← Chapters

ဘဝဆိုတာ ဘာလဲ..

Vol. 40 Ch. 549

ဘဝဆိုတာ ဘာလဲ..

Vol. 40 Ch. 549

တတိယအလွှာရှိ ကောင်းကင်က အနီရောင်ဖြစ်သည်။ ၎င်းက သွေးဖြင့် ဆေးဆိုးထားသကဲ့သို့ ဖြစ်နေပုံရသည်။ လောကကြီးတစ်ခုလုံးက သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ ထိုအထဲမှာ ထောင်နှင့်ချီသော အမျိုးသားများ ရပ်နေကြ၏။ ထိုလူများက ကောင်းကင်ကို မော့ပြီး စုမင် ကို တိတ်တဆိတ် ကြည့်နေကြသည်။ သူတို့အလယ်မှာ ရပ်နေသော အဘိုးကြီးတစ်ယောက်က ဇရာ၏တိုက်စားမှုကြောင့် မျက်နှာတွင် အရေးအကြောင်းများနှင့် ပြည့်နှက်နေလေသည်။ လူအုပ်ကြားတွင် သွေးပင်လယ်က တဟုန်ထိုး လှိုင်းထကာ မြည်နေလေသည်။ သူတို့သည် စုမင်ကိုကြည့်နေပြီး စုမင်ကလည်း သူတို့ကိုပြန်ကြည့်နေ လေသည်။

“ လူညစ်ကောင် စစ်မာရှင်း ကျုပ်တို့ထဲမှာ မာန်မျိုးစေ့တွေ စိုက်ထားတယ်...မင်းရဲ့ ခြေလက်အဂ်ါ‌ တွေကိုရရင် ငါတို့လွတ်လပ်ခွင့်ပြန်ရလိမ့်မယ်”

ဟု သွေးပင်လယ်ထဲက ဝတ်ရုံနီအဘိုးအိုက စုမင်ကို ကြည့်ပြီး အသံကျယ်ကျယ်နှင့် ပြောလေသည်။ သူ့အသံက ကြည်လင်ပြီးနယ် မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ စုမင်က နှုတ်ဆိတ်နေပြီး စကားမပြောပေ။

“ဒါပေမဲ့ ငါတို့ဘာလို့ ဒီလိုလုပ်ရမှာလဲ.. ငါတို့က အတိုင်းအတာအထိ အရှက်ရခဲ့တယ်.. ကျုပ်တို့မှာ အနာဂတ်မရှိတော့ဘူး..တကယ်လို့ ကျုပ်တို့က အဲဒီ့ခွေးမသားစစ်မာရှင်းရဲ့ဆန္ဒကိုလိုက်လျောပြီးမှ လွတ်လပ်ခွင့်ရမယ်ဆိုရင် မလိုချင်ဘူး.. “

“အခုလောလောဆယ်မှာ ငါတို့ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ငါတို့ရဲ့ကိုယ်ပိုင်ဆန္ဒပဲ.. ငါတို့သေခြင်းတရားတွေကို ထိန်းချုပ်ပိုင်ခွင့်ရပြီ..”

၀တ်ရုံနီဝတ်ထားသော အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ရယ်မောသံထဲတွင် ရှေးဟောင်းလေထုတစ်ခု ရှိနေလေသည်။

“လူလေး၊ ငါတို့သွေးပြောင်းသွေးလွှဲ မျိုးနွယ်စုကို သတိရပေးပါ.. ငါတို့ရဲ့မျိုးနွယ်စု အမွေအနှစ်တွေကို မင်းနဲ့အတူ ယူသွားပါ..မင်း စစ်မာရှင်းကိုသတ်ပြီးရင် အပြင်လောကမှာရှိတဲ့ ငါတို့ရဲ့သားမြေးတွေတွေ့အောင် ကူညီပေးပါ...”

“အပြင် လောကမှာ ကျုပ်တို့ မျိုးနွယ်စုဝင်တွေ ရှိတယ်.. မျိုးနွယ်စုဝင်တွေရဲ့မျက်ခုံးကြားမှာ သွေးတစ်စက်အမှတ်အသား ရှိတယ်.. အဲဒီ အမှတ်အသားက အဲဒီနေရာမှာ ထာဝရ ရှိနေမှာ..”

အဘိုးအိုက စကားပြောနေစဉ်တွင်သူ့မျက်ခုံးလယ်တွင် နီညိုရောင်သွေးစက်တစ်စက် ပေါ်လာသည်။ ထိုအမှတ်အသားက သူ့မှာတွင် မဟုတ်ပေ။ သွေးပင်လယ်ရှိ အခြားမျိုးနွယ်ဝင်များထံတွင်လည်း ပေါ်လာသည်။

“ဒီမှာ ငါတို့ရဲ့မိန်းမတွေ.. သားသမီးတွေ မရှိဘူး.. ဘာဖြစ်လို့လဲဆိုတော့ သူတို့က နေခဲ့မယ်ဆိုရင် သူတို့တင် ဒုက္ခရောက်မှာ မဟုတ်ဘူး.. ငါတို့လည်း ဒုက္ခရောက်ရလိမ့်မယ်… ငါတို့ရဲ့မွေးကင်းစကလေးတွေကို အဲဒီမာန်မျိုးစေ့ စိုက်ခံရမှာ မလိုလားဘူး.. ကျုပ်တို့ရဲ့မျက်လုံးမှာ သွေးကြိုးမျှင်တွေကိုရှိတာကို ကျုပ်တို့ဇနီးတွေ မကြည့်စေချင်ပါဘူး.. ကိုယ့်ဇနီးမယားကို မကာကွယ်နိုင်တဲ့ အဖြစ်မျိုး မကြုံစေချင်ဘူး..သူတို့ကို မမြင်နိုင်လောက်တဲ့ဒုက္ခတွေကို မခံစားစေချင်ဘူး..”

“လူလေး..ကျုပ်တို့ရဲ့အမွေအနှစ်ကို ခံယူလိုက်ပါ.. ကျုပ်က ရွှယ်လွင်ဟန်.. ငါတို့သွေးပြောင်းသွေးလွှဲမျိုးနွယ်ဝင်တွေအားလုံး မင်းကို စိတ်အေးချမ်းစွာနဲ့ မင်း စစ်မာရှင်းကို သတ်နိုင်အောင် ကူညီပါရစေ...”

ဝတ်ရုံနီအဖိုးအို၏အသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သွေးပင်လယ်ထဲတွင် ထိုင်နေ၏။ အခြားသော သွေးပြောင်းသွေးလွှဲ မျိုးနွယ်ဝင်များအားလုံးကလည်း သူနှင့်အတူ ထိုင်နေလေသည်။ မည်သူ့မျှ ထိုသို့လုပ်ရန် ငြင်းဆိုခြင်းမပြုပေ။ စစ်မာရှင်းအပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အမုန်းတရားများနှင့်အတူ သေခြင်းတရားအတွက် မကြောက်မရွံ့မှုကို သူတို့၏ မျက်လုံးများအားလုံးတွင် မြင်တွေ့နိုင်သည်။

သူတို့ အားလုံးထိုင်ကြသောအခါ စုမင်က သွေးပြောင်းသွေးလွှဲမျိုးနွယ်စု မှလူများအားလုံး အရည်ပျော်ပြီး သွေးပင်လယ်နှင့် ရောနှောသွားသည်ကို တွေ့လိုက်ရသည်။

အဘိုးကြီးက အရည်ပျော်ရန် နောက်ဆုံးလူဖြစ်သည်။သူအရည် မပျော်ခင်မှာ နောက်ဆုံးထွက်သက်စကားများကို ပြောခဲ့သည်။

“သူ့ကိုသတ်ပေးပါ”

ထိုစကားများကို သူပြောပြီးသည်နှင့် အဘိုးအို၏ ခန္ဓာကိုယ်က အရည်ပျော်သွားပြီး သွေးပင်လယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုသွေးပင်လယ်က တဟုန်းဟုန်းပွက်ဆူလာလေသည်။ လှိုင်းလုံးကြီးများက ကောင်းကင်သို့ တက်လာလေသည်။ ပင်လယ်က ပေါက်ကွဲထွက်ကာ မြေပြင်မှ ကောင်းကင်ဆီသို့ တဟုန်ထိုး တိုးဝင်လာကာ ဆူမင်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ထိုသွေးမိုးမှ အန္တရာယ်အငွေ့အသက်ကို မခံစားရပေ။ယင်းအစား ဆုံးဖြတ်ချက်ခိုင်မာသော ၊ အရှုံးမပေးသောစိတ်ဓါတ်များကို တွေ့ရလေသည်။ ထိုအရာက စုမင်နှင့်နီးကပ်လာသောအခါ ကြီးမားသော သွေးနီရောင်ဘောလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ထိုဘောလုံးကြီးက သူ့အား ဝိုင်းရံထားလေသည်။

သွေးပင်လယ်ကြီးတစ်ခုလုံး မြေပြင်မှထလာပြီး သူ့ဆီသို့ ရောက်ရှိလာသောအခါ ကောင်းကင်၌ အသက်ရှိသော သွေးနီရောင် ဘောလုံးတစ်လုံးအဖြစ် ပေါ်လာသည်။

ထိုနှလုံးသားက သွေးပြောင်းသွေးလွှဲမျိုးနွယ်စု မှ ဆင်းသက်လာခြင်းဖြစ်သည်။ မာန်မျိုးစေ့ချခံရသည့် မျိုးနွယ်မှ ဆင်းသက်လာပြီး ၎င်းတို့၏အသက်ကို မထိန်းချုပ်နိုင်ဘဲ ၎င်းတို့၏သေခြင်းတရားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။

စုမင်က သွေးဘောလုံးနှင့်အတူ တရားထိုင်လိုက်သည်။ ဝမ်းနည်းပူဆွေးမှုများက သူ့မျက်နှာမှာ ပေါ်လာပြီး သူ့နှလုံးသားက အူတိုင်ထိ တုန်လှုပ်သွားတယ်။ ဤထိတ်လန့်မှုက နွားသိုးဖြူမျိုးနွယ်စု အကြီးအကဲ၏ စွန့်လွှတ်အနစ်နာခံမှုမှ၊ သွေးပြောင်းသွေးလွှဲမျိုးနွယ်စု တစ်ခုလုံး၏ ဆုံးဖြတ်ချက်အရ ဖြစ်လာသည်။

ထိုအရာက သူတို့၏ ကံကြမ္မာအတွက် ဆန့်ကျင်တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။ သူတို့က ကံကြမ္မာမျိုးနွယ်စုကဲ့သို့ပင် ဖြစ်သည်။ ပို၍တိကျစွာပြောရလျှင် ကံကြမ္မာမျိုးနွယ်စု မျိုးနွယ်စုတစ်စုမဟုတ်ခဲ့ပေ။ လူတိုင်းက ၎င်းတို့၏ကံကြမ္မာကို ထိန်းချုပ်ရန် ဆန္ဒရှိသရွေ့၊ သူတို့မလုပ်ချင်သောအရာကို တွန်းလှန်သရွေ့ လူတိုင်းက ကံကြမ္မာမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သည်။

လူတစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်ဘဝရှိကြပြီး လူတိုင်းက ကံကြမ္မာမျိုးနွယ်စု ဖြစ်လာနိုင်သည်။

စုမင်၏ ခေါင်းက ကြည်လင်လာသည်။သူက ကံကြမ္မာကို နက်နက်နဲနဲ နားလည်လာခဲ့သည်။

“ဘဝဆိုတာ ဘာလဲ....ငါတို့မွေးလာကတည်းက ဘယ်လိုရှင်သန်ရမလဲဆိုတာ ပါလာပြီးသားမျိူးလား.. “

“ကံကြမ္မာလည်းရှိတယ်...ဘာဖြစ်လို့လဲဆိုတော့ ငါတို့မှာ ဒီဘဝရဲ့ ကံကြမ္မာမရှိရင် ငါတို့ရဲ့ဘဝတွေက မပြည့်မစုံဖြစ်နေလိမ့်မယ်...”

“ဘဝ.. ရှင်သန်ခြင်း..ကံကြမ္မာ.. ငါတို့က အသက်နဲ့ မွေးဖွားလာပေမယ့် ကိုယ့်ကံကြမ္မာကို ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဖို့ အနာဂတ်မှာ တခြားသူတွေရဲ့ လက်ထဲကနေ ရုန်းထွက်ဖို့ ရုန်းကန်ရမှာပဲ...”

“ဘဝဆိုတဲ့ စကားလုံးက လူတွေနဲ့ ကောင်းကင်ဘုံနဲ့ ပတ်သက်နေပြီး.. ကံကြမ္မာက လူသားတွေကို ကောင်းကင်နဲ့ ပိုင်းခြားထားတဲ့ အရာပဲ… ငါတို့ ကျန်းမာပြီး လူသားဖြစ်ဖို့ကောင်းကင်ဘုံကို ဦးညွှတ်ရမယ်လို့ ဆိုလိုတာလား..”

စုမင်က သွေးဘောလုံးနှင့်အတူ ရေရွတ်နေစဉ် သူ့ မျက်လုံးများပွင့်လာသည်။

“ငါတို့ကိုယ်တိုင် လူမဖြစ်သေးခင်မှာ ကောင်းကင်ဘုံကို ဦးညွှတ်ရမလား.. ဆန့်ကျင်ဘက်လည်းဖြစ်သွားနိုင်တယ်.. ကောင်းကင်ဘုံကတောင် ဦးညွှတ်သွားရတဲ့အစွမ်းထက်တဲ့လူသားတွေ ဖြစ်နိုင်သေးတာပဲ...”

စုမင် မျက်လုံးမှိတ်လိုက်သည်။ သူထိုသို့ပြုစဉ်တွင်၊ ဖယောင်းနဂါး၏ကောင်းချီးမှတဆင့် သူ့အားပေးအပ်ခဲ့သည့် လောကလုံး၏တန်ခိုးဖြင့်ဖွဲ့စည်းထားသောအပိုင်းအစတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း၌ အမြဲတည်ရှိနေခဲ့ပြီး ရုတ်တရက် တုန်လှုပ်သွားသည်။

ယခင်က တစ်ခါမှ ထူးထူးခြားခြား မပြဖူးပေ။

အပိုင်းအစလေးက အရည်ပျော်သွားသကဲ့သို့ ဖြစ်လာပြီး စုမင်၏ ခန္ဓာကိုယ်ထဲသို့ ရောနှောသွားသည်။ ထိုအခိုက်အတန့်တွင် စုမင်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ သွေးဘောလုံးက တခဏချင်း ကျုံ့သွားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

အသက်စွမ်းအားလှိုင်းများနှင့် လောကကြီး၏စွမ်းအားက သွေးဘောလုံးမှ စတင်ပျံ့နှံ့လာခဲ့သည်။ ၎င်းတွင် ကံကြမ္မာကို တွန်းလှန်တိုက်ခိုက်သည့် တွန်းအားတစ်ခုလည်း ပါရှိပြီး ၎င်းတို့အားလုံးက စုမင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။

ဤသည်မှာ သွေးပြောင်းသွေးလွှဲမျိုးနွယ်စုမှ အဘိုးအိုက သူ့မျိုးနွယ်၏ကံကောင်းမှုဟု ဆိုလိုခြင်းဖြစ်သည်။

ဤသွေးဘောလုံးက မျိုးနွယ်စုတစ်ခုလုံး၏ အနှစ်သာရဖြစ်သည်။ ၎င်းက မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကို စုစည်းကာ အားလုံးကို စုမင်အား ပေးလိုက်သည်။ သွေးဘောလုံး၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့် သူ့သွေး၊ အသားနှင့် အရိုးများက ချက်ချင်းပင် လျင်မြန်စွာ စုပ်ယူသွားတော့သည်။

စုမင်က ကံကြမ္မာကိုတွန်းလှ‌န်လိုသောစိတ်ဆန္ဒပါသော အနှစ်သာရမျိုးကို လိုအပ်လေသည်။ ဤစွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းရှိမာန်အရိုးအားလုံးကို ဆက်လက်ခိုင်မာစေမည့် အရင်းအမြစ်ဖြစ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် စုမင်၏ စိတ်က အသက်လမ်းစဥ်ကျင့်ကြံခြင်း၏ အဓိပ္ပါယ်ကို နားလည်ရန် ကြိုးစားရင်း နစ်မြုပ်နေခဲ့သည်။ ၎င်းအပေါ် နားလည်မှု တိုးပွားလာကာ ထိုလောကကြီး၏ တစ်စိတ်တစ်ပိုင်းမှ အပိုင်းအစများကို စတင်စုပ်ယူလာသည်နှင့်အမျှ...အသက်လမ်းစဉ်ကျင့်ကြံခြင်း၏ အရိပ်‌အယောင်က သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာသည်။

သွေးဘောလုံးများက လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ စုမင်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော စွမ်းအားများ ပြည့်နှက်နေပြီး မူလက သူ၏ အရိုးအားလုံး၏ ခုနစ်ပုံတစ်ပုံကို မာန်အရိုးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ယခုမူ သွေးပင်လယ်မျိုးနွယ်စုမှပေးသော အမွေအနှစ်များအောက်တွင် သူ၏ ခန္ဓာကိုယ်ရှိမာန်အရိုး အရေအတွက်က တဖြည်းဖြည်း တိုးလာခဲ့သည်။

စုမင်က ဘဝ၏ အဓိပ္ပါယ်ကို နားလည်လာသောအခါ တတိယမာန်နတ်ဘုရားသခင်၏ ရှေး ဟောင်းအသံက သူ့ခေါင်းထဲတွင် ပေါ်လာသည်။

“မာန်ဝိညာဉ်နယ်ပယ်ကိုကျော်ဖြတ်ပြီးရင် ငါတို့ရဲ့သွေးသားတွေက ပြောင်းလဲသွားလိမ့်မယ်.. ငါတို့ရဲ့အသွေးတွေ အရိုးတွေနဲ့ စိတ်ဝိညာဉ်တွေကလည်း ကျင့်ကြံပြီးသားဖြစ်သွားမယ်.. ငါတို့ရဲ့ခန္ဓာကိုယ်အပြင်ကနေ စိတ်ဝိညာဉ်အတွင်းဆုံးထိ အရာအားလုံးက သန့်စင်ပြီးပြည့်စုံသွားလိမ့်မယ်...ဒါကြောင့် ငါတို့ရဲ့  ခန္ဓာကိုယ်နဲ့ထပ်ကျင့်ကြံစရာမလိုတော့ဘူး ဒါပေမဲ့ ငါတို့ရဲ့အသက်လမ်းစဉ်ကံကြမ္မာကိုကျင့်ကြံရမယ်...”

“ငါတို့၏အသက်လမ်းစဉ်တွေကို ချိုးဖျက်ပြီး ငါတို့ရဲ့ဘ၀မှာ ချို့တဲ့နေတဲ့အရာတွေကိုပြန်ရှာဖွေရမယ် အဲ့ဒါကို အသက်ဒုက္ခကျင့်စဉ်လို့ခေါ်တယ်...”

“ လောကကြီးကိုပိုင်ဆိုင်ရတဲ့ နောင်တတွေကို သိလာရမယ်..ပြီးတော့  လောကရဲ့အပြောင်းအလဲတွေကို နားလည်သလိုမျိုး ငါတို့ရဲ့ချို့တဲ့အရာတွေကို ပြန်ဖြည့်ပြီး သင်ယူရမယ်.. ဒါကိုအသက်နန်း‌ တော်ကျင့်စဉ်လို့ခေါ်တယ်...”

“ငါတို့က အသက်နန်းတော်ကျင့်စဉ် ကိုတတ်‌မြောက်ရင် အဆုံးမဲ့ဘုန်းကျက်သရေတောက်ပမှုကို ရနိုင်မယ်.. ငါတို့က လောကကြီးရဲ့စွမ်းအားတွေကို အသုံးချနိုင်မယ်..ဒါကို ကမ္ဘာ့အသက်ကျင့်စဉ်” လို့ခေါ်တယ်...”

မာန်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးတဲ့နောက်မှာ အသက်လမ်းစဉ်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ် တွေကိုကြုံတွေ့ရမယ်... ဒါတွေကမာန်နတ်ဘုရားတွေရဲ့အသက်လမ်းစဥ်ကျင့်ကြံခြင်းပဲ.. ငါတို့လည်း ဒီလမ်းစဥ်ကို တက်လှမ်းခဲ့တယ်…”

ထို့နောက် သူက အတွေးရေယာဉ်ထဲ၌ မြောနေလေသည်။

‘ငါက အသက်လမ်းစဉ်ကျင့်ကြံခြင်းကို ရောက်ခဲ့ရင်...အခုကစပြီး ငါ့ရဲ့ အသက်ကို ကျင့်ကြံရလိမ့်မယ်... အသက်လမ်းစဉ်ကျင့်ကြံခြင်းရဲ့ ပထမအဆင့်က အသက်လမ်းစဥ်ကံကြမ္မာပဲ... အသက်လမ်းစဥ်ကံကြမ္မာက ဘာလဲ...”

စုမင်က မျက်လုံးများကိုမှိတ်ထားဆဲဖြစ်ပြီး သွေးဘောလုံးအတွင်းတွင် ဆက်လက်ထိုင်နေခဲ့သည်။ ဘောလုံးက ဆက်လက်ကျုံ့သွားသည်နှင့်အမျှ၊ အနှစ်သာရများစွာသည် သူ၏မာန်အရိုးများ နှင့် တစ်သားတည်းဖြစ်ရန် သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီးသည်၊၊ သူ၏ကနဦးကျင့်ကြံမှုကို တဖြည်းဖြည်း မြင့်မားလာစေကာ သူ၏ အသား၊ သွေးနှင့် အရိုးများ၏ ဆယ်ပုံရှစ်ပုံအား စစ်မှန်သော မာန်အရိုး၊အသွေးအသားများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

‘အသက်လမ်းစဉ်ကံကြမ္မာဆိုတာဘာလဲ.... “

စုမင်၏ ခေါင်းထဲတွင် အဆုံးမရှိသော အသံများ ထွက်ပေါ်လာပြီး ထိုမေးခွန်းကို ထပ်ခါတလဲလဲ ပြောနေပါသည်။ သူသည် မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်အဆင့်တွင် ကျင့်ကြံသူကဲ့သို့ပင် အစွမ်းထက်သော်လည်း အမှန်မှာ၊ သူ၏လက်ရှိကျင့်ကြံမှုအဆင့်မှာ မာန်စိတ်ဝိညာဉ်နယ်ပယ်သာဖြစ်သည်။

သို့သော်၊ သူသည် သူ၏အသား၊ အသွေး၊ အရွတ်များနှင့် အရိုးအားလုံးကို စစ်မှန်သောမာန်အစိတ်အပိုင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။ လောကကြီးထဲတွင် မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိပြိုင်စံကင်းသော အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်လာရန် ဦးတည်နေသည်။ ထို့အပြင် သူ့မှာ မာန်နတ်ဘုရားရုပ်တု မရသေးသည့်အတွက် သူ့မှာ အသက်လမ်းစဉ်ကျင့်ကြံခြင်း လမ်းကြောင်းကို မလျှောက်လှမ်းနိုင်သေးပေ။

ထိုအချိန်တွင် သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးနောက် အသက်လမ်းစဉ်ကံကြမ္မာကို ကိုနားလည်နိုင်သည့်နေ့ကိုရောက်လျှင် သူ့အတွက် ကြီးမားသောလမ်းစဉ်ကြီးတစ်ခုပွင့်သွားမည်ဖြစ်သည်။အပြင်လောကရှိလူများကထိုလမ်းစဉ်ကို နားလည်ရန် ဘဝတစ်ခုလုံးကုန်ဆုံးခဲ့သော်လည်း

အဖြေရှာမရခဲ့ပေ။

ထိုလမ်းစဉ်က အသက်လမ်းစဉ်ကျင့်ကြံခြင်းပင် ဖြစ်သည်။

စုမင်က ဘဝ၏ အဓိပ္ပါယ်ကို နားလည်ရန် ကြိုးစားရင်း သူ့အတွေးထဲတွင် သူ့ကိုယ်သူ နစ်မြုပ်နေချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ သွေးဘောလုံးများသည် လျှင်မြန်စွာ ကျုံ့သွားသည် ။ ခဏအကြာတွင် လုံးဝပျောက်ကွယ်သွားသည်။ အားလုံးသည် စုမင်၏ ခန္ဓာကိုယ်ထဲသို့ ရောနှောသွားခဲ့သည်။

စုမင်၏ပါးပြင်ပေါ်တွင် အနီစက်များ ပေါ်လာသည်။ ကောင်းကင်ဘုံနယ်နမိတ်ကို သူပထမဆုံးဝင်ပြီးကတည်းက... မရဏအငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခြင်းမရှိပေ။ ထိုစဉ် မရဏအငွေ့အသက်များက သူ့ပတ်ဝန်းကျင်တွင် တစ်ဖန်ပြန့်နှံ့လာခဲ့သည်။ ထို့နောက် သူ့မျက်လုံးများက ချက်ချင်းပွင့်လာသည်။

‘တကယ်လို့ ငါသာ အချိန်ဆွဲနိုင်ခဲ့ရင် လူတွေခေါ်တဲ့.. ယင်မရဏလောကနယ်မြေကနေ ထွက်သွားဖို့ နည်းလမ်းရှာမယ်...’

စုမင် မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် တတိယအလွှာက ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ စုမင်က လှိုင်းဂယက်များ၏ ဗဟိုအဖြစ် နေရာယူကာ ဧရိယာတစ်ခုလုံးကို တုန်ခါသွားတော့သည်။

သူ့ခန္ဓာကိုယ်ရှိ အသား၊ အသွေး၊ အရွတ်များနှင့် အရိုးအားလုံး၏ ဆယ်ပုံရှစ်ပုံနီးပါးက မာန်အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စုမင် သူ့အတွက် တစ်ခုတည်းသောပြီးမြောက်အောင်ခြင်းနှင့်သိပ်မဝေးတော့ပေ။

‘ငါဘယ်နယ်ပယ်ကိုရောက်မလဲလို့ တွေးနေမိတယ်… ငါ့ရဲ့အရိုးအားလုံးက မာန်အရိုးတွေအဖြစ်ပြောင်းလဲသွားမယ်..မာန်စိတ်ဝိညာဉ်နယ်ပယ်အောင်မြင်ချိုးဖြတ်နိုင်မယ်ဆိုရင် အသက်လမ်းစဉ်ကံကြမ္မာက ဘာလဲဆိုတာ သိနိုင်မယ်…’

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ညာလက်ကို မြှောက်လိုက်သောအခါ လှိုင်းလုံးများဖြင့် ပြည့်နေသော ကောင်းကင်ကို ထောက်ထားသလိုမျိုး သူ့လက်ကို တွန်းလိုက်သည်။

တတိယအလွှာရှိ ကောင်းကင်ကြီးက ပြင်းထန်စွာ တုန်ခါလာကာ လှိုင်းဂယက်များ လှည့်ပတ်လာသည်နှင့်အမျှ စက္ကန့်တိုင်း မြန်လာသည်။ ကောင်းကင်ကို ဖြိုခွဲပစ်နိုင်သော စွမ်းအားများ ရှိနေသကဲ့သို့ပင်ဖြစ်နေလေသည်။ ကောင်းကင်က ကွဲအက်သွားကာ စတုတ္ထအလွှာကို ဦးတည်သော ဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားသည်။

စုမင်က ခေါင်းကို မော့လိုက်သည်။သူ့တွင် ကောင်းကင်ဘုံနယ်နမိတ်သို့ သူ ပထမဆုံး ခြေချခဲ့ချိန်နှင့် မတူသည့် တည်ရှိမှုမျိုး ပေါ်လာသည်။ ထိုတည်ရှိမှုမျိုးက အသက်လမ်းကျင့်စဥ်ကို ဦးတည်သောဆန္ဒပါ၀င်သည်။ စုမင်၏ကံကောင်းခြင်းပြီးနောက် သူ့ခန္ဓာကိုယ်၏ဆယ်ပုံရှစ်ပုံက တကယ့်မာန်အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်နှင့် သူက စွမ်းအားကြီးသော တည်ရှိမှုတစ်ခုဖြစ်လာသည်။

‘ငါ ဘာကို အရင်အောင်မြင်အောင် လုပ်ရမလဲ ဆိုတာ အရေးမကြီးပါဘူး..ဒါပေမဲ့ အသက်လမ်းစဉ်ကံကြမ္မာဆိုတာက ဘာလဲဆိုတာ ဒါမှမဟုတ် မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်နိုင်တာက ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အမြန်တိုးတက်လာစေမှာလား...”

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီ စတုတ္ထအလွှာဆီသို့ ဦးတည်သွားသော် လေထဲတွင် ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

စစ်မာရှင်းကိုသတ်လိုသောဆန္ဒကို မီးတောက်မီးလျှံများကဲ့သို့တောက်လောင်နေပြီး ဘယ်သောအခါမှ ငြိမ်းသက်နိုင်မည်မဟုတ်ပေ။ စုမင်က စတုတ္ထအလွှာသို့ ရောက်သွားသောအခါ သူ့အတွင်း သတ်ဖြတ်လိုစိတ်က ပိုအားကောင်းလာသည်။

*မှတ်စုများ-

ဘဝ ဆိုတာရှင်သန်ခြင်းနဲ့ ကံကြမ္မာပေါင်းစပ်ထားတယ်...အသက်ဆိုတာ ကာလတစ်ခုရှင်သန်နေရုံလေးမျှသာ....

All Chapters