← Chapters

အခန်း (၇၄၇)

Vol. 50 Ch. 747

အခန်း (၇၄၇)

Vol. 50 Ch. 747

ကျောက်နံရံများထက်၌ ရေးထိုးထားသည့်စာလုံးများအားလုံးမှာ ရှေးခေတ် ကြယ်ကိုးလုံးအတိုင်း စီစဉ်ထားခြင်းဖြစ်သည်ကို ရှစ်ဖုန့်ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူကရှစ်လင်ရို့အား သူ၏ကိုယ်ပိုင်အစီအစဉ်အတိုင်း ငါးခုမြောက် ကျောက်နံရံဆီသို့ဦးဆောင်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်ကရှေ့ကလျှောက်ပြီးရှစ်လင်ရို့ကနောက်မှလိုက်ပါသည့်အဖြစ်သို့ပြောင်းလဲသွားသည်။

သူတို့လျှောက်လှမ်းနေရင် ရှစ်လင်ရို့၏

အကြည့်က သူမ၏ရှေ့ရှိ အဖြူရောင်ပုံရိပ်ပေါ်သို့ကျရောက်သွားသည်။

ရှစ်လင်ရို့ဤပုဂ္ဂိုလ်နှင့်ပို၍ အပြန်အလှန်အကျိုးပြုတုန့်ပြန်လာမိလေ ၎င်းအားသူမအနေဖြင့်ပို၍ ဖြတ်သန်းမမြင်နိုင်တော့လေဖြစ်သည်။

ဤကဲ့သို့သောလူမျိုးက သူမ၏ကမ္ဘာအတွင်းတွင်ပေါ်မလာသင့်ပေ။

ရှစ်ဖုန့်၏ဦးဆောင်မှုနှင့် သူတို့၏လမ်း၌ပက်ပင်းကြုံရသော ရှေးဟောင်းနတ်ဆိုးသားရဲအားလုံးမှာ ရှစ်ဖုန့်၏လက်သီးချက်အောက်တွင် အကြင်နာမဲ့စွာဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ လမ်းတစ်လျှောက်တွင် သူတို့ကြုံတွေ့ခဲ့ရသည့် အားကောင်းသောနတ်ဆိုးသားရဲအားလုံးမှာ အဆင့်ရှစ်အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ်များဖြစ်ကြသည်။

ရှစ်ဖုန့်အတွက် ယင်းကလုံးဝဖိအားရှိခြင်းရှိမနေပေ။ ယင်းကဖြေရှင်းရန်လက်သီးတစ်ချက်သာ

လိုသည်ဖြစ်သည်။

သိပ်မကြာခင် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့၏ရှေ့တွင်မိုးပြာရောင် ကျောက်နံရံတစ်ခုပေါ်လာသည်။ သို့သော် ဤကျော်နံရံအား တွေ့လိုက်ရချိန်တွင် ရှစ်ဖုန့်၏ ယခင်အစီအစဉ်အားအတည်ပြုပြီးသားဖြစ်သွားခဲ့သည်။

ဤကျောက်နံရံများ၌ရေးထွင်းထားသည့်ရှေးခေတ်စာလုံးများမှာ တကယ့်ကို ရှေးခေတ်ကြယ်ကိုးလုံးအတိုင်း စီစဉ်ထားခြင်းဖြစ်သည်။

ရှစ်လင်ရို့ကကျောက်နံရံအားကြည့်လိုက်ချိန်တွင် သူမ၏နှလုံးသားထဲ၌အံ့အားသင့်စွာပြော

လိုက်သည်။

“တကယ်ပဲ..ဒါကတကယ်ပဲ. သူပြောခဲ့သလိုမျိုးပဲ”

မိုးပြာရောင်ကျောက်နံရံထက်၌ မိုးပြာရောင်အလင်းကိုထုတ်လွှတ်နေသော ရှေးဟောင်းစာလုံးတစ်လုံးကိုရေးထိုးထားသည်။ ဤအချိန်တွင် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့၏အကြည့်များက ထိုမိုးပြာရောင်ရှေးဟောင်း စာလုံးပေါ်သို့ကျရောက်နေသည်။

ထိုရှေးဟောင်းစာလုံးက ရှစ်ဖုန့်၏စိတ်ထဲ၌လျှင်မြန်စွာပေါ်လာပြီး အဖြူရောင်ရှေးဟောင်းစာလုံးတစ်လုံး

အဖြစ်ပြောင်းလဲသွားသည်။

ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားပြီး ထိုရှေးဟောင်းစာလုံးကရုတ်ခြည်း ကျယ်ပြောလှသော သမုဒ္ဒရာတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရှစ်ဖုန့်၏စိတ်ထဲ၌ ပြင်းထန်စွာ ရိုက်ခတ်ယိမ်းထိုးလူးလွန့်နေသည်။

ဤသည်ကသား ကောင်းကင်နှင့်မြေပြီး၏တလိပ်လိပ်ထ

နေသောလှိုင်းလုံး နိယာမကို ကိုယ်စားပြုသော ရှေးဟောင်းစာလုံးတစ်လုံးဖြစ်သည်။

ရှစ်ဖုန့်၏စိတ်ကထပ်မံလှုပ်ရှားသွားပြီး တလိပ်လိပ်ထနေသောလှိုင်းလုံးတို့က

ရုတ်ခြည်းပျောက်ကွယ်သွားကာ ဆန်းကြယ်သောအဖြူရောင်ရှေးဟောင်းစာလုံးအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။ ထို့နောက်တွင် အခြားသောရှေးဟောင်းစာလုံးငါးလုံးကလည်း ရှစ်ဖုန့်၏စိတ်ထဲ၌တစ်ခုပြီးတစ်ခုပေါ်လာသည်။

“ကောင်းကင်ဘုံမိုးကြိုးလျှပ်စီး.. မီး.. ရေခဲ ..လေမုန်တိုင်း. မြေကမ္ဘာ. တလိပ်လိထနေတဲ့ရေလှိုင်း”

ဤစားလုံးခြောက်လုံးက ကောင်းကင်နှင့်မြေကြီး၏ နိယာမတစ်ခုစီကိုကိုယ်စားပြုသည်ဖြစ်သည်။

ရှစ်ဖုန့်ကသူ၏မျက်လုံးတို့အားဖြည်းညှင်းစွာဖွင့်လိုက်ပြီး နိုးထလာသည်။ ဤအချိန်တွင် ရှစ်လင်ရို့ကသူမ၏အကြည့်အား ရှေးဟောင်းစာလုံးထံမှရုတ်သိမ်းပြီး သူ့အားကြည့်နေသည်ကိုသူအာရုံခံမိသည်။

ရှစ်ဖုန့်သူ၏မျက်လုံးတို့အားဖွင့်လိုက်သောအခါတွင် ပထဆုံးသူမြင်တွေ့ရသည်ကား စိတ်ဝိညာဉ်ပြည့်ဝသောမျက်နှာနှင့် လှပသော မျက်နှာလေးတစ်ခုဖြစ်သည်။ ရှစ်လင်ရို့ကသူ့အားကြည့်နေသောကြောင့် ယင်းကသူမအနေဖြင့် ရှေးဟောင်းစာလုံးအား သူမ၏စိတ်ထဲ၌မှတ်သားပြီးဖြစ်သည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။

“နောက်တည်နေရာတစ်ခုကိုသွားကြစို့. အဲ့အချိန်ကြရင် . ဒီရှေးဟောင်းစာလုံးတွေက တကယ့်ကို ရှေးခေတ်ကြယ်ကိုးလုံးအတိုင်းစီစဉ်ထားတာလို့အတည်ပြုနိုင်ပြီ. အကဘ်၍ အဲ့လိုသာဆိုရင်.တို့တွေ ဒီတောင်ကနေထွက်ခွန်ပြီး အရှေ့ဘက်ကိုဦးတည်ရမယ်”

ရှစ်ဖုန့်က အရှေ့ဘက်ကိုထိုးညွှန်ပြပြီး ရှစ်လင်ရို့ကိုပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားသွားသည်။ သူကပျံတက်လိုက်ပြီး မိုးပြာရောင်ကျောက်နံရံထက်၌ဆင်းသက်လိုက်၏။

ဤအချိန်တွင် ရှစ်လင်ရို့၏ပုံရိပ်ကလည်း ရောက်ရှိလာပြီး ရှစ်ဖုန့်၏ဘေး၌ဆင်းသက်လိုက်သည်။ ရှစ်ဖုန့်ကခေါင်းငုံ့ပြီး အကွာအဝေးတစ်ခုသို့ကြည့်လိုက်သည်။ ထိုနေရာတွင် သိပ်သည်းအုံ့မှိုင်းနေသော တောင်းတန်းဒေသတစ်ခုရှိနေသည်။ ၎င်းက စိမ်းလန်းစိုပြည်သန်စွမ်းကာ သစ်ပင်ပင်လယ်တစ်ခုကဲ့သို့ဖြစ်နေ၏။

လေပြင်းတို့တိုက်ခတ်နေပြီးစိမ်းလန်းသော အစိမ်းရောင်သစ်ရွက်များက လှိုင်းတပိုးကဲ့သို့တလိပ်လိပ်ထနေကာ လှိုင်းတံပိုးထံနေသော အစိမ်းရောင်ပင်လယ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်က အရှေ့ဘက်ရှိ သိပ်သည်းအုံ့မှိုင်းနေသောတောင်တန်းအား စစ်ဆေးလိုက်ပြီး ရှေးခေတ်ကြယ်ကိုးလုံးအတိုင်း တွက်ချက်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်က အခြားတောင်များနှင့်နှိုင်းယှဉ်လိုက်လျှင် အမြင့်ဆုံးဖြစ်သောတောင်အားထိုးညွှန်ပြသကာ ရှစ်လင်ရို့ကိုပြောလိုက်သည်။

“ ခြောက်ခုမြောက်စာလုံးက အဲ့ဘက်မှာရှိလိမ့်မယ်”

ရှစ်ဖုန့်၏စကား တို့အားကြားပြီးနောက် ရှစ်လင်ရို့က ညင်ညင်သာသာခေါင်းညိမ့်လိုက်သည်။ ဤအချိန်တွင်သူမအနေဖြင့်ရှစ်ဖုန့်၏

စကားတို့နှင်ပက်သက်ပြီးမယုံသင်္ကာဖြစ်မနေပေ။

ထို့နောက်ရှစ်လင်ရို့ကရှစ်ဖုန့်အားမေးလိုက်သည်။

“ ကျွန်မတို့အဲ့ကိုဘယ်လိုသွားကြမလဲ”

အကယ်၍သူတို့သာ တောင်ထိပ်ဆီသို့လမ်းလျှောက်ပြီးသွားမည်ဆိုလျှင် သူတို့အနေဖြင့် အချိန်တော်တော်ကြာအကုန်ခံရမည်ဖြစ်သည်။ သို့သော်ထိုနေရာသို့သူတို့တိုက်ရိုက်ပျံသန်း

သွားလျှင် တောင်အမျိုးမျိုးထံမှ စွမ်းအားကြီးသောနတ်ဆိုးသားရဲများ၏အာရုံကို အလွယ်တကူဆွဲဆောင်မိစေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့်ရှစ်လင်ရို့ကရှစ်ဖုန့်၏အမြင်

ကိုမေးမြန်းခြင်းဖြစ်သည်။

ရှစ်ဖု်န့က သူတို့ဦးတည်ရမဲ့တောင်တန်းဆီသို့စိုက်ကြည့်ပြီး သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ အရှေ့ဘက်သို့အာရုံခံလိုက်သည်။ ခဏကြာအောင်စဉ်းစားပြီးနောက် နောက်ဆုံးတွင်သူကပြောလိုက်သည်။

“ပျံပြီးသွားကြတာပေါ့”

“ကောင်းပြီ”

ရှစ်ဖုန့်ကသူ၏ရွေးချယ်မှုကိုပြုလုပ်

လိုက်ပြီဖြစ်သောကြောင့် ရှစ်လင်ရို့ကခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။

ထို့နောက် အဖြူရောင်ပုံရိပ်နှစ်ခုကထပ်မံတုန့်

ဆိုင်းနေခြင်းမရှိတော့ဘဲ အရှေ့ဘက်သိုပျံသန်းလိုက်သည်။

ရှေးဟောင်းကမ္ဘာအတွင်း၌ နေ့ညဟူ၍ရှိမနေပေ။ သို့သော်ပြင်ပကမ္ဘာ၏ အချိန်အရဆိုလျှင်အချိန်နှစ်ရက်တာ

မျှကုန်ဆုံးသွားပြီဖြစ်သည်။

သေးငယ်သောတောင်ထွတ်တစ်ခု၏ကောင်းကင်ထဲတွင်ဖြစ်သည်။

“ဂါး..ဂါး..ဂါး.ဂါး..ဂါး..ဂါး..”

သားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီးနာကျင်စွာဖြင့်ဆက်

တိုက်ထွက်ပေါ်နေသောအသံများ

ကိုကြားရသည်ဖြစ်သည်။

ဤသည်ကား အလောင်းကောင်ဧကရာဇ် တီရှာ၏အသံပင်ဖြစ်သည်။

ဤအချိန်တွင် တီရှာမှာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့နှိပ်စက်ခံနေရပြီး မီးခိုးဖြူရောင်အလင်းတန်းများဖြင့်

ဖွဲ့စည်းထားသော လှောင်အိပ်ထဲတွင် အပိတ်ခံထားရသည်။

လှောင်အိမ်၏အရှေ့တွင် ရှစ်ယင်၏ဆီးလ်များက ပျံဝဲနေသည်။ ဆီးလ်များကလောင်အိမ်ထဲရှိတီရှာ၏ရှေ့သို့ပျံသန်းထွက်လာ၏။

ခဏကြာပြီးနောက်တွင်ရှစ်ယင်က သူ၏ဆီးလ်ပုံဖော်မှုကိုရပ်တန့်လိုက်သည်။ သူ၏သေလုအောင်ဖြူဖျော့နေသောမျက်နှာထက်ရှိ မျက်ခုံးတို့က တင်းနေအောင်ကြုံ့နေသည်။ သူကစိတ်ပျက်သောအမူအယာတစ်ခုကိုပြသပြီး တီးတိုးရေရွတ်လိုက်သည်။

“ထူးဆန်းတယ်…ထူးဆန်းတယ်. ဒီမိစ္ဆာသားရဲရဲ့ကိုယ်ထဲမှာ ဘယ်လို ဆီးလ်မျိုးရှိနေတာလဲ. ငါ ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်

တစ်ယောက်တောင် တကယ်ကြီး အဲ့တာကိုချိုးဖျက်နိုင်စွမ်းမရှိဘူး”

“အဲ့လူငယ်လေး..သူဘယ်နေရာကနေလာတာလဲ”

ရှစ်ယင်မှာ ဆန်းကြယ်အလောင်းမှန်အားအသုံးပြု၍ တီရှာ ၏အသိကို ဖတ်ရှုထားပြီးဖြစ်သည်။ တီရှာမှာ ဆန်းကြယ် အလောင်းမှန်မှလိုက်ဖမ်းနေသည့် ထိုလူငယ်လေး၏ယင်အလောင်းကောင်ဖြစ်သည်ကို သူသိပြီးဖြစ်သည်။

“ပထမအကြီးအကဲ ဒါကအလုပ်မဖြစ်သေးဘူးလား”

ရှစ်ယင်ကသူ၏ဆီးလ်ပုံဖော်မှုအားရပ်လိုက်သည်ကိုတွေ့ရသောအခါတွင် သူ၏ဘေးရှိ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ရှစ်ကြွယ်က မေးလိုက်သည်။

လွန်ခဲ့သောရက်အချို့ကတည်းက ရှစ်ယင်တစ်ယောက် အလောင်းကောင်ဧကရာဇ်၏ကိုယ်ထဲမှာဆီးလ်အားချိုးဖျက်ရန်အဆက်မပြတ်ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ရက်ကြာမြင့်ခဲ့ပြီးသည့်တိုင် အလောင်းကောင်ဧကရာဇ်၏ကိုယ်ထဲမှဆီးလ်အားချိုးဖျက်နိုင်ခြင်းမရှိသေးပေ။

ရှစ်ကြွယ်၏ စကားများအားကြားပြီးနောက် ရှစ်ယင်က သူ၏ခေါင်းကိုခါယမ်းပြီးပြောလိုက်သည်။

“ဒီလူအလောင်းကောင်ဧကရာဇ်ကိုယ်ထဲမှာထည့်ထားတဲ့ဆီးလ်က အရမ်းကိုဆန်းကြယ်တယ်. ဒီလူရဲ့နောက်ခံကသေချာပေါက်

သာမန်မဟုတ်ဘူး. “

ရှစ်ယင်က စကားပြောရင်း သူ၏အကြည့်အားအောက်ရှိတောင်ထိပ်နှင့် တောင်ထိပ်ပေါ်ရှိမြင့်မားသော သစ်ပင်ကြီးကိုကြည့်လိုက်သည်။ ထို့နောက် ရှစ်ယင်က သူ၏ပါးစပ်အားထပ်မံဖွင့်ဟပြီး ပြောလိုက်၏။

“ ဒါပေမဲ့ အလျှင်လိုစရာမလိုဘူး.. အဲ့လူငယ်လေး ထွက်လာတာနဲ့ တို့တွေသူ့ကိုဖမ်းပြီးရင် သူ့ရဲ့လျှို့ဝှက်ချက်တွေနဲ့ အလောင်းကောင် ဧကရာဇ်က မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာ

ငါတို့ဟာတွေဖြစ်လာမှာပဲ”

“အဲ့တာအမှန်ပဲ”

ရှစ်ယင်၏ စကားတို့အားကြားပြီးနောက် ရှစ်ကြွယ်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူကလည်းတောင်ငယ်

လေး၏ထိပ်နှင့်သစ်ပင်အားကြည့်လိုက်၏။

အနက်ရောင်အလောင်းဂိုဏ်းမှလူများက ဆက်လက်စောင့်ဆိုင်းနေကြသည်။ သူတို့ကသူတို့၏သခင်လေးကိုစော်ကားခဲ့သောလူငယ်ထွက်အလာကိုစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ဤအချိန်တွင် ရှစ်လင်း ကအလောင်းကျွန်ယွဲ့ရှောက်ချုံး၏ကျောထက်၌ ရပ်နေသည်ဖြစ်သည်။ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီသည့်တိုင်ထိုလူကထွက်မလာသေးချေ။ ရှစ်လင်မှာပို၍ပို၍ သည်းမခံနိုင်ဖြစ်လာသည်။

သူကယွဲ့ရှောက်ချုံး၏ကျောနှင့်ဦးခေါင်း

ပေါ်သို့ဆောင့်နင်းချပြီးသူ၏ဒေါသအား

ယွဲ့ရှောက်ချုံးအပေါ်တွင်ဖွင့်ထုတ်နေသည်။

အချိန်များကဖြည်းဖြည်းချင်းကုန်ဆုံး

လာပြီးဤအချိန်တွင် အဖြူရောင်ပုံရိပ်နှစ်ခုက မြင့်မားသောသစ်ပင်ကြီးပေါ်၌ ရုတ်တရက်ပေါ်လာကာ ပုံရိပ်များကပို၍ပို၍ကျစ်လျစ်လာသည်။

All Chapters