← Chapters

ကိုယ်နဲ့ပတ်သက်ဆက်နွယ်သူတွေကို အကြောင်းပြချက်မရှိဘဲကူညီပေးမယ်

Vol. 82 Ch. 1148

ကိုယ်နဲ့ပတ်သက်ဆက်နွယ်သူတွေကို အကြောင်းပြချက်မရှိဘဲကူညီပေးမယ်

Vol. 82 Ch. 1148

အခန်း (၁၁၄၈) ကိုယ်နဲ့ပတ်သက်ဆက်နွယ်သူတွေကို အကြောင်းပြချက်မရှိဘဲကူညီပေးမယ်

ကျူတောပင်လယ်ဒေသ ထက်ကောင်းကင်ယံ မိုးမြေတစ်ခွင်လုံးအား လွှမ်းခြုံသွားသော ဓားအလင်းတန်းကို ချင်းယွမ်ဧကရာဇ်က တည်ငြိမ်စွာပင် စောင့်ကြည့်နေသည်။

အနက်ရောင်ဝတ်ဆင်ထားပြီး ချောမောခန့်ညားသည့်တိုင် အေးစက်သည့်အမူအရာရှိသော လူငယ်တစ်ယောက် သူ့အ‌ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုလူငယ်က တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘နျဲ့ကျင်းရှန်’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

“ကျေးဇူးပြုပြီး ရပ်လိုက်ပါ ၊ ချင်းယွမ်ဧကရာဇ်...”

ဓားအလင်းတန်း နောက်ပြန်ဆုတ်သွားသည်နှင့် နျဲ့ကျင်းရှန်က လေထုထဲတွင် သာမန်ဆန်စွာပင် မတ်တတ်ရပ်လျှက် ရှိသည်။

လွန်ခဲ့သောနှစ်အနည်းငယ် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် နျဲ့ကျင်းရှန် ထွက်ပေါ်လာသည့် ပုံစံအတိုင်းပင် ဖြစ်သည်။

သို့သော် သူ့အရှေ့မှလူငယ်သည် ဟိုစဉ်အချိန်ကနှင့် လုံးဝမတူတော့ကြောင်း ချန်းဧကရာဇ် ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

နျဲ့ကျင်းရှန်ကိုတွေ့တော့မှ ဝါဒတောင်မှလူများ တစ်ဝက်ခန့် စိတ်သက်သာရာရသွားကြသည်။

ချင်းယွမ်ဧကရာဇ်က ပေါ့ပါးသည့်လေသံဖြင့်...

“တောင်ပိုင်း ‘နျဲ့’ က ဘာလို့ အရှေ့တောင်ဘက်ကို ရောက်လာရတာလဲ”

နျဲ့ကျင်းရှန်က တည်ငြိမ်စွာဖြင့်...

“ဒီနေရာကကိစ္စတွေကို စောင့်ကြည့်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းတဲ့သူ ရှိလို့ပါ”

သူက ဆက်ပြောသည်။

“ပြီးတော့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး ပစ္စည်းခိုးမယ့် သူခိုးတွေကလည်း စောင့်နေကြတာ မဟုတ်ဘူလား”

ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ်က ဒေါသထွက်သွားခြင်းမရှိဘဲ အေးဆေးစွာဖြင့်...

“နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက ဝါဒတောင်ပိုင်ဆိုင်တဲ့ ပစ္စည်းမှ မဟုတ်တာ”

နျဲ့ကျင်းရှန်က...

“ဒါပေမဲ့ ခင်ဗျားရဲ့ပစ္စည်းလည်းမဟုတ်ဘူးလေ ဧကရာဇ်မင်း”

ချင်းယွမ်ဧကရာဇ်က အောက်ဘက်ရှိ ပင်လယ်ရေမျက်နှာပြင်ဆီသို့ ခေါင်းငုံ့ကြည့်ရင်း...

“နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက ဝါဒတောင်အတွက် အသုံးမဝင်ပါဘူး ၊ ဒီတာဆိုဆရာသာ အဲဒီကျမ်းစာကိုရခဲ့ရင် အများကြီးပိုပြီး အသုံးဝင်မှာပါ ၊ ကျင့်ကြံခြင်းအဆင့်လည်း မြင့်တက်လာနိုင်မယ် ၊ နက်နဲခြင်းနတ်ဘုရားအဆင့်ကို တက်ရောက်ဖို့ အမြင်စွမ်းအားတွေ ရရှိလာမယ်”

သူက ဆက်ပြောသည်။

“ဧကရာဇ် (၃)ပါးသာ ဒီအကြောင်းကို သိမယ်ဆိုရင် သူတို့လည်း ငါ့ကို ပံ့ပိုးပေးကြမှာပဲ ၊ ဒါက လမ်းမှန်တာအိုဝါဒတစ်ခုလုံးအတွက် အကျိုးရှိတဲ့ကိစ္စပဲလေ”

နျဲ့ကျင်းရှန်က အေးဆေးစွာဖြင့်...

“ခင်ဗျားမှာ အကြောင်းပြချက်ထောင်နဲ့ချီပြီးရှိနေလည်း ဒီ ‘နျဲ့’ က အရေးမစိုက်ပါဘူး ဧကရာဇ်မင်း ၊ ဒီ’နျဲ့’ ကလည်း ကိုယ်နဲ့ပတ်သက်ဆက်နွယ်သူတွေကို အကြောင်းပြချက်မရှိဘဲ ကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်...”

ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ် မျက်ခုံးများ တွန့်ချိုးလိုက်သည်။

နျဲ့ကျင်းရှန်က အရေးမစိုက်ဟန်ဖြင့်...

“ပြီးတော့ ခင်ဗျားပြောတဲ့ နိယာမတွေက မှန်လားမှားလား ပြောဖို့ခက်တယ် ၊ ဆိုတော့... ကျွန်တော်တို့ကြားမှာ စကားလုံးတွေနဲ့အချိန်မဖြုန်းတာ ကောင်းမယ်ထင်တယ် ၊ ဘာလို့လဲဆိုတော့ စကားနည်းနည်းပါးပါးပြောရုံနဲ့ ခင်ဗျားလည်း နောက်ဆုတ်သွားမှာ မဟုတ်သလို ကျွန်တော်လည်း နောက်ဆုတ်သွားမှာ မဟုတ်လို့ပဲ”

ချင်းယွမ်ဧကရာဇ်က ခေါင်းတစ်ချက်ခါယမ်းရင်း...

“တောင်ပိုင်း’နျဲ့’ က နောက်ပြောင်နေပြန်ပြီ ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက ဒီ တာအိုဆရာအတွက် သိပ်အရေးပါတယ် ၊ ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာလဲ”

သူက ပေါ့ပါးစွာပင် ဆက်ပြောလိုက်သည်။

“ဒီလိုဆိုမှတော့... ငါတို့ အရည်အချင်းအပေါ်မူတည်ပြီး ဆုံးဖြတ်ကြတာပေါ့”

နျဲ့ကျင်းရှန်က မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိဘဲ ခေါင်းကိုမော့လိုက်ပြီး ချင်းယွမ်ဧကရာဇ်ကို စူးစိုက်ကြည့်လိုက်သည်။

“ဒါဖြင့် စပြီးတိုက်ပါ ချန်းဧကရာဇ်...”

ချင်းယွမ်ဧကရာဇ်က ခေါင်းတစ်ချက်ညိတ်ရင်း ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဗလာနယ်ထဲသို့ လှမ်းဝင်လိုက်သည်။

ကောင်းကင်ထက်မှ ကြီးမားသော မြေပြင်ကြီး လွင့်ပြယ်သွားပြီး နေအလင်းရောင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

ချင်းယွမ်ဧကရာဇ်က အာကာသဗလာနယ်ထဲသို့ ခြေလှမ်းထွက်ခွာသွားပြီး ယာယီအားဖြင့် အထက်ဘုံကမ္ဘာနှင့် ကင်းလွတ်သွားသည်။

နျဲ့ကျင်းရှန်ကလည်း သူနှင့်အတူ တပြိုင်တည်း လိုက်ပါလာသည်။

သူတို့ (၂)ယောက်ကြား တိုက်ပွဲက အထက်ဘုံကမ္ဘာပတ်ဝန်းကျင်အား ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်သဖြင့် အာကာသဗလာနယ်ထဲတွင် သွားရောက်တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ချန်းဧကရာဇ်က...

“မင်းက ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကို ဘယ်လောက်ဆက်ခံထားနိုင်သလဲဆိုတာ ကြည့်ပါရစေ...”

ပြောပြီးသည်နှင့် ချန်းဧကရာဇ်က နျဲ့ကျင်းရှန်ရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်ကို ပင့်မြှောက်လိုက်သည်။

သူ၏လက်ဖဝါးကျရောက်လာသည်နှင့် ထောင်ပေါင်းများစွာသော တောင်မြင့်ကြီးများ ဖိနှိပ်ခံရသည့်ပမာ နျဲ့ကျင်းရှန် ခံစားလိုက်ရသည်။

အရပ်မျက်နှာအသီးသီးမှ သဏ္ဌန်မဲ့သည့်ဖိအားတစ်ခုထွက်ပေါ်လာပြီး သူ့ကို အပိုင်းပိုင်းခွဲချေပစ်တော့မည့်အလား ဖြစ်သည်။

နျဲ့ကျင်းရှန်၏မျက်ဝန်းများက တည်ငြိမ်နေဆဲဖြစ်ပြီး ဘယ်ဘက်လက်ဖြင့် ဓားစည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်စဉ် သူ၏ခါးတွင်ချိတ်ထားသည့် ‘နတ်ဘုရားတုန်လှုပ်ဓား’ က လွင့်ပျံထွက်သွားသည်။

အလွန်တရာ တောက်ပခြင်းမရှိသည့်တိုင် ခမ်းနားကြီးမြတ်သော ဓားအလင်းတန်းတစ်ခု ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။

ဓားအလင်းတန်းက ပရမ်းပတာ မူလစကြာဝဠာကို ထိုးခွင်းလိုက်ပြီး မြေ ၊ ရေ ၊ လေ ၊ မီး အရားလုံး တဟုန်ထိုးလှည့်ပတ်ကာ ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ယင်နှင့်ယန် ကွဲပြားသွားပြီး ကမ္ဘာဦးကာလအစ ကြည်လင်သောလေထုနှင့် မှောင်မိုက်သောလေထုများ ကျင်ဆင်းလာသည်။

အသစ်သော ကမ္ဘာတစ်ခု ဖန်ဆင်းခြင်းနှင့် မိုးမြေစကြာဝဠာတစ်ခု ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဤမြင်ကွင်းက ကြီးကျယ်ခမ်းနားလွန်းပြီး ကမ္ဘာအသစ်တစ်ခုဖန်တီးနိုင်လောက်သည့် အားကောင်းသော သိုင်းပညာအယူအဆက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားပြီး မရပ်မနား ထွက်ပေါ်လာသည်။

ဓားတစ်လက်က မိုးနှင့်မြေကိုဖွင့်လှစ်ပြီး လမ်းကြောင်းတစ်ခုလုံးကို ပိုင်းခြားပစ်လိုက်သည်။

နျဲ့ကျင်းရှန်က သူ၏ပတ်ဝန်းကျင်မှ ကြီးမားသောဖိအားကို ချက်ချင်းဖယ်ရှားလိုက်ပြီး ခမ်းနားသောဓားအလင်းက ရှေ့သို့ ရွေ့လျားသွားကာ ချင်းယွမ်ဧကရာဇ်ကို တိုက်ရိုက်ထိုးညွှန်ထားလိုက်၏။

ချင်းယွမ်ဧကရာဇ်က...

“ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားက တကယ့်ကို နာမည်ကြီးထိုက်ပါပေတယ်”

ထို့နောက် ချင်းယွမ်ဧကရာဇ်က ဗလာနယ်ကို ရွှေ့ပြောင်းလိုက်ပြီး နျဲ့ကျင်းရှန်၏ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် သူက နောက်ဆုတ်မသွားသည့်အပြင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး နျဲ့ကျင်းရှန်ရှေ့သို့ ရောက်ရှိလာသည်။

သူ၏ ကျယ်ပြန့်သော အင်္ကျီလက်က ရုတ်တရက် ပွင့်သွားပြီး နျဲ့ကျင်းရှန်အား ဖုံးလွှမ်းသွားသည်။ အင်္ကျီလက်ထဲမှ အချိန်နှင့်နေရာက ပြောင်းပြန်လည်ပတ်ပြီး ပရမ်းပတာ ဖြစ်နေသည်။ အင်္ကျီလက်ထဲမှ လောက၏ သဘာဝလွန်စွမ်းအားက အလွန်တရာ ပြင်းထန်လွန်းသည်။

ဤ တန်ခိုးစွမ်းအားဖြင့် ဖုံးလွှမ်းခံလိုက်ရသည်နှင့် သူ့အရှေ့မှ ကမ္ဘာလောကပြီးက အဆုံးမရှိ ကြီးမားလာပြီး သူက အကန့်အသတ်မရှိသေးငယ်သွားသည်ဟု နျဲ့ကျင်းရှန် ခံစားလိုက်ရသည်။

သူ မရုန်းကန်ဘူးဆိုလျှင် သူ့ကို အင်္ကျီလက်ကြီးက မျိုချသွားပေတော့မည်။

“ဖွင့်...”

နျဲ့ကျင်းရှန် ကြုံးဝါးသံပြုလိုက်ပြီး ဓားအလင်းတန်းက ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်။

ကမ္ဘာအသစ်တစ်ခုအား ဖန်ဆင်းခြင်းစွမ်းအားများပါဝင်သော ကြီးကျယ်ခမ်းနားသည့် ဓားဝိညာဉ်သည် ထိုခဏတွင် ပြောင်းပြန်လည်ပတ်သွားပြီး နှောင်းပိုင်းကမ္ဘာလောကသို့ ပြန်လည်ရောက်ရှိလာသည်။

နျဲ့ကျင်းရှန်၏ ဓားအလင်းတန်း လှည့်ပတ်သွားသည်နှင့် ဓားဝိညာဉ်က ကောင်းကင်ကိုထိုးခွင်းသွားပြီး အင်္ကျီလက်အတွင်းမှ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ကြိမ်ဖန်များစွာ ထိုးခွင်းခုတ်ပိုင်းပစ်လိုက်သည်။

နျဲ့ကျင်းရှန်၏ တိုက်ခိုက်မှုကိုကြည့်ရင်း ချင်းယွမ်ဧကရာဇ်က ချီးကျူးစကား ဆိုလိုက်သည်။

“ဒီလို လျှင်မြန်တဲ့ဓားကွက် ထုတ်လွှတ်ဖို့ဆိုတာ တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာဆိုရင် မင်းက ကျန့်ဟွမ်ဓားဧကရာဇ်ထက် အများကြီးသာနေတာပဲ”

“ဓားကွက်မထုတ်ခင်မှာ ကြိုတင်သတိပေးချက်မရှိဘူး ၊ တကယ့် ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးရဲ့ ဓားသွားလိုပါပဲ...”

နျဲ့ကျင်းရှန်နှင့် ချန်ချန်းဟွာ၏တိုက်ပွဲကိုကြည့်ပြီးကတည်းက နျဲ့ကျင်းရှန်က ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း ချင်းယွမ်ဧကရာဇ် သိရှိပြီးသားပင်။

“သူ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်ကလည်း အံ့မခန်းပဲ ၊ တိုက်ပွဲမှာလည်း သူ့ရဲ့ တန်ခိးစွမ်းအားက အရမ်းပြင်းထန်တယ် ၊ ဒါက မွေးရာပါ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကြောင့်များလား”

ဟုတ်ပေ၏။

အချို့ကိစ္စများက ပြောမယုံ ကြုံမှသိ ဆိုသလိုပင် ဖြစ်သည်။

နျဲ့ကျင်းရှန် ဓားဆွဲထုတ်လိုက်သည်နှင့် ခမ်းနားသောဓားဝိညာဉ်စီးကြောင်းများထွက်ပေါ်လာကာ မှုန်မှိုင်းသော အရိပ်တစ်ခု ဖြစ်ပေါ်လာည်။

ထိုအရိပ်အောက်တွင် ဓားအလင်းတန်းက အလံလည်းမဟုတ် ပုဆိန်လည်းမဟုတ် ထူးဆန်းသည့်အသွင်အပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဓားသွားခုတ်ပိုင်းချလိုက်သည်နှင့် မှုန်မှိုင်းသောအမှောင်ထုနှင့် တောက်ပသောအလင်းရောင် ကွဲကွာသွားကာ သဘာဝတရားနှင့် ကျင့်ကြံမှု ၊ သိမ်မွေ့မှုနှင့် အေးစက်မှုတို့ကြား အဆုံးမရှိသော တန်ခိုးစွမ်းအား ထွက်ပေါ်လာသည်။

ထိုတန်ခိုးစွမ်းအားက အဆုံးမရှိလျှို့ဝှက်ဆန်းကျယ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

လေပြင်းများတိုက်ခတ်လာပြီး ချင်းယွမ်ဧကရဇ်၏အင်္ကျီလက်ထဲမှ အချိန်နှင့်နေရာ ရပ်တန့်သွားသည်။

ထက်မြက်ပြင်းထန်သော ဓားသွားအစွန်းက အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်မှုအား ပြသခဲ့သည်။

ခွန်လွန်တောင်ပြိုကျပြီး မိုးနှင့်မြေ ကွဲကြေသွားသည့်အလားပင် ဖြစ်သည်။

နျဲ့ကျင်းရှန်၏ ဓားအလင်းတန်းသည် ဘယ်သောအခါမှ မပျက်ဆီး ၊ ဘယ်သောအခါမှ မနွမ်းနယ် ၊ ဘယ်သောအခါမှ လျော့နည်းမသွားခဲ့ပေ။

ဖျက်ဆီး၍မရနိုင်သလို ရပ်တန့်ရန်လည်း ခက်ခဲသည်။

ထိုဓားအလင်းတန်းသွားရာလမ်းတွင် တားဆီးလာသူမည်သူမဆို မြင်းရထားဘီးအောက် အကြိတ်ခံရသော ခါချဉ်တစ်ကောင်ပမာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပေမည်။

ချန်းဧကရာဇ်၏ အင်္ကျီလက်ထဲမှ စကြာဝဠာ ပွင့်ထွက်သွားပြီး သူကိုယ်တိုင်သည်လည်း ထိတ်လန့်သွားရသည်။

ယခုတော့ ချန်းဧကရာဇ်၏ အင်္ကျီလက်ဖြင့် ဖုံးကွယ်ထားခြင်းမှ လွတ်မြောက်သွားသဖြင့် နျဲ့ကျင်းရှန်၏ရှေ့မှ ကမ္ဘာလောကကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

နျဲ့ကျင်းရှန်က နောက်သို့တစ်ချက်ပြန်ဆုတ်လိုက်ပြီးနောက် နောက်ထပ်ဓားချက်ဖြင့် ချင်းယွမ်ဧကရာဇ်အား ခုတ်ပိုင်းချလိုက်သည်။

ချန်းဧကရာဇ် အနည်းငယ် ထိတ်လန့်သွားပြီး...

“ဒါက ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားလား...”

သူ့အတွေးများလျှင်မြန်စွာပြောင်းလဲသွားပြီး သူက နျဲ့ကျင်းရှန်၏ဓားချက်ကို မရှောင်တိမ်းဘဲ တမင်တကာ လက်ခံယူလိုက်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါး၏ မသေနိုင်သောရုပ်ခန္ဓာအား သေမျိုးလူသားကျင့်ကြံသူတစ်ယောက်၏ သိုင်းပညာက ထိခိုက်စေနိုင်ပါမည်လား။

သို့သော် နျဲ့ကျင်းရှန်၏ဓားချက်ကို ခံယူလိုက်သည်နှင့် ချန်းဧကရာဇ်၏ခန္ဓာကိုယ် တစ်ချက်တုန်လှုပ်သွားပြီး ခါးသည်ပင်အနည်းငယ် ကွေးညွှတ်သွားရသည်။

ချန်းဧကရာဇ် ကြိုတင်ပြင်ဆင်ထားသည့်တိုင် အတော်လေး အဆင်မပြေ ဖြစ်သွားသည်။

သူက ကျင့်ကြံခြင်းအဆင့်အားသာချက်ကိုအသုံးပြုပြီး ရန်သူကို သူသေကိုယ်သေ နည်းဗျူဟာဖြင့် အနိုင်ယူရန်ကြိုးစားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ဖြင့်ဓားချက်ကိုခံယူလိုက်ပြီး နျဲ့ကျင်းရှန်အား တန်ပြန်တိုက်ခိုက်ရန် ကြိုးစားခြင်း ဖြစ်သည်။

သို့သော် နျဲ့ကျင်းရှန်၏ ဓားအလင်းတန်းက ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး ချင်းယွမ်ဧကရာဇ်၏ သဏ္ဌန်မဲ့တန်ခိုးစွမ်းအားကို ပိတ်ဆို့ထားလိုက်သည်။

ဓားအလင်းတန်းဖြတ်သန်းသွားရာတစ်လျှောက် ချင်းယွမ်ဧကရာဇ်၏ နတ်ဘုရားချီစွမ်းအားဖြစ်တည်မှုကို ချိုးဖျက်တိုက်ခိုက်သွားသည်။

နျဲ့ကျင်းရှန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားသိုင်းက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားပြီး နည်လမ်းမျိုးစုံ ၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုမျိုးစုံကို ဓားတစ်စင်းတည်းဖြင့် ဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

ချင်းယွမ်ဧကရာဇ် အာကာသဗလာနယ်ကို ရွေ့လျားလိုက်ပြီး နျဲ့ကျင်းရှန်နှင့်ဝေးရာသို့ ဆုတ်ခွာသွားသည်။

နျဲ့ကျင်းရှန်က သူ၏ဓားကို အောက်သို့အသာနှိမ့်ရင်း...

“အစစ်အမှန်နတ်ဘုရားတွေက ယိုစမ့်ခြင်းကင်းမဲ့တယ်ဆိုတဲ့ ကောလဟလတွေက တကယ်မှန်တာပဲ”

ချန်းဧကရာဇ်သည်လည်း သူ့အရှေ့မှ အနက်ရောင်ဝတ်လူငယ်ကို ခြေဆုံးခေါင်းဆုံး အတန်ကြာအောင် အကဲခတ်နေသည်။

ပြီးမှ...

“ကနဦးကောင်းကင်က ထာဝရဖြစ်တည် ... နှောင်းပိုင်းကောင်းကင်က ဘယ်တော့မှ မကျရှုံး... ဆိုတဲ့စကားစုက တကယ့်ကို အဓိပ္ပါယ်စစ်မှန်တာပဲကိုး...”

All Chapters