မိသားစုဝင်တွေလား
Vol. 40 Ch. 544
စုမင်က မှော်အစီအရင်( မှော်စက်ဝန်း)ထဲသို့ ဝင်လာပြီးနောက် သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်ကာ ကောင်းကင်ဘုံနယ်နမိတ်တံခါးအတွင်းရှိ အခြားအရာအားလုံးကို မြင်လိုက်ရသည်။ ဤနေရာအတွင်း၌ ပြင်းထန်သောလှိုင်းဂယက်များစွာကို သူလည်း ခံစားနိုင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲက ထွက်လာတသော မရဏအရှိန်အဝါများကို မဖုံးကွယ်နိုင်ခဲ့ပေ။ ထိုအရှိန်အဝါများက အနက်ရောင် မြူများအဖြစ်သို့ ကောင်းကင်သို့ တက်လာခဲ့သည်။ အနက်ရောင် မြူခိုးများက ၎င်းပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကိုက်စားရန် လှုပ်ရှားနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ကြည့်နေလေသည်။ စုမင်၏ မူလနုပျိုသော မျက်နှာပေါ်တွင် သေးငယ်သော အရေးအကြောင်းအချို့ ပေါ်လာပြီး လူလတ်ပိုင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သူ့ပတ်လည်ရှိ ကျောက်စာတိုင် ကိုးတိုင်ပေါ်တွင် တရားထိုင်နေကြသော လူကိုးဦးက တစ်ချိန်တည်းတွင် မျက်လုံးများ ပွင့်လာပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ မျက်နှာများ ပေါ်လာသည်။ချက်ချင်းပင် သူတို့အကြည့်များက မှော်အစီအရင်အလယ်၌ ရပ်နေသောစုမင်ပေါ်သို့ ကျရောက်သွားလေသည်။
သူ့တို့က စုမင်ကိုတွေ့သော် အားလုံး မတ်တပ်ရပ်လိုက်ကြသည်။
“မင်း ဘယ်သူလဲကွ.. ကောင်းကင်ဘုံနယ်နမိတ်ကို ကျူးကျော်ဝင်ရောက်ရင် သေဖို့သာ ပြင်ထား...”
စုမင်က ခေါင်းကို မော့လိုက်သည်။ ထိုလူကိုးယောက်၏ အကြည့်များကို သူတွေ့လိုက်သည်နှင့် ၎င်းတို့ထဲမှ သုံးဦးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ဆီသို့ ဦးတည်လာကြသည်။ သူတို့အနားမကပ်ခင်မှာ မြင့်မြတ် သောစွမ်းရည်များ လေထဲ၌ ပျံ့နှံ့လာပြီး စုမင်ပတ်ပတ်လည်နေရာကို အရောင်မျိုးစုံနှင့် အလင်းတန်းများ ပျံ့နှံ့သွားသည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သူတို့ စုမင်းနားသို့ ကပ်လာကြသည်။
စုမင်က တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲမှာတော့ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး လူသုံးယောက်ထဲမှ တစ်ယောက် ရှေ့သို့ ချက်ချင်း ရောက်လာသည်။ ထိုလူကို ဖြတ်ကျော်သွားသည့်အခိုက်တွင် ထိုသူ့မျက်ခုံးအလယ်ကို လက်ညှိုးဖြင့် ထိလိုက်ပြီးဖြစ်သည်။
သူက မြန်ဆန်လွန်းသည်။ သူ့ပတ်ဝန်းကျင်က လူများ မမြင်နိုင်ခင်မှာ မျက်ခုံးကြားကို တို့ထိခံလိုက်ရသူက တုန်လှုပ်သွားပြီး ခေါင်းက ပေါက်ကွဲသွားလေသည်။ လေထုပုံပျက်ခြင်းနှင့်အတူ စုမင်က လေထုထဲသို့ အရှိန်တင်လာခဲ့သည်။ သူ့နောက်တွင် အနက်ရောင် မြူခိုးများ ပါလာသည်။ သူ့အထက်တွင် အနက်ရောင် မြူခိုးများက ဆူညံ့သံများနှင့်အတူ အပြင်သို့ ပျံ့နှံ့နေပါသည်။
သူ၏အသွင်အပြင်က သာယာချမ်း မြေ့သောလောကကြီးထဲတွင် အရှိန်ပြင်းပြင်းတိုက်နေသည့် မုန်တိုင်းတစ်ခုနှင့်တူသည်။
“နဝမမြောက်တောင်ထွဋ်ရဲ့တပည့်စုမင်က မင်းအားလုံးကို မေးခွန်းတစ်ခုမေးဖို့ ရောက်လာတာပဲ..နဝမမြောက်တောင်ထွဋ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုသိလား...”
သူက အေးအေးဆေးဆေး မေးသော်လည်း သူ့စကားက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ထစ်ချုန်းနေပြီး သူ့အသံက ကောင်းကင်ဘုံနယ်နမိတ်ရှိ လေထဲမှာ စူးရှစွာ ပျံ့လွင့်နေပြီး အဆုံးမရှိသော ပဲ့တင်သံလှိုင်းများပင် ဖြစ်သွားသည်။
“မင်းတို့က ငါ့ဆရာကြီးရဲ့ ပစ္စည်းတွေကို ခိုးယူတယ်..စီနီယာအစ်ကိုကို နှိပ်စက်ပြီး နဝမမြောက်တောင်ထွဋ်ရဲ့တည်ရှိမှုကို ဖျက်စီးပစ်ဖို့ ခြိမ်းခြောက်တယ်... ဒီနေ့ နဝမမြောက် တောင်ထွဋ်ရဲ့တပည့် ငါ .
.စုမင်က ငါ့ဆရာကြီးနေရာကို ယူပြီး ငါ့စီနီယာအစ်ကိုအကြီးဆုံးနဲ့ ဒုတိယစီနီယာအစ်ကိုကိုယ်စား... ကောင်းကင်ဘုံနယ်နမိတ်ကို တန်ရာတန်ကြေးပြန်ပေးဆပ်အောင်လုပ်မယ်... “
ထိုနောက်ဆုံးစကားက လေထုထဲသို့ ပျံ့နှံ့သွားပြီး ထိုအချိန်တွင် မြေပြင်ပေါ်ရှိ လူရှစ်ဦးက အံကြိတ်ကာ တစ်ဟုန်ထိုးပြေးလာသည်။သို့သော် ၎င်းတို့အား ရှေ့သို့ ချီတက်စဥ်တွင် စုမင်က သူ၏ညာဖက်လက်ကို မလိုက်ပြီး အောက်ဘက်သို့ ဦးတည်သွားလေသည်။
ထိုစဉ်မြေကြီးမှာ အရှိန်အဟုန်ဖြင့် တုန်လှုပ်သွားလေသည်။
လူရှစ်ဦးစလုံးက ရိုးရေစတေးနယ်ပယ်ရှိကျင့်ကြံသူများဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ခန္ဓာကိုယ်များက အေးခဲသွားသကဲ့သို့ ရပ်တန့်သွားကာ ၎င်းတို့၏အရိုးများရှိ မာန်အရိုးများက ဖိအားဒဏ်ကို မခံနိုင်တော့သကဲ့သို့ တစ်ချိန်တည်းတွင် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ စုမင်က သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ လူရှစ်ယောက်၏အလောင်း ပေါက်ကွဲသွားသော် သူတို့ထဲက မီးခိုးဖြူများ ထွက်လာသည်။စုမင်က ထိုအခိုးအငွေ့များကို ဖမ်းဆုပ်လိုက်သည်။
သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော မီးခိုးဖြူလုံးကြီးက ဤလူရှစ်ဦး၏ အသက်စွမ်းအားနှင့် ၎င်းတို့၏ကနဦးကျင့်ကြံမှုကို ပေါင်းစပ်ထားသော်လည်း စုမင်က ထိုခွန်အားကို စုပ်ယူရန် နည်းလမ်းမသိပေ။ ပြင်းထန်စွာ စုပ်ယူလိုက်လျှင် သူ့ခန္ဓာကိုယ်က မတည်မငြိမ် လက္ခဏာများ ပြသလာမည်ဖြစ်သည်။
ထို့ကြောင့် အတိတ်မှာ သူ သတ်ဖြတ်သည့်အခါ ဤမီးခိုဖြူလုံးကြီးကို ဘယ်တော့မှ စုပ်ယူခဲ့မည်မဟုတ်ပေ။
သူ ထိုအသက်စွမ်းအားလုံးကို ကိုင်လိုက်သည့်အခါ သူ့မျက်လုံးထဲမှာ ပုံရိပ်တစ်ခု ပေါ်လာသည်။ထိုအချိန်၌ ကောင်းကင်ကြီး၏ပြောင်းလဲမူများ၊ တဟုန်ထိုး ပေါက်ကွဲသံများနှင့်စုမင်၏ စကားများကြောင့် ကောင်းကင်ဘုံနယ်နမိတ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ရှည်လျားသောအလင်းတန်းများက ကောင်းကင်သို့ တက်သွားပြီး စုမင်ဆီသို့ အရပ်ရပ်မှ ဦးတည်သွားကြသည်။ ဤရှည်လျားသောအလင်းတန်းများက ကောင်းကင်ဘုံနယ်နမိတ်မှ လူများဖြစ်သည်။ ကောင်းကင်၌ မျောနေသာ နန်းတော်ကိုးခုကနေ ပျံသန်းလာသောလူများ လည်း ရှိသည်။ လူအရေအတွက်ကများပြားလေသည်။ကောင်းကင်ဘုံနယ်နမိတ်ကပိုင်သော ဤကမ္ဘာငယ်လေးထဲ၌ အလင်းတန်းများက လေထုကို ဖြတ်သန်းလာချိန်တွင် ထို ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသောပေါက်ကွဲသံများထွက်ပေါ်လာ သည်။
“ကောင်းကင်ဘုံနယ်နမိတ်ကို ကျူးကျော်လာသူတွေကို အကုန်သတ်...”
“ဘာလို့ အေးခဲကောင်းကင်နယ်နမိတ်ကို ကျူးကျော်ရဲတာလဲ..”
“နဝမမြောက်တောင်ထွဋ်..စုမင်..”
ထိုရှည်လျားသော အလင်းတန်းများ၏အသွင်အပြင်က ဒေါသတကြီး အော်သံများဖြင့် တွဲလျက်ရှိနေလေသည်။သူတို့နီးကပ်လာသည့်အခါ စုမင်က သူ့ကို ကြည့်ရုံမျှသာကြည့်လိုက်သည်။ ထိုအလင်းတန်းများအနက် အားအနည်းဆုံးမှာ နိုးထခြင်းနယ်ပယ်၏ နောက်ပိုင်းအဆင့်တွင်ဖြစ်ပြီး အများစုမှာ ရိုးရေစတေးနယ်ပယ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။မာန်စိတ်ဝိညာဉ်နယ်ပယ် တွင်ရှိကြသော အင်အားကြီးကျင့်ကြံသူ သုံးဦးပင်ရှိသည်။ ၎င်းတို့အားလုံးက ၎င်းတို့၏မျက်နှာပေါ်တွင် မည်းမှောင်သောအမူအရာများဖြင့် သူ့ထံ ချဉ်းကပ်နေကြသည်။
စုမင်က ငြိမ်သက်နေပြီး သူ့ညာလက်ထဲက စွမ်းအားမျှင်ဘောလုံးကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အလင်းတဖျပ်ဖျပ် လင်းလက်နေပြီး သူ့ခန္ဓာကိုယ်မှ နတ်ဘုရားအာရုံများကို ဖြန့်ကျက်လိုက်သည်။ သူ၏ အခြေတည်နတ်ဘုရား၏ပုံရိပ်သည်လည်း သူ့နောက်၌ ပေါ်လာပြီး ပေါ်လာသည့်အခါ သူ့ညာလက်ကို မြှောက်ကာ ချိတ်တံဆိပ်တစ်ခု ဖန်တီးလိုက်လေ၏။ ထိုချိတ်တံဆိပ်ကို ဖန်တီးလိုက်သည်နှင့်၊ အခြေတည်နတ်ဘုရားက ချက်ချင်းပင် သူ၏လက်ပုံသဏ္ဍာန်ကို ပြောင်းလဲကာ ပြီးပြည့်စုံသော ချိတ်တံဆိပ်ကိုးခုကို ဖန်တီးခဲ့သည်။
“မင်းတို့ကို ညရဲ့သွေးမျက်လုံးတွေ ပေးမယ်...”
စုမင်က အေးဆေးစွာပြောလိုက်ပြီး သူ့လက်မောင်းကို ကောင်းကင်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် သူ့ ၏အခြေတည်နတ်ဘုရားက ချက်ချင်းပင် အနည်းငယ်မှိန်လျော့သွားသည်။သို့သော် သူ့မျက်လုံးများက ယခင်ကဲ့သို့ မာကြောခက်ထန်ပြီး အေးစက်နေလေသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်တွင် ပျံ့နှံ့နေသောမရဏရောင်ဝါကြောင့် ဖြစ်ပေါ်လာသော အနီရောင်အလင်းတန်းများ ပေါ်လာသည်။ ကြက်သွေးရောင်အလင်းတန်းနှစ်ခုက တောက်ပနေသော ကြယ်များကဲ့သို့ပင် ဖြစ်နေလေ၏။ သူတို့ ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော ဖိအားတစ်ခုက အနက်ရောင် မြူခိုးများ အတွင်းမှ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ထိုဖိအားဖြင့် ဝန်းရံထားသည့် ရှည်လျားသောအလင်းတန်းများအားလုံးမှာ ချက်ချင်းဆိုသလိုပင်လေထဲ၌ ပြင်းထန်စွာ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ထို့နောက် သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“မင်းတို့ကို ကောင်းကင်ရဲ့ ခရမ်းရောင်နှုတ်ခမ်းတွေကို ပေးတယ်…”
စုမင်၏ အသံက ပျော့ပျောင်းသော်လည်း လူအားလုံး၏ နားထဲသို့ စိမ့်ဝင်သွားကာ သူတို့၏ စိတ်ဝိညာဥ်များကို တုန်လှုပ်သွားစေခဲ့သည်။ အခြေတည်နတ်ဘုရားက သူ၏ညာလက်ဖြင့် နောက်ထပ် ချိတ်စည်းကိုးခုကို ဖန်တီးပြီး မြေပေါ်သို့ ထားလိုက်သည်။
မြေပြင်က ဒေါသတကြီး တုန်ခါသွားကာ ဤနေရာသည် မူလက အစိတ်စိတ်အမွှာမွှာကွဲသွားသည့် အတိုင်းအတာဖြစ်သောကြောင့် ထိုတုန်ခါမှုများ ပေါ်လာသောအခါတွင် မြေပြင်တွင် အက်ကွဲကြောင်းများ မရှိတော့သော်လည်း ကျောက်တုံးတစ်တုံးကို ရေကန်ထဲသို့ ပစ်ချလိုက်သောအခါ ထိုကဲ့သို့ လှိုင်းလုံးကြီးများသည် တခဏချင်း ပြန့်ကျဲသွားကာ စတင်ခဲ့သည်၊ ဧရိယာထဲမှာပဲ့တင်သံ။
ထိုလှိုင်းလုံးများမှ အလင်းတန်းများ လင်းလက်လာသည်။ ထိုအလင်းရောင်အောက်တွင် မြေပြင်က ကြည်လင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူအားလုံး၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်။
ထိုနေရာ၌ တောက်ပသော ကောင်းကင်ကြီး ရှိသည်။
မြေကြီးက ကောင်းကင်အဖြစ်သို့ ပြောင်းသွားသည်
ဤမြင့်မြတ်သောစွမ်းရည်ကို အသက်ဝင်လာခြင်းကြောင့် စုမင်၏ အခြေတည်နတ်ဘုရားက မှေးမှိန်သွားသည်။ ၎င်းက မူလက ဟုန်လော့၏ချိပ်စည်းခတ်ခြင်းစွမ်းရည်ဖြစ်သည်။ စုမင်က ၎င်းကိုအသက်သွင်းနိုင်သော်လည်း ၎င်းကို ဟုန်လော့၏အဆင့်နှင့် အဆုံးသတ်ရှာမန်ချိတ်စည်းအထိ မဆောင်နိုင်ခဲ့ပေ။
သို့တိုင် စုမင်၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်၊ သူက ချိပ်စည်းခတ်ခြင်းအနုပညာ- (နေ့ရောညပါချိပ်ပိတ်ခြင်း) မာန်စိတ်ဝိညာဉ်နယ်ပယ်အောက်ရှိ အရာအားလုံးကို ချိပ်ပိတ်နိုင်သည်။
နယ်မြေတစ်ခုလုံး ပျောက်ကွယ်သွားသည့်အခါ ကောင်းကင်အဖြစ်သို့ပြောင်းလဲသွားသည်။ ဤပြောင်းလဲမှုကြောင့် သူ့ဆီသို့ ဦးတည်နေသော ရှည်လျားသော အလင်းတန်းများကို အံ့အားသင့်စေခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်များ အေးခဲရပ်တန့်သွားသည်ကို တုန်လှုပ်ချောက်ချားစွာ တွေ့ရှိလိုက်ရသည်။သူတို့ တစ်လက်မမျှ မလှုပ်နိုင်ကြပေ။
ထိုအချိန်တွင် စုမင်နှင့် အနီးဆုံးရှိ ကောင်းကင်ဘုံနယ်နမိတ်မှ တပည့်များမှာ သူနှင့် ပေတစ်ထောင်အောက်သာ ကွာဝေးသည်။သို့သော်လည်း ထိုအကွာအဝေးက ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသည့် လျှိုမြောင်တစ်ခုလို ခံစားရသည်။ ၎င်းတို့ မဖြတ်ကျော်နိုင်ခဲ့ကြပေ။
တစ်ခုတည်းသောစွမ်းရည်ဖြင့် ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်လိုက်သည်။ စုမင်၏ အခြေတည် နတ်ဘုရားက သူ့အနားသို့ ပြန်ရောက်လာသည်။ သူ့ရှေ့၊ နောက်ကျော၊ ဘယ်ဘက်၊ ညာဘက်နှင့် သူ့ပတ်ဝန်းကျင် နေရာတိုင်းတွင် လူပေါင်း တစ်ထောင်နီးပါးခန့် လေထဲ၌ ရပ်တန့်နေကြသည်။ သူတို့မျက်နှာများက ဖြူဖျော့နေကြပြီးသူ့ကို ကြောက်လန့်တကြား လှမ်းကြည့်ကြသည်။
ထိုအချိန်တွင် အေးခဲကောင်းကင်ကလန်မှတပည့်များနှင့် ပျံသန်းခြင်းမပြုနိုင်ဘဲ ပျောက်ကွယ်သွားပုံရသသည်။ ထို့အပြင် အခြားအချိန်ခရီးအတိုင်းအတာတစ်ခုတွင် ပိတ်မိနေကြသော သူများကလည်း စုမင်အား စိုက်ကြည့်နေကြသည်။
သူ့မျက်နှာကိုကြည့်ရင်း သူ့စကားတွေက ခေါင်းထဲမှာပဲ့တင်ထပ်နေဆဲ။ တစ်ချိန်က သူ့ကိုမြင်ဖူးသော ကောင်းကင်ဘုံနယ်နမိတ် တပည့်များက လွန်ခဲ့သော နှစ်များ တစ်လျှောက်လုံး အမှတ်ရနေသည့် ထိုလူတစ်ဦးနှင့် သူ့နာမည်ကို တဖြည်းဖြည်း မှတ်မိလာကြသည်။
‘စုမင်...’
‘သူက နဝမမြောက်တောင်ထွဋ်ကလူပဲ.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစစ်မာရှင်းကို တိုက်ခိုက်ခဲ့တဲ့စုမင်..”
“အဲဒါကြောင့် နဝမမြောက်တောင်ထွဋ်ကို ရန်မစဖို့ပြောခဲ့တာ...တော်တော်မိုက်မဲတဲ့ကောင်တွေ...”
ထိုလူများ၏ နှလုံးသားထဲမှာ အတွေးမျိုးစုံ ပေါ်လာသော်လည်း သူတို့၏ အသက်ရှုသံများတောင် ရပ်တန့်သွားသည့်အထိ ခန္ဓာကိုယ်များ အေးခဲရပ်တန့်သွားလေသည်။ ထိုစကားလုံးများက သူတို့၏ နှလုံးသားထဲမှာ ပဲ့တင်ထပ်သွားလေသည်။သို့သော် သူတို့၏အတွေးများကို ထုတ်ဖော်ပြောခွင့်မရခဲ့ကြပေ။
စုမင်က ဤကောင်းကင်ဘုံနယ်နမိတ်တပည့်များကို ချိပ်ပိတ်ထားနိုင်သော်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူ သုံးယောက်ကျန်ခဲ့လေသည်။ သူတို့ပတ်ဝန်းကျင်ရှိ လေထုက လေးလံလာပြီး စေးကပ်လာသည်ဟုသာ ခံစားခဲ့ရသော်လည်း လှုပ်ရှားနိုင်သေးသည်။ သို့သော် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ လှုပ်ရှားနိုင်သည်ကို အနည်းငယ်မျှ မပျော်ရွှင်ခဲ့ကြပေ။သူတို့ နှလုံးသားထဲတွင် ထိတ်လန့်မှုက ဒီရေလှိုင်းလုံးကြီးကဲ့သို့ တရိပ်ရိပ်တက်လာလေသည်။ထို့ကြောင့် သူတို့ သုံးယောက် ရှေ့မတိုးတော့ဘဲ နောက်ဆုတ်ရန် ရွေးချယ်လိုက်သည်။
ထိုချိပ်ပိတ်စွမ်းရည်က သူတို့၏စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်၊ သူတို့၏ အမှတ်ရစရာများထဲမှ နဝမမြောက်တောင်ထွဋ်၏ကြောက်မက်ဖွယ်တည်ရှိမှုကို ပြန်သတိရမိသွားသည်။
ဤလူသုံးယောက် ဆုတ်ခွာသွားခါနီးတွင် စုမင်က တည်ငြိမ်စွာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ခြေလှမ်း လှမ်းပြီးသည့်အခါ ထိုသုံးယောက်၏ရင်ဘတ်က တဒုန်းဒုန်း ခုန်နေလေသည်။ စုမင် က သူတို့၏နှလုံးသားထဲသို့ လှမ်းဝင်လာသကဲ့သို့ ခံစားနေရလေသည်။
ထိုခြေတစ်လှမ်းက ပုံမှန်အတိုင်းဖြစ်နေသော်လည်း စုမင်၏ခြေတစ်လှမ်း လှမ်းပြီးသော် နောက်ပြန်ဆုတ်သွားသော သုံးယောက်သား၏ ခန္ဓာကိုယ်များက ချက်ချင်း အေးခဲရပ်တန့်သွားသည်။ထိုရပ်တန့်မှုက သေခြင်းတရားကို ဦးတည်နေလေသည်။
စုမင်က သူတို့ထဲမှ တစ်ဦးရှေ့သို့ လျင်မြန်စွာ ပေါ်လာပြီး သူ၏ ညာလက်ဖြင့် သန်မာသောကျင့်ကြံသူ ၏ ရင်ဘတ်ကို တည့်တည့်ထိုးလွှတ် လိုက်သည်။ လက်သီးတစ်ချက်က ချက်ချင်းပင် ဤလူကို သွေးချောင်းစီးစေခဲ့သည်။ သူ့ခန္ဓာကိုယ်က နောက်ဆုတ်သွားသည့်အခါ ကြောက်လန့်တကြား အော်ဟစ်သံထွက်ပေါ်လာလေသည်။
သို့သော်လည်း သူအော်ဟစ်ပြီး သူ့ခန္ဓာကိုယ် နေရာအနှံ့မှ သွေးများ စီးကျလာသည်။စုမင်က နောက်ထပ် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။သူ ထိုသို့လုပ်လိုက်သည်နှင့် ကောင်းကင်ဘုံနယ်နမိတ် ထိုစွမ်းအားကြီးကျင့်ကြံသူ၏ နာကျင်စွာအော်ဟစ်သံကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်ပြီး သွေးမြူများကဲ့သို့ ဖြစ်သွားလေသည်။
သူမသေခင်မှာ သူခံနိုင်ရည်ထက် သာလွန်သောနာကျင်မှု ဝေဒနာကို ခံစားခဲ့ရသည်။ စုမင်၏ ပထမဆုံးလက်ချက်ကြောင့် သူ၏အရိုးအားလုံးကို ကြေမွသွားခဲ့သည်။ ၎င်းတို့ကို သူ့နှလုံးသားနှင့်ချီ လမ်းကြောင်းများကို စုတ်ပြဲသွား စေသည့် မရေမတွက်နိုင်သော ဆူးငြောင့် အရိုးအသွားများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ဒုတိယလက်ချက်ကြောင့် သူ့သွေးများ ပြောင်းပြန်စီးဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ်က ချွန်ထက်သော အပ်များဖြင့် ပြည့်နေသော အိတ်တစ်လုံးကဲ့သို့ ဖြစ်နေလေသည်။ တစ်စုံတစ်ယောက်က သူ့ကို ကြီးမားသော စွမ်းအားဖြင့် ရိုက်လျှင် ထိုအပ်များက သူ့ခန္ဓာကိုယ်ကိုမှထိုးထွက်လာကာ ကြောက်ခမန်းလိလိနာကျင်မှုကို ခံစားရပြီး သေဆုံးသွားနိုင်သည်။
စုမင်က တခြားလူများကို သတ်ချိန်၌ အေးစက်မာကြောသော်လည်း ညှင်းပန်းနှိပ်စက်၍ မသတ်ချေ။ အကြောင်းမှာ ထိုသူ့လည်ပင်းမှာ အရိုးလည်ဆွဲတစ်ကုံးရှိ၍သာဖြစ်သည်။ ထို့ကြောင့် ဒုတိယထိုးချက်ပြီးသည်နှင့် ထိုလူ၏လည်ပင်းကဆွဲကြိုးကို ဆောင့်ဆွဲယူလိုက်သည်။
၎င်းက ထျန်းရှဲ့ကျီ၏ ကိုယ်ပိုင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။
စုမင်က အရိုးလည်ဆွဲကို လက်ထဲတွင်ကိုင်လျက် ကျန်နှစ်ယောက်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူက သူတို့ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
“ဆရာကြီး...ကျုပ်ကိုကယ်ပါ...”
စုမင်က သူ့တို့ဆီသို့ လာနေသည်ကို မြင်သော် ကြောက်လန့်တကြား ထွက်ပြေးလာသော လူနှစ်ယောက်ထဲမှ တစ်ယောက်က ကူကယ်ရာမဲ့ အော်ဟစ်လိုက်လေသည်။