အခန်း (၇၄၉)
Vol. 50 Ch. 749
“မြန်မြန်.. ဆန်းကြယ်အလောင်း အစီအရင်ကို အသက်သွင်းကြ. စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကိုထုတ်ဖော်ကြ”
ရှစ်ယင်မှာ ဆန်းကြယ်အလောင်းမှန်အားဖြတ်သန်း၍ ငွေရောင်တံစဉ်ထံမှ စွမ်းအားကြီးစွမ်းအားကို အာရုံခံမိသောအခါတွင် အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူသုံးရာကျော်တို့အား စိုးရိမ်တကြီး အလျှင်အမြန်အော်ပြောလိုက်သည်။
ရှစ်ယင်က တည်ငြိမ်သောလူတစ်ယောက်ဖြစ်သည်ကို အားလုံးသိကြသည်ဖြစ်သည်။ ရှစ်ဖုန့်လက်ထဲရှိ ငွေရောင်တံစဉ်ထံမှစွမ်းအားကိုသူတို့ အာရုံမခံမိသော်လည်း ကြီးမားသောတစ်စုံတစ်ခုဖြစ်ပျက်နေပြီဖြစ်သည်ကို သူတို့သိကြသည်ဖြစ်သည်။
ထို့နောက်တွင် အနက်ရောင်အလောင်းဂိုဏ်း၏ ကျင့်ကြံသူ သုံးရာကျော်တို့မှာသူတို့၏လက်များဖြင့် ဆီးလ်များကို အလျှင်အမြန်ပုံဖော်လိုက်ကြသည်။သူတို့၏ ဆီးလ်များထံမှ ရုန်းများထွက်ပေါ်လာသည်။
“ဆန်းကြယ်အလောင်းအစီအရင် အသက်သွင်း”
ရုတ်ခြည်းဆိုသလို ကောင်းကင်ထဲ၌ အလောင်းချီများပြည့်နှက်လာသည်။ ကောင်းကင်ထဲ၌ပြည့်နှက်လာသော အလောင်းချီတို့က ဧရာမမီးခိုးဖြူရောင်ခန္ဓာကိုယ်ကြီးတစ်ခုအဖြစ် လျှင်မြန်စွာဖွဲ့စည်းသွားသည်။၎င်းမှာ ကမ္ဘာကြီးမှဖန်ဆင်းသည့် ကြောက်ဖွယ်ကျားတား လူတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ ၎င်း၏ညာလက်အား လက်သီးတစ်ခုအဖြစ်ဆုပ်လိုက်ပြီး တောင်ငယ်လေးတစ်လုံးစာအရွယ်ရှိသော
၎င်း၏လက်သီးက အောက်ရှိ အဖြူရောင် ပုံရိပ်ထံသို့ပြင်းထန်စွာထိုးနှက်ချလာသည်။
“ကြယ်ငါးပွင့် ဧကရာဇ်နယ်ပယ်စွမ်းအား”
ရှစ်ဖုန့်ကမော့ကြည့်လိုက်ပြီး ဆန်းကြယ်အလောင်းမှန်အသက်သွင်း
လိုက်ချိန်တွင်ဖြစ်ပေါ်လာသည့် မီးခိုးဖြူရောင်ဧရာမလက်သီးကြီး၏ စွမ်းအားကိုချက်ချင်းအာရုံခံမိလိုက်သည်။
သို့သော်ရှစ်ဖုန့်မှာကြောက်ရွံ့ခြင်းမရှိပေ။ ဆုတ်ခွာရမည့်အစား သူ၏လက်ထဲရှိ ငွေရောင်တံစဉ်နှင့် ရှေးသို့တစ်ဟုန်ထိုးတက်လိုက်ပြီး တောင်ကုန်းကဲ့သို့ မီးခိုးဖြူရောင်လက်သီးထံသို့ ဦးတည်သွားသည်။
ရှစ်ဖုန့် ဧရာမလက်သီးကြီးအောက်သို့ပျံသန်း
လာသောအခါတွင် သူ၏လက်ထဲရှိ ငွေရောင်တံစဉ်အား အထက်ရှိဧရာမလက်သီးကြီးထံသို့ပြင်းထန်စွာ
ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
ကောင်းကင်အားဖြတ်တောက်ဖွင့်စေသကဲ့သို့ မြေကိုကွဲအက်စေသောပေါက်ကွဲမှုတစ်ခုဖြစ်
ပေါ်လာသည်။ ရှစ်ဖုန့်၏ခုတ်ပိုင်းချက်အောက်တွင် ဧရာမမီးခိုးဖြူရောင်လက်သီးကြီး၌ ရုတ်ခြည်းသိပ်သည်းသော ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများဖုံး
လွှမ်းလာသည်။
ထို့နောက်အက်ကွဲကြောင်းများက ဧရာမခန္ဓာကိုယ်ကြီးထံသို့ လျှင်မြန်စွာပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း မီးခိုးဖြူရောင်ဧရာမကိုယ်ကြီးတစ်ခုလုံး၌ အက်ကွဲကြောင်းများဖုံးလွှမ်းသွားသည်။ သူ၏ညာလက်သီးပင်အပေါ်သို့ တန်ပြန်ပေါက်ကွဲသွားပြီး မီးခိုးဖြူရောင်အလောင်းချီများအဖြစ်ပြောင်း
လဲသွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်က ရုတ်ခြည်းရှေ့သိုတိုးဝင်သွားပြီး ရှစ်ဖုန့်၏ရုတ်တရက်တိုးဝင်မှုကြောင့်ပေါက်ကွဲသွားသောဧရာမကိုယ်ကြီးမှာရုတ်ခြည်းအပိုင်းပိုင်းကြေမွသွားသည်။ ရုတ်ခြည်းကောင်းကင်တစ်ခုလုံး၌ အလောင်းစွမ်းအင်တို့နောက်တစ်ဖန်ပြန်လည်ပြည့်နှက်လာသည်။
ရှစ်ဖုန့်၏အဖြူရောင်ပုံရိပ်က အလောင်းချီတို့ကိုထိုးခွင်းပြီးဝိုင်းပတ်ထားသော အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများ၏ အလယ်တွင်ရပ်တန့်လိုက်သည်။သူကသူ့ရှေ့ရှိရှစ်ယင်အား အေးစက်စွာစိုက်ကြည့်နေသည်။
“ဝေါ့..ဝေါ့..ဝေါ့.ဝေါ့..ဝေါ့..ဖူး..”
ဆန်းကြယ်အလောင်းအစီအရင်ကျိုးပျက်သွားချိန်တွင် အနက်ရောင်အလောင်းဂိုဏ်းမှ လူများအားလုံး တန်ပြန်သက်ရောက်မှုတစ်ခုကိုရုတ်ခြည်း
ခံစားလိုက်ရသည်။ လတ်ဆတ်သောသွေးများအားသူတို့၏ပါးစပ်မှ အန်ထုတ်လာ၏။
အနက်ရောင်အလောင်းဂိုဏ်းမှ အခြားသောကျင့်ကြံသူများမှာလည်း ကောင်းမွန်ခြင်းမရှိပေ။ အစီအရင်အားဦးဆောင်သည့် ပထမအကြီးအကဲဖြစ်သူရှစ်ယင်မှာ တန်ပြန်သက်ရောက်မှုအားအများဆုံးခံရ
သည့်သူဖြစ်သည်။ သူကပါးစပ်အပြည့်သွေးတစ်ပွက်ကိုပြင်း
ထန်စွာအန်ထုတ်လိုက်ပြီး သူ၏ပုံရိပ်ကလည်း မပြေမပြစ် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
ရှစ်ယင်က သူ၏ခေါင်းအားဖြည်းညှင်းစွာမော့လိုက်ပြီး ပို၍ ဖြူဖျော့သောလူသေကဲ့သို့မျက်နှာတစ်ခု
လှစ်ဟာထွက်ပေါ်လာသည်။ သူက သူ၏ရှေ့ရှိသူ့အားစိုက်ကြည့်နေသော အဖြူရောင်ပုံရိပ်ကိုကြည့်လိုက်သည်။
“ဒီနေ့. မင်းတို့အားလုံးဒီမှာပဲထာဝရနေရမယ်”
ရှစ်ဖုန့်ကသူ၏ဘယ်လက်ထဲရှိ ငွေရောင်တံစဉ်နှင့် သူ့ရှေ့ရှိရှစ်ယင်အားထိုးညွှန်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဟားဟား..ဟားဟားဟားဟား”
ဤအချိန်တွင်ရှစ်ယင်က ရှစ်ဖုန့်၏စကားများအားကြားလိုက်ရပြီး ရုတ်တရက် လှောင်ရယ်ရယ်လိုက်သည်။
“အကယ်၍ ငါသာမမှားဘူးဆိုရင် မင်းရဲ့တံစဉ်က ရှေးဟောင်း သေခြင်းနတ်ဘုရားသုံးခဲ့တဲ့ သေခြင်းကောက်ရိတ်တံစဉ်ပဲဖြစ်ရမယ်”
“ငါမမျှော်လင့်ထားဘူး.. ငါတကယ်မမျှော်လင့်ထားခဲ့ဘူး. ဒီဘဝမှာ ဒဏ္ဍာရီလာ လက်နက်တစ်ခုကိုမြင်ရလိမ့်မယ်လို့. . ဒါပေမဲ့ မင်းရဲ့လက်ရှိအဆင့်နဲ့ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်စွမ်းအား
တစ်ခုကိုပဲမင်းသုံးနိုင်လိမ့်မယ်. အကယ်၍မင်းငါ့ကိုသတ်ချင်ရင် ငါ့လက်ထဲကဆန်းကြယ်အလောင်းမှန်
ကိုမင်းမေးရလိမ့်မယ်”
ရှစ်ယင်ကနောက်ဆုံးစကားအား
ပြောပြီးသောအခါတွင် သူ၏မျက်နှာကရုတ်တရက်ခက်ထန်မှု
အဖြစ်ပြောင်းသွားသည်။ ထို့နောက်သူ၏လက်ထဲရှိ ဆန်းကြယ်အလောင်းမှန်ကရုတ်ခြည်း
တုန်ယင်လာသည်။ ရှစ်ယင်က သူ၏လက်ထဲရှိဆန်းကြယ် အလောင်းမှန်အားရှစ်ဖုန့်ထံသို့ဦးတည်၍ ပစ်လွှတ်လိုက်သည်။
သူ့ထံသို့ပျံသန်းလာသောဆန်းကြယ်
အလောင်းမှန်အားကြည့်ရင်း ရှစ်ဖုန့်၏မျက်လုံးကတို့ကကျဉ်းမြောင်းသွားသည်။ ထို့နောက်ရှစ်ဖုန့်၏နှလုံးသားထဲ၌ လွန်စွာ အန္တရာယ်များသောခံစားချက်တစ်
ခုမြင့်တက်လာသည်။
ရှစ်ဖုန့်ထပ်မံတုန့်ဆိုင်းနေခြင်းမရှိပေ။ သူလက်ထဲရှိငွေရောင်တံစဉ်ကိုရှေ့
သိုပစ်ထုတ်လိုက်ပြီး ဆန်းကြယ်အလောင်းမှန်ထံသို့
ခုတ်ပိုင်းလိုက်သည်။
ဤအချိန်တွင်ရှစ်ယင်၏ဖြူဖျော့
နေသောမျက်နှာက ပို၍ပို၍
ခက်ထန်လာသည်။ သူက ရုတ်တရက်ခက်ထန်စွာအော်ဟစ်လိုက်သည်။
“ပေါက်ကွဲစမ်း”
“ဝုန်း”
ငွေရောင်တံစဉ်နှင့် ပစ်ဆောင့်တော့မည့်ဆန်းကြယ်
အလောင်းမှန်မှာ ရှစ်ယင်၏ အတင်းအဓမ္မနှိုးဆော်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်း
ကိုပြုလုပ်လိုက်သည်။
“ဝုန်း”
ပြင်းထန်သောပေါက်ကွဲသံ
တစ်ခုထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေပြင်အား
ဖျက်ဆီးပစ်နုင်စွမ်းရှိသော ပြင်းထန်သည့်စွမ်းအင်တစ်ခုက ရုတ်တရက်ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။ ၎င်းက နိုးထလာသောခက်ထန်ကြမ်းကြုတ်
သည့်သားရဲတစ်ကောင်ကဲ့သို့ ဦးတည်ချက်ပေါင်းစုံသို့ တစ်ဟုန်ထိုး ဦးတည်သွားသည်။
ငွေရောင်တံစဉ်မှာ ပြင်းထန်သောစွမ်းအင်တို့၏ ရုတ်ခြည်းဝါးမျိုမှုကိုခံလိုက်ရသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏အဖြူရောင်ပုံရိပ်မှာလည်း ပြင်းထန်သော စွမ်းအင်အတွင်းလျှင်မြန်စွာနှစ်မြုပ်သွားပြီး ပျောက်ကွယ်သွားသည်။
“အား..အား..အား..အား”
အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူဒါဇင်ပေါင်းများစွာမှာ တိုက်ပွဲကွင်းပြင်၏အလယ်ဗဟိုနှင့်
နီးကပ်စွာရှိနေသည်ဖြစ်သည်။ ရုတ်တရက်ပြောင်းလဲမှုကြောင့် သူတို့အားလုံး ဒဏ်ရာရနေပြီးအချိန်မှီထွက်ပြေး
လွတ်မြောက်နိုင်စွမ်းမရှိကြချေ။ သူတို့အားလုံးအား ပြင်းထန်သည့် စွမ်းအင်များကဝါးမျိုသွားပြီး စိတ်မချမ်းမြေ့ဖွယ်အော်သံများထွက်ပေါ်လာသည်။
“ဟမ့်..ဟမ့်”
ရှစ်ယင်က သူ၏ရှေ့ရှိပြင်းထန်သောစွမ်းအင်များကိုကြည့်၍ သရောက်လိုက်သည်။ ဆန်းကြယ်အလောင်းမှန်၏ဖျက်ဆီးမှုအောက်တွင် ပြန်မဆုတ်မိသောအနက်ရောင်အလောင်းဂိုဏ်းမှလူသုံးဆယ်ကျော် အသတ်ခံလိုက်ရသည်။ သို့သော်ရှစ်ယင်ကတော့လုံးဝဂရုစိုက်ခြင်းမရှိပေ။
“သေစမ်း”
ထိုလူသေသည်နှင့် ဒဏ္ဍာရီလာ သေခြင်းကောက်ရိတ်ဓားကိုသူရရှိသည်နှင့် အားလုံးကထိုက်တန်သည်ဖြစ်သည်။
သို့သော်သေခြင်းအစီအရင်အကြောင်း
အားစစ်မေးနိုင်သည့်အခွင့်အရေးတစ်ခုကို လွဲချော်သွားသည်ကား နှမြောဖို့ကောင်းသည်ဟုရှစ်ယင်ခံစားရသည်။ သို့သော် ရွေးချယ်စရာရှိမနေပေ။ ထိုလူ၌ သေခြင်းကောက်ရိတ်ဓားရှိနေပြီး ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်စွမ်းအားကို၎င်းအားအသုံးပြု၍ ထုတ်ဖော်နိုင်သည်ဖြစ်သည်။ အကယ်၍ သူတို့သာ၎င်းအားယခုချိန်မသတ်လျှင် သူတို့အားလုံးဤနေရာ၌သေရလိမ့်မည်ဖြစ်သည်။
“ဒုတိယဦးလေး သူသေသွားပြီလား”
အနက်ရောင်အလောင်းဂိုဏ်းမှ သခင်လေးဖြစ်သူရှစ်လင်းမှာ ရှစ်ယင်၏ဘက်ခြမ်းသို့ဆုတ်ခွာလာပြီး ရိုးသားသောပုံစံဖြင့်တိုးဖျော့စွာမေးလိုက်သည်။
ထိုလူက ဆန်းကြယ်အလောင်းအစီအရင်ကို ဓားတစ်ချက်တည်းနှင့်ဖျက်ဆီး
ပစ်ခဲ့သည်ဖြစ်သည်။ ဤအချိန်တွင် ရှစ်လင်းအနေဖြင့်၎င်း၏ခေါင်းအား
ရမရကိုဂရုမစိုက်နိုင်တော့ပေ။ ယခု ထိုလူလုံးဝသေသွားမှသာသူစိတ်သက်သာရာရလိမ့်မည်ဖြစ်သည်။
ရှစ်ယင်က ရှစ်လင်းအား ထပ်မံလျစ်လျူရှုလိုက်ပြီး ပြင်းထန်သောစွမ်းအင်များ၏အလယ်သို့ မျက်တောင်မခတ်စတမ်းကြည့်နေသည်။ ဆန်းကြယ်အလောင်းမှန်အားဖောက်ခွဲလိုက်ခြင်းက ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်တစ်ပါး၏တိုက်ခိုက်မှုစွမ်းအားကိုထုတ်လွှတ်နိုင်သည်ဖြစ်သည်။
ဤတိုက်ခိုက်မှုအောက်တွင် ထိုလူ၏သေခြင်းတံစဉ်က ၎င်း၏စွမ်းအားတစ်စိတ်တစ်ပိုင်း
ကိုဖျက်ဆီးပစ်နိုင်ခဲ့လျှင်တောင် ကျန်နေသောစွမ်းအားများက ၎င်းအားအပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သည်ဖြစ်သည်။
ရှစ်ယင်ကဆိတ်ငြိမ်စွာစောင့်ဆိုင်းနေပြီး ပြင်းထန်သောစွမ်းအင်များ၏ ပျောက်ကွယ်မှုကိုစောင့်စားကာ သူ့အတွက်ရလာမည့်သေခြင်းတံစဉ်ကိုလည်းစောင့်မျှော်နေသည်။
ဆန်းကြယ်အလောင်းမှန်က အဖိုးထိုက်တန်သော်လည်း သေခြင်းကောက်ရိတ်တံစဉ်နှင့်လဲလှယ်ရန်အတွက် ၎င်းအားဖောက်ခွဲလိုက်ခြင်းကထိုက်တန်သည်ဖြစ်သည်။
သူတို့သတိမပြုမိသည်ကား ပိန်းပေါက်အောင်နက်မှောင်သော
ကိုယ်နှင့်အလောင်းကောင်ဧကရာဇ်၌ လွန်စွာတုန်လှုပ်အံ့အားသင့်သောအမူအယာတစ်ခုရှိနေခြင်းပင်ဖြစ်သည်။ ၎င်း၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေပြီး ပြင်းထန်သောစွမ်းအင်များရှိရာ ဘက်သို့ ကြည့်နေသည်။ သူက အသံတိုးတိုးဖြင့်တီးတိုးရေရွတ်လိုက်၏။
“ဒါ..ဒါက တကယ့်ကို လူထူးဆန်းတွေကြားထဲက လူထူးဆန်းပဲ.. ဒီ.ဒိလိုစွမ်းအင်မျိုးအောက်မှာတောင် သူအသက်ရှင်သေးတယ်”
“ဒီလူကငါ့ရဲ့အရင်သခင်ဖြစ်တဲ့ အလောင်းထိန်းချုပ် ဧကရာဇ်ထက်ကို အများကြီးပိုသန်မာတာပဲ”
တီရှာနှင့်ရှစ်ဖုန့်တို့၏ကြားထဲ၌ ဆက်နွယ်မှုတစ်ခုရှိသည်ဖြစ်သည်။ သခင်နှင့်အစေခံအမှတ်အသားက ပင်ကိုယ်အားဖြင့် သူသေသည်ရှင်သည်ကိုအာရုံခံနိုင်
စွမ်းရှိသည်ဖြစ်၏။