အလောင်းအစား
Vol. 40 Ch. 553
ထိုလူတွင် ရှည်လျားသော ဝတ်ရုံဖြူကို ၀တ်ဆင်ထားပြီး ပခုံးပေါ်မှ ဖြာကျနေသော ဆံပင်ရှည်များရှိသည်။ စစ်မာရှင်းက ကျောက်တုံးကြီးပေါ်တွင် ထိုင်ကာ စုမင်ကို ကြည့်လိုက်သည်။ သူ၏ချောမောသောမျက်နှာမှာ အလွန်ဆွဲဆောင်မှုရှိလေသည်။ထို့ပြင်လောကကြီးပျက်သုဉ်းသွားလျှင်တောင် တုန်လှုပ်သွားမည်မဟုတ်သည့် တည်ငြိမ်အေးဆေးမှုက သူ့မျက်နှာပေါ်တွင် နေရာယူထားလေသည်။ တကယ်တော့ သူ့အပြုံးမှာလည်း အေးဆေးတည်ငြိမ်မှုရှိနေလေသည်။
သို့သော်လည်း သူ၏ကျင့်ကြံမှုနယ်ပယ်က မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်တွင်သာ ရှိပုံရသည်။
သူက စုမင်ကို ကြည့်ပြီး ပြုံးနေသော်လည်း သူ့မျက်လုံးများတွင် အေးစက်မှုနှင့် ရက်စက်မှုများ ရှိနေသည်။ သူက သူ၏ညာလက်ကို မြှောက်လိုက်ပြီး ဆံပင်သပ်လိုက်သည်။ ထို့နောက် သူ့အကြည့်များက ပို၍ အေးစက်လာသည်။
“စုမင် ငါတို့ပြန်တွေ့ရမဲ့နေ့ကို ခဏခဏ စိတ်ကူးကြည့်ဖူးတယ် “
စစ်မာရှင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ့အသံက ပို၍တောင် ပျော့ပျောင်းပြီး လေးနက်လာ လေသည်။ထိုအသံက လေထဲမှာ ပဲ့တင်ထပ်သွားပြီး လှိုင်းဂယက်များထလာလေသည်။
သူ့စကားများ ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက် သူ့မျက်လုံးထဲတွင် ဖျတ်ခနဲလင်းလက်လာပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းကိုယ်ပျောက်သွားလေသည်။သတ်ဖြတ်လိုစိတ်များပြင်းပြနေသော လက်ချောင်းတစ်ချောင်းက လေထဲမှ ဆန့်ထွက်ကာ စစ်မာရှင်း၏ မျက်ခုံးအလယ်ဗဟိုကို ထိလေသည်။ သို့သော် ထိုလက်ချောင်းက ပျောက်သွားသောခန္ဓာကိုယ်ကို ဖြတ်သွားလေသည်။ စုမင်က လေထဲသို့ လျှောက်လာသောအခါ ခေါင်းကို အေးစက်စွာ မော့လိုက်သည်။
စစ်မာရှင်း၏ခန္ဓာကိုယ်က သူ့မျက်စိရှေ့တွင် ကောင်းကင်တွင် ပြန်ပေါ်လာသည်။
“မင်းက အရင်အတိုင်းပဲ..မင်း ကမူးရှူးထိုး တိုက်ခိုက်နေပေမဲ့ ငါကအရင်တုန်းကလို မဟုတ်တော့ဘူးကွ...”
စစ်မာရှင်းက စုမင်ကို ကြည့်ပြီး ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။ သူ့ ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ရှုံတွပြီးပုံပျက်နေခြင်းများက ချက်ချင်းပေါ်လာသည်။
ကောင်းကင်ကြီး တွန့်လိမ်သွားသည်နှင့်အမျှ မြင်ကွင်းတစ်ခုက တဖြည်းဖြည်း ပေါ်လာသည်။စုမင်က ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ငြိမ်သက်သွားသည်။
ထိုမြင်ကွင်းက ရှေးဟောင်း လောကတစ်ခုရှိ အမည်မသိနေရာတစ်ခုဖြစ်သည်။ ပိုင်စုက မြေပြင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရပြီး သူ့နောက်တွင် တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုတစ်ဦးကိုလည်း တွေ့လိုက်ရသည်။ အဘိုးအိုက ဖြူဖျော့ဖျော့နှင့် စိတ်ဆင်းရဲနေပုံရသည်။ သူက ရံဖန်ရံခါ မျက်လုံးဖွင့်လိုက်သည်နှင့် ဝမ်းနည်းခြင်းအပြင် သေဆုံးနေသော ငြိမ်သက်ခြင်းကို မြင်တွေ့နိုင်သည်။
ပိုင်စု၏မျက်နှာက သွေးမရှိသကဲ့သိုဘ ဖွေးဖွေးလှုပ်နေသော်လည်း သူမသည် အဘိုးအိုရှေ့တွင် ပြတ်ပြတ်သားသား ဆက်လက်ရပ်နေခဲ့သည်။ သူမက ယခင်ကနှင့် သိပ်မကွာလှသော်လည်း ယခင်က နုံအပြီး အပြစ်ကင်းစင်သော မျက်နှာကို မမြင်နိုင်တော့ပေ။ယခုမူ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့်ပြတ်သားလိုစိတ်များ ရှိခဲ့သည်။
သူမ၏မျက်နှာတစ်ခုလုံးကို ထိတ်လန့်သွားစေသည့် ကြောက်မက်ဖွယ်အမာရွတ်တစ်ခု ရှိနေသည်။
သူမက ငြိမ်သက်စွာ ရပ်နေပြီး လက်ထဲတွင် အနက်ရောင်ဓားရှည်ကြီးကို ကိုင်ထားသည်။ သူမ၏ ဘယ်လက်များ မရှိတော့ဘဲ မီးခိုးရောင်မျက်လုံးများဖြင့် ရှင်လျက်သေနေသည့် အနေအထားမျိုး ရှိနေခဲ့သည်။
ထိုလူတို့က ညည်းညူးလျက် ရှေ့သို့ ဖြည်းညှင်းစွာ တင်လာ၏၊ အဝေးမှ စိုက်ကြည့်လျှင်၊ထိုလူများ၌ သေဆုံးခြင်းမရှိသည်ကို တွေ့ရလိမ့်မည်။
မြေပြင်ကြီးက တသိမ့်သိမ့် တုန်ခါလာ လေသည်။ပေရာနှင့်ချီမြင့်သော ဘီလူးကြီးများစွာက ပိုင်စုရှိရာဆီသို့ ပြေးလာကြသည်။ သူတို့က လက်နှစ်ဖက်ကို လှုပ်ယမ်းရင်း ပြေးလာလေသည်။သူတို့ပြေးရာလမ်းရှိ လမ်းကို ပိတ်ဆို့နေသော အသက်ရှင်နေသော လူသေများကို ဖမ်းယူကာ စားလိုက်ကြသည်။ သူတို့၏ ရက်စက်သေယ မျက်လုံးများက
ပိုင်စု တည်ရှိရာနေရာကို ဦးတည်သွားကြသည်။
“စိတ်မပူပါနဲ့...အချိန်တိုအတွင်းမှာ မသေပါဘူး...နှစ်တွေကြာလာတာနဲ့အမျှ သူ့မမျက်နှာပေါ်မှာ အမာရွတ်တစ်ခုပဲ ချန်ခဲ့တာ...ပြီးတော့ သူ့မခန္ဓာကိုယ်ပေါ်က ဆံချည်တစ်မျှင်ကိုတောင် မထိခိုက်စေခဲ့ဘူး”
စစ်မာရှင်းက လေထဲ၌ ရပ်နေရင်း သူ၏ နူးညံ့ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါလက်မခံနိုင်ဘူး...လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းကြောင့် အကုန်လုံး ဆုံးရှုံးခဲ့ရတာကို ငါလက်မခံနိုင်ဘူး.. အေးခဲကောင်းကင်ကလန်မှာ ငါဘယ်လောက်ခံစားခဲ့ရလဲ မင်းသိလား..ဒါတွေအားလုံး မင်းကြောင့်ပဲ”
စစ်မာရှင်းက စုမင်ကိုကြည့်ရင်း သူ့အမုန်းတရားတွေကို ဖော်ထုတ်လိုက်သည်။
စုမင်က ပုံပျက်နေသော အလင်းလွှာအကာကွယ်ကို မကြည့်တော့ဘဲ စစ်မာရှင်းကို လှမ်းကြည့်လိုက်သည်။
“မင်း ပြောလို့ပြီးပြီလား”
စုမင်က တည်တည်ငြိမ်ငြိမ်ကြည့်ရင်း သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပျောက်သွားပြန်သည်။ သူပြန်ပေါ်လာသော် စစ်မာရှင်းအနားမှာ ရပ်နေလေသည်။ သူ့ညာလက်ကို မြှောက်လိုက်ချိန်၌ သူ့လက်မောင်းကနေ လျှပ်စီးမာန်စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုလျှပ်စီးကြောင်းများက စစ်မာရှင်းကို လုံးဝဝန်းရံသွားမည့် အဆုံးမရှိသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲသွားစေသည်။
စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် စစ်မာရှင်း၏အသံက မြေပြင်ကနေ တစ်ဖန်ပြန်ထွက်လာသည်။ အဆုံးမရှိသော မီးခိုးရောင် အလောင်းကောင်ပင်လယ်ထဲမှ စစ်မာရှင်း၏ပုံရိပ်က ပြန်လည်ပေါ်ထွက်လာလေသည်။စစ်မာရှင်းမှာက လိုသလို ပေါ်လိုက် ပျောက်လိုက်လုပ်နိုင်သောစွမ်းရည်တစ်ခုရှိနေလေသည်။ သူက ကောင်းကင်ရှိ စုမင်ကို ပြုံးပြလိုက်သည်။
“ငါမပြီးသေးဘူး...စုမင် ငါတို့ ပထမဆုံး ရန်ဖြစ်တုန်းက ငါ လုံးဝ ရှုံးသွားခဲ့တယ်.. အခု... ငါတို့ ပြန်တိုက်ကြစို့...”
စစ်မာရှင်းက စုမင်ကို စိုက်ကြည့်ပြီး သူ့နှုတ်ခမ်းမှာ ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။အသစ်ပေါ်လာသော ပုံရိပ်အတွင်းရှိ စွမ်းအားက ပိုမိုအားကောင်းလာသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ငါတို့ရဲ့အလောင်းအစားက ပိုင်စုနဲ့ သူမအဖေ..မင်းရဲ့ကျွန် ကျီချဲနဲ့.. ကောင်းကင်ဘုံနယ်နမိတ်မှာအသက်ရှင်နေသေးတဲ့လူတွေအားလုံးပေါ့...ပြီးတော့ မင်းရဲ့အစ်ကို ဟူကျီလည်းပါတာပေါ့..”
“ဒီအနှစ်နှစ်ဆယ်ကြာတဲ့နောက် ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုစွမ်းအားကြီးလဲဆိုတာ အလောင်းအစားလုပ်ကြည့်ရအောင်...”
စစ်မာရှင်း၏ စကားများက ရုတ်တရက် အသံကျယ်လာပြီး သူ့အသံက လေထုထဲတွင် တဟုန်ထိုး မြည်ဟိန်းလာသည်။ လောကတစ်ခွင်လုံး သူ့အသံကြောင့် တုန်လှုပ်သွားပြီး၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းကောင်များ၏ မျက်လုံးထဲတွင် မီးခိုးရောင်အလင်းတန်းများတောက်ပလာပြီး မတ်တပ်ရပ်လာကြသည်။
“လာ.. မင်းကို ဒီရန်ပွဲအတွက် အနှစ်နှစ်ဆယ်လောက်စောင့်လိုက်ရတယ် ..”
စစ်မာရှင်းက ရယ်မောရင်း ကောင်းကင်ဆီသို့ တည့်တည့်တိုးဝင်လိုက်သည်။
စုမင်၏ မျက်လုံးများက ကျဉ်းမြောင်းလာသည်။ စစ်မာရှင်းက သူ့နားကို နီးကပ်လာသောအခါ ခရမ်းရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို တောက်ပလာသည်။ သူ့လက်ထဲတွင် မကောင်းဆိုးဝါးလှံတံကို ကိုင်မြှောက်ကာ ဝင်လာသောစစ်မာရှင်းဆီသို့ ပစ်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကောင်းကင်၌ ရှည်လျားသောအလင်းတမန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏လှံရှည်နှင့်အတူ ရှေ့သို့ တိုးဝင်သွားကြသည်။
ထိုခဏတွင် နှစ်ဖက်စလုံး သူတစ်လှည့်ကိုယ်တစ်လှည့်တိုက်ခိုက်ရင်း ကျယ်လောင်သော ပေါက်ကွဲသံများ ကောင်းကင်ယံသို့ တိုးဝင်လာသည်။ စုမင်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ့မျက်လုံးများက အေးစက်သော အလင်းတန်းများဖြင့် လင်းလက်နေပြီး စစ်မာရှင်း၏ ခန္ဓာကိုယ်ကို လှံရှည်ဖြင့် ထိုးဖောက်ကာ မွစာကြဲအောင် ပြုလုပ်ခဲ့သည်။
သို့သော် သူသေဆုံးခါနီးတွင် မြေပြင်ပေါ်ရှိ မီးခိုးရောင်အလောင်းနှစ်လောင်းက တဟားဟားရယ်မောပြီး ထထိုင်လေသည်။ထို့နောက် စစ်မာရှင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်တွင် မဟုတ်တော့ဘဲ ၎င်းတို့နှစ်ဦးစလုံးက ထိုနယ်ပယ်၏အလယ်အဆင့်တွင်ရှိခဲ့ကြသည်။ ခဏအကြာတွင် သူတို့က ဆူမင်ဆီသို့ ပျံသန်းသွားကြသည်။
စုမင်က သူ၏ မြင့်မြတ်သောနတ်ဘုရား အာရုံကို အပြင်သို့ ဖြန့်ကျက်ကာ အသေးစိတ်ကြည့်ရှုနေလေသည်။ထိုစဉ် သူ၏ အမူအရာက မှောင်မိုက်သွားခဲ့သည်။စစ်မာရှင်း နှစ်ယောက်ထဲက မည်သူက အစစ်အမှန်လဲဆိုတာ သူ မပြောနိုင်ပေ။ နှစ်ယောက်စလုံးက စစ်မာရှင်း၏မူလခန္ဓာကိုယ်ကဲ့သို့ ဖြစ်နေ လေသည်။
“အကြင်နာမဲ့မာန်မျိုးစေ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြီးမြောက်မှု... လောကကြီးထဲက အရာအားလုံးကို ငါ့လက်ခုပ်ထဲ ရောက်ရှိလာလိမ့်မယ်.. စုမင်.. မင်းသာ ငါ့ရဲ့ အကြင်နာမဲ့မာန်မျိုးစေ့ရဲ ကြီးကျယ်ခမ်းနားတဲ့စွမ်းရည်ကို မချိုးဖျက်နိုင်ခဲ့ရင် မင်းငါ့ကို တကယ်စိတ်ပျက်စေတာပဲ..”
“မင်းတော်တော်စကားများတဲ့ကောင်ပဲ...”
စုမင်က ပြတ်ပြတ်သားသား ပြန်ပြောပြီး ညာလက်ကို မြှောက်လိုက်သည်။
ခရမ်းရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး လှံရှည်က သူ့လက်ထဲတွင် တစ်ဖန်ပေါ်လာသည်။ ထို့နောက်တွင် လှံက ခရမ်းရောင်အလင်းအားလုံးကို စုဆောင်းထားသကဲ့သို့ပင်..... ချပ်ဝတ်တန်ဆာက ပျောက်ကွယ်သွားကာ သူ၏လက်ထဲတွင်ရှိသော မကောင်းဆိုးဝါးလှံပေါ်ရှိ တိုက်ခိုက်ရေးဝိညာဉ်ငါးရာတို့က ရုပ်လုံးစတင်ပေါ်ပေါက်လာလေသည်။ သူတို့၏တိတ်ဆိတ်မှုအလယ်တွင် သူတို့က ရက်စက်ကြမ်းကြုတ်ပြီး လူသတ်လိုစိတ်ဖြင့် စစ်မာရှင်းဆီသို့ မျှော်ကြည့်နေကြသည်။
စုမင်က လှံရှည်ကို ပစ်ချလိုက်စဉ် စူးရှသော စူးရှသော အူသံတစ်ခုက လေထုထဲသို့ ထိုးခွင်းဝင်ရောက်သွား လေသည်။ ချက်ချင်းပင် ၎င်းတို့က မြေပြင်ပေါ်သို့ ခုန်ဆင်းသွားကာ လောကကြီးကို တုန်လှုပ်သွားစေခဲ့သည်။ တိုက်ပွဲဝင်ဝိညာဉ်ငါးရာတို့က လှံရှည်ကြီးကို ဝိုင်းရံကာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ထွက်ပေါ်လာသည်။ ရှေ့သို့ အရှိန်တင်လိုက်သောအခါ လှံက မြေပြင်သို့ ဝုန်းခနဲ စိုက်ကျသွားသည်။
မကောင်းဆိုးဝါးအစောင့်အရှောက်ချပ်ဝတ်တန်ဆာအတွင်းပါရှိသော စွမ်းအားအားလုံးကို စုစည်းထားသော လှံက အဝေးမှကြည့်လျှင်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။ အောက်ရှိမြေပြင်မှ ပြင်းထန်သော လေပွေများထလာကာ စစ်မာရှင်းနှစ်ယောက်၏မျက်လုံးများကို ဖျင်းခနဲ စူးရှသွားစေသည်။ သို့သော် သူတို့၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
လှံရှည်က မြေပြင်ပေါ်သို့ စိုက်ကျလာချိန်၌... ကြီးမားသောအပြောင်းအလဲတစ်ခု ပေါ်လာခဲ့သည်။