အခန်း (၇၃၇)
Vol. 50 Ch. 737
ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က ရုတ်တရက် သူ၏ခေါင်းကိုမော့လိုက်ပြီး ရှစ်ဖုန့်အားခက်ထန်စွာကြည့်လိုက်သည်။
“မင်း..မင်းငါ့ကိုဘယ်လိုတောင် ဒီလိုဆက်ဆံရဲတာလဲ မင်း…..”
သို့သော်ခရမ်းရောင်နှင့်လူငယ် “မင်း” ဟု ထပ်မံမပြောနိုင်ခင်အရင်ဆုံး ရှစ်ဖုန့်က သူ၏ညာလက်အားထပ်မံတင်းလိုက်ပြီး လူငယ်၏လည်ချောင်းကို အတင်းအကျပ် ဖျစ်ညှစ်လိုက်သည်။သူကအေးစက်စွာ
ပြောလိုက်၏။
“ဒီသခင်လေးက …ဘာလို့မလုပ်ရဲရမှာလဲ ..မင်းလိုဆန်ကုန်မြေလေးကောင်ကို ဒီသခင်လေးက ခွေးတစ်ကောင်ကိုသတ်ပစ်သလိုတောင်အလွယ်တကူသတ်ပစ်လိုက်လို့ရတယ်”
“မင်း….”
သူ၏လည်ပင်းအားအညှစ်ခံထားရသော်လည်း ခရမ်းရောင်နှင့်လူငယ်မှာ ယခင်ကဤကဲ့သို့အရှက်ခွဲခံရမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သူကကြိုးစားပြီး “မင်း” ဟုထပ်မံပြောလိုက်ပြန်သည်။
သို့သော်သူပိုပြီးကြိုးစားလေ ရှစ်ဖုန့်ကသူ၏လည်ပင်းကိုပိုပြီး ညှစ်လေဖြစ်သည်။
“အူး..အူး..အူး..အူး..အူး..အူး..”
အဆုံးသတ်တွင် သူစကားမပြောနိုင်တော့ဘဲ အသက်ရှူကျပ်လာသည့်အခါ၌ လူငယ်၏ညာလက်ကလက်သည်း
တစ်ခုအဖြစ်ပြောင်းလဲသွားပြီးလက်ငါးချောင်းနှင့် ကိုယ့်နှလုံးထံသို့ကိုယ်ပြန်ထိုးသွင်းလိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“အမ်..ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား”
ရှစ်ဖုန့်ဤအရာအားမြင်တွေ့လိုက်ရချိန်တွင်လူငယ်၏နှလုံးက သွေးတို့စီးကျလာပြီး အောက်ဘက်ရှိ သကန္တရာထဲသို့ ကျဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ခရမ်းရောင်ဝတ်နှင့်လူငယ်ကရုတ်တရက်မြူတစ်ခုကဲ့သိုပြောင်းလဲပြီး ပုံရိပ်ရောင်ဖြစ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းကလွန်စွာလက်တွေ့နှင့်ကင်းကွာ
လွန်းလှသည်ဖြစ်သည်။
လူငယ်၏လယ်ချောင်းအားဆုပ်ကိုင်ထားသည့် ရှစ်ဖုန့်၏ ညလက်မှာလည်း လေထုကိုသာ ဆုပ်ကိုင်လိုက်ရသည့်အသွင်ဖြစ်သွား၏။
“ဘာဖြစ်နေတာလဲ”
“ဟားဟား… ဟားဟားဟား”
ဤအချိန်တွင် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏ရယ်မောသံကိုကြားလာရသကဲ့သို့ ခရမ်းဝတ်ရုံနှင့်ပုံရိပ်မှာလည်း ပို၍ ပို၍ မှုန်ဝါးလာသည်။
“မင်းစောင့်နေလိုက်စမ်းပါ.. မင်းစောင့်နေစမ်းပါ. ဘယ်လိုတောင်ငါ့ကိုဒီလိုမျိုးဆက်ဆံရဲတာလဲ.. ငါသေချာပေါက် မင်းကို အဆတစ်ထောင်မကပြန်ပြီး
ပေးဆပ်ရအောင်လုပ်ပြမယ်.. ငါပြန်လာပြီးတော့ မင်းရဲ့ခေါင်းကိုယူမယ်”
ဤကဲ့သို့ရယ်မောပြီးနောက် ခရမ်းရေငါ်ဝတ်ရုံပုံရိပ်က ဟင်းလင်းပြင်အတွင်းမှလုံးဝ
ပျောက်ကွယ်သွားသည်။ဤအချိန်တွင် လက်ဝါးတစ်ခုစာအရွယ်ရှိသော ပိန်းပေါက်အောင်နက်မှောင်သည့် အရာဝတ္ထုတစ်ခုပြုတ်ကျလာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
ရှစ်ဖုန့်က လက်ကိုဆန့်ထုတ်လိုက်ပြီး ပိန်းပေါက်အောင်နက်မှောင်သော အရာဝတ္ထုအားသူ၏လက်အတွင်း ဖမ်းလိုက်သည်။ အနီးကပ်တစ်ချက်ကြည့်လိုက်ပြီးနောက် အခြေအနေကိုသူနားလည်သွားသည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က ကိုယ့်ကိုယ်ကိုသတ်သေပြီး ဤပိန်းပေါက်အောင်နက်မှောင်သည့်အရာဝတ္ထုကို အသုံးပြု၍ သူ၏အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ဤအရာဝတ္ထုမှာ သူအမှောင်နတ်သူငယ်မျိုးနွယ်မှ မင်သားဖြစ်သူ အက်စ်ခေကို သတ်ခဲ့စဉ် ပြုတ်ကျလာခဲ့သော ပိန်းပေါက်အောင်နက်မှောင်သည့်အရုပ်နှင့်တစ်ထေရာတည်းတူညီသည်ဖြစ်သည်။
၎င်းမှာ ရှေးခေတ် အမှောင်သန့်စင်သူများ ထံမှ ဖြစ်တည်လာသော ဆန်းကြယ်သည့်အရာဝတ္ထုတစ်ခုဖြစ်သည်။
ဘယ်လိုဖြစ်ပြီး ဤကဲ့သို့ သောလူတစ်ယောက်၏ကိုယ်ပေါ်၌ ဤကဲ့သိုအရာဝတ္ထုတစ်ခုရှိနေရပါသနည်း။ ဤလူ၏ ဘေး၌ရှိနေသော ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်အဘိုးအိုက ၎င်းအား “သခင်လေး” ဟုခေါ်ပြီး ၎င်းမသေခင် သူ့အား အဝေးသို့ထွက်ပြေးရန်ပြောခဲ့သည်ဖြစ်သည်။ ဤလူလာခဲ့သော အင်အားစုက သင့်တင့်သော အင်အားစုတစ်ခုမှလာခြင်းဖြစ်သည်ဟု ယူဆ၍ရလောက်သည်ဖြစ်သည်။
ထို့နောက်တွင် ဤကိစ္စနှင့်ပက်သက်၍ တွေးနေခြင်းမရှိတော့ဘဲ ရှစ်ဖုန့်ကသူ၏ ညာလက်အားဖျက်ခနဲလှုပ်လိုက်ပြီး ပိန်းပေါက်အောင်နက်မှောင်သည့်အရုပ်ကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ပစ်ထည့်လိုက်သည်။
“သခင်လေးဖုန့်.. ကျုပ်သာမမှားဘူးဆိုရင် အဲ့လူနှစ်ယောက်က အနက်ရောင်အလောင်းဂိုဏ်းက ဖြစ်လောက်မယ်”
ဤအချိန်တွင် ယွဲ့ရှောက်ချုံးကရှစ်ဖုန့်၏ဘေး
နားသို့ရောက်လာပြီး ပြောလိုက်သည်။
ရှစ်ဖုန့် ၏တိုးပွားလာသောခွန်အားကြောင့် ယွဲ့ရှောက်ချုံးကရှစ်ဖုန့်အား “ရှစ်ဖုန့်လေး” ဟု မသုံးနှုန်းတော့ဘဲ “သခင်လေးဖုန့်”ဟုသာပြောင်းလဲ
ခေါ်ဝေါ်တော့သည်။
“အိုး. မင်းသူတို့ကိုသိတာလား”
ရှစ်ဖုန့် “အိုး”ဟု ညင်သာစွာပြောလိုက်ပြီး သူ့ဘေးရှိယွဲ့ရှောက်ချုံးကို ကြည့်လိုက်သည်။
ယွဲ့ရှောက်ချုံးကပြောသည်။
“ကျုပ်သူတို့ကို ကိုယ်တိုင်တော့မျက်လုံးနဲ့တပ်အပ်မမြင်ဖူးပေမဲ့ သူတို့အကြောင်းကိုတော့ကြားဖူးတယ်. ..ကျုပ်တို့မြောက်ပိုင်းဒေသကြီးထဲမှာ ဆန်းကြယ်အလောင်းဂိုဏ်းလို့ခေါ်တဲ့ ဖုံးကွယ်နေတဲ့ စွမ်းအားကြီးဂိုဏ်းတစ်ခုရှိတယ်.. ..အဲ့လူတွေက အလောင်းကျင့်ကြံခြင်းပညာရပ်ကိုကျင့်ကြံကြပြီး သူတို့ကိုယ်သူတို့လည်းအလောင်းတွေဖြစ်တဲ့အထိကို ကျင့်ကြံကြတယ်တဲ့”
“ဒီလူနှစ်ယောက်ကလည်း အလောင်းတွေလိုဖြစ်နေတာကြောင့် သူတို့ကအနက်ရောင်အလောင်းဂိုဏ်းက
လို့ကျုပ်ခန့်မှန်းလိုက်တာ”
ယွဲ့ရှောက်ချုံး၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။
“ ဒီလူသေဂိုဏ်း အကြောင်းကို ဂရုမစိုက်ဘဲနေကြစို့. ဆက်ပြီးရှာဖွေကြတာပေါ့”
“ကောင်းပြီ”
ထို့နောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က ကန္တာရအတွင်းဆက်လက်ရှာဖွေကြသည်။
…………………………….
ရုတ်တရက်ခရမ်းရောင်အရိပ်တစ်ခုက မှောင်မိုက်နေသော မြေအောက်ခန်းတစ်ခုက အလယ်၌ပေါ်လာသည်။ ထို့နောက်တွင် အရိပ်က ဖြည်းဖြည်းချင်း ကျစ်လျစ်လာပြီး ခရမ်းရောင်နှင့် လူငယ်တစ်ယောက်၏ပုံရိပ်က ဖြည်းဖြည်းချင်းပေါ်လာသည်။
ဤလူငယ်မှာ ရှေးဟောင်းအမွေအနှစ်အတွင်း၌ ရှစ်ဖုန့်ကြောင့် လည်ပင်းညှစ်ခံရစဉ် သူ့ကိုယ်သူသတ်သေခဲ့သည့် လူငယ်ပင်ဖြစ်သည်။
“ငါပြန်ရှင်လာပြီ.ငါပြန်ပြီးရှင်လာပြီ”
လူငယ်က သူ၏လက်တို့ကို ဆန့်ထုတ်လိုက်ပြီး လက်နှင့်ကိုယ်တို့အားစိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် လူငယ်၏မျက်နှာကပြောင်းလဲသွားသည်။ သူကခက်ထန်စွာပြောလိုက်၏။
“ဘယ်ဥကပေါက်လာမှန်းမသိတဲ့ခွေးမသားကများ. ဘယ်လိုတောင်ငါ့ကိုဒီလိုဆက်ဆံရဲတာလဲ.. ဘယ်လိုတောင်ငါ့ကိုဒီလိုမျိုးဆက်ဆံရဲရတာလဲ.. လက်စားချေမယ်.. ငါလက်စးချေချင်တယ်.. ငါသူ့ခေါင်းကိုဖြတ် သူ့ကိုယ်ကိုယ်အပိုင်းပိုင်းလုပ်ပစ်ပြီး ခွေးစာကျွေးပစ်ချင်တယ်..အား”
လူငယ်က စကားပြောနေရင်း ဒေါသတကြီးကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူက အနက်ရောင်အလောင်းဂိုဏ်း၏ သခင်လေးဖြစ်သည်။ သူ့အားငယ်ငယ်လေးကတည်းက ဤကဲ့သို့ မည်သူမှမဆက်ဆံရဲခဲ့ပေ။
“ငါ့အဖေကိုငါသွားရှာရမယ်.. အနက်ရောင်အလောင်းဂိုဏ်းက
ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီးတော့ ငါရှေးဟောင်းအမွေအနှစ်ဆီကိုသွားရမယ်”
………………………………
ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့မှာ ကန္တရာအတွင်း၌ နှစ်နာရီခန့် ကြာအောင်ရှာဖွေခဲ့သော်လည်း ဆံဖြူအဆိပ်မယ်အားသူတို့ရှာဖွေနိုင်ခြင်း
မရှိသေးပေ။
ယွဲ့ရှောက်ချုံးကပြောလိုက်သည်။
“သခင်လေးဖုန့် ဒီကမ္ဘာက အရမ်းကိုကျယ်တယ်.. အဲ့တာထက်ပိုတာက . ဒီနေရာမှာ ရှေးဟောင်းနတ်ဆိုးသားရဲတွေအများကြီးရှိနေတာပဲ.. ဆံဖြူအဆိပ်မယ်က နတ်ဆိုးသားရဲတစ်ကောင်ရဲ့ဗိုက်ထဲ
ရောက်သွားတာလည်းဖြစ်နို်ငလောက်တယ်”
“သူမကိုဆက်ရှာ..တို့တွေသူ့ကိုတွေ့မှရမယ်”
ရှစ်ဖုန့်က ပြတ်သားစွာပြောလိုက်သည်။
“ဒီလူက ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံအတွက် ရှာနေတာနဲ့မတူဘူး.. အဲ့အစား သူက သူ့ချစ်သူကိုရှာနေတာနဲ့တူနေတယ်.. ဖြစ်နိုင်တာ သူနဲ့ဆံဖြူအဆိပ်မယ်တို့ကြားထဲမှာ တစ်ခုခုများဖြစ်ခဲ့ကြတာလား”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်၏အသွင်အပြင်အားကြည့်၍ သူ့ဖာသာသူတွေးလိုက်သည်။
“အမ်”
ထို့နောက်ယွဲ့ရှောက်ချုံးစိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်သည်။ သူကပတ်ဝန်းကျင်အား သာမန်တစ်ချက်ကြည့်လိုက်ပြီး သူ့အောက်ရှိကန္တရာအတွင်း၌ လှပသောအဖြူရောင်ပုံရိပ်တစ်ခုကိုမြင်
တွေ့လိုက်ရသည်။
သို့သော် သူမ၌ ရေတံခွန်ကဲ့သို့ ကျဆင်းနေသည့်နက်မှောင်သည့်ဆံပင်တို့အားမြင်တွေ့လိုက်ရသည့်အချိန်တွင် သူ့ခေါင်းထဲရှိဆံဖြူအဆိပ်မယ်ဟုယူဆ
မှုကိုရုတ်ခြည်းပယ်ချလိုက်သည်။
“သူက နောက်ကျောကနေကြည့်ရသလောက်တော့ စန်းရှန့်(သုံးဘဝ)ဂိုဏ်းက သူတော်စင်မယ်ရှစ်လင်ရို့ ပဲ”
ယွဲ့ရှောက်ချုံးက အောက်ဘက်ရှိ အဖြူရောင်ပုံရိပ်အားထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“မင်းကသူ့နောက်ကျောကနေတောင်ပြောနိုင်တာလား”
ရှစ်ဖုန့်ကသိချင်စိတ်ဖြင့်မေးလိုက်သည်။ သို့သော် သူမကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်ဖြစ်သည်ကိုလည်း အာရုံခံမိပြီးဖြစ်သည်။ သူမက တကယ်ပဲ သူတို့နှင့် နီညိုရောင်နန်းတော်ထဲသို့ဝင်လာသည့် ယွဲ့ရှောက်ချုံးပြောသည့်သူပင်ဖြစ်သည်။
“ဒါပေါ့ သူမလိုနတ်ဘုရားမျိုးကို ပြာဖြစ်သွားရင်တောင်ကျုပ်မှတ်မိတာပေါ့”
ယွဲ့ရှောက်ချုံးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
ယွဲ့ရှောက်ချုံး၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။
“ အောက်ကိုဆင်းပြီး မေးကြစို့”
ဤကျယ်ပြောလှသောကမ္ဘာအတွင်း၌ လူတစ်ယောက်အားရှာတွေ့ရန်မှာ တကယ်ကိုခက်ခဲသည်ဖြစ်သည်။ သူတို့၏ကံအား ကြိုးစား၍ မေးမြန်းရန်သာတက်နိုင်သည်ဖြစ်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံးကပြုံးလိုက်သည်။ ယွဲ့ရှောက်ချုံးအတွက်သူမကဲ့သို့နတ်ဘုရား
မတစ်ပါးအနားကပ်ရန်မှာခက်ခဲသည်ဖြစ်သည်။ အထူးသဖြင့် အရမ်းကို ပါရမီမြင့်မားပြီး အဆင့်အတန်းပါမြင့်မားသည့်သူမကဲ့သို့လူမျိုးနှင့်ဖြစ်သ်ည။ သူမ၏နားတွင်အမြဲတမ်းကိုယ်ရံတော်များစွာလိုက်ပါလာနေကြဖြစ်သည်။
သူတော်စင်နယ်ပယ်မဟုတ်သူများမှာ သူမ၏ကိုယ်ရံတော်ဖြစ်ပိုင်ခွင့်ပင်မရှိချေ။
သို့သော်ယခုအခါတွင် နတ်ဘုရားမလေးက တစ်ယောက်တည်းဖြစ်နေပြီး ကန္တရာအတွင်း၌လျှောက်သွားနေသည်။ ယင်းကနတ်ဘုရားမလေးအနားသို့ကပ်သွားရန်ကြီးမားသည့်အခွင့်အရေးတစ်ခုလည်း
ဖြစ်ကောင်းဖြစ်နေနိုင်သည်။
“ခဏနေရင် ငါနတ်ဘုရားမလေးရဲ့ရှေ့မှာ ယောက်ျားအပီသဆုံးပုံစံနှင့်ဆင်းသက်ရမယ်. နတ်ဘုရားမလေးက ငါ့ကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်ပြီး ငါကလည်းဒီဘဝမှာသူစောင့်စားနေတဲ့သူဖြစ်ပြီး ဒီဘဝအတွက်သီးသန့်ဆုံးဖြတ်ချက်တွေကိုငါတို့အတူတူချရတာဖြစ်ကောင်းဖြစ်လောက်တယ်”