← Chapters

အခန်း (၇၄၁)

Vol. 50 Ch. 741

အခန်း (၇၄၁)

Vol. 50 Ch. 741

သိပ်သည်းလှသော တောအုပ်အတွင်းတွင် ရှစ်လင်ရို့ကရှစ်ဖုန့်အား ထပ်မံ ခေါ်ဆောင်လာပြီး နောက်ထပ် အာဒိကပ္ပရုန်းများ တည်ရှိရာနေရာဆီသို့ ဦးတည်လိုက်သည်။

ရှစ်ဖုန့်က ရှစ်လင်ရို့အားနီးသည့်နေရာမှခေါ်ဆောင်

ရန်တောင်းဆိုခဲ့သည်။

ရှစ်လင်ရို့က ရှစ်ဖုန့်၏မေးခွန်းအား ပြန်မဖြေခဲ့သော်လည်း သူမအနေဖြင့် ယခင်ကကဲ့သို့ ထပ်မံသတိထားခြင်းမရှိတော့ဘဲ လမ်းကိုဦးဆောင်လိုက်သည်။ ယင်းမှာသူမအနေဖြင့် အစိမ်းရောက်ကျောက်သားလွှာထက်ရှိ ရှေးခေတ်သားရဲ၏အော်ရာနောက်သို့လိုက်နေသကဲ့သို့ပင်ဖြစ်သည်။ မဟာသူတော်စင်နယ်ပယ်အထွတ်အထိပ်

ထက်အားနည်းသော ရှေးခတ်သားရဲ၏အော်ရာဖြစ်နေခဲ့လျှင် သူမအနေဖြင့် လမ်းလွှဲ၍သွားခြင်းမရှိတော့ချေ။

ဤသို့နှင့်လမ်းတစ်လျှောက်တွင် ရှစ်ဖုန့်တစ်ယောက် ရှေးခေတ်သားရဲ ဆယ့်ခုနှစ်ကောင်ကိုသတ်ဖြတ်ခဲ့သည်။

ဤသားရဲဆယ့်ခုနှစ်ကောင်မှာ ပေါ်ပေါ်လာချင်းပင် ရှစ်ဖုန့်၏လက်သီးချက်အောက်၌ ချက်ချင်းသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

“အကယ်၍ ကျွန်မသာ အာရုံခံတာမမှားဘူးဆိုရင် ရှင်တိုက်ခိုက်တဲ့အခါမှာ ရှင့်ရဲ့မူလစွမ်းအင်ကိုအသုံးမပြုခဲ့ဘူး. အဲ့အစား သားရဲတွေကိုသတ်ဖို့အတွက်ရှင့်ရဲ့ကာယခွန်အားသက်သက်ကိုပဲအသုံးပြုခဲ့တယ်”

“သိုင်းပညာနယ်ပယ်..ကာယခန္ဓာနဲ့ ဝိညာဉ် .. ရှင်ကသုံးခုလုံးကို ထူးခြားတဲအဆင့်တစ်ခုရောက်တဲ့အထိ ကျင့်ကြံထားလိမ့်မယ်လို့ကျွန်မမမျှော်လင့်

ထားခဲ့ဘူး. ..ရှင်ကတကယ့်ကိုကောင်းကင်ဘုံကိုဆန့်ကျင်နေတဲ့မွန်းစတားပဲ”

လျှောက်လှမ်းနေရင်း ရှစ်ဖုန့်၏ ဘေးရှိ ရှစ်လင်ရို့က ပြောလိုက်သည်။

ရှစ်ဖုန့်က ခေါင်းအနည်းငယ်ညိမ့်ပြီးပြောလိုက်၏။

“မင်းရဲ့ လျှို့ဝှက်ပညာရပ်က အရမ်းစွမ်းအားကြီးတာပဲ. မင်းတကယ်ပဲ အားလုံးကိုဖြတ်မြင်နိုင်တယ်”

“ကျွန်မရဲ့လျှို့ဝှက်ပညာရပ်လား..

သူမ၏လျှို့ဝှက်ပညာရပ်အကြောင်းအားရှစ်ဖုန့်ပြောသည်ကိုကြားရသောအခါတွင် ရှစ်လင်ရို့ကသူမခေါင်းကိုခါယမ်းပြီး

ပြောလိုက်သည်။

“သုံးဘဝဂိုဏ်းရဲ့ သုံးဘဝဥပဒေသပညာရပ်ကပျောက်ဆုံး

သွားတာအချိန်တော်တော်ကြာနေပြီ”

“ဒဏ္ဍာရီအရဆို သုံးဘဝဥပဒေသ ပညာရပ်က အတိတ်၊ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပါမြင်နိုင်တယ်လို့ဆိုတယ်.ဒါပေမဲ့ လက်ရှိသုံးဘဝဥပဒေသက အဲ့လိုတောင်ခေါ်လို့မရနိုင်တော့ဘူး. ဟူး..”

ရှစ်လင်ရို့ကနောက်ဆုံးစကားအားပြောသောအခါတွင် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်သည်။

အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်သုံးခုအားမြင်နိုင်ခြင်း။ ဤလျှို့ဝှက်ပညာရပ်။ အကယ်၍သူမပြောသကဲ့သို့သာတကယ်

ဆိုလျှင်ယင်းကတကယ်ကိုကောင်းကင်ဘုံအားဆန့်ကျင်လွန်းသည်ဖြစ်၏။

ကောင်းကင်ဘုံကဤကဲ့သို့ ကောင်းကင်ဘုံအားဆန့်ကျင်နေသည့်ပညာရပ်တစ်ခုအားဤကမ္ဘာပေါ်၌ရှိခွင့်မပြုခြင်း

လည်းဖြစ်ကောင်းဖြစ်နေနိုင်သည်။

ရှစ်ဖုန့်သူဖာသာသူတွေးလိုက်၏။သို့သော် သူမပြောသည်ကအရမ်းကိုချဲ့ကားပြောဆိုခြင်းတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်သုံးခုတို့အားမြင်နိုင်စွမ်းရှိသောပညာရပ်တစ်ခုက ရှေးခေတ်နတ်ဘုရားပညာရပ်တစ်ခု

ဖြစ်လိမ့်မည်ဖြစ်၏။

…………………..

ရှေးခေတ်ကမ္ဘာ၏ကန္တာပြင်၏

ကောင်းကင်ပြင်ထက်တွင် ရာပေါင်းများစွာသောကျင့်ကြံသူတို့၏ပုံရိပ်များရှိနေသည်။ ချွင်းချက်မရှိ၎င်းတို့အားလုံးက ဖြူဖျော့ပြီးငြီးငွေ့ဖွယ်ကောင်းသည်ဖြစ်သည်။၎င်းတို့အားလုံးကအလောင်းများကဲ့သို့ပုံစံရှိပြီး သိပ်သည်းသော အလောင်းအော်ရာတို့ကိုထုတ်လွှတ်နေသည်။

၎င်းတို့ကြားထဲတွင် ဤကျင့်ကြံသူများအားလုံး၏ရှေ့ဆုံး၌ရပ်နေသော ခရမ်းရောင်ပုံရိပ်တစ်ခုရှိသည်။ ဤလူမှာ ရှစ်ဖုန့်၏လက်ထဲ၌ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ပြီး အနက်ရောင် အရုပ်အားအသုံးပြုကာ သူ၏အသက်ကိုအစားပြန်ထိုးခဲ့သော အနက်ရောင်အလောင်းဂိုဏ်း၏

သခင်လေးဖြစ်သူ ရှစ်လင်းဖြစ်သည်။

ဤအချိန်တွင် သူက ရှေးဟောင်းအမွေအနှစ်အတွင်းသို့ အနက်ရောင်အလောင်းဂိုဏ်းမှ ကျွမ်းကျင်သူသုံးရာကျော်ခေါ်ဆောင်လာခဲ့သည်။ သူကသူအား အရှက်ခွဲခဲ့သည့် လူငယ်ကိုသတ်ပစ်ရန်ကျိန်ဆိုခဲ့၏။

“ဒုတိယဦးလေး. ဆန်းကြယ်အလောင်းမှန်ကိုအသုံးပြုပြီးတော့ အဲ့သူတောင်းစားလေးကိုခြေရာခံစမ်းပါ”

ရှစ်လင်းက သူ၏ဘေးရှိ သက်လက်ပိုင်းအရွယ် လူကိုပြောလိုက်သည်။

ဤအချိန်တွင် သူကိုယ်သူသတ်သေခဲ့ရာနေရာသို့အ

နက်ရောင်အလောင်းဂိုဏ်းမှကျွမ်းကျင်သူများအားရှစ်လင်းဦးဆောင်လာခဲ့သည်။ သို့သော် ထိုလူကိုတော့ဘယ်နေရာမှာမှမြင်

တွေ့ရခြင်းမရှိပေ။

ရှစ်လင်း၏ဘေးတွင် ဖြူဖပ်ဖြူရော်မျက်နှာနှင့် သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ သူ၏ မျက်နှာထားကတည်ငြိမ်နေပြီး သူ၏ဝန်းကျင်ရှိ အလောင်းချီတို့မှာ လွန်စွာပြင်းထန်သည်ဖြစ်သည်။ ဤလူမှာ အနက်ရောင်အလောင်းဂိုဏ်းမှ ပထမအကြီးအကဲဖြစ်သူ ရှစ်ယင်ဖြစ်ပြီး အနက်ရောင်အလောင်းဂိုဏ်းမှ အရှင်သခင်ဖြစ်သူ၏ ညီငယ်ဖြစ်သည်။

ရှစ်လင်း၏ဖခင်ဖြစ်သူက တံခါးပိတ်ကျင့်ကြံနေပြီးသူ၏သားဖြစ်သူပင် ဝင်ရောက်နှောက်ယှက်ပိုင်ခွင့်မရှိပေ။ထို့ကြောင့်သူက ရှစ်ယင်ကိုသွားရှာခဲ့သည်။

ရှစ်လင်း၏စကားတို့အောက်တွင် ရှစ်ယင်က ခေါင်းအနည်းငယ်ညိမ့်လိုက်သည်။ သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးအတွင်း၌မီးခိုးဖြူရောင်ရှေးဟောင်းမှန်တစ်ချပ်ပေါ်လာသည်။ ထို့နောက် ၎င်းကသူ၏လက်ဖဝါးအတွင်းတစ်ဟုန်ထိုးလည်ပတ်သွားပြီး ကောင်းကင်ထဲသို့ပျံတက်သွားသည်။

ဤမှန်မှာ အနက်ရောင်အလောင်းဂိုဏ်း၏ အဖိုးထိုက်အတန်ဆုံး ရတနာများထဲမှတစ်ခုဖြစ်သော ဆန်းကြယ်အလောင်းမှန်ပင်ဖြစ်သည်။

ဆန်းကြယ်အလောင်းမှန်ပေါ်ပေါ်လာခြင်း ၎င်းက ရှစ်လင်း၏ဦးခေါင်းထက်၌ မီးခိုးဖြူရောင်အလင်းတန်းတစ်ခု

ထွက်ပေါ်လာသည်။ ထို့နောက်မှန်အတွင်း၌ အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာ၏။ ထိုအဖြူရောင်ပုံရိပ်က ရှစ်ဖုန့်ပင်ဖြစ်သည်။

ဆန်းကြယ်အလောင်းမှန်၏အံ့ဖယ်ကောင်းမှုက ၎င်းအနေဖြင့် ရှစ်လင်းစိတ်ထဲ၌တွေးတောနေသော သူကိုတကယ်ကြီး ပြသနိုင်ခြင်းဖြစ်သည်။

သို့သော် ဤအချိန်တွင် ပထမအကြီးအကဲ ရှစ်ယင်က ကောင်းကင်ထဲရှိ ဆန်းကြယ်အလောင်းမှန်အားကြည့်လိုက်သည်။ သူ၏မျက်ခုံးက တင်းကျပ်စွာမျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ဟမ်…ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘာဖြစ်လို့လဲ ဒုတိယဦးလေး. “

ရှစ်လင်းက ရှစ်ယင်၏တီးတိုးရေရွတ်မှုအား ကြားရသောအခါတွင် မေးလိုက်သည်။ သူ၏အကြည့် က ကောင်းကင်ထဲရှိဆန်းကြယ်အလောင်း

မှန်ထံမှခွာသွားပြီး ခေါင်းလှည့်လိုက်သောအခါတွင် နက်ရှိုင်းစွာမျက်မှောင်ကြုတ်နေသော ရှစ်ယင်ကိုတွေ့လိုက်ရသည်။

“ဆန်းကြယ် အလောင်းမှန်က အဲ့လူဘယ်နေရာမှာရှိနေတယ်ဆိုတာကိုမရှာနိုင်ဘူး”

ရှစ်ယင်ကပြောလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။

“ဒါကဖြစ်နိုင်ချေအများကြီးရှိတယ်. ပထမဆုံး အဲ့လူက ဒီရှေးဟောင်းကမ္ဘာထဲကနေထွက်သွားလို့ပဲ. ဒုတိယက အဲ့လူကဒီနေရာနဲ့အရမ်းဝေးတဲ့နေရာမှာရှိနေတာ. ဆန်းကြယ်အလောင်းမှန်ထောက်လှမ်းနိုင်တဲ့ အကွာအဝေးရဲ့ အဝေးမှာရှိနေတာပေါ့”

“အား.အဲ့သူတောင်းစားထွက်ပြေးသွားပြီ”

ရှစ်ယင်၏စကားတို့အားကြားပြီးနောက် ရှစ်လင်း၏မျက်နှာထက်၌ စိတ်ပျက်မှုတို့ပြည့်နှက်လာသည်။

အကယ်၍ထိုလူသာဤကဲ့သို

တကယ်ကြီးထွက်ပြေးသွားလျှင် သူ၏ရင်ဘက်ထဲမှဒေါသအား

သူမည်ကဲ့သိုမျိုသိပ်ရမည်နည်း။ ဘယ်လိုဖြစ်ပြီးညဘက်၌သူငြိမ်း

ချမ်းစွာအိပ်ပျော်နိုင်ပါမည်နည်း။

“ဟင့်အင်း..အဲ့လူကိုထွက်ပြေးစေလို့မရဘူး. သူ့ရဲ့ခေါင်းကိုချိုးပစ်နိုင်မှ ငါစိတ်ကျေနပ်နိုင်မှာ”

“အဲ့အချိန်တုံးက လူကတစ်ယောက်တည်းရှိနေခဲ့တာလး. အခြားသူရှိသေးလား”

ဤအချိန်တွင် ရှစ်ယင်က ရှစ်လင်းအားနောက်တစ်ကြိမ်မေးလိုက်သည်။

ရှစ်ယင်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်လင်းရုတ်တရက်နာလည်သွားသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်၏။

“အိုး. အဲ့မှာနောက်ထပ်တစ်ယောက်ရှိသေးတယ်. သူက ပမွားလေးတစ်ယောက်ပဲ. သူ့ကို ကျွန်တော်မေ့တော့မလို့”

ထို့နောက်ထိုလူ၏ ပုံရိပ်နှင့်မျက်နှာက ရှစ်လင်း၏စိတ်ထဲ၌ ထပ်မံပေါ်လာသည်။ ထို့နောက်တွင် ဆန်းကြယ်အလောင်းမှန်၏ပုံရိပ်ကပြောင်းလဲသွားသည်။ အဖြူရောင်ပုံရိပ်ကပျောက်ကွယ်သွားပြီး အစိမ်းရောင်နှင့်ကျင့်ကြံသူ

လူငယ်တစ်ယောက်ပေါ်လာသည်။

အစိမ်းရောင်နှင့်လူငယ်ကျင့်ကြံသူမှာ ယွဲ့ရှောက်ချုံးပင်ဖြစ်သည်။

ရှစ်ယင်က ဆန်းကြယ်အလောင်းမှန်အတွင်းမှ အစိမ်းရောင် ပုံရိပ်အားကြည့်လိုက်ပြီး ရှစ်လင်းကိုပြောလိုက်သည်။

“ဒီလူကဒီနေရာနဲ့သိပ်မဝေးဘူး. သူကိုအရင်ရှာကြစို့”

“ကောင်းပြီ”

ရှစ်ယင်၏စကားတို့အားကြားပြီး

နောက်ရှစ်လင်းက အလျှင်အမြန်ပြန်ဖြေလိုက်သည်။

“နောက်ဆုံး အဲ့လူကိုငါ့တို့ရှာနိုင်ပြီ. ငါတို့သူ့ကိုတွေ့တာနဲ့ အဲ့သူတောင်းစားလေးဘယ်မှာလဲ

ဆိုတာကိုငါတို့သေချာပေါက်သိရမှာပဲ.. အကယ်၍ အဲ့သူတောင်းစားလေး ကမ္ဘာအဆုံးထိထွက်ပြေးသွားရင်တောင် ငါ ရှစ်လင်းကသူ့ကိုအလွတ်မပေးဘူး. ငါသူကို သေခြင်းဆိုးနဲ့သေချာပေါက်သေ

အောင်လုပ်ပေးမယ်”

“သူမသေခင်နောင်တအပြည့်ရနေတဲ့ သူ့မျက်နှာကိုငါတွေ့ချင်တယ်.. သူနောင်တတွေအပြည့်နဲ့ငါ့ကိုဒူးထောက်ပြီး အဆက်မပြတ်ဦးခိုက်တောင်းပန်

တာကိုငါလိုချင်တယ်.. အဲ့နောက် သူ့ခေါင်းကိုရက်ရက်စက်စက် ဆွဲဖြုတ်ပစ်မယ်”

ရှစ်လင်းက ထိုလူ၏အကြောင်းအားစိတ်ထဲမှ ခက်ထန်ကြမ်းကြုတ်စွာတွေးလိုက်သည်။

သူ၏ဘေးတွင် ရှစ်ယင်က သူ၏ ညာလက်အားအနည်းငယ်မြှောက်လိုက်သည်။ လေထဲ၌ရပ်တည်နေသောဆန်းကြယ်အလောင်းမှန်က ရှစ်လင်း၏ဦးခေါင်းထက်၌ လင်းလက်နေသည့်မီးခိုးဖြူရောင်အ

လင်းတန်းကိုရုတ်သိမ်းသွားသည်။ ထို့နောက်၎င်းက ရှစ်ယင်၏ လက်ထဲသို့ဖြည်းဖြည်းချင်းကျဆင်းလာသည်။

“မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့”

ဆန်းကြယ်အလောင်းမှန်အားသိမ်းလိုက်ပြီးနောက် ရှစ်ယင်ကသူ့နောက်ရှိ အနက်ရောင်အလောင်းဂိုဏ်းမှ လူများကိုခြားနားမှုမရှိပြောလိုက်သည်။

သူ၏အသံကတည်ငြိမ်ကာပျော့ပြောင်းသော်လည်း ယင်းအား အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူအားလုံးကြားရသည်ဖြစ်သည်။

“ဟုတ်ကဲ့”

ထို့နောက် အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများက ပြိုင်တူ အော်လိုက်ကြသည်။

ထို့နောက် ရှစ်ယင်ကရွေ့လျားသွားပြီး သူအာရုံခံမိသော ဦးတည်ချက်သို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။ အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများကလည်း သူနှင့်နီးကပ်စွာလိုက်ပါလာကြသည်။

ရှစ်ယင်၏ ဘေး၌ပျံသန်းနေသော ရှစ်လင်းက သူ့ဘေးရှိ ပထမအကြီးအကဲကို ကြည့်လိုက်ပြီး တိတ်တဆိတ်ပြောလိုက်သည်။

“ဒုတိယဦးလေးက ကြယ်လေးပွင့် ဧကရာဇ်နယ်ပယ်မှာ ပြို်ငဘက်ကင်းတစ်ယောက်ပဲ. အနက်ရောင်အလောင်းဂိုဏ်း ထဲမှာတောင် ငါ့အဖေပြီးရင် သူကအသန်မာဆုံးပဲ. သူတောင်းစားလေး မင်းငါ့ကိုစောင့်နေလိုက်စမ်းပါ”

All Chapters