← Chapters

စစ်မာရှင်း

Vol. 40 Ch. 552

စစ်မာရှင်း

Vol. 40 Ch. 552

မျိုးနွယ်စုတစ်ခုစီ၏ ရွေးချယ်မှုများမှာ မတူညီပေ။‌နွားသိုးဖြူမျိုးနွယ်စုက စုမင်၏ ခြေလက်အဂ်ါများကိုမရယူနိုင်ကြောင်းသိလိုက်သည်နှင့် လက်လွှတ်လိုက်ကြသည်။ သူတို့၏အကြီးအကဲက သူ့မျိုးနွယ်အတွက်လွတ်လပ်မှုအတွက် လဲလှယ်ရန် သူ့အသက်ကိုအနစ်နာခံစွန့်လွှတ်ခဲ့သည်။

သွေးပြောင်းသွေးလွှဲမျိုးနွယ်စု၏ တင်းမာပြီး အလျှော့မပေးသော သဘောထားကြောင့် ၎င်းတို့က ၎င်းတို့၏ အသက်ကို စတေးရန် ရွေးချယ်စေခဲ့သည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ၎င်းတို့၏သေဆုံးမှုများကို ထိန်းချုပ်နိုင်ခြင်းဖြင့် အသက်ပေးခဲ့ကြသည်။ ထို့ပြင် စုမင်ကို အပြင်လောကရှိ လက်ကျန်မျိုးနွယ်စုကိုရှာဖွေပေးရန် တောင်းဆိုခဲ့သည်။

စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုက ဤကဲ့သို့သော အပေးအယူပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ သူတို့ မျိုးနွယ်စု တစ်ခုလုံး၏ အသက်အိုးအိမ် စည်းစိမ် နှင့် အတူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ စုမင်၏လက်တစ်ဖက်ပေးရန် အသနားခံခဲ့ကြသည်။

စုမင်က စစ်မာရှင်းကိုသတ်နိုင် မနိုင်ကို မစဉ်းစားချင်ကြပေ။ စစ်မာရှင်း သေသွားလျှင်တောင် သူတို့ထဲမှာ စိုက်ထားသောအကြင်နာမဲ့မျိုးစေ့များက သူတို့ကို သတ်နိုင်စွမ်းရှိမည်ကို ကြောက်နေကြသည်။

စုမင်က စစ်မာရှင်း ၏လက်ထဲ၌သေဆုံးသွားခြင်းကို ပို၍ပင်ကြောက်နေခဲ့သည်၊၊ အကြောင်းမှာစိတ်တ စ္ဆေကပ်ဆိုးမျိုးနွယ်စုအပေါ် ပိုဆိုးသောကံကြမ္မာကို ကျရောက်စေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူတို့က လွတ်လပ်မှုကိုသာ လိုချင်ကြပြီး စစ်မာရှင်း၏ အမိန့်အရ စုမင်၏ ခြေလက်အင်္ဂါများကို ရယူလိုသည်။

စုမင်က စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုကိုကြည့်သောအခါတွင် သူ၏ဒုတိယစီနီယာအစ်ကိုကို သတိရမိသည်...

စုမင်က နှုတ်ဆိတ်နေလေ၏။ မျိုးနွယ်စုခေါင်းဆောင်ကလေ့ချန်၏နေရာကိုသိကြောင်းပြောသောအခါ စုမင်အံ့သြထိတ်လန့်သွားခဲ့သည်။

“ခင်ဗျားတို့စိတ်‌ရော ကိုယ်ပါလွတ်လပ်မှုကို တိုက်ယူမှ တကယ့်လွတ်လပ်ခွင့်ကိုရမှာ..”

စုမင်က တည်ငြိမ်စွာ စကားမပြောမီ အချိန်အတော်ကြာ ကုန်ဆုံးသွားသည်။

“ကျေးဇူးပြုပြီး ငါတို့ဆန္ဒကို လိုက် လျောပေးပါ..ငါတို့က လွတ်လပ်မှုကိုပဲ လိုချင်တာ။ ငါတို့...”

မျိုးနွယ်စုခေါင်းဆောင်က ဒေါသအပြည့်ဖြင့် စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုတောင်းဆိုချက်က များလွန်းကြောင်းသိသော်လည်း ပိုကောင်းသောနည်းလမ်းကို မစဉ်းစားနိုင်ခဲ့ပေ။

စုမင်က စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုကို လျစ်လျူရှုခဲ့သည်။ သူတို့က မတိုက်ခိုက်လျှင် စုမင်က သူတို့ကို သတ်မှာမဟုတ်ပေ။ သူက ကောင်းကင်ဆီသို့ လျှောက်သွားကာ ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ထဲတွင်ရှိသော လှံရှည်သည် ခရမ်းရောင်အလင်းဖြင့် လင်းလက်လာသည်။

“သခင်လေး...”

မျိုးနွယ်စုခေါင်းဆောင်က မတ်တပ်ထရပ်ပြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး ဝမ်းနည်းမှု ပေါ်လာသည်။

“ကျေးဇူးပြုပြီး ငါ့မျိုးနွယ်စုထဲက ကလေးတွေကို အသက်ချမ်းသာပေးပါ.. သူတို့က ငယ်သေးပေမယ့် သူတို့ခန္ဓာကိုယ်ထဲမှာ စစ်မာရှင်းရဲ့မာန်မျိုးစေ့တွေရှိတယ်.. သူတို့မှာ အနာဂတ်မရှိဘူး...အပြင်လောကမှာ ကျုပ်တို့မျိုးနွယ်စုဝင်တွေ မရှိဘူး.. ကျုပ်တို့အားလုံးက ဒီနေရာမှာပဲရှိနေကြတာ... ကျုပ်တို့အသက်‌ရှင်နေပေမဲ့ လူသေတွေလိုပါပဲ...”

“ကျေးဇူးပြုပြီး ငါတို့ကိုကူညီပါ.

ငါတို့အပေါ်ထားတဲ့ မင်းရဲ့ကြင်နာမှုကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး..”

“သခင်လေး.. ငါတို့မင်းနဲ့ နှစ်အတော်ကြာသဘောထားကွဲလွဲခဲ့ပေမဲ့ ဒါတွေက အတိတ်မှာကျန်ခဲ့ပါပြီ.. ငါတို့မှာ လူတွေအများကြီးရှိလို့..ထွက်သွားဖို့ မရွေးချယ်နိုင်ဘူး.. ငါတို့ရဲ့ သားသမီးတွေနဲ့မြေးမြစ်တွေကို လွတ်လပ်ခွင့်ရစေချင်တယ်... စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု ဆက်လက်တည်ရှိစေချင်တယ်..”

မျိုးနွယ်စုခေါင်းဆောင်၏ အသံက သနားစရာကောင်းလောက်အောင် ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေသည်။ သူသည် စုမင်ကို အကြိမ်ကြိမ်ကန်တော့လိုက်လေသည်။ သူ့နောက်မှ မျိုးနွယ်ဝင်များအားလုံးက တိတ်ဆိတ်စွာ သူ့ဆီသို့ တစ်ဖန် ဦးညွှတ်စပြုလာပြီး သူတို့၏ ဦးခေါင်းများ မြေပြင်ကို ထိသည့် အသံများ လေထဲတွင် အဆက်မပြတ် ထွက်ပေါ်လာသည်။

ကလေးငယ်များ၏ အော်ဟစ်သံများက လေထဲသို့ ပျံ့လွင့်သွားသည်။ သက်ကြီးရွယ်အိုများကလည်း ငိုယို‌နေလေသည်။အမျိုးသမီးများကလည်း ကြိတ်ငိုနေလေသည်။

စုမင်က ကောင်းကင်သို့ ဆက်မလျှောက်မီ လေထဲတွင် ခဏမျှ အေးခဲရပ်တန့်သွားသည်။ သူ့လက်ထဲက လှံပေါ်က ခရမ်းရောင် အလင်းတန်းက ပို၍ ပြင်းထန်လာသည်။သူ့စိတ်ထဲတွင် စစ်မာရှင်းကို သတ်ပစ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာလေသည်။

စစ်မာရှင်း ပြောသော “ကစားပွဲ” က စုမင်၏လူသားဆန်မှုကို စမ်းသပ်ခဲ့သည်။ ထိုအခြေအနေမျိုးမှာ စုမင်က လူများကို သတ်ရန် မရွေးချယ်ခဲ့သလို မသတ်ရန်လည်း မရွေးချယ်နိုင်ခဲ့ပေ။

တစ်ခါတစ်ရံတွင်၊ ရွေးချယ်မှုတစ်ခုပြုလုပ်ရန် ခက်ခဲသော်လည်း အခြားရွေးချယ်စရာထပ်မရှိသည့်အခါ ထိုဆုံးဖြတ်ချက် ချရန် ပို၍ခက်ခဲပါသည်။

မျိုးနွယ်စုခေါင်းဆောင်က စုမင်ကလှံရှည်ကိုကိုင်ပြီး ဆဋ္ဌမအလွှာ၏ကောင်းကင်ကို ‌ထိုးနှက်မည်ကိုမြင်ခဲ့လေသည်။ ထိုစဉ် ခေါင်းဆောင်၏ စိတ်ပျက်လက်ပျက် အော်ဟစ်သံများက လေထဲမှာ တဝဲလည်လည် ထွက်ပေါ်လာပြီး သူပြောသမျှ စကားတိုင်းက သွေးမျက်ရည်များနှင့် ပြည့်နေခဲ့သည်။

“သခင်လေး.. ဆဋ္ဌမအလွှာက ငါတို့အောက်မှာရှိတဲ့ အခြားအလွှာတွေနဲ့ မတူဘူး.. စစ်မာရှင်းက ငါတို့ရဲ့အသက်တွေကို ကောင်းကင်မှာ ချုပ်ကိုင်ထားတယ်.. ကောင်းကင်ကြီးပြိုကျသွားရင် ငါတို့အားလုံး ချက်ချင်းသေကြလိမ့်မယ်.. “

“ဒါ ငါတို့ရဲ့ ကံကြမ္မာပဲ...”

စုမင်က တိတ်ဆိတ်နေခဲ့သည်။ သူ၏လှံထိပ်က ကောင်းကင်၏အတားအဆီးကိုထိနေပြီဖြစ်သည်။လှံထိပ်မှ အသက်လမ်းစဉ်ကျင့်ကြံခြင်းအငွေ့အသက်များကကောင်းကင်၏အတားအဆီးထဲသို့ ရောနှောသွားခဲ့သည်။ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏လူများ၏အသက်က ကောင်းကင်နှင့် ချိတ်ဆက် နေကြောင်းကို သူ ခံစားမိသွားသည်။

မျိုးနွယ်စုခေါင်းဆောင်ပြောသကဲ့သို့ ထိုကောင်းကင်ကြီး ပြိုကျသွားလျှင် လူအားလုံး သေကုန်ကြလိမ့်မည်။

“စစ်မာရှင်း.. အရင်တုန်းက မင်းရဲ့မာန်မျိုးစေ့ကို ငါ့ထဲမှာ စိုက်ထားနိုင်စေဖို့ ပိုင်စုကို အသုံးချပြီး ငါ့ အသဲကိုခွဲခဲ့တယ်.. အခု မင်းရဲ့နည်းလမ်းတွေကို ပြောင်းလိုက်တာပဲ.. အရင်တုန်းကလိုပဲ မင်းလိုချင်တာရဖို့ ရလဒ်တွေရနိုင်ဖို့ ငါ့ကိုတွန့်ဆုတ်သွားအောင်လုပ်ဖို့ အများကြီးပြင်ဆင်ထားခဲ့တာပဲ...”

စုမင်က မျက်လုံးများကိုမှိတ်လိုက်ပြီး နောက် သူ့လက်ထဲက လှံရှည်ကြီးဖြင့် ကောင်းကင်သို့ ထိုးနှက်လိုက်သည်။

ထိုထိုးနှက်အားကြောင့် တုန်လှုပ်သွားသော အသံများက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေပြီး ကောင်းကင်တွင် အက်ကွဲ ကြောင်းများ ပေါ်လာသည်။ ဤအက်ကွဲကြောင်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီးသည်နှင့် ၎င်းတို့ကစုမင်၏လှံထိပ်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

“တခါတရံမှာ သေခြင်းတရားက လွတ်လပ်ခြင်းပဲ…”

စုမင်က မျက်လုံးများကိုမှိတ်ထားသည်။ ကောင်းကင်ကြီး ကွဲအက်သွားသော် သူ့အောက်တွင် ဒူးထောက်နေသော စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်ဝင်များအားလုံးက တုန်လှုပ်ကာ ပေါက်ကွဲသွားကြသည်။ အနီရောင်ချည်မျှင်များစွာက ၎င်းတို့၏အရေခွံများတစ်လျှောက် ထွက်လာခဲ့သည်။

ထိုလူများသေဆုံးသွားသောအခါတွင် အနီရောင်ချည်မျှင်များထွက်လာပြီး မသဲကွဲ‌ သောပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထိုပုံရိပ်က စစ်မာရှင်းနှင့် အနည်းငယ် ဆင်တူသည်။

သူက စုမင်ကိုကြည့်ပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည် ။ သူ့ရယ်သံက ပျော့ပျောင်းပြီး ကြားရသူတိုင်းကို မနှစ်မြို့စေခဲ့သည်။

“မျှော်လင့်ထားသလိုပဲ... မင်းနဲ့ငါက အတူတူပါပဲ..တကယ်လို့. ဒီလူတွေက မင်းရဲ့လက်မောင်းကို တကယ်ယူလာပေးခဲ့ရင်.. ငါကတိအတိုင်း ဒီလူတွေကို သူတို့လိုချင်တဲ့အရာကို ပေးဖို့ မူလက ရည်ရွယ်ထားတယ်..အဲဒီ့လွတ်လပ်မှုကတော့ သေခြင်းပါပဲ....”

“ဘာလို့လဲဆိုတော့ ငါလည်း တခါတလေ သေခြင်းတရားဟာ လွတ်လပ်မှုလို့ထင်တယ်...”

“မင်း တော်တယ် စုမင်... ကိုးလွှာမှာ မင်းကိုစောင့်နေမယ်.. နှစ်လွှာကျန်နေပါသေးတယ်... မင်းမြန်ရင်မြန်မှာ‌ ပေါ့... ဒါမှမဟုတ်ရင် မင်းရွေးချယ်မှုတစ်ခုတည်းကို ရင်ဆိုင်ရလိမ့်မယ်...ပိုင်စုနဲ့တွေ့ရအုံးမှာ... အဲဒီချိန်ကျ မင်းရဲ့ရွေးချယ်မှုက ဘာဖြစ်မလဲဆိုတာ ငါကြည့်ချင်တယ်...”

ထိုစကားများပြောသောအခါတွင် သွေးကြိုးမျှင်များဖြင့် ဖြစ်ပေါ်လာသည့် ပုံရိပ်က ပြိုကျသွားကာ မြေပြင်ပေါ်တွင် သွေးကျဲများအဖြစ် ပြောင်းလဲသွားသည်။ သတ်ဖြတ်လိုစိတ်များက စုမင်၏ မျက်လုံးများတွင် တောက်ပနေသည်။ ထိုအချိန်တွင် စစ်မာရှင်းကို သတ်လိုသောစိတ်ဆန္ဒက သူ့အတွင်း၌ ပြင်းထန်သော ရှင်သန်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ တိတ်တဆိတ်လှည့်ပြီး သတ္တမအလွှာဆီသို့ လှမ်းကြည့်လိုက်သည်။

သတ္တမအလွှာတွင် ကြီးမားသော တိုက်ပွဲမြေပြင်ကြီး ပေါ်ပေါက်လာပြီး မရပ်တန့်သော သတ်ဖြတ်မှုကြီးတစ်ခုဖြစ်သည်။လေထဲမှာပဲ့တင်ထပ်နေသော စစ်မာရှင်း၏စကားတစ်ခွန်းကြောင့် စုမင် သတ္တမအလွှာသို့ ချက်ချင်းရောက်လာသည်။

“အဋ္ဌမအလွှာကိုရောက်ရင် မင်းတို့အားလုံးသေလိမ့်မယ်....”

ထိုအချိန်တွင် သတ်ဖြတ်သော တိုက်ပွဲမြေပြင်ကြီး ပေါ်လာသည်။ သူတို့ကြားထဲမှာ စကားများ ပြော၍မရပေ။ မောဟိုက်နေသော အသက်ရှုသံများနှင့် အဆုံးမရှိသော မြင့်မြတ်သော စွမ်းရည်များ လေထဲတွင် ပျံဝဲနေပါသည်။စုမင်က သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူငါးရာထံမှ သတ်ဖြတ်လိုစိတ်နှင့် အေးစက်သောအရှိန်အဝါကို ခံစားနိုင်သည်။

သူတို့ထဲက တစ်ယောက်မှ သာမန်လူများ မဟုတ်ကြပေ။ သူတို့အားလုံးမှာ ထူးချွန်ထက်မြက်သော စွမ်းအားများ ပိုင်ဆိုင်ထားပြီး များပြားသော တိုက်ပွဲအတွေ့အကြုံများ ရှိခဲ့သည်။ ၎င်းတို့က တောင်ပိုင်းနယ်စပ်မျိုးနွယ်စုကို ကာကွယ်ပေးသော အေးခဲကောင်းကင်ကလန်၏ချွန်ထက်သောဓားများဖြစ်သည်။

သူတို့၏ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာ မဟုတ်ပေ။ သူတိူ့က သူ့သေကိုယ်သေတိုက်ခိုက်ပွဲဝင်ရန် ရောက်ရှိနေလေသည်။

သူတို့က သတ်ချင်လည်း သတ်မည် အသတ်ခံရချင်လည်း အသတ်ခံရမည်။ အစွမ်းထက်သောစစ်သည်တော်၏လက်၌ သေဆုံးရခြင်းက သူတို့၏ဘဝတွင် ဂုဏ်သိက္ခာအမြင့်မားဆုံးဖြစ်သည်။

စုမင်က သူတို့ကိုကြည့်လိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါ လှံထိပ်ဖျားက တဝီဝီမြည်သံနှင့်အတူ ပေါ်လာလေသည်။ သူသွားလေရာနေရာတိုင်း၌ သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့လေသည်။ ထိုလူများက မခုခံ‌ပေ။ သူတို့၏ စွမ်းအားကို အပြည့်အ၀ အသုံးပြုပြီး ၎င်းတို့၏ မြင့်မြတ်သော စွမ်းရည်များဖြင့် တိုက်ခိုက်ကြမည်။ တချို့က ဒဏ်ရာရသည့်အခါ ကိုယ်တိုင်ဖျက်စီးခြင်းကို ရွေးချယ်ကြလိမ့်မည်။

ဤလူငါးရာထံမှ သတ်ဖြတ်လိုစိတ်အငွေ့အသက်များက ကောင်းကင်သို့ ပျံ့လွင့်သွားကာ စုမင်လည်း နှုတ်ဆိတ်သွားခဲ့သည်။

နောက်ဆုံးတွင် သူမျက်လုံးများကိုမှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက အဆုံးမဲ့ ခရမ်းရောင်ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကြိုးမျှင်များက အရပ်ရပ်သို့ ပြန့်ကျဲသွားသော်လည်း နာကျင်စွာအော်သံ တစ်သံမျှ မကြားနိုင်ပေ။ သူမြင်လိုက်ရသည့် တစ်ခုတည်းသော အရာမှာ လွတ်မြောက်သွားပြီဟု ပြောသော သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများသာဖြစ်သည်။

စုမင်က အချိန်မည်မျှကြာသွားသည်မသိ။ အမွှေးတိုင်ဝက်စာအချိန်လောက် ကုန်ဆုံးသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်မှ နားအူမတတ်အော်ဟစ်သံများနှင့် တိုက်ပွဲသံများ ပျောက်ကွယ်သွားလေသည်။ စေးကပ်သော အရာဝတ္ထုများ(ခြေပြတ်လက်ပြတ်)က မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားသောအခါတွင် သူ မျက်လုံးဖွင့်လိုက်သည်။ ခရမ်းရောင်ကြိုးမျှင်များက သူ့ဆီသို့ ပြန်လာသည်။ထို့နောက် သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲလိုက်သောအခါ လူတစ်ဦးသာ သူ့ရှေ့တွင် ရှိနေခဲ့သည်။ ထိုလူက တုန်ယင်နေသော်လည်း ပြိုလဲမသွားအောင် အံတင်းတင်းကြိတ်ထားလေသည်။

ထိုလူက အဘိုးကြီးပင်ဖြစ်သည်။ သူ့ခေါင်းမှာ ဆံပင်ဖြူများနှင့် ပြည့်နေပြီး ပါးစပ်ထောင့်မှာ သွေးများ စီးကျနေလေသည်။ သူက စုမင်ကို ကြည့်လိုက်ပြီး သူ့မျက်နှာမှာ အမုန်းတရားများ မတွေ့ရပေ။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုသာရှိတော့သည်။

“ငါ့ကို သတ်လိုက်ပါ...စစ်မာရှင်း ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့မာန်ကြိုးမျှင်တွေရဲ့ လက်ထဲမှာ ငါ့ကို ပေးမသေပါနဲ့..ငါက ထျန်းရှန်း.. မင်းရဲ့ လှံကို သုံးပြီး ငါ့ဝိညာဉ်ကို မင်းနဲ့အတူ ယူဆောင်သွားလိုက်ပါ..ငါ့ကို တိုက်ပွဲဝိညာဉ်အဖြစ် ပြောင်းလဲလိုက်ပါ...စစ်မာရှင်းကိုတိုက်တဲ့ နေရာမှာ မင်းကိုကူညီပါရစေ...”

အဖိုးအို၏ အသံက မိုးခြိမ်းသံကဲ့သို့ပင် မြည်ဟိန်းလာသည်။ လေထဲတွင် ပဲ့တင်ထပ်လာသည်နှင့်အမျှ စုမင်၏ မျက်နှာပေါ်တွင် လေးစားမှု ပေါ်လာသည်။ သူက လှံကို ညာလက်ဖြင့် လွှဲယမ်းလိုက်ပြီး အဘိုးအိုကို ဖြတ်လျှောက်သွားသည့်အခါ တစ်ခါတည်း လွတ်မြောက်ခွင့်ပေးလိုက်သည်။

သူ့လက်ထဲတွင် လှံရှည်ကို ကိုင်ဆောင်ထားပြီး ယခုအခါ သူ၏မကောင်းဆိုးဝါးလှံ ပတ်လည်တွင် မယုံနိုင်လောက်အောင် ထူးခြားသော တိုက်ပွဲဝင်ဝိညာဉ် ငါးရာရှိသည်။ သူတို့က ကျယ်လောင်သော အော်ဟစ်သံများကို မထုတ်လွှတ်ဘဲ၊ ၎င်းတို့ထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ လူသတ် ရောင်ဝါများနှင့်အတူ တိတ်ဆိတ်ငြိမ်သက်မှုကိုသာ တွေ့ရှိနိုင်သည်။

သူတို့က စုမင်နှင့်အတူ အဌမလွှာကဆီသို့ ဦးတည်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ သတ္တမအလွှာ၏ ကောင်းကင်ယံတွင် အက်ကွဲသံများ ထွက်ပေါ်လာသည်။ စုမင်က ရှေ့သို့ ပြေးသွားပြီး ခရမ်းရောင်အလင်းတန်းအသွင်ပြောင်းသွားသည်။ ထို့နောက် ဝိညာဉ်ငါးရာဖြင့် အဋ္ဌမအလွှာသို့ ပြေးသွားလေ၏။

“ကောင်းကင်ဘုံနယ်နမိတ်ရဲ့ အဋ္ဌမအလွှာ...”

“အေးခဲကောင်းကင်ကလန်ရဲ့မျိုးနွယ်စုတည်ရှိရာ...”

သို့သော် စုမင်က အဋ္ဌမအလွှာသို့ ရောက်သွားသောအခါ သူမျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ဤသည်မှာ ဆိတ်ညံသော လောက၊ အသက်၏လက္ခဏာမရှိသော လောကဖြစ်သည်။ ထိုနေရာရှိ ကောင်းကင်က မီးခိုးရောင်ဖြစ်ပြီး မြေပြင်ကလည်း အလားတူပင်…

ထိုနေရာမှာရှိသူအားလုံးက… မီးခိုးရောင်များဖြစ်သည်။

သူတို့၏မျက်လုံးများက မီးခိုးရောင်ဖြစ်ပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာလည်း ကျိုးပဲ့နေပါသည်။ မီးခိုရောင်လူအားလုံးက ဤလောကကြီးမှာ အသက်ရှိပြီး ဦးတည်ရာမဲ့နေသော၊ ထိန်းချုပ်ခံရ သောလူများပင်ဖြစ်သည်။

“လူ”ဟုတောင် ခေါ်၍မရတော့တာမျိုးလည်း ဖြစ်နိုင်သည်။စုမင် ၏အမြင်အာရုံတွင်၊ အေးခဲကောင်းကင်ကလန်၏မျိုးနွယ်စုဝင်နယ်မြေတစ်ခုလုံးက အပျက်အစီးများသာဖြစ်သည်။ ၎င်းတို့အတွင်းတွင် မရေမတွက်နိုင်သော အလောင်းများရှိသည်။ ပို၍တိကျစွာပြောရသော်လည်း သူတို့က လူသေကောင်များမဟုတ်ပေ၊ သူတို့၏မျက်လုံးများက ပွင့်နေပြီး မီးခိုးရောင် ရှိနေလေသည်။

သူတို့အသက်မရှူဘဲ၊ သူတို့ခန္ဓာကိုယ်ထဲက စွမ်းအားလက္ခဏာများကို မခံစားနိုင်ကြပေ။ တိတ်ဆိတ်နေသော ဤကမ္ဘာကြီးတွင် စုမင်မြင်မြင်သမျှ အရာအားလုံးက ထူးဆန်းသောလေထုများနှင့် ပြည့်နှက်နေသည်။ ထိုထဲမှာ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုများ၊ ငယ်ရွယ်သူအားလုံး အိပ်ပျော်နေသကဲ့သို့ မြေပြင်မှာ ငြိမ်သက်စွာ လဲလျောင်းနေကြသည်... သူတို့အားလုံးမှာလည်းတူညီမှုတစ်ခုရှိသည်။ ၎င်းမှာ သူတို့ဘယ်လက်မရှိတော့ခြင်းပင်ဖြစ်သည်။

သူတို့ ဘယ်ဘက်လက်အားလုံး မရှိတော့ချေ။

မီးခိုးရောင်ကောင်းကင်တွင် ကြီးမားပြီး ကတော့ပုံသဏ္ဍာန်ရှိသော ကျောက်တုံးကြီးတစ်ခုရှိသည်။ ကျောက်တုံးကြီးက အလွန်ကျယ်မားပြီး လူတစ်ဦး ထိုင်နေပါသည်။ ထိုလူက စုမင်ကိုမြင်သောအခါ သူ့နှုတ်ခမ်းတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

စုမင်က ထိုနေရာတွင် ထိုင်နေသောလူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်သည်။ ထိုကတော့ကျောက်တုံးပုံသဏ္ဍာန်မှာ ကောင်းကင်ဘုံနယ်နမိတ်၏နဝမမြောက်အလွှာဖြစ်နိုင်သည်။ ထိုလူက စစ်မာရှင်းပင် ဖြစ်သည်။

All Chapters