← Chapters

ဟယ်ဖုန်း

Vol. 40 Ch. 550

ဟယ်ဖုန်း

Vol. 40 Ch. 550

စတုတ္ထအလွှာရှိလောကကြီးက ကြက်သွေးရောင်အရောင်ရှိနေဆဲဖြစ်သော်လည်း ထိုအရောင်အသွေးက တတိယအလွှာနှင့် လုံးဝကွဲပြားပါသည်။ တတိယအလွှာ၏ အနီရောင်က ကောင်းကင်တွင် သွေးအရောင်ဆိုးခြင်းကြောင့် ဖြစ်ခဲ့သော်လည်း စတုတ္ထအလွှာ၏ ကြက်သွေးရောင်က မီးတောက်များ တောက်ပနေသောကြောင့် ဖြစ်သည်။

ကောင်းကင်တစ်ခုလုံး ပူလောင်နေပုံရပြီး လေပူလှိုင်းများက လောကတစ်ခုလုံးကို လွှမ်းခြုံထားလျက်ရှိသည်။ထိုစဉ် စုမင်က စတုထ္ထအလွှာသို့ ရောက်ရှိလာသည်။

နယ်မြေတစ်ခုလုံး မီးပင်လယ်ဝေနေလေသည်။ အထဲတွင် မိုးထိုးနေသော တောင်ကြီးတစ်ခုရှိလေသည်။ သို့သော်လည်း မီးပင်လယ် ဝန်းရံထားဆဲဖြစ်ပြီး အတွင်းမှ မီးခိုးငွေ့များ ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

ထိုတောင်မှာ မီးတောင်ဖြစ်သည်။

မီးတောင်၏ ထိပ်ပိုင်းက လက်စွပ်ပုံသဏ္ဍာန်ရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူက အရမ်း ချောမောပုံရပြီး အပူဆိုတာ မသိသကဲ့သို့ အေးဆေးစွာ ထိုင်နေလေသည်။

သူ၏ဆံပင်က မီးကဲ့သို့နီနေပြီး၊ သူ၏အဝတ်မှာလည်း မီးတောက်ကဲ့သို့ နီနေသည်။

စုမင် စတုတ္ထအလွှာသို့ လှမ်းဝင်လာချိန်တွင် ထိုလူက ခေါင်းကို မော့လိုက်သည်။ သူ့မျက်ခုံးအလယ်မှာ မီးတောက်အမှတ်အသားတစ်ခုရှိနေပြီး သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ သို့သော် ထိုအပြုံးတွင် အငြိုးအာဃာတများပါရှိသည်။

စုမင် ကိုမြင်သောအခါ မီးတောက်များက သူ့မျက်လုံးများထဲတွင် ပေါ်လာသည်။

“မတွေ့တာကြာခဲ့ပြီပဲ..”

သူ့နှုတ်ခမ်းမှ ခပ်ဖွဖွ အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏စကားသံက နေရာတစ်ဝိုက်ပျံ့နှံ့သွားပြီး မီးပင်လယ်ကြီးက ပို၍ပင် တစ်ဟုန်းဟုန်း လောင်ကျွမ်းသွားတော့သည်။

စုမင်က လေထဲ၌ မတ်တပ်ရပ်ကာ ဝတ်ရုံနီ နှင့် ငြိမ်သက်စွာ ကြည့်နေသည်။

“တကယ်တော့ အတော်ကိုကြာခဲ့ပြီ..ဟယ်ဖုန်း...”

စုမင်က ထိုနာမည်ကို ပြောပြီးသည်နှင့် ဝတ်လုံနီက ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လိုက်သည်။ ရယ်မောလိုက်ပါတယ်။သူ့ရယ်သံများတွင် ရူးသွပ်မှု၊ မောက်မာမှုများ ရောပြွန်းနေလေသည်။

စုမင် ပြောသည်မှာ မှန်၏။ သူက ဟယ်ဖုန်းဖြစ်သည်။

သူက ဟန်တောင်တန်းမြို့တွင်ရှိစဉ်တွင် စုမင်၏ပထမဆုံးပြိုင်ဘက်ဖြစ်ခဲ့သည်။ ဟယ်ဖုန်းက သူ၏ကျွန်ဖြစ်လာသည်။ရှာမန် နှင့်မာန်မျိုးနွယ်စုကြား စစ်ပွဲကြီးအတွင်း သူက စုမင်ကို သစ္စာဖောက်ခဲ့သည်။ ယခုမူ အနှစ်နှစ်ဆယ်ကြာပြီးနောက် ကောင်းကင်ဘုံနယ်နမိတ်မှာ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့ခြင်းပင်ဖြစ်သည်။

“ဟယ်ဖုန်း... ဒီနာမည်ကို ဘယ်သူကမှ ခေါ်တာ မကြားရတာကြာပြီ...”

ဟယ်ဖုန်း၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။ သူက စုမင်ကိုကြည့်ပြီး ရယ်မောရင်း မီးတောင်ပေါ် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“အခု ငါက ကောင်းကင်ဘုံနယ်နမိတ်ရဲ့ လက်ယာသံတမန်... ငါ့လက်ထဲမှာ အဆုံးမဲ့အသက်ပေါင်းများစွာကို ထိန်းချုပ်ထားတယ်..ငါက မီးမာန်စွမ်းအား ကျင့်ကြံသူပဲ..”

ဟယ်ဖုန်း၏ စကားများက လေထဲသို့ ပျံ့သွားကာ ညာလက်ကို ရှေ့သို့ လှည့်လိုက်စဉ်၊ သူ့နောက်မှ မီးတောင်သည် ချက်ချင်း ပေါက်ကွဲသွားပြီး ချော်ရည် အများအပြား လျင်မြန်စွာ ထွက်လာသည်။ ကောင်းကင်ယံ၌ မီးခိုးမည်းလှိုင်းလုံးများက နေရာအနှံ့ ဖြတ်ကျော်ဝင်ရောက်လာကာ ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းတွင် ပိုမိုပူပြင်းလာသည်။

မီးတောင်ပေါက်ကွဲမှုအတွင်း စုမင်က ချော်ရည်ထဲမှ အနက်ရောင်အရိုးစုအချို့ကိုပင် မြင်တွေ့ခဲ့ရသည်။ ၎င်းတို့က သက်ကြီးရွယ်အိုများနှင့် လူငယ်တို့၏ အရိုးများဖြစ်သည်။ ၎င်းတို့သည် ချော်ရည်များကြောင့် လျင်မြန်စွာ ကြေမွသွားခဲ့သည်။

“မင်းကို ကြိုဆိုဖို့.. စတုတ္ထအလွှာကို မီးပင်လယ်ဖြစ်အောင်ပြောင်းထားတာ..ပြီးတော့ မင်းကို တိုက်ခိုက်ဖို့ အစွမ်းကုန် ကူညီချင်တဲ့မျိုးနွယ်စုတစ်ခုလုံးကို မီးစာအဖြစ်ထည့်

လိုက်တယ်.. “

“ဒီလိုအခြေ အနေမျိုးကသာ ငါ့ရဲ့မီးမာန်စွမ်းအားကျင့်ကြံသူဆိုတဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်တယ်.. ဒီ နေရာက ငါတို့ရဲ့ စစ်မြေပြင်ဖြစ်လာဖို့ ထိုက်တန်တဲ့ တစ်ခုတည်းသော လောကကြီးပဲ...”

ဟယ်ဖုန်းက စကားစမြည်ပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

“ငါက တကယ့်မီးမာန်စွမ်းအားကျင့်ကြံသူပဲ..”

ထိုစကားကို ပြောပြီးနောက် ဟယ်ဖုန်း ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီး၍ မြေပြင်သို့ ညွှန်ပြလိုက်၏။ ချက်ချင်းပင်၊ ထိုနေရာရှိ မီးပင်လယ်က ကောင်းကင်သို့ ခုန်တက်သွားသည်။ မီးတောက်များ တဟုန်ထိုးတက်လာသည်နှင့်အမျှ ၎င်းအားလုံး စုမင်ဆီသို့ ပြေးဝင်ကြသည်။

ထို့နောက် ဟယ်ဖုန်းက ကောင်းကင်ကို ညွှန်ပြပြီးသည်နှင့် တခဏအတွင်းမှာပဲ ကောင်းကင်က စတင် လောင်ကျွမ်းလာပြီး ပေါက်ကွဲသံကြီးနှင့်အတူမီးတောက်မီးလျှံများ စုမင်ဆီသို့ ပျံသန်းသွားလေသည်။

စုမင်က ယခင်အတိုင်း ငြိမ်သက်နေပြီး သူ့မျက်နှာတွင် ပြောင်းလဲမှုများစွာ မတွေ့နိုင်ပေ။ သူက မောက်မာသောဟယ်ဖုန်းကို အေးစက်စက် အကြည့်ဖြင့် ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး..”

စုမင်က သူ၏ညာလက်ကို မြှောက်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးမှ မီးတောက်များက နေရာပေါင်းစုံမှ သူ့ဆီသို့ ပျံ့လွင့်လာကာ သူ့ရှေ့မှ လေထုကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ မီးပင်လယ်က ချက်ချင်းပင် တုန်လှုပ်သွားပြီး သူ့လက်ဖဝါးဆီသို့ ရောက်ရှိသွားသည်။ သူ့အနောက်က မီးပင်လယ်က စုမင်ကို ဖြတ်သန်းသွားလေသည်။စုမင်၏ဆံချည်တစ်မျှင်တောင် မလောင်ကျွမ်းဘဲ မီးလယ်နှင့်အတူ ပြန်ပေါ်လာလေသည်။အဝေးကနေကြည့်လျှင် ထိုမြင်ကွင်းက အံ့အားသင့်စရာပင်ဖြစ်သည်။ အဆုံးမဲ့မီးပင်လယ်က စုမင်၏ အလုံးစုံထိန်းချုပ်မှုအောက်တွင် ရှိနေပုံရပြီး သူ၏ညာလက်တွင် စုရုံးနေပုံရသည်။

စုမင်က ထိုမီးတောက်များ၏အရှင်သခင်တစ်ပါးကဲ့သို့ပင်ဖြစ်သည်။ မီးပင်လယ်က သူ့လက်ဖဝါးပေါ်တွင် စုရုံးလာသောအခါ ၎င်းက အလွန်ကြီးမားသော မီးလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမီးလုံးက ကျယ်လောင်သော ကွဲအက်သံများဖြင့် လောင်ကျွမ်းသွားပြီး စုမင်၏ ညာလက်ထဲမှာ ရှိ‌ နေလေသည်။ သူက ဟယ်ဖုန်းကို အေးစက်စွာ ကြည့်လိုက်သည်။

ဟယ်ဖုန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာ ပေါ်လာသည်။ ထူးဆန်းသော အလင်းတန်းတစ်ခုက သူ့မျက်လုံးများတွင် တောက်ပလာကာ သူ့နှုတ်ခမ်းများ လှောင်ပြုံးပြုံးနေလေသည်။

ထိုလှောင်ပြုံးသံ ထွက်ပေါ်လာသည်နှင့်စုမင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသော မီးလုံးကြီးထဲမှ လူမျက်နှာက ရုတ်ခြည်း ထွက်ပေါ်လာသည်။ ထိုလူ့မျက်နှာက ဟယ်ဖုန်းနှင့် တူသည်။ သူ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် စုမင်ကို ဝါးမြိုသွားသည် ။ ဤသည်မှာ မီးလုံးကြီးအတွင်းပါရှိသော အလိုဆန္ဒ၏ ထင်ရှားမှုတစ်ခုဖြစ်သည်။

စုမင်က ခေါင်းမော့ကာ ဝါးမြိုရန်လာသောဟယ်ဖုန်းပါးစပ်ကို ကြည့်လိုက်သည်။ထို့နောက် ဟယ်ဖုန်း၏ခန္ဓာကိုယ်အဖြစ်လောင်ကျွမ်းနေသော မီးလုံးကြီးကို ကြည့်လိုက်သည်။

“မင်းရဲ့ဆန္ဒကို မီးထဲထည့်လိုက်တာပဲ..မဆိုးပါဘူး..မင်း နှစ်တွေကြာအောင် အပြင်းအထန် လေ့ကျင့်နေပေမဲ့...”

စုမင်က တည်တည်ငြိမ်ငြိမ်နှင့် အဝါးမျိုခံလိုက်သည်။ဝါးမျိုခံရစဉ် သူ့ညာလက်ကို မြင့်မြင့်မြှောက်ထားလေသည်။

သူနှင့် ငါးပေအောက်သာ ကွာဝေးသော ဧရာမ မီးလုံးကြီးက ရုတ်ခြည်း တုန်လှုပ်သွားပြီး တခဏချင်းတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပေါက်ကွဲသွားသည့်အခါ မီးတောက်မီးလျှံများက နောက်ပြန် စီးဆင်းသွားပြီး စုမင်ကို တစ်ချက်မျှ မထိမိပေ။ သူက ပြိုကွဲလုနီးပါးဖြစ်နေသော မီးလုံး၏ အလယ်မှာ ရပ်ပြီး ခေါင်းယမ်းရင်း ဟယ်ဖုန်းကို ကြည့်လိုက်သည်။

“...မင်း လိုနေသေးတယ်”

ဟယ်ဖုန်းက မျက်မှောင်ကြုတ်သွားကာ ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်။ လေထုထဲမှာ ရှိနေစဉ် သူ့နောက်ကျောက ၀တ်ရုံက ချက်ချင်း ဆုတ်ဖြဲသွားပြီး အနက်ရောင် တောင်ပံတစ်စုံ ပေါ်လာတယ်။ ထိုတောင်ပံများကို ခတ်လိုက်သောအခါ သူ့ခေါင်းထက်တွင် မီးတောက်များ ပြည့်လျှံသွားသည်။ထို့နောက် သူ့လက်ဟန်ဖြင့် ချိပ် တံဆိပ်တစ်ခုကို စတင်ဖန်တီးခဲ့သည်။ ဟယ်ဖုန်းက စုမင်ဆီသို့ ကြည့်လိုက်သောအခါ ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာပြီး သူ့လက်ကို ရှေ့သို့ တွန်းလိုက်သည်။

“လိုနေသေးတယ်.. မီးတောင်ပံတွေ..”

ထို့နောက် ဟယ်ဖုန်းက အော်ဟစ်ပြီး ရှေ့ကို အရှိန်တင်လိုက်သည်။သူ့ လျှာဖျားကို ကိုက်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။ ထိုသွေးများက မီးလျှံများနှင့်ပေါင်းစပ်သွားပြီး မီးတောက်များ ပိုမိုစုစည်းလာသည်။ထိုစဉ် ဟယ်ဖုန်း၏သွေးကြောင့်ဖြစ်ပေါ်လာသော လ၏အတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် ဤလ၏အတောင်ပံများက မီးလျှံများနှင့်ပြည့်နေ၏။ ရက်စက်မှုက ၎င်း၏မျက်လုံးထဲတွင် ရှိနေပြီး ၎င်း၏နှုတ်ခမ်းများမှ စူးရှသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်ကို ဟယ်ဖုန်း ၏သွေးဖြင့်ဖွဲ့စည်းထားပြီး ၎င်းက မီးမှမွေးဖွားလာခြင်းဖြစ်သည်။ ပေါ်လာသည်နှင့် တပြိုင်နက် ဟောက်လိုက်သည်နှင့် ၎င်း၏ အမျိုးအစား အမြောက်အမြား ချက်ချင်း သူ့ပတ်ဝန်းကျင်တွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤလ၏မီးတောင်ပံတစ်ရာနီးပါးက ဟယ်ဖုန်းရှေ့တွင်ပေါ်လာသည်။

ဟယ်ဖုန်းက စုမင်ဆီသို့ ညွှန်ပြသောအခါ၊ ဤမီးတောင်ပံများ ဟိန်း ဟောက်ပြီး ရှေ့သို့ ချီတက်လာကြသည်။

ဟယ်ဖုန်း၏နှုတ်ခမ်းတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ စုမင်၏ ထိန်းချုပ်မှုမှ လွတ်ကင်းပြီး စစ်မှန်သောမာန်မီးစွမ်းအားကျင့်ကြံသူ အဖြစ်သို့ ပြောင်းလဲသွားကြောင်း သူယုံကြည်ခဲ့သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း စုမင်နှင့် ပြန်လည်တွေ့ဆုံနိုင်မည်ဟု အမြဲမျှော်လင့်နေခဲ့သည်။ သူက‌ လောကကြီးထဲတွင် တစ်ဦးတည်းသော မာန်မီးစွမ်းအားကျင့်ကြံသူဖြစ်သည်ကို သူသိစေချင်သည်။

စုမင်က မာန်မီးစွမ်းအားကျင့်ကြံသူမှ ဆင်းသက်လာလျှင်တောင် ဟယ်ဖုန်းက စုမင်ထက် သာလွန်သူဖြစ်ကြောင်း ယုံကြည်ပါသည်။

သူ့အလိုဆန္ဒကို မီးထဲသို့ ရောနှောပြီး စုမင်အပေါ် သစ္စာစောင့်သိသော လ၏အတောင်ပံများကို အသုံးပြုနိုင်ခြင်းက ဟယ်ဖုန်း၏ ယုံကြည်ရာဖြစ်သည်။ စုမင်ကို သေချာပေါက် သတ်နိုင်မည်ဟု သူယုံကြည်ခဲ့သည်။ လွန်ခဲ့သည့်နှစ်များက သူခံစားခဲ့ရသော အငြိုးအာဃာတများကို လုံးဝအဆုံးသတ်နိုင်မည်ဖြစ်သည်။

စုမင်ဆီသို့ ရောက်ရှိလာသော မီးတောင်ပံတစ်ရာ အနီးတွင် ဟယ်ဖုန်းလည်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ မီးတောက်များက သူ့ပတ်ဝန်းကျင်မှ လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး ပေတစ်ထောင်မြင့်သော လ၏ အတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ ၎င်းက သူ့ကို အတွင်းတွင် ဖုံးအုပ်ထားကာ သူ့ကို ထိုလ၏ အတောင်ပံများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ဟယ်ဖုန်း၏မာန်မီးစွမ်းအားကျင့်စဉ်ကို အသက်သွင်းနေစဉ် စုမင်၏မျက်နှာရှိ အပြောင်းအလဲများစွာကို တွေ့မြင်ရဆဲဖြစ်သည်။ ထိုအချိန်တွင် သူက သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ သူ၏လက်ဖဝါးကို ကြည့်ရန် သို့မဟုတ် သူ့လက်ပေါ်ရှိ လက္ခဏာများကို အတိအကျကြည့်ရန် ခေါင်းမတ်လိုက်သည်။

“မင်းကမာန်မီးစွမ်းအား အစစ်အမှန်ဆိုတာ ဘာလဲ သိလား...ဘာကြောင့် မီးစွမ်းအားကျင့်ကြံသူအဖြစ် မွေးလာမှန်းရောသိလား..မင်းမှာ လိုအပ်ချက်တွေရှိနေတုန်းပဲ..”

စုမင်က သူ့ညာလက်ကို ဆုပ်ထားပြီး လက်သီးကို ဖြည်လိုက်သော် ပုလဲသုံးလုံးက သူ့လက်ထဲမှာ ပေါ်လာသည်။

ပုလဲသုံးလုံးပေါ်လာသည်နှင့် တပြိုင်နက် ဝင်လာသော လ၏မီးအတောင်ပံများက ရုတ်တရက် တုန်ခါသွားလေသည်။ ၎င်းတို့အားလုံးက ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားကာ

စုမင်၏ညာဘက်လက်ဆီသို့ တောက်လောင်နေသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လ၏မီးတောင်ပံများ ပြောင်းလဲမှုကြောင့် ဟယ်ဖုန်းကို ခဏတာ အံ့အားသင့်သွားစေသည်။ ထိုခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်က ပေတစ်ထောင် လအတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားသော သူ၏ခန္ဓာကိုယ်က အလွန်မတည်မငြိမ်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူဖြစ်ပျက်နေသည့်အရာများကို သဘောမပေါက်မီ၊ ပေါက်ကွဲသွားသည့် လ၏အတောင်ပံများက စုမင်၏ လက်ဖဝါးပေါ်ရှိ ပုလဲသုံးလုံးဆီသို့ မီးတောက်အဖြစ်သို့ တစ်ဖန်ပြောင်းသွားခဲ့သည်။

ဟယ်ဖုန်းက ထိုပုလဲများကို မြင်လိုက်ရသည်နှင့် တပြိုင်နက်တွင် သူ၏ စွမ်းအားများက သူ့အတွင်းရှိစွမ်းအားများက ပြန့်ကျဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤခံစားချက် ပေါ်လာပြီးနောက် ဟယ်ဖုန်းက ထိတ်လန့်အံ့သြသွားပြီး ထိုခဏတွင် သူက လောကကြီးနှင့် အဆက်အသွယ်ပြတ်ပုံရသည်။

လောကကြီးက သူ့ကို ငြင်းပယ်နေပုံရသည်။ သူနဲ့ ရင်းနှီးပြီးသား ဖြစ်သော မီးတောက်များက သူ့အတွက် ထူးဆန်းသောအရာတစ်ခု ဖြစ်သွားသည်။

ထိုအရာအားလုံးက စုမင်၏လက်ထဲရှိ ပုလဲသုံးလုံးထဲ၌ ပေါ်လာသည်။

လောကကြီးထဲရှိ မီးတောက်များအားလုံးက စုမင်၏ လက်ဖဝါးဆီသို့ ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ‌ ရောက်ရှိလာကြသည်။ ပုလဲသုံးလုံးမှ မီးတောက်များကို စုပ်ယူလိုက်သောအခါ တစ်ခဏအတွင်း မီးပင်လယ်က ခမ်းခြောက်သွားလေသည်။ ပြင်းထန်သော တုန်ခါမှုတစ်ခုကြောင့် နောက်ဆုံးမီးလျှံအားလုံး ငြိမ်းသွားသကဲ့သို့ မီးတောင်သည်ပင် မီးတောက်များ မဖန်တီးနိုင်တော့ပေ။

“မီးမာန်စွမ်းအားဆိုတာ ဘာလဲ..မင်းဘာလို့ မီးကို လိုချင်တာလဲ.. ဘာလို့ မီးကို ထိန်းချုပ်ချင်တာလဲ..ဒီမေးခွန်းတွေအတွက် မင်းမှာ အဖြေတောင် မရှိဘူး..ငါ့ရှေ့မှာ မင်းကိုယ်မင်း မာန်မီးစွမ်းအားကျင့်ကြံသူလို့ခေါ်ရတယ်..”

စုမင်က ဟယ်ဖုန်းကို အေးစက်စွာကြည့်ရင်း ပုလဲသုံးလုံးကို ဖယ်ပစ်လိုက်သည်။

စုမင်က မည်သည့်အခါမှ မတိုက်ခိုက်ခဲ့ပေ။ သူက ဟယ်ဖုန်း၏ မြင့်မြတ်သော စွမ်းရည်များကို ဆက်လက်အသက်သွင်းရန် ခွင့်ပြုလိုက်သည်။ သူက ဟယ်ဖုန်းကို လူရွှင်တော်တစ်ဦးကို ကြည့်နေသလိုမျိုး ကြည့်နေသည်။ ထိုအချိန် စုမင်၏အကြည့်အောက်တွင် ဟယ်ဖုန်း၏မျက်နှာက ဖြူဖျော့လာပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုများပေါ်လာသည်။

“မဖြစ်နိုင်ဘူး၊ ငါကမာန်မီးစွမ်းအားကျင့်ကြံသူ..တကယ့် မာန်မီးစွမ်းအားကျင့်ကြံသူ..စစ်စစ်ပဲ..

သူက အရူးအမူးအော်ဟစ်နေပြီးသူ၏ မြင့်မြတ်သောစွမ်းရည်များကို ဆက်လက် အသက်သွင်းရန် လုပ်နေလေသည်။စုမင်က ခေါင်းသာ‌တွင်တွင်ခါနေတော့သည်။

“မင်းက မာန်မီးစွမ်းအားကျင့်ကြံသူ မဟုတ်ဘူး.. ငါလည်းမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ငါ့ဘ၀မှာ မီးစွမ်းအား မပြတ်လတ်ခဲ့လို့ပဲ...”

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ညာလက်မောင်းကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ထိုလေပြင်းတစ်ချက်က ချက်ချင်းဆိုသလိုပင် ဟယ်ဖုန်းကို ထိလိုက်သည်နှင့် ပေါက်ကွဲသွားသော လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဟယ်ဖုန်းက သွေးအန်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

ဟယ်ဖုန်းကာမာန်မီးစွမ်းအား၏ ငြင်းပယ်ခြင်းကိုခံခဲ့ရပြီး မီးစွမ်းအင်၏သက်ရောက်မှုကို မခံစားနိုင်တော့ပေ။

“ငါကမာန်မီးစွမ်းအားကျင့်ကြံသူပဲ.. လောကကြီးထဲက ငါ့ဘဝရဲ့ အရာအားလုံးကို မီးတောက်တွေထဲ စွန့်လွှတ်ပြီးပြီ..လောကကြီးထဲမှာ ငါ့လောက် မီးစွမ်းအင်ကို ရူးသွပ်တဲ့သူမရှိဘူး.. ငါက စစ်မှန်တဲ့မာန်မီးစွမ်းအားကျင့်ကြံသူပဲ..”

ဟယ်ဖုန်းက သွေးအန်လိုက်ပြီး သူ့မျက်နှာ ယုတ်မာကောက်ကျစ်မှုများနှင့်ပြည့်နှက်လာလေသည်။ သူ့ခန္ဓာကိုယ်မှာ ရှိနေသော ဒဏ်ရာများကို ဂရုမစိုက်ပေ။သူ့ ခေါင်းကို မော့ပြီး ကောင်းကင်ကို ဟစ်အော်လိုက်သည်။ သူက အရူးအမူးအော်ဟစ်

နေတော့သည်။သူ့စိတ်ထဲတွင် ကျန်ခဲ့သော အရာများ မှာ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ် နှင့် ကောင်းကင်ဘုံသို့ လွင့်ပျံသွားလိုသော ဆန္ဒ ဖြစ်သည် ။

သူသည် စစ်မှန်သော မာန်မီးစွမ်းအားကျင့်ကြံသူဖြစ်သည်ဟု အမြဲယုံကြည်ခဲ့သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း မီးစွမ်းအားက သူ၏အဖော်ဖြစ်ခဲ့ပြီး၊ ၎င်းက အခြားသူများထက်သာလွန်စေခဲ့ပြီး လက်ရှိအခြေအနေ၏ အရင်းအမြစ်ဖြစ်သည်။ ယခုမူ သူ၏မီးစွမ်းအားထိန်းချုပ်ခွင့်မှ သူ့ထံမှ ဖယ်ခွာသွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ သူလက်မခံနိုင်သော အရာဖြစ်သည်။ ထိုအရာက သူ့ကို ရူးသွပ်စေသောအရာတစ်ခုပင်ဖြစ်သည်။

သူ ဟစ်အော်လိုက်သည်နှင့်... ဤ‌ လောကကြီးထဲတွင် မီးတောက်မရှိတော့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် မီးအရိပ်တစ်ခု ပေါ်လာသည်။

All Chapters