← Chapters

အခန်း (၇၄၅)

Vol. 50 Ch. 745

အခန်း (၇၄၅)

Vol. 50 Ch. 745

ခေါင်းသုံးလုံးငရဲအမဲလိုက်ခွေးအား ရှစ်ဖုန့်သတ်ဖြတ်ပြီးနောက် ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်သို့

အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီး သူ၏ လွင့်မျောရပ်တည်နေသောပုံရိပ်က သက်ဆင်းလာကာ ဖမ်းစားနိုင်စွမ်းရှိသောအမျိုးသမီးဖြစ်သူ ရှစ်လင်ရို့၏ဘေး၌ဆင်းသက်လိုက်သည်။

သူကခေါင်းကိုလှည့်လိုက်ပြီး ရှစ်လင်ရို့ကိုမေးလိုက်သည်။

“ဆက်သွားကြစို့”

“အင်း..ကောင်းပြီ..”

ရှစ်လင်ရို့က ခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်၏။ ထို့နောက် သူမက ရှစ်ဖုန့်၏တောအုပ်အနက်ပိုင်းထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ သူတို့လျှောက်လှမ်းလာနေရင်း ရှစ်လင်ရို့က သူမ၏ခေါင်းအားလှည့်လိုက်ပြီး ရှစ်ဖုန့်အားတိတ်တဆိတ်တစ်ချက်ကြည့်လိုက်၏။

“သူ့ရဲ့ခွန်အားက ဘယ်အဆင့်အထိကိုရောက်နေတာလဲ. သူဧကရာဇ်နယ်ပယ်နတ်ဆိုးသားရဲကိုသတ်လိုက်တဲ့အချိန်မှာ သူ ရဲ့ခွန်အားအပြည့်အဝကိုအသုံးမပြုခဲ့ဘူး

လို့ငါပြောနိုင်တယ်”

“ငါ့ရဲ့အရင်ကအကြံပြုချက်ကို သူ စိတ်မဝင်စားတာက စိတ်မကောင်းစရာပဲ”

ရှစ်ဖုန့်ကသူချစ်ရသောတစ်စုံတစ်ယောက်ရှိပြီးပြီဟုပြောသည်ကို ပြန်အမှတ်ရမိသောအခါတွင် ဆုံးရှုံးမှုအသိအာအရုံတစ်ခုကိုသူမခံစား

လိုက်ရသည်။

သိပ်မကြာခင်ရှစ်လင်ရို့၏ ဦးဆောင်မှုအောက်၌ နှင်းဖြူရောင်ကျောက်နံရံတစ်ခုဆီသို့သူတို့ရောက်ရှိလာသည်။ ကျောက်နံရံပေါ်တွင် ရှေးခေတ်စာလုံးတစ်လုံးအား ထွင်းထုထားသည်။

ရှစ်လင်ရို့က ကျောက်နံရံအားညွှန်ပြကာ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဒါကကျွန်မရှာတွေ့ခဲ့တဲ့နောက်ဆုံးတစ်ခုပဲ . ရှေးခေတ်စာလုံးသုံးလုံးရှိတယ်လို့ကျွန်မရှင့်ကိုပြောခဲ့ပြီးပြီ..အခုက နောက်တစ်ခုဆီကို ကျွန်မကိုရှင်ဦးဆောင်ခေါ်သွားရမဲ့အလှည့်ပဲ”

ရှစ်လင်ရို့၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“စိတ်မပူပါနဲ့. ဒီသခင်လေးကတိကိုဖြည့်ပြီးမင်းကိုကာ

ကွယ်ပေးမှာပါ.. ဒီနေရာမှာကျန်နေတဲ့စာလုံးတွေကိုတို့

တွေရှာပြီးတာနဲ့ မင်းကိုမျှဝေပေးမှာပါ”

“အင်း”

ရှစ်လင်ရို့ကအနည်းငယ်ခေါင်းညိမ့်လိုက်သည်။

အလွန်လျှင်မြန်စွာဖြင့်ပင်ရှစ်ဖုန့်က နှင်းဖြူရောင်ကျောက်နံရံထက်မှ ရှေးခေတ်စာလုံးကိုမှတ်သားလိုက်သည်။ ထိုနောက်ရှစ်ဖုန့်က ရှစ်လင်ရို့ကိုပြောလိုက်သည်။

“သွားစို့”

ရှစ်ဖုန့်က ဤရှေးဟောင်းစာလုံးများနှင့်ပက်သက်ပြီး

အရမ်းလျှင်မြန်စွာမှတ်သားနိုင်မှုကို

ရှစ်လင်ရို့အသားကျပြီးဖြစ်သည်။ သူမအနေဖြင့်စိတ်ပိုင်းဆိုင်ရာ

အတွက်ပြင်ဆင်ထားပြီးဖြစ်၏။ သူမကရှစ်ဖုန့်အားထပ်မံခေါင်းညိမ့်ပြလိုက်သည်။ထို့နောက်နှစ်ဦးသာလှည့်ပြီးထွက်ခွာသွားကာ တောအုပ်၏အနက်ပိုင်းထဲသို့ဦးတည်လိုက်သည်။

ရှစ်ဖုန့်နှင့်သူမတို့နှစ်ဦးစလုံး၌ ဟင်းလင်းပြင်အားချိုးဖျက်နိုင်စွမ်း

ရှိကြသော်လည်း ဤအမည်မသိဆန်းကြယ်သော

နေရာနှင့်ပက်သက်ပြီးရှစ်ဖုန့်ကအနည်းငယ် စိုးရိမ်မှုတစ်ခုရှိနေသည်ဖြစ်သည်။ ဟင်းလင်းပြင်အားချိုးဖျက်ခြင်းက နတ်ဆိုးသားရဲများ၏အာရုံကိုအ

လွယ်တကူဆွဲဆောင်စေလိမ့်မည်ဖြစ်၏။ လွန်စွာ စွမ်းအားကြီးသော နတ်ဆိုးသားရဲများကိုပင်ဆွဲဆောင်

စေလိမ့်မည်ကိုမည်သူသိနိုင်မည်နည်း။

ဤကဲ့သို့အချိန်အတိုင်းတစ်ခုကြာမြင့်နေခဲ့ပြီးသည့်နောက် လွန်စွာစွမ်းအားကြီးသောနတ်ဆိုး

သားရဲများမွေးဖွားလာဖို့ဆိုသည်မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။

အကယ်၍ ဤရှေးကျပြီးဆန်းကြယ်သောကမ္ဘာအတွင်း၌ နတ်ဘုရားအဆင့်နတ်ဆိုးသားရဲ

တစ်ကောင်မွေးဖွားနေခဲ့လျှင်ပင် ရှစ်ဖုန့်အံ့အားသင့်လိမ့်မည်မဟုတ်ပေ။

အကယ်၍သူသာ ယင်အလောင်းကောင် အုပ်စုအားခွဲပြီးရှာဖွေခိုင်းခဲ့လျှင် လွန်စွာစွမ်းအားကြီးသောနတ်ဆိုးသားရဲများနှင့်တွေ့ကြုံလိမ့်မည်ဖြစ်သည်။ ယင်အလောင်းကောင်များမှာ

အင်ပါယာနယ်၌သာရှိသောကြောင့် မြေစွမ်းအင်ကိုအသုံးပြုပြီး မြေအောက်၌ နေထိုင်လျှင်ပင်နတ်ဆိုးသားရဲတို့၏ အလွယ်တကူသတ်ဖြတ်ခြင်း

ကိုခံရလိမ့်မည်ဖြစ်သည်။

…………………………………………………………..

ရှေးဟောင်းကမ္ဘာ၏သေးငယ်သော

တောင်ငယ်တစ်ခုပေါ်တွင် အနက်ရောင်အလောင်းဂိုဏ်းမှ

သုံးရာကျော်သော ကျင့်ကြံသူများမှာ ရှစ်ဖုန့်ပေါ်အလာကိုစောင့်ဆိုင်းနေကြဆဲဖြစ်သည်။

“ဒူးထောက်စမ်း”

“ခေါင်းမော့စမ်း”

“ခွေးလိုဟောင်စမ်း”

အနက်ရောင်အလောင်းဂိုဏ်းမှ သခင်လေးဖြစ်သူ ရှစ်လင်းမှာ ဘာမှလုပ်စရာမရှိသောကြောင့် အလောင်းကျွန်တစ်ကောင်အဖြစ်သူသန့်စင်ခဲ့သော ယွဲ့ရှောက်ချုံးအားခွေးတစ်ကောင်

ကဲ့သို့ကစားနေသည်။

“ဝု..ဝု”

ရှစ်လင်းက အမိန့်တစ်ခုပေးလိုက်သည့်အချိန်တိုင်းတွင်

ယခု အလောင်းကျွန်တစ်ယောက်ဖြစ်နေသော ယွဲ့ရှောက်ချုံးတစ်ယောက် ရှစ်လင်၏အမိန့်အတိုင်း မည်သည့်တုန့်ဆိုင်းခြင်းမှမရှိဘဲ လိုက်လုပ်လိမ့်မည်ဖြစ်သည်။

ရှစ်လင်းက သူ့ရှေ့ရှိ ခွေးတစ်ကောင်ကဲ့သို့ဒူးထောက်နေသော ယွဲ့ရှောက်ချုံးအားကြည့်ရင်းစိတ်မ

ရှည်ဖြစ်လာသည်။ ထို့နောက်သူက ယွဲ့ရှောက်ချုံး၏ မျက်နှာကိုကန်လိုက်ပြီး လွင့်ထွက်သွားစေ၏။

“ဝု..ဝု..ဝု..ဝု..ဝု..”

အလောင်းကျွန်တစ်ကောင်ဖြစ်သွားသော ယွဲ့ရှောက်ချုံးမှာ ခွေးတစ်ကောင်ကဲ့သို့ ဆက်လက်ဟောင်နေဆဲဖြစ်သည်။

ဤအချိန်တွင် ပုံရိပ်တစ်ခုက အဝေးမှနေ၍ အနက်ရောင်အလောင်းဂိုဏ်းရှိရာသို့ ပျံသန်းလာ၏။

“မင်းပြန်လာပြီပဲ”

အနက်ရောင်အလောင်းဂိုဏ်းမှာ ပထမအကြီးအကဲဖြစ်သူ ရှစ်ယင်က ပျံသန်းလာသောပုံရိပ်အားအာရုံခံမိသောအခါတွင် ထူးမခြားနားစွာဖြင့်ပြောလိုက်သည်။

ထို့နောက် သူကလှည့်လိုက်ပြီး သူ့ထံသို့ ပျံသန်းလာနေသောပုံရိပ်ကိုကြည့်လိုက်၏။

၎င်းက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်အ

ဘိုးအိုတစ်ဦးဖြစ်သည်။ အနက်ရောင်အလောင်းဂိုဏ်းမှ အခြားသောသူများကဲ့သို့ပင် သူ့၌ဖြူဖျော့ပြီးခံစားချက်မဲ့သော

အမူအယာရှိကာ လူသေတစ်ဦး၏မျက်နှာကဲ့သို့ပင်ဖြစ်သည်။

ဤလူမှာ အနက်ရောင်အလောင်းဂိုဏ်းမှ စည်းကမ်းထိန်းသေးရေးအကြီးအကဲဖြစ်သူ ရှစ်ကြွယ်ဖြစ်သည်။ရှစ်ကြွယ်မှာ အနက်ရောင်အလောင်းဂိုဏ်းမှာ ကျင့်ကြံသူများကဲ့သို့တစ်ချိန်တည်းတွင် ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရှစ်ယင်က ဆန်းကြယ်အလောင်းမှန်ပေါ်၌ ပိန်းပေါက်အောင်နက်မှောင်သောပုံရိပ်တစ်ခုပေါ်မလာခင်မှန်၏ တုန်ခါမှုကိုအာရုံခံမိခဲ့သည်။

ရှစ်ယင်နှင့်အခြားသူများမှာ ဆန်းကြယ်အလောင်းမှန်ပေါ်မှပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် သူတို့အားလုံးအံ့အားသင့်သွားကြသည်။

“အလောင်းကောင်ဧကရာဇ်”

ဆန်းကြယ်အလောင်းမှန်မှ အာရုံခံမိခဲ့သော ပုံရိပ်မှာတကယ်ကြီး အလောင်းကောင်ဧကရာဇ်ဖြစ်နေသည်။

အနက်ရောင်အလောင်းဂိုဏ်းအတွင်းတွင် သူတို့အနေဖြင့်ဆန်းကြယ်အလောင်း

ပညာရပ်ကိုကျင့်ကြံကြပြီး သူတို့ကိုယ်သူတို့လူမကျတစ္ဆေမကျ အလောင်းများအဖြစ်သို့ပြောင်း

လဲကြသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား အလောင်းကောင်ဧကရာဇ်ထံမှထုတ်လွှတ်သော စစ်မှန်သည့်အလောင်းချီက သူတို့အားလုံးအားလွန်စွာစွဲဆောင်သည်ဖြစ်၏။

ထို့ကြောင့်ရှစ်ယင်က စည်းကမ်းထိန်းသိန်းရေးအကြီးအကဲဖြစ်သူ ရှစ်ကြွယ်ကိုစေလွှတ်ပြီး ဆန်းကြယ်အလောင်းမှန်အားယူသွားစေကာ ဆန်းကြယ်အလောင်းမှန်မှအာရုံခံမိသည့် အလောင်းကောင်ဧကရာဇ်ကို ရှာဖွေစေခဲ့သည်။

ဤအချိန်တွင် အပြင်းပြန်လာခဲ့သောရှစ်ကြွယ်မှာညာလက်တစ်ဖက်၌ ဆန်းကြယ်အလောင်းမှန်ကိုကိုင်ထား

ပြီးသူ၏ဘယ်လက်က ပိန်းပေါက်အောင်နက်မှောင်သည့်

ကိုယ်တစ်ခုကိုကိုင်ထားသည်။

“ဂါး..ဂါး.ဂါး.ဂါး.ဂါး.ဂါး”

မာနကြီးသောအလောင်းကောင်ဧကရာဇ်မှာတစ်စုံတစ်ယောက်၏ ဤကဲ့သို့ဆုပ်ကိုင်ထားခြင်းကိုခံနေရသည်။ သူ၏ ပိန်းပေါက်အောင်နက်မှောင်သော မျက်နှာထက်၌ ဒေါသတို့နှင့်ပြည့်နှက်နေပြီး ဒေါသတကြီးအော်ဟစ်နေသည်။

ဤအလောင်းကောင်ဧကရာဇ်မှာရှစ်ဖုန့်၏ယင်အလောင်းကောင် အုပ်မှ နံပါတ်တစ်အလောင်းကောင်ဖြစ်သူ တီရှာပင်ဖြစ်သည်။

“ပထမအကြီးအကဲ ကျုပ်ခင်ဗျားကိုစိတ်မပျက်စေခဲ့ပါဘူး”

ရှစ်ကြွယ်က ရှစ်ယင်ရှေ့သို့လျှင်မြန်စွာပျံသန်းလာပြီး တီရှာအား ရှစ်ယင်၏ရှေ့သို့ပစ်ထုတ်လိုက်သည်။ သူကရူးသွပ်စွာအော်ဟစ်နေသော တီရှာကိုလက်ညှိုးထိုး၍ ပြောလိုက်သည်။

“သွားစမ်း”

“အင်း.. အရမ်းကောင်းတယ်.. ဒီအလောင်းကောင်ဧကရာဇ်ကိုရပြီးတဲ့နောက် ဒီကိုလာရတဲ့ခရီးက အချည်းအနှီးမဟုတ်တော့ဘူး. “

သူ၏ခေါင်းကိုငုံ့ကာတီရှာအားကြည့်လိုက်ပြီး ရှစ်ယင်၏လူသေကဲ့သို့မျက်နှာထက်၌ အပြုံးတစ်ခုခပ်ရေးရေးပေါ်လာကာ

ခေါင်းညိမ့်လိုက်သည်။

“ဂါး..မင်းတို့အားလုံး သေဖို့ထိုက်တန်တယ်”

တီရှာ ထပ်မံဒေါသတကြီးအော်ဟစ်လိုက်သည်။ သူဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ၏စွမ်းအားအားရှစ်ကြွယ်ဆီးလ်ခတ်ခြင်းကိုခံထားရပြီးသူလုံးဝခုခံနိုင်စွမ်းရှိမနေပေ။

“တိရစ္ဆာန်ကောင်.. ငါမင်းနဲ့သခင်အစေခံစာချုပ်လုပ်ပြီး မင်းကိုငါ့ရဲ့ကျွန်အဖြစ်ထာဝရလုပ်ပစ်မယ်”

အော်ဟစ်နေသောတီရှာအားကြည့်၍ ရှစ်ယင်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခုပေါ်လာသည်။ သူ၏ဖြူဖျော့နေသောညာလက်အားလှမ်းလိုက်ပြီး တီရှာ၏ပိန်းပေါက်အောင်နက်မှောင်သောမျက်နှာကိုဆုပ်ကိုင်လိုက်သည်။

…………………………………..

“နောက်ဆုံးတော့ တို့တွေရှာတွေ့ပြီ”

တောအုပ်အတွင်းတွင်ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့မှာ ရှေးခေတ်စာလုံးများကိုရှာဖွေနေခဲ့ပြီး နောက်ဆုံး၌ လေးခုမြောက်ကျောက်နံရံကိုရှာတွေ့ခဲ့သည်။ ၎င်းက ခရမ်းရောင်ကျောက်နံရံတစ်ခုဖြစ်သည်။

ကျောက်နံရံပေါ်မှ ရှေးဟောင်းစာလုံးကခရမ်းရောင် အလင်းတစ်ခုကိုထုတ်လွှတ်နေ၏။ ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့၏မျက်လုံးများက ခရမ်းရောင်စာလုံးပေါ်သို့ ကျရောက်နေသည်။

ရှစ်ဖုန့်ကခရမ်းရောင်စာလုံးအားသူ၏စိတ်ထဲ၌လျှင်မြန်စွာမှတ်သားထားလိုက်သည်။ အခြာတစ်ဖက်ရှိရှစ်လင်ရို့မှာ ခရမ်းရောင်စာလုံးအားလှုပ်ရှားခြင်းမရှိဘဲ စိုက်ကြည့်နေဆဲဖြစ်သည်။

ရှစ်လင်ရို့အကောင်းဆုံးကြိုးစားပြီး စာလုံးကိုမှတ်သားသော်လည်း ၎င်းအားလုံးဝမှတ်မိနိုင်ရန်အတွက် အကြိမ်တော်တော်များများသူမတွေးတောခဲ့သည်။ သို့သော်သူမထိုအရာအားပြန်အ

မှတ်ရဖို့ကြိုးစားတိုင်းတွင် သူမ၏စိတ်ထဲရှိစာလုံးအားထူးဆန်းစွာဖြင့်မမှတ်မိနိုင်ဖြစ်နေသည်။

ထို့နောက်ရှစ်လင်ရို့က ထပ်မံမှတ်သားရန်စိုက်ကြည့်ပြန်သည်။

“ဒီစာလုံး တွေကို ထွင်းထားတဲ့သူက ရှေးဟောင်း လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြုခဲ့တာ.. မင်းအတွက် ဒါကိုဒီအတိုင်းမှတ်လိုက်ပြီး ပြန်သတိရဖို့က ခက်ခဲတယ်.. “

ရှစ်ဖုန့်ကရှစ်လင်ရို့ကိုပြောလိုက်သည်။

“အိုး”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်လင်ရို့က တိုးဖျော့စွာပြောလိုက်သည်။ဤမွန်းစတားက ဤစာလုံးများအား အားစိုက်ထုတ်စရာမလိုဘဲ မှတ်သားနိုင်သည်ကိုသူမမေ့နေခဲ့သည်ဖြစ်သည်။

ထို့နောက်ရှစ်လင်ရို့ကမေးလိုက်သည်။

“ကျွန်မဘာလုပ်သင့်လဲ”

All Chapters