အခန်း (၇၄၀)
Vol. 50 Ch. 740
“ရှေ့ကနယ်မြေထဲမှာ အစိမ်းရောင်ချောက်ကမ်းပါးတစ်ခုရှိတယ်.. ဒါပေမဲ့.. အနီးအနားမှာရှိနေတဲ့စွမ်းအားကြီးနတ်ဆိုးသားရဲတစ်ကောင်ကို ကျွန်မအာရုံခံမိတယ်..အဲ့တာက ကျွန်မတို့အရင်ကတွေ့ခဲ့တဲ့ ငွေရောင်အတောင်ပံ အဖြူရောင်မျောက်ဝံထက် အများကြီးပိုသန်မာတယ်”
ရှစ်လင်ရို့က ရှေ့ရှိတောအုပ်အားထိုးညွှန်ပြရင်းရှစ်ဖုန့်ကို ပြောလိုက်သည်။
ထို့နောက်ရှစ်လင်ရို့က ဆက်ပြောသည်။
“ဒါပေမဲ့. ကျွန်မရှေးဟောင်းစားလုံးကိုအလွတ်မှတ်ထားပြီးပြီမို့ အဲ့တာကိုထပ်ပြီးမလိုတော့ဘူး.. ကျွန်မကြိုးစားခဲ့ပေမဲ့ အဲ့တာကိုတော့ ကူးယူမရခဲ့ဘူး. ကျွန်မရဲ့ဝိညာဉ်စွမ်းအားနဲ့တောင်အဲ့တာကိုကိုရှင့်ဆီ ကူးပြောင်းမပေးနိုင်ဘူး.. ရှင်အဲ့ကိုသွားပြီးတော့ ကိုယ်တိုင်အလွတ်မှတ်လာမှပဲရမယ်”
“ရှင်လုံခြုံတာသေချာတဲ့အထိ ကျွန်မဒီမှာနေပြီးတော့ရှင့်ကိုစောင့်နေမယ်. အကယ်၍ရှင်အသက်ရှင်လျက်ပြန်လာရင် ရှေးဟောင်းစာလုံးတွေနဲ့နောက်တစ်နေရာဆီ ကျွန်မရှင့်ကိုခေါ်သွားပေးမယ်..အချိန်တစ်ခုကြာတဲ့အထိ ရှင်ပြန်မလာခဲ့ရင် ဒီနေရာကနေ ကျွန်မဖာသာကျွန်မထွက်သွားမယ်”
“အကယ်၍ ရှင်ကအဲ့စွမ်းအားကြီး နတ်ဆိုးသားရဲကိုရင်မဆိုင်ချင်ဘူးဆိုရင်လည်း ကျွန်မရှင့်ကိုနောက်တစ်နေရာကို
ခေါ်သွားပေးမယ်”
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားဖြင့် ရှစ်လင်ရို့ပြောနေသောရှေ့ရှိနေရာအား အာရုံခံမိပြီးဖြစ်သည်။ ထိုနတ်ဆိုးသားရဲကအဆင့်ရှစ်မဟာ သူတော်စင်နယ်ပယ်အစောပိုင်း၌ရှိနေသော ငွေရောင်အတောင်ပံအဖြူရောင်မျောက်ဝံထက် တကယ့်ကိုပိုသန်မာသည်ဖြစ်၏။ ၎င်းက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်အထွတ်အထိပ်သို့ရောက်ရှိနေနှင့်ပြီးဖြစ်သည်။
သို့သော်ရှစ်ဖုန့်အနေဖြင့် ဧကရာဇ်နယ်ပယ်သို့ရောက်ရှိသေးခြင်း
မရှိသေးသည့်နတ်ဆိုးသားရဲတစ်ကောင်အား အလေးအနက်ထားနေလိမ့်မည်မဟုတ်ပေ။ သူကရှစ်လင်ရို့ကိုပြောလိုက်သည်။
“အရမ်းတွေဒုက္ခခံနေဖို့မလိုဘူး. ဒီသခင်လေးကိုအဲ့ကိုသာခေါ်သွားပေး. ဒီသခင်လေးအဲ့နတ်ဆိုးသားရဲသတ်ပြီး စာလုံးကို မှတ်ပြီးတာနဲ့ တို့တွေနောက်တစ်နေရာကိုသွားမယ်”
“မဖြစ်နိုင်တာ”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်လင်ရို့ကရုတ်ခြည်းငြင်းဆိုလိုက်သည်။
“အဲ့နတ်ဆိုးသားရဲကအရမ်းစွမ်းအားကြီးတယ်.. ကျွန်မအဲ့ကိုမသွားချင်ဘူး. ကျွန်မရဲ့အသက်နဲ့ပက်သက်ပြီး အပြောင်အပျက်တွေမလုပ်ချင်ဘူး”
“ဒါဆိုလည်းထားလိုက်ပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။ သူမက သွားချင်စိတ်မရှိသောကြောင့်ရှစ်ဖုန့်အနေဖြင့် သူမအားအတင်းအကျပ်တိုက်တွန်းနေလိမ့်မည်မဟုတ်ပေ။ ထို့နောက်သူကရှစ်လင်ရို့ကိုပြောလိုက်သည်။
“ ဒီနေရာမှာ ဒီသခင်လေးကို အမွှေးတိုင်တစ်ဝက်စာအချိန်ပဲစောင့်ပေး”
ရှစ်ဖုန့်က ရှစ်လင်ရို့ကိုပြောလိုက်သည်။ ထို့နောက်သူကရှေ့သို့တစ်ဟုန်ထိုးဦးတည်လိုက်၏။
“အမွှေးတိုင်တစ်ဝက်စာအချိန်လား”
ရှစ်ဖုန့်၏စကားတို့အားကြားရပြီး အဝေးသို့တစ်ဟုန်ထိုးထွက်ခွာသွားသည့် အဖြူရောင်ပုံရိပ်အားမြင်တွေ့ရသောအခါတွင် ရှစ်လင်ရို့ကမယုံကြည်နိုင်စွာဖြင့် သူမ၏ခေါင်းအားခါယမ်းလိုက်သည်။
“ဒီလူကနည်းနည်းမာနကြီးနေတုံးပဲ”
နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင်
စွမ်းအားကြီးမားသည့် ဤနေရာရှိနတ်ဆိုးသားရဲအားဘေးဖယ်ထားလိုက်အုံး သုံးဘဝဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြင့်ပင် သူမအတါွက် အစိမ်းရောင်ကျောက်နံရံထက်ရှိ ရှေးဟောင်းစာလုံးအား မှတ်မိရန်အတွက် နေ့တစ်ဝက်အချိန်ယူခဲ့ရသည်ဖြစ်သည်။
သူကတော့အမွှေးတိုင်တစ်ဝက်စာ
အချိန်ကိုသာယူမည်ဟု တကယ်ကြီးပြောခဲ့၏။
“ဂါး”
ထို့နောက်ချက်ချင်း ရှေ့ရှိတောအုပ်ထံမှ ခက်ထန်သောအော်သံတစ်ခုကို ရှစ်လင်ရို့ကြားလိုက်ရသည်။ ထို့နောက် စွမ်းအားကြီးစွမ်းအင်လှိုင်းတွန့်တစ်ခုထွက်ပေါ်လာ၏။
“ဂါး”
သို့သော် ဤခက်ထန်သောသားရဲမှာ နာကျင်မှုကြောင့်အော်ဟစ်နေခြင်းဖြစ်သည်ဟု ရှစ်လင်ရို့ပြောနိုင်သည်ဖြစ်သည်။ ထို့နောက် စွမ်းအားကြီး အော်ရာတို့ကရုတ်ခြည်းချုပ်ငြိမ်းသွားသည်။
“ဒီလိုမျိုးစွမ်းအားကြီး နတ်ဆိုးသားရဲတစ်ကောင်က အသက်ရှူသုံးကြိမ်အတွင်းသူသတ်တာကိုခံလိုက်ရတယ်”
စွမ်းအားကြီးအော်ရာတို့အမှန်တကယ်ပျောက်ကွယ်သွားသည်ကိုအာရုံခံမိသောအခါတွင် ရှစ်လင်ရို့တစ်ယောက်မနေနိုင်ဘဲတုန်လှုပ်မိရသည်။
သူမလို ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်
အတွက် ထိုအော်ရာမှာ ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ပင်ဖြစ်သည်။ ထိုအော်ရာ၏ နှာချေမှုတစ်ခုကပင် သူမအားသတ်ပစ်နိုင်သည်ဖြစ်သည်။
သို့သော် ဤကဲ့သို့ဖြင့် ၎င်းက မှာ အသက်ရှူသုံးကြိမ်အတွင်းထိုလူ၏ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။
ထို့နောက်လိုက်ပါ၍ သူမရှေ့၌အဖြူရောင်ပုံရိပ်တစ်ခုက သူမထံသို့ တစ်ဟုန်ထိုးဦးတည်ပျံသန်းလာနေသည်ကို ရှစ်လင်ရို့တွေ့လိုက်ရသည်။
“ဘာဖြစ်သွားတာလဲ”
အဖြူရောင်ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်လင်ရို့နောက်တစ်ကြိမ်တုန်လှုပ်အံ့အား
သင့်သွားသည်။ ထို့နောက် သူမဖာသာသူမမယုံကြည်နိုင်ဟန်ဖြင့်
တွေးလိုက်သည်။
“ငါ့ကိုလာမပြောနဲ့.. သူ အမွှေးတိုင်တစ်ဝက်စာအချိန်တောင်မယူဘဲနဲ့ အသက်ရှူသုံးကြိမ်အတွင်းမှာ နတ်ဆိုးသားရဲကိုသတ်ခဲ့ပြီး အစိမ်းရောင်ကျောက်နံရံက ရှေးဟောင်းစာလုံးကို မှတ်သားခဲ့တယ်လို့”
“ဒါပေမဲ့. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ရှေးဟောင်းစာလုံးက ခမ်းနားဆန်းကြယ်တဲ့ဟာကို …ဘယ်လိုဖြစ်ပြီးအလွယ်လေးမှတ်သားနိုင်ရတာလဲ.. ငါ..ငါက နေ့တစ်ဝက်တောင်အချိန်ကုန်ခဲ့ရတာ”
ရှစ်ဖုန့်မှာ တကယ့်ကိုထိုသို့ပြုလုပ်ရန်အတွက်အချိန် နှစ်ဆယ့်ခြောက်စက္ကန့်သာယူခဲ့သည်ဖြစ်၏။
ထိုစက္ကန့်နှစ်ဆယ်အတွင်း ရှေ့ရှိတောအုပ်အတွင်းသို့ပျံသန်းသွားရုံသာမက အနက်ရောင်အကြေးခွံများဖြင့်ဖုံးလွှမ်းနေသော အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်အထွတ်အထိပ် နတ်ဆိုးသားရြကိုလည်းသတ်ပစ်ခဲသည်ဖြစ်သည်။ ၎င်းအားမီးတောက်များကလောင်ကျွမ်းနေပြီး ဧရာမ ဧရာမကင်းခြေများတစ်ကောင်၏
ပုံစံရှိသည်ဖြစ်သည်။ သူက ၎င်း၏သေခြင်းစွမ်းအင် ၊ဝိညာဉ်စွမ်းအင်နှင့် သွေးတို့ကိုဝါးမျိုခဲ့သေး၏။
ထို့နောက်ရှစ်ဖုန့်က အစိမ်းရောင်ကျောက်နံရံထက်မှ အာဒိကပ္ပခေတ်စာလုံးကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်ခြည်းတုန်လှုပ်သွားသည်။ သူ၏ယခင်ဘဝ၌ ဤရှေးဟောင်းစာလုံးများအားတကယ်မြင်
တွေ့ဖူးပြီး၎င်းတို့က ဤစာလုံးများနှင့်လွန်စွာဆင်တူသည်ဖြစ်သည်။
အတိတ်တုံးက ဧကရာဇ်ကျိုးယိုမှာ ဤစကားလုံးများမှပြိုက်ဘက်ကင်း
ဓားပညာရပ်တစ်ခုကို ဆင်ခြင်နိုင်ခဲ့ပြီး ၎င်းအား ကောင်းကင်ဘုံမိုးကြိုးဓားပညာရပ် ပယ်ထုတ်ခြင်းဟု ခေါ်သည်ဖြစ်သည်။ရှစ်ဖုန့်အနေဖြင့် ကောင်းကင်ဘုံမိုးကြိုးဓားပညာရပ်၏ ပယ်ထုတ်ခြင်းပုံစံကိုသာနားလည်ခဲ့သည်ဖြစ်သောကြောင့် ဤပုံစံအား ပထမပုံစံအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် သူ့အနေဖြင့် သူ၏ယခင်ဘဝက မြင်တွေ့ခဲ့ဖူးသည်နှင့်လွန်စွာဆင်တူသော အခြားရှေးဟောင်းစာလုံးတစ်ခုကို တကယ်ကြီးမြင်တွေ့နေရသည်။၎င်းက ခြားနားမှုလည်းရှိသည်ဖြစ်၏။
ယခင်ဘဝကရှေးဟောင်းစာလုံးအား
မှတ်သားခဲ့သောအတွေ့အကြုံဖြင့် သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်နေသည့်အချက်တို့ကို ယှဉ်တွဲ၍ ရှေးဟောင်းစာလုံးအားမှတ်သားရန်ရှစ်ဖုန့် အသက်ရှူသုံးကြိမ်သာ အချိန်ယူခဲ့သည်။
စုစုပေါင်းနှစ်ဆယ့်ခြောက်စက္ကန့်အတွင်းရှစ်ဖုန့်တစ်ယောက် ပြေးလွှားခြင်း၊ နတ်ဆိုးသားရဲအားအောင်မြင်စွာသတ်ဖြတ်ခြင်းနှင့် စာလုံးအားမှတ်သားခြင်းတို့ကို ပြုလုပ်ပြီးစီးခဲ့သည်။
ရှစ်လင်ရို့တစ်ယောက်တုန်လှုပ်အံ့အား
သင့်နေဆဲဖြစ်နေချိန်တွင် ရှစ်ဖုန့်ကသူမ၏ရှေ့၌ရပ်တန့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
“ သွားစို့ ..ဒီသခင်လေးကိုနောက်ထပ်ရှေးဟောင်းစာလုံးတွေရှိတဲ့နေရာကိုခေါ်သွားပေး”
ဤနေရာ၌ရှိနေသော ရှေးဟောင်းစာလုံးကတကယ်ကြီး ထိုရှေးဟောင်းစာလုံးဖြစ်နေလိမ့်မည်ဟု ရှစ်ဖုန့်စိတ်ကူးမထားခဲ့ပေ။ အတိတ်တုံးက ဧကရာဇ်ကျိုးယိုမှာ ဤရှေးဟောင်းစာလုံးထံမှ သိပ်မွေ့နက်နဲမှုနှင့်လေးနက်မှုတို့ကို သဘောပေါက်ခဲ့ပြီးဖြစ်သည်။
သူဆင်ခြင်နားလည်ခဲ့သော ကောင်းကင်ဘုံမိုးကြိုးဓားပညာရပ်၏ ပယ်ခြင်းပုံစံမှာစွမ်းအားကြီး ခုခံမှုပုံစံဖြစ်သည်။ ယခုဤရှေးဟောင်းစာလုံးကိုသူရရှိခဲ့သောကြောင့် ဘယ်လိုနည်းစနစ်မျိုးအား သူဆင်ခြင်နားလည်နိုင်မည်လဲဟူသည်ကို ရှစ်ဖုန့်ကြိုတင်မျှော်မှန်းနေမိသည်။
ဤရှေးဟောင်းစာလုံးအားသူရရှိပြီးသည့်နောက်၌ မည်ကဲ့သို့တိုက်ခိုက်ရေးနည်းစနစ်မျိုးကိုသူဆင်ခြင်နားလည်နိုင်စွမ်းရှိနေမည်နည်း။
ရှစ်ဖုန့်၏ စိတ်က ပြတ်သားခိုင်မာနေလင့်ကစား ဤအချိန်၌သူစိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ဤနေရာရှိရှေးဟောင်းစာလုံးအားလုံး
အားသူရရှိရမည်ဖြစ်၏။
သူရကိုရရမည်ဖြစ်သည်။
“ရှင်တကယ်ပဲ အချိန်တိုလေးတစ်ခုအတွင်းမှာ ရှေးဟောင်းစာလုံးကို မှတ်သားနိုင်ခဲ့တာလား”
ရှစ်လင်ရို့က ရှစ်ဖုန့်အားမယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။
ယင်းက ရှစ်ဖုန့်တစ်ယောက် စွမ်းအားကြီးနတ်ဆိုးသားရဲအားချက်ချင်းလက်ငင်းသတ်လိုက်စဉ်ကထက်ပိုမို၍ တုန်လှုပ်ဖို့ကောင်းသည်ဖြစ်သည်။
ရှစ်ဖုန့်က ရှစ်လင်ရို့၏မေးခွန်းအားတိုက်ရိုက်ဖြေခြင်းမရှိပေ။ ထို့အစား သူ၏လက်ဖဝါးကိုသူမထံသို့ မျက်နှာမူလိုက်သည်။ ရုတ်ခြည်း ထူးဆန်းပြီး အဖြူရောင်ရှိကာတွန့်လိမ်နေသော စာလုံးတစ်ခုကသူ၏လက်ဖဝါးထက်
၌ပေါ်လာသည်။
၎င်းကရှစ်ဖုန့်၏လက်ဖဝါးထက်၌ရှိနေသည့်
အဖြူရောင်စာလုံးဖြစ်သော်လည်း ယင်းကသူမယခင်ကအစိမ်းရောင်ကျောက်နံရံထက်မှမှတ်သားခဲ့သော ရှေးဟောင်းစာလုံးဖြစ်သည်ကို ရှစ်လင်ရို့လျှင်မြန်စွာသဘောပေါက်လိုက်သည်။
ထိုထက်ပိုသည်ကား ရှစ်ဖုန့်မှာသူမနှင့်ခြားနားသည်ဖြစ်သည်။ ဤရှေးဟောင်းစာလုံးအားသူမမှတ်သားခဲ့ပြီးသည့်နောက်တွင် သူမ၎င်းအားချပြနိုင်စွမ်းမရှိပေ။ သူမ၏စိတ်ထဲ၌သာမှတ်မိနိုင်စွမ်းရှိသည်ဖြစ်သည်။ သို့သော်သူကတော့သက်သောင့်သက်သာ
ဖြစ်စွာဖြင့် အာဒိကပ္ပခေတ်၏ ခမ်းနားဆန်းကြယ်သောစာလုံးအားသူမ၏ရှေ့တွင်ချပြနိုင်စွမ်းရှိသည်ဖြစ်သည်။
“ဒါက …သူဘယ်လိုတောင်လုပ်ခဲ့တာလဲ”
ရှစ်လင်ရို့ထပ်မံတုန်လှုပ်သွားရသည်။
ရှစ်ဖုန့်ကသူ၏လက်သီးအား ဆုပ်လိုက်ပြီး သူ၏လက်ဖဝါးပေါ်ရှိ အဖြူရောင်ရှေးစာလုံးကဖိညှစ်လိုက်သလိုပျောက်ကွယ်သွားပြီးနောက် သူကရှစ်လင်ရို့ကို ထပ်မံ ပြောလိုက်သည်။
“လမ်းကိုဦးဆောင်ပါ.. ဒါပေမဲ့ ဒီတစ်ကြိမ်မင်းလမ်းခရီးတိုကိုရွေးတာပို
ကောင်းလိမ့်မယ်.. အကယ်၍ ဒီသခင်လေးကိုင်တွယ်ဖို့အတွက်အရမ်း
စွမ်းအားကြီးလွန်းတဲ့နတ်ဆိုးသားရဲမျိုးရှိနေရင် ဒီသခင်လေးအလိုအလျောက်အဲ့တာကိုအာရုံခံမိပြီး မင်းကိုအဝေးကိုခေါ်သွားပေးမယ်”