နွားသိုးဖြူမျိုးနွယ်စု
Vol. 40 Ch. 547
“ကယ်ကြပါဦး... အေးခဲကောင်းကင်ကလန်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို စွန့်စားယူ ပေးမဲ့ တစ်ဦးတည်းသောလူက...စုမင်...မင်းပဲ ဖြစ်နိုင်တယ်”
“စုမင်.. ငါက ကောင်းကင်ဘုံနယ်နမိတ်ရဲ့ တတိယသခင်ပါ... ဘေးဆိုးကြီးအတွင်းမှာ ကောင်းကင်ဘုံနယ်နမိတ်မှာ ကြီးမား ဆိုးရွားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တယ်.. ငါ့အပြင် ကပ်ဆိုးကြီးကြောင့် မသေတဲ့လူတွေက အဘွားကြီးနဲ့ ပိုင်စုရဲ့ အဖေပဲ..မင်းလည်း သူတို့နဲ့ ရင်းနှီးမှာပါ..”
“သဘာဝကပ်ဆိုးကြီးရဲ့အရင်းအမြစ်က စစ်မာရှင်းပဲ..”
“သူရလာတဲ့ ကံကောင်းမှုမျိုးကို ငါ မသိပေမဲ့ သူ့ရဲ့ကြီးမြတ်တဲ့ အကြင်နာမဲ့မာန်မျိုးစေ့( အချစ်မျိုးစေ့)ချတဲ့စွမ်းရည်က အောင်မြင်လုနီးပါး ဖြစ်နေပြီ...သူ့ရဲ့ကျင့်ကြံမှု အဆင့်ကိုလည်း ငါ မသိဘူး..သူ့ရဲ့ စွမ်းအားက အဆုံးမရှိသလိုပါပဲ.. ငါတို့ အားလုံး.. ကောင်းကင်ဘုံနယ်နမိတ်ကလူတွေက သူ့ပြိုင်ဘက်တွေမဟုတ်ဘူး...”
“သူက ငါနှင့် အခြားတွေမှာလည်း မာန်မျိုးစေ့တွေစိုက်ထားတယ်..ငါတို့က သူ့စကားကို နားထောင်ပြီး ဘယ်လိုနေရမယ် သေရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ဘူး... ကောင်းကင်ဘုံနယ်နမိတ်တစ်ခုလုံးက သူရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်..”
“ငါရဲ့ကျင့်ကြံနည်းကနည်းနည်းထူးခြားတယ်..အဲဒါကြောင့် သူ့ထိန်းချုပ်မှုကနေ ခဏလောက် လွတ်မြောက်နိုင်တယ်..ဒါကြောင့် ငါ့စကားတွေကို ဒီပန်းအိုးထဲမှာ ထားခဲ့နိုင်တာ.. နဝမမြောက်တောင်ထွဋ် ကျန်ရှိနေရတဲ့အကြောင်းအရင်းက စစ်မာရှင်းကြောင့်မဟုတ်ဘူး..ငါပြောတဲ့အချိန်ထိ. နဝမမြောက်တောင်ထွဋ်ကျန်နေရင်တော့ မင်း စစ်မာရှင်းကိုပြန်ပြီး လှည့်ဖြားလို့ရတာပေါ့ ..”
“ငါ့မှာ ဒါကိုလုပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆရာနဲ့ ညီအစ်ကိုတွေအားလုံးကို နဝမမြောက်တောင်ထွဋ်ကို ကာကွယ်ဖို့ ငါကူညီပေးခဲ့တယ်...”
“မင်းမှာ လုံလောက်တဲ့ စွမ်းအားမရှိရင် ပန်းအိုးထဲကို ဝင်နိုင်မှာ မဟုတ်ဘူး...မင်းဒီကို ဝင်လာနိုင်ရင် မင်း ဒီတာဝန်ကို ထမ်းဆောင်နိုင်တယ်ဆိုတာ အချိန်တွေက သက်သေပြသွားတာပဲပေါ့...”
“ကောင်းကင်ဘုံနယ်နမိတ်မှာ အလွှာ ကိုးလွှာရှိတယ်...ပထမအလွှာနှင့် နဝမအလွှာတို့အပြင် ကျန်ခုနစ်လွှာတစ်ဝိုက်မှာ အခြားမျိုးနွယ်စုတွေ နေထိုင်ကြတယ်.. အဲဒီ့မျိုးနွယ်စုတွေက စစ်မာရှင်းရဲ့ လက်အောက်ခံတွေပဲ..”
“မငိး စစ်မာရှင်းကို သတ်လိုက်ရင် နဝမမြောက်တောင်ထွဋ်ကို ငါတို့ရဲ့အပိုင်အစားနယ်မြေလို့ သတ်မှတ်လို့ရပြီ..”
“ဒီပန်းအိုးထဲက ထွက်ဖို့လွယ်ပါတယ်.. မင်း နမ်.. နာ..တီ..လော..ဟုန် ဆိုတဲ့စကားလုံးငါးလုံးကိုပြောပြီးရင် ထွက်သွားလို့ရပြီ... မင်းထွက်သွားရင် မင်းငါ့ရဲ့ချီလမ်းကြောင်းတွေကို ထိုးနှက်ပြီး
ပြန့်ကျဲအောင်လုပ်ပေးပါ.. မင်းအောင်မြင်သွားရင် ငါနိုးထဖို့ နည်းလမ်းရှာမယ်.. ဒါပေမဲ့ မင်းမအောင်မြင်ရင် ငါသေလိမ့်မယ်.. အနည်းဆုံးတော့ ငါ အခုခံစားနေရတာထက် ပိုကောင်းတဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်…”
စုမင်၏ ပတ်ပတ်လည် နေရာက မှုန်ဝါးနေပြီး အဝေးမှ သဲသဲကွဲကွဲ မမြင်ရပေ။ မြူခိုးထုများ ပေါ်လာပြီး သူ့ပတ်ဝန်းကျင်မှာ လှုပ်ရှားနေသည်ကို သူမြင်ရသည်။ အချိန်ကြာကြာကြည့်လျှင် သူ့ သူ့ခန္ဓာကိုယ်က မြူမှုန်များဖြင့် စတင်လည်ပတ်နေပေလိမ့်မည်။
ဝတ်ရုံဖြူအဘိုးကြီး၏အသံက စုမင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံကို ပန်းအိုးထဲမှာ အကြာကြီး ချိတ်ပိတ်ထားပုံရပြီး အဖိုးအိုက သူပြောသလိုပင် ထိုစကားများကို တစ်ချိန်က ပြင်ဆင်ခဲ့တာ ထင်ရှားသည်။
အဖိုးကြီး၏မျက်ခုံးအလယ်တွင် သွေးကြိုးမျှင်ကို မြင်လိုက်ရသော် စုမင် ပြန်သတိရမိသည်။ ကျီချဲ၏ ထူးဆန်းသောအသွင်အပြင်နှင့် စိတ်နေသဘောထားအပြင် အဘွားအို၏အရိုးများမှ ပေါက်ထွက်လာသည့် သွေးကြိုးမျှင်များစွာကိုလည်း သတိရမိသည်။
ဤအရာများအားလုံးက ပဟေဠိဆန်လေသည်။ စုမင်က အဖိုးအို၏စကားများကို စတင်သံသယဝင်စေသည်။
‘ငါ သူ့ကို ယုံရမှာလား၊ မယုံသင့်ဘူးလား...’
စုမင်က ခေါင်းကို မော့လိုက်ပြီး ကျောချမ်းဖွယ်အကြည့်တစ်စုံက သူ့မျက်နှာပေါ်တွင် နေရာယူလာသည်။
‘ စစ်မာရှင်းနဲ့ ပတ်သက်ပြီး သူပြောခဲ့တာတွေကို ယုံကြည်လိုက်မယ်..ဒါပေမဲ့ ဒီနေရာကနေ ထွက်သွားဖို့ သူ ပြောတဲ့ နည်းလမ်းကို မသုံးဘူး..ငါ့လမ်းငါရွေးမယ်...”
ထိပ်ပြောင်ကြိုးကြာငှက်က ပထမအလွှာတွင် ပျော်ရွှင်စွာ လုယက်နေချိန်တွင် ပန်းအိုးကို ကိုင်ဆောင်သူဝတ်ရုံဖြူအဖိုးအိုက စိတ်လှုပ်ရှားနေသည့် မျက်နှာထားဖြင့် လှမ်းကြည့်နေသည်။သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူ့မျက်လုံးရှေ့ရှိ သူ့ပန်းအိုးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ဆူညံသံများမှာလည်း လေထဲသို့ ပျံ့လွင့်သွားသည်။
ထိုမြင်ကွင်းကြောင့် သူ အံ့အားသင့်သွားလေသည်။ထိုစဉ် ပန်းအိုးက ရုတ်တရက် ပေါက်ကွဲသွားသည်။ ကျယ်လောင်သော အသံများက အချိန်အတော်ကြာပြီးသည့်တိုင် မှေးမှိန်သွားခြင်းမရှိသော ပဲ့တင်သံများကို လှုံ့ဆော်ပေးနေလေသည်။ ပန်းအိုးကွဲသွားသည့်အခိုက်တွင် ၎င်း၏အကြွင်းအကျန်များအတွင်းမှ လက်တစ်ဖက်က ထွက်လာပြီး အဘိုးအို၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ကြီးမားသော တွန်းအားတစ်ခုက သူ့ကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့အတွင်း၌ ချီ၏လမ်းကြောင်းအားလုံးကို ပြန့်ကျဲသွားစေသည်။
အဖိုးအိုက ပါးစပ်မှ သွေးများအန်ထွက်ကာ သူ့ခန္ဓာကိုယ် နောက်ပြန်လဲကျသွားသည်။ သူ့လောကကြီးက မည်းမှောင်သွားသည်။ သို့သော် သူ့မျက်လုံးထဲတွင် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင် ရှိနေလေသည်။ သူ့ခန္ဓာကိုယ်အောက်သို့ ပြုတ်ကျလာသည်နှင့်အမျှ ထိုအမူအရာက တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။
ကောင်းကင်ရှိအနက်ရောင်မြူခိုးထုများက အက်ကွဲလာပြီး ကျယ်လောင်သော အသံများက လေထဲတွင် ဆက်လက် ပဲ့တင်ထပ်နေ လေသည်။ စုမင်ရှေ့မှာ တစ်ယောက်ပဲ ကျန်တော့သည်။ထိုလူက ကျီချဲပင်...
သူက အနီရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ သူ စုမင်ဆီသို့ အရှိန်တင်သည်နှင့် သူ့မျက်နှာက ရံဖန်ရံခါ မြူခိုးများကြားတွင် ပေါ်လာသည်။ ရူးသွပ်သောအမူအရာအပြင် နာကျင်မှုနှင့်စုံလုံးကန်းနေသော မျက်လုံးတစ်စုံကို ပြသ နေ လေသည်။
“မင်းက နဝမမြောက်တောင်ထွဋ်ရဲ့ တပည့်တစ်ယောက်ပဲကွ...”
စုမင်က ကျီချဲကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။စုမင်က အခြားသူများကို သတ်ဖြတ်သလို ကျီချဲကို သတ်မည်မဟုတ်ပေ။သူက နဝမမြောက်တောင်ထွဋ်၏ တပည့်တစ်ယောက်ဖြစ်သည်။
ကျီချဲတွင် အနီရောင် မြူခိုးများ ဖုံးလွှမ်းသွားသည်နှင့် တပြိုင်နက် စုမင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာသည်။ သူ့ရှေ့ရှိ လေက ရုတ်တရက် တွန့်လိမ်သွားပြီး မြွေငယ်လေးက ပျံထွက်လာသည်။ ၎င်းက အရှိန်တင်လာသော ကျီချဲဆီသို့ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် အော်သံတစ်ခုထွက် ပေါ်လာသည်။
ဖယောင်းနဂါးကြီး၏ ကြီးမားသော ပုံရိပ်က ချက်ချင်းဆိုသလို ပုံရိပ် ယောင်တစ်ခုအလား ထွက်ပေါ်လာသည်။ ကျီချဲ နီးကပ်လာချိန်မှာတော့ နဂါးကြီးက ပါးစပ်ကိုဟကာ ကျီချဲကို ဝါးမျိုလိုက်သည်။ အနီရောင် မြူခိုးများက ၎င်းထံမှ လွတ်မြောက်သွားပြီး ကျီချဲသာ ဝါးမြိုခြင်းကို ခံရသည်။
သို့ပေမယ့် ကျီချဲ သေသွားပြီဟု မဆိုလိုပေ။ ဖယောင်းနဂါး၏ခန္ဓာကိုယ်အတွင်းပါရှိသော လောကကြီးက သူ့ကို အသက်ဆက်ရှင်စေလိမ့်မည်။စုမင်က စစ်မာရှင်းကိုသတ်နိုင်သည့်အထိ ထိုနေရာတွင် ကျီချဲကို စောင့်ခိုင်းမည်။ ကျီချဲခန္ဓာကိုယ်ထဲတွင်မာန်မျိုးစေ့ဖြင့် ဖွဲ့စည်းထားသော ချိပ်စည်းသည်လည်း ထိုအချိန်တွင် ကျိုးသွားလိမ့်မည်။
စုမင်က ခေါင်းငုံ့ကာ ကောင်းကင်ရှိ အနက်ရောင် မြူခိုးများဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက
မြူခိုးများတလိပ်လိပ်တက်နေသောတွင်းကြီးဆီသို့ ခုန်ချလိုက်သည်။ ထို့နောက် သူက မရဏမြူခိုးငွေ့များနှင့်အတူ ပေါင်းစပ်လိုက်သကဲ့သို့ တွင်းထဲသို့ ပြေးဝင်ကာ ကောင်းကင်းဘုံနယ်နမိတ်၏ ဒုတိယအလွှာသို့ ရောက်သွားသည်။
သူက ကောင်းကင်ဘုံနယ်နမိတ်၏ ပထမအလွှာမှ ထွက်ခွာသွားချိန်တွင် ဝတ်ရုံဖြူ အဘိုးအိုကို ဖြတ်၍ ရှာဖွေနေသည့် ထိပ်ပြောင် ကြိုးကြာငှက်က အေးစက်နေသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်း၏ ‘ပညာရှင်ဆန်သော’ နည်းလမ်းများဖြင့် ရတနာများဟု ယူဆရသည့် အရာများကို ရှာဖွေခဲ့ရာတွင် မူလက စိတ်လှုပ်ရှားနေခဲ့သည်။
“မင်း ကြိုက်သလို လုယက်နိုင်တယ်..ဒါပေမဲ့ မင်းဝင်လာနိုင်ရင် ထွက်တဲ့နည်းလမ်းရှိရမယ်..အဲဒါကြောင့်အပြင်ထွက်ပြီး ငါ့အစ်ကိုကို ဂရုစိုက်ပါ ဒါမှမဟုတ်ရင် မင်းခိုးထားတဲ့ ပစ္စည်းတွေအားလုံးကို ငါယူပစ်မှာ...”
“မင်းဒါကို သေချာလုပ်ရင် နောက်ပိုင်း ငါ့နောက်ကို လိုက်ပြီး မလုယက်စွန့်စားမှုတွေ ဆက်လုပ်ဖို့ ငါစဉ်းစား ပေးမယ်...”
စုမင်၏ပထမစကားကို ကြားသောအခါ ထိပ်ပြောင် ကြိုးကြာငှက်၏ နှလုံးသားထဲတွင် အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်ရန် ဆုံးဖြတ်လိုက်သော်လည်း ဒုတိယစကားကို ကြားလိုက်ရသည်နှင့် တခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ ထိုနေရာ၌ ကျန်ရှိနေသည့် အဖိုးတန်ပစ္စည်းများအားလုံးကို ယူပစ်ခဲ့လေသည်။ ပထမအလွှာရှိ ကောင်းကင်ဘုံနယ်နမိတ်မှ တပည့်များအားလုံးက ကောင်းကင်ယံကို လောင်ကျွမ်းသွားစေသည့် ဒေါသ၊သတ်ဖြတ်လိုစိတ်များနှင့် ၎င်းကို ကြည့်နေလေသည်။ထို့နောက် ၎င်းက ပြိုကျနေသောမှော်အစီအရင် ထဲသို့ ချက်ချင်း တွားသွားခဲ့သည်။ ထို့နောက် အမည်မသိစွမ်းရည်များကို အသက်သွင်းပြီးနောက် ၎င်းက ပျောက်ကွယ်သွားခဲ့သည်။
“ငါ့ပစ္စည်းတွေကို ဘယ်သူမျှ မလုယူစေရဘူး.. ဒါပေမယ့် သူ့အနားမှာ ဆက်ရှိနေရင် ရတနာတွေ ပိုရလာမှာပဲ...”
တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ နဝမမြောက်တောင်ထွဋ်မှ ထိပ်ပြောင်ကြိုးကြာငှက်၏ ခန္ဓာကိုယ်က လေထဲတွင် ပေါ်လာသည်။ ၎င်းက ခြေသည်းများကို မြှောက်ရင်း မေးစေ့ကို ပွတ်သပ်ကာ တွက်ချက်မှုအချို့ပြုလုပ်နေလေသည်။ထို့နောက် ၎င်း၏မျက်လုံးများက တောက်ပလာပြီး ၎င်း၏ခန္ဓာကိုယ်တစ်လျှောက်တွင် ပြည့်လျှံနေသော စိတ်လှုပ်ရှားမှုနှင့်အတူ နဝမမြောက်တောင်ထွဋ်သို့ ပျံသန်းသွားခဲ့သည်။
“သွားတော့မယ်.. ရတနာတွေရနိုင်သရွေ့ ငါအလုပ်လုပ်မယ်..”
“ငါက ငှက်တစ်ကောင်ပါ.. ငါက ကြိုးကြာတစ်ကောင်ပါ..ငါက ပညာရှိပြီး ထူးချွန်တဲ့ ကြိုးကြာတစ်ကောင်ပါ.. ရိုးသားပြီး ဖြောင့်မတ်မတဲ့ ငှက်တစ်ကောင်ပါ...”
ဟု ဆိုနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။ ထိပ်ပြောင် ကြိုးကြာငှက်က သူ့၏ကွဲအက်နေသော နွားတွန်သံကဲ့သို့ အသံနှင့် ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ထို့နောက် နဝမမြောက်တောင်ထွဋ်ဆီသို့ ပျံသန်းသွားခဲ့သည်။
စုမင်က ကောင်းကင်ဘုံနယ်နမိတ်၏ ဒုတိယအလွှာသို့ ဝင်ရောက်လာကာ ချက်ချင်းပင် တိုက်ပွဲထဲသို့ ရောက်သွားခဲ့သည်။ သူက မြက်ခင်းလွင်ပြင်ဖြင့် ဝန်းရံထားပြီး မြေကြီး၏ရနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အနံ့ရသူများကို လန်းဆန်းစေမည့် ခံစားချက်ကို ပေးစွမ်းသည်။သို့သော် ယခုမူ...
ဤနေရာ၌ တိုက်ပွဲများ ပြင်းထန်နေပြီး နေရာတိုင်းတွင် မြင်းခွာသံများ ကြားနေရသည်။ မြေကြီးပေါ်ရှိ မြက်ပင်များကို အပိုင်းပိုင်း ကြေမွကာ မြေကြီးကို တုန်လှုပ်သွားစေသည်။ ဤနေရာ၌ ... စစ်သားများနှင့် မြင်းများ အလုံးအရင်း ရှိသည် ။
မရေမတွက်နိုင်သော လူအများအပြားက အနက်ရောင်မျက်နှာဖုံးများ တပ်ဆင်ထားသည်။ နဂါးမျက်နှာနှင့် မြင်းကိုယ်ထည်ရှိသောသားရဲများကို စီးနင်းကာ ချပ်ဝတ်တန်ဆာများကို ထားကြသည်။ ဤရက်စက်ကြမ်းကြုတ်သော သားရဲများက လေထဲသို့ ပြေးကြပြီး ၎င်းတို့ပေါ်တွင် ထိုင်နေသော အားအနည်းဆုံးကျင့်ကြံသူများတောာင် နိုးထခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေပြီဖြစ်သည်။
ဤသည်မှာ လူထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စစ်တပ်ဖြစ်ပြီး ၎င်းတို့အားလုံးက ဤမြက်ခင်းပြင်ပေါ်ရှိ စုမင်ကို တစ်ရှိန်ထိုး တိုက်ခိုက်ကြသည်။ ရှည်လျားသောလှံများနှင့် ဓားရှည်များမှ စူးရှသောအလင်းများက စစ်မီးများဖြင့် ပြည့်နှက်သွားစေသည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေတွင် နွားသိုးဖြူမျိုးနွယ်စုကသာ သားရဲများ စီးနင်းရာတွင် ကျွမ်းကျင်ပြီး အေးခဲကောင်းကင်ကလန် အနီးတစ်ဝိုက်တွင် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသူများသာ ဖြစ်ကြပါသည်။
နွားသိုးဖြူမျိုးနွယ်စု၏အဖွဲ့ဝင်များက စီးနင်းမှုအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့၏ မြင့်မြတ်သာစွမ်းရည်များအားလုံးကို ၎င်းတို့၏ခန္ဓာကိုယ်အောက်ရှိ စစ်မြင်းများနှင့် ပေါင်းစပ်ပြီးမှသာ အသက်ဝင်လာမည်ဖြစ်သည်။ ၎င်းတို့၏ အပြင်းထန်ဆုံး လှုပ်ရှားမှုမှာ စစ်မြင်းများဖြင့် ဖွဲ့စည်းထားသော ပြည့်စုံစွမ်းအားဖြစ်သည်။
အကယ်၍ ၎င်းတို့က တစ်ရာထက်မပိုသော ခံနိုင်ရည်အား ဖွဲ့စည်းနိုင်ခဲ့ပါက၊ ၎င်းတို့၏ တိုက်ခိုက်မှုနောက်ကွယ်မှ စွမ်းအားများက မယုံနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းပေလိမ့်မည်၊ သို့သော် ၎င်းတို့သည် တစ်ထောင်ထက်မကသော ခံနိုင်ရည်အားကို စွမ်းဆောင်နိုင်ခဲ့ပါက၊ သူတို့၏ စွမ်းအားက ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်သည်။ အမှန်မှာ၊ ဤစစ်မြင်းများက ကောင်းကင်သို့ ခုန်တက်နိုင်သောကြောင့် ကောင်းကင်တွင် တိုက်ပွဲဝင်ရလျှင်ပင် နွားသိုးထိန်းမျိုးနွယ်စုမှာသာရှိသော ထူးခြားသော စွမ်းအားကို အသုံးပြုနိုင်သေးသည်။
ထိုအချိန်တွင် ထောင်နှင့်ချီသော နွားသိုးဖြူမျိုးနွယ်ဝင်များကစုမင် အနားတွင် ရှိနေကြသည်။ ရှင်းနေသည်မှာ၊ သူတို့က ကြိုတင်အမိန့်စာများ လက်ခံရရှိထားပြီးဖြစ်ပြီး သူရောက်ရှိမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မည်သူမဆို အနီးကပ်ကြည့်ရှုပါက၊ ၎င်းတို့၏မျက်နှာဖုံးများအောက်တွင် ဝှက်ထားသော နွားသိုးထိန်း အဖွဲ့ဝင်တစ်ဦးစီ၏ မျက်လုံးများတွင် သွေးကြိုးမျှင်များကို တွေ့ရှိနိုင်သည်။
ဤနေရာသည် မြက်ခင်းလွင်ပြင်ဖြစ်သော်လည်း ချိုင့်ဝှမ်းတစ်ခုလည်း ရှိသည်။စုမင်အနီးတစ်ဝိုက်တွင် တောင်တန်းကြီးတစ်ခုရှိပြီး ၎င်းပေါ်တွင် ရွာများစွာရှိသည်။ နွားသိုးဖြူမျိုးနွယ်စု အတွက် ထို မြက်ခင်းက ၎င်းတို့၏အိမ်ဖြစ်သည်၊ သို့သော် ၎င်းတို့၏စစ်မြင်းများက ကောင်းကင်သို့ခုန်တက်နိုင်သောကြောင့် တောင်များက ၎င်းတို့၏အိမ်ဖြစ်လာနိုင်သည်။
ထိုအချိန်တွင် နွားသိုးဖြူ မျိုးနွယ်ဝင် တစ်ထောင်ခန့်သည် တောင်တန်းပေါ်တွင် ရပ်နေကြသည်။ ဤလူများက အနီရောင်မျက်နှာဖုံးများ ၀တ်ဆင်ထားကာ လသတ်ဖြတ်လိုစိတ်နှင့် သွေးဆာမှုများလည်း ၎င်းတို့ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ သူတို့ရှေ့မှာ လူသုံးယောက် ရပ်နေလေသည်။
အလယ်မှာ ရပ်နေသော အဘိုးကြီးအပြင် ကျန်နှစ်ယောက်က မယုံနိုင်လောက်အောင် အရပ်ရှည်သည့် အမျိုးသားများပင်ဖြစ်သည်။ မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်ရှိ ကျင့်ကြံသူ တစ်ဦးပိုင်ဆိုင်သည့် အရှိန်အဝါများကို ဤလူနှစ်ဦးဝန်းကျင်တွင် တွေ့ရှိနိုင်သည်။
သူတို့နှင့် ယှဉ်လျှင် အလယ်ရှိ အဘိုးကြီးဆီက အရှိန်အဝါ အများကြီး ထွက်လာပုံမပေါ်ချေ။ သူတို့နှစ်ဦး၏ ရိုသေသောမျက်နှာနှင့် တိုက်ပွဲဝင်နေသော အနေအထားကို ကြည့်လျှင် ဤအဖိုးကြီးက သာမန်လူတော့ မဟုတ်ချေ။
“အကြီးအကဲစစ်မာရှင်းက ဒီလူဆီက ခြေလက်တစ်ချောင်းကို ယူနိုင်တဲ့ မျိုးနွယ်စုကို လွတ်လပ်ခွင့် ပြန် ပေးလိမ့်မယ်..ငါတို့. နွားသိုးဖြူမျိုးနွယ်စုက ကိုယ့်ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်တဲ့ လူမျိုးဖြစ်လာတယ်.. ငါတို့သေရင် သေပစေ..တိုက်ခိုက်ကြပါ..... သူ့ခြေလက်တစ်ဖက်ကိုယူနိုင်ရင် ငါတို့ လွတ်မြောက်သွားလိမ့်မယ်.. “
အဘိုးအိုက ကြုံးဝါးရင်း ရှုပ်ထွေးနေသော မျက်နှာဖြင့် ချိုင့်ဝှမ်းအတွင်းရှိ စစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့လက်မောင်းကို ဝှေ့ယမ်းကာ တွန်းထုတ်လိုက်သည်။ ထိုအချိန်တွင် သူက သူ့ကိုယ်ပိုင်အဆင့်အတန်းကို ဂရုမစိုက်တော့ဘဲ သူလုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ သူ့မျိုးနွယ်၏ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခြင်းပင် ဖြစ်သည်။
သူ့ဘေးနားက လူနှစ်ယောက်က တိတ်တဆိတ် လိုက်လာပြီး သူတို့နောက်မှာ ထောင်နှင့်ချီသော မြင်းစီးသမား တွေ ရှိတယ်။ လှံများကို ကောင်းကင်သို့ ပင့်မြှောက်လိုက်ကြပြီး အနီရောင် မြူခိုးအလွှာများကဲ့သို့ တောင်တန်းများထဲသို့ ပျံတက်သွားကြသည်။
ဟိုးအဝေးက ရွာများမှာတော့မိခင်များ ကလေးများကို ပွေ့ဖက်ထားကြသည်။ သက်ကြီးရွယ်အိုများက တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေခဲ့သည်။ သူတို့၏မျက်နှာများတွင် ခံစားချက်မျိုးမရှိကြပေ။ အမျိုးသမီးများ၊ ကလေးများ သို့မဟုတ် မွေးခါစပင်ဖြစ်ပါစေ၊ သွေးကြိုးမျှင်များက ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ဖြင့် ကခုန်နေကြသည်ကို ၎င်းတို့၏မျက်နှာများတွင် တွေ့ရှိနိုင်သည်။
ကလေးများ၏ အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်နေသောကြောင့် ၎င်းတို့၏ မျက်လုံးများတွင် သွေးကြိုးမျှင်များ၏ လှုပ်ရှားမှုများက သူတို့ကို နာကျင်စေလေသည်။သို့သော်လည်း သူတို့က ထိုချည်မျှင်များအား မထုတ်နိုင်သောကြောင့် ဖြစ်သည်။ နွားသိုးဖြူမျိုးနွယ်က…ထိုကဲ့သို့သောဘဝမျိုးသို့ ရောက်ရှိခဲ့ရသည်။