သစ်ပင်သန္ဓေတည် ကောင်းကင်တံတား
Vol. 54 Ch. 728
“ကျွန်တော် ခုနစ်စဉ်ကြယ်အဆင့်နဲ့ အရပ်ခြောက်မျက်နှာအဆင့်ကို ပေါင်းစည်းနိုင်တဲ့ ကျင့်စဉ် တီထွင်ခဲ့ဖူးတယ်... နာမည်ကတော့ ခုနစ်စဉ်ကြယ် မူလဝိညာဉ်ကျင့်စဉ်တဲ့... ဒါပေမဲ့ နောင်တော်ချင်ကနေတစ်ဆင့် ဖြန့်ဝေပေးခဲ့ပေမယ့် ကျင့်ကြံနိုင်တဲ့လူ များများစားစား မရှိခဲ့ဘူး”
ရှုရှန်းဟွာသည် မိုးမခသစ်ကိုင်းတစ်ကိုင်းကို ကိုင်လျက် ဟူပုကွေ့၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ၌ ပေါ်လာ၏။ မိုးမခသစ်ကိုင်းက စိတ်တိုင်းကျ အတိုအရှည်ပြောင်းလဲနိုင်သော သစ်သားဖြစ်သည့်အပြင် အမှတ်အသားများလည်း ဖုံးလွှမ်းနေသည်။
သူက မိုးမခသစ်ကိုင်းဖြင့် ဟူပုကွေ့၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို တိုင်းထွာနေပြီး ကျင်းယန်က ဘေး၌ အတိုင်းအတာများအား လိုက်မှတ်ပေးနေသည်။ လင်မယားနှစ်ယောက်သည် အလွန်အတိုင်အဖောက်ညီစွာ အလုပ်လုပ်နေကြ၏။
“ကျန်းခုံး၊ ဝမ့်မူရန်၊ လင်းရွှမ်နဲ့ ဟူလင်းအာတို့လို ထူးချွန်တဲ့သူတွေပဲ အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်ခဲ့တော့ အဲဒီကျင့်စဉ်က မပြည့်စုံသေးသလို ခံစားခဲ့ရတယ်... ဒါကြောင့် ခုနစ်စဉ်ကြယ် မူလဝိညာဉ်ကျင့်စဉ်ကို အခြေခံပြီး ကောင်းကင်ရတနာတွေကို ပေါင်းစည်းပေးနိုင်မယ့် နည်းအသစ် ဖန်တီးခဲ့တယ်... သစ်ပင်သန္ဓေတည် ကောင်းကင်တံတားလို့ခေါ်တယ်”
ရှုရှန်းဟွာက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို တိုင်းထွာပြီးနောက် ကျင်းယန်နှင့်အတူ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာဆီ သွား၍ ကောင်းကင်နှင့်မြေပြင်၏ အမြင့်အား တိုင်းတာသည်။ သူက ဆက်ပြောသည်။ “ဒါပေမဲ့ ဒီကျင့်စဉ်ကလည်း အတော်လေး ဒုက္ခပေးတဲ့ ကျင့်စဉ်ပဲ... ကျင့်ကြံဖို့ ကောင်းကင်ရတနာတွေကို အသေးစိတ် တိုင်းတာပြီး အတိုင်းအတာအလိုက် ကျင့်စဉ်ကို ပြောင်းလဲပေးရတယ်... အဲဒါမှ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကနေ စလို့ သစ်ပင်သန္ဓေတည်ပြီး ကောင်းကင်တံတား ဖွဲ့တည်နိုင်မှာ”
ချင်မူ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်မိသည်။ “နောင်တော်ရှု၊ ဒီသစ်ပင်သန္ဓေတည် ကောင်းကင်တံတား ပြည့်စုံသွားရင် ကျင့်စဉ်အပိုင်းမှာ အကြီးအကျယ် ပြောင်းလဲသွားတော့မှာပဲ.... ကောင်းကင်နတ်ဘုံကို တန်းရောက်နိုင်တဲ့ ကောင်းကင်တံတား.... အဲဒီတံတားကြောင့် ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တောင် ပြောင်းလဲတိုးတက်သွားလိုက်မလဲ... သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက ငါနဲ့ ယွိရှို့ ဖန်တီးခဲ့တဲ့ မူလဝိညာဉ်လမ်းညွှန်ထက် အများကြီး ပိုအရေးပါတယ်”
ရှုရှန်းဟွာက ပြုံးသည်။ “ငါ မင်းကို အနိုင်ယူချင်တယ်... မင်း လောကသခင်ခန္ဓာအတုလို့ ဝန်ခံတာလည်း ကြားချင်တယ်... ဒီတော့ တစ်နေ့တစ်နေ့ တွေးမနေဘဲ ဘယ်လိုလုပ် နေနိုင်မလဲ... ဒါပေမဲ့ ငါ့ဘာသာငါ မတွေးနိုင်ခဲ့ပါဘူး... သစ်ပင်သန္ဓေတည် ကောင်းကင်တံတားအတွက် လိုအပ်တဲ့ သင်္ချာပညာက အင်မတန် လေးနက်လွန်းတယ်... တွက်ချက်ရမယ့် ပမာဏက ငါ့အသိအမြင် ဗဟုသုတတွေနဲ့တောင် လိုက်မမှီခဲ့ဘူး... ဒါကြောင့် တခြားသူတွေဆီက အကူအညီတောင်းခဲ့ရတယ်”
“မင်း တာအိုသခင်လင်းရွှမ်ကို လှမ်းခေါ်ခဲ့တာလား” ချင်မူ သိချင်သွားသည်။
ရှုရှန်းဟွာက လောလောဆယ်တွင် ဓာတ်ကြီးငါးပါး၏ တောင်တန်းများကို တိုင်းတာနေသောကြောင့် ပြန်ဖြေရန် အချိန်မရှိပေ။
ကျင်းယန်သည် အပြုံးတစ်ခုဖြင့် ဝင်ပြော၏။ “တာအိုသခင်လင်းရွှမ်တင်မကဘူး... မောင်ကြီးက မင်းသမီးရှို့၊ ကောင်းကင်နတ်မယ်ရှန်း၊ ဝမ့်မူရန်နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့က ကျန်တဲ့သူတွေကိုလည်း ဖိတ်ခေါ်ခဲ့တယ်... သူတို့အပြင် ဧကရာဇ်အတိုင်ပင်ခံနဲ့ ကျားနတ်မင်းလို သင်္ချာပညာရှင်တွေလည်း ပါတယ်... မောင်ကြီးနဲ့ မှော်ဆရာသခင်ရဲ့ ဆက်ဆံရေးကလည်း မဆိုးတော့ သူ့ကို ဖိတ်ခေါ်ပြီး သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို တွက်ချက်ခဲ့သေးတယ်”
ချင်မူ့မျက်လုံးများ ပြူးကျယ်သွားသည်။ တချို့လူများသည် သူတို့၏ရန်သူများဖြစ်သော်လည်း ရှုရှန်းဟွာ၏ ဖိတ်ခေါ်မှုကြောင့် ကူညီပေးခဲ့ကြသည်တဲ့လော... ရှုရှန်းဟွာ၏ အဆက်အသွယ်က ထိုမျှကောင်းသည်လား။
ကျင်းယန်က ပြုံးရွှင်စွာ ဆက်ပြော၏။ “ဝမ့်မူရန်က ဧကရာဇ်အတိုင်ပင်ခံနဲ့ ရန်ငြိုးရှိတယ်... မှော်ဆရာသခင်ကတော့ ဘယ်သူနဲ့မှ မတည့်ဘူး... ဒါပေမဲ့ မောင်ကြီးက သစ်ပင်သန္ဓေတည် ကောင်းကင်တံတားနဲ့ ဂိုဏ်းသခင်ချင်ရဲ့ အောင်မြင်ကျော်ကြားမှုကို နင်းချေဖို့ လုပ်နေတာလို့လည်း ဆိုလိုက်ရော အားလုံး ဝမ်းသာသွားကြတယ်လေ... အကုန်လုံး ဂိုဏ်းသခင်ချင် ရှုံးတာကို မြင်ချင်နေကြတာ မဟုတ်လား... အဲဒါနဲ့ အကုန်လုံး ဝမ်းသာအားရ ရောက်လာတော့တာပဲ”
“ဝမ်းသာအားရ ရောက်လာတယ် ဟုတ်လား” ချင်မူ နှာခေါင်းရှုံ့လိုက်မိသည်။
ကျင်းယန် ဆက်ပြောလိုက်သည်။ “ဧကရာဇ်လည်း အင်မတန် ဝမ်းသာသွားတယ်... သူကိုယ်တိုင်တော့ မလာနိုင်ပေမယ့် တက္ကသိုလ်ကြီးလေးခုရဲ့ သင်္ချာစွမ်းရည်အမြင့်ဆုံး ကျောင်းသားတွေကို လွှတ်ပေးခဲ့တယ်... ဧကရာဇ်ကနေတစ်ဆင့် တန်ခိုးရှင်သစ်ခုတ်သမားလည်း ကြားသွားလို့ လာကူညီပေးခဲ့သေးတယ်”
“ဧကရာဇ်လည်း အင်မတန် ဝမ်းသာသွားတယ်ဟုတ်လား... ဆရာလည်း ရောက်လာတယ်ပေါ့”
ချင်မူ ရင်ထဲ အောင့်သက်သက် ဖြစ်သွား၏။ “ဆရာသစ်ခုတ်သမားကလည်း ငါ့ရဲ့ အောင်မြင်ကျော်ကြားမှုကို နင်းချေချင်တယ်ပေါ့လေ... အဲဒီမြောင်းပုပ်ထဲမှာ ပုပ်ပွသွားအောင် ပစ်ထားခဲ့ရမှာ ... မဟုတ်သေးဘူး တန်ခိုးရှင်သစ်ခုတ်သမား သိုင်းပညာကောင်းကင်ဆရာသခင်ကို သွားရှာရဲတဲ့ အကြောင်းရင်းက ရှုရှန်းဟွာတို့တွေ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို အပြီးသတ်ပြီးလို့ပဲ ဖြစ်မယ်... ဒါပေမဲ့ သိုင်းပညာကောင်းကင်ဆရာသခင်က သူ့စကားတောင် နားမထောင်ဘဲ မြောင်းပုပ်ထဲ လဲနေရတဲ့အထိ ရိုက်ထုတ်လိုက်လိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ.... နည်းတောင်နည်းသေး”
သူက နဂါးချီလင်ဆီသို့ ကြည့်ပြီး ကျေနပ်စွာ ပြောသည်။ “ဖက်တီးနဂါး၊ မင်းတော့ မသွားခဲ့ဘူးမလား”
နဂါးချီလင် ကပျာကယာ ခေါင်းယမ်းလိုက်၏။ “အစ်ကိုကြီးကျားက ခေါ်သေးတယ်... ဒါပေမဲ့ ကျွန်တော် မသွားခဲ့ပါဘူး”
“ဒါပေမဲ့ မင်း ငါ့ကို ဒီအကြောင်း မပြောခဲ့ဘူးနော်” ချင်မူ့မျက်နှာက မသာယာတော့ပေ။
နဂါးချီလင်မှာ အလျင်အမြန် ရှင်းပြလိုက်သည်။ “အဲဒီတုန်းက ဂိုဏ်းသခင်က ဓားစက်လုံးနဲ့ အလုပ်များနေတာလေ... ဓားစက်လုံးလည်း သွန်းပြီးရော ပေါက်ကွဲနိုင်တဲ့ ရတနာတွေ သွန်းလုပ်ဖို့ အာရုံရောက်နေခဲ့တာလေ”
ကျင်းယန်က ပြောသည်။ “အဲဒီနောက်ပိုင်း ပထမလူသားဧကရာဇ်က ရှင်းအန်နဲ့ တွေ့လို့ ဒီအကြောင်း ပြောလိုက်တယ်... ရှင်းအန်းက ပထမလူသားဧကရာဇ်ကို လေးစားတဲ့အပြင် ဂိုဏ်းသခင်ချင်ကို အနိုင်ယူနိုင်မယ်ဆိုတာလည်း ကြားရော အပြေးအလွှား ရောက်လာပြီး အားတက်သရော ကူညီပေးခဲ့သေးတယ်.... အဲဒီလိုနဲ့ ကျွန်မတို့ တွက်ချက်ပြီးသွားပြီး သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို ဖန်တီးနိုင်ခဲ့တာပဲ... ဒါပေမဲ့ ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့ဘူး”
သူမက သက်ပြင်းချကာ ပြောသည်။ “နောက်ဆုံးတော့ ကျင့်စဉ်အတွက် ရုပ်ခန္ဓာက အင်မတန် သန်မာအားကောင်းဖို့ လိုမှန်း မောင်ကြီး တွေ့သွားတယ်... ရုပ်ခန္ဓာက သန်မာအားမကောင်းရင် ကောင်းကင်ရတနာတွေ ပေါင်းစည်းသွားလို့ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ ဖိအားကို တောင့်မခံနိုင်ဘူး... ဘယ်သူ့မှာမှ အဲဒီလောက် သန်မာတဲ့ ရုပ်ခန္ဓာမျိုး မရှိတော့ ကျွန်မတို့ ဒီတိုင်း ထားလိုက်ရတာပဲ”
“ရှင်းအန်းလည်း ပါတယ်တဲ့လား...”
ချင်မူ့နဖူးမှ သွေးကြောများ ထောင်နေ၏။ “ငါ့အရည်အချင်းက ရှင်းအန်းနဲ့ မှော်ဆရာကြီးအောက်တောင် နိမ့်ကျသေးတာလား”
“ဒါပေမဲ့ နောင်တော်ဟူပုကွေ့ရဲ့ ရုပ်ခန္ဓာက အဲဒီလောက်အထိ သန်မာတယ်”
ရှုရှန်းဟွာသည် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို တိုင်းတာပြီး၍ ဟူပုကွေ့၏ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာဆီ ဆက်သွား၏။ “နောင်တော်ဟူပုကွေ့က ငါ မြင်ခဲ့ဖူးသမျှထဲမှာ အသန်မာဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်... တခြားသူတွေအနေနဲ့ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို ကျင့်ရင် သေရလိမ့်မယ်... ဒါပေမဲ့ နောင်တော်ဟူကတော့ သေမှာမဟုတ်ဘူး”
သူကား ယုံကြည်ချက်အပြည့်ရှိနေ၏။
လင်မယားနှစ်ယောက် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာအား တိုင်းတာပြီးသည်နှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာဆီသို့ ဆက်သွားပြီး ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာနှင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာတို့ကိုလည်း အသီးသီး တိုင်းတာကြသည်။ နောက်ဆုံးတော့ ဟူပုကွေ့၏ ကောင်းကင်ရတနာများကို အပြည့်အစုံ တိုင်းတာပြီးသွား၏။
လင်မယားနှစ်ယောက်သား ဟူပုကွေ့၏ ကောင်းကင်ရတနာထဲမှ အပြင်ပြန်ထွက်လာကြပြီး အပြင်ရောက်လျှင်ချင်း ရှုရှန်းဟွာသည် တိုင်းတာထားသော အတိုင်းအတာများအလိုက် သစ်ပင်သန္ဓေတည် ကောင်းကင်တံတားကို စတင်ပြောင်းလဲနေ၏။
သစ်ပင်သန္ဓေတည် ကောင်းကင်တံတား၏ သင်္ချာညီမျှခြင်းကို တွက်ထုတ်ထားပြီးဖြစ်သည့်အတွက် ဟူပုကွေ့၏ အတိုင်းအတာတန်ဖိုးများအား ထည့်သွင်းလိုက်ခြင်းဖြင့် ဟူပုကွေ့၏ ရုပ်ခန္ဓာနှင့် ကိုက်ညီအောင် ကျင့်စဉ်ကို ပြောင်းလဲနိုင်လိမ့်မည်။
ချင်မူ တလေးတစား စုပ်သပ်လိုက်မိသည်။ ‘ငါ့ကို အနိုင်ယူဖို့ ရှုရှန်းဟွာနဲ့ ပညာရှင်တစ်သိုက် အတော်လေး ကြိုးစားအားထုတ်ထားတာပဲ... ဒါပေမဲ့ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက ရှုပ်ထွေးတယ်... သင်္ချာရဲ့အလှလို့တောင် တင်စားလို့ရတယ်”
ချင်မူလည်း သင်္ချာပညာရှင်တစ်ယောက် ဖြစ်၏။ လယ်သမားအဘိုးအို၊ နွားအိုကြီးနှင့် ဟူပုကွေ့တို့မှာ နားမလည်ကြသော်လည်း ချင်မူကတော့ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား၏ အလှတရားကို မြင်နိုင်သည်။
သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက သင်္ချာကို အသုံးချ၍ ဝိညာဉ်စင်မြင့်နှင့် အရပ်ခြောက်မျက်နှာမြေပြင်ထက်တွင် အမြစ်တွယ်နိုင်မည့် ကောင်းကင်ရတနာတစ်ခု တည်ဆောက်ခြင်းဖြစ်သည်။ ထိုကောင်းကင်တံတား၏ အမြစ်များသည် ယိုတုထဲသို့ ဝင်ရောက်သွားမည်ဖြစ်သလို၊ ဓာတ်ငါးပါးတောင်တန်းများနှင့်လည်း ချိတ်ဆက်သွားလိမ့်မည်။ သစ်ပင်၏ထိပ်ဖျားအပြင်၌ နေနှင့်လက လှည့်ပတ်နေမည်ဖြစ်ပြီး ဓာတ်ငါးပါးကြယ်တာရာများက သစ်ကိုင်းသစ်ခက်များအကြား ရှိနေလိမ့်မည်။ ကျန်ကြယ်တာရာများမှာတော့ သစ်ရွက်များကြားတွင် နစ်မြုပ်သွားလိမ့်မည်။
ထို့အပြင် သစ်ပင်၏ ထိပ်ဖျားက ကောင်းကင်တံတားနှင့် အမြင့်တူမည်။
သစ်ပင်၏ထိပ်ဖျားသည် ကျိုးနေသော တံတားနှင့် ကောင်းကင်နတ်ဘုံအကြားက နေရာလပ်ကို ဖြည့်ကာ ဆက်သွယ်ပေးနိုင်မည်။
သို့ဆိုလျှင် ချီချယ့်တံတား၊ လျှို့ဝှက်ဆန်းကြယ်တံတားနှင့် ကောင်းကင်ဖြတ်သန်းခြင်းတံတားတို့အား ဖွဲ့တည်နေစရာမလိုတော့ပေ။
ရှုရှန်းဟွာ၊ သစ်ခုတ်သမား၊ ဧကရာဇ်အတိုင်ပင်ခံ၊ ရှန်းအန်းနှင့် ကျန်ရှိသူများ တွက်ချက်ခဲ့တုန်းက ဤတံတားကျင့်စဉ်သုံးခုကို သစ်ပင်သန္ဓေတည် ကောင်းကင်တံတားထဲ ထည့်သွင်းခဲ့လိမ့်မည်။
သို့သော် သို့နျိုကမ္ဘာ၏ သိုင်းသမားများအတွက် သစ်ပင်သန္ဓေတည် ကောင်းကင်တံတားသည် အလယ်အပိုင်းသာ ရှိလိမ့်မည်။ သစ်ပင်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ရှိမည်မဟုတ်ပေ။
သူတို့အနေဖြင့် ကျင့်စဉ်စွမ်းအင် အားကောင်းသင့်သလောက် အားမကောင်းလျှင် ကောင်းကင်နတ်ဘုံဆီသို့ ပျံတက်နိုင်ဦးမည်မဟုတ်။
ချင်မူက ထိုက်ဝေသင်္ချာကျမ်းကို ပြုစုခဲ့သူဖြစ်သည့်အတွက် သင်္ချာစွမ်းရည် မြင့်မားချေရာ သစ်ပင်သန္ဓေတည် ကောင်းကင်တံတား၏ သစ်ပင်ထိပ်ဖျားကို ဖြန့်ကားပြီး လူလုပ်ကောင်းကင်တံတား ကောင်းကင်ရတနာ ဖန်တီးရန် တွေးမိပြီးချေပြီ။
သို့သော် ယင်းသို့ လုပ်ရန် သစ်ပင်သန္ဓေတည် ကောင်းကင်တံတားအပေါ် အခြေခံ၍ တွက်ချက်မှုများစွာ လိုအပ်လိမ့်မည်။
ရှုရှန်းဟွာ တွက်ချက်ပြီးသည့်အခါ သူ၏ချီစွမ်းအင်က သေးငယ်သော အပင်ပေါက်လေးတစ်ပင် ဖွဲ့တည်လိုက်သည်။ သူက အပင်လေးကို ဟူပုကွေ့၏ ကောင်းကင်ရတနာထဲသို့ တောက်ထုတ်လိုက်၏။
အပင်ပေါက်လေးက ဟူပုကွေ့၏ ဝိညာဉ်စင်မြင့်အပေါ်တွင် အလိုအလျောက် အမြစ်ချပြီး စတင် ကြီးထွားလာတော့သည်။
ရှုရှန်းဟွာ သုံးလိုက်သည့် ဤနည်းလမ်းမှာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ တာအိုနှလုံးသားအထဲတွင် မိစ္ဆာမျိုးစေ့ချသည့် ကောင်းကင်နတ်သိုင်းဖြစ်ကြောင်း ချင်မူ တမုဟုတ်ချင်း သတိထား၏။ သစ်ခုတ်သမား သူ့ကို သင်ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။
ရှုရှန်းဟွာအနေဖြင့် အပင်ပေါက်လေးကို မိစ္ဆာမျိုးစေ့သဖွယ် သတ်မှတ်ကာ ဟူပုကွေ့၏ ကောင်းကင်ရတနာထဲ၌ စိုက်ပျိုးလိုက်ရုံသာ လိုအပ်သည်။ အပင်ပေါက်လေးသည် ဟူပုကွေ့၏ ချီစွမ်းအင်ကို စုပ်ယူကာ လျင်မြန်စွာ ကြီးထွားပြီး သစ်ပင်သန္ဓေ တည်လာလိမ့်မည်။
ရှုရှန်းဟွာမှာ တခဏ ချီတုံချတုံ ဖြစ်နေဟန်တူပြီး အပင်ပေါက်လေးအား ချက်ချင်း အသက်မသွင်းသေးဘဲ ဦးစွာ သွေးတိုးစမ်းကြည့်သည်။ “နောင်တော်ဟူ သေရမှာကြောက်လား”
ဟူပုကွေ့ ခေါင်းယမ်းပြလိုက်၏။ “မကြောက်ဘူး”
ရှုရှန်းဟွာ စိတ်ချလက်ချ ဖြစ်သွားသည်။
လယ်သမားအဘိုးအိုက တည်ငြိမ်အေးဆေးစွာ မေး၏။ “ရှုရှန်းဟွာ ၊ မင်း သေရမှာကြောက်လား”
ရှုရှန်းဟွာမှာ သူ ဆိုလိုချင်သည်ကို နားမလည်၍ ကြောင်တောင်တောင် ဖြစ်သွားလေသည်။
ချင်မူကတော့ ချွေးပြန်နေချေပြီ။ “နောင်တော်ရှု၊ ဒီတစ်ခေါက် မင်း ယုံကြည်ချက် ဘယ်လောက်ရှိလဲ”
ရှုရှန်းဟွာက ယုံကြည်ချက်အပြည့်ဖြင့် လက်သုံးချောင်း ထောင်ပြသည်။ “သုံးဆယ်ရာခိုင်နှုန်း”
ချင်မူ နင်သွားသည်။ “နောင်တော်ရှု၊ မင်း အရင်တုန်းက ဒီလိုမဟုတ်ပါဘူး... ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းလောက်မှ ယုံကြည်ချက်မရှိရင် မလှုပ်ရှားဘူးလေ... အခုကျ သုံးဆယ်ရာခိုင်နှုန်းတဲ့ ဘယ်သူ့ဆီက သင်ထားတာတုန်း... မင်းတော့ ပျက်စီးနေပြီ”
“မင်းဆီက သင်ထားတာ”
ရှုရှန်းဟွာ ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်သည့်အခါ ဟူပုကွေ့၏ ကိုယ်ထဲရှိ အပင်ပေါက်လေးက စတင်ကြီးထွားလာတော့သည်။ ၎င်းက ဟူပုကွေ့၏ ချီစွမ်းအင်အား ကြောက်ခမန်းလိလိ စုပ်ယူနေသည်။
အပင်ပေါက်လေးက သုံးကိုက်အမြင့်သို့ လျင်မြန်စွာ ရောက်လာသည်။ ထို့နောက် ကိုက်သုံးထောင်။ များစွာမကြာလိုက်ဘဲ တောင်တန်းများအား ကျော်သွားချေပြီ။ ၎င်းသည် တိမ်တိုက်များအထိ မြင့်တက်သွားပြီး ဆက်လက်ကြီးထွားနေသေး၏။
ဤသစ်ပင်ကြီးကား မိုးကောင်းကင်ကိုပင် ထိပေတော့မည်။ ရုတ်တရက် သစ်ပင်က ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာတို့၏ အတားအဆီးနံရံများအား ဝုန်းခနဲ ဖောက်ထွက်သွား၏။
ဟူပုကွေ့ အင့်ခနဲ ညည်းတွားလိုက်ရပြီး သူ့အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည်။ သူ၏ရုပ်ခန္ဓာမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် လေးလံသော ဖိအားကို ခံစားနေရပြီး အလွန်တောင့်တင်းသန်မာသော သူ့ကြွက်သားများလည်း ပိန်ရှုံ့ကာ အရိုးအပေါ် ပြားကပ်သွား၏။
ဖိအားသည် အပေါ်မှ အောက်သို့ သက်ရောက်နေခြင်းမဟုတ်သလို၊ အပြင်မှ အတွင်းသို့ တွန်းဖိနေခြင်းလည်း မဟုတ်ပေ။ ရုပ်ခန္ဓာ၏ နေရာပေါင်းစုံမှာ လာနေခြင်းဖြစ်ပြီး ယင်းကား ကြောက်စရာအကောင်းဆုံးလည်း ဖြစ်၏။
ဖိအားဒဏ်ကြောင့် ဟူပုကွေ့၏ ဦးခေါင်းခွံမှာလည်း တဖျောက်ဖျောက် မြည်သံများ ထွက်လာနေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ထင်ရသည်။
အားလုံး စိတ်ပူနေကြသည်။ ရှုရှန်းဟွာက အတန်ငယ် တွေးပြီးသော် ကျင်းယန်အား ပြောလိုက်သည်။ “မိန်းမ၊ သစ်ပင်သန္ဓေရဲ့ ကြီးထွားနှုန်းက မြန်လွန်းတယ်... နောင်တော်ဟူရဲ့ မှော်စွမ်းအင်နဲ့ ကျင့်စဉ်စွမ်းအင်က ငါ မှန်းထားတာထက် သာတယ်ဖြစ်မယ်... သူ့သိုင်းအခြေခံက သိပ်သည်းပြီး သန့်စင်တယ်... ငါ့အောက် မနိမ့်ကျဘူး”
‘ဘာလို့ သူ့စကားက ကြားဖူးသလို ခံစားနေရတာလဲ’ ချင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။
“သစ်ပင်သန္ဓေက သူ့ရဲ့ ချီစွမ်းအင်ကို စုပ်ယူပြီး ပိုမြန်မြန် ကြီးထွားလာလိမ့်မယ်... ပြီးရင် ခုနစ်စင်ကြယ်အတားအဆီးနံရံကို ဖြတ်သွားမယ်... ဖိအားက တဖြည်းဖြည်း တိုးလာတော့မှာ”
ရှုရှန်းဟွာက အခြားသူများနှင့်မတူ အလွန်တည်ငြိမ်နေပြီး အေးအေးလူလူ ဆက်ပြောနေသည်။ “ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကြောင့် သစ်ပင်သန္ဓေရဲ့ ကြီးထွားနှုန်းက ပိုလို့တောင် မြန်လာလိမ့်မယ်... ကောင်းကင်နတ်အသွင်အဆင့် ရောက်ရင် ဖိအားက ထပ်တိုးသွားမယ်... ပြီးရင် သစ်ပင်သန္ဓေရဲ့ အမြစ်တွေက မြေကြီးကို ထိုးဖောက်ပြီး သေခြင်းရှင်ခြင်းကောင်းကင်ရတနာမှာ အမြစ်ချလိမ့်မယ်.. အဲဒီအချိန်က ဖိအားအကြီးမားဆုံးအချိန်ပဲ... နောင်တော်ချင်၊ စောစောက ငါ အတွက်မှားသွားတယ်... အောင်မြင်ဖို့ နှစ်ဆယ်ရာခိုင်နှုန်းပဲ ရှိတယ်ထင်တယ်”
“ဂိုဏ်းသခင် ပြေးကြမလား” နဂါးချီလင် ခပ်တိုးတိုး ပြောလိုက်သည်။
ချင်မူက တိတ်တိတ်ကလေး ခေါင်းယမ်းလိုက်ပြီး သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာသည်။ ဖိအားကြောင့် ဟူပုကွေ့ သေသွားလျှင် ကယ်တင်ရန် အသင့်ပြင်ထားလေသည်။
ရှုရှန်းဟွာက ဤအခြင်းအရာကို မြင်လျှင် ခေါင်းယမ်း၏။ “ဂိုဏ်းသခင်၊ ငါတို့ မအောင်မြင်ရင် မင်း သူ့ကို မကယ်နိုင်ဘူး.... သူ့ရဲ့ မူလဝိညာဉ်ပါ တစ်ခါတည်း ကြေမွသွားမှာ ... သူ ယိုတုထဲ ကျသွားမှာမဟုတ်ဘူး”
သူကား အလွန်တည်ငြိမ်နေဆဲပင်။
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူ့မှာ လယ်သမားအဘိုးအိုကို တောင်းတောင်းပန်ပန် ပြောလိုက်ရသည်။ “ဆရာဦးလေး၊ တူတော် တစ်ခါက ကောင်းကင်ယင်နတ်ဘုရားမရဲ့ ဝိညာဉ်ကို အသက်ပြန်သွင်းဖူးပါတယ်... သူ့ဝိညာဉ်က ကြေမွနေခဲ့ပေမယ့် တူတော် ပြန်စုစည်းပေးနိုင်ခဲ့ပါတယ်... ဒါကြောင့် ဆရာဦးလေး စိတ်မပူပါနဲ့၊ လက်သီးတွေကိုလည်း တင်းတင်းကြီး ဆုပ်မထားပါနဲ့နော်....”
၎
င
၎
၎