အခန်း (၇၄၆)
Vol. 50 Ch. 746
“မင်းရဲဝိညာဉ်စွမ်းအားကိုလှည့်ပတ်ပြီး ဒီစာလုံးကိုမင်းရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်”
ရှစ်ဖုန့်ကရှစ်လင်ရို့ကိုပြောလိုက်သည်။
“ကျွန်မဝိညာဉ်န့ပေါင်းစပ်ရမှာလား. ကျွန်မကအဲ့တာကိုဘယ်လိုလုပ်ရမှာလဲ”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင်ရှစ်လင်ရို့ပို၍ စိတ်ရှုပ်ထွေးသွားသည်။
ရှစ်ဖုန့်က ဖြည်းဖြည်းချင်းသူ၏ပါးစပ်အားဖွင့်ဟပြီး ရှစ်လင်ရို့ကိုပြောလိုက်၏။
“ မင်းရဲ့စိတ်ကိုဖွင့်ထား.. မင်းရဲဝိညာဉ်ကိုဖွင့်ထား. ရှေးဟောင်းစာလုံးကိုကြည့်နေပြီး မင်းကိုယ်မင်း ရှေးဟောင်းစာလုံးလို စိတ်ကူးလိုက်.. မင်းရဲ့ဝိညာဉ်ကိုလည်းအဲ့စာလုံးလို့မှတ်လိုက်”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်လင်ရို့က ရှစ်ဖုန့်၏စကားအတိုင်းစတင်ဆင်ခြင်ပြီး ရှစ်ဖုန့်၏အကြံပေးချက်အတိုင်းလိုက်ပါလုပ်ဆောင်လိုက်သည်။
ရှစ်ဖုန့်က ဤနည်းစနစ်အား ရှစ်လင်ရို့ကို ရိုက်သွင်းလိက်ပြီးနောက် သူက မြေပြင်ပေါ်တွင်တင်ပျဉ်ခွေထိုင်လိုက်သည်။
သူမ၏ ဝိညာဉ်စွမ်းအားက အားနည်းသည်ဖြစ်၏။ ဤနည်းစနစ်အားသူမဆင်ခြင်နားလည်နိုင်လျှင်ပင် သူ့မအတွက် စာလုံးအား သူ၏ဝိညာဉ်အတွင်း ပေါင်းစည်းရန် အချိန်အချို့ယူရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ကထိုအချိန်ကို သူရရှိထားသော စာလုံးလေးလုံအားဆင်ခြင်နားလည်ရန်အတွက် အသုံးပြုလိုက်သည်။
သို့သော် ထိုမတိုင်ခင်ရှစ်ဖုန့်က ဤအန္တရာယ်များပြားလှသောနေရာအတွင်း ကြိုတင်ကာကွယ်မှုကိုပြုလုပ်လိုက်သည်။
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်၏စိတ်က လှုပ်ရှားသွား၏။ သူ၏နောက်တွင် သွေးနီရောင်အလင်းတို့ကအဆက်
မပြတ်လင်းလက်လာသည်။
သွေးနီရောင်အလင်းတို့ ပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်၏ယင်အလောင်းကောင်နှစ်ထောင့်ငါးရာ ကိုးဆယ့်ကိုးကောင်ပေါ်လာသည်။
ရှစ်ဖုန့်၏လက်တို့ဖြင့်ဆီးလက်တစ်ခုအားပုံဖော်လိုက်ပြီး ဤဧရိယာအတွင်း၌ ရုတ်ခြည်းအလောင်းတစ်သောင်းအစီအရင်ကိုခင်းကျင်းလိုက်သည်။
ဤအချိန်တွင် နောက်ဆုံး ၌စိတ်သက်သာရာရမှုကိုရှစ်ဖုန့်ခံစားလိုက်ရပြီး သူ၏မျက်လုံးတို့ကိုမှိတ်လိုက်သည်။
ရှစ်ဖုန့်မျက်လုံးတို့အားပိတ်လိုက်သည့်
အခိုက်အတန့်တွင် ဤနေရာမှသူရရှိခဲ့သော ရှေးဟောင်းစာလုံးများနှင့်ယခင်ဘဝက
သူရရှိခဲ့သော ရှေးဟောင်းစာလုံးတို့က သူ၏စိတ်ထဲ၌ရုတ်ခြည်းပေါ်လာသည်။ ရှေးဟောင်းစာလုံးငါးလုံးကတစ်တန်း
တည်းစီတန်းနေ၏။
ရှစ်ဖုန့်ကတစ်ချိန်တည်းတွင်ဤရှေးဟောင်းစာလုံးငါးလုံးအား စတင်ဆင်ခြင်လိုက်သည်။ ထို့နောက်လိုက်ပါ၍ ဤရှေးဟောင်းစာလုံးငါးလုံးက ရှစ်ဖုန့်၏စိတ်ထဲ၌စက်ဝိုင်းသဏ္ဍန်လည်ပတ်ပြီး ဖြည်းဖြည်းချင်း စတင်လှည့်ပတ်နေသည်။
“ကောင်းကင်ဘုံမိုးကြိုးဓား.”
ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားပြီး ယခင်ဘဝကသူရရှိခဲ့သောရှေးဟောင်း
စာလုံးက ရုတ်ခြည်း ရှေးဟောင်းဓားရှည်တစ်လက်အ
ဖြစ်ပြောင်းလဲသွားသည်။ ဤဓားရှည်အားအဖြူရောင်လျှပ်စီး
တို့ဝန်းရံနေကာ အဖြူရောင်အလင်းတို့လင်းလက်နေသည်။
“မီးတောက်ဆေဘာဓား”
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်၏စိတ်အတွင်း၌ ရှေးဟောင်းစာလုံးတစ်လုံးကရိုးရှင်း
ပြီးစင်းသောဆေဘာဓားအဖြစ်
ပြောင်းသွားကာ အဖြူရောင် မီးတောက်များတောက်လောင်နေ
သည့်ဆေဘာဓားတစ်လက်ဖြစ်လာသည်။
“ရေခဲလှံ”
တတိယမြောက်ရှေးဟောင်းစာလုံးက အဖြူရောင်လှံတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရေခဲတမျှအေးစက်သောအော်ရာ
တစ်ခုကိုထုတ်လွှတ်နေသည်။
“လေမုန်တိုင်းတောင်ဝှေး”
စတုတ္ထမြောက် စာလုံးက လေပြင်းတစ်ခုအဖြစ်အသွင်ပြောင်းသွားပြီး လေပြင်းအတွင်းတွင် အဖြူရောင်ရှိပြီးရှေးကျသော တောင်ဝှေးတစ်ခုကခပ်ရေးရေးဖြစ်ပေါ်နေသည်။
“မြေကမ္ဘာလှံပုဆိန်”
ပဉ္စမမြောက်စာလုံးက အဖြူရောင်အဖြစ်ပြောင်းသွားပြီး ပြင်းထန်သောမြေဓာတ်အော်ရာကိုထုတ်လွှတ်နေသည့် ရှေးဟောင်းလှံပုဆိန်တစ်လက်ဖြစ်လာသည်။
“ကောင်းကင်ဘုံမိုးကြိုး..မီးတောက်.. ရေခဲမြူ. လေမုန်တိုင်းနဲ့ မြေဓာတ်.. “
ရှေးဟောင်းစာလုံးငါးလုံးက ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝငါးခုပါဝင်သော ရှေးကျသည့် လက်နက်များအဖြစ်သို့ပြောင်းလဲသွားသည်။
ထို့နောက်ချက်ချင်းရှစ်ဖုန့်၏ စိတ်ကထပ်မံလှုပ်ရှားသွားသည်။
“ကောင်းကင်ဘုံမိုးကြိုးဆေဘာဓား. မီးတောက်လှံ.. ရေခဲတောင်ဝှေး.. လေမုန်တိုင်း လှံပုဆိန်.. မြေဓား”
ရှေးဟောင်းစာလုံးများမှဖြစ်တည်လာသော လက်နက်များက စတင်ပြောင်းလဲလာသည်။ သို့သော် ၎င်းတို့၏ကောင်းကောင်နှင့်မြေကြီးမှ ဓာတ်သဘာဝများကတော့ ပြောင်းလဲခြင်းမရှိပေ။
“ငါဒါကိုနားလည်ပြီ”
တန်းစီထားသောစကားလုံးငါးလုံးကနေရာပြောင်းလဲသွားသကဲ့သို့ ရှစ်ဖုန့်ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒါကပထမဆုံးအကြိမ်ငါဒီအထိ
ရောက်ဖူးတာပဲ”
သူကဆက်လက်တီးတိုးရေရွတ်လိုက်၏။
“ဒီရှေးဟောင်းစာလုံးငါးလုံးက တကယ်ကြီးကောင်းကင်နဲ့မြေကြီးရဲ့ဓာတ်သဘာဝငါးခုကိုကိုယ်စားပြုတယ်.. အရင်တုံးကငါဆင်ခြင်နားလည်ခဲ့တဲ့ကောင်းကင်ဘုံမိုးကြိုးဓားနည်းစနစ်က ငါကောင်းကင်ဘုံမိုးကြိုးဥပဒေသကနေ ဆင်ခြင်နားလည်ခဲ့တဲ့ ကောင်းကင်ဘုံမိုးကြိုးဓား နည်းစနစ်တွေထဲက တစ်ခုပဲ”
“မူလပြန်ခြင်း”
ထို့နောက်တွင်ရှစ်ဖုန့်က အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ဓာတ်သဘာဝငါးခုနှင့် လက်နက်တို့မှာ ရုတ်ခြည်း ရှစ်ဖုန့်၏စိတ်အောက်တွင် မူလပြန်သွားပြီး ရှေးဟောင်းစာလုံးငါးလုံးအဖြစ်ပြန်
ပြောင်းသွားသည်။
“ဒီရှေးဟောင်းစာလုံး တွေကနေ ဆင်ခြင်နားလည်နိုင်တဲ့တကယ့်စွမ်းအားက တိုက်ခိုက်ရေးနည်းစနစ်တွေ ဒါမှမဟုတ် ဓားနည်းစနစ်တွေမဟုတ်ဘူး. အဲ့တာက ကောင်းကင်နဲ့မြေကြီးမှာပါဝင်တဲ့
မူလစွမ်းအင်ရဲ့စွမ်းအားတွေပဲ.”
ဖြည်းဖြည်းချင်းစကားပြောနေသကဲ့သို့ ရှစ်ဖုန့်၏မျက်နှာထက်တွင် အသိအမြင်ကြွယ်ဝလာသည့်လက္ခဏာ
တစ်ခုပြသလာသည်။
ဤအရာအားနားလည်ပြီးနောက်ရှစ်ဖုန့်က သူ၏မျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ တိုက်ခိုက်ရေးနည်းစနစ် သို့မဟုတ် ဓားနည်းစနစ်တို့က ဆင်ခြင်နားလည်ရလွယ်သည်ဖြစ်သည်။ သို့သော် ၎င်းတို့အတွင်းပါဝင်သည့်ကောင်းကင်နှင့်မြေကြီး၏ဥပဒေသစွမ်းအားတို့ကိုဆင်ခြင်နားလည်ရန်အတွက်မူကား ယင်းမှာအချိန်တိုလေးအတွင်းပြုလုပ်နိုင်သောအရာမျိုးမဟုတ်ပေ။
ရှစ်ဖုန့် သူ၏မျက်လုံးတို့အား ဖွင့်လိုက်သောအခါတွင် ရှစ်လင်ရို့က ခရမ်းရောင်ကျောက်နံရံထက်ရှိ ရှေးဟောင်းစာလုံးအားစိုက်ကြည့်နေဆဲဖြစ်သည်ကို သူ တွေ့ရသည်။သို့သော် သူမအနေဖြင့် သူ့အားသူရိုက်သွင်းပေးခဲ့သော ပညာရပ်ကို ဆင်ခြင်နားလည်ပြီးဖြစ်သည်ကို သူအာရုံခံမိ၏။ ရှေးဟောင်းစာလုံးအားသူမ မှတ်သားရန်အတွက် အချိန်ကြာမြင့်လိမ့်မည်မဟုတ်တော့ပေ။
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်ကသူမအားစတင်စောင့်စားလိုက်၏။ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော သူ၏ကိုယ်က ထရပ်လိုက်ပြီး သူ၏လက်ဖဝါးကိုဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးပေါ်တွင် ရှေးဟောင်းစာလုံးငါးလုံးက ရုတ်ခြည်းပေါ်လာသည်။
စာလုံးငါးခုက ကောင်းကင်နှင့်မြေကြီး၏နိယာမများ
ကိုကိုယ်စားပြုသည့် ကောင်းကင်နှင့်မြေကြီး၏ဓာတ်သဘာဝငါးခု စွမ်းအားကိုထုတ်လွှတ်နေသည်။
အတွေးတစ်ချက်ဖြင့် မြေဓာတ်စွမ်းအားကို ကိုယ်စားပြုသော ရှေးဟောင်းစာလုံးက သူ့နောက်ရှိယင်အလောင်းကောင်နှစ်ထောင့်ငါးရာကိုးဆယ့်ကိုးကောင်၏စိတ်ထဲ၌ပေါ်လာသည်။ ရှစ်ဖုန့်က ငရဲဘုံကိုးခု လျှို့ဝှက်ပညာရပ်အားအသုံးပြု၍ ရှေးဟောင်းစာလုံးအား၎င်းတို့၏ စိတ်ထဲသို့ တိုက်ရိုက်ရိုက်သွင်းခဲ့သည်။
ယင်အလောင်းကောင်များမှာ မြေကြီးမှမွေးဖွားလာခြင်းဖြစ်သည်။ ၎င်းတို့ကပင်ကိုယ်အားဖြင့်မြေဓာတ်နှင့်နီးစပ်ပြီး ဆန်းကြယ်သည့် မြေဓာတ်သဘာဝကို ပိုင်ဆိုင်ကြသည်ဖြစ်သည်။ ဤရှေးဟောင်းစာလုံးက ၎င်းတို့ဆင်ခြင်နားလည်ရန်အတွက် မှန်ကန်သောအရာဖြစ်၏။
သို့သော် ဤယင်အလောင်းကောင်များမှာ ပါရမီစွမ်းရည်အကန့်အသတ်ရှိသော သာမန်ယင်အလောင်းကောင်များဖြစ်ကြသည်။ ၎င်းတို့မည်မျှအထိဆင်ခြင်နားလည်နိုင်မည်လဲဟူသည်ကား ၎င်းတို့၏ကိုယ်ပိုင်ကံတရားပေါ်တွင်
သာမူတည်သည်ဖြစ်သည်။
ထို့နောက် ယင်အလောင်းကောင်နှစ်ထောင့်
ငါးရာကိုးဆယ့်ကိုးကောင်၌ ၎င်းတို့၏ခန္ဓာကိုယ်များပျောက်ကွယ်မသွားခင် သွေးနီရောင်အလင်းတို့ထပ်မံလင်းလက်လာသည်။
ယခုရှစ်ဖုန့်သူ၏ဆင်ခြင်နားလည်ခြင်းမှ နိုးထလာပြီဖြစ်သောကြောင့် ၎င်းတို့အားအချိန်အတိုင်းအတာတစ်ခု
အထိလိုတော့မည်မဟုတ်ချေ။ ထို့ကြောင့်အလောင်းတစ်သောင်းအစီအရင်အားသူဖယ်ရှားလိုက်ပြီး ၎င်းတို့အား သွေးကျောက်ပြားအတွင်းသို့ပြန်လည်ပို့ဆောင်လိုက်သည်။
နာရီဝက်ခန်ကြာပြီးနောက် ရှစ်လင်ရို့က သူ၏၏ဖြူစင်ပြီးလှပသောမျက်နှာလေးအားသူ့ထံသို့လှည့်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ဤကဲ့သို့ဖြစ်လာသောရှစ်လင်ရို့အားမြင်
တွေ့ပြီးနောက်ရှစ်ဖုန့်က မေးလိုက်သည်။
“ပြီးပြီလား”
“အင်း”
ရှစ်လင်ရို့ကပုံမှန်အတိုင်းခေါင်းညိမ့်လိုက်သည်။ အချိန်ခဏမျှ ရပ်တန့်ပြီးနောက် သူမက ရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီးညင်သာစွာပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ အဲ့လိုလုပ်ဖို့မလိုပါဘူး. ဒီသခင်လေးအချိန်မဖြုန်းချင်ဘူး. မင်းသာ စောစောပိုပြီး မှတ်သားနိုင်ရင်ဘဲ ဒီသခင်လေးအတွက် အကျိုးရှိလိမ့်မယ်”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်ရှစ်လင်ရို့ကညင်သာစွာပြုံးလိုက်ပြီး ဤအကြောင်းအရာနှင့်ပက်သက်ပြီး ဘာမှပြောခြင်းမရှိပေ။ သူမကလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ သွားစို့.. နောက်ထပ်ရှေးဟောင်းစာလုံးကိုသွားရှာရအောင်”
“ခဏလေးစောင့်အုံး”
ရှစ်ဖုန့်ကရှစ်လင်ရို့ကိုပြောလိုက်သည်။
“အိုး”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်လင်ရို့က မျက်မှောင်ကြုတ်လိုက်ပြီး ပဟေဠိဆန်သောအမူအယာတစ်ခုကိုပြသ
လာသည်။ ထို့နောက်တစ်စုံတစ်ခုအားသူမတွေးမိပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
“ ရှင်တစ်ခုခုရှာတွေ့လို့လား”
“အင်းနည်းနည်း”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။ ထို့နောက်သူကရှစ်လင်ရို့ကိုပြောလိုက်၏။
“ရှေးဟောင်းစာလုံးတွေကိုစီစဉ်ထားမှုအရ အကယ်၍ဒီသခင်လေးသာ မမှားဘူးဆိုရင် အဲ့အချိန်တုံးကရှေးဟောင်းစာလုံးတွေကို ရေးထွင်းခဲ့တဲ့သူက အာဒိကပ္ပခေတ်က ကြယ်ကိုးလုံးအတိုင်း စီစဉ်ထားခဲ့တာပဲ”
“ကြယ်ကိုးလုံးအတိုင်းစီစဉ်တာလား”
ရှစ်လင်ရို့က တီးတိုးရေရွတ်လိုက်ပြီး ခေါင်းခါယမ်းကနားမလည်သည့်အရိပ်အ
ယောင်ကိုပြသလိုက်သည်။
“အာဒိကပ္ပအချိန်ကာလတုံးက ကောင်းကင်ထဲမှာ ကြယ်ကိုးလုံးရှိခဲ့တယ်. သူတို့တွေကရှေးဟောင်းဘိုးဘေးတွေရဲ့
နမည်အသီးသီးကိုကိုယ်စားပြုတယ်.. အဲ့တာတွေက တန့်..ယွမ်..ထျန်း.. ကန်း. ဝေ့.. ရှန်း ..ဝမ်..ယွဲ့..နဲ့ လန် တို့ပဲ”
“ပြီးတော့တို့တွေ ရှာတွေ့ထားတဲ့လေးခုက ဒီရှေးဟောင်းစာလုံးတွေပဲ. အကယ်၍ ဒီသခင်လေးဖတ်တာသာမှန်ရင် ဒီလေးခုကြားထဲကတည်နေရာတွေက
ဆက်နွယ်နေပြီး ရှေးခေတ် ညကောင်းကင်ယံမှာ တန့်..ယွမ်..ထျန်း..ကန်း အတိုင်း အစဉ်လိုက်ရှိလိမ့်မယ်”