← Chapters

အခန်း (၇၃၈)

Vol. 50 Ch. 738

အခန်း (၇၃၈)

Vol. 50 Ch. 738

ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့က ကန္တရာအတွင်းသို့ဆင်းသက်လိုက်သည်။ရှစ်လင်ရို့၏ရှေ့သို့သူတို့ရောက်လာသောအခါတွင် ယွဲ့ရှောက်ချုံး၏အမြန်နှုန်းကသိသိသာသာ

ကိုလျော့ကျသွားသည်။

ဤအချိန်တွင် ယွဲ့ရှောက်ချုံးက လျှင်မြန်စွာအရှိန်လျော့လိုက်သည်။ သူ၏မျက်နှာက ပုံမှန်မဟုတ်စွာ တည်ကြည်နေပြီး သူ၏ ကိုယ်ဝန်းကျင်၌ မူလစွမ်းအင်တို့ကိုလည်းအဆက်မပြတ်လှည့်ပတ်ထားသည်။ သူ အစိမ်းရောင်ဝတ်ရုံနှင့် အနက်ရောင်ဆံပင်တို့က မည်သည့်လေမျှတိုက်ခတ်ခြင်းမရှိပါဘဲ တဖျပ်ဖျပ်လူးလွန့်နေသည်။

ယွဲ့ရှောက်ချုံးက သုံးဘဝဂိုဏ်း၏ မြင့်မြတ်သမီးပျိုဖြစ်သူ ရှစ်လင်ရို့၏ရှေ့၌ သူတွေးထားသည့် အကြော့အမော့ဆုံးသော အသွင်အပြင်မျိုးဖြင့် ဆင်းသက်လိုက်သည်။

ထို့နောက်သူက ရှစ်လင်ရို့ကိုကြည့်လိုက်သည်။

သုံးဘဝဂိုဏ်းမှမြင့်မြတ်သမီးပျိုဖြစ်သူ ရှစ်လင်ရို့မှာ သူ၏ရှေ့သို့ တစ်စုံတစ်ယောက်ကရုတ်တရက်ဆင်းသက်

လာသည်ကို တွေ့လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ရှေ့၌ရှိနေသောသူအားစိုက်ကြည့်လိုက်၏။

ထို့နောက် လိုက်ပါ၍ ရှစ်ဖုန့်ကလည်း ယွဲ့ရှောက်ချုံး၏ရှေ့၌ဆင်းသက်လိုက်သည်။

ရှစ်လင်ရို့၏အကြည့်တို့က ယွဲ့ရှောက်ချုံးထံမှ ရှစ်ဖုန့်ဆီသို့ပြောင်းရွှေ့သွား၏။

ရှစ်လင်ရို့မှာ ဤလူနှစ်ယောက်အားလျှင်မြန်စွာမှတ်မိသွားသည်။ သူတို့နီညိုရောင်နန်းတော်အတွင်းသို့ဆင်းသက်ချိန်တွင် ဤလူနှစ်ယောက်က မြေစာပင်များအဖြစ် အရင်ဆုံး ဆင်းသက်ခဲ့ကြသည်ဖြစ်သည်။ထိုအချိန်က ရှစ်လင်ရို့မှာ သူမ၏ဘေး၌ရှိနေသာ ကျင့်ကြံသူများက ၎င်းတို့အား “မြေစာပင်ညီအကို များ”ဟု ခေါ်ကာ ဆွေးနွေးပြောဆိုနေကြသည်ကို ကြားခဲ့ရသည်ဖြစ်သည်။

“ရှင်တို့နှစ်ယောက်ကျွန်မကိုရှာနေတာလား. ကိစ္စတစ်ခုခုများရှိလို့လား”

ရှစ်လင်ရို့က သူမ၏ရှေ့ရှိလူနှစ်ယောက်အားကြည့်၍ ဂရုမထားသကဲ့သို့မေးမြန်းလိုက်သည်။

“လင်ရို့ စိတ်မပူပါနဲ့ ..ကိုယ်တို့ကမင်းဆီကိုမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ချဉ်းကပ်လာတာမဟုတ်ပါဘူး. ကိုယ်တို့ကမင်းထင်တဲ့လူစားမျိုးတွေမဟုတ်ပါဘူး”

ယွဲ့ရှောက်ချုံးမှာ သူ့ကိုယ်သူယောက်ျားပီသသူတစ်ဦးအဖြစ်

ဟန်ဆောင်နေသော်လည်း သူ၏နတ်ဘုရားမလေးနှင့်အရမ်းနီးကပ်လာသည်ကိုမြင်ရသည့်အချိန်တွင် မည်သို့မျှမထိန်းနိုင်ဘဲ စိတ်လှုပ်ရှားမှုကိုခံစားနေရသည်။ သူ၏စကားလုံးများပင်ဗလုံးဗထွေးဖြစ်နေသည်။

ရှစ်လင်ရို့မှာ ယွဲ့ရှောက်ချုံး ၏ စကားတို့အားကြားလိုက်ရသောအခါတွင် နက်ရှိုင်းစွာမျက်မှောင်ကြုတ်လိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်ကသူ့ရှေ့ရှိအမျိုးသမီးအား တုက်ရိုက်ပင်မေးလိုက်၏။

“လူတွေပြောနေကြတဲ့ ဆံဖြူအဆိပ်မယ် ကိုမင်းတွေ့ခဲ့သေးလား”

“ဆံဖြူအဆိပ်မယ်လား”

ရှစ်လင်ရို့က သူမ၏ခေါင်းအားအနည်းငယ်ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း”

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီး ယွဲ့ရှောက်ချုံးဘက်သို့လှည့်လိုက်သည်။ ယွဲ့ရှောက်ချုံးအား ထွက်ခွာရန်သူပြောတော့မည့်အချိန်တွင် ယွဲ့ရှောက်ချုံးက ရှစ်လင်ရို့အား ဝက်တစ်ကောင်ကဲ့သို့စိုက်ကြည့်နေသည်

ကိုတွေ့လိုက်ရသည်။

ဤကဲ့သို့ဖြစ်နေသော ၎င်းအားကြည့်၍ ၎င်းမှာ သူ၏ ဝိညာဉ်အား ရှေ့၌ရှိနေသော ငယ်ရွယ်ပြီးလှပသည့်အမျိုးသမီးက ခိုးယူသွားသကဲ့သို့ဖြစ်နေ၏။

“သွားမယ်”

ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားခြားနားမှုမရှိပြောလိုက်သည်။ သို့သော် “သွားမယ်”ဟူသော စကားလုံးက ယွဲ့ရှောက်ချုံး၏ စိတ်ထဲတွင်နတ်ဆိုးတစ်ကောင်၏အသံကဲ့သို့ဖြစ်နေသည်။

မကြာခင်တွင် ယွဲ့ရှောက်ချုံး အသိပြန်ဝင်လာပြီး ရှစ်ဖုန့်အားလှည့်ကြည့်လိုက်သည်။ သူ၏နှလုံးသားတစ်ခုလုံးနှင့်ရင်းကာကြည့်နေရသော နတ်ဘုရားမလေးကို မကြာခင်ခွဲခွာသွားရလိမ့်မည်ဟု သူမမျှောင်လင့်ထားခဲ့ပေ။ သူ၏မျက်နှာထက်တွင်စိတ်ပျက်လက်

ပျက်ဖြစ်နေသောပုံစံတစ်ခုဖြစ်ပေါ်လာသည်။

သို့သော် သူကရှစ်ဖုန့်အားခေါင်းညိမ့်ပြီးပြန်

ဖြေလိုက်ဆဲဖြစ်သည်။

“အင်း”

ဤရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်း၌ မိန်းမလှလေးတစ်ဦးကြောင့် သူ၏အမြင်လုံးဝကွယ်သွားခြင်းမဖြစ်သင့်

သူကိုသူရှင်းလင်းစွာသိသည်ဖြစ်သည်။ ဤလူ၏နောက်သို့ လိုက်ပါခြင်းတစ်ခုတည်း

ကသာ သူ့အတွက်ဤနေရာမှအသက်ရှင်လျက်

ထွက်ခွာသွားရန် အခွင်းအရေးတစ်ခုရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖု်န့နှင့်ယွဲ့ရှောက်ချုံးတို့ထွက်သွား

တော့မည့်အချိန်တွင် သုံးဘဝဂိုဏ်းမှ မြင့်မြတ်သမီးပျိုက ရုတ်တရက် “ခဏလေး” ဟုပြောလိုက်သည်။

“ခဏလေးနေပါအုံး”

ရှစ်လင်ရို့ ၏အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က သူတို့၏ခြေလှမ်းများကိုရပ်တန့်လိုက်ကြသည်။ ဤအကြိမ်တွင် ရှစ်ဖုန့်က မျက်မှော်ကြုတ်ကာလှည့်လိုက်ပြီး ရှစ်လင်ရို့ထံသို့စိတ်ရှုပ်ထွေးစွာ

ဖြင့်ကြည့်လိုက်သည်။

အခြားတစ်ဖက်တွင် ယွဲ့ရှောက်ချုံး၏ကိုယ်ကတော့တုန်ယင်နေသည်။သူ့ကိုခဏစောင့်ခိုင်းခြင်းဖြစ်သည်ဟုသူ့ဖာသာသူတွေးလိုက်သည်။

“ငါ့ရဲ့လင်ရို့လေးက ငါ့ကိုခဏလေးတဲ့ပြောနေတယ်… သူကငါ့ကိုခေါ်လိုက်တယ်.. သေချာပေါက်သူ့မှငါ့ကိုပြောဖို့တစ်စုံ

တစ်ခုရှိနေတာပဲ”

“ဖြစ်နိုင်တာ.. ဖြစ်နိုင်တာက. ခုဏကငါ့ရဲ့ယောက်ျားပီသတဲ့ပုံစံကိုတွေ့သွားပြီးတဲ့နောက် သူငါ့ကို မြင်မြင်ချင်းချစ်သွားတာများလား. သူမငါ့ကို ဖွင့်ပြောချင်တာလား”

“ဟုတ်တယ်…ဟုတ်တယ်..အဲ့လိုပဲဖြစ်ရမယ်.. အဲ့လိုပဲဖြစ်ရမယ် ..လင်ရို့ မင်းသာငါ့အနားမှာရှိနေရင်ငါဒီဘဝမှာမင်းကိုလုံးဝ လက်လွှတ်မှာမဟုတ်ဘူး”

ဤအကြောင်းအား ယွဲ့ရှောက်ချုံး ပို၍တွေးလေ ပို၍စိတ်လှုပ်ရှားလာပြီးသူချစ်ရသောအမျိုး

သမီးအား ပို၍စိုက်ကြည့်မိလေဖြစ်သည်။

သို့သော် လှပသောအမျိုးသမီးကသူ့အားလုံးဝ ကြည့်နေခြင်းမရှိသည်ကို ယွဲ့ရှောက်ချုံးရုတ်တရက်သတိပြုမိလိုက်သည်။ ထိုအစား သူ၏ဘေး၌ရှိနေသောရှစ်ဖုန့်ကိုစိုက်ကြည့်နေသည်။ ၎င်းအားတွေးမိသောအခါတွင်သူ၏နှလုံးသား ကွဲကြေသွားသလိုခံစားလိုက်ရသည်။

“ဖြစ်နိုင်တာ.. သူ မက သူ..သူ့ရဲ့ဆွဲဆောင်မှုကိုခံလိုက်ရတာလား”

ရှစ်လင်ရို့ကခဏစောင့်ရန်အော်ပြောလိုက်ပြီး

နောက် ရှစ်ဖုန့်အားကြည့်၍ ပြောလိုက်သည်။

“ကျွန်မလျှို့ဝှက်နေရာတစ်ခုကိုရှာတွေ့

ထားတယ်.. အဲ့မှာ ထူးဆန်းပြီးဆန်းကြယ်တဲ့စကားလုံးအချို့ကိုကျွန်မတွေ့ခဲ့တယ်.. အဲ့တာတွေက အာဒိကပ္ပခေတ်က စကားလုံးတွေဖြစ်လောက်တယ်”

“ဒါပေမဲ့ လျှို့ဝှက်နေရာထဲမှာ အာဒိကပ္ပခေတ်က စွမ်းအားကြီးနတ်ဆိုးသားရဲတွေရှိနေတယ်လို့ကျွန်မခံစားမိတာကြောင့် ဆက်ပြီးမရှာဖွေရဲဘူး. သူတို့က ကျွန်မရင်ဆိုင်မတိုက်ခိုက်နိုင်တဲအရာမျိုးတွေပဲ”

“ကျွန်မရှင်တို့ကိုအဲ့လျှို့ဝှက်နေရာကိုခေါ်

သွားချင်ပေမဲ့.. အဲ့တာတွေကိုရှာတွေ့တဲ့အချိန်မှာ ရှင်အဲ့စကားလုံးတွေကျွန်မနဲ့ မျှဝေပါ့မယ်လို့ကတိပေးရမယ်”

“အာဒိကပ္ပခေတ်က စကားလုံးတွေလား”

ရှစ်ဖုန့်မှာ ရှစ်လင်ရို့၏ ကားတို့အားကြားလိုက်ရသောအခါတွင် သူ၏မျက်စိတို့အရောင်လတ်သွားသည်။ ထို့နောက် သူကစိတ်ဝင်စားသည့်အမူအယာတစ်ခုကိုပြသ၍ ရှစ်လင်ရို့ကိုဆက်လက်ကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“မင်းက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ပေမဲ့ ဒီသခင်လေးရဲ့ ကျင့်ကြံမှုကို ဖြတ်မြင်နိုင်တာလား”

ရှစ်လင်ရို့ကအမှန်အတိုင်းပြောလိုက်သည်။

“ကျွန်မရဲ့ သုံးဘဝဂိုဏ်းမှာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့..လျှို့ဝှက်ပညာရပ်တစ်ခုရှိတယ်. အဲ့တာကသေချာပေါက် သာမန်ကျင့်ကြသူတွေရဲ့ကျင့်ကြံမှုတွေကိုဖြတ်မြင်နိုင်ဖို့ မခက်ခဲဘူး.ဒါပေမဲ့ ကျွန်မရှင့်ရဲ့ကျင့်ကြံမှုကိုမမြင်နိုင်ဘူး.. ကျွန်မသိတာကရှင်ကအရမ်းစွမ်းအားကြီးတယ်ဆိုတာပဲ.. အရမ်းစွမ်းအားကြီးတာမှ စိတ်ကူးကြည့်လို့မရနိုင်ဘူး “

ရှစ်လင်ရို့၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ သူကအချိန်ထပ်ပြီးမဖြုန်းလိုတော့သော

ကြောင့်ပြောလိုက်သည်။

“လမ်းကိုဦးဆောင်ပါ.. ဆန်းကြယ်တဲ့စကား လုံးတွေကိုရှာတွေ့တဲ့အခါကြရင် . အတူတူမျှဝေကြတာပေါ့”

သူနှင့်ယွဲ့ရှောက်ချုံးတို့ ကန္တရာတစ်ခုလုံး ၌ ရှာဖွေကြပြီးဖြစ်သော်လည်း သူတို့ရှာနေသာသူနှင့်ပက်သက်သည့်ဘာသဲလွန်စကိုမှရှာတွေ့ခြင်းမရှိသေးပေ။ဤကဲ့သို့ကျယ်ပြောလှသော ကမ္ဘာအတွင်းတွင် သူမဘယ်နေရာ၌ရှိနေသည်ကို သူတို့မတွေ့ကြချေ။

ယခု ဤအမျိုးသမီးထံမှ အာဒိကပ္ပခေတ်စကားလုံးများအကြောင်း ကြားလိုက်ရသည့်အချိန်တွင် ပင်ကိုယ်အားဖြင့် လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသည့်အချိန်တွင် ရှစ်လင်ရို့ကခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူမ၏ကိုယ်ကမြေပင်မှထွက်ခွာသွားပြီး သေမျိုးကမ္ဘာမှထွက်ခွာသွားသည့်နတ်မိမယ်လေးတစ်ပါးကဲ့သို့ လေထဲ၌လွင့်မျောရပ်တည်နေ၏။

ရှစ်လင်ရို့ကအရင်ဆုံးထွက်ခွာသွားသည်

ကိုတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကလည်းနှောင့်နှေးခြင်းမရှိဘဲ ကောင်းကင်ထဲသို့ထိုးတက်လိုက်သည်။

ယွဲ့ရှောက်ချုံး ကလည်းနောက်မှနီးကပ်စွာလိုက်ပါလိုက်သည်။

ရှစ်လင်ရို့နှင့် ရှစ်ဖုန့်တို့၏ကြားထဲမှ စကားတို့အားကြားပြီးနောက် ယွဲ့ရှောက်ချုံး၏ကွဲကြေသွားသောနှလုံးသားမှာ ပြန်လည်သက်သာလာပြီး စိတ်သက်သာရာရစွာဖြင့်တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

နတ်ဘုရားမလေးက ဤရှစ်ဖုန့်လေးအားကြိုက်နှစ်သက်ခြင်း

မဟုတ်သည်အဖြစ်ပြောင်းလဲသွားသည်ဖြစ်သည်။ သူမက သူ၏စွမ်းအားကြီးသည်ကိုမြင်၍ ပူးပေါင်လိုခြင်းသာဖြစ်သည်။

“ငါ့မှာအခွင့်အရေးရှိသေးတယ်.ငါ့မှာအခွင့်အ

ရေးတစ်ခုရှိနေသေးတယ်”

ယွဲ့ရှောက်ချုံးက သူ့ဖာသာသူတွေးလိုက်သည်။

အစောပိုင်းက နတ်ဘုရားမလေး ရှစ်လင်ရို့က ရှစ်ဖုန့်အားနှစ်သက်နေသည်ဟု တွေးလိုက်ချိန်တွင် သူ့အတွက်အခွင့်အရေးလုံးဝရှိမနေဟု သူခံစားရသည်။ ရှစ်ဖုန့်၏စွမ်းအားကြီးမှုအား သူသိသည်ဖြစ်သည်။ ရှစ်ဖုန့်ကငရဲဘုံကိုးခုအမှောင်ခန္ဓာအားဖွဲ့စည်းလိုက်ချိန်တွင်၎င်းက ငရဲဘုံကိုးခု ဂိုဏ်းမှဖြစ်သည်ကိုသူသိလိုက်သည်ဖြစ်သည်။

ခွန်အား၊ပါရမီနှင့် နောက်ခံအင်းအားအရာအတွင်သူ က ရှစ်ဖုန့်နှင့်နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။

ထို့နောက်ကောင်းကင်ထဲတွင်ရှစ်လင်ရို့ကစတင်ဦးဆောင်လမ်းပြလိုက်သည်။ သူမ၏နူးညံ့သိမ်မွေ့သောပုံရိပ်က ရှေ့မှပျံသန်းနေစဉ်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံး တို့ကနောက်မှလိုက်ပါလိုက်သည်။သူတို့က

သူမပြောသော လျှို့ဝှက်နေရာသို့ သူမ၏နောက်မှလိုက်ပါလိုက်သည်။

ရှစ်ဖုန့်၏အမူအယာကတော့

တည်ငြိမ်နေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင်ရှိနေသောယွဲ့ရှောက်ချုံး

မှာတော့ သူ၏မျက်လုံးတို့က လှပသောပုံရိပ်လေးပေါ်တွင်ကျရောက်

နေဆဲဖြစ်သည်။ လှပသောပုံရိပ်လေး၏ ဆွဲဆောင်မှုရှိသောပုံရိပ်တို့ သူ၏စိတ်ထဲ၌ တစ်ခုပြီးတစ်ခုဖျက်ခနဲပေါ်နေသည်။

သူ၏စိတ်ထဲတွင် ယွဲ့ရှောက်ချုံးမှာ နတ်ဘုရားမလေးနှင့်ပျော်ရွှင်စွာပေါင်းဖက်

နေထိုင်နေသည်ဖြစ်သည်။

All Chapters