← Chapters

အခန်း (၇၄၄)

Vol. 50 Ch. 744

အခန်း (၇၄၄)

Vol. 50 Ch. 744

“ဂါး..ဂီး...ဂါး.ဂါး..ဂါး..ဂါး..”

ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့၏အထက်လေထဲတွင် တွင် ခွေးဦးခေါင်းသုံးလုံးနှင့် ဧကရာဇ်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ပေါ်လာသည်။၎င်းအား မျက်စိကျိန်းလောက်စရာ အနီရောင်းမီးတောက်တို့ဖုံးလွမ်းထားပြီး ဧရာမခန္ဓာကိုယ်ကြီးတစ်ခုရှိ၏။

၎င်းက ကျယ်လောင်သော အော်သံများကိုဆက်တိုက်အော်ဟစ်နေသည်။ တောအုပ်အတွင်း အားကောင်းသောလေပြင်းများတိုက်ခတ်လာပြီး မြေပြင်မှာလှုပ်ခါလာသည်။ လွန်စွာပူလောင်သောအော်ရာတစ်ခုက အောက်သို့ထိုးဆင်းလာ၏။

“ဒဏ္ဍာရီလာ ရှေးခေတ်နတ်ဆိုးသားရဲဖြစ်တဲ့ ခေါင်းသုံးလုံး ငရဲနတ်ဆိုးအမဲလိုက်ခွေးကနေဆင်းသက်

လာတဲ့မျိုးဆက်လား”

ရှစ်ဖုန့်က ကောင်းကင်ထဲရှိ ခေါင်းသုံးလုံးငရဲအမဲလိုက်ခွေးအား စိုက်ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

ရှစ်ဖုန့်၏ဘေး၌ရှိသော ရှစ်လင်ရို့မှာ နတ်ဆိုးသားရဲ၏ခြိမ်းခြောက်နိုင်သောအော်ရာအောက်၌ ထိန်းချုပ်၍မရနိုင်အောင် တုန်ယင်နေပြီးဖြစ်သည်။ ရှစ်လင်ရို့တစ်ယောက် ခေါင်းသုံးလုံးငရဲအမဲလိုက်ခွေး၏ စိန်းစိန်းဝါးဝါးကြည့်မှုအောက်၌ ခွန်းအားအနည်းငယ်မျှကိုပင် စုစည်းနိုင်ခြင်းမရှိပေ။ ထိုအရာက သူမလုံးဝခုခံနိုင်ခြင်းငှာတက်နိုင်စွမ်းမရှိသော တည်ရှိမှုတစ်ခုဖြစ်သည်။

ထိုထက်ပိုသည်ကား ယခုသူမအနေဖြင့်ထိုနတ်ဆိုးသားရဲ၏

ပစ်မှတ်ထားခြင်းကိုခံရသောကြောင့် ထွက်ပြေးလွတ်မြောက်ရန်ဖြစ်နိုင်ခြင်းမရှိပေ။

“ငါဘာလုပ်သင့်လဲ”

ဤအချိန်တွင် ရှစ်လင်ရို့တစ်ယောက် ရွေးချယ်စရာမရှိဘဲ အသက်ရှင်နိုင်ရန်အတွက် သူမ၏ မျှော်လင့်ချက်များအားလုံးကို ရှစ်ဖုန့်၏ အပေါ်၌သာပုံအောထားရသည်။ သို့သော် သူမ၏ခေါင်းအားရှစ်ဖုန့်ဘက်သို့လှည့်၍ကြည့်လိုက်သောအခါတွင် သူ၏မျက်နှာက ခြားနားမှုမရှိသည်ကို သူမတွေ့လိုက်ရသည်။

သူကသာမန်ခွေးတစ်ကောင်အားကြည့်နေသကဲ့သို့ ကောင်းကင်ထဲရှိခေါင်းသုံးလုံး အမဲလိုက်ခွေးအား ကြည့်နေသည်ဖြစ်သည်။

“သူကတကယ်ပဲအရမ်းအေးအေးဆေးဆေးနဲ့ စိတ်တည်ငြိမ်နိုင်တာလား. ..ဒီနတ်ဆိုးသားရဲကဘယ်လောက်သန်မာလဲဆိုတာကိုသူမသိတာလား.ဒါမှမဟုတ် သူကအဲ့အရာကိုတိုက်ခိုက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိနေတာလား”

ရှစ်လင်ရို့က တည်ငြိမ်နေသောရှစ်ဖုန့်အားကြည့်၍ သူမဖာသာသူမတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာပို၍ ပူလာပြီး တောအုပ်အတွင်းရှိအားကောင်းသော လေတို့ကလည်း ပို၍ ပို၍ ပြင်းထန်လာသည်။

အားကောင်းသောဖိအားတစ်ခုကရုတ်တရက် ကောင်းကင်ထက်မှဖိကျလာသည်။ ရှစ်လင်ရို့ကသူမ၏ အကြည့်အားရှစ်ဖုန့်ထံမှရုတ်သိမ်းလိုက်ပြီး သူမ၏ခေါင်းအား မပြေမပြစ် မော့လိုက်သည်။ ခေါင်းသုံးလုံး မီးတောက်အမဲလိုက်ခွေးက သူ့မထံသို့ ထိုးဆင်းလာပြီးဖြစ်သည်ကို တုန်လှုပ်စွာမြင်တွေ့လိုက်ရသည်။

“ဝေါင်း”

“ဟမ့်”

ခေါင်းသုံးလုံး ငရဲအမဲလိုက်ခွေးက သူ့ထံသို့ခုန်အုပ်လာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာမှုတ်လိုက်သည်။ ထို့နောက် သူ၏ညာလက်အားလက်သီးအဖြစ်ဆုပ်လိုက်ပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုးတက်လိုက်သည်။

“သူအဲ့တာတစ်ဟုန်ထိုးတိုက်ခိုက်နေတယ်”

ရှစ်လင်ရို့မှာ ကောင်းကင်ထဲရှိရှစ်ဖုန့်အားတွေ့လိုက်ရသောအခါတွင် အံ့အားသင့်စွာ ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်က ခေါင်းသုံးလုံးအမဲလိုက်ခွေး၏အောက်သို့ရောက်သွားသည်။

“ဝေါင်း”

ရှစ်ဖုန့်ကရှေ့သို့တစ်ဟုန်ထိုးဦးတည်လာသည်ကိုတွေ့ရသောအခါတွင် ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ ဦးခေါင်းသုံးလုံးက တစ်ချိန်တည်းတွင်ခက်ထန်စွာဟိန်းလိုက်သည်။ မီးတန်းသုံးခု က တစ်ချိန်တည်းတွင်ရှစ်ဖုန့်ထံသို့ ပစ်ဝင်လာသည်။

ရှစ်ဖုန့်၏ကိုယ်၌ အဖြူရောင်အလင်းတစ်ခု လင်းလက်တောက်ပလာပြီး သူ၏ညာလက်သီးကိုပစ်သွင်းလိုက်သည်။ ၎င်းကမီးတောက်များအတွင်းပေါက်ကွဲဝင်ရောက်သွားကာ ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ အလယ်ဦးခေါင်းထံသို့ ဦးတည်လိုက်သည်။

ထို့နောက် သူ၏ညာလက်သီးက ပြင်းထန်သောမီးတောက်များအား

ပစ်ဆောင့်သွားပြီး အပေါ်သို့ဆက်လက်ပျံတက်သွားသည်။ ခေါင်းသုံးလုံး အမဲလိုက်ခွေး၏ဦးခေါင်းနှစ်လုံး

မှမှုတ်ထုတ်လိုက်သောမီးတောက်နှစ်ခုက ရှစ်ဖုန့်၏အဖြူရောင်ကိုယ်အားထိမှန်သွားပြီး တစ်ခုလုံးကိုဝါးမျိုသွားသည်။

“သူ.. သူ့ကိုမီးတောက်တွေဝါးမျိုသွားပြီ”

အစောပိုင်းတွင်ရှစ်ဖုန့်၏လက်သီးက ပြင်းထန်သောမီးတန်းနှင့်ပစ်ဆောင့်သွားသည်ကို ရှစ်လင်ရို့တွေ့လိုက်ရသည်။ ရှစ်ဖုန့်ကသူ၏ခွန်အားအပြည့်အားထုတ်ဖော်လိုက်သည်ဟု သူမထင်ခဲ့၏။ သူမ၏ရှစ်ဖုန့်အပေါ်ယုံကြည်မှုက နည်းနည်းမြင့်တက်ခဲ့သည်။

သို့သော်ရှစ်ဖုန့်အားမီးတောက်တို့ကဝါးမျိုသွားသည်ကိုတွေ့ရသောအခါတွင် သူမ၏ယုံကြည်မှုကရုတ်ခြည်း

ပျောက်ကွယ်သွားရသည်။

“ဟမ်..မဟုတ်သေးဘူး. သူ့ရဲ့အော်ရာအဲ့မှာရှိနေသေးတယ်. သူမသေသေးဘူး”

ရှစ်လင်ရို့ကရုတ်တရက်အလန့်

တကြားပြောဆိုလိုက်ပြီး သူမ၏အကြည့်ကရှစ်ဖုန့်အားဝါးမျိုသွားသောပြင်းထန်သည့်မီးတောက်များပေါ်သို့

ကျရောက်နေသည်။ ဤအချိန်တွင် ခေါင်းသုံးလုံးအမဲလိုက်ခွေးထံမှ မီးတန်းသုံးခုက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ပို၍ပြင်းထန်သောမီးတောက်စွမ်းအားတစ်ခုကိုထုတ်လွှတ်နေသည်။

“ပျောက်ကွယ်စမ်း”

ဤအချိန်တွင် ရှစ်ဖုန့်ကလေထုအတွင်း အော်ပြောလိုက်သည်။ ရှစ်ဖုန့်၏အော်သံအောက်တွင် ပြင်းထန်သောမီးတောက်များမှာ ရုတ်ခြည်းချုပ်ငြိမ်းသွားပြီး ဘာသဲလွန်စမှကျန်ရစ်ခြင်း

မရှိပျောက်ကွယ်သွားသည်။

အလွန်လျှင်မြန်စွာဖြင့်ပင် ရှစ်လင်ရို့၏အကြည့်အောက်၌ လေထုအတွင်းရှစ်ဖုန့်၏အဖြူရောင်ပုံရိပ်ပေါ်လာသည်။

ဤအချိန်တွင်ရှစ်ဖုန့်က ခေါင်းသုံးလုံးအမဲလိုက်ခွေးထံသို့

ရောက်ရှိပြီးဖြစ်သည်။ ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ အလယ်ဦးခေါင်းအောက်တွင် ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟထားပြီး ပြင်းထန်သောမီးတောက်များ

တူညီစွာတောက်လောင်နေသည့် သွားစွယ်တန်းနှစ်ခုကိုလှစ်ဟာပြထားသည်။ ၎င်းကရှစ်ဖုန့်အားကြမ်းတမ်းခက်

ထန်စွာကိုက်ခဲလိုက်၏။

“အလကားကောင်”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီး သူ၏ ညာလက်သီးက မီးတောက်အမဲလိုက်ခွေး၏ ဦးခေါင်းထံသို့ပြင်းထန်စွာထိုးနှက်လိုက်သည်။

“ဘန်း”

လေထုအတွင်း၌ ပေါက်ကွဲသံတစ်ခု ရိုက်ခတ်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ထိုလက်သီးချက်ကြောင့်မီးတောက်အမဲလိုက်ခွေး၏ ဦးခေါင်းမှာ ရုတ်ခြည်းပေါက်ကွဲထွက်သွားသည်။

“ဝေါင်း..ဝေါင်း”

ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ဦးခေါင်းများမှာ ကိုယ်တစ်ခုတည်းတွင်ရှိနေခြင်းဖြစ်သည်။ အလယ်ရှိဦးခေါင်းကပေါက်ကွဲသွားသောအခါတွင် ဘယ်ဘက်နှင့်ညာဘက်ရှိ မီးတောက်အမဲလိုက်ခွေးဦးခေါင်းနှစ်ခုတို့က ဒေါသတကြီးနာကျင်မှုတို့ဖြင့်အော်ဟစ်လိုက်သည်။

ကျန်ရစ်နေသောခေါင်းနှစ်လုံးက ဒေါသအိုးပေါက်ကွဲသကဲ့သို့ ရှစ်ဖုန့်အားတစ်ချိန်တည်းတွင် ဦးတည်ကိုက်ခဲလိုက်သည်။

ရှစ်ဖုန့်က အမဲလိုက်ခွေး၏ ဦးခေါင်းအား ပေါက်ကွဲစေလိုက်ပြီးနောက်သူ၏

ညာလက်အားရုတ်တရက်လက်သည်း

အဖြစ်ဖွဲ့စည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘယ်လက်ကိုလည်းဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်လုံးအားလက်သည်းအဖြစ်ဖွဲ့စည်းကာ သူ့ထံသို့ ကြမ်းကြုတ်စွာကိုက်ခဲလာသော အမဲလိုက်ခွေးဦးခေါင်းနှစ်ခု၏မျက်နှာတို့အားဆုပ်ကိုင်လိုက်သည်။

“ဝေါင်း..ဝေါင်း..ဝေါင်း..ဝေါင်း..”

ရှစ်ဖုန့်လက်သည်းတို့ ၏ ရုတ်ခြည်းဆုပ်ကိုင်မှုကိုခံလိုက်ရသော မီးတောက်ဦးခေါင်းနှစ်ခုက ရူးသွပ်သွားသကဲ့သို့အော်ဟစ်လိုက်သည်။

ရှစ်လင်ရို့၏ တုန်လှုပ်နေသောအကြည့်တို့အောက်တွင် ရှစ်ဖုန့်၏လက်တို့က အမဲလိုက်ခွေး၏ ဦးခေါင်းနှစ်လုံးအားဆုပ်ကိုင်ထား

သည်ကိုသူမမြင်တွေ့လိုက်ရသည်။ ရုတ်တရက်တစ်ချက်လှုပ်ရှားလိုက်မှုနှင့်အတူ ရှစ်ဖုန့်က အမဲလိုက်ခွေး၏ ဧရာမကိုယ်ကြီးအား ပြင်းထန်စွာဖြင့်နှစ်ပိုင်းဆွဲဖြဲပစ်လိုက်သည်။

ကောင်းကင်ထဲမှတောက်ပနီရဲသောသွေးမိုးတို့ရွာသွန်းလာသည်။ ရှစ်ဖုန့်၏အဖြူရောင်ပုံရိပ်မှာလည်း ရုတ်ခြည်းရူးသွပ်စွာကျဆင်းလာသော

သွေးတို့ကြောင့် အနီရောင်တို့စွန်းထင်းသွားသည်။ ၎င်းက သွေးစွန်းသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

“သူ..သူ..သူ”

ရှစ်လင်ရို့မှာ ကောင်းကင်ထဲရှိ သွေးနီရောင်ပုံရိပ်အား တုန်လှုပ်စွာကြည့်နေသည်။သူ၏ဆံပင်တို့က လေနှင့်အတူ ကြမ်းတမ်းစွာကခုန်နေပြီး ကမ္ဘာပေါ်သို့ သွေးနီရောင်နတ်ဆိုးတစ်ပါးဆင်းသက်လာသကဲ့သို့ပင်ဖြစ်သည်။

“သူကတယ်ကယ်ကြီး ခေါင်းသုံးလုံး အမဲလိုက်ခွေးကို အားသိပ်မထုတ်ပဲနဲ ဆွဲဖြဲပစ်လိုက်တယ်.. ဒါက.. ဒါက အဆင့်ကိုးဧကရာဇ်နယ်ပယ်နတ်ဆိုးသား

ရဲတစ်ကောင်လေ”

“ဒီလူက တကယ့်ကို ဧကရာဇ်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ထက်ကို ပိုပြီး သန်မာနေတယ်”

အစမှအဆုံးထိတိုင်ရှစ်လင်ရို့အနေဖြင့် ရှစ်ဖုန့်တစ်ယောက်မည်သည့်မူလစွမ်းအင်ကိုမှသုံးစွဲမှုကို မမြင်တွေ့ခဲ့ရပေ။ သူက သူ၏စွမ်းအားကြီးသောကာယ

ခန္ဓာကိုယ်တစ်ခုတည်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

သူက စွမ်းအားကြီးသိုင်းပညာ၊ စွမ်းအားကြီးဝိညာဉ်နဲ့ ပို၍ပင်စွမ်းအားကြီးမားသော ကာယခန္ဓာကိုယ်တို့ကိုပိုင်ဆိုင်ထားသည့် မွန်းစတားတစ်ကောင်ဖြစ်လေသည်။

ဤအချိန်တွင် ဦးတည်ချက်ပေါင်းစုံမှဖြန်းပက်ကျဆင်းလာသော တောက်ပနီရဲသည့်သွေးတို့မှာ ရုတ်ခြည်းရှစ်ဖုန့်ခန္ဓာကိုယ်၏ စွဲယူမှုကိုခံလိုက်ရသည်။ သွေးအားလုံးက ရှစ်ဖုန့်ထံသို့ပြင်းထန်စွာဦးတည်လာသည်။ ၎င်းတို့လာပြီး ရှစ်ဖုန့်၏ခန္ဓာကိုယ်နှင့်ထိတွေ့

လိုက်သည့်အခိုက်အတန့်တွင် သူ၏စုပ်ယူခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်၏ဝတ်ရုံပေါ်ရှိသွေးတို့

ပင်ပြောင်စင်သွားသည်အထိ ရုတ်ခြည်းစုပ်ယူခံလိုက်ရပြီးနောက်တစ်ကြိမ်ဖြူစင်သောအဖြူရောင်အဖြစ်သို့ပြန်လည်

ရောက်ရှိလာသည်။ နှစ်ပိုင်းဆွဲဖြဲခံလိုက်ရသော အမဲလိုက်ခွေး၏ ဧရာမကိုယ်ကြီးမှာလည်းလုံးဝရေဓာတ်ဆုံးရှုံးသွားသကဲ့သို့ ဤအချိန်တွင်ခြောက်သွေ့ရှုံ့တွလာသည်။

အဆင့်ကိုးဧကရာဇ်နယ်ပယ် ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့်

သွေးတို့အား ဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ကိုယ်ပေါ်၌ရုတ်ခြည်းအဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။

ဤအလင်းကအဆင့်တက်အလင်းရောင်ဖြစ်သည်။ ရှစ်ဖုန့်၏ကျင့်ကြံခြင်းက ကြယ်ကိုးပွင့် မဟာသူတော်စင်နယ်ပယ်သို့

အောင်မြင်စွာဝင်ရောက်နိုင်ခဲ့၏။

“သူ.သူအဆင့်တက်သွားတယ်.. သူတကယ်ကြီးတိုက်ပွဲအလယ်မှာ ဒီလိုကြီးအဆင့်တက်သွားတယ်”

ရှစ်ဖုန့်၏ကိုယ်ပေါ်မှ အဆင့်တက်အလင်းအားတွေ့လိုက်ရသော

အခါတွင် အစောပိုင်းကမှ အနည်းငဘ်တည်ငြိမ်လာသော ရှစ်လင်ရို့တစ်ယောက် ထပ်မံတုန်လှုပ်အံ့အားသင့်လာရပြန်သည်။

ဤသို့သာဆိုလျှင် သူကဲ့သို့စွမ်းအားကြီးမားပြီးဖြစ်သောမွန်းစတားတစ်ကောင်က ထပ်မံပိုသန်မာလာခြင်းဖြစ်သည်

ဟုဆိုလိုခြင်းပင်ဖြစ်သည်။

All Chapters