← Chapters

အသေခံမည့် ရဲရင့်သောသူရဲကောင်းများ

Vol. 135 Ch. 1887

အသေခံမည့် ရဲရင့်သောသူရဲကောင်းများ

Vol. 135 Ch. 1887

နာရီလေးဆယ်အတွင်းမှာပင် ကောင်းကင်ဝိညာဉ်မြို့နှင့်ပတ်လည် ကီလိုမီတာသန်းဆယ်ချီ အတွင်းရှိ မြို့တစ်ရာနီးပါးနှင့် မရေမတွက်နိုင်သော တောင်များမှ တမလွန်ဘုံမျိုးနွယ်ဝင်များ ရှင်းပစ်ခံခဲ့ရသည်။

အင်အားသုံးသန်းစစ်တပ်က တမလွန်ဘုံမျိုးနွယ်ဝင်တစ်ရာနီးပါးနှင့် တော်ဝင်မိသားစုမျိုးနွယ်ဝင် ဆယ်သန်းကို သတ်ပစ်ခဲ့သည်။ နှစ်ဘက်မှ အင်အားကွာခြားမှုက အလွန်ကြီးမားပေသည်။ လူသားတပ်သား သုံးသိန်းမရှိတရှိလည်း ကျဆုံးသွားခဲ့သည်။ သူတို့အများစုသည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံခဲ့ရသဖြင့် ကိုယ့်လူများ၏ ပြန်သတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ယန်မဟာဧကရာဇ်က သူ့စစ်တပ်ကို ဦးဆောင်၍ ကောင်းကင်ဝိညာဉ်မြို့အနီးရှိ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်အများစုကို ရှင်းပစ်ခဲ့သည်။ ယခုကျန်ခဲ့သော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များမှာ အားနည်းသူများသာ။ ဟယ်နုန်ယင်း၏ ဗျူဟာက မဆိုးပေ။ သို့သော် သူမတို့ ကောင်းကင်ကြယ်စုဘုံသို့ သွားမည်ဆိုလျှင် အနိုင်ရရန် များစွာခက်ခဲပေလိမ့်မည်။

ကောင်းကင်ဝိညာဉ်မြို့မှ တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ဟယ်နုန်ယင်းတို့သည် အခြားနေရာများသို့သွား၍ ဆက်မသတ်ဖြတ်ဘဲ မြို့ထဲတွင်သာ နေနေ၏။ ဟယ်နုန်ယင်းသည် ရီဖျောင်ဖျောင်အား ပိုးကောင်များ ထုတ်လွှတ်၍ စစ်တပ်၏ အခြေအနေကို ထောက်လှမ်းထားရန် ပြောလိုက်ပေသည်။

ရီဖျောင်ဖျောင်၏ ဟွင့်သွမ့်သားရဲများက မြို့ပြင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များကို ဆက်သတ်ဖြတ်နေကြ၏။ ဟယ်နုန်ယင်း၊ သိမ်းငှက်ဘုရင်လေးနှင့် ရီဖျောင်ဖျောင်တို့က ဟွင့်သွမ့်သားရဲများ‌လောက် မသတ်ဖြတ်နိုင်ကြပေ။ သူတို့က ခေါင်း‌ဆောင်များ ဖြစ်၍ စစ်တပ်ကို ကွပ်ကဲရန်သာ အဓိကတာဝန်ယူကြသည်။ သူတို့သည် စွမ်းအားပိုကြီးသော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ရင်ဆိုင်နေရသော တပ်ဖွဲ့များဆီသို့ ဟွင့်သွမ့်သားရဲများ စေလွှတ်၍သာ ကူညီပေးကြလေသည်။

ထိုစဉ် ဟယ်နုန်ယင်းသည် သူမက ရင်ခုန်မြန်လာသည်ကို ခံစားလိုက်ရ၏။ သူမထံတွင် အလွန်ထူးခြားသော ဝိညာဉ်ခန္ဓာကိုယ်ရှိသည်။ သူမ လျင်မြန်စွာ ကျင့်ကြံနိုင်ခြင်းမှာ ထိုဝိညာဉ်ခန္ဓာကိုယ်ကြောင့်ဖြစ်သည်။ တစ်စုံတစ်ခု မှားနေပြီဟု သူမ ခံစားနေရသည်။ သို့သော် မည်သည့်အရာက မှားနေခြင်းဖြစ်ကြောင်း သူမ ထောက်မပြနိုင်ပေ။ သူမသည် စွန့်လည်း မစွန့်စားဝံ့သဖြင့် ကောင်းကင်ဝိညာဉ်မြို့ထဲတွင် နေ၍သာ အပြောင်းအလဲများကို ကိုင်တွယ်နေရပေသည်။

‌နောက်တစ်နာရီ ကုန်သွား၏။ ဟယ်နုန်ယင်းတစ်ယောက် တစ်ခုခု မှားနေကြောင်း ပို၍ခံစားလာရ၏။ တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ ခံစားရခြင်းဆိုလျှင် လျစ်လျူရှု၍ ရနိုင်သည်။ သို့သော် ရင်ခုန်သံက အဆက်မပြတ် မြန်နေရာ သေနိုင်လောက်သော အန္တရာယ်တစ်ခုက ချဉ်းကပ်လာ၍သာ ဖြစ်လောက်သည်။

ဟယ်နုန်ယင်း တစ်ခဏမျှ တွေးတောလိုက်ပြီး ရုတ်တရက် အော်ပြောလိုက်၏။

“ဒေါ်လေးရီ... တပ်ဖွဲ့အားလုံးဆီ ကောင်းကင်ဝိညာဉ်မြို့ကို ပြန်လာခဲ့ဖို့ သတင်းပို့လိုက်ပါ။ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေ ချဉ်းကပ်လာနေပြီလို့ ကျွန်မ ခံစားနေရတယ်။ ကျွန်မတို့ ချက်ချင်း ထွက်သွားမှရမယ်”

“ကောင်းပါပြီ”

ရီဖျောင်ဖျောင်သည် ခေါင်းဆောင်၏အမိန့်ကို မေးခွန်း မထုတ်ဝံ့ပါ။ သူမသည် ချက်ချင်းပင် ပိုးကောင်ဘုရင်မကို အသုံးချ၍ ပိုးကောင်များကို ချိတ်ဆက်ကာ တပ်ဖွဲ့ခြောက်ဖွဲ့ကို ဆက်သွယ်လိုက်သည် သူမသည် ထိုတပ်ဖွဲ့များ၏ စစ်သူကြီးများကို ပိုးကောင်များနှင့် ဆက်သွယ်မည်ဟု ပြောထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ပိုးကောင်များမှတဆင့် သတင်းရလိုက်သည်နှင့် စစ်သူကြီးများသည် သူတို့၏ တပ်ဖွဲ့များကို ချက်ချင်း ပြန်ဆုတ်စေလိုက်ပေသည်။

“သွားကြစို့”

ရီဖျောင်ဖျောင် ဆက်သွယ်ပြီးသွားသည်အထိ စောင့်ပြီးနောက် ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့သည် ရီဖျောင်ဖျောင်ရှိနေသော အရိပ်မဲ့ငှက်ပေါ်သို့ တက်ကာ အနီးဆုံး တပ်ဖွဲ့ဆီ ဦးတည်ပျံသန်းသွားလိုက်ကြသည်။ သူမတို့ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ အမြန်ဆုံး လုပ်ဆောင်ရပေမည်။

အရိပ်မဲ့ငှက်က လုံလောက်အောင် မြန်၏။ တစ်နာရီအတွင်းမှာပင် ဟယ်နုန်ယင်းတို့သည် ပြန်ဆုတ်လာသော တပ်ဖွဲ့တစ်ဖွဲ့နှင့် ဆုံသည်။ ဟယ်နုန်ယင်းသည် ထိုတပ်ဖွဲ့ကို သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်၍ နောက်တပ်ဖွဲ့တစ်ဖွဲ့ဆီ ဆက်သွားလိုက်လေသည်။

“မရတော့ဘူး”

တပ်ဖွဲ့လေးဖွဲ့နှင့် ရီဖျောင်ဖျောင်၏ ဟွင့်သွမ့်သားရဲအားလုံးကို သိမ်းပြီးသွားချိန်တွင် ဟယ်နုန်ယင်း၏ မျက်နှာက ပို၍ ဖြူဖျော့လာ၏။ သူမနဖူးနှင့် ဆံစပ်နေရာတွင် ချွေးစေးများ ရွှဲနေသည်။ သူမသည် ကြောက်ရွံ့သော မျက်ဝန်းများနှင့် အမိန့်ပေးလိုက်လေသည်။

“အာကာသထဲကို တိုက်ရိုက်ထွက်လိုက်တော့။ ကျန်တဲ့တပ်ဖွဲ့နှစ်ဖွဲ့ကို သွားမခေါ်တော့ဘူး။ အဲ့တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ စစ်သူကြီးတွေဆီ သတင်းပို့ပြီး သူတို့ကို အာကာသထဲ ကိုယ့်ဘာသာ ထွက်ခဲ့ဖို့ပဲ ပြောလိုက်တော့”

“ဟင်”

ရီဖျောင်ဖျောင်နှင့် သိမ်းငှက်ဘုရင်လေးတို့ အကြည့်ချင်းဖလှယ်လိုက်ပြီး အတန်ငယ် တုန်ယင်သွားကြ၏။ အခြေအနေက ထိုမျှပြင်းထန်နေသည်လော။ ဟယ်နုန်ယင်းက ကျန်သော တပ်ဖွဲ့နှစ်ဖွဲ့ကိုပင် ကိုယ်တိုင်သွားမခေါ်‌တော့သည်‌လော။ သူတို့ ဤဘုံထဲ၌ ဆက်နေလျှင် သေချာပေါက် သေရမည်လော။

ဝှစ်...

ဟယ်နုန်ယင်းက ပြတ်သားနေကြောင်းကို တွေ့သဖြင့် ရီဖျောင်ဖျောင် မည်သို့မှ ပြောမနေတော့ဘဲ အရိပ်မဲ့ငှက်ကို ကောင်းကင်ထက်သို့ ပျံတက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် ပိုးကောင်များမှတဆင့် စစ်သူကြီးနှစ်ယောက်ကို ဆက်သွယ်ကို သူတို့ဘာသာ ချက်ချင်း အာကာသထဲကို ထွက်လာရန် ပြောလိုက်လေသည်။

“သိမ်းငှက်ဘုရင်လေး... ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ဖောက်လိုက်ပါ”

ပေငါးထောင်အမြင့်သို့ ရောက်သောအခါ ဟယ်နုန်ယင်းသည် သိမ်းငှက်ဘုရင်လေးကို အမိန့်ပေးလိုက်ပြီး ရီဖျောင်ဖျောင်ကို အရိပ်မဲ့ငှက် ပြန်သိမ်းစေလိုက်၏။ သိမ်းငှက်ဘုရင်လေးက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖောက်ပြီးနောက် သူတို့သုံးယောက် အာကာသဟင်းလင်းပြင်ထဲ ပျံထွက်လိုက်ကြလေသည်။

“အနောက်ဘက်ကို သွား... မြန်မြန်”

ဟယ်နုန်ယင်းသည် အာကာသထဲ ရောက်သည်နှင့် ထူးဆန်းသော အမိန့်တစ်ခုကို ပေးလိုက်၏။ အနောက်ဘက်မှာ တမလွန်ဘုံမျိုးနွယ်၏ ပိုက်နက်ဖြစ်သည်။ သို့သော် ရီဖျောင်ဖျောင်သည် တုံ့ဆိုင်းမနေဘဲ အရိပ်မဲ့ငှက်ကို ပြန်ထုတ်ကာ အနောက်ဘက်သို့ ပျံသန်းစေလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို ထောက်လှမ်းရန် ပိုးကောင်များလည်း ထုတ်လွှတ်လိုက်သည်။

“ဒေါ်လေးရီ...”

ဟယ်နုန်ယင်းက တုံ့ဆိုင်းနေသော မျက်ဝန်းများနှင့် ပြောလာ၏။

“ရန်သူကို လမ်းလွှဲဖို့ ဒေါ်လေးရဲ့ ဟွင့်သွမ့်သားရဲတွေကို အရပ်မျက်နှာတိုင်းကို ပျံသွားခိုင်းလို့ ရမလား။ စွမ်းအားကြီး တမလွန်ဘုံဘုရင်တစ်ပါးက ကောင်းကင်ဝိညာဉ်ဘုံကို လာနေပြီလို့ ကျွန်မ ခံစားနေရတယ်။ အဲ့တမလွန်ဘုံဘုရင်ရဲ့ တိုက်ခိုက်စွမ်းအားက သေချာပေါက် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းအားနဲ့ ယှဉ်နိုင်တယ်”

ဤတစ်ခေါက်တွင် ဟယ်နုန်ယင်းသည် အမိန့်ပေးခြင်း မဟုတ်ဘဲ တောင်းဆိုခြင်းဖြစ်သည်။ ထိုဟွင့်သွမ့်သားရဲများကို ရှာရန်၊ ယဉ်ပါးအောင် လုပ်ရန်မှာ အလွန်ခက်သည် မဟုတ်ပါလား။ ကောင်းကင်ဘုရင်ဝေနှင့် အခြားကောင်းကင်ဘုရင်များသည် ရီဖျောင်ဖျောင်အတွက် ဟွင့်သွမ့်သားရဲ အကောင်တစ်သောင်း ရှာပေးရန် အချိန်များစွာ သုံးခဲ့ရပေသည်။ ယခုတွင် ၎င်းတို့ကို လွှတ်ပေးလိုက်မည်ဆိုလျှင် ၎င်းတို့က သေချာပေါက် သေရမည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ စွမ်းအားကြီး တမလွန်ဘုံဘုရင်တစ်ပါး လာနေသည်ဆိုခြင်းမှာ ဟယ်နုန်ယင်း၏ ခံစားချက်၊ ခန့်မှန်းချက်သာဖြစ်သည်။ အကယ်၍ သူမ မှားသွားလျှင် ထိုဟွင့်သွမ့်သားရဲများကို အလကားသက်သက် အဆုံးရှုံးခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။

“ကောင်းပါပြီ”

ရီဖျောင်ဖျောင်သည် တုံ့ဆိုင်းမနေဘဲ ဟွင့်သွမ့်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ထုတ်လွှတ်လိုက်၏။ သူမသည် ထူးခြားသော ဆန်းကြယ်စွမ်းရည်များ ပိုင်ဆိုင်ထားသည့် ဟွင့်သွမ့်သားရဲ အကောင်တစ်ရာလောက်ကိုသာ ချန်၍ ကျန်သော ဟွင့်သွမ့်သားရဲအားလုံးကို အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့သို့ ပျံသန်းသွားစေလိုက်သည်။

ဝှစ်...

အရိပ်မဲ့ငှက်သည် အဖြူရောင်အလင်းတန်း တစ်တန်းအလား အရှေ့သို့ ပျံသန်းနေသည်။ ရီဖျောင်ဖျောင်၏ ခန္ဓာကိုယ်ကလည်း အဖြူရောင်အလင်း တောက်ပလာသည်။ သူမသည် မျက်လုံးများမှိတ်၍ တစ်ခဏမျှ အာရုံခံပြီးနောက် ပြောလိုက်သည်။

“ရှောင်ရီက ကျွန်မတို့နဲ့ ပိုနီးလာပြီ။ သူက... ကျွန်မတို့ လာနေတာကို သိထားလောက်တယ်။ သခင်မလေးဟယ်... ကျွန်မတို့ သူ့ကို သွားတွေ့သင့်လား”

“ကျန်းရီလား”

ဟယ်နုန်ယင်း၏ ဖြူဖျော့နေသော မျက်နှာလေး နီမြန်းသွား၏။ ကျန်းရီက ဆန်းကြယ်သော ယောက်ျားတစ်ယောက်ပင်။ သူမတို့ သူနှင့် ပေါင်းစုံနိုင်လျှင် ရှင်သန်နိုင်ခြေ မြင့်လာလောက်သည်။ မဟုတ်လျှင် စွမ်းအားကြီး တမလွန်ဘုံဘုရင်၏ လိုက်သတ်မှုမှ သူမတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ကောင်းကင်ဝိညာဉ်ဘုံတွင် ကျန်ခဲ့သော အင်အားတစ်သန်းစစ်တပ်နှင့် အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားသော ဟွင့်သွမ့်သားရဲများ ထိုတမလွန်ဘုံဘုရင်ကို တားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူမ အော်ပြောလိုက်သည်။

“တွေ့မယ်... ကျန်းရီနဲ့ ချက်ချင်းတွေ့ရမယ်”

“ကောင်းပါပြီ”

ရီဖျောင်ဖျောင် စိတ်လှုပ်ရှားသွားပြီး အရိပ်မဲ့သားရဲကို ခပ်သွက်သွက် ထိန်းချုပ်ကာ အနောက်တောင်ဘက်သို့ ပျံသန်းသွားစေလိုက်သည်။ သိမ်းငှက်ဘုရင်လေး၏ စူးရှသော မျက်ဝန်းများလည်း လင်းလက်နေသည်။ နောက်ဆုံးတွင် သူတို့ ထပ်မံ တွေဆုံရတော့မည်လော။

***

ဟယ်နုန်ယင်း၏ ဝိညာဉ်ခန္ဓာကိုယ်က အလွန်အသုံးဝင်၏။ သူမ၏ ခံစားချက်မှာ မမှားခဲ့ပါ။ မင်တဲက ထိပ်တန်းတမလွန်ဘုံဘုရင်ငါးပါးကို ဦးဆောင်၍ ကောင်းကင်ဝိညာဉ်ဘုံဆီသို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ပျံသန်းလာနေသည်။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ကောင်းကင်ဝိညာဉ်ဘုံသို့ ရောက်ရန် နာရီနှစ်ဆယ်ကျော်လိုမည် ဖြစ်သော်လည်း မင်တဲတို့မှာမူ နာရီအနည်းငယ်အတွင်း ရောက်ရှိလာနိုင်ပေသည်။

ဟယ်နုန်ယင်းတို့ ထွက်သွားပြီး တစ်နာရီကြာပြီးနောက် မင်တဲတို့သည် ကောင်းကင်ဝိညာဉ်ဘုံ အနီးသို့ ရောက်လာကြကာ ရီဖျောင်ဖျောင် စေလွှတ်ထားနှင့် ဟွင့်သွမ့်သားရဲများနှင့် ဆုံလေသည်။ မင်တဲပင် ဝင်တိုက်စရာမလိုဘဲ ထိပ်တန်းတမလွန်ဘုံဘုရင်ငါးပါးကသာ ထိုသားရဲများကို အလွယ်တကူ ရှင်းပစ်လိုက်သည်။

“အဲ့သားရဲတွေကို အရေးစိုက်မနေနဲ့။ မြန်မြန် ကောင်းကင်ဝိညာဉ်ဘုံထဲ သွားလိုက်”

မင်တဲ၏ ခန္ဓာကိုယ်အစစ်က အနက်ရောင်အခိုးအငွေ့များထဲတွင် ပုန်းကွယ်နေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အစစ်ကို မည်သူမှ မမြင်နိုင်ပေ။ သူသည် အေးစက်စက် ပြောလိုက်ပြီးနောက် ကောင်းကင်ဝိညာဉ်ဘုံဆီ ပျံသန်းသွားလိုက်သည်။ သူက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကိုပင် ဖောက်ရန် မလိုဘဲ ကောင်းကင်ဝိညာဉ်ဘုံထဲ အလွယ်တကူ ဝင်လိုက်နိုင်ပေသည်။

“တကယ်ပဲ လူသားစစ်တပ်ရှိနေတယ်။ သတ်ကြ...”

မင်တဲ၏ တမလွန်ဘုံအရှိန်အဝါက တိမ်မည်းများကဲ့သို့ ဖြန့်ကျက်သွားပြီး ကျန်ခဲ့သော အင်အားတစ်သန်းစစ်တပ်ကို အလွယ်တကူ ရှာတွေ့သွားသည်။ ထိုအင်အားတစ်သန်းစစ်တပ်သည် ထွက်မပြေးခဲ့ပေ။ စစ်သူကြီးနှစ်ယောက်သည် ရီဖျောင်ဖျောင်ထံမှ သတင်းရလိုက်သောအခါတွင်လည်း ဟယ်နုန်ယင်းကို အပြစ်မတင်ကြပါ။ မတတ်သော အခြေအနေကြောင့်သာ ဟယ်နုန်ယင်းက သူတို့ကို စွန့်ပစ်သွားခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်ကြသည်။ သူတို့ကလည်း ဤစစ်တပ်ထဲဝင်ရန် စာရင်းပေးခဲ့ကတည်းက အသေခံဖို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ထွက်ပြေးမနေတော့ဘဲ လာသမျှ တမလွန်ဘုံမျိုးနွယ်ဝင်တိုင်းကို အသေခံတိုက်၍ ဟယ်နုန်ယင်းအတွက် အချိန်အနည်းငယ် ဆွဲပေးထားရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ယခုအထိ အင်အားငါးသိန်းစီပါသော တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းထားသည့် အင်အားတစ်သန်းစစ်တပ်က ကောင်းကင်ဝိညာဉ်ဘုံထဲတွင် ရှိနေသေးပြီး တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်နေခြင်းဖြစ်သည်။ မကြာသေးခင်တွင် ထိုစစ်တပ်သည် တပ်ဖွဲ့ငယ်လေးများ ခွဲထုတ်၍ ကောင်းကင်ဝိညာဉ်ဘုံ၏ နေရာအနှံ့သို့ သွားရောက်တိုက်ခိုက်နေခဲ့ကြသည်။ ထိုမှ တမလွန်ဘုံမျိုးနွယ်၏ စစ်ကူများ ရောက်လာလျှင် သူတို့ကို တကွဲတပြားစီ လိုက်ရှင်းနေရသည့်အတွက် ဟယ်နုန်ယင်းတို့နောက်သို့ လိုက်ရန် နှောင့်နှေးသွားမည် မဟုတ်ပါလား။

“ဟွန်း...”

စစ်သူကြီးနှစ်ယောက်သည် မင်တဲ၏ ဉာဏ်ရည်ကို လျှော့တွက်မိခဲ့၏။ မင်တဲသည် အနက်ရောင်အခိုးအငွေ့လုံးတစ်လုံးအဖြစ် ပြောင်းလဲ၍ ဆယ်ချီသော တပ်သားများကို အလွယ်တကူ ထိန်းချုပ်လိုက်၏။ ထို့နောက် ဟယ်နုန်ယင်းတို့က အင်အားနှစ်သန်းစစ်တပ်နှင့် ထွက်ပြေးသွားပြီဆိုသော သတင်းကို ထိုတပ်သားများ၏ စိတ်ဝိညာဉ်ထဲမှ ချက်ချင်းရလိုက်သည်။

“မင်းတို့ ဒီက တပ်သားတွေကို လိုက်သတ်လိုက်ကြ။ ငါက သူတို့ရဲ့ခေါင်းဆောင်ကို လိုက်သတ်မယ်။ ပြီးမှ မင်းတို နောက်ကလိုက်ခဲ့ကြ။ ပြီးတော့ မင်တိနဲ့ တခြားသူတွေဆီလည်း သတင်းပို့ပြီး အနီးက အာကာသကို ဝန်းရံထားဖို့ ပြောလိုက်”

မင်တဲသည် အနက်ရောင်အခိုးအငွေ့လုံးတစ်လုံးအဖြစ် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူသည် ကောင်းကင်ဝိညာဉ်ဘုံထဲမှ စစ်တပ်ကို လျစ်လျူရှုကာ ဟယ်နုန်ယင်းတို့နောက်သို့ လိုက်သွားလိုက်သည်။ ဤဘုံထဲတွင် တပ်သားတစ်သန်းသာရှိသည်။ သို့သော် ထွက်ပြေးသွားသော ရန်သူထံတွင်မူ အင်အားနှစ်သန်းရှိသည်။ သူက ဂဏန်းသင်္ချာ မရေတွက်တတ်သူ တစ်ယောက် မဟုတ်ပါပပေ။

All Chapters