← Chapters

“ဒီယပ်တောင်က ငါပိုင်သွားပြီ..”

Vol. 40 Ch. 556

“ဒီယပ်တောင်က ငါပိုင်သွားပြီ..”

Vol. 40 Ch. 556

ထိုအချိန်တွင် ကောင်းကင်၏အခြေအနေကို ဖော်ပြရန် ခက်ခဲသည်။ ကောင်းကင်ကြီးက ပြိုကျနေပြီး ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့် လှုပ်ရှားနေလေသည်။လီရာချီအရွယ်အစားရှိ လေပွေကြီးက ကောင်းကင်ကိုထိလိုက်သောအခါ ကောင်းကင်ကြီးပြိုကျသွားပြီး လေပွေလည်း ပျက်ပြယ်သွားလေသည်။

ထိုစွမ်းအားက ကောင်းကင်ကို တစ်စစီ ပြိုပျက်စေခဲ့သည်။ ကောင်းကင်ဘုံနယ်နမိတ်ရှိ အဋ္ဌမနှင့် နဝမအလွှာကို ဖုန်မှုန့်အသွင် ပြောင်းလဲပစ်လိုက်သည်..။

“မြေကြီးအနိဌာရုံစွမ်းရည်...”

စစ်မာရှင်းက ဟစ်အော်လိုက်ပြီး စုမင်ဆီသို့ ယပ်ခတ်လိုက်ပြန်သည်။

ထိုအဖြစ်အပျက်များက သူ့မျှော်လင့်ချက်ထက် လုံးဝကျော်လွန်သွားခဲ့သည်။ စုမင်၏ စိတ်ဆန္ဒကို ဖြိုခွဲရန် ခက်ခဲသည်သာမက မာန်နတ်ဘုရားခြေလှမ်းခုနှစ်လှမ်းကပင် သူ့ကို မချေမှုန်းနိုင်ခဲ့ပေ။ ယခုဆိုလျှင် အဖိုးမဖြတ်နိုင်သောမာန်ယပ်တောင်ကြီး အတွင်းပါရှိသောကောင်းကင်အနိဌာရုံစွမ်းရည် ကပင် သူ့ကို မဖျက်ဆီးနိုင်ပေ။

ထိုအချိန်တွင် သတ်ဖြတ်လိုစိတ်က သူ့နှလုံးသားကို ပြည့်နှက်နေလေသည်။ သူ့ယပ်တောင်အတွင်းရှိ မြေကြီးအနိဌာရုံစွမ်းရည်က အသက်သွင်းခဲ့သည်။ထိုပစ္စည်းမှာ သူစုဆောင်းနိုင်ခဲ့သော စွမ်းအားအကြီးဆုံးအရာပင်ဖြစ်သည်။ လူသားအနိဌာရုံစွမ်းရည်က သူ၏ လက်ရှိကျင့်ကြံမှု အဆင့်ဖြင့် သူ့လက်လှမ်းမမီသေးပေ။ အကယ်၍ သူက ၎င်းအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ကြိုးစားခဲ့လျှင် မည်သူ့ကိုမျှ မသတ်မီတွင် စစ်မာရှင်း ကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။

သူက ယပ်တောင်ကို ခတ်လိုက်သော် မူလက ကွဲအက်သွားသော

မြေကြီးက တုန်ခါလာပြီး လေထဲမှာ ရပ်နေသော စုမင်ဆီသို့ တစ်ဟုန်ထိုးတက်လာကြသည်။

အဆုံးမဲ့မြေကြီးက သူ့ဆီသို့ တိုးဝင်လာသော် အရာအားလုံးကို ဖျက်စီးပစ်ရန် စူးရှစွာ အော်ဟစ်နေသောတည်ရှိမှုတစ်ခုက လေထုထဲတွင် ပေါ်လာသည်။ ထိုတည်ရှိမှုမှာ လေပွေလေပြင်း တစ်ခုဖြစ်ပြီး စုမင် ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ လေပွေတစ်ခုဆီသို့ အရှိန်တင်နေပုံရသည်။

စုမင်၏မူလဘူတနေမင်းအတတ် နှင့် လမြုပ်နှံခြင်း က နတ်ဘုရားအနိဌာရုံစွမ်းရည်ကို ခက်ခက်ခဲခဲ တိုက်ထုတ်နိုင်သော်လည်း စုမင် သူ့ဘက်မှ ရပ်တည်နိုင်သည် ။ သို့သော်၊ ထို ကောင်းကင်အနိဌာရုံစွမ်းရည်လုံးဝ ပျောက်ကွယ်သွားပြီးနောက် ယခု သူက ပိုမိုပြင်းထန်သော မြေကြီးအနိဌာရုံစွမ်းရည်ကို တိုက်ခိုက်နေရသည်။

အကန့်အသတ်မဲ့ မြေကြီးက ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ စုမင်ကို ဝိုင်းရံထားသည်။ ထို့နောက် စုမင်ကို ဗဟိုပြုကာ ၎င်း၏အစိတ်အပိုင်းတစ်ခုအဖြစ်ပြောင်းလဲချင်ပုံရသည်။

မြေကြီးအနိဌာရုံစွမ်းရည်က မြေကြီး၏ စွမ်းအားကို အသက်သွင်းခဲ့သည်။ ထိုစွမ်းအားနှင့်အတူ ကမ္ဘာမြေကြီး၊ လေတို့က သယ်ဆောင်လာကာ လေးလံပြီး ထူထဲသော အာရုံခံစားမှုမှာ စုမင်ကို မထိန်းချုပ်နိုင်သောအရာ ဖြစ်သည်။

သူ့လေပွေများ ပျောက်ကွယ်သွားတော့မည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို မထိန်းချုပ်နိုင်ပေ။ လေပြင်းများ ဝိုင်းရံနေသော အဆုံးမရှိသော မြေကြီးကို ကြည့်ရင်း ငြိမ်ကျသွားကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုအချိန်တွင် လေမာန်စွမ်းအားကျင့်ကြံသူထံမှ ရရှိလာခဲ့သောလေထုခွဲဖြာနည်းသုံးသွယ်ကို သတိရမိသွားသည်။

“လေက ဒီလောကကြီးရဲ့အစိတ်အပိုင်းတိုင်းမှာ ရှိနေတယ်...ဒီနေရာမှာမင်းရှိနေရုံနဲ့ လေစွမ်းအားမဲ့လောကဖြစ်အောင်လုပ်နိုင်ရင် မင်းက..လေထုခွဲဖြာနည်းသုံးသွယ်ရဲ့ တတိယစွမ်းရည်ကို အပြည့်အဝနားလည်တာပဲ...”

စုမင်၏ မျက်လုံးများ ပြန်ပွင့်လာသည်။ သူ့ရှေ့၌ မြေကြီးက သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်နှင့် ပေတစ်ရာအောက်သာ ဝေးသည်။

“လေထုခွဲဖြာနည်းသုံးသွယ်..အရင်တုန်းက နေရာတစ်ခုကို လေစွမ်းအားကင်းလွတ်အောင်ဘယ်လိုလုပ်ရမလဲ မသိဘူး..ငါ့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုလေထုနဲ့ပေါင်းစပ်ရမယ်..ပြီးတော့ ဒါကရိုးရှင်းတဲ့ပေါင်းစပ်မှုမျိုးမဟုတ်ဘူး...လေမာန်စွမ်းအားနဲ့တစ်သားတည်းဖြစ်သွားတာမျိုးလည်းမဟုတ်ဘူး..အဲ့ဒီ့အစား ငါက လေစွမ်းအားကိုထိန်းချုပ်ရမယ်...”

စုမင်က သူ့ကိုယ်သူ တီးတိုးစွာပြောလိုက်သည်။

ယခုကဲ့သို့သေရေရှင်ရေးအခြေအနေမျိုး၌ နားလည်ခြင်းသဘောတရားက ရုတ်တရက် ပေါက်ဖွားလာခဲ့သည်။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုပေါ်လာသည်။ ယခုအချိန်တွင် သူ့ပတ်ဝန်းကျင်နှင့် မြေကြီးကြားတွင် ပေငါးဆယ်သာကျန်ရှိတော့သည်။ စုမင်က လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။

“လေထုခွဲဖြာခြင်းဆိုတာ လေထုစွမ်းအားက ငါ့ကို စွန့်ပစ်တာ မဟုတ်ဘူး..ငါကလည်း အဲဒီစွမ်းအားကို စွန့်ပစ်တာမဟုတ်ဘူး....လေထုစွမ်းအားရှိတဲ့နေရာမှာ ငါမရှိဘူး.ဒါမှမဟုတ်.ငါရှိတဲ့နေရာမှာလေစွမ်းအားမရှိဘူးလို့ပြောတာမဟုတ်ဘူး...ငါလိုသလို ထိန်းချုပ်လို့ရတာကိုပြောတာပဲ....”

စုမင် တိတ်ဆိတ်စွာပြောနေချိန်တွင် သူနှင့် အရှိန်ပြင်းသော မြေကြီးစွမ်အား ကြားတွင် ပေနှစ်ဆယ်အောက်သာ ကျန်ရှိတော့သည်။ တခဏချင်းမှာပဲ ထိုပေနှစ်ဆယ်မြေကြီးစွမ်းအားက သူ့နားသို့ နီးကပ်လာပြီး သူ့ကို မြေအောက်သို့ မြှပ်နှံလိုက်သည်။

စုမင်က သူ့နေရာ၌ မလှုပ်မယှက် ရပ်နေကာ သူ့ကို မြေကြီးမြှုပ်ခွင့်ပေးလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်နှင့် သူ့အပေါ်သို့ မြေကြီးအလွှာများ ထပ်ရောက်လာသည်။ထို့နောက် သူ့ပတ်ဝန်းကျင်‌နယ်မြေထက် မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။

ထိုတောင်ကြီးက အနက်ရောင်ကောင်းကင်သို့ ထိုးထောင်တက်သွားပြီး ပျက်စီးနေသောလောကကြီးထဲတွင်ရှိသော တစ်ခုတည်းသောတောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

စစ်မာရှင်း က ထိုမြင်ကွင်းကို ကြည့်လိုက်သော်လည်း သူ့မျက်နှာမှာ ပျော်ရွှင်မှုကို မတွေ့ခဲ့ရပေ။ ယင်းအစား၊ သူ့မျက်လုံးများက အံ့အားသင့်မှုကြောင့် အပြူးသားဖြစ်သွားလေသည်။ တစ်ချိန်တည်းတွင် သူက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

သူ ဆုတ်ခွာသွားသောအခါတွင် အက်ကွဲကြောင်းတစ်ခုက တစ်ခုတည်းရှိသော တောင်ကြီးကို ဖြတ်သွားခဲ့သည်။ မြေကြီးပြိုကျသည်နှင့်အမျှ စုမင် အက်ကွဲ ကြောင်းမှ အေးအေးလူလူ ထွက်လာခဲ့သည်။

သူသွားလေရာ‌‌၌ လေစွမ်းအား တစ်မှုန်မှ မတွေ့ရပေ။ စစ်မာရှင်း၏ယပ်တောင်ကြောင့်ဖြစ်ပေါ်လာသော လေစွမ်းအားဖြစ်ဖြစ်၊ လောကကြီးထဲတွင်ရှိသော လေစွမ်းအားကြောင့်ပဲဖြစ်စေ စုမင်နားတွင် လုံးဝမတွေ့ရပေ။

လေစွမ်းအားမရှိသောကြောင့် တောင်ပေါ်ရှိ မြေကြီးက မကျစ်လစ်တော့ပေ။ စုမင်က တောင်ပေါ်မှ ခြေတစ်လှမ်း လှမ်းကြည့်လိုက်သောအခါ စစ်မာရှင်းက နောက်ပြန်ဆုတ်သွားကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ပြန်ပေါ်လာသောအခါတွင် သူက စုမင်ဘေးတွင် ရပ်နေပြီဖြစ်သည်။ စုမင်ဘေးနားရောက်နေသော်လည်း စစ်မာရှင်းက ထပ်မံပြန်ဆုတ်‌သွားလေသည်။

သူ ဆက်မဆုတ်ခွာချင်သော်လည်း အသက်ရှုသံက ငြိမ်သွားလေသည်။ ထိုအချိန်မှာ သူ့ပတ်ဝန်းကျင်မှာ လေမရှိတော့ဘဲ သူ့ခန္ဓာကိုယ်မှာ ခွန်အားမရှိတော့သကဲ့သို့ ခံစားရသည်။သူ့ခန္ဓာကိုယ် ဟန်ချက်ပျက်သွားသကဲ့သို့ သူ့ခေါင်းက အရင် လဲကျသွားသည်။

စုမင်၏ လက်သီးက လျှပ်စီးကဲ့သို့ စစ်မာရှင်းနားသို့ကပ်လာလေသည်။ ၎င်းက သူ့ရင်ဘတ်ကို တည့်တည့်ထိမှန်ပြီး သွေးများစီးကျလာသည်။ သူ နောက်ပြန်လဲကျသွားချိန်တွင် စုမင်က သူ့ညာဘက်လက်ကို လှမ်းဖမ်းလိုက်သည်။ ထို့နောက် အဖိုးတန်ယပ်တောင်ကို ဆတ်ခနဲဆွဲယူလိုက်သည်။

“အခု ဒီယပ်တောင်က ငါ့ပိုင်သွားပြီ..”

စုမင်က အေးစက်စွာပြောပြီး ယပ် တောင်ကို အမြန်သိမ်းလိုက်သည်။စစ်မာရှင်း၏ ခန္ဓာကိုယ်ကို နောက်ထပ် လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးက ထိုလူ၏ရင်ဘတ်ကို ထိမှန်သွားကာ ကြီးမားသောအပေါက်ကြီး ကျန်ရစ်ခဲ့သည်။ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေဆသာ မျက်လုံးများနှင့် စုမင်ကို စိုက်ကြည့်ခဲ့သော်လည်း သူ မသေခဲ့ပေ။

စစ်မာရှင်း၏ နှုတ်ခမ်းများမှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်က ထူးဆန်းစွာဖြင့် ပြန်လည်ကောင်းမွန်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှာ အကန့်အသတ်မဲ့ အသက်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။ ပို၍တိကျစွာပြောရလျှင်၊ သူ၏နတ်ဘုရားစွမ်းရည်ကြောင့် သူ့အတွင်း၌ အဆုံးမရှိသော မာန်မျိုးစေ့များ ရှိနေပါသည်။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရတိုင်း မာန်မျိုးစေ့များက သူပြန်ကောင်းလာစေရန် ၎င်းတို့အသက်ကို စွန့်လွှတ်ပေးသည်။

ထို့ကြောင့် ထိုဖြစ်စဥ်က အကြင်နာမဲ့မာန်မျိုးစေ့စွမ်းရည်ကို အလွန်ထူးဆန်းစေလေသည်။ ထို့ကြောင့် အင်မော်တယ်မသေမျိုးများက ဒုတိယမာန်နတ်ဘုရား၏ခြေလက်အဂ်ါများနှင့်ခေါင်းကို ဖြတ်ရခြင်း၏အကြောင်းရင်းဖြစ်သည်။

စုမင်က စစ်မာရှင်းကို ဆက်လက်၍ ထိုးနှက်လေသည်။ သူ့လက်သီးဖြင့်စစ်မာရှင်း၏ဦးခေါင်းကို ထိုးလိုက်ရာ ပေါက်ကွဲသွားလေသည်။သို့သော် ချက်ချင်းပြန်ထွက်လာသည် ။

နောက်ထပ် ထိုးနှက်ချက်ကြောင့် သူ့ခန္ဓာကိုယ် ကျိုးပဲ့သွားသော်လည်း ပြန်ကောင်းလာခဲ့သည်။

ထိုအချိန်တွင် စစ်မာရှင်းက စိုးရိမ်ပူပန်နေမိသည်။စုမင်က သူ့ဘေးမှာ ကပ်နေသောကြောင့် လေတိုက်တာ မရှိတော့ပေ။ထို့ကြောင့် သူ့ကိုယ်ကို လေပြင်းများကြောင့် တွန်းထုတ်ခြင်းမခံရဘဲ သူ့ယပ်တောင်အလုယူခံလိုက်ရတာကို ကြည့်နေရလေသည်။ သို့သော်လည်း သူ့၏အကန့်သတ်မဲ့မာန်မျိုးစေ့များကြောင့် အဆင်ပြေနေသေးသည်။ သူက အမှန်ပင်… မရှုံးမပေးသေ။

စုမင်၏ လက်သီးချက်က သူ့အပေါ် ထပ်မံကျရောက်တော့မည်ကို မြင်သောအခါ စစ်မာရှင်း၏ မျက်လုံးများက အနီရောင်ပြောင်းသွားလေသည်။ သူက လျှာဖျားကိုကိုက်ကာ သွေးအန်ရန်ကြိုးစားသော်လည်း ထိုသွေးများက ပါးစပ်မှ ထွက်မလာပေ။ ယင်းအစား၊ သူ့လည်ချောင်းထဲကို ပြန်စီးဆင်းလာသည်။

ထိုအချိန်တွင် စုမင်၏လက်သီးက သူ့ခန္ဓာကိုယ်ကို တစ်ဖန်ပြန်ပေါက်ထွက်သွားပြန်သည်။စစ်မာရှင်း ၏ ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲသွားသည်နှင့် တပြိုင်နက် သူ့အသားများ က စုစည်းလာသည်။စုမင်၏ လက်သီးက သူ့အပေါ် ထပ်မံ တိုးဝင်လာပြန်သည်။ထိုသို့ဖြင့် လုံးချာပတ်ချာလည်နေတော့သည်။

စစ်မာရှင်းက သူ့ပြိုင်ဘက်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ထိုအခြအနေကို သူ လက်မခံနိုင်ဆပ။ သူ့တွင် အသုံးပြုရန် လိုအပ်သော မြင့်မြတ်သော စွမ်းရည်များစွာ ရှိပါသေးသည်။ သူ့မှာ ထုတ်မသုံးသော ရတနာများစွာရှိနေသေးသည်။ တစ်ကြိမ်တည်းဖြင့် အငိုက်မိသွား သောကြောင့် စုမင်က သူ့ကို ထပ်ခါတလဲလဲ ထိုးနှက်နိုင်ခဲ့သည်။ စစ်မာရှင်း တန်ပြန်တိုက်ခိုက်နိုင်သည့် အခိုက်အတန့်ပင်မရှိပေ။ အသက်ရှုရန် အချိန်အနည်းငယ်သာလိုအပ်သည်။ ထိုအချိန်တွင် သူက စုမင်၏ ထူးဆန်းသော လေမဲ့လောကမှ ထွက်သွားနိုင်မည်ဖြစ်သည်။

သူ့နှလုံးသားထဲတွင် စုမင်ကို အော်ဟစ်လိုက်သည်။စုမင် ၏လက်သီးက သူ့ဆီသို့ တစ်ဖန်ပြန်လည်ရောက်လာသောအခါတွင် သူ၏ခန္ဓာကိုယ်က ကျိုးပဲ့သွားသည်။ထို့နောက် ပြန်လည်ကောင်းမွန်လာသော်လည်း ထိုအချိန်တွင် နောက်ထပ်လက်သီးတစ်ချက်က သူ့ဆီသို့ ထပ်မံရောက်ရှိလာပြန်သည်။

စစ်မာရှင်းက စုမင်၏ဆက်တိုက်လက်သီးချက်များကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက နီရဲနေလေသည်။ ချက်ချင်းပင် သူက တွေးတောမနေဘဲ ရူးသွပ်စွာဖြင့် သူ၏မာန်မျိုးစွေများထံမှ အသက်စွမ်းအင် အများအပြားကို စုပ်ယူခဲ့သည်။ သူ့ကိုယ်သူ ဖျက်စီးပစ်လိုက်သည်။

ထိုပေါက်ကွဲမှု၏ စွမ်းအားက အလွန်ကြီးမားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေမည်ဖြစ်သည်။ စုမင်က ရှေ့ဆက်ထိုးနေလျှင် သူ့ကိုယ်သူ ဖျက်ဆီးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်ဆသာ အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်ရမည်။

ထိုသက်ရောက်မှုက စုမင်ကို ထိခိုက်စေပြီး ခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးကို ဆုံးရှုံးစေနိုင်သည်။ စစ်မာရှင်းကတော့ သူ့၏ ထူးထူးခြားသော စွမ်းရည်များကြောင့် ပြန်ကောင်းလာသည်။ သူက မာန်မျိုးစေ့များစွာကို စွန့်လွှတ်ခဲ့သော်လည်း ထိုအခွင့်အရေးဖြင့် မြင့်မြတ်သောစွမ်းရည်များကို ပိုမိုအကောင်ထည်ဖော်နိုင်လိမ့်မည်။

ထိုအချိန်တွင် စုမင်အပေါ် သူ၏မုန်းတီးမှုက ပို၍ပြင်းထန်လာသည်။ သူ ဆုတ်ခွာရန် ရွေးချယ်ရလိမ့်မည်။ ထိုအရာက...သူ့၏ တစ်ခုတည်းသောရွေးချယ်မှုပင်ဖြစ်သည်။

စစ်မာရှင်း၏နှုတ်ခမ်းတွင် ကောက်ကျစ်ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသော်လည်း သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားသောအခါ အေးခဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

သူ ဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း သူ့မျက်စိရှေ့မှာတော့ စုမင်က ဆယ်ကျော်သက်အရွယ် ဖြစ်သွားသည်။ သူ၏ဆံပင်တစ်ဝက်မှာ အဖြူရောင်ဖြစ်ပြီး ကျန်တစ်ဖက်မှာ ခရမ်းရောင်ဖြစ်သည်။ ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ လေထုနှင့်အတူ ထိတ်လန့်တုန်လှုပ်ဖွယ် တည်ရှိနေသည် ။

ထိုအရေးကြီးသောအခိုက်အတန့်တွင် စုမင်က ကံကြမ္မာအဖြစ်ပြောင်းရန် ရွေးချယ်ခဲ့သည်။

သူ စုမင်က ညှဉ်းပန်းနှိပ်စက်စဥ်က အလောင်းများမှ စုတ်ပြဲနေသော အသားအပိုင်းအစများကို အမှတ်တမဲ့ သတိရလိုက်မိသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။

သူ့နှလုံးခုန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အချိန်တွင် စုမင်က ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက သူ့ညာလက်ကို မြှောက်လိုက်ပြီး စုမင်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ အချိန်က စစ်မာရှင်း၏ခန္ဓာကိုယ်တစ်ဝိုက်ကို ချက်ချင်းပြောင်းပြန်ဖြစ်သွားပါတော့သည်။

ပြိုကျလုနီးပါးဖြစ်နေသော သူ့အတွင်းက ဖရိုဖရဲ စွမ်းအားက တည်ငြိမ်သွားသောအချိန်မဟုတ်ဘဲ သူ့ကိုယ်က ပေါက်ကွဲသွားသောအချိန်ကိုပြန်ရောက်သွားလေသည်။

စစ်မာရှင်း အေးခဲရပ်တန့်သွားပြီးနောက် သူ့မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အပြုံးက မှိန်ဖျော့သွားကာ ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

စစ်မာရှင်းမှာထိုအတွက် ကြီးမားသော အဖိုးအခကို ပေးဆောင်ခဲ့ပြီး သူ၏မာန်မျိုးစေ့ အမြောက်အမြားကို စွန့်လွှတ်ပြီးနောက် ရရှိသော အခွင့်အလမ်းကို စုမင်က တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် စုမင်၏ လက်သီးက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ စစ်မာရှင်း အားနည်းသွားသည့်အခိုက်တွင် စုမင်က သူ့လက်ကို ထပ်မံ လှုပ်ယမ်းလိုက်သည်။ အချိန် တရွေ့ရွေ့ ကုန်ဆုံးသွားသော် စစ်မာရှင်းက အဆုံးမရှိသော ထပ်တလဲလဲ သံသရာထဲသို့ နစ်မြုပ်သွားခဲ့သည်။

စုမင်၏ လေမဲ့လောကကို ကံကြမ္မာ နှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့မှာ ပိုအားကောင်းသော စွမ်းအားများရရှိကြောင်း ချက်ချင်းသတိပြုမိခဲ့သည်။

စစ်မာရှင်း၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှု တိုးလာသည်။ သူ့စိတ်ထဲတွင် ရူးသွပ်စွာ ထအော်လိုက်သည်။ ထိုအရာကို သူလက်မခံနိုင်ပေ။ မတတ်နိုင်ပေ။

သူ၏မာန်မျိုးစေ့ အများအပြား ပျောက်ကွယ်သွားသည်ကို ခံစားရနိုင်ပြီး မကြာမီမှာပင် သူ့တွင် စုပ်ယူစရာမရှိတော့ပေ။ ထိုအချိန်တွင် သေခြင်းတရားကသာ သူ့ကိုစောင့်ကြိုနေပေလိမ့်မည်။

သို့ပေမယ့် စစ်မာရှင်းက သာမန်လူတစ်ယောက်တော့ မဟုတ်ပေ။ သူက ထိုမျှော်လင့်ချက်မဲ့သော အခြေအနေတွင် ပိတ်မိပြီး အဆုံးမဲ့ ထပ်ခါတလဲလဲ ကြုံခဲ့ရသည်။ထို့နောက် သူ၏ အရိုးတစ်ပိုင်း ကွဲအက်သွားသည်။

ထိုခဏ၌ ကောင်းကင်တွင်စုမင်၏လက်သီးချက်က ရပ်တန့် သွားစေသည့် မြင်ကွင်းတစ်ခုပေါ်လာသည်။

All Chapters