အခန်း (၇၄၃)
Vol. 50 Ch. 743
“မင်းတော့သေချင်နေတာပဲ”
ရှစ်လင်းတစ်ယောက် ယွဲ့ရှောက်ချုံး၏ ဟက်ဟက်ပက်ပက်ရယ်မောသံကိုကြားရပြီး ညီအကို ကဲ့သို့အကြောင်းအရာအားကြား
ရသောအခါတွင် ဒေါသထွက်သွားသည်။ ယွဲ့ရှောက်ချုံး၏လည်ပင်းအားတင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
“ဟမ့်. အမှိုက်ကောင်ကများ.. အခုမင်းကဒီသခင်လေးရဲ့လက်ထဲကိုကျ
လာပြီဆိုမှတော့ မင်းပေတေခေါင်းမာနေတာကို ဒီသခင်လေးကကြောက်နေမှာမဟုတ်ဘူး. “
ရှစ်လင်းက ယွဲ့ရှောက်ချုံးအား အေးစက်စွာပြောလိုက်သည်။ ထို့နောက် ယွဲ့ရှောက်ချုံး၏လည်ချောင်းအားဆုပ်
ကိုင်ထားသော သူ၏ညာလက်မှ မီးခိုးဖြူရောင်အလောင်းချီတို့ ရုတ်တရက်ထွက်ပေါ်လာသည်။
ဤအချိန်တွင် ထွက်ပေါ်လာသော မီးခိုးဖြူရောင် အလောင်းချီတို့က ယွဲ့ရှောက်ချုံးလည်ချောင်း၏ အရေပြားအတွင်းသို့တစ်ဟုန်ထိုးဝင်ရောက်
သွားသည်။သူ၏မျက်နှာကထုံးဖြူတို့ ပေကျံသကဲ့သို့ ရုတ်ခြည်း မီးခိုးဖြူရောင်အဖြစ်ပြောင်းလဲသွားသည်။
“အား..အား..အား”
ရုတ်ခြည်း ယွဲ့ရှောက်ချုံး၏တစ်ကိုယ်လုံး၌ဖော်ပြနိုင်စွမ်းငှာမတက်နိုင်သော သက်တောင့်သက်သာမဖြစ်လှသည့် ခံစားချက်တို့ ပြည့်နှက်လာသည်။ ဤအချိန်တွင် ယွဲ့ရှောက်ချုံးတစ်ယောက်သေသည်ထက်ပင်ပို၍ ဆိုးရွားမှုတို့ကိုခံစားနေရသည်။
“ဟမ့်. မင်းလိုမျိုးအမှိုက်တစ်ကောင်အပေါ်မှာ အလောင်းအဆိပ်ကို အများကြီးအားထုတ်သုံးစွဲရမယ်လို့ဒီသခင်လေးမမျှော်လင့်ဘူး. အလောင်းအဆိပ်တွေမင်းတစ်ကိုယ်လုံး
ကိုပြန့်နှံ့သွားတာနဲ့ မင်းအနေနဲ့ ဂုဏ်ယူစွာနဲ့ဒီသခင်လေးရဲ့ အလောင်းကျွန်တစ်ယောက်ဖြစ်လာလိမ့်မယ်”
…………………………..
အုံ့စိုင်းနေသောတောအုပ်အတွင်းတွင် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့က အနီရောင်ကျောက်နံရံတစ်ခု၏ရှေ့သို့
ရောက်လာကာ ၎င်းအားစိုက်ကြည့်နေသည်။
ဤအချိန်တွင် ကျောက်နံရံထက်၌ ဆန်းကြယ်ပြီး တွန့်လိမ်နေသော ရှေးဟောင်းစာလုံး တစ်ခုရှိနေသည်။ ၎င်းကတောက်ပသော အနီရောင်ကိုထုတ်လွှတ်နေပြီးကျောက်နံရံထက်၌ အနီရောင်မီးလုံးတစ်လုံး လောင်ကျွမ်းနေသကဲ့သို့ပင်ဖြစ်သည်။
ဤစာလုံးက ရှစ်ဖုန့်ယခင်ကမြင်တွေ့ခဲ့သော ရှေးဟောင်းစာလုံးနှင့် ခြားနားသော်လည်း အလားသဏ္ဍန်တူသည်ဖြစ်သည်။ ရှစ်ဖုန့်က ၎င်း၏ခေါင်းအားမလှည့်ခင် ခဏမျှစိုက်ကြည့်လိုက်ပြီး ရှစ်လင်ရို့ကိုပြောလိုက်သည်။
“ကောင်းပြီ.. နောက်တစ်နေရာကိုသွားကြစို့”
“ရှင်ဒါကို ထပ်ပြီး အရမ်းမြန်မြန်ဆန်ဆန်မှတ်လိုက်တာလား”
ရှစ်လင်ရို့မှာ ရှစ်ဖုန့်၏ ပုံမှန်မဟုတ်သောအပြုအမူတို့နှင့်ဖြည်းဖြည်းချင်းအသားကျလာပြီး ယခင်ကကဲ့သို့တုန်လှုပ်အံ့အားသင့်ခြင်းမရှိတော့ပေ။
“အင်း.ဒီသခင်လေးအဲ့တာကိုမှတ်သားပြီးပြီ”
ရှစ်ဖုန့်ကစကားပြောရင်း သူ၏ညာလက်ဖဝါးအားရှစ်လင်ရို့ထံသို့ဆန့်ထုတ်လိုက်သည်။ ဆန်းကြယ်သောအဖြူရောင်စာလုံးတစ်ခုက ရှစ်ဖုန့်၏လက်ဖဝါးပေါ်၌ချက်ချင်းပေါ်လာသည်။
“ကောင်းပြီ”
ရှစ်လင်ရို့က ရှစ်ဖုန့်၏လက်ဖဝါးထက်မှစာလုံးအားကြည့်၍ ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။
ထို့နောက်သူမကလှည့်လိုက်ပြီး ရှေ့သို့ညွှန်ပြလိုက်သည်။
“ဒီနေရာမှာ စုစုပေါင်းရှေးဟောင်းစာလုံးသုံးလုံးကိုကျွန်မရှာတွေ့ခဲ့တယ်.. နောက်ဆုံးတစ်ခုကအဲ့ဘက်မှာပဲ”
“ကောင်းပြီ..သွားကြစို့”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။
အကယ်၍သူသာဤတောအုပ်အတွင်းမှရှေးဟောင်းစာလုံးသုံးလုံးကိုရရှိခဲ့လျှင် သူ့အနေဖြင့်ရှေးဟောင်းစာလုံးလေး
ခုရရှိပိုင်ဆိုင်မည်ဖြစ်သည်။
အာဒိကပ္ပရုန်းများာအး သူပို၍ရှိလေ ကောင်းကင်ဘုံ မိုးကြိုးဓားပညာရပ်အား ပြည့်စုံအောင် သူ ပြုလုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ ပို၍ စွမ်းအားကြီးမားသော တိုက်ခိုက်ရေး ပညာရပ်များကိုလည်းသူ ဆင်ခြင်နားလည်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
ရှေးခေတ်နတ်ဘုရားများ၏လျှို့ဝှက်ချက်များ
ကိုလည်းသူစပ်စုနိုင်သည်ဖြစ်ကောင်း
ဖြစ်လိမ့်မည်ဖြစ်သည်။
ဤနေရာတွင် ရှစ်ဖုန့်အနေဖြင့် တောင်တန်းနှင့်တောအုပ်များကိုဂရုတစိုက်နှင့်ဖြတ်သန်းသွားလိုပြီး နေရာတစ်ခုမကျန်ရစ်စေကာ ဤနေရာ၌ ရှေးခေတ်၏ စာလုံးအားလုံးကိုရှာဖွေလိုသည်ဖြစ်သည်။
………………………….
“ဂါး..ဂါး..ဂါး..ဂါး..”
အနက်ရောင်အလောင်းဂိုဏ်းရှိရာ တောင်ငယ်လေး၏ကောင်းကင်ထက်တွင် အစိမ်းရောင်အဝတ်အစားတို့ရှိမနေတော့သော ယွဲ့ရှောက်ချုံး၏မျက်နှာကလူသေတစ်ယောက်ကဲ့သို့ပြောင်းလဲနေသည်။
သူကသားရဲတစ်ကောင်ကဲသို့ထပ်တလဲလဲ
အော်ဟစ်နေ၏။ ဤအချိန်တွင် ယွဲ့ရှောက်ချုံးမှာသူ၏စိတ်အားလုံးဝဆုံးရှုံးလိုက်ရပုံပေါ်သည်။ သူက လူသားမကျတစ္ဆေမကျသော မွန်းစတားတစ်ကောင်အဖြစ်ကျဆင်းသွားသည်။
ယွဲ့ရှောက်ချုံး၏လက်ရှိအခြေအနေအားကြည့်ရင်း ရှစ်လင်းက သူ၏ခေါင်းကိုလှည့်လိုက်ပြီး ပထမအကြီးအကဲဖြစ်သူ ရှစ်ယင်ကို ပြောလိုက်သည်။
“ဒုတိယဦးလေး. ဒီအမှိုက်ကို အလောင်းကျွန်အဖြစ်ကျွန်တော်သန့်စင်ပြီးပြီ.. အဲ့သူတောင်းစားလေးဘယ်မှာရှိလဲဆိုတာကိုသူတွေးအောင်ကျွန်တော်လုပ်လိုက်မယ်. ကျေးဇူးပြုပြီး ဆန်းကြယ်အလောင်းမှန်ကို သုံးပေးပါ”
“ကောင်းပြီ”
ရှစ်ယင်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှအနက်ရောင်အလောင်းမှန်က ကောင်းကင်ထဲသို့ထပ်မံထိုးတက်သွားသည်။ ထို့နောက်တွင် ယွဲ့ရှောက်ချုံး၏ခေါင်းထက်၌ မီးခိုးဖြူရောင်အလင်းတန်းတစ်ခုလင်း
လက်လာသည်။
ထို့နောက်ပုံရိပ်သုံးခုက ဆန်းကြယ်အလောင်းမှန်ပေါ်တွင်ပေါ်လာသည်။ တစ်ခုက အစိမ်းရောင်ဖြစ်ပြီး အခြားနှစ်ခုက အဖြူရောင်ဖြစ်သည်။ သူတိုက ယွဲ့ရှောက်ချုံး၊ ရှစ်ဖုန့်နှင့် ရှစ်လင်ရို့တို့ဖြစ်ကြသည်။
ထို့နောက် လူသုံးယောက်ကြားရှိအပြန်အလှန်စကား
ပြောမှုအားဆန်းကြယ်အလောင်းမှန်က ရှင်းလင်းစွာကူးပြောင်းပြီး အောက်ဘက်ရှိအနက်ရောင်အလောင်းဂိုဏ်းမှ လူများ၏နားထဲသို့ပို့ပေးသည်။ ဆန်းကြယ်အလောင်းမှန်၌ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေသောမြင်ကွင်းများမှာ ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
နောက်ဆုံးတွင် ရှစ်ယင်က ဆန်းကြယ်အလောင်းမှန်အားသူ၏ လက်အတွင်းပြန်သိမ်းလိုက်သည်။ သူ၏အကြည့်က အောက်ဘက်ရှိတောင်ငယ်လေး၏ထိပ်ဖျား
မှမြင့်မားသော သစ်ပင်ကြီးပေါ်သို့ကျရောက်သွားသည်။
ရှစ်ယင်ကပြောလိုက်သည်။
“ဒီသစ်ပင်ကတစ်ခြားနေရာကိုဝင်တဲ့ဝင်ပေါက်တစ်ခုဖြစ်နေမယ်လို့ငါမမျှော်လင့်ထားဘူး. အနက်ရောင်အလောင်းဂိုဏ်းက ဒီရှေးဟောင်းအမွေအနှစ်ထဲမှာရှိနေခဲ့တာ နှစ်တွေအများကြီးရှိပြီ လူတွေအများကြီးဒီထဲကိုဝင်လာခဲ့ပေမဲ့ ဘယ်သူကမှ ဒါကိုရှာမတွေ့ခဲ့ဘူး”
ထို့နောက်ရှစ်ယင်ကသူ့ဖာသာသူရေရွတ်ပြောလိုက်သည်။
“ အဲ့အမျိုးသမီးက အထဲမှာရှေးခေတ်က စာလုံးတွေကိုရှာတွေ့လိမ့်မယ်လို့ငါမ
မျှောင်လင့်ထားခဲ့ဘူး”
ဤအချိန်တွင် ရှစ်လင်းက သူ၏ခေါင်းကိုရှစ်ယင်ထံသို့လှည့်လိုက်ပြီး ပြောလိုက်သည်။
“ဒုတိယဦးလေး. အခု အဲ့သူတောင်းစားလေးကအဲ့နေရာကိုဝင်သွားတာမလို့ အဲ့လူတွေကြားထဲက အပြန်အလှန်ပြောဆိုမှုအရဆိုရင်လူ
တစ်ယောက်ဟာအဲ့နေရာကိုဝင်ဖို့အတွက် ဒီသစ်ပင်ထဲကဝင်ပေါက်ကို ဝိညာဉ်စွမ်းအားနဲ့အာရုံခံနိုင်မှရမှာပဲ”
“ကျွန်တော်တို့အလောင်းဂိုဏ်းက အလောင်းစွမ်းအားကိုကျင့်ကြံကြပေမဲ့ ဘယ်သူကမှ ဝိညာဉ်စွမ်းအားကိုမကျင့်ကြံဖူးဘူး. ကျွန်တော်တို့ဘာလုပ်သင့်လဲ”
“စိတ်မပူနဲ့”
ရှစ်ယင်၏လူသေကဲ့သို့မျက်နှာက ၎င်း၏ခြားနားမှုမရှိခြင်းကိုပြန်လည်ရရှိနေပြီး ရှစ်လင်းကိုပြောလိုက်သည်။
“အဲ့နေရာကိုဝင်နိုင်တဲ့ဝင်ပေါက်က ဒီနေရာတစ်ခုတည်းမှာပဲရှိတာ. ဒီနေရာကိုတို့တွေစောင့်ကြပ်ပြီး ဆန်းကြယ်အလောင်းအစီအရင်ကို ခင်းကျင်းမယ်. သူတို့ထွက်လာတဲ့အခါကြရင် သူတို့ကိုအားထုတ်စရာမလိုဘဲ ဖမ်းလို့ရနိုင်လိမ့်မယ်”
“အဲ့အချိန်ကြရင် သူတို့အထဲမှာရလာတဲ့အရာမှန်သမျှကငါတို့ဟာတွေကြီးပဲ”
“ဟုတ်သား. ကျွန်တော်ဘာလို့အဲ့တာကိုမတွေးမိတာပါလိမ့်”
ရှစ်ယင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်လင်းသဘောပေါက်စွာဖြင့်ရယ်မောလိုက်သည်။
“အဲ့အချိန်ကြရင် ငါတို့တွေအဲ့သူတောင်းစားလေးကိုဖမ်းပြီး နှိပ်စက်နိုင်ရုံတင်မကဘူး. အထဲမှာသူရခဲ့သမျှအရာအားလုံးကလည်း
ငါတို့နဲ့သက်ဆိုင်တာတွေပဲဖြစ်မှာ.. သူကလက်သင့်မခံနိုင်ရင်တောင် အနက်ရောင် အလောင်းဂိုဏ်းရဲ့ရှေ့မှာ သူဘာလုပ်နိုင်မှာမို့လဲ”
“ဟားဟာ..ကောင်းတယ်..ကောင်းတယ်.ကောင်းတယ်”
ဤအရာအားတွေးမိသောအခါတွင် ရှစ်လင်း ထပ်မံစတင်စိတ်လှုပ်ရှားလာသည်။ သူက ထိုအဖြူရောင်ပုံရိပ်ပေါ်အလာအား ပို၍ ပို၍စောင့်မျှော်နေ၏။
ရှစ်ယင်၏ဦးဆောင်မှုအောက်တွင် အနက်ရောင်အလောင်းဂိုဏ်းမှကျန်ရှိသူများက အနက်ရောင်အလောင်းဂိုဏ်း၏ ပထမအစီအရင်ဖြစ်သော ဆန်းကြယ်အလောင်းအစီအရင်ကို စတင်ခင်းကျင်းလိုက်သည်။
ဤကမ္ဘာငယ်လေးအား ဆန်းကြယ်အလောင်းဂိုဏ်း ၏ ရှောင်လွှဲ၍မရနိုင်သောပိုက်ကွန်တစ်ခုကဲ့သို့ အခင်းအကျင်းတစ်ခုကလျှင်မြန်စွာဖုံး
လွှမ်းသွားသည်။ သူတို့လုပ်ဖို့လိုအပ်သည့်တစ်ခုတည်းသောအရာက ဆန်းကြယ်သောနေရာသို့ဝင်ရောက်သွား
သည့်လူများပြန်ထွက်အလာကိုစောင့်ဆိုင်း
ခြင်းသာဖြစ်သည်။
“ဟင့်အင်း.မကောင်းတော့ဘူး”
အုံ့မှိုင်းနေသောတောအုပ်အတွင်းတွင် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့ တတိယမြောက်စာလုံး တည်ရှိရာနေရာသို့ရောက်ကာနီးတွင် ရှစ်လင်ရို့ကသူမ၏လမ်းကြောင်းအား အလျှင်အမြန်ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာထက်၌ လွန်စွာထိတ်လန့်တုန်လှုပ်သောအမူအယာ
တစ်ခုဖြစ်ပေါ်လာသည်။
ရှစ်လင်ရို့ကသူမ၏ခေါင်းအားမော့လိုက်ပြီး ရှစ်ဖုန့်အားကြောက်လန့်မှုတို့ပြည့်နှက်နေသော
မျက်နှာဖြင့်ပြောလိုက်သည်။
“ကျွန်မတို့ကို အရမ်းစွမ်းအားကြီးတဲ့နတ်ဆိုးသားရဲတစ်ကောင်
ပစ်မှတ်ထားတာခံနေရပြီ.. ရှင်ပြောပုံအရဆိုရင် ရှင်အစောပိုင်းကသတ်ခဲ့တဲ့နတ်ဆိုးသားရဲတွေအားလုံးက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်တွေကြီးပဲ.. ဒါဆိုရင် ဒီနတ်ဆိုးသားရဲရဲ့အော်ရာအက အဲ့တာက ဧကရာဇ်နယ်ပယ်ထဲကိုဝင်ရောက်နေလောက်ပြီ. ကျွန်မ..ကျွန်မတို့အန္တရာယ်ထဲကျရောက်နေပြီ”
တကယ်တော့ရှစ်လင်ရို့မပြောလျှင်ပင် ရှစ်ဖုန့်က သူတို့၏အထက်မှနတ်ဆိုးသားရဲတစ်ကောင်ပျံသန်းလာပြီးသူတို့အပေါ်သိုမျက်လုံးများကျရောက်
နေသည်ကိုအာရုံခံမိပြီးဖြစ်သည်။
၎င်းမှာတကယ်ကို ဧကရာဇ်နယ်ပယ်အစောပိုင်းနတ်ဆိုးသား
ရဲတစ်ကောင်ဖြစ်သည်။ လူသားတစ်ယောက်၏ ဧကရာဇ်နယ်ပယ်နှင့်နှိုင်းယှဉ်ရလျှင် ၎င်းက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်နှင့်ညီမျှသည်ဖြစ်သည်။
ယခုသူ၏ကိုယ်ရှိငရဲဘုံကိုးခုစွမ်းအင်တို့က ပြည့်လုနီးပါးအခြေအနေသို့ရောက်ရှိနေသည်ကို ရှစ်ဖုန့်ခံစားမိသည်ဖြစ်သည်။ အကယ်၍သူသာအဆင့်ကိုးဧကရာဇ်နယ်ပယ်နတ်ဆိုးသားရဲတစ်ကောင်ကိုသတ်ခဲ့လျှင် သူ့အနေဖြင့်ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်ကိုချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်၏ခံစားချက်က ကူကယ်ရာမဲ့စွာဖြင့် သေလုအောင်ကြောက်လန့်နေသော ရှစ်လင်ရို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။