည်း အနက်ရောင်ဒြပ်ထုများနှင့်ပြည့်နှက်နေချေသည်။ ထိုအထဲတွင် မိစ္ဆာသဘာဝ၏ခြေရာလက်ရာများပင် ပါနေသေးသည်။ ပတ်ပတ်လည်တွင် အလောင်းကောင်းများရှိ၏။ ဤမျှသုန်မှုန်ထိုင်းမှိုင်းလှသောနေရာတွင် အမွေအနှစ်အပြိုအပျက်တစ်ခုရှိနေချေသည်။

ကတ္တရာရောင်ခန်းမတစ်ခုထဲတွင် မိစ္ဆာချီစွမ်းအင်များဖြင့်ပြည့်နှက်နေ၏။ ဤခန်းမထဲ၌ ရုပ်တုတစ်ခုမျှပင်မရှိပေ။

ခန်းမရှေ့တွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်က ခန်းမကိုကြည့်နေသည်။ ဤနေရာတွင် သူတစ်ယောက်သာရှိသည်။ အနက်ရောင်ဝတ်အမျိုးသားမှာ ဤနေရာကို ဆန်းကြယ်သောအရှိန်အဝါတစ်ခုဖြင့် စိုးမိုးထားသည်။ ထိုအနက်ရောင်ဝတ်အမျိုးသား ရှေ့ကိုလျှောက်သွားလိုက်ချိန်မှာ ကတ္တရာရောင်တံခါးကြီးက ကျွီခနဲဖြည်းဖြည်းချင်းပွင့်သွားလေသည်။ ထိုလူကလည်း အထဲကိုဝင်သွားလိုက်၏။

သူသည် မှောင်မည်းနေသောစင်္ကြံလမ်းကိုဖြတ်လာခဲ့လိုက်ပြီး ဆန်းကြယ်သောအရှိန်အဝါ၏လမ်းပြမှုနောက်ကို လိုက်လာရင်း အခန်းလွတ်တစ်ခုထဲကိုရောက်လာခဲ့သည်။ ဤနေရာတွင် ပရိဘောဂများများစားစားမရှိ။ အခန်း၏အလယ်၌ အဖြူရောင်အရိုးစုများဖြင့်တည်ဆောက်ထားသော အစီအရင်တစ်ခုသာရှိသည်။

အစီအရင်၏ဗဟိုချက်တွင်မူ ခေါင်းတလားတစ်ခုရှိ၏။ ထိုခေါင်းတလားက အနက်ရောင်ဝတ်အမျိုးသားရောက်လာသည်ကို အာရုံခံစားမိဟန်တူသည်။ ခပ်ဩဩအသံတစ်သံမှာ ခေါင်းတလားထဲကထွက်ပေါ်လာသည်။

"ကောင်လေး… မင်းရဲ့နှလုံးသားထဲမှာ အမုန်းတရားတွေရှိနေတာလား"

အနက်ရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ပြသည်။

"အမုန်းတရားတွေအပြည့်ပဲ"

"နှလုံးသားထဲမှာ ဒေါသတွေရောရှိလား"

"အမုန်းတရားရှိရင် သေချာပေါက်ဒေါသလည်းရှိတာပေါ့"

"ဒါဆို မင်း ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံချင်လား"

အနက်ရောင်ဝတ်အမျိုးသားက ခပ်ဖွဖွမျက်မှောင်ကြုတ်လိုက်မိသည်။

အဲ့ဒါ ဒီလောက်လွယ်လို့လား…

သူ့အနေနှင့် စွမ်းအားအပေါ်မှီခိုနေရသော်ငြား ငတုံးတော့မဟုတ်ပေ။ ရှေးဟောင်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦး၏အမွေအနှစ်ကိုဆက်ခံဖို့ရာ ဘယ်လိုလုပ်လွယ်ကူလေလိမ့်မလဲ။

ခေါင်းတလားထဲကလည်း အနက်ရောင်ဝတ်အမျိုးသား၏အတွေးများကို အာရုံခံစားမိဟန်ဖြင့် ပြောလာပြန်လေသည်။

"ကောင်လေး.. ထောင်ချောက်ဆင်ထားမှာ စိုးရိမ်နေတာလား"

အနက်ရောင်ဝတ်အမျိုးသားက ဘာမှပြန်မပြောသော်လည်း ငြင်းလည်းမငြင်းချေ။

"ငါ မင်းကို ဒီကိုလမ်းပြပြီးခေါ်ခဲ့တာက မင်းရဲ့နှလုံးသားထဲကအမုန်းတရားကို ခံစားမိလို့ပဲ။ ပြီးတော့ ငါ့ရဲ့အမွေအနှစ်ကိုကျင့်ကြံဖို့ဆိုရင် အမုန်းတရားနဲ့ဒေါသက မဖြစ်မနေလိုအပ်တယ်"

"အဲ့ဒါတင်မကဘူး။ မင်းရဲ့ခွန်အားနဲ့ဆိုရင် အဲ့ဒီမိတ်ဆွေဟောင်းတည်ထားခဲ့တဲ့ စိတ်တန်ခိုးရှင်ဘုံထဲမှာ အမွေအနှစ်ကောင်းကောင်းတစ်ခုမရနိုင်မှာစိုးမိပါရဲ့"

"မင်းသာ အမွေအနှစ်ကိုမရနိုင်ဘူးဆိုရင် မင်းရဲ့နှလုံးသားထဲကဒေါသနဲ့အမုန်းတရားကို ဘယ်လိုဖြေဖျောက်မလဲ"

"မင်းရဲ့မူလနေရာကိုရော ဘယ်လိုပြန်သွားမလဲ"

သူ့စကားများက လက်ခံချင်စဖွယ်ကောင်းပေသည်။ သူက ထိုအနက်ရောင်ဝတ်အမျိုးသားကို အနန္တချောက်နက်ထဲသို့ရောက်လာအောင် တစ်ဆင့်ချင်းလမ်းပြပေးနေသည့်အလားပင်။ အနက်ရောင်ဝတ်အမျိုးသားလည်း ထိုအချက်ကိုသိထားလေသည်။ သို့သော် တစ်ခါတစ်ရံတွင် လူများဟာ သူတို့အတွေးများကိုထိန်းချုပ်နိုင်စွမ်းမရှိကြပေ။ သူ့နှလုံးသားထဲတွင် အမုန်းတရားများရှိသော်လည်း သူ့ခွန်အားက မလုံလောက်သောကြောင့် သူ့အမုန်းတရား၏အရင်းအမြစ်ကို မဖြေရှင်းနိုင်ပေ။

သူ့ခွန်အားက လုံလောက်မှုမရှိသောကြောင့် သူ ဒေါသအမျက်ခြောင်းခြောင်းထွက်နေချေသည်။ သို့စေကာမူ သူဘာများလုပ်နိုင်ပါသလဲ။

သူ အံတင်းတင်းကြိတ်၍ မျိုသိပ်ထားရုံသာတတ်နိုင်သည်။ သူ ဤနေရာကိုရောက်လာရခြင်းမှာ အမွေအနှစ်ကိုအရယူရန်အတွက်ပင်။ အမွေအနှစ်ကိုရယူနိုင်မှသာ သူပိုင်ဆိုင်ထားသည့်အရာအားလုံးကို ပြန်ယူနိုင်မည်ဖြစ်၏။ သို့မှသာ ထိုလူကို သူ့လက်နှင့်ကိုယ်တိုင်ကိုယ်ကျသတ်ပစ်နိုင်မည်သာ။

ထိုအချိန်တွင် ခေါင်းတလားကြီးက အနက်ရောင်ဝတ်အမျိုးသား၏စိတ်ကိုဖတ်မိပုံပေါ်သည်။

ထိုအခိုက်အတန့်မှာပင် အသံတစ်သံထွက်ပေါ်လာသည်။

"ကောင်လေး မင်း… သေချာစဉ်းစားပြီးပြီလား"

အနက်ရောင်ဝတ်အမျိုးသားလည်း အတွေးနက်သွားရချေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် အချိန်ကုန်ဆုံးသွားလေသည်။ ထိုအချိန်မှသာ သူ့စိတ်ထဲကတိုက်ပွဲလည်းရပ်စဲသွားရသည်။ သူ ခေါင်းမော့၍ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် စီနီယာ့ရဲ့အမွေအနှစ်ကိုဆက်ခံချင်ပါတယ်"

"ကောင်းပြီ။ ရှေ့ကိုဆက်သွားပြီး ငါ့ညွှန်ကြားချက်အတိုင်း အစီအရင်ဗဟိုချက်အဖြစ်လုပ်ဆောင်ပေးနေတဲ့ အရိုးစုလေးခုကိုဖယ်လိုက်"

အနက်ရောင်ဝတ်အမျိုးသား ခေါင်းညိတ်ပြလိုက်သည်။ ထိုအသံ၏ညွှန်ကြားမှုအောက်၌ အရိုးများကို ခပ်မြန်မြန်ဖယ်ရှားရှင်းလင်းလိုက်သည်။

ထိုအချိန်မှာ အစီအရင်၏အရှိန်အဝါမှာ သိသိသာသာအင်အားယုတ်လျော့စပြုလာလေသည်။

ခေါင်းတလားထဲရှိ အနက်ရောင်အငွေ့တန်းကြီးများက အဟကြားထဲမှ စိမ့်ထွက်လာသည်။ ထိုအနက်ရောင်အငွေ့များဆီမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုထွက်ပေါ်လာသည်။

"ကဲ… အခု ငါ မင်းကို ကျင့်စဉ်တစ်ခုသင်ပေးမယ်"

ထိုသို့ပြောပြီးနောက် အနက်ရောင်အငွေ့တန်းကြီးက အနက်ရောင်ဝတ်အမျိုးသားကို လွှမ်းမိုးပစ်လိုက်ချေသည်။

အနက်ရောင်အငွေ့များဆီက အော်ဟစ်သံများထွက်ပေါ်လာ၏။ ခဏအကြာတွင် အနက်ရောင်အငွေ့များလည်း ကင်းစင်ပပျောက်သွားပေသည်။ ခေါင်းတလားထဲမှအသံလည်း တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။

"ဟမ့်.. ဒီခေတ်မှာရှိတဲ့အငယ်တန်းလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာက သိပ်အားနည်းတာပဲ"

အနက်ရောင်အငွေ့က အနက်ရောင်ဝတ်အမျိုးသား၏ခန္ဓာကိုယ်နှင့် ကိုယ်တွင်းတည်ဆောက်မှုများကို ယခုလေးတင်စစ်ဆေးကြည့်လိုက်ခြင်းပင်။ တစ်ပြိုင်တည်းမှာပင် သူ့ကျင့်စဉ်များကိုလည်း ထိုလူ့ဆီသို့လွှဲပြောင်းပေးလိုက်သည်။

အနက်ရောင်ဝတ်အမျိုးသားကလည်း ပြုံးလိုက်မိလေတော့သည်။ ဤကျင့်စဉ်မှာ မိစ္ဆာကျင့်စဉ်တစ်ခုဖြစ်သော်လည်း အနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်ပေသည်။

သို့သော် စွမ်းအားကတော့ သူမတူပေ။ ဤကျင့်စဉ်ဖြင့်ဆိုပါက သူ ထိုလူ့ကို သူ့ခြေဖဝါးအောက်မှာ အောင်အောင်မြင်မြင်နင်းခြေထားနိုင်လောက်သည်။

"ကဲ… အရင်ဆုံးကျင့်ကြံကြတာပေါ့"

အနက်ရောင်ဝတ်အမျိုးသားကလည်း ခေါင်းညိတ်ပြပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

တစ်ရက်အကြာ၌ သူ ထိုကျင့်စဉ်ကို ကျွမ်းကျင်သွားပေသည်။ အနက်ရောင်ဝတ်အမျိုးသား မျက်လုံးပြန်ဖွင့်လိုက်သည်။

"အလုပ်ဖြစ်ရဲ့လား"

"အောင်မြင်တယ်..ဟီးဟီး… ဟားဟားဟားဟား"

ကျယ်လောင်စွာအော်ဟစ်ရယ်မောသံကြီးနှင့်အတူ အနက်ရောင်အငွေ့များက ခေါင်းတလားထဲမှထပ်ထွက်လာပြန်လေသည်။

၎င်းမှာ ဧရာမလက်ဝါးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အနက်ရောင်ဝတ်အမျိုးသားကို ဖမ်းဆွဲထားလိုက်လေသည်။ လျှပ်တပြက်အတွင်း၌ ၎င်းက သူ့ကိုခေါင်းတလားထဲသို့ဆွဲခေါ်လိုက်လေတော့သည်။ အတော်ကြာသည်အထိ အသံတစ်သံမှထွက်မလာတော့ချေ။

All Chapters