← Chapters

မတူညီသောမောက်မာထောင်လွှားမှုများ

Vol. 40 Ch. 555

မတူညီသောမောက်မာထောင်လွှားမှုများ

Vol. 40 Ch. 555

လောကတစ်ခွင်တွင် ကျယ်လောင်သောအသံများဖြင့် ပဲ့တင်ထပ်နေသည်။ ထိုအချိန်တွင်စုမင်အနီးတစ်ဝိုက်တွင် စစ်မာရှင်စကိုယ်ပွား တစ်သောင်းနီးပါးရှိသော်လည်း ၎င်းတို့က ရှေ့ဆက်တိုးမလာခဲ့‌ပေ။ ယင်းအစား သူတို့ကဆက်လက်ဆုတ်ခွာသွားပြီး ၎င်းတို့၏အလောင်းများ ပျောက်ကွယ်သွားလေသည်။ ဆူမင်သတ်ခဲ့သော လူများတွင် ပေါ်လာသည့် သွေးကြိုးမျှင်များနှင့် အလွန်ဆင်တူသည့် အမျှင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့က ပေတစ်သောင်းအကွာတွင် လျင်မြန်သောအရှိန်ဖြင့် စတင်စုရုံးခဲ့ကြသည်။

“မင်း ဘယ်နေရာသွားသွားပြေးမလွတ်စေရဘူး..မင်းကိုနှစ် တွေအကြာကြီးစောင့်နေခဲ့တာ..မင်းလည်း ငါ့ရဲ့ပုံစံအစစ်ကိုမြင်သင့်တာပေါ့..”

စစ်မာရှင်း၏ အသံထွက်လာသောအခါ အဆုံးမရှိသောသွေးကြိုးမျှင်များစွာက တွန့်လိမ်သွားပြီး ဝတ်ရုံဖြူ စစ်မာရှင်းထွက်ပေါ်လာလေသည်။ သူ၏ မျက်ခုံးအလယ်တွင် လက်သုံးချောင်း အမှတ်အသားရှိသည် ။

သူက စုမင် နှင့် ပေတစ်သောင်းအကွာတွင် ရပ်နေကာ သူ့ခန္ဓာကိုယ်မှ ရှုပ်‌ ထွေးနေသောလှိုင်းဂယက်များ ထွက်လာသည်။

စုမင်က မတူကွဲပြားသော ကျင့်ကြံမှုအဆင့်ကို ဖော်ပြနေသည့် အဆုံးမရှိသောလှိုင်းဂယက်များကို သတိပြုမိသောကြောင့် သူ၏စွမ်းအားက တုန်လှုပ်သွားရသည်။ ၎င်းတို့က များစွာကွဲပြားသော်လည်း နေကဲ့သို့ထွန်းလင်း‌တောက်ပသော ထူးခြားသည့် လှိုင်းသုံးခုရှိသည်။

ပထမဆုံးသောလှိုင်းက နိုးထခြင်းနယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်မှုတွင် ပါဝင်ပါသည်။

ဒုတိယက မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်၏အထွတ်အထိပ်တွင်ဖြစ်သည်။

တတိယတစ်ခုကတော့ စုမင်၏မျက်လုံး၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည့်အရာတစ်ခုပင်ဖြစ်သည်။မည်မျှ စွမ်းအားကြီးလွန်းသည်ကို သူမခန့်မှန်းနိုင်ပေ။

“ငါ့ရဲ့အသက်က အဆုံးမဲ့ရှင်သန်တယ်..ငါ့ရဲ့စွမ်းအားတွေက အတိုင်းအဆမရှိဘူး..ငါ့ခန္ဓာကိုယ်က နေရာတိုင်းမှာတည်ရှိတယ်..ဘာလို့လဲဆိုတော့ ငါကျင့်ကြံတဲ့လမ်းစဉ်က ဒုတိယမာန်နတ်ဘုရား‌ရဲ့မြင့်မြတ်တဲ့စွမ်းရည်..အကြင်နာမဲ့မာန်မျိုးစေ့ စွမ်းရည်...”

“မရေတွက်နိုင်တဲ့ လူတွေအများကြီးက ငါ့အတွက် ကျင့်ကြံပေးနေတယ်.. ငါ့အတွက် သူတို့ရဲ့ အသက်ကို ပေးမဲ့လူတွေ အများကြီးရှိတယ်.. မင်း... မင်း ငါ့ကို ယှဉ်ပြိုင်ဖို့ အဆင့်ရှိတယ်များထင်နေလားကွ..”

ဝတ်ရုံဖြူ စစ်မာရှင်း၏ အသံက ယခင်ကထက် ပျော့ပျောင်းပြီး လေးနက်နေသော်လည်း သူ့မျက်နှာပေါ်ရှိ မောက်မာ‌ေထာင်လွှားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“ငါက ဒုတိယမာန်နတ်ဘုရားရဲ့မျိုးဆက်ပဲ..ငါက စတုတ္ထမာန်နတ်ဘုရားပဲ..မင်း ငါ့ကိုယှဉ်တိုက်ခိုက်ရဲသေးလား..”

စစ်မာရှင်းက ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ကောင်းကင်တွင်ကျယ်လောင်သော အသံများနှင့်အတူ ဧရာမ ခြေရာကြီးတစ်ခု ထွက်ပေါ်လာပြီး ပေပေါင်း သောင်းနှင့်ချီ၍ ကြီးမားသည်။ ကြီးမားသော ခြေဖဝါးကြီးက ကောင်းကင်တွင် ဆန့်ထွက်ကာ စုမင် ပေါ်သို့ ဆင်းလာသကဲ့သို့ပင်ဖြစ်သည်။

“ဒုတိယမာန်နတ်ဘုရားရဲ့စွမ်းရည်နဲ့ ငါ့လိုစတုတ္တမာန်နတ်ဘုရားရဲ့ မြင့်မြတ်တဲ့စွမ်းရည်တွေရှေ့မှာ ကျင့်ကြံသူတိုင်းက တုန်လှုပ်နေစေရမယ်...နတ်ဘုရားခြေလှမ်းခုနှစ်လှမ်း..စွမ်းရည်ရဲ့ခြေလှမ်းဘယ်နှစ်လှမ်းကို မင်းခံနိုင်ရည်ရှိလဲဆိုတာ သိချင်မိတယ်..”

စစ်မာ၏မျက်နှာပေါ်ရှိ မာနကြီးသောအမူအရာ ရှိနေလေသည်။ သူ၏ လေးနက်ပျော့ပျောင်းသောအသံဖြင့် ပြောသောအခါတွင် သူ၏ခြေဖဝါးက ဆင်းသက်လာပြီး ကမ္ဘာကြီးက တဟုန်ထိုးမြည်လာသည်။

ကြီးမားသောခြေရာကြီးက ရုပ်လုံးပေါ်လာပြီး မိုးတိမ်များထဲမှာ လေထုထဲသို့ တိုးဝင်လာသည်။ ၎င်းက ပေသောင်းချီသော နေရာကို ဖုံးအုပ်ထားလေသည်။ လေထဲမှာ တလိမ်လိမ့်ထွက်ပေါ်လာပြီး စုမင်ရှိရာ ပတ်လည်ရှိ နေရာအမြောက်အမြား ပြိုကျလာသည်။ အဖျက်စွမ်းအားတစ်ခုက နေရာတစ်ဝိုက်ကို ဝန်းရံထားသည်။

စုမင်က ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာသော ခြေလှမ်းကို ကြည့်လိုက်သည်။ စစ်မာရှင်း၏ ကြီးမားသော ယုံကြည်မှုကို ခံစားလိုက်ရသောအခါ သူ့မျက်လုံးထဲတွင် လင်းလက်လာသည်။ ထိုယုံကြည်မှု၏ရင်းမြစ်က အေးခဲကောင်းကင်ကလန်မှ သူရရှိခဲ့သော ကံကောင်းမှုမှ လာကြောင်း သူသေချာသည်။

ထို့အပြင်၊ ဤကံကောင်းမှုက ဒုတိယမာန်နတ်ဘုရား၏အ မွေအနှစ်ဖြစ်ပုံရသည်။

“မာန်ဘုရားတွေရဲ့ အမွေအနှစ်ကတတိယမာန်နတ်ဘုရားမှာအဆုံးသတ်တယ်.. ဒုတိယအမွေအနှစ်ကိုရခဲ့ရင် အမွေအနှစ်တစ်ခုသာသာပေါ့..သိပ်ကြီးကျယ်ခမ်းနားမနေပါဘူး...”

ကျယ်လောင်သောအသံနှင့်အတူ မာန်နတ်ဘုရား၏ကြီးမား ပထမခြေလှမ်းက ဗုန်းခနဲအသံနှင့်အတူ ဆိုက်ရောက်လာလေသည်။ စုမင်ကသူ၏ညာလက်ကို မြှောက်လိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင် အလင်းတန်းများ လင်းလက်လာပြီး သူ့လက်ဖဝါးပေါ်၌ ဆူးတင်းပုတ်ကြီး ပေါ်လာသည်။ သူ့လက်ချောင်းများက တင်းပုတ်ကြီးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ထိုလက်နက်ကြီးမှ အဆုံးမဲ့လှိုင်းတံပိုးများကို ထုတ်လွှတ်ပေးလေသည်။ စုမင်က တင်းပုတ်ကို မြှောက်လိုက်ပြီး သူ့ဆီသို့ နင်းခြေလာသော ခြေရာကြီးကို တွန်းလှန်လိုက်သည်။

“အမွေအနှစ်က ဘယ်လောက်ပဲစွမ်းအားကြီးမာပါစေ.. ငါတို့ ဘိုးဘေးက ချန်ထားခဲ့တဲ့ လမ်းစဥ်ကတစ်ခုပဲ ရှိပါသေးတယ်..ဘယ်လောက်ပဲ အမွေအနှစ်ရပါစေ..အဲဒါက ဒုတိယ အမွေနဲ့ ဆင်တူတယ်... တကယ်တော့ ဒုတိယမာန်နတ်ဘုရားက ပထမနတ်ဘုရားရဲ့ အမွေအနှစ် တစ်ဝက်ပဲ ရခဲ့တယ်...”

စုမင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ တစ်ဖက်သား၏ မောက်မာမှုကို သူ့မျက်နှာတွင် မမြင်နိုင်သော်လည်း သူ၏ မောက်မာမှုက စစ်မာရှင်းထက်တွင် ပို၍ ကြီးမားသည်။

စုမင်၏ မောက်မာမှုက သူ့နှလုံးသားအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းက သူ၏အတွေ့အကြုံများအတွင်း၌ တည်ရှိပြီး သူနှင့်သက်ဆိုင်သည့်လမ်းစဥ်ကို လျှောက်လိုသောဆန္ဒမှ ဆင်းသက်လာခြင်းဖြစ်သည်။ မည်သည့်အမွေအနှစ်မဆိုထိန်းသိမ်းလိုသောစိတ်ဆန္ဒမှ ဆင်းသက်လာသည်။ ယင်းအမွေအနှစ်များကို လက်ခံပြီး အစွမ်းထက်သောကျင့်ကြံသူတစ်ဦး မဖြစ်ချင်ခဲ့ပေ။

စစ်မာရှင်း၏ မာနက အပြင်ပန်းဖြစ်သည်။ ၎င်းက သူ၏ကံကောင်းမှုနှင့် ဒုတိယမာနတ်ဘုရား၏ အမွေအနှစ်ကို ငမ်းငမ်းတက် ရယူခြင်းမှ လာသည်။သူက အမွေအနှစ်ကို ထိန်းချုပ်ရန် မကြိုးစားဘဲ ၎င်းကို စိတ်အားထက်သန်စွာ လက်ခံခဲ့သည်။ အမွေအနှစ်က သူ့ကို အသိအမှတ်ပြုခံလိုသော စိတ်ဆန္ဒတစ်ခုဖြစ်သည်။

ထိုမာန်မာနနှစ်မျိုးလုံးက လုံးဝကွဲပြားပါသည်။

ထိတ်လန့်တုန်လှုပ်ဖွယ် အသံများက လေထုထဲတွင် တဟုန်ထိုးပျံ့နှံ့လာလေသည်။ စုမင်၏ စကားများက စစ်မာရှင်းနားထဲသို့ ရောက်သွားသည် ။

စုမင်၏ စွမ်းအားကြီးသောဆူးတင်းပုတ်က မာန်နတ်ဘုရား‌ခြေလှမ်းခုနှစ်လှမ်း ပထမခြေလှမ်းနှင့် ထိတွေ့လာခဲ့သည်။ လေထုထဲတွင် ကျယ်လောင်သောအသံများ ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က နစ်မြုပ်သွားလေသည်။ထို့နောက် ပြင်းထန်သောတွန်းကန်စွမ်းအားကြောင့် ပေရာနှင့်ချီ၍ လွှင့်စင်သွားသည်။သူ့မျက်လုံးများက တည်ငြိမ်နေခဲ့သည်။

ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်လာသည်နှင့်အမျှ မာန်နတ်ဘုရား၏ပထမခြေလှမ်းက တစ်လက်မချင်းစီ ကွဲအက်သွားခဲ့သည်။

“အဓိပ္ပာယ်မရှိဘူး.. ဒုတိယအမွေအနှစ်ကို ငါရခဲ့ရင် ဒါက ငါ့ဘဝမှာ ရှိသင့်တဲ့အရာလို့ ပြောလို့ရတယ်..ငါ့ကိုယ်ငါ စတုတ္ထမာန်နတ်ဘုရားဖြစ်ဖို့ ရည်မှန်းထားတယ်..ငါ့ငံကြမ္မာက လောကကြီးကိုပေါင်းစည်းပြီး ကျင့်ကြံသူတွေကို ဦးဆောင်ဖို့ပဲ..”

“မင်းက ကျင့်ကြံသူတွေကြားက စစ်ကျင့်ကြံသူသက်သက်ပဲ.. အမွေအနှစ် တွေအကြောင်း ဘယ်လို တောင်ပြောရဲတာလဲ.. မင်းရဲ့ပြစ်မှုက သေဒဏ်ပေးလို့ရတယ်”

စစ်မာရှင်းက မျက်မှောင်ကြုတ်သွားကာ အေးစက်စွာ လှောင်ပြုံးလိုက်သည်။ထို့ နောက် သူ ရှေ့သို့ ခြေလှမ်းငါးလှမ်း လှမ်းခဲ့သည်။ ထိုခြေလှမ်းငါးလှမ်းကို လှမ်းလိုက်သည်နှင့် လောကကြီးတစ်ခုလုံး တုန်ခါသွားကာ ကောင်းကင်ကြီး ပြိုကျသွားမတတ်ပင် ဖြစ်လာသည်။သလိုပင်။ ဧရာမခြေရာကြီးငါးခုက ကောင်းကင်မှ ဆင်းသက်သွားကာ ထိုခြေရာတစ်ခုစီက ယခင်ကထက် ပိုမိုကြီးမားပြီး ၎င်းတို့အားလုံးက စုမင်ဆီသို့ ဦးတည်သွားကြသည်။

ထိုအချိန်တွင် စစ်မာရှင်း ရှေ့သို့နောက်တစ်လှမ်းတိုးကာ သူ၏နတ်ဘုရားခြေလှမ်းခုနှစ်လှမ်းစွမ်းရည်ကို ပြီးမြောက်ခဲ့သည်။

ခြေတစ်လှမ်းက လောကကြီးကို အမှောင်ထုအတိဖြစ်သွားစေသည်။ ကောင်းကင်ထက်ဝက်ကို ဖုံးအုပ်ထားသော ခြေတစ်လှမ်းက ကောင်းကင်ကြီးတောင် မြေကြီးထဲသို့ ကျွံဝင်သွားသကဲ့သို့ဖြစ်သည်။

“စတုတ္ထမာန်နတ်ဘုရားခြေလှမ်းခုနစ်လှမ်းအောက်မှာ မင်းငါ့ကို တိဘယ်လိုတိုက်ခိုက်မလဲဆိုတာ ငါ သိချင်တယ်...”

စစ်မာရှင်း၏ အသံက လေထဲတွင် တဟုန်ထိုးမြည်နေသည်။

စုမင်၏ မျက်နှာက တည်ငြိမ်သွားသည်။ သူ့ညာလက်ထဲက ချွန်မြနေသောဆူးတင်းပုတ်ကို ကောင်းကင်သို့ နောက်တစ်ကြိမ် လွှဲယမ်းပစ်လိုက်သည်။ဆူးတင်းပုတ်က ချက်ချင်းပင် ပေထောင်ပေါင်းများစွာ ရှည်လျားလာပြီး မြင်လိုက်ရသည့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ကောင်းကင်မှ ဆင်းလာသော ခြေလှမ်းငါးလှမ်းကို ခုခံလိုက်သည်။

ကျယ်လောင်သောအသံများက ချက်ချင်းပင် လေထဲတွင် ပြင်းပြင်းထန်ထန် မြည်ဟီးသွားတော့သည်။ ဆူးတင်းပုတ်က ခြေလှမ်း ငါးလှမ်းကိုထိလိုက်သည်နှင့် တပြိုင်နက် ၎င်းတို့ကအစိတ်စိတ် ကွဲအက်သွားသည်။ထို့ပြင် လက်နက်ကြီးမှာလည်း တဆတ်ဆတ်တုန်ယင်သွားပြီး နောက်သို့ လွှင့်စင်သွားလေသည်။ သို့သော်လည်း ချွန်မြနေသောဆူးတင်းပုတ်ကို မြှောက်လိုက်သောအခါ စုမင်၏ ခန္ဓာကိုယ်က ပြိုကွဲသွားသော ခြေငါးလှမ်းကို ဖြတ်၍ ကောင်းကင်၌ ပြန်ပေါ်လာလေသည်။ ထိုစဉ် သတ္တမခြေလှမ်းကလည်း ပြိုကျသွားလေသည်။

စုမင် နီးကပ်လာသည်နှင့် သူ့လက်သီးကိုတင်းကျပ်စွာဆုပ်ထားလေသည်။ ကောင်းကင်ဆီသို့ ခပ်အုပ်အုပ် အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်မှ စမ်းချောင်းတစ်ခုကဲ့သို့ စီးဆင်းသွားပြီး ညာဖက်လက်တွင် စုစည်းလာသည်။ ထိုအချိန်တွင် စုမင် ၏နောက်တွင် ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။

ထိုပုံရိပ်က သူ၏ အခြေတည် နတ်ဘုရားနှင့် မဟုတ်သော်လည်း ၎င်းက တတိယ မာန်နတ်ဘုရားနှင့် အနည်းငယ် ဆင်တူသည်။ ထိုပုံရိပ်က ညာလက်ကို မြှောက်ကာ လက်သီးကို ဆုပ်ထားသည်။ ထို့နောက် စုမင်က သူ့လက်သီးကို ကောင်းကင်မှ ခြေဖဝါးကြီးဆီသို့တည့်တည့် ထိုးပစ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဗိုင်းခနဲမြည်ကာ မြေကြီးနှင့် ကောင်းကင်ကြီး အက်ကွဲသွားသည့် လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ထက်ဝက်ကို ဖုံးလွှမ်းသွားသော ခြေဖဝါးကြီးက တုန်ခါကာ အပိုင်းပိုင်း ကျိုးသွားခဲ့သည်။

စုမင်က နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ သွေးများ စီးကျလာပေသော်လည်း သူ့မျက်လုံးထဲက ပြတ်သား‌သော ကြည်လင်ပြတ်သားမှုက ပို၍အားကောင်းလာပြီး အေးခဲနေသော အလင်းတန်းများဖြင့် ပို၍ တောက်ပလာခဲ့သည်။

စစ်မာရှင်းက ထိုသတ္တမခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူ့မျက်နှာက ဖျော့တော့ကာ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ နောက်ဆုံးတွင် သူ့ခြေပြန်မချနိုင်မီ ပေရာနှင့်ချီ၍ နောက်ပြန်ဆုတ်ခဲ့ရပြီး စုမင်ကို စိုက်ကြည့်နေသည်။

ကောင်းကင်ကြီးက ဆုတ်ဖြဲခံရသည့်အခါကြီးမားသော အက်ကွဲကြောင်းများစွာ ပေါ်လာသည်။ အပြင်ဘက်တွင် မှောင်မိုက်နေသော အမှောင်ထုကို ဖော်ထုတ်ရန် အစက်အပြောက်များစွာအဖြစ် ကွဲအက်သွားသည်။ ထိုအမှောင်ထုက မည်သည့်နေရာကိုဦးတည်မှန်းမသိကြသော်ပေ။သို့သော် နယ်နိမိတ်စည်းရိုးများ ချိုးဖောက်သွားသောကြောင့် စုမင်၏ ခန္ဓာကိုယ်ထဲက မရဏ အငွေ့အသက်က ပို၍ထူထပမလာခဲ့သည်။ အမှန်တော့ ထိုနေရာက ကြည်လင်တောက်ပသောယန်နယ်မြေ နှင့် အလွန်နီးကပ်သည်။

မြေကြီးက အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ သတ္တမအလွှာသို့ ဦးတည်သွားသော အပေါက်ကို ဖော်ထုတ်သည်။

လောကတစ်ခွင် ကျယ်လောင်သော ပေါက်ကွဲသံများ အုန်းအုန်းထနေလေသည်။ ရှင်းနေသည်မှာ စုမင် နှင့် စစ်မာရှင်းအကြား ပြင်းထန်သောတိုက်ပွဲကို ခံနိုင်ရည်မရှိခဲ့ဘဲ ဖျက်ဆီးခံလိုက်ရသည့် အရိပ်အယောင်များ စတင်နေပြီဖြစ်သည်။ ဤနေရာင ပျက်စီးသွားသည်နှင့် နောင်တွင် ကောင်းကင်ဘုံနယ်နမိတ်မှာ အဋ္ဌမ သို့မဟုတ် နဝမအလွှာကို ရှိတော့မည်မဟုတ်ပေ။

စစ်မာရှင်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေလေသည်။ မူလက သူက စုမင်၏စိတ်ဆန္ဒကို ဖျက်ဆီးလိုသောကြောင့် ထိုစမ်းသပ်မှုများအားလုံးကို ဖြတ်သန်းခဲ့ရသော်လည်း စုမင်စိတ်ဆန္ဒကို အနည်းငယ်မျှပင် အားနည်းအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ တစ်ဖက်တွင်မူ စစ်မာရှင်း၏ကိုယ်ပိုင်စိတ်ဆန္ဒက အားနည်းသွားသည့်လက္ခဏာများကို ပြသနေသည်။ အထူးသဖြင့် အမွေအနှစ်နှင့်ပတ်သက်သည့် စုမင်ပြောသောစကားများက သူ့နှလုံးသားကိုတောင် တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း ဤအချိန်က သူ့အတွက် အလွန်အမင်း စဉ်းစားရမည့် အချိန်မဟုတ်ပေ။ စစ်မာရှင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာပြီးနောက် ညာလက်ကိုမြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည် ။ ချက်ချင်းပင် သူ၏ လက်ဖဝါးထဲတွင် ကြီးမားသော ယပ်တောင်ကြီး ပေါ်လာသည်။ယပ်တောင်ကြီးက အဆုံးမရှိငှက် မွှေးများဖြင့် အလှဆင်ထားပြီး အလင်းတန်းများ ပြန့်ကျဲလာသည်ကို မြင်တွေ့နိုင်သည်။ မြင်မြင်ချင်းမှာ ထိုယပ်တောင်က သာမန်ပစ္စည်းမဟုတ်မှန်း ရှင်းလင်းလေသည်။

“မာန်နတ်ဘုရားရဲ့အဖိုးတန် မာန်ယပ်တောင်ကြီး..နတ်ဘုရားစွမ်းရည်သုံးသွယ်...ကောင်းကင်..

မြေကြီးနဲ့.လူ..”

သူ့အသံတိုးတိုးလေး ထွက်လာစဉ်တွင် သူက ယပ်တောင်ကို သူ့လက်ထဲတွင် ကိုင်ကာ စုမင်၏ ဦးတည်ရာသို့ လျင်မြန်စွာ လေခတ်ပေးလိုက်သည်။

ထိုယပ်‌တောင်ကို သူခတ်လိုက်သည်နှင့် တပြိုင်နက် နားအူမတတ် အသံက ပဲ့တင်ထပ်သွားခဲ့သည်။

သူတို့မျက်စိရှေ့မှာတင် ကောင်းကင်ကြီးက တစ်လက်မချင်းစီ ကွဲအက်သွားပြီး အမှောင်ထုကြီးစိုးသွားခဲ့သည်။ ကောင်းကင်ဘုံနယ်နိမိတ်ကို အထက်အောက်ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် ဖြစ်သွားသည်။ ထို့နောက် အက်ကွဲ နေသောကောင်းကင်ရှိ ယပ်တောင်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုမှ အပိုင်းအစများက ယပ်တောင်နှင့်အတူ ရောထွေးပြီး စုမင်ဆီသို့ဦးတည်သွားလေသည်။

စုမင်၏ နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ်တစ်ခု တိုးဝင်လာသည်။ ယပ်တောင်က အမှန်တကယ်ပင် ကောင်းကင်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အပိုင်းအစများကို အရာအားလုံးကို အက်ကွဲသွားနိုင်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ထိုစွမ်းအားက စုမင် ခန္ဓာကိုယ်ရှိ အရိုးအားလုံး၏ ဆယ်ပုံ ရှစ်ပုံခန့် မာန်အရိုးများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ၎င်းကို ခံနိုင်ရည်ရှိရန် သူ့အတွက် ခက်ခဲနေဆဲဖြစ်သည်။

ထိုစွမ်းအားကို ရှောင်လွှဲ၍မရပေ။ သူလုပ်နိုင်သော တစ်ခုတည်းသောအရာက ထိုစွမ်းအား ခုခံ တိုက်ဖျက်ရန်ဖြစ်သည်။

စုမင်က ကံကြမ္မာအဖြစ်သို့ပြောင်းလဲသွားလျှင် တွန်းလှန်နိုင်သည်။ သို့သော် စစ်မှာရှင်း ဝှက်ဖဲ အများကြီး ကျန်နေသေးသည်။ ယခုအချိန်မှာ စုမင်က ကံကြမ္မာအဖြစ်သို့ပြောင်းသွားလျှင်တောင် အချိန်ကန့်သတ်ချက်တစ်ခုအတွင်း စစ်မာရှင်းကို သတ်နိုင် ကြောင်း သိပ်မသေချာပေ။ ထို့ကဲ့သို့ဖြစ်ရင် စုမင်စိုက်ထုတ်ရသောစွမ်းအားက အချည်းနှီးဖြစ်သွားမည်။

စုမင်၏ မျက်လုံးများတွင် အလင်းများ တောက်ပလာသည်။ ကောင်းကင်ကြီးက အပိုင်းပိုင်းကွဲသွားသည်နှင့် ညာလက်ကို မြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။ ထို့ကြောင့် စုမင် အနီးတစ်ဝိုက်တွင် မုန်တိုင်းတစ်ခုရုတ်တရက်ဖြစ်ပေါ်လာသည်။ ထိုမုန်တိုင်း၏ အင်အားက ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း ချိတ်ဆက်ကာ အခြားသူများကို ထိတ်လန့်သွားစေမည့် လေပွေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“မူလဘူတနေမင်းအတတ်..”

ထိုစကားနှစ်ခွန်းကို မင်းပြောပြီးသည်နှင့် ချက်ချင်းပင် လေပွေတစ်ခုက တဗုန်းဗုန်းပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။၎င်းက ဝင်လာသောစစ်မာရှင်း၏စွမ်းအားနှင့် ထိတိုက်မိလေသည်။

ထိုမြင်ကွင်းက အဝေးမှကြည့်လျှင် အံ့သြလောက်အောင် ထိတ်လန့်သွားသည်။ ကောင်းကင်ကြီးက ဇောက်ထိုးမှောက်ခုံ‌ဖြစ်နေလေသည်။ လေပွေက ကောင်းကင်ဆီသို့တိုက်ခတ်နေပြီး လေထုနှင့်ကောင်းကင်ကြား အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာသည်။ လေထုခွဲဖြာခြင်းနည်းသုံးသွယ်နှင့်

“လမြုပ်နှံခြင်း”

ထိုလေပွေထဲတွင် စုမင်က လက်တစ်ဖက်ကို သူ့ခေါင်းပေါ် မြင့်တင်လိုက်ပြီး နောက်တစ်ဖက်က အောက်ကို ဆန့်လိုက်သည်။ ချက်ချင်းပင် သူ့လေပွေ့ထက်တွင် လေပွေနှစ်ခု ပေါ်လာသည်။ အသစ်ပေါ်လာသော လေပွေက လှည့်ပတ်လာသည်။ လောင်မြိုက်လေ‌ပွေ တစ်လျှောက်တွင် အေးမြသောအအေးဓါတ်များ ပါဝင်နေလေသည်။ ထို့နောက် အေးခဲလေပွေဖြစ်ပေါ်လာသည်။မတူညီသောလေပွေနှစ်ခု အပူလှိုင်းများရောယှက်သွားသောအခါ လီရာနှင့်ချီသောနယ်မြေက လေထုပိုင်ဆိုင်သော‌ နေရာအဖြစ်ပြောင်းလဲသွားသည်။ ဤသည်မှာ စစ်မာရှင်းဖန်တီးသောစွမ်းအားကို တွန်းလှန်ရန် သူအသုံးပြုရန် ဆုံးဖြတ်ခဲ့သော နည်းလမ်းဖြစ်သည်။

All Chapters