အခန်း (၇၄၈)
Vol. 50 Ch. 748
အဆုံးသတ်တွင် တောအုပ်အတွင်းမှ ရှေးခေတ်ကမ္ဘာ ၏ စာလုံး ကိုးခု ကိုရရှိခဲ့သည်။ သူယခင်ဘဝကရရှိခဲ့သော ရှေးဟောင်းစာလုံး အပါအဝင် ရှစ်ဖုန့်အနေဖြင့်စုစုပေါင်း ရှေးဟောင်းစာလုံးစုစုပေါင်းဆယ်လုံးကိုရရှိခဲ့သည်။
“ကောင်းကင်ဘုံမိုးကြိုးလျှပ်စီး.. မီး..ရေခဲ..လေမုန်တိုင်း. မြေ..ရေ”
၎င်းတို့နောက်တွင် ရှစ်ဖုန့်အနေဖြင့် ကောင်းကင်နှင့်မြေကြီး၏ နိယာမများဖြစ်သည့် “အမှောင်ထု..အလင်း.. သေခြင်းနှင့် အသက်” တို့ကိုကိုယ်စားပြုသော ရှေးဟောင်းစာလုံးတို့ကိုရရှိခဲ့သည်။
ထို့နောက်တွင် ရှစ်ဖုန့်နှင့်ရှစ်လင်ရို့တို့ကသူတို့ဝင်လာခဲ့သော နေရာသို့ ပြန်လာပြီး တောအုပ်အတွင်းမှထွက်လာသည်။
ရှစ်ဖုန့်ရှေးဟောင်းတောအုပ်အတွင်းမှ ပြန်လာသောအခါတွင် ကောင်းကင်ထဲမှ စွမ်းအားကြီး စွမ်းအင်အတက်အကျတစ်ခုကို သူ အာရုံခံမိလိုက်သည်။ ထိုထက်ပိုသည်ကား ရာပေါင်းများစွာသော ကျင့်ကြံသူများက ကောင်းကင်ထဲတွင် ဝင့်ကြွားစွာရပ်နေကြပြီး သူတို့နှစ်ဦးအားငုံ့ကြည့်နေသည်။
သူနှင့်ရှစ်လင်ရို့တို့မှာ ဤလူများ၏ ဝိုင်းခြင်းကို ခံထားရခြင်းဖြစ်သည်။
ဤလူများအားရှစ်ဖုန့် လျှင်မြန်စွာ မှတ်မိလိုက်သည်။ ဤလူများ၌သေလုအောင်ဖြူဖျော့သောမျက်နှာများရှိသည်ဖြစ်သည်။ ၎င်းတို့အားရှစ်ဖုန့်မမှတ်မိရန်ကမှခက်ခဲအုံးမည်ဖြစ်သည်။
ထို့နောက်သူ၏အကြည့်က ရှစ်လင်း၏ခြေထောက်အောက်၌ အလောင်းကျွန်အဖြစ်ပြောင်းလဲနေသော ယွဲ့ရှောက်ချုံးပေါ်သို့ကျရောက်သွားသည်။
မီးခိုးဖြူရောင် လှောင်အိမ်ထဲ၌ ပိတ်လှောင်ခံထားရပြီး ခက်ထန်စွာဟစ်အော်နေသော တီရှာ၏အပေါ်သို့လည်း သူ၏အကြည့်ကကျရောက်သွားသည်။
ရှစ်ဖုန့်၏မျက်နှာကရုတ်ခြည်း အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ သူက အေးစက်စွာမော့ကြည့်လိုက်ပြီး သူ၏ အကြည့်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ် ရှစ်ယင်၏အပေါ်သို့ ကျရောက်သွားသည်။ဤနေရာ၌ရှစ်ယင်က အသန်မာဆုံးသောသူဖြစ်သည်ကိုလည်း ရှစ်ဖုန့် မြင်သည်ဖြစ်သည်။
“ဟားဟား.. မင်းထွက်လာပြီ..မင်းထွက်လာပြီပဲ.. ရက်ပေါင်းများစွာမင်းကိုစောင့်ပြီးတဲ့နောက်တော့ နောက်ဆုံး မင်းထွက်လာပြီ”
အနက်ရောင်အလောင်းဂိုဏ်းမှ သခင်လေးဖြစ်သူ ရှစ်လင်းက သစ်ပင်ထိပ်ဖျား၌ရပ်နေသော ရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ့အတွက်ရှစ်ဖု်န့ဆိုသည်မှာ ခရားထဲကလိပ်တစ်ကောင်ဖြစ်သည်။
ပထမအကြီးအကဲဖြစ်သူ ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ် ရှစ်ယင်က အနက်ရောင်အလောင်းဂိုဏ်းမှ ကျွမ်းကျင်သူသုံးရာကိုဦးဆောင်လာခဲ့ပြီး သူတို့၏လက်ထဲရှိဆန်းကြယ်အလောင်းမှန်ဖြင့် ဆန်းကြယ်အလောင်းအစီအရင်ကိုခင်းကျင်းခဲ့သည်ဖြစ်သည်။
အနက်ရောင်အလောင်းဂိုဏ်းမှလူများကလည်း အောက်ရှိ အဖြူရောင်နှင့်လူငယ်ကို အေးစက်စွာကြည့်နေ၏။ မည်သည့်အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူအတွက်မဆို ဤလူက သေချာပေါက်သေရလိမ့်မည်ဖြစ်သည်။
မဟုတ်သေးပါ။ သူတို၏သခင်လေးဖြစ်သူ ရှစ်လင်းအားစော်ကားပြီးသည့်နောက်တွင် ဤလူအနေဖြင့် သေသည်ထက်ဆိုးရွားသော ကံကြမ္မာကို ခံစားရမည်ဖြစ်သည်။
ရှစ်ဖုန့်၏မျက်နှာကအေးစက်နေသည်။ သူက မော့ကြည့်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“မင်းတို့ဆန်ကုန်မြေလေးတွေက ဒီသခင်လေးကိုဝိုင်းရုံတင်မကဘူး. ဒီသခင်လေးရဲ့ သူငယ်ချင်းကိုလည်း စော်ကားတယ်.. ကောင်းတယ်. အရမ်းကောင်းတယ်.. အနက်ရောင်အလောင်းဂိုဏ်း.. ဒီသခင်လေးဒါကိုမှတ်ထားမယ်. မင်းတို့လို့အစုတ်ပလုတ်ဂိုဏ်းအတွက် ထပ်ပြီးရှိနေစရာလုံးဝမလိုအပ်တော့ဘူး”
“မင်း.ရဲတင်းလိုက်တာ.”
“မင်းတော့သေချင်နေတာပဲ”
ရှစ်ဖုန့်၏စကားများအားကြားရပြီးနောက် အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများအားလုံးက အောက်သို့လက်ညှိုးထိုးညွှန်ပြီး ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။
ရှစ်ဖုန့်က အထက်ရှိ အနက်ရောင်အလောင်းဂိုဏ်းမှ လူများကို ထပ်မံအာရုံစိုက်ခြင်းမရှိတော့ချေ။ ထိုအစား သူက ခေါင်းကိုလှည့်လိုက်ပြီး သူ့ဘေးရှိ ရှစ်လင်ရို့ကို ပြောလိုက်သည်။
“ဒီသခင်လေးမှာ နေရာလွတ်ဆန်းကြယ်လက်နက်တစ်ခုရှိတယ်. မင်းရဲ့စိတ်ကိုလျှော့ထား.. ဒီသခင်လေးမင်းကိုအဲ့ဆီယာယီပို့ပေးမယ်.. တို့တွေဒီနေရာကထွက်သွားပြီးရင် ဒီသခင်လေးမင်းကိုထုတ်ပေးမယ်”
“ကောင်းပြီ”
ရှစ်လင်ရို့က ခေါင်းညိမ့်လိုက်ပြီး ပြောသည့်အတိုင်းလုပ်လိုက်သည်။ ထို့နောက်မကြာခင် သွေးနီရောင်အလင်းတစ်ခုက သူမ၏ကိုယ်ပေါ်တွင်လင်းလက်လာပြီး သူမအားရှစ်ဖုန့်၏သွေးကျောက်ပြားကမ္ဘာငယ်အတွင်းသို့စုပ်ယူခြင်းခံလိုက်ရသည်။
ဟင်းလင်းပြင်ထဲတွင် အနက်ရောင်အလောင်းဂိုဏ်းမှ ပထမအကြီးအကဲဖြစ်သူရှစ်ယင်က ရှစ်ဖုန့်၏ စကားတို့အားဂရုစိုက်ခြင်းမရှိပေ။ သူ့အတွက် ဤစကားလုံးများက လူသေတစ်ယောက်က သူမသေခင် ပြောသည့်ပေါက်ကရစကားများသာဖြစ်သည်။
လူသေတစ်ဦးနှင့် ပြိုင်ငြင်းခုန်နေ၍ဘာများရရမည်နည်း။
ထို့နောက်တွင် ရှစ်ယင်၏လက်ထဲမှ ဆန်းကြယ်အလောင်းမှန်ကလင်းလက်လာပြီး အောက်သို့မျက်နှာမူလိုက်သည်။ မီးခိုးဖြူရောင် အလင်းတန်းတစ်ခုက ဆန်းကြယ်အလောင်းမှန်မှ ပစ်လွှတ်လာပြီး ရှစ်ဖုန့်ပေါ်သို့လင်းလက်လာသည်။
ရှစ်ဖုန့်ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းပြီးဆန်းကြယ်သော စွမ်းအားတစ်ခုအား မီးခိုးဖြူရောင်အလင်းတန်းထံမှ သူ ခံစားမိသည်ဖြစ်သည်။ ဤသည်ကား ထူးခြားသောလျှို့ဝှက်ရတနာတစ်ခုဖြစ်၏။
ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ခုကရှစ်ဖုန့်
၏နောက်၌လင်းလက်လာသည်။
“ဂါး..ဂါး.ဂါး.ဂါး.ဂါး.”
ယင်အလောင်းကောင်နှစ်ထောင့်ငါးရာကိုးဆယ့်ကိုးကောင်မှာ ရှစ်ဖုန့်၏ဆင့်ခေါ်မှုကိုခံလိုက်ရသည်။
ထို့နောက်တွင် ရှစ်ဖုန့်က သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး ကောင်းကင်ထဲ၌ အလောင်းတစ်သောင်းအစီအရင်
ကိုခင်းကျင်းလိုက်သည်။
ရှစ်ဖုန့်ကသူ၏ညာလက်အားဓား
အသွင်ပြုလုပ်လိုက်ပြီး ရှစ်ဖုန့်၏ဓားထံမှ အမှောင်သေခြင်းဓားလှိုင်းတို့က ပစ်လွှတ်သလိုထွက်လာသည်။ အမှောင်သေခြင်းဓားလှိုင်းအတွင်းတွင် အဖြူရောင်ရုန်းတစ်ခုက ခပ်ရေးရေးထွက်ပေါ်နေသည်။ ဤရုန်းက သေခြင်းနိယာမကို ကိုယ်စားပြုသော ရှေးဟောင်းစာလုံးပင်ဖြစ်သည်။
အမှောင်သေခြင်းဓားလှိုင်းက မီးခိုးဖြူရောင်အလင်းတန်းထံသို့ တစ်ဟုန်ထိုးဦးတည်သွားပြီး မျက်စိတစ်မှိတ်အတွင်းပစ်ဆောင့်သွားသည်။
ဤအချိန်တွင် ရှစ်ယင်၏ခံစားချက်မဲ့သောမျက်နှာထက်၌ အံ့အားသင့်မှုတစ်ခုဖြစ်ပေါ်လာသည်။
ဤဆန်းကြယ်အလောင်းမှန်က တိုက်ခိုက်ရေးလျှို့ဝှက်ရတနာတစ်ခုမဟုတ်သော်လည်း အခြားသောမှော်ဆန်သည့် စွမ်းရည်များရှိပြီး ထိန်းချုပ်မှုအောက်တွင် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်အောက်မှမည်သည့်ကျင့်ကြံသူကိုမဆို ဖိနှိပ်နိုင်စွမ်းရှိသည်ဖြစ်သည်။
သို့သော်ဤလူငယ်၏အမှောင်သေခြင်းဓားလှိုင်းက ဆန်းကြယ်အလောင်းမှန်၏တိုက်ခိုက်မှုကို အလွယ်တကူချိုးဖျက်ခဲ့သည်။ ထိုထက်ပိုသည်ကား ဆန်းကြယ်အလောင်းမှန်မှ မီးခိုးဖြူရောင်အလင်းတန်းမှာ အမှောင်သေခြင်းဓားလှိုင်းအောက်၌ ပြန်ဆုတ်ခွာနေရပုံပေါ်သည်။
ထို့နောက်မကြာခင် ရှစ်ယင်က အောက်ရှိယင်အလောင်းကောင်များနှင့်လူငယ်၏ကိုယ်အတွင်းသို့ဝင်ရောက်သွားသော သေခြင်းစွမ်းအင်တို့ကို ကြည့်မိလိုက်သ်ည။ ရှစ်ယင်ရုတ်တရက်ထျန်းဟန်တိုက်ကြီးအတွင်း၌ နမည်ကြားရုံနှင့် ကြောက်လန့်တုန်ယင်သွားရသော အစီအရင်တစ်ခုကိုတွေးမိသွားသည်။
“သေခြင်းအစီအရင်.. သူက သေခြင်းဧကရာဇ်ရဲ့တပည့်ပဲ”
အလယ်ပိုင်းဒေသကြီး ၏အမှောင်နယ်မြေရှိအရှင်သခင်သုံးပါးထဲမှ သေခြင်းဧကရာဇ် လင်ယဲ့ဖုန်း၏ နမည်က ထျန်းဟန်တိုက်ကြီးတစ်ခုလုံး
ကိုပင်တုန်လှုပ်စေသည်ဖြစ်သည်။
“သေခြင်းအစီအရင်.ကောင်းတယ်.အရမ်းကောင်းတယ်.. ဒီလူငယ်ကိုငါဖမ်းမိတာနဲ့ သေခြင်းအစီအရင်ကို အတင်းအကျပ် ပေးခိုင်းပြီးရင် သူ့ကိုငါသတ်ပစ်မယ်. သေခြင်းဧကရာဇ်က အလယ်ပိုင်းဒေသကြီးရဲ့အဝေး
မှာရှိနေတဲ့အတွက်ကြောင့် ဒါက အနက်ရောင်အလောင်းဂိုဏ်း
ကလုပ်တာလို့သူသိမှာမဟုတ်ဘူး”
ဤအချိန်တွင် ရှစ်ယင်၏ညာလက်ထဲရှိဆန်းကြယ်အလောင်းမှန်မှ မီးခိုးဖြူရောင်အလင်းတန်းက ဆန်းကြယ်အလောင်းမှန်ထံသို့ပြန်လည်ဝင်ရောက်လာသည်။
မီခိုးဖြူရောင်အလင်းတန်းက ပြန်ရောက်လာသကဲ့သို့ အမှောင်သေခြင်းဓားလှို်ငးကလည်း ရုတ်ခြည်း ဆန်းကြယ်အလောင်းဆီးလ်ထံ
သို့ထိုးတက်သွားသည်။
မီးခိုးဖြူရောင် အလောင်းမြူတို့က ရှစ်ယင်၏ဘယ်လက်၌ရစ်ဝဲနေသည် သူက အမှောင်သေခြင်းဓားလှို်ငးထံ
သို့သူ၏လက်ဖဝါးဖြင့်ပြင်းထန်စွာ
ရိုက်ထုတ်လိုက်သည်။
ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ လက်ဖဝါးအောက်တွင် ရှစ်ဖုန့်၏ အမှောင်သေခြင်းဓားလှိုင်းက ရုတ်ခြည်းပျောက်ကွယ်သွားသည်။
အောက်ဘက်ရှိ ဧရာမသစ်ပင်ကြီးပေါ်ရှိ ရှစ်ဖုန့်၏ပုံရိပ်ကယိမ်းထိုးသွားပြီး နောက်သို့ ခြေတစ်လှမ်းအတင်းဆုပ်လိုက်ရသည်။
“သေခြင်းအစီအရင်ကိုလွှဲပေးစမ်း. ငါမင်းအလောင်းကိုအကောင်း
တိုင်းချန်ထားပေးမယ်..”
ရှစ်ယင်က အောက်ဘက်ရှိရှစ်ဖုန့်
ထံသို့ထိုးညွှန်ပြီး အော်ပြောလိုက်သည်။
“ဒုတိယဦးလေး အဲ့လိုမလုပ်နိုင်ဘူး. ကျွန်တောဒီလူရဲ့ခေါင်းကိုလိုချင်တယ်. ကျွန်တော်သူ့အလောင်းကိုအ
ကောင်းတိုင်းမထားနိုင်ဘူး”
သိပ်မဝေးသောနေရာ၌ရှိနေသည့်ရှစ်လင်းက ရှစ်ယင်၏စကားတို့အားကြား
လိုက်ရသောအခါတွင် ချက်ချင်းထက်တွန့်တက်လိုက်သည်။
ရှစ်ယင်ကရှစ်လင်းကိုလျစ်လျူရှုထားသည်။ ထိုအစား သူက ရှစ်ဖုန့်အားစိုက်ကြည့်ပြီး သူ၏အဖြေကို စောင့်စားနေသည်။
ရှစ်ယင်၏အော်ပြောသံအား
ကြားရသောအခါတွင် ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“မင်းအဖွားဘောပဲရမယ်”
ရုတ်ခြည်းငွေရောင်ဓားအလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်၌လင်းလက်လာသည်။ ရှစ်ဖုန့်၏ လက်ထဲ၌ငွေရောင်တံစဉ်
တစ်ခုပေါ်လာသည်။
ယင်အလောင်းကောင်နှစ်ထောင့်ငါးရာကိုးဆယ့်ကိုးကောင်ထံမှသေခြင်းချီတို့က ရုတ်ခြည်း ငွေရောင် တံစဉ်ထံသို့တစ်ဟုန်ထိုးဦးတည်သွားသည်။ ရှစ်ဖုန့်၏ကိုယ်ထဲရှိငရဲဘုံကိုးခုအမှောင်စွမ်းအင်တို့ကိုလည်း ငွေရောင်တံစဉ်အတွင်းသို့ ရူးသွပ်စွာသွန်းလောင်းလိုက်၏။
ဟင်းလင်းပြင်ထဲတွင် ရှစ်ယင်၏လက်ထဲရှိဆန်းကြယ်အ
လောင်းမှန်မှာ ရုတ်တရက်တုန်ခါလာသည်။ မူလကတည်ငြိမ်နေသောရှစ်ယင်မှာ ဆန်းကြယ်အလောင်းမှန်၏ ထူးဆန်းသောလှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။
“ဒီ..ဒီစွမ်းအားက”
ဆန်းကြယ်အလောင်းမှန်အား ဖြတ်သန်းပြီး ငွေရောင်တံစဉ်မှ မြင့်တက်လာသော လွန်စွာစွမ်းအားကြီးသည့် စွမ်းအားတစ်ခုကို ရှစ်ယင်အာရုံခံမိသည်ဖြစ်သည်။
ရှစ်ဖုန့်က ယင်အလောင်းကောင်အုပ်စုထံ
မှသေခြင်းစွမ်းအားတို့ကို ထည့်သွင်းခဲ့ရုံသာမက သူ၏ကိုယ်ပိုင် စွမ်းအင်တို့ကိုလည်း ငွေရောင်တံစဉ်အတွင်းသွန်းလောင်းခဲ့သလိုတစ်ချိန်တည်းတွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမဆယ်ခုအား ကိုယ်စားပြုသောရှေးဟောင်းစာလုံး ဆယ်လုံးကိုလည်းထည့်သွင်းခဲ့သည်။