မကျေချမ်းနိုင်သောရန်ငြိုးများ
Vol. 40 Ch. 545
တတိယနန်းတော်ကထွက်လာသော အသံမဆုံးခင် စုမင်က အေးစက်စွာ ရယ်မောပြီး အကူအညီတောင်းသူ၏ဘေးမှာ ပေါ်လာလေသည်။ထိုကျင့်ကြံသူကိုဖမ်းရန် သူ့ညာလက်ကို အသုံးပြုလိုက်သည်။ သူ၏ မြင့်မြတ်သောစွမ်းရည်များက အသုံးမဝင်တော့ကြောင်းကိုသိလိုက်ရသောအခါ သူ့ကနဦးကျင့်ကြံမှုကို မီးရှို့ဖျက်စီးရန် တွေးခဲ့သည်။
သူ့ကိုယ်သူ ဖျက်စီးရန် ပြင်ဆင်သည့်အခိုက်တွင် စုမင်၏ ညာလက်သည် ခရမ်းရောင်အလင်းဖြင့် ရုတ်တရက် တောက်ပလာပြီး ခရမ်းရောင် ချပ်ဝတ်တန်ဆာက သူ့ညာလက်နှင့် လက်မောင်းတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ သူက ထိုလူ၏ကိုယ်တိုင်ဖျက်စီးခြင်းမှ ထွက်လာသော မီးတောက်များကို ဖောက်ထွင်းပြီး လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“ငါတို့က မိသားစု မဟုတ်ဘူး..”
စုမင်က ပြတ်သားစွာပြောရင်း လည်ပင်းကို အားပါပါနှင် ညှစ်လိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်က အရိုးနှင့်အသားများ ခမ်းခြောက်လာသည်။ သူ့လက်ကို လွှတ်လိုက်သောအခါ ထိုလူ၏ ခန္ဓာကိုယ်က အောက်သို့ ကျဆင်းသွားသည်။ထို့နောက် အဖြူရောင် လက်ကောက်တစ်ခုက သူ့အလောင်းမှ စုမင်၏ လက်ဖဝါးထဲသို့ လွင့်ထွက်သွားသည်။
စုမင်က သူ့လက်ကောက်ကို တစ်ချက်ကြည့်လိုက်သည်။ ယခင်က ဤပစ္စည်းကို သူ၏ဆရာကြီး ဂူဗိမာန်တွင် ထားရှိခဲ့ကြောင်း သတိရမိသည်။
လက်ကောက်ကို ကိုင်လိုက်သည့်အခါ သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်က ပို၍ ဒေါသတကြီး လောင်ကျွမ်းသွားသည်။ သူက ခေါင်းကိုမော့ပြီး ထွက်ပြေးနေသောမာန်စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူ ကြည့်လိုက်သည်။ သူက ကလန်အကြီးအကဲတစ်ယောက်ဖြစ်ပြီး ပထမနန်းတော်နှင့် နီးကပ်နေပြီဖြစ်သည်။ စုမင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ခြေကို မြှောက်လိုက်သည်နှင့် အဖြူရောင် ဝတ်ရုံဝတ် အဘိုးကြီးက တတိယနန်းတော်မှ ထွက်လာလေသည်။
အဘိုးအိုက စုမင်ကို စိတ်ရှုပ်
နေသော အမူအရာဖြင့် ကြည့်သည်။ယခင်က သူ စုမင်ကို မြင်ဖူးလေသည်။ ထိုအချိန်တွင် သူက လေလံပွဲသို့ ၀င်ရောက်ခဲ့ပြီး အေးခဲကောင်းကင်ကလန်မှ သခင် လေးနှင့်အတူ စုမင်ကိုမြင်ခဲ့ရသည်။
ထိုအချိန်တွင် သခင်လေးက စုမင်ကို အနိုင်ယူလိုခဲ့သည်။ ထိုအချိန်မှစ၍ အနှစ်နှစ်ဆယ် ကုန်ဆုံးခဲ့ပြီး ခေတ်များ ပြောင်းလဲလာခဲ့သည်။ အဘိုးအိုက စုမင်ကို နောက်တစ်ကြိမ်တွေ့သောအခါ တုန်လှုပ်ခြောက်ခြားသွားလေသည်။ အချိန်အတော်ကြာသွားသည့်တိုင် သူ့ကိုယ်သူ တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
“စုမင်. မင်းက နဝမမြောက် တောင်ထွဋ်ရဲ့ တပည့်ပဲ.. မင်းဘာလို့ ဒီလိုလုပ်ရတာလဲ.. မင်း အခု စွမ်းအားကြီးလာပေမဲ့ မင်းအားနည်းတုန်း က ဘယ်သူက မင်းကိုခေါ်သွားလဲဆိုတာ မမေ့နဲ့...အဲ့ဒါ အေးခဲကောင်းကင်ကလန်ကပဲကွ...”
အဖြူဝတ် အဘိုးကြီးက ရှေ့သို့ လျှောက်လာရင်း ခက်ထန်စွာ ပြောလိုက်သည်။ သူ့နှလုံးသားက အလွန်တုန်လှုပ်သွားခဲ့သည်။ စုမင်၏ စွမ်းအား၊ သူ၏ ထူးဆန်းသော စွမ်းရည်များနှင့် အထူးသဖြင့် သူက ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်ထားသည့် မြင်ကွင်းက သူ့ကို သတိရှိစေသည်။
မူလက ထိုလူမှာ အေးခဲကောင်းကင်ကလန်၏တပည့်ဖြစ်သင့်သော်လည်း ယခုအခါ စုမင်က သူတို့၏ရန်သူ ဖြစ်လာခဲ့သည်။ ထိုအရာကိုမြင်လိုက်ရသော် သူ့ကို နာကျင်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲမှာ သက်ပြင်းချမိလိုက်သည်။
သို့ပေမဲ့ သူစကားမဆုံးခင် စုမင်က ခေါင်းကိုမော့ပြီး သူ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
“ကျုပ်ကိုခေါ်ခဲ့တာ နဝမမြောက်တောင်ထွဋ်ပဲ... “
သူက အေးအေးဆေးဆေးပြောလိုက်သည်။
သူ့ခြေထောက် ချပြီးသောအခါ ထွက်ပြေးသောကျင့်ကြံသူ၏ဘေးတွင် သူရောက်ရှိနေပြီဖြစ်သည်။ သူ့မျက်နှာတွင် ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှု ပေါ်လာသည့်အခါ ပထမနန်းတော်မှ အေးတိအေးစက်အသံတစ်ခု ထွက်လာခဲ့သည်။ ချက်ချင်းပင်၊ ထိုနန်းတော်တံခါးက ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်သွားပြီး စူးရှသော အလင်းတန်းများက စုမင်ဆီသို့ ဦးတည်ပျံသန်းလာသည်။
မာန်စိတ်ဝိညာဉ်အလယ်အလတ်နယ်ပယ် အထွတ်အထိပ်တွင်ရှိသောစွမ်းအားတစ်ခုက ထိုမှောင်မိုက်သောအလင်းရောင်မှ ထွက်ပေါ်လာပြီး ၎င်းအတွင်းတွင် သေးငယ်သောဆေးဒယ်အိုးတစ်လုံးရှိသည်။ ထိုအိုးက လျင်မြန်စွာ လှည့်ပတ်ကာစုမင်ဆီသို့ ဦးတည်သွားသည်။ စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ထိုစဉ် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူသူ့ဆေးဒယ်အိုးကြီးပေါ်လာပြီး အရှိန်တင်လာသောဆေးဒယ်အိုးကြီးကို ထိတိုက်တော့မည်ဖြစ်သည်။
ထိုပေါက်ကွဲသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကလန်အကြီးအကဲက တစ်ဖန် ထွက်ပြေးလာသောအခါ စုမင်က ပထမနန်းတော်သို့ စင်မြင့်ပေါ်၌ ရပ်ရန် သူ့အား ကျော်သွားခဲ့သည်။ မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိ ကလန်အကြီးအကဲက တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံများထွက်လာသည်။သူ သွေးအန်လိုက်သောအခါတွင် သူ့ပါးစပ်မှရှူးရှူးရှဲရှဲတွန်သံနှင့်အတူမြွေငယ်တစ်ကောင်ထွက်လာခဲ့သည်။ ၎င်းက အေးစက်ပြီး မည်းမှောင်သောပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။
ထိုမြွေငယ်လေးက စုမင်၏ ဖယောင်းနဂါးဖြစ်သည်။
၎င်း မျက်လုံးများက အေးစက်ပြီး သနားညှာတာမှုကင်းမဲ့နေခဲ့သည်။ ဤကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးက ၎င်း၏မျက်လုံးထဲတွင် အစာမျှသာဖြစ်သည်… စုမင် ဆီသို့ လှမ်းကြည့်လိုက်မှသာလျှင် နူးညံ့သိမ်မွေ့မှုက ၎င်း၏မျက်လုံးထဲတွင် ပေါ်လွင်လာပြီး ထောက်ထားစာနာမှု ပေါ်လာသည်။
စုမင်က ပထမနန်းတော် ၏ စက်ြလမ်းသို့ ဆင်းသက်ပြီးနောက် အဘွားကြီးတစ်ယောက် အတွင်းမှ ထွက်လာခဲ့သည်။ ယုတ်မာကောက်ကျစ်သော ရည်ရွယ်ချက်ကို သူမ၏ မျက်နှာပေါ်တွင် မြင်နိုင်သည်။ သူမလက်ထဲတွင် နဂါးခေါင်းနှင့် တုတ်တစ်ချောင်းကို ကိုင်ထားပြီး မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သောအခါတွင် နဂါးခေါင်းက ပြန်လည်ရှင်သန်လာသကဲ့သို့ စတင်လှုပ်ရှားလာပြီး စုမင် ဆီသို့ ဟိန်းဟောက်လိုက်တော့သည်။
တစ်ချိန်တည်းတွင် အဘွားကြီးက သူမ၏ ဘယ်ဘက်လက်ကို ရုတ်သိမ်းလိုက်ပြီး သူမ၏ လက်ချောင်းပေါ်တွင် လက်စွပ်တစ်ခု ရှိနေသည်။စုမင် မြင်သည်နှင့် သူ့မျက်လုံးထဲမှာသတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာသည်။
ထိုလက်စွပ်က ဆရာကြီး၏လက်စွပ်ဖြစ်သည်။
အဘွားကြီးက သူမ၏ လျှာဖျားကို ကိုက်လိုက်ပြီး လက်စွပ်ပေါ်တွင် သွေး ချောင်းဆိုးလိုက်သည်။ ထိုသွေးများက ချက်ချင်းအတွင်း၌ ရောနှောသွားသည်။ များမကြာမီတွင် အနက်ရောင်မြူခိုးများနှင့်အတူ ခပ်အုပ်အုပ်ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် စုမင်ကို ဖမ်းဆုပ်ရန် ကြီးမားသော လက်ကြီးအဖြစ်သို့ ချက်ချင်းပြောင်းသွားသည် ။
တတိယနန်းတော်မှ ဝတ်ရုံဖြူဝတ်အဖိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့ရှေ့မှ လေထုက ပုံပျက်ကာ တွန့်လိမ်သွားတော့သည်။ မိုးခြိမ်းသံများ လေထဲတွင် တဟုန်ထိုး မြည်လာသည်နှင့်အမျှ လျှပ်စီးကြောင်းနှင့်အတူ ဓားရှည်ကြီး ပေါ်လာသည်။ ၎င်းက လေထဲသို့ လွင့်ပျံသွားကာ ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံးက အဆုံးမဲ့လျှပ်စီးလက်များဖြင့်ပြည့်နှက်သွားလေသည်။ ထိုဓားက စုမင်ဆီသို့ ဦးတည်သွားလေသည်။
မကြာမီပင် ဒုတိယနန်းတော်မှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ထို့နောက် မြူခိုးနီများဝန်းရံနေပြီး ထိုင်နေသောလူငယ်တစ်ဦးထွက်ပေါ်လာသည်။ ထိုလူက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီးစုမင် ဆီသို့ လှမ်းကြည့်လိုက်သည်။သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စုမင်ဆီသို့ အရှိန်မတင်မီ အနီရောင် မြူခိုးအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလူသုံးဦး၏ ကျင့်ကြံမှုအဆင့်က မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ် နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။သို့သော် စုမင် သူတို့ကြား ကျန်ရှိသည့်အကွာအဝေးက တစ်ခါတစ်ရံတွင် ဖောက်ဖျက်ရန်အလွန်ခက်ခဲသော လျှိုမြောင်တစ်ခုဖြစ်သည်။အမှန်တော့ ၎င်းတို့က မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်၌သာရှိသေးသည်။
ကောင်းကင်ဘုံနယ်နမိတ်တွင် အရှင်သခင်ကိုးပါးရှိပြီး မဟာလွင်ပြင်၌လည်း အရှင်သခင်ကိုးပါး ရှိသည်။ ဤလူသုံးယောက်က ကောင်းကင်ဘုံနယ်နမိတ်၏ အရှင်သခင် ကိုးပါးအနက်မှ သုံးဦးဖြစ်ကြောင်း ထင်ရှားသည်။ ကောင်းကင်ဘုံနယ်နမိတ်မှ သခင်တစ်ပါး ပျောက်ဆုံးနေကြောင်း သူ့ဆရာပြောခဲ့ဖူးပြီး ယခုအချိန်တွင် အရှင်သခင်ရှစ်ပါးသာ ရှိကြောင်းကို သတိရမိသည်။
မဟာလွင်ပြင်ကြီးတွင် ပျောက်ဆုံးနေသော အရှင်သခင်များလည်း ရှိခဲ့သည်။
“ဒါက ကောင်းကင်ဘုံနယ်နမိတ်ကလူတွေရဲ့ အင်အားလား...မင်းတို့က ဘာမှမဟုတ်တဲ့ကောင်တွေ..”
စုမင်က ပြတ်ပြတ်သားသားပြောလိုက်သည်။ သူက မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ရှိ လူများစွာကို သတ်ပစ်နိုင်မည်မဟုတ်သော်လည်း သူ့လက်ထဲတွင် သေဆုံးသွားသူ အများအပြားလည်း ရှိသေးသည်။
သုံးယောက်သား၏ မြင့်မြတ်သောစွမ်းရည်များ သူ့ထံ ရောက်သွားသည်နှင့် တပြိုင်နက် စုမင်၏ ခန္ဓာကိုယ်မှ အဆုံးမရှိ ခရမ်းရောင်ချည်မျှင်များ စိမ့်ထွက်လာသည်။ ထို့နောက် ထိုချည်မျှင်များက စုမင်ခန္ဓာကိုယ်တစ်လျှောက် နွယ်ပင်ကဲ့သို့ရစ်ပတ်သွားကာ မကောင်းဆိုးဝါးစောင့်ရှောက်သူချပ်ဝတ်တန်ဆာအဖြစ်သို့ပြောင်းသွားလေသည်။
သူက သူ့ညာလက်ကို မြှောက်လိုက်သောအခါ မကောင်းဆိုးဝါးလှံက အသက်ဝင်လာလေသည်။ လှံရှည်ကြီး ပေါ်လာသည်နှင့် တပြိုင်နက် သတ်ဖြတ်လိုစိတ် ရောင်ဝါက ကောင်းကင်သို့ ပျံ့သွားကာ နေရာတစ်ခုလုံး ပြည့်သွားသည်။ထို့ပြင် မွှန်ထူနေသောသွေးနံ့က လေထဲသို့ပျံလွင့်သွားလေသည်။
ထိုအနံ့အသက်များက စုမင်၏လှံကို ဝန်းရံထားပြီး မလွတ်မြောက်နိုင်သော အငြိုးကြီးဝိညာဉ်များက အော်ဟစ်နေပြီ သွေးဆာနေသော အငွေ့အသက်ကို ဖြစ်ပေါ်စေသည်။ ထိုအငြိုးကြီးဝိညာဉ်များက ကောက်ညှင်းလမုန့်ကျွန်းမှ လူရိုင်းများ ဖြစ်သည်။
မကောင်းဆိုးဝါးစောင့်ကြပ်သူချပ်ဝတ်တန်ဆာ ပေါ်လာသည်နှင့် သွေးကိုမြည်းစမ်းကြည့်ရုံဖြင့် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ထိုချပ်ဝတ်တန်ဆာ၏ ထင်ရှားမှုက စုမင်၏ သောင်းကျန်းမှု စတင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူက လှံရှည်ကို ဝှေ့ယမ်းလိုက်စဉ် ထိုလူသုံးယောက်က သူ့နားသို့ကပ်လာလေသည်။ ထို့နောက် သူက ခရမ်းရောင် အရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ မရဏ ရောင်ဝါက သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာသည်နှင့်အမျှ အနက်ရောင်မြူခိုးများက ကောင်းကင်ကို လွှမ်းခြုံသွားသည်။အနက်ရောင်မြူခိုထုကြီးထဲတွင် ကြယ်များကဲ့သို့ နီရဲနေသည့် မျက်လုံးတစ်စုံက ထူးဆန်းပြီး ကြောက်စရာကောင်းလေသည်။ ထို့နောက် သုံးယောက်သားက သူ့ ညာဘက်နားသို့ ပေါ်လာသည်။
ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထုထဲတွင် တဟုန်ထိုး ပျံ့နှံ့သွားလေသည်။ ပြင်းထန်သော စွမ်းအားတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားသဖြင့် အဘွားကြီးက သွေးတစ်လုတ်ကြီးအန်ကာ ပေရာနှင့်ချီ၍ နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူမက နောက်တစ်ကြိမ် သွေးအန်ပြီးနောက် အံ့ဩတုန်လှုပ်မှုက သူမ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
“မာန်စိတ်ဝိညာဉ်နှောင်းပိုင်း နယ်ပယ်”
ယခင်က သူမမှာ စုမင်၏ ထူးဆန်းသော မြင့်မြတ်သော စွမ်းရည်များကို သတိပြုမိသော်လည်း၊သူ့ကျင့်ကြံဆင့်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သူမစိတ်ထဲမှာတော့ စုမင်က မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်သာ ရှိသည်ဟု ထင်နေခဲ့သည်။သူမ စုမင်ကိုနောက်ဆုံးမြင်ခဲ့သည်မှာ လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကပင်ဖြစ်သည်။
ယခုမူ စုမင်နှင့် အပြန်အလှန်တိုက်ခိုက်ပြီးနောက် အရာအားလုံးက သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားကြောင်း တုန်လှုပ်ခြောက်ခြားဖွယ် တွေ့ရှိခဲ့ရသည်။
သူမ နောက်ပြန် လဲကျသွားသည့်အခါ အဖြူဝတ် အဘိုးကြီးကလည်း နောက်ပြန်လဲကျသွားသည် ။ သူက ပေရာနှင့်ချီ တရွက်တိုက်ပါသွားပြီူနောက် သူ့မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်ကနေ သွေးထွက်လာသည်။ ဆိုးဆိုးရွားရွား ချောင်းဆိုးခြင်းက သူ့ခန္ဓာကိုယ်ကို ပျက်စီးစေခဲ့သည်။သူ ချောင်းဆိုးလိုက်သည့်အခါ ညာဘက်လက်မှ အနီရောင်ချည်မျှင်တစ်ခု ထွက်လာသည်။ သူ့မျက်နှာပေါ်တွင် နီရဲနေသော အနီစက်များ ပေါ်လာပြီး နာကျင်နေသော်လည်း စုမင်ကို စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်နေလေသည်။
မြူခိုးနီများတွင် ထိုင်နေသူမှာလည်း နောက်သို့လဲကျသွားခဲ့သည်။ မြူခိုးထုပြိုကွဲသော်လည်း သူ့ဦးခေါင်းမှာ နီရဲနေသော်လည်း ရုပ်တုနှင့်တူသော ခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲသွားပြန်သည်။ သူ ထို နေရာ၌ရပ်ပြီး စုမင်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူက စိုးရိမ်စိတ်ကင်းမဲ့ နေပုံပေါက်သော်လည်း ထိုအမူအရာအောက်တွင် ဖုံးကွယ်ထားသောအရာများ ရှိနေသည်။
စုမင် ထိုဆံနီကို မြင်လိုက်သောအခါတွင် သူ၏မျက်လုံးများက ပြူးကျယ်သွားသည်။
“ကျီချဲ...”
ထိုဆံနီနှင့်လူက ကျီချဲပင်။စုမင် ၏အသံကိုကြားသောအခါ ထိုလူက ချက်ချင်းပင် တုန်လှုပ်သွားကာ သူ့မျက်လုံးထဲတွင်ရန်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။
သို့ပေမဲ့ အတိတ်က သူတို့ ခွဲခွာစဉ်က ကျီချဲက ရိုးရေစတေးအဆင့်ကိုတောင် မရောက်ရှိသေးပေ။ ယခုမူသူပြသခဲ့သော စွမ်းအားက မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်၌ ရှိနေလေသည်။စုမင်က ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေသည်။
သူ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျီချဲ မှာ တစ်ခုခုမှားနေကြောင်း သိနိုင်သည်။ သူ့ခန္ဓာကိုယ်ကို အသွေးအသားနှင့် ဖွဲ့စည်းမထားဘဲ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ… မာန်နတ်ဘုရားသခင်၏ရုပ်တုနှင့်တူသည်။
တစ်ချိန်တည်းမှာပင် လူလေးဦး၏နာကျင်မှုဒါဏ်ကြောင့် ပျံ့နှံ့သွားခဲ့သော လှိုင်းလုံးများက နယ်မြေတစ်ဝိုက်ရှိ အခြားနန်းတော်များများကို ရိုက်ခတ်သွားခဲ့သည်။ စုမင်က ၎င်းတို့ကို ထိလိုက်သောအခါတွင် ကျန်နန်းတော်ခြောက်ခုက ပြိုကျသွားပြီး ဖုန်အတိဖြစ်သွားလေသည်။
ပြိုကျသွားသည်နှင့် ထိုနန်းတော်ခြောက်ခုတွင် မည်သူမျှမရှိသည်ကို သူတွေ့ရှိခဲ့သည်။
ထိုမြင်ကွင်းက ထူးဆန်းသောလေထုဖြင့် ပြည့်နှက်နေလေသည်။ထိုမျှသာမက ကောင်းကင်ဘုံနယ်နမိတ်တစ်ခုလုံးက ထူးဆန်းသောလေထု အုပ်ဆိုင်းနေလေသည်။ သို့သော်လည်း ကျန်နန်းတော်များမှာ ဘာမှမကျန်ကြောင်း သိလိုက်ရသည့်အခါ အေးခဲကောင်းကင်ကလန်မှ တပည့်များက စိတ်ရှုပ်ထွေးသွားလေသည်။
“ဆရာကြီး ထွက်သွားပါ ဒီနေရာက…”
ထိုအချိန်တွင် ကျီချဲက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူစကားမဆုံးမီတွင် အနီရောင်ချည်မျှင်များစွာက ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများမှ ထိုးထွက်လာခဲ့သည်။ ထို့နောက်သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာပြန်သည်။
“မင်းဒီကိုရောက်ကတည်းက ဘာလို့ မြန်မြန်ထွက်သွားရတာလဲ စုမင်... ငါမင်းကို ကိုးလွှာမှာစောင့်နေမယ်....ငါလက်တွေနဲ့မင်းကိုသတ်ပစ်မယ်...”
လေးနက်သောအသံက ကောင်းကင်မှ ရုတ်ခြည်းထွက်ပေါ်လာပြီး အနက်ရောင်မြူများဖြင့် ပြည့်နှက်နေသေးသော ကောင်းကင်ပြင်၏ အစိတ်အပိုင်းတွင် ဝဲဂယက်တစ်ခုပေါ်လာသည်။ ထိုဝဲဂယက် ဝေ့လည်သွားသည်နှင့်အမျှ ကျယ်ပြန့်သော မြေပြင်ကြီးတစ်ခု ပေါ်လာသည်။
“စကားမစပ် ပိုင်စုလည်းဒီမှာရှိတယ်..မင်း တစ်နာရီအတွင်းရောက်အောင်မလာရင် မင်းရဲ့စီနီယာအစ်ကိုဟူကျီက ကျီချဲလိုပဲ အဆုံးသတ်ရလိမ့်မယ်.. “
“ပြီးတော့ မင်းကိုစောင့်နေတဲ့မိတ်ဆွေဟောင်းကြီးရှိတယ်.. သူက မင်းကို တကယ်တိုက်ချင်နေတာ...
“စုမင်.. ငါဒီနေ့ကိုစောင့်နေတာကြာပြီ..မင်းပြန်လာတာကိုငါအမြဲစောင့်နေခဲ့တယ်... ငါ မင်းကိုဖြည်းဖြည်းချင်းဒုက္ခပေးပြမယ်..ငါ အဆပေါင်းထောင်ချီပြီးခံစားခဲ့ရတဲ့ ဝေဒနာအားလုံးကို မင်းဆီပြန်ပို့ပေးမယ်..ငါကမှ မာန်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ဘုရားသခင်ပဲ..”
ထိုအသံက လေထဲတွင် ပဲ့တင်ထပ်နေပြီး အေးစိမ့်သောလေထု ချုပ်ကိုင်ထားလေသည်။ ထိုအသံသည် စစ်မာရှင်း၏အသံဖြစ်သည်။
ထိုအသံထွက်ပေါ်လာသည့်အခိုက်တွင် ကောင်းကင်ဘုံနယ်နမိတ်မှ ရွေ့ပြောင်း မှော်စက်ဝန်းက ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားသည်။
တစ်ချိန်တည်းမှာပင် အိပ်ပျော်နေသောဟူကျီက သူ့နောက်ကျောမှ အမာရွတ်များ စုတ်ပြဲသွားသည်ကို သတိမထားမိပေ။ ကောင်းကင်ဘုံနယ်နမိတ်အပြင်ဘက် နဝမမြောက်တောင်ထွဋ်၌ သူအိပ်ပျော်နေချိန်တွင် သူ့နောက်ကျောမှ သွေးကြိုး မျှင်များ တွားသွားပြီး ရွေ့နေကြသည်...
ထိုအရာက စုမင်မသွားခင် သတိမထားမိသည့် အရာတစ်ခုပင်...
“ကစားပွဲတော့စပြီ စုမင်..ငါ မျှော်လင့်နေပါတယ်...”
စစ်မာရှင်း၏ အသံက ပို၍ ပျော့ပျောင်းလာကာ ကြားရသူများက ယောက်ျားလား မိန်းမလား မပြောနိုင်ပေ။ စုမင် ရင်တွင်းရှိ အမုန်းတရားများက သူ့စိတ်ဝိညာဉ်တွင် ထွင်းထုထားသလို ခံစားလိုက်ရသည်၊၊ မကျေချမ်းနိုင်သော အမုန်းတရားများပင် ဖြစ်၏။
မှတ်စုများ
ထိုသခင်လေးက စုမင်ကို လေလံပွဲအတွင်း ကူညီပေးခဲ့ပြီး လျှို့ဝှက်လေလံပွဲသို့ ဖိတ်ကြားချက်ကိုလည်း ပေးခဲ့သည်။