← Chapters

“ငါ ချမ်းသာပြီကွ...”

Vol. 40 Ch. 546

“ငါ ချမ်းသာပြီကွ...”

Vol. 40 Ch. 546

စုမင်က ခေါင်းကို မော့လိုက်ပြီး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းထားသော ကောင်းကင်ရှိ ရဝဲဂယက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ စစ်မာရှင်း၏ နူးညံ့ပြီး လေးနက်သော အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေပြီး ထိုအသံအတွင်းမှ အရာအားလုံးမှာ ရန်ငြိုးဖွဲ့မုန်းတီးခြင်းများ ပါဝင်နေလေသည်။

သူက စုမင်၏ နှလုံးသားကို တုန်လှုပ်စေရန် ကျီချဲကို အသုံးပြုခဲ့သည်။ထို့နောက် ပိုင်စုကို သူ့အမှတ်တရများ ဖော်ထုတ်ရန် အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် ဟူကျီ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော သွေးကြိုးမျှင်များကိုအသက်သွင်းခဲ့လေသည်။ စုမင်မှာ ထိုအရာအားလုံးကို အချိန်ကန့်သတ်ချက် တစ်နာရီအတွင်း ဖြေရှင်းရမည်ဖြစ်သည်။

အထူးသဖြင့် သူ့ပစ်မှတ်မှာ စုမင်ဖြစ်သောကြောင့် ညှင်းပန်းနှိပ်စက်ဖိအားပေးချင်ခဲ့သည်။

သူက စုမင်ကို ပူပန်သောကရောက်စေချင်သည်။ စိတ်ဆိုးဒေါသထွက် စေချင်သည်။ တခြားဘာမှဂရုမစိုက်ဘဲ သူ့ဆီသို့ အရူးအမူး လာ စေချင်သည်။ ထိုစိတ်လှုပ်ရှားစရာမြင်ကွင်းကို သူမြင်ချင်ပြီး ဒါဏ်ရာများစွာကို ဖုံးကွယ်ထားသောစုမင်ကို မြင်ချင်ခဲ့သည်။ ဤသို့ဖြင့် စစ်မာရှင်းက သူ၏လက်စားချေမှုကို ပြုလုပ်မည်ဖြစ်သည်။

ယခုကဲ့သို့နေ့မျိုးအတွက် သူ ပြင်ဆင်နေခဲ့သည်မှာ ကြာလေပြီ။ သူသည် စုမင် ကို အကြိမ်အနည်းငယ် ရှုံးနိမ့်ခဲ့ပြီး အချင်းချင်း တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း စုမင်အပေါ် နားလည်မှု တိုးပွားလာခဲ့သည်။ ထိုအချိန်တွင်၊ သူက သူ၏ကံဖေးမမှုကို ရရှိပြီး အေးခဲကောင်းကင်ကလန်ထဲမှ ထွက်သွားပြီးနောက် စုမင်ကို သတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

ထို့ကြောင့် သူက ကောင်းကင်ဘုံနယ်နမိတ်တွင် ကြီးမားသောအစီအစဥ်ကို ပြုလုပ်ထားပြီး စုမင်ပြန်လာမည့်အချိန်ကို မုန်းတီးမှုဖြင့် စောင့်ဆိုင်းနေခဲ့သည်။

ထိုနေ့မှာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

စုမင်က တိတ်ဆိတ်မြဲ တိတ်ဆိတ်တေလေသည်။စစ်မာရှင်းမျှော်လင့်နေသော အမျက်ဒေါသနှင့် ကြုံးဝါးအော်ဟစ်သံများက စုမင်ဆီမှ ထွက်ပေါ်မလာပေ။ ယင်းအစား စုမင်၏ လူသေအလား တိတ်ဆိတ်မှုကို သူမြင်လိုက်ရသည်။စုမင်က ကောင်းကင်ရှိ ဝဲဂယက်ကို အေးအေးဆေးဆေးကြည့်ကာ လေထဲသို့ ရွေ့လျားသွားလေသည်။ ချက်ချင်းပင် သူက ဝဲဂယက်ဆီသို့ အရှိန်တင်လိုက်သည်၊၊ ကျီချဲ၊ ဝတ်ရုံဖြူ အဘိုးအိုနှင့်အဘွားအိုမှာ အနည်းငယ် ပြန်လည်သက်သာလာခဲ့သည်။ ထို့နောက်ကျီချဲ ၏ရူးသွပ်မှု၊ အဘိုးအို၏ရှုပ်ထွေးသောခံစားချက်များနှင့် အဘွားကြီး၏အံကြိတ်မှုများကြားတွင်၊ လူသုံးဦးက ရှည်လျားသောအလင်းတန်းများအဖြစ်သို့ပြောင်းသွားပြီး စုမင် အား အတူတကွတိုက်ထုတ်ရန် ပေါင်းစည်လိုက်ကြသည်။

“စုမင်.. ကိုးလွှာမှာ မင်းကိုစောင့်နေမယ်...”

စုမင်က လေထဲ၌ မတ်တပ်ရပ်နေစဉ် လူသုံးယောက် သူ့ဆီသို့ အပြေးအလွှား လာနေသည်ကို ကြည့်နေလေသည်။ သူ့မျက်လုံးများထဲတွင် လင်းလက်လာပြီး သူ့ဘက်သို့ အရှိန်တင်နေသော သုံးယောက်ကို လျစ်လျူရှုလိုက်သည်။ ယင်းအစား၊ သူက မကောင်းဆိုးဝါး လှံတံကို ကောင်းကင်ရှိ ဝဲဂယက်ထဲသို့ တည့်တည့် ပစ်ချလိုက်သည်။

ထိုခရမ်းရောင် လှံရှည်က လေထဲသို့ ဖြတ်သွားစဉ် ကျယ်လောင်သောစူးရှဖောက်ထွင်းသံကို ထုတ်လွှတ်‌ ပေးသည်။ ထိုအသံက စစ်မာရှင်း၏ အသံနှင့် ပေါင်းစပ်ကာ အဝေးမှ ရှည်လျားသော ခရမ်းရောင်နဂါးကြီး တစ်ကောင်ကဲ့သို့ ကောင်းကင်ယံရှိ ဝဲဂယက်ဆီသို့ ဦးတည်သွား လေသည်။

စစ်မာရှင်းက သူ့စကားမဆုံးခင် စုမင် ၏ စွမ်းအားများပါသော လှံရှည်ကြီးက ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကောင်းကင်ဆီသို့ ပျံသန်းသွားလေသည်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မိသည့် အချိန်၌ လည် ပတ်နေသောဝဲဂယက်က ခဏရပ်သွားလေသည်။ ခဏမျှ ရပ်တန့်သွားပြီးနောက် ကောင်းကင်မှာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

၎င်းက စစ်မာရှင်း၏ အသံကို လုံးလုံးလျားလျား ဖုံးအုပ်သွားလေသည်။ ကောင်းကင်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီး အက်ကွဲသွားသည်။ ထိုဝဲဂယက်က ချက်ချင်း အပိုင်းပိုင်းကွဲသွားပြီး ကောင်းကင်၌ ကြီးမားသော အပေါက်တစ်ခု ပေါ်လာသည်။

ထိုအပေါက်၏နောက်ကွယ်မှာ… ကောင်းကင်ဘုံနယ်နမိတ် ဒုတိယအလွှာပင်..

ထိုအပေါက်ကြီး ပေါ်လာသည်နှင့် တပြိုင်နက် ပထမအလွှာရှိ စုတ်ပြဲနေသော ကောင်းကင်ယံမှာ အနက်ရောင်မြူခိုးများက နေရာတိုင်းသို့ လွင့်ပျံနေလေသည်။ထိုအနက်ရောင် မြူခိုးများက ရေမြောင်းတစ်ခုနှင့် တူပြီး အပေါက်ကြီးဆီသို့ ဦးတည်သွားစဉ် ကောင်းကင်မှာ နောက်ထပ် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် မြူခိုးများနှင့် တိမ်များက ရှေ့သို့ လွင့်ပျံလာကာ ထိုနေရာ၌ ပေါင်းစည်းနေပုံရသည်။

၎င်းက ဝဲဂယက်ဖြစ်နိုင်သော်လည်း စုမင်က ၎င်းကို ဖန်တီးခဲ့သူဖြစ်သည်။ ဤဝဲဂယက်က စစ်မာရှင်း၏စကားသံကို ဖြတ်တောက်ပြီး သူ့မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ပင် ဖြစ်နေလေသည်။ စုမင်က ဘာမှ လေမပေါဘဲ ချက်ချင်းလက်ပါရန်ဆုံးဖြတ်လိုက်သည်။

“ငါ့ဘဝမှာ လူပေါင်းများစွာကို သတ်ခဲ့ဖူးပြီ.. ဒီနေ့လည်း ဒီထက်မက သတ်ပစ်မယ်..အဲဒီထဲက တစ်ယောက်က မင်း ဖြစ်လိမ့်မယ်...”

လောကကြီးက ပြင်းထန်စွာ တုန်ခါလာပြီး အနက်ရောင် မြူခိုးများက ဝဲဂယက်ထဲမှာ လူးလိမ့်ပေါင်းစပ်နေလေသည်။စုမင်၏ အသံက နယ်မြေထဲတွင် ငြိမ်သက်စွာ ပဲ့တင်ထပ်နေပြီး မိုးခြိမ်းသံများနှင့် ပေါင်းစပ်ကာ အဆုံးမရှိ ပဲ့တင်ထပ်သံများ ထပ်မံထွက်ပေါ်လာသည်။ ထိုစကားကို ကြားသူတိုင်းက စုမင်က ပြော နေသလား သို့မဟုတ် လောကကြီးက ပြောနေသလားကို မပြောနိုင်ပေ။

ကောင်းကင်မှာ အပေါက်ကြီးပေါ်လာချိန်မှာ ကျီချဲနှင့်ကျန်နှစ်ယောက်က စုမင်ထံသို့ နီးကပ်လာလေသည်။ထိုလူသုံးဦးစီက မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ရှိ ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်ကြလေသည်။ တိုက်ခိုက်သောအခါတွင် မယုံနိုင်လောက်အောင် အားကောင်းသည့် တည်ရှိမှုကို လှုံ့ဆော်ပေးခဲ့သည်။ ကျီချဲက အနီရောင် မြူခိုးအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေထုအပါအဝင် သူ့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းက ဆွေးမြေ့စပြုလာသကဲ့သို့ ဝါးမျိုခံရသကဲ့သို့ ထင်ရသည်။

ဝတ်ရုံဖြူအဘိုးအိုက သူ၏လက်နှစ်ဘက်နှင့် ချိပ်စည်းတစ်ခုပြုလုပ်လေသည်။ သူ၏ရှေ့နှင့်နောက်ရှိ လေထုက တွန့်လိမ်ပျက်ယွင်းလာပြီး မာန်နတ်ဘုရားရုပ်ထုနှစ်ခုပေါ်လာလေသည်။ သို့သော် ၎င်းတို့ထဲမှ တစ်ခုက ကျောက်မျက်ရတနာဖြင့်သန့်စင် ထားသော ပန်းအိုးကို ကိုင်ထားသည်။

ထိုပန်းအိုးမှတပါး ရုပ်ထုနှင့်ပတ်သက်သော အရာအားလုံးက ထင်ယောင်ထင်မှားဖြစ်ပုံရပြီး ကွဲကွဲပြားပြားမရှိလှပေ။ သို့သော် အခြားရုပ်တုက တကယ့်အစစ်ကဲ့သို့ပင်။

အဘွားကြီး၏ ရှုပ်ပွနေသော ဆံပင်များက လျင်မြန်စွာ လွင့်ပျံသွားသည်။ သို့သော် စုမင်ဘက်သို့အရှိန်တင်သွားသောကြောင့် မပြန့်သွားပေ။ ယင်းအစား၊ ၎င်းတို့က လေထဲသို့ လွင့်စဉ် အလယ်မှ ခွဲထွက်သွားပြီး စုမင် ဆီသို့ ပြေးဝင်သွားသော အဆုံးမရှိသော ဆံချည်မျှင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်က တိတ်တိတ်ဆိတ်ဆိတ်နှင့် အဘွားကြီးဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်က ဆံချည်မျှင်မျာနှင့် ချက်ချင်းထိတွေ့သွားသည်။ ထိတွေ့စဥ်တွင် သူ့မျက်လုံးများက လင်းလက်နေပြီး ခေါင်းလောင်းသံများက လေထဲတွင် တဟုန်ထိုးမြည်လာသည်။ ထိုစဉ် ဟန်တောင်တန်းခေါင်းလောင်းကဆံပင်၏

သက်ရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိရန် စုမင်နားတွင် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် စုမင်က အဘွားကြီးရှေ့တွင် ပေါ်လာသည်။

အဘွားကြီး၏ စူးစူးဝါးဝါးအော်သံ ထွက်လာသည်။ သူမ ဆုတ်ခွာသွားသည့်အခါ စုမင်က ရုတ်တရက် သူ့ညာလက်ကို မလိုက်ပြီး သူမဆုတ်ခွာရာရှိလေကို ဆုပ်ကိုင်လိုက်သည်။ စုမင်ထံမှ ချီးမြှောက်ခံရခြင်မှလာသော ဆန့်ကျင်ဘက်ဒွိ စွမ်းအားများကြောင့် အဘွားကြီး နောက်ပြန်ဆုတ်သွားစဉ်တွင် ချက်ချင်းပင် အေးခဲရပ်တန့်သွားသည်။ ကွဲအက်သံများက သူမခန္ဓာကိုယ်ထဲမှာ ပဲ့တင်ထပ်နေပြီး ပေါက်ကွဲခါနီးမှာပဲ သူမလျှာဖျားကို ကိုက်လိုက်သည် ။ သူမပါးစပ်က သွေးအန်လိုက်သည်နှင့် သူ့အရေပြားမှာ အက်ကွဲကြောင်းများပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ အရေပြားများ ကွဲအက်သွားကာ စူးစူးဝါးဝါး နာကျင်အော်ဟစ်သံများ ထွက်လာသည်။ သူမ၏ အရေပြားများ ကွဲအက်သွားသော်လည်း သူမ၏ ခန္ဓာကိုယ်သည် မပြိုလဲသွားပေ။သူမ၏ အရေပြားက ကွဲအက်သွားပြီး စုမင်၏ မြင့်မြတ်သော စွမ်းရည်ကို တွန်းလှန်ခဲ့သည်။ သူမ နောက်ပြန်ဆုတ်သွားသည်နှင့်အမျှ သူမ၏ အသွင်အပြင်က ပို၍ နုပျိုလာသော်လည်း သူမ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူမက ထိတ်လန့်နေပုံရပြီး ပါးစပ်မှ သွေးများစွာ ထွက်ကျလာသည်။

သို့သော် သူမနောက်သို့မဆုတ်ခွာနိုင်မီ ကျီချဲ နှင့် ဝတ်ရုံဖြူအဖိုးအိုတို့က မြင့်မြတ်သောစွမ်းအားများဖြင့် စုမင်နားသို့ကပ်လာသည်။ သူက အေးစက်စွာနှာမှုတ်ထုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြန်သည်။ တခဏချင်းမှာပင် သူ့အရှိန်က သာမန်မျက်စိနှင့် မမြင်နိုင်သောအမြန်နှုန်းကို ရောက်ရှိသွား လေသည်။ သူက အဘွားအိုကို လေပွေတစ်ခုကဲ့သို့ လှည့်ပတ်ရင်း ရုတ်တရက် ပေါ်လာသည်။ ထိုလေပွေက မပျောက်ကွယ်ခင် အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားကာ သူမနားမှ ထွက်ပေါ်လာသည်။ သို့သော် သူက အဘွားအိုကို စိတ်မဝင်စားတော့ဘဲ ဝတ်ရုံဖြူ အဘိုးအိုကို အေးစက်စွာ ကြည့်နေလေသည်။

အဘွားကြီးက တစ်ရှိန်ထိုး တုန်ခါစပြုလာသည်။ သူမ ပါးစပ်ကို ဖွင့်ပြီး တစ်ခုခုပြောလိုက်ချင်သလိုလို ဖြစ်နေသည်။သို့သော်လည်း သူမ၏ အသွေးအသား အားလုံးကို ဓါးများဖြင့် လှီးဖြတ်ထားသကဲ့သို့ ဖြစ်သွားသည်။ သူမ၏ အရိုးစုများသာ ကျန်တော့သည်တိုင်အောင် သူမ၏ ခန္ဓာကိုယ်မှ အသားများ ပျော်ကျလာသည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားသည်...

သေဆုံးခဲ့ပြီ....

မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ရှိ ကျင့်ကြံသူကိုသတ်ခြင်းက စုမင်အတွက်မခက်ခဲပေ။ အထူးသဖြင့် သူက မကောင်းဆိုးဝါးအစောင့်အရှောက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်သောအခါတွင်ပို၍မခက်ခဲပေ။

အဘွားကြီး၏ အရိုးစုက မြေပြင်ပေါ်သို့ မကျမီတွင် သူမ၏ အရိုးများပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာသည်။ သူမ၏ အရိုးများမှ လက်ချောင်းအရွယ်အစားရှိသည့် အနီရောင် ချည်မျှင် ဆယ့်ရှစ်ခု ထွက်ပေါ်လာသည်။ ထိုချည်မျှင်များက တွန့်လိမ်သွားပြီး သွေးအဖြစ်ပြောင်းကာ သေဆုံးသွားကြသည်။

စုမင်က ဝတ်ရုံဖြူအဘိုးအိုဆီသို့ လှည့်ကြည့်လိုက်သောအခါ သူမျက်နှာတွင် အပြင်းအထန်အားထုတ်နေရပုံပေါ်သည်။ သို့သော်လည်း သူ မနှေးကွေးဘဲ အထူးသဖြင့် သူ့ရှေ့ရှိ ကျောက်မျက်ရတနာသန့်စင်ထားသော ပန်းအိုးကို ကိုင်ဆောင်ထားသည့် ရုပ်တုကို တွေ့လိုက်ရသည်။ သူ ရှေ့တစ်လှမ်းတိုးလာသည်နှင့်အမျှ ၎င်းက စုမင်နှင့်နီးကပ်လာခဲ့သည်။ ၎င်းလက်ထဲတွင် ပန်းအိုးကို ကိုင်ကာ စုမင်ကို ဖုံးအုပ်လိုက်သည်။

ချက်ချင်းပင် ကြီးမားသော စုတ်ယူအားက စုမင်ဆီသို့ တိုးဝင်လာသည်။ တစ်ချိန်တည်းမှာပင် ဝတ်ရုံဖြူအဖိုးအို၏နောက်ကွယ်ရှိ မာန်နတ်ဘုရားရုပ်ထုက စုမင်နှင့်နီးကပ်လာသည်။သူ့ ညာလက်ကို မြှောက်လိုက်သောအခါ ရှည်လျားသောကြာပွတ်က ထင်ရှားလာသည်။ ထိုကြာပွတ်ကို လှုပ်ယမ်းလိုက်သောအခါ ကျယ်လောင်သောအက်ကွဲသံသည် လေထဲသို့ ဖြတ်သွားကာ စုမင်ဆီသို့ ဦးတည်သွားလေသည်။

ဝတ်ရုံဖြူအဖိုးအိုက သွားများကို အံကြိတ်ကာ မျက်လုံးများကို မှိတ်ထားသည်။ သူ၏၀တ်ရုံများက ပွထလာပြီး မျက်ခုံးလယ်တွင် သွေးထွက်သံယိုအ ပေါက်တစ်ခု ပေါ်လာသည်။ မွေးကင်းစကလေး၏ လက်မောင်းအရွယ်အစားခန့် အနီရောင်ချည်မျှင်က ၎င်းမှ တွားထွက်လာသည်။

“နမ်, မော့, တီ, လာ, ကျန်း..”

ဝတ်ရုံဖြူ အဘိုးအိုက မျက်လုံးများကိုမှိတ်လိုက်သည့်အခိုက်တွင်၊ ရှေး ဟောင်းလေသံများပြည့်နှက်နေသော ခက်ခက်ခဲခဲ စကားလုံးအချို့သည် သူ့နှုတ်ခမ်းများမှ ရေရွတ်နေလေသည်။

ထိုစကားများပြောပြီးသည်နှင့် ပန်းအိုးကိုင်ထားသော ရုပ်တုက ပန်းအိုးနှင့် ပေါင်းစပ်ရန် လျင်မြန်စွာ ပျောက်ကွယ်သွားကာ အတွင်းမှ စုပ်ယူအား ချက်ချင်း ပေါက်ကွဲထွက်လာစေသည်။

စုမင်ပင်လျှင် ဟန်ချက်မညီနိုင်တော့ဘဲ တုန်ယင်နေတော့သည်။ ထိုအချိန်တွင် ကြာပွတ်နှင့် ရုပ်တုက စုမင်ကို ရိုက်နှက်ခြင်းမပြုမီတွင် ၎င်း၏ခန္ဓာကိုယ်က ရုတ်ချည်းပေါက်ကွဲသွားသည်။ ထိုအရာက မာန်နတ်ဘုရားရုပ်တုတစ်ခု၏ကိုယ်တိုင် ဖျက်ဆီးခြင်းပင်ဖြစ်သည်။

တခဏချင်းတွင် ပေါက်ကွဲမှု၊ ရိုက်ခတ်မှုများက ပြင်းထန်စွာ ပျံ့နှံ့သွားသည်။ အမည်မသိ အကြောင်းပြချက် တစ်ခုခုကြောင့် ပန်းအိုးမှ စုပ်ယူမှု စွမ်းအားက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။

စကားလုံးငါးလုံးက လေထဲသို့ ပျံ့လွင့်သွားသောအခါ ဝတ်ရုံဖြူအဖိုးအိုက မျက်စိတစ်မှိတ်အတွင်း အရိုးပေါ်အရေတင်သာကျန်ရှိတော့သည်။ သူက မြင့်မြတ်သောစွမ်းရည်ကို အသက်သွင်းနေစဉ် သူ၏အသက်ကို ပေးဆပ်စွန့်လွှတ်ခဲ့သည်။

ဤအရာများအားလုံးက ပန်းအိုးအတွင်းရှိ စုပ်ယူအားကို အဆုံးမရှိသောစွမ်းအားသို့ရောက်ရှိသွားစေခဲ့သည်။စုမင်၏ခန္ဓာကိုယ်အား ပန်းအိုးထဲသို့မစုပ်မီ ရှည်လျားသောအလင်းတန်းအဖြစ်ပြောင်းသွားစေသည်။

အဖိုးကြီးက မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်ခုံးအလယ်မှာ အနီရောင်ချည်မျှင်များက ပို၍ ထင်ရှားလာပြီး တွန့်လိမ်လာလေသည်။သူက ပန်းအိုးကိုမကာ စိုက်ကြည့်လိုက်သည်။ သူ့လက်နှင့်ထိလိုက်သည်နှင့်သူ၏မျှော်လင့်ချက်ဖြစ်သော စာလုံးအားလုံးက အသက်ဝင်လာခဲ့သည်...

“ကယ်ကြပါဦး…”

စုမင်က ပန်းအိုးထဲသို့ စုပ်ခံလိုက်ရသောအခါ ပထမဆုံးကြားလိုက်ရသည့်စကားပင် ဖြစ်သည်။

ထိုအချိန်တွင် လူတို့၏အကြည့်များအားလုံးက ကောင်းကင်ယံ၌ တိုက်ပွဲဆီသို့ ရှိနေကြသည်။စုမင်အသုံးပြုခဲ့‌ သောမှော်အစီအရင်မှ အနက်ရောင်ပုံရိပ်တစ်ခု တွားသွားလာသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ ထိုအနက်ရောင်အရိပ်က ထောင့်တစ်နေရာတွင် ပုန်းနေပြီး ရံဖန်ရံခါ ၎င်း၏ပုန်းအောင်းရာနေရာမှ ခိုးကြောင်ခိုးဝှက် ကြည့်နေတတ်သည်။ မယုံနိုင်လောက်အောင် ညစ်ပတ်နေပုံရပြီး ထိုသတ္တဝါက ထိပ်ပြောင် ကြိုးကြာငှက်ပင်...

‘ငါ ချမ်းသာတော့မယ်... ငါအရမ်းချမ်းသာတော့မယ်ကွ...”

ထိပ်ပြောင်ကြိုးကြာငှက် ပေါ်လာသောအခါ စိတ်လှုပ်ရှားမှု နှင့် ပီတိများက သူ့မျက်နှာကို လွှမ်းခြုံသွားသည်။ ငှက်ကြီးက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ယခင်ပုန်းခိုရာနေရာနှင့် အနီးဆုံးတွင်ရှိသော ကောင်းကင်ဘုံနယ်နမိတ် တပည့်ဖြစ်သူ အနီးသို့ ရောက်ရှိလာသည်။ ယခုအချိန်တွင် မည်သူက မလှုပ်ရှားနိုင်တော့ပေ။ သူက ကောင်းကင်ကို ထိတ်လန့်စွာ ကြည့်နေသည်။

ထိပ်ပြောင်ကြိုးကြာငှက်က ပေကလပ် ပေကလပ်လုပ်ပြီးနောက် တပည့်နားအား ချက်ချင်းကပ်လာကာ နှုတ်သီးနှင့်တို့ထိလိုက်၏။ တပည့်၏ တစ်ကိုယ်လုံးကို ကျွမ်းကျင်သော အကြည့်ဖြင့်ပင် သူ့ဝတ်ရုံကို မဆုတ်ဖြဲမီပင် စူးစူးရဲရဲ ကြည့်မိသည်။ ကောင်းကင်ဘုံနယ်နမိတ် တပည့်၏ ပါးစပ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အဟောင်းသားဖြစ်နေလေသည်။ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို သဘောမပေါက်ခင် ထိပ်ပြောင်ကြိုးကြာငှက်က လည်ပင်းမှ ဆွဲကြိုးကို လုယူသွားကာ လေပြင်းများကဲ့သို့ နောက်လူဆီသို့ ပျံသန်းသွားလေသည်။

‘ငါချမ်းသာတော့မယ်.. အရမ်းချမ်းသာတော့မယ်ကွ.. ဟားဟား... ဒီတစ်ခါတော့ ငါ ပွပေါက်တိုးပြီ... ဒီလူတွေအားလုံးက ဒီအခြေအနေမှာ ဘဲတွေလိုထိုင်နေကြတာပဲ...ဟိုကောင်စုတ်လေးကလည်း ပန်းအိုးထဲ စုပ်ယူခံလိုက်ရပြီ...ငါ ခုလိုလုပ်နေတာတွေ သူသိမှာမဟုတ်ဘူး.. ဒီတစ်ခါတော့ ငါချမ်းသာတော့မယ်ကွ....’

ကောင်းကင်းဘုံနယ်နမိတ်မှ တပည့်က မျက်လုံးများကို ပြူးကျယ်ကာ ဒေါသတကြီး အော်ဟစ်ချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ အေးခဲနေပြီး လှုပ်ရှားလို့မရတော့ပေ။ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားသည့် ထိပ်ပြောကြိုးကြာငှက်ကို ကြည့်နေခဲ့သည်။ ထိုဒေါသက သူ၏ နှလုံးသားထဲတွင် တဟုန်းဟုန်းတောက်လောင်ကာ သူ၏ဆင်ခြင်တုံတရားအား လောင်ကျွမ်းစေလေသည်။ သူ၏ဒေါသနှင့် မည်းမှောင်နေသည့်အတွက် သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများပင် စီးကျလာသည်။ ဒေါသကြောင့် သူ့မျက်လုံးထဲမှာ အနီရောင်တောင် ပေါ်လာလေသည်။

အကယ်၍ သူသာ ယခုအချိန်လေးမှာ လှုပ်ရှားနိုင်ခဲ့လျှင် သူခိုး ထိပ်ပြောင်ကြိုးကြာငှက်ကို သတ်ပစ်မယ်ဟု ကျိန်ဆိုရဲ၏

ထိုကဲ့သို့ အတွေးမျိုး…တွေးနေသော လူအုပ်ကို ထိပ်ပြောင် ကြိုးကြာငှက်ကြီးက ဆက်တိုက် ဖြတ်ကျော်လာခဲ့သည်။

မှတ်စုများ-

ကျောက်မျက်ရတနာသန့်စင်သောပန်းအိုး-

သန့်စင်မှု၊ ကျင့်ကြံမှုနှင့် တရားအားထုတ်ရန် အတွက် အသုံးပြုသည်။

All Chapters