← Chapters

ဒုတိယမာန်နတ်ဘုရား၏ဘယ်လက်

Vol. 40 Ch. 548

ဒုတိယမာန်နတ်ဘုရား၏ဘယ်လက်

Vol. 40 Ch. 548

ထိုနွားသိုးဖြူမျိုးနွယ်ဝင်များက သူ့ဆီသို့ အရူးအမူးအရှိန်တင်လာသည်ကို ကြည့်လိုက်သည်။ နဝမမြောက်တောင်ထွဋ် မရောက်မီက ဤမျိုးနွယ်စုအကြောင်း သူကြားခဲ့ဖူးသည်။ယခင် အေးခဲကောင်းကင်ကလန်၏အကြီးမြတ်ဆုံးမျိုးနွယ်စုဟု သူတို့ကိုယ်တိုင် သတ်မှတ်ခဲ့ကြသည်။ ၎င်းတို့က စိတ်တ စ္ဆေကပ်ဆိုးမျိုးနွယ်စု ကဲ့သို့ မကျော်ကြားသော်လည်း ၎င်းတို့တွင် ထူးခြားသော စရိုက်လက္ခဏာများရှိသည်။

တိုက်ပွဲတွင် စစ်မြင်းများ အသုံးပြုခြင်းက စစ်ပွဲတွင် လူတစ်ဦး၏ စွမ်းဆောင်ရည်ကို များစွာ တိုးမြင့်စေမည်ဖြစ်သည်။ အမှန်တော့ ရှာမန်များ နှင့် မာန်မျိုးနွယ်စု များကြား စစ်ပွဲကြီးအတွင်း၊ သူတို့က သွေးချောင်းစီးအောင်တိုက်ပွဲဝင်ခဲ့ကြသည်။နှစ်ဖက်စလုံးကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နွားသိုးဖြူမျိုးနွယ်စုမှ မှ လူသေအလောင်း အများအပြားကို စစ်မြေပြင်တွင် တွေ့ရှိရလေသည်။

ကောင်းကင်ဘုံနယ်နမိတ် တပည့်များနှင့် နှိုင်းယှဉ်ပါက ဤလူများအပေါ် စစ်မာရှင်း၏ ထိန်းချုပ်မှုမှာ ပို၍ ကြီးမားသည်... ဖြစ်နိုင်သည်မှာ သူက ပထမအလွှာမှ တပည့်များကို ထွက်သွားရန် လိုအပ်သောကြောင့်၊ ၎င်းတို့အားလုံးတွင် မျိုးစေ့တစ်စေ့မျှပင် မစိုက်ခဲ့ခြင်းပင်။’

အဆုံးမဲ့ နွားသိုးဖြူမျိုးနွယ်ဝင်များက တိုက်‌ပွဲခေါ်သံနှင့်အတူ သူ့ဆီသို့ ဦးတည်လာနေသည်ကို စုမင်က ကြည့်လိုက်သည်။ သူက သူတို့ကို မသတ်ချင်သော်လည်း၊ ဤလူများ အားလုံးက သူ့ကို ဒေါသတကြီးနှင့် မဆင်မခြင် အော်ဟစ်ကာ ပြေးဝင်လာကြသည်။

စုမင်က ပျံသန်းသွားလျှင်တောင်မှ သူတို့နောက်က လိုက်လာလိမ့်မည်။ အမှန်တော့ သူတို့ ဒဏ်ရာရပြီး မသေသေး‌လျှင် စုမင်လက်ထဲတော့ အ‌မိခံမည်မဟုတ်ပေ။ သူတို့ကိုယ်တိုင် ဖျက်ဆီးခြင်းကို ချက်ချင်းရွေးချယ်ကြပြီး သူတို့၏ စစ်မြင်းများတောင် သူတို့နဲ့အတူ ပေါက်ကွဲကြလိမ့်မည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားက စုမင်အတွက် ဘာမှမဟုတ်သော်လည်း တစ်ကြိမ်တည်းတွင် အမြောက်အများ ပေါက်ကွဲသွားပါက... ထိုစွမ်းအားက စုမင်ကို တုန်လှုပ်စေလိမ့်မည်။

စုမင်က ဒုတိယအလွှာသို့ရောက်သောအခါတွင် နွားသိုးဖြူမျိုးနွယ်ဝင်အများအပြားက ကောင်းကင်ကို ပိတ်ကွယ်ပြီး မြေကြီးကို ဖုံးလွှမ်းသွားခဲ့သည်။ စုမင်က သူတို့ကို မသတ်ချင်သော်လည်း တွန်းအားပေးခံနေရလေသည်။ ထိုအချိန်တွင် သူက သူတို့၏ နံဘေးမှ တွန်းထုတ်ပြီး ကောင်းကင်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူ့နောက်ရှိ နွားသိုးဖြူမျိုးနွယ်ဝင် နွယ်ဝင်များအားလုံး ရူးသွပ်စွာ အရှိန်တင်လိုက်ကြသည်။

‘ဒီမှာ ကောင်းကင်ကိုဖွင့်ပြီး ကိုးလွှာကို တည့်တည့်သွားရမယ်...’

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ညာလက်ကို မြှောက်လိုက်သောအခါ လှံရှည်က သူ့လက်ဖဝါးပေါ်တွင် ပေါ်လွင်နေသည်။ သူ့လက်ချောင်းများကို လှည့်ပတ်ပြီး လှံကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။

လှံရှည်က လေထဲသို့ ဖြတ်သွားကာ ကောင်းကင်ဆီသို့ တည့်တည့် ပစ်တင်လိုက်သည်။ ၎င်းကိုထိလိုက်သည့်အခိုက်တွင်၊ နားမခံသာသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်ကာထွက်ပေါ်လာသော်လည်း ထို ပဲ့တင်ထပ်သံက ကောင်းကင်၌ လှိုင်းဂယက်များကို ဖန်တီးလိုက်သော်လည်း ကောင်းကင်က မပွင့်တော့ပေ။

“မင်းအဲဒါကိုဖွင့်လို့မရဘူး... ဒါကမှော်အစီအရင်မဟုတ်ဘူး.. ဒါကအချိန်အတိုင်းအတာနယ်ပယ်တစ်ခုပဲ.. မင်း စွမ်းအား လုံလုံလောက် လောက်မရှိဆိုရင်.. အတားအဆီးကိုလှုပ်ခါအောင်တောင်လုပ်နိုင်မှာမဟုတ်ဘူး...”

“ဒါကကောင်းကင်ဘုံနယ်နမိတ် ရဲ့ ဒုတိယအလွှာပါ.. စုမင်..ဒါက ဒီကစားပွဲရဲ့ စည်းမျဉ်းပဲ.. တတိယအလွှာရဲ့ အတားအဆီးတံဆိပ်ကို ရှာပါ.. ရှာနိုင်ရင် တတိယအလွှာကို ဝင်နိုင်တယ်...”

“ဒါဆို တိုက်ခိုက်ကြမယ်..သေတဲ့အထိ.တိုက်ခိုက်ကြမယ်...”

ထိုနူးညံ့သိမ်မွေ့သောလေသံနှင့် သိသာထင်ရှားသော ပီတိများဖြင့် စစ်မာရှင်း၏ အသံက လေထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ သူသည်ပင် ရယ်နေတော့သည်၊ သူ၏ရယ်မောသံများက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ ကျေနပ်သလို စုမင်ကို ထိန်းချုပ်နိုင်စွမ်းရှိပုံရသောကြောင့် မောက်မာထောင်လွှားနေတော့သည်။

စုမင်က လေထဲ၌ နောက်ထပ်လက်သီးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင်၊ သူက သူ၏ခန္ဓာကိုယ်ရှိမာန်အရိုးများ၏ စွမ်းအားအားလုံးကို အသက်သွင်းခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်တောက်ပစေခဲ့သည်။ သို့သော် သူပစ်ချပြီးနောက် လှိုင်းဂယက်များသာ ပြင်းထန်စွာ ပျံ့နှံ့သွားသည်... သို့ သော် ပွင့်မလာသေးပေ။

စုမင် ဆက်မကြိုးစားခင်မှာ အဝေးကနေ အူသံများက သူ့ဆီသို့ရောက်ရှိလာသည်။နွားသိုးဖြူမျိုးနွယ်စု မှ အဘိုးကြီးနောက်မှ ကျန်နှစ်ယောက်က မြင်းတစ်ထောင်စစ်‌သည်တော်များနှင့်အတူ သူ့အပေါ်တွင် တင်းတင်းကျပ်ကျပ် တိုးဝင်လာပြီဖြစ်သည်။

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ နောက်ထပ် သတ်ဖြတ်မှုများနှင့် မရပ်မနား တိုက်ပွဲများက ဤလောကြီးကို သွေးမိုးရွာစေခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခုက ထိုလောက၏ဒုတိယအလွှာရှိ ကောင်းကင်ယံ၌ လင်းလက်လာသည်။ ရှင်းနေသည်မှာ၊ ထိပ်ပြောင်ကြိုးကြာငှက်က ဟူကျီကို တစ်ချက်ကြည့်ရန် ပြန်လာခဲ့ခြင်းပင်... သူက ရတနာများကို လုယက်သွားသော်လည်း ထိုရတနာများကို မစွန့်လွှတ်နိုင်ဘဲ ပျံသန်းလာခဲ့သည်။ ထိုစဉ်သူ့ မျက်လုံးများ တောက်ပလာပြီး လမ်းရှိ အလောင်းများဆီ၌ လုယက်တော့သည်။

သူ မလုယက်ခင် စုမင် ၏ အသံသည် နားထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

“ကောင်းကင်ရဲ့တတိယအလွှာကိုဖွင့်လိုက်ပါ.. မင်းလုပ်လိုက်တာနဲ့ ဒီမှာရှိတဲ့ အရာအားလုံးကို မင်းပိုင်လိမ့်မယ်...”

ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏ခန္ဓာကိုယ်ဘေးရှိ အလောင်းတစ်လောင်းမှ ပုလင်းသေးသေးလေးကို သိမ်းဆည်းရမိသည်။ထို့နောက် စုမင် ၏အသံကိုကြား ၎င်း၏မျက်လုံးများသည် ချက်ချင်းတောက်ပလာသည်။

“အင်း ဒါက ကိစ္စသေးသေးလေးပဲ ငါ မင်းကို ကူညီမယ်”

၎င်းက ၎င်း၏ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်ပြီး အတောင်ပံခတ်ကာ ကောင်းကင်ရှိတိုင်ပွဲသို့ ရောက်ရှိရန် ပျံသန်းခဲ့သည်။ ၎င်းက ကောင်းကင်ရှိ လမ်းကြောင်းဖွင့်ရန် ၎င်း၏ထူးခြားသောနည်းလမ်းကို အသက်သွင်းကာ ရှေ့သို့ပစ်ထိုးလိုက်သည်။

သို့သော် ထိပ်ပြောင် ကြိုးကြာငှက်က ကောင်းကင်ကိုထိလိုက်သည့်အခိုက်တွင် ရုတ်တရက် ကျယ်လောင်စွာအော်သံထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်က မူလက ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲခဲ့သော်လည်း တခဏချင်းတွင်၊ ၎င်းက ပေထောင်ပေါင်းများစွာကို နောက်ပြန်ဆုတ်သွားခဲ့သည်။

‘မနက်ခင်းတာအို‌လောကရဲ့ချိပ်စည်းလား.... ဒီမနက်ခင်းတာအို လောကရဲ့ချိပ်တံဆိပ်... ဒါ... မဖြစ်နိုင်ဘူး... ဒီမှာ ဘယ်လိုလုပ်ရှိနေတာလဲ..ဒါက မပြည့်စုံသေးပါဘူး.. နောက်ပိုင်းမှာ ပြန်ဖန်တီးထားသေးတယ်.. ဒါပေမဲ့ ဒီတည်ရှိမှု....ဒါက မနက်ခင်းတာအိုလောကရဲ့ တံဆိပ်ပဲ...”

ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်လုံးများတွင် ထိတ်လန့်မှု ပေါ်လာပြီး လျှင်မြန်စွာ ဆုတ်ခွာသွားတော့သည်။ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသဖြင့် မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ဒါမနက်ခင်းတာအိုလောကရဲ့ ပြည်မကြီးပါ... အခုမှ မှတ်မိတယ်.. ဟိုအရင်တုန်းကတော့ ရေခဲအောက်မှာ ချိပ်စည်းတစ်ခုရှိတယ်..ဒုတိယမာန်ဘုရားကိုချိပ်ပိတ်ခဲ့တာ ... ဘာလဲ ...ဒုတိယမာန်နတ်ဘုရားရဲ့ဘယ်လက်...”

ထိပ်ပြောင်ကြိုးကြာငှက်က ချက်ချင်းပြန်ဆုတ်သွားလေသည်။

စုမင်၏ညာဘက်လက်ရှိ လှံရှည်က တုန်တုန်ယင်ယင်ဖြစ်ကာ ခရမ်းရောင်မြူအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ကိုယ်တိုင်ဖျက်စီးလုနီးပါးဖြစ်နေသော နွားသိုးဖြူမျိုးနွယ်ဝင်လေးဦးအား တွန်းထုတ်ပစ်နိုင်ခဲ့သည်။ ထိုအချိန်တွင် စ ထိပ်ပြောင်ကြိုးကြာငှက်ကထိတ်လန့်တုန်လှုပ်စွာ ဆုတ်ခွာသွားသည်ကို စုမင် မြင်လိုက်ရသည်။

“အဲဒီ့ကောင် မဖွင့်နိုင်ဘူးပဲ...”

စုမင်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာသည်။ ကျယ်လောင်သောအသံများ နယ်မြေအနှံ့ ပဲ့တင်ထပ်သွားလေသည်။ နွားသိုးဖြူမျိုးနွယ်စုဝင်လေးဦးက ၎င်းတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားချိန်တွင် သေဆုံးသွားခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုအများစုက စုမင်ဆီသို့ ဦးတည်သွားကြသည်။

စုမင်က ဦးတည်လာသောပေါက်ကွဲမှုစွမ်းအားကို လက်ခံလိုက်သည်။ထို့နောက် သူက ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည်။ သူ့ရှေ့ရှိ နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုက သူ့လက်နှင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်နေလေသည်။ သူ့မျက်နှာပေါ်တွင် ရူးသွပ်သောအမူအရာရှိနေပြီး လက်နှစ်ဖက်ကို လေထဲသို့ ဝှေ့ယမ်းလိုက်သည်။ထိုစဉ် ကြီးမားသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် သူ့ခြေရင်းအောက်တွင် ပေါ်လာသည်။ ထိုသားရဲက ပေတစ်ထောင် အရွယ်အစားရှိပြီး နဂါးဦးခေါင်း၊ မြွေ၏အမြီး၊ မြင်းတစ်ကောင်နှင့် နွားဦးချိုတို့ ပါရှိသည်။ သတ္တဝါကို မြင်ရုံမျှဖြင့် မယုံနိုင်လောက်အောင် ပြင်းထန်သော လေထုကို ပေးစွမ်းသည်။

“ခင်ဗျားတို့ရဲ့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးနွယ်စု.. ခင်ဗျားတို့က လေးစားထိုက်ပါတယ်...”

စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲမှာရှိသော လှံရှည်ကြီးက ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် ချပ်ဝတ်တန်ဆာက ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

“ခင်ဗျားတို့က မကောင်းဆိုးဝါးလှံအောက်မှာ သေရင် ဒီချပ်ဝတ်တန်ဆာကို ဝန်းရံပြီး သူ့ရဲ့စွမ်းအားကို တိုးစေမယ့် ရန်လိုတဲ့ဝိညာဉ်တွေ ဖြစ်သွားလိမ့်မယ်... ခင်ဗျားတို့အားလုံး လေးစားထိုက်ပါတယ်.. ခင်ဗျားတို့ ဒီချပ်ဝတ်တန်ဆာအောက်မှာ မသေသင့်ဘူး” ဟု စုမင်က အေးဆေးတည်ငြိမ်စွာ ပြောလေသည်။

စုမင်က သူ့ဆီ လာနေသောအဖိုးအိုကကို ကြည့်လိုက်သော် သူ့မျက်နှာမှာ စိတ်ရှုပ်သယောင် ပေါ်လာသည်။ သူက စိတ်နှလုံးထဲတွင် သက်ပြင်းချကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာညာလက်ကို တံဆိပ်ခတ်ရန် မြှောက်လိုက်သည်။ ထို့နောက် သူ့လက်ကို လှုပ်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်၌ လေပွေတစ်ခု ပေါ်လာသည်။ ပြင်းထန်သော လေပြင်းများ ရှေ့သို့ တိုးတိုက်လာသည်နှင့်အမျှ လေပွေက သူ့အောက်ရှိ မြေပြင်ကို ဖြတ်ကျော်ဝင်ရောက်လာသည်။

ကြီးမားသော ပေါက်ကွဲသံကြီးက အပေါ်မှ ပဲ့တင်ထပ်နေချိန်တွင် ကောင်းကင်ယံရှိ နွားသိုးဖြူ မျိုးနွယ်ဝင်များအားလုံးက နောက်ပြန်ဆုတ်သွားကာ တစ်ချိန်တည်းမှာပင် သွေးများ အန်ထွက်လာကြသည်။ သို့သော် စုမင်ဆီသို့ လူ သုံးယောက်သာ တစ်ဟုန်ထိုးသွားနေခဲ့သည်။

ထိုလူသုံးယောက်မှာ အဘိုးကြီးနှင့် ကျန်နှစ်ယောက်ပင်ဖြစ်သည်။

ထိုလူသုံးယောက် နီးကပ်လာသည်နှင့် ပေတစ်ထောင်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးက ဟိန်းဟောက်လိုက်သည်နှင့် စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောအကြည့်တစ်ခု ပေါ်လာပြီး သူရှေ့သို့ တိုးလာစဉ် အမျိုးသားတစ်ဦး၏ဘေးတွင် ပေါ်လာသည်။ ထို့နောက် ညာလက်ကို မြှောက်လိုက်ပြီး ထိုလူ၏ နဖူးကို ဖိလိုက်သည်။

ထိုအမျိုးသားက စတင်တုန်လှုပ်သွားပြီး သူ၏အင်္ဂါအစိတ်အပိုင်းများ ကြေမွသွားသော်လည်း သူ၏ခန္ဓာကိုယ်က ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေခဲ့သည်။ သို့သော် သူ့မျက်လုံးများက တခဏအတွင်း မှောင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“မင်းတို့က မျိုးနွယ်စုရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတာ...ငါက နဝမမြောက်တောင်ထွဋ်အတွက် တိုက်ပွဲဝင်နေတာ.. ငါတို့ကြားမှာ ရန်ငြိုးတွေ မရှိဘူး... ငါ့ရဲ့ အာဃာတရင်းမြစ်ကစစ်မာရှင်း တစ်ယောက်တည်းပဲ...”

စုမင် လှည့်ကြည့်လိုက်သော် သူ့အကြည့်များက တခြားလူဆီသို့ရောက်သွားသည်။ ထိုလူက ကြေကွဲစွာ ရယ်မောလိုက်ရာ သူ့မျက်လုံးများမှ သေးငယ်သော ချည်မျှင်အမြောက်အမြား ထွက်ကျလာသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က မီးတောက်များနှင့်ပြည့်လျှံနေလေသည်။ သူ၏ကျင့်ကြံမှု အဆမတန် တိုးပွားလာသည်နှင့်အမျှ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

သူက စုမင်၏ ပြိုင်ဘက်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ကိုယ်တိုင် ဖျက်စီးခြင်းကို ရွေးချယ်ခဲ့သည်။ ထိုအရာအားလုံးက ၎င်းတို့၏ အကြီးအကဲအတွက် ဖြစ်နိုင်သည် သို့မဟုတ် သူ့မှာ ရွေးချယ်စရာ အခွင့်အရေးမရှိသည့်အတွက်ကြောင့် ဖြစ်နိုင်သည်။

စုမင်က ထိုလူ၏ကိုယ်တိုင်ဖျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲသံကို မရှောင်တိမ်းခဲ့ပေ။ ဟန်တောင်တန်းခေါင်းလောင်းက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာပြီး တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ပေးလေသည်။ စုမင် ခြေလှမ်းအနည်းငယ်သာ နောက်ပြန်ဆုတ်သွားခဲ့သည်။ မိမိကိုယ်ကို ဖျက်စီးခြင်းမှ ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာပြီး စုမင်၏ နှလုံးသားကို အနည်းငယ် နာကျင်စေသည်။

ယခုတင် လေပွေ၏တိုက်ခတ်မှုဒါဏ်ကြောင့် ဝေ့ပါသွားပြီး ချောင်းဆိုးလျှင် ဒဏ်ရာအခံကြောင့် သွေးများပါလာသည်။ ထိုမျိုးနွယ်စုဝင်များက စုမင် ခြေထောက်အောက်မှာ ရုန်းကန်စပြုလာကြသည်။ တဖန်သူတို့က ဒေါသပုန်ထကာ စုမင်ထံသို့ အရှိန်တင်၍ သည်းကြီးမည်းကြီး တိုက်ခိုက်ကြလေသည်။

သူတို့ လွတ်လပ်မှုကို လိုချင်ကြသည်။ သူတို့က ထိုအရာကို တောင့်တခဲ့ကြပြီး သူတို့၏ တစ်ခုတည်းသော အခွင့်အရေးပင်ဖြစ်သည်။

ပေတစ်ထောင်ရှိသော ရက်စက်ကြမ်းကြုတ်သော သားရဲကြီးက ဟိန်းဟောက်နေစဉ် စုမင်၏ အနောက်ဘက်မှ ဝင်လာသည်။ နွားသိုးဖြူမျိုးနွယ်စု၏အကြီးအကဲက ထိုသတ္တဝါပေါ်တွင် ရပ်နေပြီး သူ့မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသည်။ ခံစားချက်များ ရောထွေးနေ‌‌သော သူ့နှလုံးသားထဲမှာ တုန်လှုပ်ခြောက်ခြားသွားလေသည်။ထို့နောက် သူ နာကျင်စွာ အံကြိတ်လိုက်သည်။

စုမင်၏လုပ်ရပ်များကိုမြင်သော် သူတို့ကို မသတ်ချင်သောစုမင်၏စိတ်ထားကို မြင်လိုက်ရသည်။စုမင် မည်မျှစွမ်းအားကြီးကိုလည်း သူမြင်လေသည်။ သူက အံကြိတ်နေစဉ် သူ့ခန္ဓာကိုယ်အောက်က ရက်စက်သော သားရဲက လေထဲမှာ ရုတ်ခြည်း ရပ်တန့်သွားလေသည်။

“ရပ်ကြအုံး...”

သူ အော်ငေါက်လိုက်သည်နှင့် သူ့အသံက လေထဲတွင် ပျံ့လွင့်လာလေသည်။ စုမင်ဆီသို့ အပြေးအလွှား သွားနေသော

နွားသိုးဖြူမျိုးနွယ်ဝင်များအားလုံး ရပ်တန့်သွားကာ သူတို့၏ အကြီးအကဲဆီသို့ တပြိုင်နက် ကြည့်လိုက်ကြသည်။

“သခင်လေး..စစ်မာရှင်းကိုသတ်ဖို့ ယုံကြည်မှုရှိလား”

နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုက စုမင်ကိုကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။

စုမင် ပတ်ပတ်လည်တွင် ခေါင်းလောင်းသံ မှိန်ဖျော့သွားပြီး နွားသိုးဖြူမျိုးနွယ်မှ အဖိုးအိုကို လှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူစကားပြောသည်။

“သူမသေသေအောင် ကျုပ်သတ်ပြမယ်...”

နွားသိုးဖြူမျိုးနွယ်စု၏ အကြီးအကဲအဖိုးအိုက စုမင်ဘက်သို့ လှမ်းကြည့်လိုက်ရာ စုမင်မျက်လုံးများတွင် ဒေါသများ တောက်လောင်နေသည်ကို တွေ့လိုက်ရသည်။ အဘိုးအိုက သူ့မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ခဏကြာသော် သူဖွင့်လိုက်သည်။

“သူမသေရင် ငါတို့က မင်းနဲ့အတူ လိုက်သေမယ်...သူသေရင် ငါတို့မျိုးနွယ်စုက မင်းကို ငါတို့ရဲ့ ဘုရားသခင် အဖြစ် ကိုးကွယ်ကြလိမ့်မယ်...”

သူ့မျက်နှာတွင် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။ ထိုစကားကို သူပြောပြီးသည်နှင့် သူသည် သူ၏ညာလက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။စုမင်ရှေ့တွင် သူ့မျက်ခုံးအလယ်တည့်တည့်ကို လက်တစ်ချောင်းဖြင့် ထိုးဖောက်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့လာပြီး တုန်ရီလာသည်။ သူ၏ အသက်စွမ်းအား စတင် စီးဆင်းလာသည်နှင့်အမျှ သူသည် သူ၏ ညာလက်ကို သူ၏ မျက်ခုံးအလယ်သို့ ထိုးသွင်းကာ ငွေရောင်သလင်းကျောက်ကို ထုတ်လွှတ်လိုက်သည်။

“ဒီကျောက်တုံးက အတားအဆီးချိပ်စည်းပါ …ကျုပ်တို့ကို ကူညီပါ… သူ့ကို သတ်ပေးပါ…”

အဘိုးအိုက ကြေကွဲစွာ ရယ်မောလိုက်သည်။ အောက်နားရှိ ရက်စက်ကြမ်းကြုတ်သော သားရဲက ၎င်း၏ခေါင်းကို မော့ကာ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်လေသည်။ အဖိုးအို၏ ခန္ဓာကိုယ်က ၎င်း၏ မျိုးနွယ်ဝင်များ၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားသည်။

သလင်းကျောက်က သူ့ဘာသာသူ ပျံထွက်သွားပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ အပေါ်က မျက်နှာပြင်ကို ထိလိုက်သည်နှင့် ကြီးမားသောဝဲဂယက်တစ်ခု လျင်မြန်စွာ ပေါ်လာသည်။ထိုအထဲမှာ တတိယအလွှာရှိလေသည်။

“အကြီးအကဲ”

“အကြီးအကဲ...”

ရှိုက်ကြီးတငင် ကြေကွဲဝမ်းနည်းဖွယ် အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်နေလေသည်။နွားသိုးဖြူမျိုးနွယ်ဝင်များ၏ မျက်နှာပေါ်ရှိ ခံစားချက်မဲ့သော အကြည့်များ ကွယ်ပျောက်သွားသည်။ ဝမ်းနည်းပူဆွေးမှုများကြားက အဘိုးအို၏ အလောင်းဆီ ပြေးသွားပြီး ငိုသံများက မဟာမြေကြီးကို ပဲ့တင်ထပ်သွား စေသည်။ နွားသိုးဖြူမျိုးနွယ်စုဝင် အများအပြားက အဖိုးအို၏ အလောင်းဘေးတွင် ဒူးထောက်ကာ ၎င်းတို့၏ ဝမ်းနည်းပူဆွေး ငိုကြွေးသံများက အဝေးသို့ လွင့်ပျံလာခဲ့သည်။

ထိုမြင်ကွင်းကို တောင်တန်းပေါ်ကနေ မြင်သော သက်ကြီးရွယ်အိုများ ၏မျက်လုံးများကနေ မျက်ရည်များ စီးကျလာသည်။ မိခင်များ၏ ရင်ခွင်ထဲရှိ ကလေးများကလည်း သတိထားမိပြီး တိတ်တိတ်လေး ငိုပါတော့သည်။

လောကကြီးတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

စုမင်က ထိုသလင်း ကျောက်ကိုကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ အဖိုးအိုထံ လေးလေးနက်နက် ဦးညွှတ်ပြလိုက်သည်။ ထိုလူက လေးစားထိုက်သူပင်ဖြစ်၏။

“စစ်မာရှင်း..ငါမင်းကိုမသတ်ရင် ငါ့ကိုယ်ငါ လူလို့ မခေါ်တော့ဘူး...”

စုမင်က ထိုစကားများကို မကြုံးဝါးဘဲ တိတ်တိတ်ကလေး ရေရွတ် နေခဲ့တော့သည်။ စကားလုံးတိုင်းကို သူ့နှလုံးသားထဲမှာ ရေးထွင်းထားပြီး သူပြောပြီးသည်နှင့် ခေါင်းကိုမော့ပြီး ဝဲဂယက်ဆီသို့ မျှော်ကြည့်လိုက်သည်။ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးထဲမှာ ပိုပြင်းပြလာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

All Chapters