အေးခဲကောင်းကင်ကလန်
Vol. 40 Ch. 543
ထိုအေးစက်သောအသံက လေထုထဲသို့ ပဲ့တင်ထပ်လာသည့်အခါ စုမင်၏ မျက်နှာက တည်ငြိမ်နေ လေ၏။ သို့သော် သူ့ပတ်ဝန်းကျင်တွင် ထိုငြိမ်သက်မှုက သတ်ဖြတ်လိုစိတ်အရှိန်အဝါများထက် ပို၍ကြောက်စရာကောင်းသည်၊၊ကျင့်ကြံမှုကနဦးအဆင့် ပေါက်ကွဲခြင်းထက်ပင် ပို၍ကြောက်စရာကောင်းသည်။ ထိုတည်ငြိမ်မှုက မြင်ရသူတိုင်းကို အသက်ရှုကြပ်သွားနိုင်သည့် စွမ်းအားတစ်ခုပါရှိသည်။
ရှည်လျားသော အလင်းတန်းနှစ်ခုက ကောင်းကင်သို့ဖြတ်၍ ပင်လယ်ပြင်အထက်တွင် ကျန်နေသည့် နဝမမြောက်တောင်ထွဋ်ဆီသို့ အရှိန်တင်လာနေသည်။ ထိုစဉ် သူတို့ တောင်ထွဋ်နား မနီးကပ်မီတွင် ဘယ်ဘက်အလင်းတန်းမှလူက တစ်စုံတစ် ယောက်ကို သတိပြုမိခဲ့သည်။
နဝမမြောက်တောင်ထွဋ်၌ ထိုင်နေသူမှာ ဟူကျီမဟုတ်တော့ပေ။ ထိုသူနှင့် အနည်းငယ်ရင်းနှီးနေပုံရသည်။ သို့သော် ထိုမျက်နှာနှင့်ပတ်သက်ပြီး မရင်းနှီးသည့်အရာတစ်ခုရှိနေသဖြင့် သူအရင်မြင်ဖူးသည့်အကြောင်းကို မမှတ်မိနိုင်တော့ပေ။
တစ်ဖက်လူက စုမင်ကို သတိထားမိသည်။ သူတို့ နှစ်ယောက်က လေထဲ၌ ရပ်တန့်ကာ သူတို့အောက်ရှိ တောင်တန်းများကို အေးစက်စွာ ကြည့်နေကြသည်။
“ဘယ်သူတွေလဲ…”
သူတို့ထဲက တစ်ယောက်က မျက်မှောင်ကြုတ်မိသွားသည်။ သူ့အမူအရာက အေးစက်စက်နဲ့ မာကြောခက်ထန်နေလေသည်။ထို့ပြင် သူ့မျက်နှာမှာ ကောင်းကင်ဘုံနယ်နမိတ် တပည့်တစ်ယောက်အနေနဲ့ မောက်မာ ထောင်လွှားသည့်အမူအယာများ ပြသနေလေသည်။ သူစကားမဆုံးခင် စုမင်က ခေါင်းကို မော့လိုက်သည်။သူ့ မျက်လုံးကိုဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ့အလိုလို တောက်ပလာသော အေးစက်သောအရှိန်အဝါများက သူ့မျက်လုံးများအတွင်းမှ တောက်ပလာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံနယ်နမိတ်မှ စူးမင်ကို လှမ်းကြည့်နေသော သူက ရုတ်တရက် သူ့ခေါင်း၌ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။ ထိုအချိန်တွင် သူ့ခေါင်းထဲတွင် မိုးခြိမ်းသံကို လက်တွေ့ကျကျ ကြားနေရသည်။ စုမင်၏ အကြည့်က သူ့မျက်လုံးများထဲသို့ စူးစူးရှရှ ဓါးနှစ်ချောင်းကဲ့သို့ ထိုးဖောက်ပြီး သူ့ခေါင်းကို တည့်တည့်ကို ပစ်ပေါက်လိုက်သကဲ့သို့ခံစားရပြီး သူ့စိတ်တွေ ချက်ချင်း ကြေကွဲသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ထိုအရှိန်အဝါများက သူ့ရင်ဘတ်ဆီသို့ တိုးဝင်လာပြီး သူ့နှလုံးခုန်နှုန်းကို မြင်းတစ်ကောင်ပြေးလွှာနေသကဲ့သို့ မြန်ဆန်စေသည်။
စုမင်၏အကြည့်တွင်ရှိသော ဆန္ဒနှင့် ဖိအားကို ခံနိုင်ရည်မရှိသကဲ့သို့ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ကွဲအက်သံများလည်း ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံနယ်နမိတ်ဆီသို့ ဦးတည်နေသော တုနှိုင်းမရသော ဒေါသစိတ်က ထိုကောင်းကင်နယ်နမိတ်၏တပည့်၏ ခန္ဓာကိုယ်ထဲတွင် ရုတ်ခြည်း ထွက်ပေါ်လာသည်။
သူ့မျက်နှာက တခဏချင်း ဖြူဖျော့သွားကာ သူ့မျက်လုံးများက ပေါက်ကွဲထွက်နိုင်သည့် ပထမဆုံးအရာ ဖြစ်လာသည်။ သူက အလျင်အမြန်နောက်ဆုတ်သွားပြီး သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ ထိုအချိန်တွင် သူ၏ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးယိုစီးလာသည်။ စိတ်ဓာတ် ပြိုလဲပြီး စိတ်ဝိညာဥ်များ ကြေမွသွားသကဲ့သို့ နာနာကျင်ကျင် အော်ဟစ်သံများ ထွက် ပေါ်လာသည်။ ထို့နောက် စုမင်မျက်လုံးများရှိဒေါသအရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ဖိအားကြောင့် ထိုသူ့ဘဝက အပြီးတိုင် ချုပ်ငြိမ်းသွားလေသည်။
ပေါက်ကွဲသံနှင့်အတူ ကောင်းကင်နယ်နမိတ်မှ တပည့်က ပင်လယ်ထဲသို့ ဦးစွာပြုတ်ကျသွားလေသည်။ သူ့အဖော်က သူ့ကို ကြည့်ရင်း အံ့သြတုန်လှုပ်သွားသည်။
သို့သော် သူ၏ခန္ဓာကိုယ်က ပင်လယ်ထဲသို့မကျသွားမီတွင် အနက်ရောင်အရိပ်တစ်ခုက နဝမမြောက်တောင်ထွဋ်မှ ချက်ချင်းထွက်လာခဲ့သည်။ ထုံးစံအတိုင်း၊ ထိုအရိပ်မဲက ထိပ်ပြောင်ကြိုးကြာငှက်ဖြစ်သည်။ ထိုအချိန်တွင် ၎င်း၏မျက်လုံးများက တောက်ပသောအလင်းရောင်ဖြင့် လင်းလက်နေလေသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ကျန်အမွေးအမှင်အနည်းငယ်က တောက်ပြောင်နေသည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြုတ်ကျနေသော အလောင်းကို လှမ်းဖမ်းလိုက်သည်။ ထိုစဉ် ၎င်း၏ ပါးစပ်ထဲတွင်သိုလှောင်အိတ်တစ်ခု ပေါ်လာပြီး ၎င်းခြေသည်းများတွင် တောက်ပနေသော အရာဝတ္ထုအချို့ပင် ရှိနေသည်။
မည်သူမဆို အနီးကပ်လေ့လာကြည့်လျှင် အဆိုပါ တောက်ပနေသော အရာဝတ္ထုများက သေနေသော ကောင်းကင်နယ်နမိတ် တပည့်များ၏ ၀တ်ရုံပေါ်ရှိ ကျောက်စိမ်းကြယ်သီးများဖြစ်ကြောင်း သိနိုင်သည်။
“အတော်လေး ဖြုန်းတီးရာကျတယ်... ဒီလိုတန်ဖိုးရှိတဲ့ပစ္စည်းတွေကို စုဆောင်းရမယ်... ဒီအတိုင်းသာဆိုရင် တစ်နေ့ကျရင် ငါ ချမ်းသာလာမှာပဲ...”
ထိပ်ပြောင်ကြိုးကြာငှက်က စိတ်လှုပ်ရှားစွာ ခေါင်းကို မော့လိုက်သည်။ ကောင်းကင်ဘုံနယ်နမိတ်မှကျန် တပည့်တစ်ဦးကို စိုက်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက် ရောင်ခြည်များ ထွန်းတောက်လာသည်။
စုမင်၏အကြည့်များကို သူ့ကို မသတ်နိုင်သော်လည်း စုမင်ခန္ဓာကိုယ်တစ်ဝိုက်က ဖိအားများက နတ်ဘုရားအာရုံနှင့် ရောနှောနေမည်ဆိုလျှင် လူတစ်ယောက်ကို သတ်ပစ်ရန် လုံလောက်သွားပါလိမ့်မည်။
ကောင်းကင်ဘုံနယ်နမိတ်၏တပည့်သေသည်နှင့် တပြိုင်နက် သူ့အဖော် ရင်တုန်လာသည်။ သူ့မျက်နှာက ချက်ချင်းဖျော့ တော့သွားသည်။ စုမင်ဆီသို့ လှမ်းကြည့်လိုက်သောအခါ သူ့အကြည့်များက အံ့ဩ ထိတ်လန့်သွားရသည်။ စူးစူးဝါးဝါးအော်သံနှင့်အတူ သူက ကောင်းကင်ဘုံနယ်နမိတ်ဆီသို့ တတ်နိုင်သမျှ မြန်မြန်ပြန်သွားရန် တွေးတောခဲ့သည်။ထို့နောက် သူ အလျင်စလို နောက်ပြန်ဆုတ်သွားခဲ့သည်။
သူ့စိတ်များ ရှုပ် ထွေးနေလေသည်။အကြည့်တစ်ချက်ဖြင့် လူတစ်ယောက်ကို သတ်ပစ်ရန် မည်ကဲ့သို့ စွမ်းအားမျိုး လိုအပ်မည်ကို သူ စိတ်ကူးမယဉ်နိုင်ပေ။ သူ့အဖော်…က သူနှင့် ကျင့်ကြံဆင့်တူလေသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံနယ်နမိတ်၏တပည့်တစ်ယောက်အဖြစ် သူ့တွင် မာနကြီး၊ စိတ်ကြီးဝင်မှုများ ပျောက်ကွယ်သွားသည်။ထို့ပြင် ဟူကျီကို ဆက်ဆံစဉ်က သူ့တွင်ရှိခဲ့သော မထီမဲ့မြင်ပြုမှုများ ကင်းမဲ့သွားခဲ့သည်။ သူ့အသံများက မအေးစက်တော့ဘဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။ အဆုံးမရှိသော ထိတ်လန့်မှုက သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို နစ်မြုပ်သွားစေသည့် ဒီရေလှိုင်းကြီးကဲ့သို့ပင်ဖြစ်၏။ ထိုအချိန်တွင် သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ထိုအတွေးမှာ ပြေးရန်သာဖြစ်သည်။သူ တတ်နိုင်သမျှ မြန်မြန်ပြေးပြီး ကောင်းကင်ဘုံနယ်နမိတ်ဆီသို့ ခြေကုန်သုတ်ရန်ဖြစ်သည်။
“နဝမမြောက်တောင်ထွဋ်မှာ အပင်တစ်ပင်ကို ထိခိုက်ပျက်စီးစေသူတွေကို သတ်ပစ်ရမယ်...”
“နဝမမြောက်တောင်ထွဋ်ရဲ့ နောက်လိုက်တစ်ဦးကိုတောင် ထိခိုက်နစ်နာစေသူတွေကို သတ်ပစ်ရမယ်...”
“နဝမမြောက်တောင်ထွဋ်ရဲ့ တပည့်တစ်ယောက်ကို အန္တရာယ်ပြုခဲ့တဲ့ မျိုးနွယ်စုထဲက သူပုန်တွေအားလုံးကို သတ်ပစ်ရမယ်...”
စုမင်က တီးတိုးစွာပြောလိုက်သည်။ သူ မတ်တပ်ထရပ်ပြီး ကောင်းကင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ ခြေလှမ်းလိုက်သည်နှင့် ကောင်းကင်၌ ရုတ်တရက်ပေါ်လာသည်။
“အရင်တုန်းက နဝမမြောက်တောင်ထွဋ်က ငါ့ကို အကာအကွယ်ပေးခဲ့တယ်.. အခုမှစပြီး နဝမမြောက်တောင်ထွဋ်ကို ကာကွယ်ဖို့ ငါ့ အလှည့်ပဲ..”
“ကောင်းကင်ဘုံနယ်နမိတ်က မင်းတို့အားလုံးက ငါ့ရဲ့စီနီယာအစ်ကိုကို အရှက်ခွဲပြီး နာကျင်အောင် လုပ်ကြာတယ်.. ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်”
စုမင်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံနယ်နမိတ်က တပည့်များရှေ့သို့ ရောက်ရန် နောက်ထပ် ခြေတစ်လှမ်းကို လှမ်းယူလိုက်သည်။ ထိုအချိန်တွင် ထိုတပည့်၏စိတိဝိညာဉ်က သူ့ခန္ဓာကိုယ်မှ လွင့်စင်သွားသကဲ့သို့ပင်ဖြစ်သည်။ သူ့ခြေထောက်များက ခွေကျလုနီးပါးဖြစ်သွားပြီစ ဒူးထောက် အသနားခံချင်လာသည်။ အထူးသဖြင့် သူက ကပ်ဆိုးကြီးအတွင်း လုံခြုံစွာနေထိုင်ခဲ့ရသည်။ယခုမူ သူက သေခြင်းတရားကို ကြောက်ရွံ့သည်။ ၎င်းက သူ၏အကြောက်အတရားကို အတိုင်းအတာတစ်ခုထိတိုးပွားစေခဲ့သည်။
သို့သော် စုမင်၏ ညာလက်က သူ့မျက်ခုံးအလယ်ဆီကို ဝှေ့ယမ်းလိုက်သည်။ သူက ဒူးထောက်ကာ အသက်ချမ်းသား ပေးရန် မတောင်းမီ ယိုင်လဲကျသွားသည်။စုမင်က ကောင်းကင်ဆီသို့ လျှောက်သွားသည့်အခါ ကောင်းကင်ဘုံနယ်နမိတ်မှ တပည့်က တုန်တုန်ယင်ယင် ဖြစ်လာပြီး သူ၏ မျက်ခုံးအလယ်တွင် အက်ကွဲကြောင်း ပေါ်လာသည်။ သူ၏ ဦးခေါင်းခွံကို အလျားလိုက် ပြတ်ထွက်သွားစေခဲ့သည်။ ဦးခေါင်း၏ အပေါ်ပိုင်းတစ်ဝက်က ဆံပင်များနှင့်အတူ သမုဒ္ဒရာထဲသို့လွင့်စင်သွားပြီး ကျန်တစ်ဝက်မှ သွေးများ ပန်းထွက်လာသည်။
တူညီသော မြင်ကွင်းတစ်ခု ထပ်မံပေါ်လာသည်။ ထိပ်ပြောင်ကြိုးကြာငှက်က စိတ်လှုပ်ရှားစွာ အော်ဟစ်သံအချို့ကို ထုတ်လွှတ်ကာ အရှိန်အဟုန်ဖြင့် ပြေးလာသည်။ သူ ရောက်လာသောအခါ အခြားသိုလှောင်အိတ်နှင့် ၎င်း၏ခြေသည်းများတွင် ကြယ်သီးများအနည်းငယ်ပေါ်လာသည်။
“ငါချမ်းသာတော့မယ်ကွ... ဒီကောင်စုတ်လေးက လူတွေ ဒီထက်ပိုပြီး သတ်ရင် ငါ ပိုချမ်းသာလာလိမ့်မယ်... ဟားးး... သူ့နောက်ကို လိုက်ရတာ အကျိုးမယုတ်ဘူးပဲ..”
ထိုကောင်းကင်ဘုံနယ်နမိတ်တပည့်အတွက် ကံဆိုးပါသည်။ နောက်ဆုံး သူ့ခန္ဓာကိုယ်တွင် စုတ်ပြတ်သတ်နေသောအဝတ်အပိုင်းများသာကျန်ခဲ့ပြီး သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားခဲ့ရသည်။… သူ့ဘဝ၏နောက်ဆုံးအခိုက်အတန့်မှာ မသေခင်မှာ ထို သူစိမ်းနှင့် အဘယ်ကြောင့်ရင်းနှီးနေသည်ကို ရုတ်တရက် သတိရသွားသည်။ သူ့ကြောက်လန့်မှုအလယ်၌ နောက်ဆုံးမှာတော့ ထိုလူကို မှတ်မိနိုင်ခဲ့သည်။ သူက နဝမ မြောက်တောင်ထွဋ်၏ စတုတ္ထတပည့်ဖြစ်ပြီး အနှစ်နှစ်ဆယ်ကြာ ပျောက်ဆုံးသွားခဲ့သော တပည့်ဖြစ်သည်… ထိုလူမှာ စုမင်ပင်ဖြစ်သည်။
သူမှတ်မိသည်နှင့် သူ့လောကကြီးက မှောင်မိုက်သွားကာ သူပြန်နိုးမလာတော့ပေ။
ဟူကျီ၏ ဟောက်သံများက လေထဲတွင် ပျံ့နှံ့နေဆဲဖြစ်သည်။ သူက နှစ်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီး စုမင်၏အကူအညီဖြင့် သူ့ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်အထိ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့သည်။ နောက်ဆုံး သူနိုးလာသည့်အခါ သူ့အမြင်ရှိ အရာအားလုံးက ကွဲပြားသွားသည်။
စုမင်က လေထဲ၌ ရပ်နေလေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကောင်းကင်နယ်နမိတ်မှ တပည့်များရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကောင်းကင်ယံကို ကြည့်ရှုရန် နတ်ဘုရားအာရုံကိုဖြန့်ကျက်ခဲ့သော်လည်း မည်သည့် မှော်အစီအရင်၏ခြေရာကိုမျှ ရှာမတွေ့ခဲ့ပေ။ .
ထို့နောက် ကောင်းကင်ကြီးက ပုံပျက်နေပြီး ထိုလူနှစ်ယောက် ပေါ်လာသည့်အခါ ကျယ်ပြောလှသော ကောင်းကင်ကြီး၏ တစ်နေရာတည်းတွင် အစက်တစ်စက် ပေါ်လာသည်ကို သူ ချက်ချင်း သတိပြုမိသည်။
ဖန်ချန်းလန်နှင့်မတွေ့ခင်က စုမင်က ထိုအစက်ကို မှတ်မိနိုင်သော်လည်း ယခုမူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အတိုင်းအတာနယ်ပယ်တစ်ခုဖြစ်ကြောင်း ပြောနိုင်လေသည်။
သူသတိထားမိသည်နှင့်တပြိုင်နက် တတိယခြေလှမ်းကိုလှမ်းလိုက်သည်။ သူ့ခြေလှမ်းပြီးသည်နှင့် အတိုင်းအတာနယ်ပယ်တစ်ခုဆီ သို့ ရွေ့လျားသွားသည်။
ထိုနေရာသို့ လှမ်းကြည့်လိုက်သောအခါ သူမြင်လိုက်သမျှ အရာအားလုံးက ခဏတာမျှ ဖရိုဖရဲ ဖြစ်သွားသသည်။ထို့နောက် သူ့နတ်ဘုရားအာရုံကို အရပ်ရပ်သို့ ပျံ့လွင့် စေသည်။ သူ့မျက်လုံးများပင် မလိုအပ်ဘဲ သူက တည်နေရာရွေ့ပြောင်းခြင်းနယ်ပယ်သို့ရောက်ကြောင်း သူ ရိပ်မိလိုက်သည်။
သူ့အမြင်အာရုံ ကြည်လင်လာသည့်အခါ သူက အလွန်ကြီးမားသောမှော်အစီအရင်ကပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ အပြင်ဘက်တွင် ကြီးမားသော ကျောက်စာတိုင် ကိုးတိုင်ရှိပြီး ၎င်းတို့ပေါ်တွင် ထွင်းထုထားသည့် ထူးထူးခြားခြား အသွင်အပြင်၊ အမျိုးမျိုးသောတည်ရှိမှုမျိုးစုံ ရှိနေသည်။ လူကိုးဦးက ထိုတိုင်များပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။
ကောင်းကင်ကြီးက အပြာရောင်ဖြစ်နေလေသည်။ နေမထွက်သေးသော်လည်း အလင်းရောင်က မြေပြင်ပေါ်တွင် လင်းလက်နေဆဲပင်ဖြစ်သည်။စုမင်က အဝေးကို လှမ်းကြည့်သောအခါတွင် နိမ့်ချည်မြင့်ချည်ဖြစ်နေသောတောင်တန်းများကို တွေ့ရသည်။ကောင်းကင်ယံ၌ တိမ်ဖြူများ ဖြတ်သန်းလာသော ရှည်လျားသော အလင်းတန်းများရှိ နေလေသည်။
ကျေးငှက်များ တေးဆိုသံနှင့် လှပသော ပန်းပွင့်များ၏ ရနံ့က လေထု၏ ထောင့်တိုင်းတွင် ပြည့်နှက်နေလေသည်။ ဤနေရာရှိ မြင့်မြတ်သောအရှိန်အဝါများက ထူထဲနေပြီး မြေကြီးပေါ်တွင် စိုက်ပျိုးထားသည့် အဖိုးတန်ဆေးဖက်ဝင်အပင်များ အများအပြားရှိသည်။ အစိမ်းရောင်ကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး၊ ဤအရာအားလုံးကို မြင်သူတိုင်း ဤနေရာက သုခဘုံဖြစ်သည်ဟူသော ခံစားချက်ကို ရလိမ့်မည်။
ငြိမ်သက်ခြင်းနှင့် ကြည်လင် အေးမျှမှုတို့က ဤလှပသောကမ္ဘာကို ပြည့်စုံစေပါသည်။ ဧရာမကျောက်တုံးကိုးလုံးက ကောင်းကင်တွင် လွင့်မျောနေသည်ကို မြင်တွေ့နိုင်သည်။ ထိုကျောက်တုံးများက ကန်တော့ပုံ ပုံသဏ္ဍာန်ရှိပြီး ၎င်းတို့၏ချွန်မြ
သောအပိုင်းများက မြေပြင်ပေါ်သို့ မျက်နှာမူထားသည်။ အပေါ်က ပြန့်ပြူးသော မျက်နှာပြင်ပေါ်၌ ပုံစံအမျိုးမျိုး တည်ဆောက်ထားတသော နန်းတော်များရှိသည်။
ဤကမ္ဘာမှာ သူတို့ ကိုးယောက်က အမြင့်မြတ်ဆုံး တည်ရှိမှုများကဲ့သို့ပင် ဖြစ်သည်။ သူတို့က ကောင်းကင်တွင် မြင့်မားစွာ လွင့်မျောကြပြီး တိမ်ထုအတွင်းနှင့် အပြင်တွင် ရှည်လျားသော အလင်းတန်းများက ထိုနန်းတော်ကိုးခုဆီကို ရွေ့လျားနေကြသည်။
လေထဲတွင် လွင့်မျောနေသော ရေစီးသံများကိုလည်း ကြားနေရသည်။ မြေပြင်ကိုဖြတ်၍ စီးဆင်းနေသော ရှည်လျားသောမြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုအသံများက အမျိုးသမီးများ တခစ်ခစ် ရယ်မော ဆော့ကစားနေသည့် အသံများနှင့်အတူ လိုက်ပါလာခဲ့သည်။ ရံဖန်ရံခါတွင် အချို့သောငှက်များက ကောင်းကင်ယံ၌ ပျော်မြူးစွာ ပျံသန်းကြသည်။ သူတို့က မယုံနိုင်လောက်အောင် လှပပြီး ရက်စက်သော သားရဲများကဲ့သို့ မဟုတ်ဘဲ ယဉ်ပါးသော အိမ်မွေးတိရစ္ဆာန်များနှင့် တူလေသည်။
ကောင်းကင်က ကြည်လင်နေပြီး အပြာရောင်က အပြင်ဘက်ရှိ လောကကြီးနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ ၎င်းကို မြင်သူတိုင်းက ထိုမြင်ကွင်း၏ ညှို့ယူခြင်းကို ခံခဲ့ရသည်။
ကောင်းကင်ပေါ်ရှိ နန်းတော်ကိုးခု၏ အလယ်ဗဟို၌ တိမ်တိုက်များဆီသို့ထိနေသည့် တောင်ကြီးတစ်ခုရှိသည်။ ခပ်လှမ်းလှမ်းကပင် သဲသဲကွဲကွဲ မြင်နိုင်သော ကျောက်ပြားကြီးတစ်ခု စိုက်ထူထားသည်။
၎င်းပေါ်တွင် ရွှေရောင်စာလုံးလေးလုံးပါရှိပြီး ၎င်းတို့က အဆုံးမဲ့အလင်းရောင်များဖြင့် တောက်ပနေကာ ခေါင်းမော့လိုက်သည့်အခိုက်တွင် ထိုနေရာရှိလူအားလုံးကို မြင်နိုင်စေခဲ့သည်။
“အေးခဲကောင်းကင်ကလန်”
ဤသည်မှာအေးခဲကောင်းကင်ကလန်၏နယ်နမိတ်ပင်ဖြစ်သည်။ စုမင်က ထိုနေရာကိုမရောက်လာခင်မှာ သူ့မှာ ဒီနေရာနှင့်ပတ်သက်သည့် ဗဟုသုတ အလွန်နည်းပါးခဲ့သည်။ ယခုမူ သူစုဆောင်းထားသည့် အတွေ့အကြုံများအရ ထိုအရာက အစိတ်စိတ်အမွှာမွှာဖြစ်နေသောအချိန်ခရီးသွားအတိုင်းအတာနယ်ပယ် များဟုပြောနိုင်သည်။
ဤနေရာကတောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့်မသက်ဆိုင်ပေ။ ၎င်းက သူ့ဘာသာသူ တီထွင်နိုင်သည် သို့မဟုတ် မတော်တဆ ရှာဖွေတွေ့ရှိနိုင်သည့် ကွဲပြားနေသည့်အတိုင်းအတာတစ်ခုမျှသာ ဖြစ်သည်။
ဤနေရာက မာန်မျိုးနွယ်စုများ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပေ၊၊စုမင်က ဤနေရာ၌ သူ့ခြေထောက်ချလိုက်စဥ် သူ့ခန္ဓာကိုယ်မှ မရဏအရှိန်အဝါများ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ ရှေးကျသောကြေးနီရောင်ဓားဖြင့် ယင်မရဏနယ်မြေမှ ထွက်ခွာသွားသည့် အခိုက်အတန့်နှင့် သူ၏သွေးများက ဖန်ချန်းလန်၏လက်ချောင်းပေါ်တွင် အနက်ရောင်ပြောင်းသွားချိန်နှင့် အလွန်တူ လေသည်။
သို့ပေမယ့် ယခုအရာက အများကြီး အားနည်းလေသည်။ ရှေးကြေးနီ ရောင်ဓားရှည်ကြီးနှင့် ထွက်ခွာထားချိန်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။
သို့သော် ဤအရာအားလုံးက ယင်းမရဏလောကနှင့်ကြည်လင်တောက်ပသောယန် ကြားတွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခုဖြစ်ကြောင်း စုမင်အား ရှင်းလင်းစွာပြောပြသည်။
စုမင်၏ ခန္ဓာကိုယ်မှညမရဏအရှိန်အဝါက သူ့ကိုယ်ပေါ်သို့ ပျံ့နှံ့လာသည်မှာ အလွန်အားနည်းနေသော်လည်း ဤအချိန်ခရီးသွား လောကနှင့် လိုက်လျောညီထွေမဖြစ်နိုင်သောအရာဖြစ်သည်။ ထို့အတွက်ကြောင့် သူ မှော်အစီအရင်တွင် ပေါ်လာသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်မှ သေမင်းရောင်ဝါက အနက်ရောင်မီးခိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အနက်ရောင် မြူခိုးများဖြင့်ဖုံးလွှမ်းသွားစေသည်။ထိုမြင်ကွင်းမှာ တစ်စုံတစ်ယောက်က စာရွက်တစ်ရွက်ပေါ် မှင် ဖိတ်ကျသကဲ့သို့ပင်ဖြစ်နေတော့သည်။
*** အေးခဲကောင်းကင်ကလန်နဲ့အေးခဲကောင်းကင်ဘုံနယ်နမိတ်
နာမည်နှစ်ခုပေမဲ့ အတူတူသာဖြစ်သည်။