← Chapters

အခန်း (၇၃၆)

Vol. 50 Ch. 736

အခန်း (၇၃၆)

Vol. 50 Ch. 736

ရှစ်ဖုန့်က သူ့ထံသို့လူနှစ်ယောက်လာနေသည်ကို မြင်တွေ့ရသောအခါတွင် ၎င်းတို့၏ အလောင်းချီများက ယင်အလောင်းကောင်များနှင့်များ

စွာခြားနားခြင်းမှရိသည်ကို သူအာရုံခံမိသည်။

သို့သော်ယင်အလောင်းကောင်များ

နှင့်ကွဲပြားသည်ကားရှိသည်ဖြစ်သည်။ ၎င်းတို့၏ခန္ဓာကိုယ်များ၌ လူသားတစ်ယောက်၏ ဝိညာဉ်ရှိနေသည်ဖြစ်၏။

“ဒီလူနှစ်ယောက်က အလောင်းကောင်တာအိုကို ကျင့်ကြံကြတဲ့သူတွေပဲဖြစ်ရမယ်..

သူတို့ကလူမကျ တစ္ဆေမကျတွေ”

ရှစ်ဖုန့်ကတွေးလိုက်သည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင် ကျင့်ကြံခြင်းနည်းလမ်းပေါင်းထောင်းပေါင်းများစွာရှိပြီး တစ်ခုစီတိုင်းက လူတစ်ယောက်အား သိုင်းပညာ၏အထွတ်အထိပ်သို့ ဦးဆောင်ပေးနိုင်စွမ်းရှိသည်ဖြစ်သည်။ သို့သော် ၎င်းတို့ကဲ့သို့သောကျင့်ကြံမှုမျိုးကတော့ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးတွင် ပင် တော်တော်လေးရှားပါးသည်ဟုပြော၍ရ၏။

ထို့နောက်တွင်လူနှစ်ယောက် ရှစ်ဖုန့်တို့၏ရှေ့သို့ရောက်လာပြီး သူတို့၏ရှေ့တွင်ရပ်လိုက်ကြသည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏အကြည့် က ရှစ်ဖုန့်၏ကိုယ်ပေါသ်သို့ကျရောက်နေပြီး လောဘကြီးသော အသွင်အပြင်ကိုပြသနေသည်။

“ဘာကိစ္စလဲ”

ရှစ်ဖုန့်ကသူ့ရှေ့ရှိလူနှစ်ယောက်အား အေးစက်စွာကြည့်၍ မေးလိုက်သည်။ ၎င်းတို့က ဖော်ရွေမှုမရှိသည်မှာသိသာသည်ဖြစ်သည်။

“ဟီးဟီး”

ခရမ်းရောင်နှင့်လူငယ်ကရှစ်ဖုန့်အား

ပြန်ဖြေခြင်းမရှိပေ။ ထိုအစားသူကရယ်မောလိုက်ပြီး

သူ့ဘေးရှိအဘိုးအိုကိုပြောလိုက်သည်။

“အကြီးအကဲရှန့်. ဒီခေါင်းကိုကျွန်တော်ပိုကြည့်လေ ပိုပြီးကြိုက်လေပဲ. အဲ့တာကိုရဖို့ အကြီးအကဲကျွန်တော့်ကိုကူညီရမယ်. ဒီလိုကြီးမားတဲ့ကြင်နာမှုကိုကျွန်တော့်နှလုံးသားထဲကနေသေချာပေါက်မှတ်ထားမှာပါ”

“သခင်လေး. စိတ်မပူပါနဲ့. ဒီခေါင်းကိုကျုပ်ငါးစက္ကန့်အတွင်းဖြတ်ပြီး သခင်လေးကိုဆက်သပါ့မယ်”

လူသေမျက်နှာနှင့်အဘိုးအိုက အက်ရှရှအားနည်းသောအသံဖြင့်

ပြောလိုက်သည်။

သူ၏စကားဆုံးပြီးနောက် အဘိုးအို၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်းရှစ်ဖုန့်၏

ရှေ့သို့ရောက်ရှိလာသည်။ ၎င်း၏ဖြူဖျော့သော အရေတွန့်နေသည့် အလောင်းကောင်ကဲ့သို့ ညာလက်ာအး ရှစ်ဖုန့်၏ဦးခေါင်းထံသို့ ပန်းသီးတစ်လုံးအားကောက်ယူသကဲ့သို့ လှမ်းလိုက်သည်။

“ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်လေး

ပဲရောက်သေးတဲ့ ဆန်ကုန်မြေလေးကများ သေချင်နေတာပဲ”

အဘိုးအိုကသူ၏ခေါင်းအား

တကယ်ကြီးဆုပ်ကိုင်ရန်လှမ်းလိုက်

သည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ညာလက်သီးအားဆုပ်လိုက်ပြီး ရုတ်တရက် သူ့ထံသို့ဆုပ်ကိုင်ရန်လှမ်းလာသော အဘိုးအို၏ညာလက်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“အား”

မူလက သေလုအောင်ဖြူဖျော့နေသောအ

ဘိုး၏ခံစားချက်မဲ့နေသည့်မျက်နှာက ရှစ်ဖုန့်၏လက်သီး သူ့ထံသို့ လာနေသည်ကိုမြင်တွေ့ရသောအခါတွင် ရုတ်တရက်ပြောင်းလဲသွားသည်။

သူ၏ပြိုင်ဘက်ဖြစ်သူက ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ်သာဖြစ်သည်။ ဘယ်လိုဖြစ်ပြီးသူ၏လက်သီးချက်က အရမ်းစွမ်းအားကြီးနေရပါသနည်း။ ဘယ်လိုလုပ်ဖြစ်နိုင်ပါမည်နည်း။

ထို့နောက်တွင် အဘိုးအိုက ရုတ်တရက် အခြားသောကျင့်ကြံနည်းအမျိုးအစား

တစ်ခုဖြစ်သည့် ခန္ဓာကျင့်ကြံခြင်းပညာရပ်ကို တွေးမိလိုက်သည်။

သို့သော် ဖြစ်ပျက်မှုအား အဘိုးအိုသဘောပေါက်သည့်အချိန်တွင်

အရမ်းနောက်ကျသွားပြီဖြစ်သည်။ ရှစ်ဖုန့်၏ လက်သီးချက်က အဘိုးအို၏ညာလက်အားပြင်းထန်စွာ

ထိမှန်သွားသည်။

“ဝုန်း..အား”

နေရာတစ်ခုလုံးအား တုန်ယင်စေသော ပြင်းထန်သည့် မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာပြီး စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံလှိုင်းတို့က နေရာတစ်ခုလုံး ရုတ်ခြည်းရိုက်ခတ်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏လက်သီးချက်က အဘိုးအို၏ညာလက်အားထိမှန်သွားပြီး ရှစ်ဖုန့်က အဘိုးအို၏ ညာလက်တစ်ခုလုံးအား ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ခြေမွဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် လိုက်ပါ၍ အဘိုးအို၏ ပုံရိပ်က နောက်သို့ ဆက်တိုက်လွင့်ပျံထွက်သွားသည်။ သူ၏မျက်နှာထက်ရှိလွန်စွာ တုန်လှုပ်အံ့အားသင့်နေမှုတစ်ခုနှင့်အတူ သူကအော်ဟစ်လိုက်သည်။

“ဒါက.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. သူက .. အသက်ငယ်ငယ်လေးရဲ့ ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

ကိုရောက်နေတဲ့အပြင် သူ့ရဲ့ ကာယခန္ဓာကလည်း ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်အထွတ်

အထိပ်ကိုရောက်နေပြီ..ဒီ.ဒီလိုနတ်ဆိုးတစ်ပါး

ကဒီကမ္ဘာပေါ်မှာတကယ်ရှိနေတာပဲ”

“အဘိုးကြီး. ခင်ဗျားရဲ့စွမ်းရည်ပမွှားလေးနဲ့ ဒီသခင်လေးရဲ့ခေါင်းကိုလိုချင်တယ်လား. ဒီသခင်လေးအတွက်သွားသေလိုက်စမ်း”

ရှစ်ဖုန့်ကအဘိုးအိုထံသို့တစ်ဟုန်ထိုး

သွားလိုက်ပြီး နောက်သို့လွင့်ထွက်သွားသော အဘိုးအိုထံသို့ဦးတည်လိုက်သည်။ သူ၏ညာလက်အား ဆုပ်လိုက်ပြီး နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းရန်အသင့်ပြင်လိုက်သည်။

“အကြီးအကဲရှန့်.. .ဒီအဘိုးကြီး.. ရှုံးသွားပြီ”

အခြားတစ်ဖက်တွင် ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ မျက်နှာထက်၌ လွန်စွာ တုန်လှုပ်အံ့အားသင့်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။

သူတို့၏ဂိုဏ်း၌ အကြီးအကဲရှန့်မှာ ထိပ်တန်းအဆင့်ဆယ်ယောက်စာ

ရင်းဝင်ဖြစ်သည်။

ဘယ်လိုဖြစ်ပြီး သူကအသက်ဆယ့်ခြောက်ဆယ့်

ခုနှစ်အရွယ်သာရှိသော လူငယ်တစ်ယောက်ကိုရှုံးနိမ့်ရပါသနည်း။ အကြီးအကဲရှန့်က ကြည့်ကောင်းရုံသာရှိပြီး အသုံးမကျသည့်သူများဖြစ်နေသည်လော။

“သခင်လေး..ပြေး. ဒါကရက်စက်တဲ့သူပဲ. ဒီရှေးဟောင်းအမွေအနှစ်ထဲကနေ ဂိုဏ်းကိုပြန်တော့”

လူသေကဲ့သို့ဖြူဖျော့နေသောမျက်နှာနှင့်အကြီးအကဲ ရှန့် ခရမ်းရောင်နှင့်လူငယ်ကိုအော်ပြောလိုက်သည်။

“အဘိုးကြီး. ခင်ဗျားကိုယ်ခင်ဗျားအရင်ဂရုစိုက်အုံး”

ထိုအချိန်တွင် ရှစ်ဖုန့်က အကြီးအကဲ ရှန့်၏ရှေ့သို့ရောက်နှင့်နေပြီးဖြစ်သည်။ ထို့နောက် သူက ညာလက်ဖြင့် လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

အကြီးအကဲရှန့်၏ လူသေကဲ့သို့ဖြူဖျော့နေသော မျက်နှာ၌ သူ၏မျက်လုံးတို့က ပြူးကျယ်နေသည်။ လက်သီးချက်အောက်တွင် အတုမရှိသောစွမ်းအားတစ်ခုပါရှိနေ

သည်ကိုသူခံစားရသည်။

“အကယ်၍မင်းငါ့ကိုသတ်ချင်တယ်ဆိုရင်..

မင်းမှာလည်းလွယ်လင့်အတူအ

ချိန်ရလိမ့်မယ်မထင်နဲ့”

အကြီးအကဲရှန့်ကထပ်မံအော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်က လက်သည်းအဖြစ်ပုံပြောင်းသွားပြီး အားကောင်းသော မီးခိုးဖြူရောင် အလောင်းချီတစ်ခုထွက်ပေါ်လာသည်။ သူကသူ၏ရင်ဘက်ထံသို့ ချိန်ရွယ်ထားသော ရှစ်ဖုန့် ၏ညာလက်သီးကို လျစ်လျူရှုထားလိုက်ပြီး ရှစ်ဖုန့်၏ဦးခေါင်းထံသို တည့်တည့်ဦးတည်လိုက်သည်။

“ဟမ့်.. ဒီသခင်လေးကိုမင်းကထိခိုက်

စေချင်တာလား.. မင်းကမထိုက်တန်သေးဘူး”

လူသေမျက်နှာနှင့် အဘိုးအိုက သူ၏ခေါင်းအားဆုပ်ကိုင်လာသည်

ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်၏ဘယ်လက်က လက်သီးတစ်ခုအသွင်ဖြစ်သွားကာ အဘိုးအို၏လက်သည်းထံသို့ဦးတည်လိုက်ပြီး ညာလက်သီးကလည်းရပ်တန့်ခြင်းမရှိဘဲ အဘိုးအို၏နှလုံးထံသို့ဆက်လက်

ဦးတည်သွားသည်။

“ဘန်း.ဘန်း..အား”

ပေါက်ကွဲသံနှစ်ခုနှင့်အတူ အဘိုးအို၏ စူးစူးဝါးဝါးအော်ဟစ်သံက ဟင်းလင်းပြင်အတွင်း၌ထပ်မံပေါ်

ထွက်လာသည်။

သူ၏ညာလက်မောင်းကဲ့သို့ပင် အဘိုးအို၏ ဘယ်လက်တစ်ခုလုံးက လည်းရှစ်ဖုန့်၏လက်သီးချက်ကြောင့် ပေါက်ကွဲထွက်သွားသည်။ ထို့စဉ်ရှစ်ဖုန့်၏ ညာလက်သီးကလည်း အဘိုးအို၏ရင်ဘက်ထံထိုးဖောက်ဝင်သွားပြီး သူ၏ညာလက်သီးကအဘိုးအို၏

ကျောဘက်မှပြန်လည်ထွက်လာသည်။

“ဟမ့်. ဆန်ကုန်မြေလေး”

ရှစ်ဖုန့်ကသူ၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသောအဘိုးအိုအား အေးစက်စွာကြည့်၍ အေးစက်စွာပြောလိုက်သည်။ထို့နောက်တွင် အဘိုးအို၏အလောင်းကလေလျော့သွားသော ပူပေါင်းတစ်လုံးကဲ့သို့လျှင်မြန်စွာ

ရှုံ့တွသွားသည်။

ထို့နောက်မကြာခင် ရှစ်ဖုန်ု့၏အေးစက်သောအကြည့်က အကွာအဝေးတစ်ခုရှိလေကိုထိုးခွင်းကာ တစ်ဟုန်ထိုးထွက်ပြေးနေသော ခရမ်းရောင်နှင့်လူငယ်ထံသို့ရောက်ရှိသွားသည်။

“မင်းကပြေးချင်တာလား”

ခရမ်းရောင်ဝတ်ရုံနှင့်ပုံရိပ်အားကြည့်၍ ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားကလှုပ်ရှားသွားပြီး ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ရုတ်ခြည်းခရမ်းရောင်နှင့် လူငယ်အားထိမှန်သွားသည်။

ခရမ်းရောင်နှင့်လူငယ်၏ကျင့်ကြံမှုနယ်ပယ်က ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။ သူ့အား ပါရမီရှင်တစ်ဦးအဖြစ်မှတ်ယူနိုင်သည်ဖြစ်၏။

သို့သော်ရှစ်ဖုန့်၏ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်ဝိညာဉ်စွမ်းအားအောက်တွင်လူငယ်၏ ဦးခေါင်းအား ဧရာမတူကြီးတစ်လက်ဖြင့်ထုနှက်ခံလိုက်ရသလိုခံစားသွားရပြီး ရုတ်ခြည်း စိတ်ဗလာဖြစ်သွားသည်။

လူငယ်အသိပြန်ဝင်လာချိန်တွင် ရုတ်ခြည်း သူ၏ရှေ့၌အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်အလင်းပျောက်ကွယ်သွားပြီး အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

“အား”

ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က အေးစက်သောမျက်နှာနှင့် ရှစ်ဖုန့်၏လက်ထဲရှိ ရှုံ့တွနေသောအလောင်းကို တွေ့လိုက်ရသည်။ သူတုန်လှုပ်သွားသည်။ အကယ်၍အလောင်းကရှုံ့တွနေလျှင်ပင် ၎င်းက အကြီးအကြရှန့်၏အလောင်းဖြစ်

သည်ကိုသူမှတ်မိသည်ဖြစ်သည်။

အကြီးအကဲရှန့်မှာ ဤလူ၏ လုံးဝစုပ်ယူမှုအားခံလိုက်ရကဲ့သို့ပင်ဖြစ်သည်။ ရှစ်ဖုန့်ကညာလက်ကိုလွှဲယမ်းလိုက်ပြီး ရှုံ့တွနေသောအလောင်းအား ဂေါ်ဖီထုပ်ကဲ့သို့ ကန္တရာအတွင်းပစ်လိုက်၏။

၎င်းမှာ ကန္တရာအတွင်းမှ အထီးကျန်အလောင်းတစ်လောင်း

ဖြစ်လာသည်။

“မင်း”

လူငယ်မှာ “မင်း”ဟုသာပြောရသေးသည် သူ၏လည်ပင်း၌တင်းကျပ်မှုကိုခံစား

လိုက်ရသည်။ ကြီးမားသောလက်တစ်ခုက သူ၏လည်ချောင်းကိုဆုပ်ကိုင်ထားသည်။

“အူး.အု.အူး”

သူ၏လည်ပင်းထံမှလွန်စွာသက်တောင့်

သက်သာမဖြစ်သော ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီး ဤအချိန်၌ အသက်ရှူရန်ပင်ခက်ခဲမှုကိုသူသိလာရသည်။

“ပြောစမ်း. ဒီရှေးဟောင်းအမွေအနှစ်ထဲကို

မင်းဘယ်နေရာကနေဝင်လာတာလဲ”

ရှစ်ဖုန့်၏မျက်နှာကအေးစက်နေမြဲဖြစ်ကာ ဖြူဖျော့ပြီးမိစ္ဆာဆန်သောမျက်နှာအားကြည့်၍ မေးလိုက်သည်။

မေးနေရင်း ၎င်း၏လည်ချောင်းအားတင်းကျပ်စွာဆုပ်ကိုင်ထားသောသူ၏ညာလက်ကိုအနည်း

ငယ်ဖြေလျော့ပေးလိုက်သည်။

ဓားကြီးနှင့်လူငယ်အားမြင်တွေ့ပြီးနောက်ယခု ဤလူနှစ်ယောက်အားမြင်တွေ့ရသောအခါတွင် နီညိုရောင်နန်းတော်အပြင် အရှေးဟောင်းအမွေအနှစ်သို့ဝင်

ရောက်သည့်ဝင်ပေါက်က ပို၍ရှိလိမ့်မည်ဟူသည့်ခံစားချက်

ကရှစ်ဖုန့်ထံတွင် တိုးမြင့်လာသည်။

“အဟွတ်.အဟွတ်.အဟွတ်..အဟွတ်.”

ရှစ်ဖုန့်၏ညာလက်ကအနည်း

ငယ်ဖြေလျော့လိုက်သောအခါတွင် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က

ရုတ်တရက်ချောင်းဆိုးလိုက်သည်။

“မင်း..မင်းငါ့ကိုဘယ်လိုတောင်လုပ်ရဲတာလဲ..

မင်း”

ထို့နောက်ချက်ချင်းခရမ်းရောင်နှင့်

လူငယ်ကသူ၏ခေါင်းကိုမော့လိုက်ပြီးရှစ်ဖုန့်အား

ခက်ထန်စွာကြည့်လိုက်သည်။

All Chapters