← Chapters

အခန်း (၇၃၉)

Vol. 50 Ch. 739

အခန်း (၇၃၉)

Vol. 50 Ch. 739

ရှေးဟောင်း ကမ္ဘာအတွင်းရှိ ကန္တရာနှင့်သိပ်မဝေးလှသောနေရာတွင် သာမန်ပုံစံဆန်သော တောင်ထွတ်တစ်ခုရှိနေသည်။

ရှစ်လင်ရို့၏ ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က ကန္တရာထဲမှထွက်ခွာလာပြီး သာမန်ဆန်သော တောင်ထွတ်ပေါ်သို ဆင်းသက်လိုက်သည်။

သိပ်မကြာလိုက်ခင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့မှာ တောင်ထိပ်ပေါ်ရှိ မြင့်မားသောသစ်ပင်တစ်ပင်ပေါ်သို့ဆင်းသက်လိုက်ကြ၏။ ထို့နောက်တွင်ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုလိုက်ပြီး သူ့အောက်ရှိ တောင်ထွတ်ကို အာရုံခံလိုက်သည်။ ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်သည်။

ရှစ်လင်ရို့ကသူ့အား ဤနေရာသို့ခေါ်လာခဲ့သည်။သူမပြောသော

လျှို့ဝှက်နေရာက ဤတောင်ထွတ်ဖြစ်သည်ဟုသူ အစကထင်ခဲ့၏။ သို့သော် တောင်ထွတ်ထံမှာမည်သည့်ပုံမှန်မဟုတ်သော အရာကိုမှသူအာရုံခံမိခြင်းမရှိပေ။ ဤနေရာ၌သူမပြောခဲ့သော မည်သည့်စွမ်းအားကြီးသားရဲမှလည်းရှိမနေပေ။

တောင်ထွတ်ပေါ်၌ရှစ်ဖုန့်အာရုံခံမိခဲသော အားကောင်းသည့်နတ်ဆိုသားရဲမှာ အဆင့်ငါးအင်ပါယာနယ်ပယ်၌သာရှိသည်ဖစ်သည်။

ရှစ်ဖုန့် နားလည်ရခက်နေမှုကိုခံစားရချိန်တွင် ရှစ်လင်ရို့က သူမအောက်ရှိမြင့်မားသောသစ်ပင်ကြီးထံသို့ထိုးညွှန်ပြလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“လျှို့ဝှက်နေရာရဲ့ဝင်ပေါက်က ဒီမှာပဲ.. ရှင့်ရဲ့ဝိညာဉ်စွမ်းအားကိုစုစည်းပြီးတော့ ဂရုတစိုက်နဲ့ အာရုံခံကြည့်လိုက်ပါ.. ရှင့်ရဲ့ဝိညာဉ်စွမ်းအားက ကျွန်မရဲ့အထက်မှာရှိတာကြောင့် ရှင့်အနေနဲ့အဲ့တာကိုအာရုံခံနိုင်လောက်မှာပါ”

“ဒီသခင်လေးသိပြီ”

ရှစ်လင်ရို့၏စကားတို့အားကြားပြီးနောက်ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားအား တောင်ထွတ်တစ်ခုလုံးသိုဖြန့်ကျတ်ခဲ့သည်ဖြစ်

သည်။ သူ့အနေဖြင့်သူ့အောက်ရှိ သစ်ပင်ကြီးကိုတော့ လုံးဝလျစ်လျူရှုထားခဲ့သည်ဟု ပြော၍ရနိုင်သည်ဖြစ်၏။

ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်လည်းအမျိုးသမီး၏ လျှို့ဝှက်ကျင့်ကြံခြင်းနည်းစနစ်ဆိုသည်ကို သိချင်စိတ်ဖြစ်လာသည်။ ယခင်က သူ ၏ကျင့်ကြံမှုနယ်ပယ်အားဖုံးကွယ်ထားခဲ့သည်ဖြစ်သည်။သာမန်လူများ၏အမြင်တွင်သူကကြယ်တစ်ပွင့်အင်ပါယာနယ်ပယ် တစ်ယောက်သာဖြစ်နေလိမ့်မည်ဖြစ်၏။

ယခု သူမ၏ဝိညာဉ်စွမ်းအားမှာ အဆင့်ငါးပွင့်အင်ပါဘာနယ်ပယ်၌သာရှိသည်ဖြစ်

သည်။ သို့သော် သူမအနေဖြင့် သူမထက်မြင့်မားသောသူ၏ ဝိညာဉ်စွမ်းအားကိုပါမြင်နိုင်စွမ်းရှိနေသည်ဖြစ်၏။

“ကျုပ်လည်းမဝင်ခင်မှာ အဲ့တာကိုအာရုံခံဖို့ဝိညာဉ်စွမ်းအားလိုအပ်တာလား”

ရှစ်လင်ရို့၏ဘေး၌ရှိနေသောယွဲ့ရှောက်ချုံးက သူနှင့်သူမတို့၏စကားအားကြားလိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။ သူကစိတ်လှုပ်ရှားပူပန်စွာဖြင့်ပြောလိုက်၏။

“ကျုပ်ကဝိညာဉ်စွမ်းအားကိုအရင်ကတစ်ခါမှမကျင့်ကြံဖူးဘူး. အဲ့တာဆိုကျုပ်ကဘယ်လိုလုပ်ရမှာလဲ”

“မင်းအဲ့မှာနေခဲ့သင့်တယ်”

ယွဲ့ရှောက်ချုံး၏စကားတို့အားကြားပြီးနောက် ရှစ်ုဖန့်က သူ၏အောက်ရှိ တောင်ထွတ်ထံသို့ထိုးညွှန်ပြပြီး ပြောလိုက်သည်။

“ဒီတောင်ထွတ်ကိုဒီသခင်လေး အာရုံခံကြည့်ပြီးပြီ. ..အားအကောင်းဆုံးနတ်ဆိုးသားရဲက အဆင့်ငါး အင်ပါယာနယ်ပယ်မှာပဲရှိတယ်. အကယ်၍ အဲ့မှာမင်းနေရင် ဘာအန္တရာယ်မှရှိမှာမဟုတ်ဘူး”

“ဒါပေမဲ့. ဒီကမ္ဘာကို ရှာဖွေပြီးအခွင့်အလမ်းတွေကိုတွေ့ချင်တယ်ဆိုရင်. မင်းဒီသခင်လေးကိုဒီနေရာမှာစောင့်နေစရာ

မလိုဘူး”

“အာ”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ယွဲ့ရှောက်ချုံး ပို၍ အလန့်တကြားဖြစ်သွားသည်။ အကယ်၍ ထိုသို့သာဆိုလျှင် ရှစ်ဖုန့်က သူ့အားဤနေရာပစ်ပယ်ထားခဲ့ပြီး ရှစ်လင်ရို့နှင့်သွားလိမ့်မည်ဖြစ်သည်။

ယင်းမှာသူတို့နှစ်ယောက်အတူတကွယှဉ်တွဲ

သွားလာပြီးသူ့ကိုတော့ တိုက်ခက်နေသောလေအေးများကိုသာခံစားစေ၍ထားခဲ့မည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။

“ဒါ.ဒါပေမဲ့”

ယွဲ့ရှောက်ချုံးအနေဖြင့်ဤရလဒ်အားမည်ကဲ့သို

လက်သင့်ခံနိုင်ပါမည်နည်း။သို့သော်သူ့၌ရွေးချယ်စရာရှိမနေပေ။

ရုတ်တရက် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့နှစ်ယောက်လုံးက အဖြူရောင်များဝတ်ဆင်ထားသည်ကို ယွဲ့ရှောက်ချုံးသဘောပေါက်လိုက်သည်။ သူတို့ကတကယ်ကြီးကိုတူညီသော ဝတ်ဆုံကိုဝတ်ဆင်ထားကြခြင်းဖြစ်၏။

သို့သော်ဂရုတစိုက်ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးက အရမ်းကို လိုက်ဖက်လွန်းသည်ဖြစ်သည်။ ၎င်းတို့ကလူများပြောပြေနေသည့် ကောင်းကင်ဘုံမှ စီမံပေးလိုက်သော လိုက်ဖက်သည့်စုံတွဲပင်ဖြစ်သည်။

တစ်ယောက်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်ပြီး တစ်ယောက်က ပြိုင်ဘက်ကင်းအလှပဂေလေးတစ်ဦးဖြစ်သည်။ ယင်းမှာကောင်းကင်ဘုံကသူတို့အတွက် အတူတကွဖြစ်ရန်စီစဉ်ပေးထားသကဲ့သို့ပင်ဖြစ်၏။

ရုတ်ခြည်း ယွဲ့ရှောက်ချုံး၏ နှလုံးသားထဲ၌ ကူကယ်ရာမဲ့မှုအသိအာရုံတို့မြင့်တက်လာသည်။ မည်မျှပင်သူလက်သင့်မခံနိုင်ပါစေ သူလက်သင့်မခံချင်ပါစေ သူဤအရာအား ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က ယွဲ့ရှောက်ချုံးအားထပ်မံအာရုံထားခြင်းမရှိတော့

ပေ ။ သူတို့၏ဝိညာဉ်စွမ်းအားများအားအတူတကွစုစည်းလိုက်ပြီး သူတို့အောက်ဘက်ရှိသစ်ပင်အား အာရုံခံရန်စိုက်ကြည့်လိုက်သည်။

ရုတ်ခြည်း သစ်ပင်၏အောက်ခြေမှ ထူးဆန်းသောစွမ်းအင်အတက်အကျလှိုင်းတစ်ခုကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ယင်းက ဝဲတစ်ခုကဲ့သိုပင်ဖြစ်သည်။

ထို့နောက် သူ၏ဝန်းကျင်၌ရှိသောကမ္ဘာက ရုတ်ခြည်းပြောင်းလဲသွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ လေထုကရေကဲ့သိုပြင်းထန်စွာဆူပွက်လာသည်။ သူရှိနေသော ကမ္ဘာတစ်ခုလုံးက မှုန်ဝါးလာသည်။

ရုတ်ခြည်း ရှစ်ဖုန့်၏မျက်လုံးတို့ရှေ့၌ရှိနေသောကမ္ဘာမှာ လွန်စွာ ဖရိုဖရဲဖြစ်လာသည်။ လေထုအတွင်းရှိစွမ်းအင်အတက်အကျများကလည်း ပို၍ပို၍ သိပ်သည်းပြင်းထန်လာ၏။

စွမ်းအင်အတက်အကျများ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် ကမ္ဘာကြီးမှာ ပုံမှန်ပြန်ဖြစ်လာပြီး သူရှိနေသောနေရာက ယခင်ကကဲသို့ထပ်မံတူညီခြင်းမရှိတော့သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

သူ၏ခြေဖဝါးအောက်၌ရှိနေသောသစ်ပင်မြင့်ကြီးက ယခင်အတိုင်းတူညီစွာရှိနေသော်လည်း သူ၏မျက်စိဖြင့်မြင်နိုင်သမျှအရာအားလုံးတို့မှာ

တော့ သိပ်သည်းသောမြင့်မားသည့်သစ်ပင်များရှိ

သည့်တောအုပ်တစ်ခုနှင့်တောင်တန်းများ

ပင်ဖြစ်သည်။

ဤအချိန်တွင်ရှစ်ဖုန့်မှာ တိမ်တိုက်များနှင့်မြူများ ဝန်းရံနေသည့် နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင်ကြီးမား

သော တောင်းတန်းတစ်ခု၏ထိပ်ဖျားတွင်ရပ်နေ

သည်ဖြစ်သည်။

သူ၏ခြေဖဝါး အောက်၌ရှိနေသော ဧရာမတောင်ကြီးမှာ ကောင်ကင်နှင့်မြေပြင်ကြားထဲ၌ဝင့်ကြွားစွာ

ရပ်နေသော နှိုင်းယှဉ်၍မရနိုင်လောက်အောင်ကြီးမားသည့် ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ ဘီလူးကြီး၏ဝန်းကျင်၌ရှိသော ပတ်ဝန်းကျင်မှာ၎င်းထက်အနည်းငယ်နိမ့်

ကျသည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်၏အကြည့်တို့ကသူ၏ရှေ့သို့စူးစိုက်

သွားသည်။ သူ၏ရှေ့၌ရှိနေသာ လှပသည့်ပုံရိပ်လေးဖြစ်သည့် ရှစ်လင်ရို့ကိုကြည့်လိုက်သည်။

ဤအချိန်တွင်ရှစ်လင်ရို့ကလည်းရှစ်ဖုန့်အားကြည့်နေသည်။ နှစ်ယောက်သားတစ်ယောက်ကိုယ်တစ်

ယောက်ကြည့်နေကြ၏။

ရှစ်လင်ရို့၏လှပသောမျက်နှာလေးကအနည်းငယ်နီမြန်းသွားသည်။သို့သော် သူမ၏ ဟန်ပန်ကိုအလျှင်အမြန်ပြန်ထိန်းလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျွန်မပြောခဲ့တဲ့လျှို့ဝှက်နေရာကဒီမှာပဲ. ကျွန်မအစောပိုင်းကတွေ့ခဲ့တဲ့ရှေးဟောင်းစာလုံးအနည်းငယ်ကို မြင်ရဖို့ရှင့်ကိုခေါ်သွားပေးပါရစေ”

“အင်း”

ရှစ်ဖုန့်ကပြောင်းလဲမှုမရှိခေါင်းညိမ့်လိုက်သည်။

ထို့နောက်ရှစ်လင်ရို့၏ကိုယ်ကလွင့်မျောသွားပြီး အလင်းကဲ့သိုရွေ့လျားမှုမျိုးဖြင့်ခုန်ချလိုက်သည်။

ရှစ်လင်ရို့၏ လှုပ်ရှားမှုအားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကလည်းလိုက်ပါခုန်ချပြီးသူမဘေးသို့ဆင်းသက်လိုက်သည်။

ဤအချိန်တွင်ရှစ်လင်ရို့ကသူမ၏ခေါင်းအား လှည့်လိုက်ပြီး သူမဘေးရှိရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူမကမေးလိုက်၏။

“ဒီမှာရှိတဲ့ရှေးဟောင်းသားရဲတွေက ကျွန်မတို့အပြင်မှကြုံခဲ့ရတာထက် အများကြီးပိုသန်မာတယ်.. ရှင့်ရဲ့ကျင့်ကြံမှုနယ်ပယ်ကဘယ်အထိရောက်နေပြီဆိုတာကိုကျွန်မသိချင်တယ်. ဒါက ကျွန်မရဲ့ သေခြင်းရှင်ခြင်းနဲ့ ဆက်နွယ်နေတယ်.. ရှင်ကျွန်မကို အမှန်ပြောမယ်လို့ကျွန်မမျှော်လင့်ပါတယ်”

ရှစ်လင်ရို့၏ မေးခွန်းအားကြားပြီးနောက် ရှစ်ဖုန့်က ပြန်ဖြေလိုက်သည်။

“ဧကရာဇ်နယ်ပယ်အောက်က နတ်ဆိုးသားရဲအားလုံးနဲ့ရင်ဆိုင်ရရင် မင်းရဲ့လုံခြုံရေးကိုငါအာမခံပေးနိုင်တယ်”

“ဧကရာဇ်နယ်ပယ်ရဲ့အောက်”

ရှစ်လင်ရို့၏တည်ကြည်လှပသောမျက်နှာလေးကရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ကြက်သေသေသွားပြီး သူ၏လှပသောမျက်နှာလေးကရုတ်ခြည်း

ပြောင်းလဲသွားသည်။

ရှစ်ဖုန့်၏ အဖြေကတစ်ကယ့်ကိုစကားတစ်ခွန်း

တည်းသာဖြစ်သည်။ သူ၏လက်ရှိကာယခွန်အားနှင့်တိုက်ခိုက်ရေးစွမ်းတို့နှင့်အတူ သူ့အနားရှိနေလျှင် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်အောက်ကမည်သည့်နတ်ဆိုးသားရဲမဆို ရှစ်လင်ရို့၏လုံခြုံရေးအတွက် ကာကွယ်ပေးရန်ဘာပြဿနာမှရှိလိမ့်မည်မ

ဟုတ်ပေ။

ထို့နောက်ရှစ်လင်ရို့၏မျက်နှာကဖြည်းဖြည်းချင်းမူလအတိုင်းပြန်လည်တည်ငြိမ်လာသည်။ သူမကရှစ်ဖုန့်အားခေါင်းအနည်းငယ်

ညိမ့်ပြလိုက်ပြီးပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ..အန္တရာယ်တွေနဲ့ကြုံလာတဲ့အခါ ကျွန်မရဲ့လုံခြုံရေးကို သေချာစေပြီး ရှင့်ရဲ့ကတိကို ဖြည့်ဆည်းပေးမယ်လို့ကျွန်မမျှော်လင့်ပါတယ်”

ထို့နောက်ရှစ်လင်ရို့က တောအုပ်အတွင်းစတင်လျှောက်လှမ်းသွားလိုက်ပြီး ရှစ်ဖုန့်အား ရှေးဟောင်းစာလုံးတို့ကိုရှာတွေ့ခဲ့သည့်နေရာသို့ဦးဆောင်ခေါ်သွားလိုက်သည်။

ရှစ်ဖုန့်ကလည်းသူမနောက်မှလိုက်ပါပြီး တောအုပ်အတွင်းစတင်လျှောက်လှမ်းလိုက်သည်။

ခဏကြာအောင်လျှောက်လှမ်းပြီးနောက် ဤအမျိုးသမီး၏ဝိညာဉ်စွမ်းအားက အဆင့်ငါးအင်ပါယာနယ်ပယ်၌သာရှိသော်လည်းသူမ၏ ထိုးထွင်းသိမြင်မှုကလွန်စွာထက်ရှသည်ကို ရှစ်ဖုန့်သိလိုက်ရသည်။ သူမကအရမ်းလည်းသတိကြီး၏။ အဝေးရှိ ရှေးခေတ်နတ်ဆိုးသားရဲများ၏တည်ရှိမှုကိုလည်း သူမအာရုံခံနိုင်သည်။ ထို့နောက် နတ်ဆိုးသားရဲများအားတက်နိုင်သမျှရှောင်ရှား

နိုင်ရန်သူမ ကွေ့ပတ်သွားလိမ့်မည်ဖြစ်သည်။

ကြည့်ရသည်မှာ သူမတို့ဂိုဏ်း၏ သူမကျင့်ကြံသော လျှို့ဝှက်ပညာရပ်က လွန်စွာထူးခြားအံ့ဖွယ်ကောင်းသည့်ပုံပေါ်သည်။

“ဂါး”

သို့သော် ငွေရောင်တောင်ပံများနှင့်တစ်ကိုယ်လုံး

တွင်ရှည်လျားသောငွေရောင်သားမွှေးများရှိသည့် အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ရှိသည်။ ၎င်းမှာကောင်းကင်ထက်မှ ဆင်းသက်လာသည့် အဖြူရောင်မျောက်ဝံတစ်ကောင်ကဲ့သို့ အောက်ဘက်ရှိမြေပြင်ထံသို့ခုန်အုပ်လာသည်။

၎င်းနီးကပ်လာသောအခါတွင် ရှစ်ဖုန့်က ပြင်းထန်သောလက်သီးတစ်ချက်ပစ်သွင်းလိုက်ပြီး ၎င်း၏သွေးကိုဝါးမျိုလိုက်သည်။

ရှစ်ဖုန့်၏တိုက်ခိုက်မှုအားမြင်တွေ့လိုက်ရချိန်တွင် ရှစ်လင်ရို့၏မျက်နှာထက်၌စိတ်ကျေနပ်မှုတို့နှင့် ပြည့်နှက်နေပြီး အနည်းငယ်ခေါင်းညိမ့်လိုက်သည်။

သူမက သုံးဘဝဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကိုအသုံးပြု၍ ငွေရောင်အတောင်ပံအဖြူရောင်မျောက်ဝံက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ဖြစ်သည်ကို အာရုံခံမိခဲ့သည်။ အဆုံးသတ်တွင် ၎င်းမှာ ဤလူငယ်၏လက်သီးတစ်ချက်တည်းဖြင့်

သတ်ဖြတ်ခံခဲ့ရသည်ဖြစ်သည်။

ဤတစ်ကြိမ်တွင်သူလူရွေးမမှားခဲ့သည်ပုံပေါ်၏။

All Chapters