← Chapters

လွတ်လပ်မှု

Vol. 40 Ch. 551

လွတ်လပ်မှု

Vol. 40 Ch. 551

ထိုမီးပုံရိပ်ကြောင့် စုမင်၏မျက်လုံးများ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

သူ့မျက်စိရှေ့ရှိ ဟယ်ဖုန်းက ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိဘဲ ဆက်လက် အော်ဟစ်နေလေသည်။ ရူးသွပ်မှုများက သူ့နှလုံးသားတစ်ခုလုံး ပြည့်သွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာသည်နှင့်အမျှ ၎င်းတို့က ပိုမိုပြင်းထန်လာသည်။ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်အထိ များပြားလာသည်။

“ငါကမာန်မီးစွမ်းအားကျင့်ကြံသူပဲ..”

“ဒီ‌လောကမှာ ကျုပ်ကတစ်ဦးတည်းသောမာန်မီးစွမ်းအားကျင့်ကြံသူပဲ..”

“ဒီလောကမှာ ကျုပ်ကပဲ မာန်မီးစွမ်းအားကို ကိုးကွယ်သူပဲ..”

ဟယ်ဖုန်းက အရူးတစ်ယောက်ကဲ့သို့ အော်ဟစ် နေလေသည်။ သူ့ခန္ဓာကိုယ်မှာ မီးတောက်များပြားလာသည်နှင့်အမျှ သူ့နှလုံးသားထဲမှာ မီးစွမ်းအားကို ထိန်းချုပ်နိုင်သော ခံစားချက်က တစ်ဖန်ပေါ်လာသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များ ပေါ်လာသည်နှင့် တပြိုင်နက် အရာအားလုံးကို အရည်ပျော်သွားသကဲ့သို့ ယခင်ကထက် ပိုမိုပြင်းထန်သော အပူလှိုင်းများ ပျံ့နှံ့လာခဲ့သည်။

စုမင်က ဟယ်ဖုန်းကို ကြည့်ပြီး တောက်ပသော အလင်းရောင်တစ်ခု သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။

‘ဒါက အသက်လမ်းစဥ်ကျင့်ကြံခြင်းရဲ့ နိမိတ်လက္ခဏာ… ဒါပေမဲ့ အသက်လမ်းစဉ်ကျင့်ကြံတဲ့လမ်း‌ကြောင်းပွင့်လာတာတော့မဟုတ်ဘူး.. ဒါက ကြီးမားတဲ့ စိတ်ဆန္ဒကြောင့် မွေးဖွားလာခဲ့တာပဲ...ဟယ်ဖုန်းက သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်စေမဲ့ စွမ်းအားတစ်ခုပဲ”

“မီးစွမ်းအားကို စွဲလမ်းမှုကြောင့် သူ့ ရဲ့ စိတ်ဆန္ဒ တွေနဲ့ ရောထွေး သွားပြီး ... သူ ထိန်းချုပ်လာနိုင်တာပဲ..”

‘ဟယ်ဖုန်းရဲ့ကိုယ်ပေါ်က မီးစွမ်းအားက တတိယမာန်နတ်ဘုရားက ဆင်းသက်လာတဲ့ မီးစွမ်းအားနဲ့မဆိုင်တော့ဘူး...အခုဟာက ဟယ်ဖုန်းရဲ့ကိုယ်ပိုင်မီးစွမ်းအင်ပဲ..”

စုမင်က ဟယ်ဖုန်း ကိုကြည့်ရင်း သဘောပေါက်လာလေသည်။ အသက်လမ်းစဉ်ကံကြမ္မာက စိတ်အားထက်သန်မှုနှင့် ကြီးမားသော ဆက်နွှယ်မှုရှိနိုင်သည်ဟူသော အသိတရားက အမှောင်ထဲတွင် ရုတ်တရက် လင်းလက်နေသည့် အလင်းရောင်တစ်ခုကဲ့သို့ သူ့အပေါ်သို့ ရုတ်တရက် ရောက်လာသည်။

စုမင်က ဟယ်ဖုန်း၏ အသွင်ကူးပြောင်းမှုကို မနှောင့်ယှက်ခဲ့ပေ။ သူ့ထံမှ ပို၍ကြီးမားသော သုခချမ်းသာကို ရယူချင်သည်။

ထိုအချိန်တွင် ဟယ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည် ကောင်းကင်သို့ ပျံ့လွင့်လာသောအခါ လောကကြီးက ပိုမိုပူပြင်းလာသည်။ ခဏအကြာတွင် သူက မျက်လုံးများကိုဖွင့်လိုက်ပြီး ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည်။

“ကျုပ်က မာန်မီးစွမ်းအားကျင့်ကြံသူပဲကွ...”

သူက ကြုံးဝါးသံဖြင့် စုမင်နားသို့နီးကပ်လာလေသည်။ သူက လက်သီးကိုဆုပ်ပြီး စုမင်ဆီသို့ ထိုးလွှတ်လိုက်လေသည်။ ထိုလက်သီးမှာ ဟယ်ဖုန်း၏ခန္ဓာကိုယ်ထဲရှိ မီးစွမ်းအင်များ ပါ၀င်နေလေသည်။ ပထမဆုံး အကြိမ်မှာတော့ ဟယ်ဖုန်းက သူ့ကိုယ်ပိုင်မီးစွမ်းအားကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့သည်။

သူ့လက်သီးမှ မီးတောက်များ လျှံထွက်ကာ စုမင်ဆီကို ဟိန်းဟောက် နေသော မီးဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်က နောက်မဆုတ်ပေ။ ယင်းအစား သူလည်း သူ့ညာလက်ကို မြှောက်လိုက်သော်လည်း သူ့လက်သီးမှာ မည်သည့်မီးလျှံမှ မပါဝင်ပေ။ သူ့ခန္ဓာကိုယ်ထဲက မာန်အရိုးများနှင့်အသက်လမ်းစဉ်၏နမိတ်အငွေ့အသက်များသာ ပါဝင်လေသည်။

ကောင်းကင်ကိုတုန်လှုပ်စေသော ပေါက်ကွဲသံကြီးက တစ်ရှိန်ထိုးမြည်လာလေသည်။ ဟယ်ဖုန်းက သွေးတစ်လုတ်ကြီးအန်လိုက်ကာ မီးတောက်နေသော ဝံပုလွေက မီးကျီခဲများအဖြစ်သို့ ကွဲအက်သွားသည်။ ဟယ်ဖုန်းက ပေတစ်ထောင်နီးပါး နောက်သို့လွင့်စင်သွားပြီး သွေးများ အန်လိုက်ရသည်။ထို့နောက် သူပြန်ထလာသောအခါတွင် ယခင်ကထက် ပို၍ပင် ရူးသွပ်သွားပုံရသည်။

“ကျုပ်အသက်ကို လောကကြီးရဲ့မီးစွမ်းအင်တွေဆီမှာ အပ်နှံပါတယ်.. မီးစွမ်းအားရဲ့လက်ပါး‌စေဖြစ်ချင်ပါတယ်... ကျေးဇူးပြုပြး မီးစွမ်းအားကို ပေးသနားပါ...”

ဟယ်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ယခင်ကထက် ပိုမိုပြင်းထန်စွာ လောင်ကျွမ်းသွားပြန်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်က ပိုမိုပြင်းထန်သော မီးတောက်များကြောင့် ပျက်စီးသွားသည့် အရိပ်အယောင်များ စတင်ပြသလာသည်။ မီးစွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ သူ့အသားနှင့်သွေးများက ခြောက်သွေ့လာလေသည်။ သူ့သွေးများက အငွေ့ပျံသွားကာ အနီရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားပြီး သူ့ရူးသွပ်မှုက ပို၍တောင် ကြီးထွားလာခဲ့သည်။

“ငါကမာန်မီးစွမ်းအားကျင့်ကြံသူပဲကွ.. “

ထိုစကားများက သူ ထပ်ခါထပ်ခါ ပြောနေသည့် စကားများပင်ဖြစ်သည်။ တစ်ဖန် မီးတောက်အဖြစ်သို့ ရောက်သောအခါ ဟယ်ဖုန်းက သွေးရူးသွေးတန်းအော်ဟစ်ပြီး စုမင်ဆီသို့ ပြေးဝင်သွားလေသည်။

သူနီးကပ်လာသည်နှင့် တပြိုင်နက် စုမင် သူ၏ညာလက်ကို တည်ငြိမ်စွာ မလိုက်ပြီး လက်သီးတစ်ချက် ထပ်မံထိုးလိုက်သည်။

ထိုလက်ချက်ကြောင့် ဟယ်ဖုန်း ယခင်ကကဲ့သို့ပင် နောက်ပြန်လွင့်စင်သွားလေသည်။ ၎င်းက သူ့ခန္ဓာကိုယ်ရှိ မီးတောက်များကို မှိန် ဖျော့သွားစေကာ သွေးတစ်လုတ်အန်စေခဲ့သည်။ ထို့ပြင် သူ့ညာလက်မောင်း ပေါက်ကွဲကာ အသားစများအဖြစ်ပြောင်းလဲသွားစေသည်။

သို့ပေမယ့် စုမင်လည်း နောက်ပြန်ဆုတ်သွားလေသည်။

“တော်တော်အားကောင်းတဲ့စိတ်ဆန္ဒပဲ...”

စုမင်က ဟယ်ဖုန်းကိုကြည့်နေစဉ် သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခုပေါ်လာသည်။ ထိုအချိန်တွင် သူ့ရူးသွပ်မှုက သူ့ကို အကြွင်းမဲ့အနိုင်ရပြီး နောက်သို့လွင့်စင်သွားလေသည်။ သူက တဇွတ်ထိုးအော်ဟစ်စဉ် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များ တစ်ဖန်ပြန်ထလာသည်။

‘ဒါက… သူ့ရူးသွပ်မှု လွန်ကဲပြီး ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတဲ့ အခြေအနေပဲ... အဲဒီ့အခြေအနေမှာ သူကကိုယ်ပိုင်မီးစွမ်းအားကိုရခဲ့တယ်.. တိတိကျကျပြောရရင်သူ့ကိုယ်ပိုင်ဘဝကို ရခဲ့တာပဲ..”

‘လူတိုင်းမှာ ကိုယ်ပိုင်အသက်လမ်းစဉ်ရှိတယ်.. တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး... အသက်လမ်းစဉ်ရဲ့အနှစ်သာရကို နားလည်ဖို့နဲ့ကျင့်စဉ်လမ်းကြောင်းပေါ်ကိုရောက်ဖို့ ဒီလိုအခြေအနေတွေ(ဟယ်ဖုန်းလို)မျိုးတွေ လိုအပ်တယ်...”

“အခု ငါလည်း ဟယ်ဖုန်း ဖြစ်သလိုမျိုး ကျော်ဖြတ်ရမှာလား..”

စုမင်က ဟယ်ဖုန်းကိုကြည့်ကာ အတွေးရှည်ကြီး ခေါင်းထဲသို့ ဝင်လာသည်။

သူ့ရှေ့ကလူက စုမင်၏အတွေးများအတွက် အဖြေတစ်ခုဖြစ်လာပြီး အရာတော်တော်များများကို နားလည်ခွင့်ပေးခဲ့သည်။

ဟယ်ဖုန်း၏ ဆုတ်ခွာမှုကြောင့် သူက ကောင်းကင်တွင် မတ်တပ်ရပ်နေခဲ့ရသည်။ဟယ်ဖုန်းက ထပ်မံအော်ဟစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များ တဟုန်ထိုး ပေါက်ကွဲလာလေသည်။ ထိုခဏတွင် သူ့ခြေထောက်များက ပေါက်ကွဲသွားပြီး ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်။ သို့သော် သူက နာကျင်ရကောင်းမှန်းမသိပေ။ ယင်းအစား၊ သူ၏ ရူးသွပ်မှုဖြင့် ပိုမိုပြင်းထန်သော မီးတောက်များကို ဆက်လက် တောင့်တခဲ့သည်။

သူက ထိုမီးတောက်များကို လက်ခံခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ မီးတောက်များက အလွန်ပူပြင်းလာသဖြင့် ကောင်းကင်ပင် ၎င်းတို့ကို ခံနိုင်ရည်မရှိတော့ဘဲ အရည်ပျော်သွားသကဲ့သို့ တုန်လှုပ်နေလေသည်။ ထိုမီးတောက်များက အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ဟယ်ဖုန်းက စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။သူ၏ကျန်ဘယ်လက်ဖြင့် စုမင်ဆီသို့ပျံသန်းသွားပြီး လက်သီးထိုးလိုက်သည်။

“သေစမ်းကွာ...”

ဟယ်ဖုန်းက ဒေါသတကြီး အော်လိုက်သည်။

သူ့လက်သီးကို ရှေ့သို့ ပစ်လွှတ်လိုက်သောအခါ စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ ဟယ်ဖုန်း၏ လက်သီးနှင့် တည့်တည့်မထိမီ သူ၏ညာလက်ကိုတင်းတင်းဆုပ်ထားလေသည်။ကောင်းကင်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲ၌ တဟုန်ထိုး ပျံ့လွင့်လာသည်။ စုမင်က ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းမှချီလမ်းကြောင်း များ တုန်လှုပ်သွားခဲ့သည်။

ဟယ်ဖုန်းကတော့ သူ့ခန္ဓာကိုယ်မှာ သွေး မရှိတော့ပေ။သူ နောက်ပြန်လဲကျသွားသည့်အခါ သူ့ဘယ်လက်က ပေါက်ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ဝက်ပဲ ကျန်ပါတော့သည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်ကို ထိလိုက်သည်နှင့် သူ့ဘဝ၏ အပြင်းထန်ဆုံးဟစ်ကြွေးသံကို ထုတ်လွှတ်လိုက်သည်။

“ကျွန်ုပ်ရဲ့ဝိညာဉ်ကို လောကကြီးရဲ့မီးတောက်တွေဆီကို ပူဇော်ပါတယ်.. ကျွန်ုပ်အား ပေးတော်မူပါ.. ကျွန်ုပ်အား ပိုပြီးပြင်းထန်တဲ့ မီးတောက်တွေကို ပေးတော်မူပါ..”

ထိုစကားများက သူ့ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်မီးတောက်များ ပေါ်လာသည်။ ထိုသို့ဖြစ်သောအခါ ဟယ်ဖုန်း၏ ခန္ဓာကိုယ်က လျင်မြန်စွာ လောင်ကျွမ်းသွားတော့သည်။ သူက စုမင်ကို စိုက်ကြည့်နေလေသည်။

“စုမင်.. ငါက တကယ့်မာန်မီးစွမ်းအားကျင့်ကြံသူပဲ....”

ထိုစကားက သူ၏နောက်ဆုံးစကားဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုသော် သူပြောပြီးသောအခါတွင် သူ၏ဦးခေါင်းသာ ကျန်ရှိတော့သည်၊၊ သူ့ရှိ အသွေးအသားများက ပြာအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ အဖြူရောင်မီးတောက်များ လောင်ကျွမ်းသွားသည်နှင့်အမျှ သူ့အသက်နှင့် သူ့ဝိညာဉ်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

အဖြူရောင်မီးတောက်များ ဆက်လက်လောင်ကျွမ်းလာသည်နှင့်အမျှ ၎င်းတို့က ရုတ်ခြည်းပေါက်ကွဲသွားလေသည်။ နောက်ဆုံးတွင် ထိုပေါက်ကွဲမှုအောက်တွင် ကောင်းကင်ကြီး အက်ကွဲသွားသည်။ ထိုစဉ် ပဉ္စမအလွှာသို့ တည့်တည့်သွားသော ဧရာမအပေါက်ကြီး ပေါ်လာသည်။

ထိုမီးတောက်များက ပဉ္စမအလွှာကို ဖြတ်ကျော်သွားပြီးနော် စူးရှစွာအော်ဟစ်သံများက ထိုအပေါက်ထဲမှထွက်လာလေသည်။ ထိုနေရာရှိ မျိုးနွယ်စုဝင်များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ၎င်းတို့၏ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။ သို့သော် ၎င်းတို့အားလုံးက အဖြူရောင်မီးပင်လယ်အတွက် အနစ်နာခံမှုများအဖြစ်သို့ ပြောင်းလဲသွားသည်။ မီးတောက်များ ပြန့်ကျဲလာသည်နှင့်အမျှ လူများက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြသည်။

“မင်းက တကယ့်မာန်မီးစွမ်းအားကျင့်ကြံသူပဲ...”

စုမင်က ထိုနေရာ၌ ရပ်နေပြီး မျက်လုံးများကိုမှိတ်လိုက်သည်။အချိန်အတော်ကြာပြီးမှ ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲမှာ နားလည်သဘောပေါက်မှုများကို မြင်နိုင်သည်။ဟယ်ဖုန်း သေဆုံးသွားသော်လည်း စုမင်၏လက်ချက်ဖြင့် မသေဆုံးခဲ့ပေ။ သူ့ရူးသွပ်မှုကြောင့် မီးပင်လယ်ထဲ၌ သေဆုံးခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော်.. သူ့ဘဝတွင် မီးစွမ်းအင်မရှိခဲ့ပေ။ သူ၏အသက်လမ်းစဉ်ကျင့်ကြံခြင်းတွင် မီးစွမ်းအား အလွန်အမင်း မပါဝင်ပေ။ ထို့ကြောင့် မီးစွမ်းအား၏အထွတ်အထိပ်ကို မခံနိုင်ပေ။ သူက ပြင်းပြင်းထန်ထန် စုပ်ယူခံလိုက်ခြင်းကြောင့် သေပွဲဝင်ခဲ့ရသည်။

“အသက်လမ်းစဉ်ကျင့်ကြံခြင်းကိုသွားတဲ့လမ်းက အန္တရာယ်များလှတယ်.. ခြေလှမ်းတိုင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်တယ်...’

စုမင်က ပဉ္စမအလွှာဆီသို့ တိတ်ဆိတ်စွာလျှောက်သွားသည်။

သူ့ဘဝနောက်ဆုံးအချိန်ထိ သူကိုယ်တိုင်လောင်ကျွမ်းခံရမည်ကို ဟယ်ဖုန်း နားမလည်ခဲ့ပေ။စုမင်ကသာ ဟယ်ဖုန်း ဖြစ်ပျက်‌နေသည်ကို အနည်းငယ် နားလည်နိုင်ခဲ့သည်။ သူရရှိခဲ့သောအတွေ့အကြုံက အသက်လမ်းစဉ်ကျင့်ကြံခြင်းလမ်းကြောင်းအတွက် အထောက်အကူဖြစ်စေခဲ့သည်။

‘ဟယ်ဖုန်းက အသက်လမ်းစဉ်ကျင့်ကြံခြင်းကို နားမလည်ခဲ့ဘူး..လောကကြီးထဲမှာ အသက်လမ်းစဉ်ကျင့်ကြံသူတွေ ရှိကောင်းရှိနိုင်ပေမဲ့ ရှားတယ်..မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ဖို့ကြိုးစားနေသူတွေလည်းရှိတယ်...ဒါပေမဲ့ ဟယ်ဖုန်းလိုမျိုး သေခဲ့ရတာပဲ..”

“ ဦးဆောင်လမ်းပြတဲ့သူက မှားနေလို့ပဲ... မာန်စိတ်ဝိညာဉ်နယ်ပယ်မှ အသက်လမ်းစဉ်ကျင့်ကြံဖို့က ဦးဆောင်လမ်းပြတဲ့သူ ကင်းမဲ့နေတယ်.. အဲဒီ့ဦးဆောင်လမ်းပြတဲ့သူကို ရှာဖွေချင်ရင် အသက်လမ်းစဉ်ကျင့်ကြံခြင်းကို ‌သေချာနားလည်ရမယ်..အဲ့ဒါမှ လမ်းစဉ်ပေါ်ကို သေချာလျှောက်လှမ်းနိုင်မှာ...”

‘ဟယ်ဖုန်းက အဲဒီလမ်းပြတဲ့သူတွေကို မသိလိုက်ဘဲ သူ့ရူးသွပ်မှုကြောင့်... ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ရူးသွပ်မှုကြောင့် သေဆုံးသွားခဲ့တယ်.. ဒါဆို ငါ့ရဲ့ဦးတည်ချက်ကရော ဘာဖြစ်မလဲ...”

‘အစွဲအလမ်းကြီးတဲ့စိတ်ကြောင့် လမ်းမှားပြီး ရူးသွပ်သွားတာပဲ...”

စုမင်က ပဉ္စမအလွှာထဲကို တိတ်ဆိတ်စွာ ဝင်သွား လေသည်။ ထိုနေရာ၌ မီးတောက်များ ပျောက်ကွယ်သွားသော်လည်း လေထဲတွင် ထူထပ်သော မီးခိုးတိမ်တိုက်များ ရှိနေသည်။ မြေပြင်ကြီးက မီးလောင်သွားသည်။ ဤအလွှာတွင် တောင်များ မရှိတော့ဘဲ ကောင်းကင်ယံ၌ မီးခိုးများ ပြည့်လျှံနေသည်။ ဤနေရာတွင် ခွေးတစ်ကောင်ကြောင်တစ်စိမျှ မတွေ့ရပေ။

စုမင်က နေရာအနှံ့အပြားကို ငေးကြည့်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ညာလက်ကို မြှောက်လိုက်သည်နှင့် ခရမ်းရောင် ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်ဖန်ပေါ်လာသည်။ မကောင်းဆိုးဝါးလှံက သူ့လက်ထဲတွင် ပေါ်လာပြီး အသက်လမ်းစဉ်ကျင့်ကြံခြင်း၏အငွေ့အသက်များက လှံကို ဝန်းရံထားသည်။ ထိုအရာက စုမင်ကံကြမ္မာအဖြစ်မပြောင်းခင် စုဆောင်းနိုင်သော အပြင်းထန်ဆုံး စွမ်းအားပင်ဖြစ်သည်။

လှံရှည်ကို လက်ထဲတွင် ကိုင်လျက် စုမင်က ကောင်းကင်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် ရှည်လျားသော ခရမ်းရောင် အလင်းတန်းတစ်ခုကဲ့သို့ပြောင်းသွားသည်။ ထို့နောက် သူက လှံကို မြှောက်ကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ရှေ့သို့ ပစ်လွှတ်လိုက်သောအခါတွင် စုမင်၏ စွမ်းအားအားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။လေထုထဲတွင် မာန်လေစွမ်းအားက တိုက်ခတ်သွားလေသည်။ မာန်လျှပ်စီးစွမ်းအား၏ စွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင်တွင် လျှပ်စီး တဖျပ်ဖျပ်လက်လာလေသည်။အသက်လမ်းစဉ်၏အငွေ့အသက်များက လှံနှင့် ရောနှောကာ လှံနှင့် ရောနှောကာ

လေထုကို ဆုတ်ဖြဲသွားလေသည်။ပေါက်ကွဲသံနှင့်အတူ ကြီးမားသော အက်ကွဲကြောင်းကြီး ပေါ်လာသည်နှင့် တပြိုင်နက် စုမင်က သူ့ခြေထောက်များကို ရွှေ့ကာ အက်ကွဲ ကြောင်းထဲသို့ တိုးဝင်သွားသည် ။

ဆဋ္ဌမအလွှာ...

စုမင်က ထိုနေရာကို လှမ်းကြည့်လိုက်တော့ သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ချက်ချင်း လင်းလက်လာသည်။ ဆဋ္ဌမအလွှာ၏မြေပြင်ပေါ်တွင် ထောင်နှင့်ချီသောလူများ ဒူးထောက်လျက် သူ့ရောက်ရှိချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ သူမြင်သည်။

ဦးဆောင်သူမှာ အဘိုးကြီးဖြစ်သည်။ သူ့ဦးခေါင်းနောက်မှာ မယုံနိုင်လောက်အောင် ရှည်လျားသော ကျစ်ဆံမြီးကြီးတစ်ခု ရှိပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ အဖိုးအိုက မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဒူးထောက်ထိုင်လိုက်ပြီး သူ့နောက်တွင်ရှိသော သူ၏မျိုးနွယ်ဝင်အားလုံးက မယုံနိုင်လောက်အောင် ရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားကြသည်။

ထိုအရာက...စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုပင်ဖြစ်သည်။

ယခင်က စုမင်မှာ အဘိုးအိုကို မြင်ဖူးသည်။ ၎င်းကစိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။

သတ္တမအလွှာက အေးခဲကောင်းကင်ကလန်၏တရားစီရင်ပိုင်ခွင့်အောက်တွင် တောင်ပိုင်းနယ်စပ်မျိုးနွယ်စု ဖြစ်သည်။ထိုမျိုးနွယ်စုက တောင်ဘက်ခြမ်းကို ခုခံကာကွယ်ခဲ့ပြီး ထိုမျိုးနွယ်စုတွင် လူငါးရာရှိသော်လည်း ၎င်းတို့အနက် ငါးရာသာရှိလျှင်ပင် ၎င်းတို့က အေးခဲကောင်းကင်ကလန်၏ ချွန်ထက်သောဓားသွားများထဲမှ တစ်ခုဖြစ်သည်။

“အဋ္ဌမအလွှာက အေးခဲကောင်းကင်ကလန် မျိုးနွယ်စု တည်ရှိရာ နေရာပဲ.. နှစ်တွေကြာလာတာနဲ့အမျှ အဲဒီကနေ သတင်းအစအနတောင်မကြားရဘူး...လောကကြီးနဲ့အဆက်သွယ်ပြတ်နေသလိုပဲ...”

“နဝမအလွှာက စစ်မာရှင်းရဲ့ အထီးကျန်နယ်မြေပဲ...”

စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်က ခေါင်းငုံ့ကာ ဖြည်းညှင်းစွာပြောနေစဉ် စုမင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

စုမင်က နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေလေ၏။ အဘိုးအိုကို တစ်ချက်စေ့‌စေ့ကြည့်ပြီးသည်နှင့် မျိုးနွယ်စုဝင်များဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့အားလုံး မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဒူးထောက်နေကြပြီး သူတို့၏မျက်နှာများက ဂရုဏာတရားများဖြင့် ပြည့်နှက်နေသည်။

“စုမင်...ငါတို့စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုက မင်းနဲ့ သဘောတူညီချက်တစ်ခုလုပ်ချင်တယ်..လေ့ချန် ဘယ်မှာရှိတယ်ဆိုတာ ပြောပြမယ်.. စိတ်တစ္ဆေတူညီတွေကိုရှာဖွေတဲ့အခါသုံးတဲ့ စိတ်တစ္ဆေလမ်းညွှန်(အပြားပုံစံ)ကိုတောင် ပေးနိုင်ပါတယ်....ဒီလိုဆိုရင် မင်းက လေ့ချန်ရဲ့နေရာကို သိပြီး သူ့ကို ရှာတွေ့နိုင်တာပဲ...

“မင်း အရမ်းကြီး စွန့်လွှတ်ဖို့ မလိုပါဘူး.. မင်းရဲ့ ဘယ်လက်ကိုပဲ တောင်းတာပါ...”

စိတ်တစ္ဆေကပ်ဆိမျိုးနွယ်စု ခေါင်းဆောင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒါကိုသဘောမတူရင်လည်းရတယ်... ဒါပေမဲ့ ငါတို့ရဲ့စွမ်းရည်မရှိရင် မင်း စိတ်တစ္ဆေလမ်းညွှန်ကို ရနိုင်မှာမဟုတ်ဘူး...မင်းနဲ့စစ်မာရှင်း တို့ကြားက ဒီလိုရန်ပွဲမျိုးမှာ ငါမပါဝင်ချင်ဘူး.. ငါတို့က လွတ်လပ်မှုကိုပဲလိုချင်တာ..”

“ကျေးဇူးပြုပြီး ငါတို့ကို လွတ်လပ်ခွင့်ပေးပါ...”

အဘိုးအို၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးသွားသည်။ သူက ဒူးထောက်ပြီး စုမင် ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့နောက်ကွယ်ကမျိုးနွယ်စုဝင်များလည်း ထိုကဲ့သို့ထိုင်နေကြလေသည်။ ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်။

သူတို့၏မျက်လုံးထဲတွင် လွတ်လပ်ခြင်းဆီကိုတပ်မက်သောစိတ်ဆန္ဒကို မြင်နေရလေသည်။ ကလေးများက စုမင်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူ့ဆီမှ မျှော်လင့်နေသော စိတ်တ‌ စ္ဆေကပ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကြောင့် စုမင် ၏စကားများမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ ဆွံ့အသွားခဲ့ရသည်။

All Chapters