← Chapters

အခန်း (၇၄၂)

Vol. 50 Ch. 742

အခန်း (၇၄၂)

Vol. 50 Ch. 742

“ဂါး”

အုံ့စိုင်းနေသော တောအုပ်တစ်ခုအတွင်းတွင် အမွှေးရှည်နှင့် ခက်ထန်ကြမ်းကြုတ်သောရှေးခေတ်သားရဲတစ်ကောင်ရှိနေပြီး ၎င်း၏တစ်ကိုယ်လုံး၌ ရွှေရောင်အလင်းတို့လင်းလက်တောက်ပနေကာ လွန်စွာ လက်သင့်မခံနိုင်မှု၊ နာကျင်မှုတို့ဖြင့် ဒေါသတကြီး စူးစူးဝါးဝါးအော်ဟစ်နေသည်။

၎င်း၏ဦးခေါင်းထက်တွင် ဧရာမ သွေးနီရောင်အပေါက်ကြီးတစ်ခုပေါ်လာပြီး ဤသွေးနီရောင်အပေါက်မှာ ရှစ်ဖုန့်၏ပြင်းထန်လှသောလက်သီးချက်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက်တွင်၎င်း၏ ဧရာမကိုယ်ကြီးက “ဘန်း” ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ပြင်းထန်စွာ ကျဆင်းသွားပြီး မြေပြင်တစ်ခုလုံးအားတုန်ခါမြည်ဟိန်းသွားစေသည်။

၎င်း၏ရှေ့၌ ရှစ်ဖုန့်၏ကိုယ်ပေါ်တွင် သွေးနီရောင်မီးတောက်တို့က ဟုန်းခနဲတောက်လောင်နေပြီး လျှင်မြန်စွာဖြင့် ဧရာမကိုယ်ကြီးကိုဝါးမျိုသွားသည်။

“ဒီမီးတောက်တွေ”

ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိပြင်းထန်စွာတောက်လောင်နေသောမီးတောက်ကိုမြင်တွေ့ရပြီး မီးတောက်၏အော်ရာကိုအာရုံခံမိသောအခါတွင် ရှစ်လင်ရို့တုန်လှုပ်အံ့အားသင့်သွားသည်။

ဤလူ သူက သူမအားများစွာသောအံ့အားသင့်မှုတို့ကို တကယ်ပေးစွမ်းနေသည်။ ဤကဲ့သို့ ပါရမီရှင်တစ်ဦးမှာ သူမအတွက်မူ ခြားနားသောကမ္ဘာတစ်ခုမှလာခြင်းဖြစ်ပုံရလေသည်။

သွေးနီရောင်မီးတောက်တို့က ဧရာမကိုယ်ကြီးအား ဝါးမျိုသွားပြီးနောက် ၎င်းအားပြာချပစ်လိုက်ပြီးလျှင် ရှစ်ဖုန့်က လှည့်လိုက်ပြီး ရှစ်လင်ရို့ကို ပြောလိုက်သည်။

“ကောင်းပြီ.. တို့တွေသွားစရာရှိတာဆက်သွားတာပေါ့”

“အင်း”

ရှစ်လင်ရို့က ခေါင်းအနည်းငယ်ညိမ့်လိုက်သည်။ ရှစ်ဖုန့် ၏ခွန်အားစွမ်းပကားအား အကြိမ်ကြိမ်မျက်မြင်ကြုံတွေ့ပြီးနောက် ရှစ်လင်ရို့ရုတ်တရက်အတွေးတစ်ခုတွေးလိုက်၏။

ဤအရာအားတွေးပြီးနောက် ရှစ်လင်ရို့၏မျက်နှာက နီရဲမှုအဖြစ်ပြောင်းလဲသွားသည်။ သူမက ဖြည်းဖြည်းချင်းလျှောက်လှမ်းနေရင်း

ရှစ်ဖုန့်ကို ပြောလိုက်၏။

“ကျွန်မ..ကျွန်မ ရှင်နဲ့ဆွေးနေချင်တာတစ်ခုရှိတယ်”

ရှစ်လင်ရို့သူမ၏နှုတ်ခမ်းအားဖွင့်ဟလာချိန်တွင် သူမ၏စကားလုံးတို့က အနည်းငယ်တုန့်ဆိုင်းနေသည်။

ရှစ်လင်ရို့အနေဖြင့် မတူညီသော လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပုံရသည်။ ဤတစ်ကြိမ်လုံးပြောင်းလဲမှုမရှိတည်ငြိမ်နေခဲ့သော်လည်း ယခုသူမက နှစ်လိုဖွယ်ကောင်းသော မိန်းကလေးတစ်ဦးကဲ့သို့ပြုမူနေ၏။ ဤအမျိုးသမီးရုတ်တရက်သူ့အား

မျက်နှာချင်းဆိုင်ပြီး ဤကဲ့သို့ဖြစ်လာသည်ကို တွေ့ရသောအခါတွင်ရှစ်ဖုန့်ကတွေးလိုက်သည်။ သူမ သူ့အား နှစ်သက်နေသည်လော။

ထို့နောက် ရှစ်ဖုန့်က မျက်နှာထက်ရှိနားလည်ရခက်နေသော

ဟန်ပန်တစ်ခုဖြင့် မေးလိုက်သည်။

“ဘာကိစ္စလဲ”

ရှစ်လင်ရို့တစ်ယောက်သူမပြောချင်သောစကားလုံးများအားတွေးမိသောအခါတွင် ပို၍ ဆွံ့အလာသည်။ ထို့အပြင် သူကအမျိုးသမီးတစ်ဦးဖြစ်နေပြီး ဤစကားများကသူမ၏နှုတ်ခမ်းဝမှ

ထွက်လာခြင်းဖြစ်သည်။

သို့သော် သုံးဘဝဂိုဏ်းတစ်ခုလုံးအတွက်အလို့ငှာ ရှစ်လင်ရို့သူမ၏နှလုံးသားကို တင်းလိုက်လိုက်ပြီးအရှက်မဲ့စွာဖြင့် ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျွန်မ ရှင်နဲ့အိမ်ထောင်ပြုချင်တယ်”

“ဒီသခင်လေးနဲ့အိမ်ထောင်ပြုချင်တယ်…မင်းကဒီသခင်လေးကိုလက်ထပ်ချင်တာလား”

ဤအမျိုးသမီး၏ဤကဲ့သို့ တဲ့တိုးပြောဆိုမှုအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် ကြက်သေသေသွားရသည်။ သူမကသူ့အားနှစ်သက်သဘောကျနေသည်ဟုသူယူဆထားခဲ့သော်လည်း သူမ၏ပါးစပ်မှထွက်လာသော ဤစကားများအားကြားလိုက်ရချိန်တွင် သူ တုန်လှုပ်အံ့အားသင့်ရဆဲဖြစ်သည်။

“အင်း”

ရှစ်ဖုန့်၏တိုက်ရိုက်စကားများအားကြား

ရသောအခါတွင် ရှစ်လင်ရို့၏မျက်နှာလေးကနီရဲနေနှင့်ပြီးဖြစ်သည်။ သူမ၏ခေါင်းလေးကိုငုံ့ထားပြီး ငြင်သာစွာငြိမ့်လိုက်၏။

ထို့နောက်ရှစ်ဖုန့်က သူ့ရှေ့ရှိ မျက်စိပသာဒရှိစွာ ကျတ်သရေရှိတင့်တယ်သော အမျိုးသမီးကိုစိုက်ကြည့်လိုက်သည်။

ဤကိစ္စကအပေါ်ယံမြင်တွေ့ရသလောက်

ရိုးရှင်းခြင်းမရှိဟုသူခံစားရ၏။ သူကမေးလိုက်သည်။

“ဘာလို့လဲ”

ရှစ်လင်ရို့ကခေါင်းငုံ့ထားချိန်တွင် ရှစ်ဖုန့်ကသူမ၏စကားကြောင့်ပြုံးနေသည်။

သို့သော် ရှစ်ဖုန့်ပြုံးသည့်အပြုံးက ခါးသက်သောအပြုံးဖြစ်သည်။

ထို့နောက်လိုက်ပါ၍ ရှစ်လင်ရို့ကသူမ၏ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်ပြီး ရှစ်ဖုန့်ကိုထပ်မံကြည့်လိုက်သည်။

“ရှင့်ရဲ့စွမ်းအားနဲ့ ပါရမီက ကျွန်မဘဝတစ်လျှောက်မြင်တွေ့ဖူးသမျှလူ

တွေထဲမှာ ပြိုင်ဘက်ကင်းပဲ. အဲ့ပါရမီရှင်လို့ခေါ်ကြတဲ့သူတွေကရှင့်ရဲ့

ရှေ့မှာဆိုရင်ဘာမှမဟုတ်ဘူး”

“သုံးဘဝဂိုဏ်း၏ မြင့်မြတ်သမီးပျိုတစ်ဦးအနေနဲ့ ကျွန်မဟာ သုံးဘဝဂိုဏ်းအတွက် သန်မာတဲ့ယောက်ျားတစ်ယော်ကိုရှာဖွေရမဲ့ ဝတ္တရားရှိတယ်.. ကျွန်မတို့ရဲ့သုံးဘဝဂိုဏ်းကိုကာကွယ်နိုင်ဖို့ပေါ့..အခုချိန်မှာ ကျွန်မတို့သုံးဘဝဂိုဏ်းက အားကောင်းတဲ့ရန်သူတစ်ယောက်ကိုရင်ဆိုင်နေရတယ်”

“ဟားဟား”

ရှစ်လင်ရို့၏စကားများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ မင်းက လင်ယောက်ျားတစ်ယောက်ရှာနေတယ်လို့ပြောရမှထက် တိုက်ခိုက်သူတစ်ယောက်ကို ရှာနေတယ်လို့ပြောတာကမှပိုကောင်းမယ်”

“အဲ့လိုမျိုးပါပဲ”

ရှစ်လင်ရို့ကရှစ်ဖုန့်အားကြည့်လိုက်ပြီး ရိုးသားစွာခေါင်းညိမ့်လိုက်သည်။ထို့နောက်သူမကပြောလိုက်၏။

“ရှင်သာဆန္ဒရှိရင် ..ကျွန်မကိုရမှာပါ..အခုကစပြီး ကျွန်မရှင့်ကိုချစ်ဖို့ကြိုးစားပါ့မယ်.. ရှင်ကအရမ်းကို အံ့ဖွယ်ကောင်းတဲ့သူပဲလေ. အနာဂတ်မှာ ကျွန်မရှင့်ကိုချစ်နိုင်မယ်လို့ကျွန်မယုံတယ်”

“အချစ်ဆိုတာဘာလဲရောမင်းသိရဲ့လား”

ရှစ်ဖုန့်က ရှစ်လင်ရို့အားပြန်မေးလိုက်သည်။

ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။

“ သွားစို့..အချိန်ထပ်မဖြုန်းနဲ့တော့.. လမ်းကိုဦးဆောင်”

“ကောင်းပြီ..”

ရှစ်လင်ရို့ကခေါင်းညိမ့်လိုက်သည်။ သို့သော် သူမကရှစ်ဖုန့်ဘက်လှည့်ပြီးပြောလိုက်၏။

“ရှင်..ဒါကို စဉ်းစားလို့ရတယ်နော်”

“မလိုဘူး. ဒီသခင်လေးမှာ ချစ်ရသူရှိပြီးသား. “

ရှစ်ဖုန့်ကလျှင်မြန်စွာပြန်ဖြေလိုက်သည်။

သူ၏စိတ်ထဲတွင် အရှေ့ပိုင်းဒေသကြီး၌ သူပြန်အလားအားစောင့်ဆိုင်းနေသော လှပသည့်အဖြူရောင်ပုံရိပ်လေးတစ်ခု

ပေါ်လာသည်။

………………………………….

တစ်ချိန်တည်းမှာပင် ရှေးဟောင်းကမ္ဘာအတွင်းရှိ ရှစ်ဖုန့်ဆင်းသက်ခဲ့သော တောင်ငယ်လေး၏အထက်၌ အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူပေါင်းသုံးရာကျော်တို့ရောက်ရှိလာသည်။

ပထမအကြီးအကဲ ရှစ်ယင်၏လက်ထဲရှိ ဆန်းကြယ်အလောင်းမှန်က တောင်တန်းတောအုပ်အတွင်းသို့ သိပ်သည်းသော မီးခိုးဖြူရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

မီးခိုးဖြူရောင်အလင်းပြန်လည်ဆုတ်ခွာလာသောအခါတွင် အစိမ်းရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ့

တစ်ဦးပါလာသည်။

ယွဲ့ရှောက်ချုံးတစ်ယောက်တောအုပ်အ

တွင်းရှိနေစဉ်တွင် မီးခိုးဖြူရောင်အလင်းတစ်ခုက သူ၏အပေါ်၌လင်းလက်လာသည်။ သူ၏မျက်နှာထက်ရှိ တွေဝေနေသော အမူအယာတစ်ခုနှင့်အတူ သူ၏ကိုယ်ကထိန်းချုပ်ရမရနိုင်တော့ဘဲ ကောင်းကင်ထဲသို့ပျံတက်သွားသည်။

သို့သော် တောအုပ်အထက်ရှိ ကောင်းကင်ထဲသို့ယွဲ့ရှောက်ချုံးမော့ကြည့်

လိုက်သောအခါတွင် မျက်နှာများကသေလုအောင်ဖြူဖျော့နေသော ပုံရိပ်ရာပေါင်းများစွာနှင့် ရှေ့မှဦးဆောင်လာသောခရမ်းရောင်ဝတ်ရုံ

နှင့်လူငယ်တို့အားမြင်တွေ့လိုက်ရသောအခါတွင် သူ၏နှလုံးခုန်သံတို့မြန်သွားပြီး သူ၏ မျက်လုံးတို့က တုန်လှုပ်စွာဖြင့်ပြူးကျယ်လာသည်။

ဤသည်ကား လက်စားချေရန်အတွက်အလို့ငှာ အနက်ရောင်အလောင်းဂိုဏ်းမှလူငယ်ဦးဆောင်လာသော အနက်ရောင်လောင်းဂိုဏ်း၏ ကျင့်ကြံသူများဖြစ်သည်။

မူလက ရှစ်ဖုန့်သာသူ့အနားရှိနေလျှင် ယွဲ့ရှောက်ချုံးအနေဖြင့်၎င်းတို့အားရင်ဆိုင်ရလွယ်ကူလိမ့်မည်ဖြစ်သည်။ သို့သော်ယခုကသူတစ်ယောက်တည်းဖြစ်၏။

ရှစ်လင်းက မီးခိုးဖြူရောင်အလင်းတန်းအတွင်းမှ ဖြည်းဖြည်းချင်းမြင့်တက်လာသော အစိမ်းရောင်ပုံရိပ်ကို အေးစက်စွာစိုက်ကြည့်နေသည်။ ယွဲ့ရှောက်ချုံးသူ၏ရှေ့သို့ ရောက်ရှိလာသောအခါတွင် ရှစ်လင်းကသူ၏ ညာလက်ကိုလှမ်းလိုက်ပြီး ယွဲ့ရှောက်ချုံး၏လည်ပင်အားအတင်းအကျပ်ဆုပ်ကိုင်လိုက်ကာ ယွဲ့ရှောက်ချုံး၏ကိုယ်ကို မီးခိုးဖြူရောင်အလင်းတန်းအတွင်းမှ ဆွဲထုတ်လိုက်သည်။

ထို့နောက် ရှစ်လင်က ယွဲ့ရှောက်ချုံး၏လည်ပင်းကိုအတင်းဆုပ်

ကိုင်လိုက်၏။ သူ၏သေလုအောင်ဖြူဖျော့နေသောမျက်နှာထက်တွင်ခက်ထန်သောအမူအယာတစ်ခုပေါ်လာပြီး ယွဲ့ရှောက်ချုံးအား အေးစက်စွာ အော်ပြောလိုက်သည်။

“မင်းမသေချင်ဘူးဆိုရင်. ငါ့ကိုမြန်မြန်ပြောစမ်း. အဲ့ခွေးမသား ဘယ်ကိုသွားလဲ”

“အား..အူး”

ယွဲ့ရှောက်ချုံးတစ်ယောက် စကားပြောချင်သကဲ့သို့ ရှစ်လင်း၏ဆုပ်ကိုင်မှုမှ အားစိုက်ကာအပြင်းအထန်ရုန်းကန်နေ၏။သို့သော်ရှစ်လင်း ၏ တင်းကျပ်စွာဆုပ်ကိုင်ထားမှုကသူ၏အသံ

အားအကြွင်းမဲ့တားဆီးထားသည်။

ရှစ်လင်းကယွဲ့ရှောက်ချုံးစကားပြောချင်

နေသည်အားတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံး၏ လည်ပင်းထံမှ သူ၏ဆုပ်ကိုင်မှုကိုဖြေလျော့ပေးလိုက်သည်။

“ဟူး..ဟူး..ဟူး”

ယွဲ့ရှောက်ချုံးတစ်ယောက် အသက်ရှူကျပ်မှုကိုခံစားနေရချိန်တွင် ရှစ်လင်း၏ဖြေလျော့ပေးမှုကို အခွင့်အရေးရယူပြီး လတ်ဆတ်သောလေတို့အား ပါးစပ်အပြည့် ရှူသွင်းလိုက်သည်။ နောက်ဆုံးတွင် သူအသက်ရှူ၍ရပြီဖြစ်သည်။

“မြန်မြန်ပြောစမ်း”

ယွဲ့ရှောက်ချုံးစကားမပြောဘဲရှိနေသေးသည်ကိုတွေ့ရသောအခါတွင် ရှစ်လင်း၏ခက်ထန်သောမျက်နှာထက်၌ စိတ်မရှည်မှုတစ်ခုဖြစ်ပေါ်လာပြီး ယွဲ့ရှောက်ချုံးအားထပ်မံအော်ပြောလိုက်သည်။

“ဟားဟား..ဟားဟားဟား”

ရှစ်လင်း၏ စကားတို့အားကြးသောအခါတွင် ယွဲ့ရှောက်ချုံးကတစ်ယောက်ရုတ်တရက် ပေါက်ကွဲစွာရယ်မောလိုက်သည်။

သူ၏ပုံစံကထျန်းဟန်တိုက်ကြီးပေါ်ရှိ အရယ်ရဆုံးသော ပျက်လုံးတစ်ခုကိုကြားလိုက်ရသကဲ့

သို့ပင်ဖြစ်သည်။

“ငါ့ကိုဘယ်လိုလူစားမျိုးလို့မင်းကထင်နေတာလဲ. ငါယွဲ့ရှောက်ချုံးက ငါ့ရဲ့သူငယ်ချင်းတွေနဲ့ညီအကိုတွေအ

ပေါ်မှာသစ္စာဖောက်မဲ့လူစားမျိုးလို့မင်းကထင်နေတာလား”

“မင်း..မင်းကတော့သေချင်နေတာပဲ”

All Chapters