← Chapters

မိစ္ဆာအက

Vol. 135 Ch. 1886

မိစ္ဆာအက

Vol. 135 Ch. 1886

“သားလေး၊ သားလေး...”

ကောင်းကင်ဝိညာဉ်ဘုံအပြင်ဘက်တွင် ရီဖျောင်ဖျောင်၏ မျက်ဝန်းများထဲ၌ မျက်ရည်များ ဝဲတက်လာ၏။ သူမ အော်လည်း အော်ခေါ်လိုက်သည်။

ထိုအခါ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ နိုးထလာကြပြီး တောက်ပသော မျက်လုံးများနှင့် ရီဖျောင်ဖျောင်ကို ကြည့်လိုက်ကြ၏။ သိမ်းငှက်ဘုရင်လေးက ခပ်သွက်သွက် မေးလိုက်သည်။

“ဒေါ်..ဒေါ်လေးရီ၊ ဒေါ်လေး ကျန်းရီကို အာရုံခံမိပြီလား”

ရီဖျောင်ဖျောင်ကျော်ကြားနေချိန်တွင် သိမ်းငှက်ဘုရင်လေးက မွေးခါစသာ ရှိသေးသည်။ သို့သော် အထက်ဘုံ၏ သတ်မှတ်ချက်အရ သိမ်းငှက်ဘုရင်လေးနှင့် ရီဖျောင်ဖျောင်တို့မှာ မျိုးဆက်တူဖြစ်၏။ သိမ်းငှက်ဘုရင်လေးကလည်း ရီဖျောင်ဖျောင်ကို သခင်မလေးရီဟုသာ ခေါ်ခဲ့သည်။ သို့ရာတွင် ယခု ရီဖျောင်ဖျောင်က လက်ထပ်ထားပြီး သားတစ်ယောက်ပင် ရနေပြီဖြစ်သလို သူမ၏သားကျန်းရီကလည်း သူ့မိတ်ဆွေဖြစ်နေရာ သိမ်းငှက်ဘုရင်လေးက သူမကို ဒေါ်လေးရီဟု ခေါ်လိုက်ခြင်းဖြစ်ပေသည်။

ဟယ်နုန်ယင်းသည်လည်း ရီဖျောင်ဖျောင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ ရီဖျောင်ဖျောင်က သူမ၏မျက်ရည်စများကို သုတ်ပစ်၍ နောက်လှည့်ကြည့်လိုက်သည်။

“အင်း... ကျွန်မ ရှောင်ရီကို အာရုံခံမိပြီ။ သူက ကောင်းကင်ဝိညာဉ်ဘုံရဲ့ အနောက်တောင်ဘက်မှာပဲ။ သူရှိနေတဲ့နေရာက ဒီကနဲ့ သိပ်မဝေးဘူး။ ကျွန်မ သူ့ကို ရှင်းရှင်းလင်းလင်း အာရုံခံမိတယ်”

“အနောက်တောင်ဘက်လား”

ဟယ်နုန်ယင်း မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရီက ကောင်းကင်ဝိညာဉ်ဘုံထဲတွင် ရှိမနေလျှင် သူမတို့ ကျန်းရီကို လိုက်ရှာရန် အချိန်မရှိပေ။ သူမ တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။

“အရင်ဆုံး ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်ကြတာ‌ပေါ့။ ကျွန်မတို့ရဲ့ တာဝန်ကို ထမ်းဆောင်ပြီးမှ ကျန်းရီကို လိုက်ရှာကြမယ်။ အဲ့ဒါကို ဒေါ်လေးရီ ဘယ်လိုထင်ပါသလဲ”

ရီဖျောင်ဖျောင်သည် ကျန်းရီကို ချက်ချင်း လိုက်ရှာလို၏။ သို့သော် ဟယ်နုန်ယင်းက ခေါင်းဆောင်ဖြစ်သည်။ ခေါင်းဆောင်က သူမ၏ သဘောထားကို ဖော်ပြလိုက်ပြီဖြစ်ရာ ရီဖျောင်ဖျောင် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်ရတော့သည်။

“သခင်မလေးဟယ်ပြောတာ မှန်ပါတယ်။ ကျွန်မတို့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးမှ ရှောင်ရီကို လိုက်ရှာသင့်ပါတယ်”

“ဝင်သွားကြစို့”

ဟယ်နုန်ယင်းသည် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ဝိညာဉ်ဘုံကို လှမ်းကြည့်၍ သိမ်းငှက်ဘုရင်လေးကို အမိန့်ပေးလိုက်၏။

“သိမ်းငှက်ဘုရင်လေး... ရှင်က ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ဖောက်နိုင်တယ်လို့ ကျွန်မကြားတယ်။ ကျွန်မတို့ကို ဘုံထဲ ခေါ်သွားပေးပါ။ ကျွန်မလည်း ဖောက်နိုင်ပေမဲ့ ကြာနေလိမ့်မယ်”

“ကိစ္စမရှိပါဘူး”

သိမ်းငှက်ဘုရင်လေး၏ အရှိန်အဝါက ထိုးထွက်လာ၏။ သူ့မျက်ဝန်းများ အေးစက်သွားပြီး သူ့အစိမ်းရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်သွားသည်။ သူသည် ဓားအိမ်ထဲမှ ချွတ်ထားသော ရတနာဓားတစ်လက်ကဲ့သို့ပင်။ ဟယ်နုန်ယင်းပင် သူ့ကို စိုက်ကြည့်မိသွားသည်။

သိမ်းငှက်ဘုရင်လေး၏ အရှိန်အဝါက အလွန်ထူးကဲသည်။ အထက်ဘုံတွင်ပင် သူက သခင်မလေးများကြားဤ အလွန်ကျော်ကြားခဲ့သည်။ သူသည် အလွန်ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက်ပင်။

ဝှစ်...

ကောင်းကင်ဝိညာဉ်ဘုံ အပြင်ဘက်တွင် ပုန်းအောင်းနေကြသော တမလွန်ဘုံမျိုးနွယ်ဝင်များရှိ၏။ သို့သော် အရိပ်မဲ့ငှက်ကို ပိုးကောင်များက ဝန်းရံထားသဖြင့် တမလွန်ဘုံမျိုးနွယ်ဝင်များသည် ပိုးကောင်အုပ်ကြီးကိုသာ မြင်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ပုန်းအောင်နေသော တမလွန်ဘုံမျိုးနွယ်ဝင်များ ထွက်လာကြပြီး ပိုးကောင်အုပ်ကြီးကို ဝန်းရံလိုက်ကြသည်။

“ဟွန်း...”

အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရပြီး ပိုးကောင်များကြားမှနေ၍ အစိမ်းရောင်အရိပ်တစ်ခု ပျံထွက်လာ၏။ သိမ်းငှက်ဘုရင်လေးက ပုံစံပြောင်းလဲထားသဖြင့် တောက်လန်‌လောက် လျင်မြန်နေသည်။ သူသည် ကျောမှ အတောင်ပံများကို ခတ်၍ တမလွန်ဘုံမျိုးနွယ်ဝင်များဆီ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ၏ ထက်ရှသော လက်သည်းများကလည်း အစိမ်းရောင်အလင်း လင်းလက်လာသည်။ သူ လက်သည်းကို ယမ်းလိုက်တိုင်း တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက် အစိတ်စိတ်အပိုင်းပိုင်း ပြတ်သွားသည်။ သူက မယုံနိုင်လောက်အောင် ခက်ထန်နေပေသည်။

“သတ်...”

ဟယ်နုန်ယင်းနှင့် ရီဖျောင်ဖျောင်တို့လည်း ပိုးကောင်အုပ်ထဲမှ ပျံထွက်လာကြ၏။ ရီဖျောင်ဖျောင်သည် အရိပ်မဲ့ငှက်ကို သိမ်း၍ ပိုးကောင်များကို တမလွန်ဘုံမျိုးနွယ်ဝင်များထံ ပျံသန်းသွားစေလိုက်၏။ ထိုပိုးကောင်များက မသန်မာကြပါ။ သို့သော် အရေအတွက်မှာ အလွန်များပေသည်။ ၎င်းတို့သည် တမလွန်ဘုံမျိုးနွယ်ဝင်များကို လွှမ်းခြုံ၍ တစ်စတစ်စ ကိုက်ဝါးလိုက်ကြလေသည်။

“ဆက်တိုက်မနေနဲ့... ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်ဖို့လုပ်”

ဟယ်နုန်ယင်းက အော်ပြောလိုက်သောအခါ သိမ်းငှက်ဘုရင်လေးက အရှေ့သို့ ချက်ချင်း ပျံသန်းသွား၏။ ရီဖျောင်ဖျောင်ကလည်း ‌နောက်မှ ကပ်လိုက်သွားသည်။ ဟယ်နုန်ယင်းကမူ နောက်ပိုင်းကို ကာပေးထားပေသည်။ သူမတို့သုံးယောက်ကို မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ မတားဆီးနိုင်ချေ။

ရွှက်...ရွှက်...

ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များနှင့် နီးကပ်လာသောအခါ သိမ်းငှက်ဘုရင်လေးသည် ထက်ရှသော လက်သည်းများနှင့် အခိုးအငွေ့များကို ကုတ်ဖြဲလိုက်၏။ သူ အလွယ်တကူပင် လမ်းကြောင်းတစ်ခု ဖန်တီးနိုင်လိုက်သည်။ ရီဖျောင်ဖျောင်နှင့် ဟယ်နုန်ယင်းတို့သည် သူ့အနောက်မှ လိုက်ကာ လမ်းကြောင်းထဲ ဝင်လိုက်ကြသည်။

ရွှီး...

ကောင်းကင်ဝိညာဉ်ဘုံထဲ ရောက်သောအခါ ဟယ်နုန်ယင်း၏ လက်ထဲမှ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က အဆက်မပြတ် လင်းလက်လာပြီး တပ်သားမျာ အပြင်ထွက်လာကြသည်။ ဟယ်နုန်ယင်းသည် ကောင်းကင်စိတ်အာရုံဖြင့် အောက်ဘက်ကို အာရုံခံလိုက်ပြီးနောက် အမိန့်ပေးလိုက်လေ၏။

“အားလုံး လူစုခွဲလိုက်ကြ။ လူငါးသိန်းကို တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။ တပ်ဖွဲ့တစ်ဖွဲ့စီက မြို့တစ်မြို့စီကို ရှာပြီး သတ်ဖြတ်ကြပါ။ ဒီတာဝန်ကို နေ့တစ်ဝက် ထမ်းဆောင်ရမယ်။ နေ့ဝက်ကြာပြီးရင် အားလုံး ကောင်းကင်ဝိညာဉ်မြို့မှာ ပြန်စုဝေးမယ်။ တကယ်လို့ တမလွန်ဘုံဘုရင်တစ်ပါးနဲ့ ကြုံရရင် ချက်ချင်း ကောင်းကင်ဝိညာဉ်မြို့ဆီ ပြန်ဆုတ်လာပါ။ သေတဲ့အထိ မတိုက်ကြနဲ့။ ဒါက ကောင်းကင်ဝိညာဉ်ဘုံရဲ့ မြေပုံပဲ။ စစ်သူကြီးအားလုံး တာဝန်ကို ချက်ချင်းထမ်းဆောင်ပါ။ ထွက်ခွာကြတော့”

ဝှစ်...ဝှစ်...

အင်အားသုံးသန်းရှိသော စစ်တပ်ကို စစ်သူကြီးများက အဖွဲ့များခွဲ၍ ဦးဆောင်ကာ အောက်ဘက်သို့ ပျံဆင်းသွားကြသည်။ ဟယ်နုန်ယင်းသည်လည်း ဆက်အာရုံခံမနေတော့ဘဲ အောက်ဘက်မှ တမလွန်ဘုံမျိုးနွယ်ဝင်များကို စတင်တိုက်ခိုက်လိုက်သည်။ သူမ၏တွက်ချက်မှုများအရ လက်ရှိတွင် ကောင်းကင်ဝိညာဉ်ဘုံထဲ၌ မည်သည့် တမလွန်ဘုံဘုရင်များမှ ရှိမနေလောက်ပေ။

ကောင်းကင်ဝိညာဉ်ဘုံထဲရှိ တမလွန်ဘုံအစီအရင်များကို ယန်မဟာဧကရာဇ်က ဖျက်ဆီးခဲ့ပြီဖြစ်သည်။ တမလွန်ဘုံဘုရင်များလည်း သတ်ဖြတ်ခံခဲ့ရသည်။ အခြားတမလွန်ဘုံဘုရင်များမှာလည်း ကောင်းကင်ကြယ်စုဘုံထဲတွင် ရှိနေသည်။ သို့ဖြစ်ရာ ဤဘုံထဲတွင် မည်သို တမလွန်ဘုံဘုရင်တစ်ပါး ထွက်ပေါ်လာနိုင်မည်နည်း။

ဟယ်နုန်ယင်းသည် အချိန်ကိုလည်း နေ့တစ်ဝက်ဟု သတ်မှတ်ပေးလိုက်၏။ သူမ၏အမြင်တွင် တမလွန်ဘုံမျိုးနွယ်စစ်တပ် ပြန်လာရန်အတွက် အနည်းဆုံး နေ့တစ်ဝက် လိုလိမ့်မည်ဟု မြင်သည်။ စွမ်းအားကြီး တမလွန်ဘုံဘုရင်တစ်ပါးက လျင်မြန်စွာ ပြန်လာမည်ဆိုလျှင်ပင် အနည်းဆုံး နေ့ဝက်တော့ ကြာလိမ့်မည် မဟုတ်လော။ သူမတို့သာ နေ့တစ်ဝက်အတွင်း ထွက်သွားနိုင်လျှင် ဘေးကင်းလောက်ပေသည်။

သို့သော်...

ဟယ်နုန်ယင်းသည် တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပိုစော၍ ပြန်ဆုတ်လာခဲ့ကြောင်းကို သိမထားပေ။ မင်တဲသည် သူ ဆန်းကြယ်စွမ်းရည်ကို သုံး၍ ကောင်းကင်ကြယ်စုဘုံသို့ တစ်ယောက်တည်း အရင်ဆုံး ပြန်သွားလျှင် ကျန်ခဲ့သောစစ်တပ်ကို မိုးပြာမဟာဧကရာဇ်တို့က အလစ်ဝင်တိုက်ကြမည်ကို စိုး၍ ဆန်းကြယ်စွမ်းရည် မသုံးခဲ့ပါ။ သို့ပင်လျှင် ယခုတွင် သူတို့သည် ကောင်းကင်ဝိညာဉ်ဘုံ၊ ကောင်းကင်ကြယ်စုဘုံတို့နှင့် သိပ်မဝေးတော့ပေ။

ကောင်းကင်ဝိညာဉ်ဘုံထဲတွင် တမလွန်ဘုံဘုရင်များ ရှိမနေသည်မှာ အမှန်ပင်ဖြစ်သည်။ တမလွန်ဘုံဘုရင် တစ်ဝက်လောက်ကို ယန်မဟာဧကရာဇ်က သတ်သွားခဲ့သည်။ ကျန်သော တမလွန်ဘုံဘုရင်များမှာလည်း မင်တဲနောက်သို့ လိုက်သွားခဲ့ပေသည်။ ထို့ကြောင့် အင်အားသုံးသန်းစစ်တပ်သည် တပ်ဖွဲ့ခြောက်ဖွဲ့ခွဲ၍ တမလွန်ဘုံမျိုးနွယ်ဝင်များကို အစုလိုက်အပြုံလိုက် အလွယ်တကူ သတ်ဖြတ်နိုင်နေလေသည်။

ဟယ်နုန်ယင်း၊ ရီဖျောင်ဖျောင်နှင့် သိမ်းငှက်ဘုရင်လေးတို့က အတူတိုက်ခိုက်နေကြ၏။ သူမတို့သုံးယောက်သည် သူမတို့နှင့်အတူ မည်သည့်တပ်ဖွဲ့ကိုမှ ခေါ်မသွားပါ။ သူမတို့သည် ကောင်းကင်ဝိညာဉ်မြို့ဆီသို့သာ တိုက်ရိုက်ဦးတည်သွားလိုက်သည်။ အချို့ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များက မြို့ထဲတွင် စုဝေးနေကြသည်။ အချို့ တော်ဝင်မိသားစုဝင်များကလည်း တမလွန်ဘုံအစီအရင်များကို ပြန်တည်ဆောက်နေကြသည်။ သူမတို့သုံးယောက်သည် ယင်းကို ခွင့်မပြုနိုင်ရာ မြို့ထဲသို့ လျင်မြန်စွာ ပျံဝင်၍ သတ်ဖြတ်မှုများ စတင်လိုက်ပေသည်။

ဟယ်နုန်ယင်းတို့သုံးယောက် မည်သည့်တပ်ဖွဲ့မှ ခေါ်မလာခဲ့ခြင်းမှာ ရီဖျောင်ဖျောင်ထံတွင် အင်အားကြီး ဟွင့်သွမ့်သားရဲစစ်တပ် ရှိနေ၍ပင်။ သူမ၏ ဟွင့်သွမ့်သားရဲ အကောင်တစ်သောင်းစလုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်ကြသည်။ ထိုအခိုက်တွင် ရီဖျောင်ဖျောင်က ဟွင့်သွမ့်သားရဲအကုန်လုံးကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့က အလွန်ခက်ထန်ကြသဖြင့် ဟယ်နုန်ယင်းပင် လန့်သွားလေသည်။

ထိုဟွင့်သွမ့်သားရဲအားလုံးက သက်တမ်း နှစ်သန်းဆယ်ချီရှိကြသော ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများပင်။ ၎င်းတို့ တစ်ကောင်စီက အနည်းဆုံး ပေသုံးရာလောက် ရှည်ကြသည်။ ယခုတွင် ဟွင့်သွမ့်သားရဲ အကောင်တစ်သောင်းက ကောင်းကင်ကို လွှမ်းခြုံထားပေသည်။

ထိုဟွင့်သွမ့်သားရဲများသည် ကချင်သလို ကနေကြသော မိစ္ဆာတစ်အုပ်နှင့် တူ၏။ ကောင်းကင်ဝိညာဉ်မြို့သည် ပြန်တည်ဆောက်နေဆဲ ဖြစ်သော်လည်း ထပ်မံ၍ ဖျက်ဆီးခံရလေသည်။ တစ်ဝက်ပြီးနေပြီဖြစ်သော တမလွန်ဘုံအစီအရင်များလည်း အလွယ်တကူ ဖျက်ဆီးခံကြရပေသည်။

ကောင်းကင်ဝိညာဉ်မြို့အနီးတွင် သိန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များ စုဝေးနေကြသည်။ တော်ဝင်မိသားစုဝင် အရေအတွက်ကလည်း သိန်းချီသည်။ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့က ခက်ထန်သော ကျားများအလား လျင်မြန်စွာ ပျံဝင်သွားကြသည်။ ရီဖျောင်ဖျောင်ကလည်း အရိပ်မဲ့ငှက်ကိုစီး၍ သွားနေသည်။ သူမက ဟွင့်သွမ့်သားရဲအားလုံးကို ထိန်းချုပ်ရန် လိုအပ်ပေသည်။ အကယ်၍ ဟွင့်သွမ့်သားရဲတစ်ကောင်က တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရတော့မည်ဆိုလျှင် သူမ ထိုသားရဲကို ပြန်သိမ်းရမည်ဖြစ်သည်။ မဟုတ်လျှင် ၎င်းတို့က တမလွန်ဘုံရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားက သူမတို့ကို ပြန်ရန်ပြုပေလိမ့်မည်။

ကောင်းကင်ဝိညာဉ်မြို့နှင့် ကီလိုမီတာသန်းတစ်ရာပတ်လည်အတွင်း၌ မီးခိုးလုံးများ ထပ်မံ ထွက်လာသည်။ အင်အားငါးသိန်းစီ ပါသော တပ်ဖွဲ့ခြောက်ဖွဲ့သည် ကျားများ၊ ဝံပုလွေများကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သူတို့သည် ကောင်းကင်ဝိညာဉ်ဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ရှင်းပစ်တော့မည်ဖြစ်သည်။

ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော မြို့များထဲရှိ ရဲတိုက်များထဲမှနေ၍ အနက်ရောင်အလင်းတန်းများ ထိုးထွက်လာ၏။ ၎င်းအလင်းတန်းများက ကောင်းကင်ထက်သို့ ပျံတက်ကာ မိုးကုပ်စက်ဝိုင်းကို ဖောက်ထွက်သွားကြသည်။ လူသားစစ်တပ်သည် ထိုအနက်ရောင်အလင်းတန်းများကို မြင်သောအခါ တုန်လှုပ်မသွားကြပါ။ ထိုရဲတိုက်များကိုလည်း မတိုက်ခိုက်လိုက်ကြပါ။ ထိုအစား အနက်ရောင်အလင်းတန်းများကို အဟန့်အတားမရှိ ထွက်သွားစေလိုက်ပေသည်။

ထိုအနက်ရောင်အလင်းတန်းများက လူသားမျိုးနွယ်၏ သတင်းပို့အစီအရင်နှင့် ဆင်တူ၏။ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်များက အနက်ရောင်အလင်းတန်းများကို သုံး၍ သတင်းပို့နေကြခြင်းပင်။ ဤတစ်ခေါက် ကောင်းကင်ဝိညာဉ်စစ်တပ်က ကောင်းကင်ဝိညာဉ်ဘုံကို တိုက်ခိုက်ခြင်းမှာ တမလွန်ဘုံမျိုးနွယ်စစ်တပ်ကြီးကို ပြန်မျှားခေါ်ရန်ဖြစ်သည်။ ယခု တမလွန်ဘုံမျိုးနွယ်တင်များက သတင်းပို့၍ အကူအညီလှမ်းတောင်းနေပြီဖြစ်ရာ ကောင်းကင်ဝိညာဉ်စစ်တပ်မှာ ပျော်ပင် ပျော်နေပေသေးသည်။

သို့သော်...

တမလွန်ဘုံမျိုးနွယ်စစ်တပ်က ပြန်ဆုတ်လာခဲ့ပြီးဖြစ်သည်။ ထိုအခိုက်တွင် သူတို့ ကောင်းကင်ဝိညာဉ်ဘုံသို့ ရောက်ရန် နာရီနှစ်ဆယ်သာ လိုပေတော့သည်။

မင်တဲသည် ကောင်းကင်ဝိညာဉ်ဘုံ တိုက်ခိုက်ခံနေရသည်ဟူသော သတင်းကို ရလိုက်သောအခါ ကျန်းရီတို့က ကောင်းကင်ကြယ်စုဘုံတွင် သတ်ဖြတ်ပြီး၍ ကောင်းကင်ဝိညာဉ်ဘုံသို့ သွားရောက်သတ်ဖြတ်ခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။ သူ အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် စစ်တပ်ကို အရေးမထားတော့ဘဲ ထိပ်တန်းတမလွန်ဘုံဘုရင်ငါးပါးကိုသာ ခေါ်၍ ကောင်းကင်ဝိညာဉ်ဘုံဆီသို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားလိုက်လေတော့သည်။

***

All Chapters