အခန်း (၇၅၀)
Vol. 50 Ch. 750
ဟင်းလင်းပြင်ထဲတွင် ပြင်းထန်သော စွမ်းအင်များက ဖြည်းဖြည်းချင်း မှေးမှိန်လာပြီး ရှစ်ယင်၏လူသေကဲ့သို့မျက်နှာ၌လည်း ဖြည်းဖြည်းချင်း မျှော်လင့်စောင့်စားသော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
ဘယ်လိုဖြစ်ပြီးသူ့အနေဖြင့် ဒဏ္ဍာရီလာသေခြင်းနတ်ဘုရား၏ တံစဉ်ကိုရရန်အတွက် မမျှော်လင့်ဘဲနေပါမည်နည်း။ ဘယ်လိုလူက စိတ်မလှုပ်ရှားဘဲနေပါမည်နည်း။
သေခြင်းကောက်ရိတ်တံစဉ်မှာ ကောလဟာလများအရ ရှေးခေတ်အ
ချိန်ကာလက ဆန်းကြယ်နတ်ဘုရားတစ်ပါးဖြစ်
သောသေခြင်းနတ်ဘုရားပိုင်ဆိုင်သည့်
ပစ္စည်းဖြစ်သည်။ သေခြင်းနတ်ဘုရားကသက်ရှိအားလုံး၏သေခြင်းတရားကို ထိန်းချုပ်ခဲ့သည်ဖြစ်သည်။ သေခြင်းကောက်ရိတ်တံစဉ်ဖြတ်သန်း
သွားသည့်နေရာတိုင်းတွင် သက်ရှိမှန်သမျှ ပျက်စီးရသည်ဖြစ်သည်။
သို့သော်ထို့နောက်တွင် ရှစ်ယင်နှင့် အနက်ရောင်အလောင်းဂိုဏ်းမှ လူများ၏ မျက်နှာများထက်၌ မယုံကြည်နိုင်သောအမူအယာများ
ကိုပြသလာသည်။
လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးသော စွမ်းအင်များအတွင်း၌ သွေးနီရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို သူတို့တကယ်ကြီးတွေ့လိုက်ရသည်။
“ဒီလိုမျိးစွမ်းအားကြီး စွမ်းအင်တစ်ခုရဲ့အဆက်မပြတ်တိုက်
ခိုက်မှုကိုခံရပြီးတာတောင် ဒီလူ..ဒီလူကတကယ်ကြီးမသေသေးဘူး. အဲ့အစောပိုင်းက ပြင်းထန်ပြီးစွမ်းအားကြီးတဲ့ စွမ်းအင်တွေက ဆန်းကြယ်အလောင်းမှန်ရဲ့ ဖျက်ဆီးဖောက်ခွဲခြင်းကနေထွက်လာတဲ့ဟာ”
ဤသည်ကား အနက်ရောင်အလောင်းဂိုဏ်း၏ လျှို့ဝှက်ရတနာတစ်ပါးဖြစ်သည့်ဆန်း
ကြယ်အလောင်းမှန်ဖြစ်သည်။
“မွန်းစတား..ဒါကသေချာပေါက်မွန်းစတားပဲ”
“ဟီးဟီး. .”
ဆန်းကြယ်အလောင်းမှန်၏ ဖျက်ဆီးဖောက်ခွဲမှုမှထုတ်လွှတ်သော စွမ်းအင်တို့လုံးဝပျောက်ကွယ်သွားပြီး ရှစ်ဖုန့်၏ပုံရိပ်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်က သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီးလှောင်ရယ်
သံတစ်ချက်ပြုလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်က မှုန်မှိုင်းသောအဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။ သွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထားကာ ငွေရောင်တံစဉ်အားကိုင်ထားပြီး သွေးနီရောင်နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေ၏။
ဆန်းကြယ်အလောင်းမှန်၏ ဖျက်စီးဖောက်ခွဲမှုပြီးနောက် သူ၏မျက်နှာထက်တွင် သွေးစွန်းကွက်အချို့ရှိနေပြီး ဆံပင်များရှုပ်ပွနေသော်လည်း အခြားမည်သည့်ထိခိုက်မှုကိုမှတော့
ရှစ်ဖုန့်ခံစားရခြင်းမရှိပေ။
သို့သော် သူ၏မျက်နှာထက်ရှိဒဏ်ရာများမှာ ပကတိမျက်လုံးနှင့်မြင်နိုင်သောအမြန်နှုန်းမျိုးဖြင့် ပြန်လည်ကုသနေသည်။
ဆန်းကြယ်အလောင်းမှန်၏ ဖျက်ဆီးဖောက်ခွဲမှုက ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်တစ်ပါး၏ တိုက်ခိုက်မှုတစ်ခုကိုထုတ်လွှတ်နိုင်သည်ဖြစ်သည်။ ရှစ်ဖုန့်၏ငွေရောင်တံစဉ်က တိုက်ခိုက်မှု၏တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပစ်ခဲ့သည်။ ရှစ်ဖုန့်၏ စွမ်းအားကြီးငရဲဘုံကိုးခု အမှောင်ခန္ဓာနှင့် သွေးနီရောင်ချပ်ဝတ်တို့က တိုက်ခိုက်မှုအားခုခံခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင်ရှစ်ဖုန့်က သွေးနီရောင်ချပ်ဝတ်နှင့် ငရဲဘုံကိုးခု အမှောင်ခန္ဓာတို့၏ခုခံမှုအပေါ်တွင်မှီခိုအားထားပြီး ပြင်းထန်သောစွမ်းအင်များအောက်မှရှင်သန်ကျန်ရစ်ခဲ့သည်။
ပြောရလျှင်ရှစ်ဖုန့်၏ ငရဲဘုံကိုးခုစွမ်းအင်တို့ကကုန်ခမ်းနေပြီးဖြစ်သည်ကိုသူတို့မသိကြချေ။ အလောင်းတစ်သောင်းအစီအရင်မှ စွမ်းအင်များကိုလည်း ငွေရောင်တံစဉ်အတွင်းသို့ထည့်သွင်းခဲ့
သည်ဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၌ ကာယခွန်အား၏ အထွတ်အထိပ်ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအားကိုသာပိုင်ဆိုင်ထားသည်ဖြစ်သည်။
ရှစ်ယင်အတွက်မူ ဆန်းကြယ်အလောင်းအစီအရင်၏
တန်ပြန်သက်ရောက်မှုတစ်ခုကိုသူခံစားခဲ့ရပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားကကြီး
စွာလျော့ကျသွားသော်လည်း သူက ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်
တစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ သူ့၌သေချာက်ပေါက်ရှစ်ဖုန့်အားရင်ဆိုင်တိုက်ခိုက်ရန်ခွန်အားတို့ရှိသည်ဖြစ်၏။
ထိုထက်ပိုသည်ကား ရှစ်ယင်ခေါ်လာခဲ့သော အနက်ရောင်အလောင်းဂိုဏ်းမှလူများကြားထဲတွင် ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးနှင့် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်
တစ်ဦးတို့ပါရှိသည်ဖြစ်သည်။
ပြောရလျှင်ရှစ်ဖုန့်ဘက်ကအခွင့်
မသာဖြစ်နေဆဲဖြစ်၏။ သို့သော်ဤလူများအားရင်ဆိုင်ရာတွင်သူကြောက်ရွံ့နေခြင်းမရှိပေ။ သူ၏မျက်လုံးတို့၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။
အနက်ရောင်အလောင်းဂိုဏ်းမှ ပထမအကြီးအကဲဖြစ်သူ ရှစ်ယင်က သူ၏ရှေ့ရှိ ရှစ်ဖုန့်ကိုစိုက်ကြည့်နေသည်။ ဤအချိန်တွင် ရှစ်ယင်က အောက်သို့ပြောလိုက်သည်။
“သွားကြစို့”
အဆုံးသတ်တွင်ရှစ်ယင်မှာရှစ်ဖုန့်
၏စွမ်းအားကိုကြောက်လန့်သွားသည်။ အားလုံးထက်၎င်း၌ သေခြင်းကောက်ရိတ်တံစဉ်ကို ကိုင်ထားသည်ဖြစ်သည်။ ထို့အပြင်၎င်းက ဆန်းကြယ်အလောင်းမှန်၏ ဖျက်စီးဖောက်ခွဲမှုနှင့်ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်တစ်ပါးနှင့်ညီမျှသောတိုက်ခိုက်မှုကို တားဆီးခဲ့သည်ဖြစ်သည်။
ထိုထက်ပိုသည်ကား အနက်ရောင် အလောင်းဂိုဏ်း၏ ဆန်းကြယ်အလောင်းအစီအရင်ကျိုးပျက်သွားချိန်တွင် အားလုံး တန်ပြန်သက်ရောက်မှုကို ခံစားရပြီး ထိခိုက်ဒဏ်ရာရသွားကြသည်ဖြစ်သည်။
အခြားတစ်ဖက်တွင် ထိုလူက နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ကြမ်း
တမ်းနေဆဲဖြစ်၏။
ရှစ်ယင်၏အသံပျောက်ကွယ်သွားသည်နှင့် အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများမှာ ထပ်မံတုန့်ဆိုင်းနေခြင်းမရှိကြချေ။ သူတို့က သူတို့၏ကိုယ်များအား မီးခိုးဖြူရောင်အလင်းတန်းများအဖြစ်
အလျှင်အမြန်ပြောင်းလိုက်ကြပြီး ကောင်းကင်အားထိုးခွင်းသွားသည်။
သူတို့တစ်ယောက်စီတိုင်းမှာ ဤမွန်းစတားကိုကြောက်လန့်ကြသည်ဖြစ်သည်။ ဤကဲ့သို ကြမ်းကြုတ်ခက်ထန်သောလူမျိုးနှင့်
သူတို့ထပ်မံမျက်နှာခြင်းမဆိုင်လိုပေ။
ထို့နောက်ရှစ်ယင်က ကြက်သေသေနေသော သခင်လေး ရှစ်လင်းကို ဆုပ်ကိုင်လိုက်ပြီး သူနှင့်အတူခေါ်ဆောင်လာသည်။ အခြားသော အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများကဲ့သို့ပင် သူတို့ကလည်း အလင်းတန်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်အားထိုးခွင်းသွားသည်။
ဤအချိန်၌ရှစ်လင်းမှာလုံးဝကြက်သေသေနေသည်ဟု ပြော၍ရနိုင်သည်ဖြစ်သည်။ ဤလူက အရမ်းစွမ်းအားကြီးနေလိမ့်မည်ဟု
သူမမျှော်လင့်ထားခဲ့ပေ။ သူတို့၏လျှို့ဝှက်ရတနာဖြစ်သော
ဆန်းကြယ်အလောင်းမှန်က ကိုယ့်ကိုယ်ကိုယ်စတေးခဲ့သော်လည်း သူတို့အနေဖြင့်၎င်းအားသတ်နိုင်ခြင်းမရှိသေးပေ။ ၎င်းကသူ၏ရှေ့တွင် ပြည့်စုံကောင်းမွန်သောအခြေအနေ
တစ်ခုနှင့်ပေါ်လာဆဲဖြစ်သည်။
အားလုံးထက် ဆန်းကြယ်အလောင်းမှန်၏ဖျက်ဆီးဖောက်ခွဲမှုကသူ့ကြောင့်ဖြစ်လာရခြင်းဖြစ်သည်။ ဤကဲ့သို့ကိစ္စကြီးကသေချာပေါက်ကသူ၏အဖေကိုသတိပေးလိမ့်မည်ဖြစ်သည်။ ပြီးလျှင်သူ့အဖေ၏ စရိုက်အရ……
၎င်းကသူ၏ သွေးသားတော်စပ်သည့်ဖခင်ဖြစ်သော်လည်းထိုလူဒေါသထွက်သည်နှင့်ဘာပြောမည်ကိုတွေးမိသောအခါတွင် ရှစ်လင်းတစ်ယောက်ဖိန့်ဖိန့်တုန်
အောင်ကြောက်နေဆဲဖြစ်သည်။
ရှစ်ဖုန့်က အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်အားထိုးခွင်းကာထွက်ပြေးနေသည့် အလောင်းများကဲ့သို သော ကျင့်ကြံသူများကိုအေးစက်စွာကြည့်လိုက်သည်။
ရှစ်ဖုန့်၏ စိတ်ကထပ်မံလှုပ်ရှားသွားသည်။ ထို့နောက် ယင်အလောင်းကောင်နှစ်ထောင်
ငါးရာကိုးဆယ့်ကိုးကောင်ထံ၌ သွေးနီရောင်အလင်းတစ်ခုထပ်မံလင်းလက်လာပြီး သူတို့အားလုံးပျောက်ကွယ်သွားသည်။ ၎င်းတို့၏စွမ်းအင်များကုန်ခန်းသွားပြီး
ရှစ်ဖုန့်က ၎င်းတို့အား သွေးကျောက်ပြားနေရာလွတ်ကမ္ဘာငယ်အတွင်းသို့စုပ်ယူလိုက်သည်။
ဤအရာများပြုလုပ်ပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်ကလည်းလှုပ်ရှားသွားသည်။ ဖျက်ခနဲဆိုသလို မှင်ကဲ့သိုနက်မှောင်သည့် တီရှာနှင့် မီးခိုးဖြူရောင် အလောင်းကျွန်အဖြစ်ပြောင်းလဲနေသော ယွဲ့ရှောက်ချုံးတို့၏ရှေ့၌ ပေါ်လာသည်။
အလောင်းကျွန်အဖြစ်ပြောင်းလဲသွားသော
ယွဲ့ရှောက်ချုံးမှာ ရှစ်လင်း၏ထွက်ခွာသွားမှုကြောင့်ကြက်သေသေနေသည်။ ရှစ်ဖုန့်က၎င်းအားဆုပ်ကိုင်လိုက်သည်။ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာမှုနှင့်အတူ သူက သွေးကျောက်ပြားနေရာလွတ်ကမ္ဘာငယ်အတွင်းသို့စုပ်ယူခံလိုက်ရသည်။
“သ…သခင်..”
တီရှာမှာလည်းအရမ်းအားနည်းနေပြီးရှစ်ဖုန့်အား အားနည်းစွာဖြင့်ခေါ်လိုက်သည်။ အနက်ရောင်အလောင်းဂိုဏ်း၏ ညှင်းပန်းနှိပ်စက်မှုအောက်၌တီရှာမှာလည်း အချိန်ကောင်းတစ်ခုရှိခဲ့ပုံမရပေ။
သို့သော် ရှစ်ဖုန့်၏စွမ်းအားကြီးခွန်အားအား မျက်မြင်ကြုံတွေ့ပြီးနောက် တီရှာက သူ၏သခင်ဖြစ်သူကို ဟန်ဆောင်မှုကင်းမဲ့စွာဖြင့်ခေါ်လိုက်သည်။
ဤအချိန်၌ စွမ်းအားကြီးအလောင်းကောင်ဧကရာဇ်ဖြစ်သူ
တီရှာမှာ ဤစွမ်းအားကြီးသောလူငယ်လေးအားသူ၏ သခင်အဖြစ် အမှန်တကယ်မှတ်ယူလိုက်ပြီဖြစ်သည်။
“သွားစို့ သွားပြီး စိတ်ဝင်စားစရာတစ်ချို့ကိုစုဆောင်းကြစို့”
ရှစ်ဖုန့်က တီရှာကိုကြည့်လိုက်ပြီး သူ၏လက်ထဲရှိငွေရောင်တံစဉ်နှင့် အနက်ရောင်အလောင်းဂိုဏ်းမှလူများ
ထွက်ပြေးသွားရာဘက်သိုကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။
ဤလူအုပ်စုက သူ့အားစော်ကားခဲ့သောကြောင့်သူ့အနေဖြင့်၎င်းတို့အား အချိန်ကောင်းတစ်ခု မပေးလိုချေ။ အကယ်၍သူတို့မသေလျှင်ပင် သူ့အနေဖြင့်၎င်းတို့အားအရှင်လတ်လတ်အရေခွံစုတ်ပစ်မည်ဖြစ်သည်။
“ကောင်းပါပြီ”
ရှစ်ဖုန့်၏စကားအာကြားပြီးနောက်တီရှာကအားတက်သရောခေါင်းညိမ့်လိုက်သည်။ သူ၏အားနည်းသောကိုယ်မှာ ဤအချိန်တွင် ခွန်အားအချို့ပြန်လည်ရရှိလာသည့်ပုံပင်ပေါ်သည်။
ဘယ်လိုလုပ်ပြီး ဤလူအုပ်စုကသူ့အားဤကဲ့သို့ဆက်ဆံရဲပါသနည်း။ တီရှာအနေဖြင့် ၎င်းတို့အား အရှင်လတ်လတ်အရေခွံစုတ်ပြီး ၎င်းတို့၏အရွတ်များကိုဆွဲထုတ်ရန်အတွက်ကိုမစောင့်စားနိုင်တော့ပေ။
သူညှင်းပန်းနှိပ်စက်ခံရပြီး အရှက်ခွဲခံရသည့် မြင်ကွင်းများအားပြန်တွေးမိချိန်တွင် တီရှာအနေဖြင့် ဒေါသထွက်လွန်းသောကြောင့်အံကို
တင်းတင်းကြိတ်ပြီး သူ၏ကိုယ်ပင်တုန်ယင်နေသည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏ကိုယ်က ရွေ့လျားသွားပြီး အနက်ရောင်အလောင်းဂိုဏ်းသားများသွားရာဘက်ကသို့ အရှိန်အဟုန်ဖြင်လိုက်ပါလိုက်သည်။
တီရှာမှာလည်း တုန့်ဆိုင်းနေခြင်းမရှိဘဲ ရှစ်ဖုန့်၏နောက်မှလိုက်ပါလာပြီး လေကိုထိုးခွင်းလိုက်၏။
ဤအချိန်တွင်ရှစ်ဖုန့်မှာသူ၏ကာယခန္ဓာစွမ်းအားသက်သက်ဖြင့်သာပျံသန်းနိုင်သော်လည်း အနက်ရောင်အလောင်းဂိုဏ်းမှ
ကျင့်ကြံသူများနောက်သို့လိုက်
ဖမ်းနိုင်နေဆဲဖြစ်သည်။ သူ့၌၎င်းတို့အားကိုင်တွယ်နိုင်စွမ်းရှိသည်ဖြစ်၏။
ဤအချိန်တွင် အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများမှာ အလင်းတန်းများအဖြစ်ပြောင်းလဲပြီးဖစ်ပြီး အတူတကွစုစည်း၍ လေကိုထိုးခွင်းကာ သူတို့လာရာလမ်းဆီသို့ဦးတည်နေကြသည်။ သူတို့ဂိုဏ်းကိုပြန်ရောက်ဖို့လိုသည်ဖြစ်၏။
အားလုံးထက် ဂိုဏ်းအတွင်း၌ သူတို့အတွက်မလွှမ်းမိုးနိုင်သော
သူဟုသတ်မှတ်၍ရသော အံ့ဖွယ်ကောင်းသည့်သူတစ်ဦးရှိသည်ဖြစ်သည်။
ဤအချိန်တွင် အနက်ရောင်အလောင်းဂိုဏ်းမှ
ကျင့်ကြံသူတစ်ဦးက နောက်လှည့်လိုက်ပြီး နတ်ဆိုးနတ်ဘုရားကဲ့သို့ သွေးနီရောင်နှင့်လူက သူတို့နောက်သို့လိုက်ဖမ်းနေသည်
ကိုတွေ့လိုက်ရသည်။သူလှည့်လိုက်
သည့်အခိုက်အတန့်တွင် နတ်ဆိုးနတ်ဘုရားကဲ့သိုသောလူ၏ပုံရိပ်က သူတို့နှင့် သိပ်မဝေးတော့သည်ကိုတွေ့လိုက်ရသည်။ လွန်စွာအေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ပြည့်နှက်နေ
သောမျက်နှာတစ်ခုကို လည်းသူတို့မြင်တွေ့လိုက်ရ၏။
ထိုပုံရိပ်အားမြင်တွေ့ပြီးသည့်နောက်တွင် အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူက အလျှင်အမြန်အော်ပြောလိုက်သည်။
“မြန်မြန်.. အားလုံးပဲ ထွက်ပြေးကြ. အဲ့လူကအမှီလိုက်ဖမ်းနေပြီ”