← Chapters

ကြယ်တာရာအသိုက်... ဝေ့ဝူယင်တို့ ရောက်ရှိလာမှု

Vol. 61 Ch. 846

ကြယ်တာရာအသိုက်... ဝေ့ဝူယင်တို့ ရောက်ရှိလာမှု

Vol. 61 Ch. 846

ဝှစ်... ဝှစ်... ဝှစ်...

တဒင်္ဂ အတွင်းမှာပင် စစ်လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည် တစ်ထောင်မှာ သင်္ဘော ကုန်းပတ်ထက်တွင် ပေါ်လာခဲ့၏။ သူတို့က ပြည်ထောင်စု ရင်းမြစ်၏ သင်္ကေတ ဖြစ်သည့် အနီ၊ အပြာ၊ အစိမ်းရောင်စပ် သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့၏ ဝတ်စုံရင်ဘတ်တွင်တော့ သက်ဝင်လှုပ်ရှားနေသည့် အဖြူရောင် တောင်ပုံ သင်္ကေတ ပုံရိပ် တစ်ခု ရှိ၏။

မျက်နှာဖုံးတပ် ပုံရိပ်မှာ အနည်းငယ် အံ့သြသွားဟန် ရကာ ချင်းဖုန်းကို လှည့်ကြည့်လိုက်၏။

“တောင်ပံဖြူ စစ်သည်တွေလား...”

“တောင်ပုံဖြူ စစ်သည်တွေကို နင်က သိနေတယ်ပေါ့”

ချင်းဖုန်း၏မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ မျက်နှာဖုံးတပ်က တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ် လိုက်သည်။

“ခင်ဗျားရဲ့ အသန်မာဆုံး သေမျိုးအဖွဲ့ကိုတောင် ဒီအတွက် သုံးတော့မယ်ပေါ့လေ... ကြည့်ရတာ ကျုပ်ကို တော်တော် ယုံကြည်ပုံရတယ်”

“ငါသာ နင့်ကို မယုံရင် ခုချိန် နင့်အလောင်းက အမှောင် ဟင်းလင်းပြင်ထဲမှာ မျောနေလောက်ပြီ”

ချင်ဖုန်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။ မျက်နှာဖုံးတပ် ပုံရိပ်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ ရင်းမြစ်များနှင့် ထုဆစ်ထားသည့် တောင်ပံဖြူ အဖွဲ့ဝင် တစ်ထောင်ကို ကြည့်လိုက်၏။

“ကိုယ့်ကိုယ်ကို သတ်သေခိုင်းတာ မဟုတ်သမျှ သူတို့က နင့် အမိန့်ကို လိုက်နာကြလိမ့်မယ်”

ချင်းဖုန်းက ထပ်ပြောလိုက်၏။

“အင်းပါ... သုံးရက်ပဲ...”

မျက်နှာဖုံးတပ်က ပြောလိုက်သည်။ ထို့နောက် သူက အခြားတစ်ဖက်ကို ပြန်လှည့်ကာ မိုင်အနည်းငယ် အကွာအဝေးရှိ အာကာသလှိုင်းများကို ကြည့်လိုက်လေ၏။

ဝှစ်...

သူက လက်တစ်ဖက်ကို ဝျေ့ယမ်းလိုက်ရာ ငွေရောင် အလင်းများ တောက်ပနေသည့် ကရက်ကန်းလွန်း တစ်ခု ပေါ်လာခဲ့သည်။ ၎င်းက လက်သီးဆုပ်ခန့် အရွယ်ရှိကာ လျှို့ဝှက်အော်ရာ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေ၏။ သို့သော်လည်း... ၎င်းက လျှို့ဝှက် အဆင့်ထက် သေမျိုး အဆင့် ကဲ့သို့ ပိုမို ခံစားရပေသည်။

ချင်းဖုန်းမှာ ကရက်ကန်းလွန်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထိုအရာကို သူက မည်သည့် နေရာမှ ထုတ်ယူလိုက်သနည်း။

သူ၏ လှုပ်ရှားပုံက ဟင်းလင်းပြင် လက်စွပ်ထဲမှ ထုတ်ယူလိုက်တာမျိုးနှင့် မတူပါချေ။ မြေကြီးရှန့်ထိုများလို အတွင်းပိုင်း လောကထဲမှ ထုတ်ယူလိုက်ခြင်းမျိုးနှင့် ပိုမို ဆင်တူပေသည်။ သူက အတုအယောင် အတွင်းပိုင်းလောက တစ်ခု ဖန်တီးနိုင်သည့် ကျင့်စဥ် တစ်ခုကို ကျင့်ကြံထားသလော။

ပုံရိပ်က လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးလိုက်ရာ ကရက်ကန်းလွန်းမှာ လှုပ်ရှားလာ၏။ ၎င်းက အလွန် လျှင်မြန်သည့် အရှိန်ဖြင့် အာကာသလှိုင်းများ ထွက်ပေါ်ရာ နေရာဆီ ချဥ်းကပ်သွားကာ အပ်ချုပ် သကဲ့သို့ ဟိုမှသည် လှုပ်ရှားလာသည်။ ရုတ်တရက် အာကာသလှိုင်းများမှာ စတင်ကာ နှေးကွေးလာ၏။ ထို့နောက် ၎င်းတို့က တစ်နည်းနည်းဖြင့် တည်ငြိမ်သွားပုံ ရလေသည်။

“သွားကြမယ်...”

မျက်နှာဖုံးတပ်မှာ အချိန်ဆက် မဖြုန်းတော့ချေ။ သူက ကိုယ်ပိုင် လောကနယ်မြေကို ဆင့်ခေါ်ကာ သင်္ဘောပေါ်သို့ ပျံတက်သွားခဲ့၏။ ထို့နောက် မတုန့်မဆိုင်းပင် အာကာသလှိုင်းများ ထွက်ပေါ်လာရာ နေရာသို့ တိုးဝင် သွားခဲ့တော့သည်။

“သွားကြတော့...”

ချင်းဖုန်းက ခြေဟန်လက်ဟန် ပြလိုက်၏။ တောင်ပံဖြူ အဖွဲ့ဝင် တစ်ထောင်မှာ ခေါင်းညိတ် လိုက်ကြကာ မျက်နှာဖုံးတပ်၏ နောက်သို့ လိုက်လံ ပျံသန်း သွားကြသည်။

တစ်ခဏ အတွင်းမှာပင် သူတို့ အားလုံးမှာ အာကာသလှိုင်းများထဲ ဝင်ရောက်ကာ ပျောက်ကွယ် သွားခဲ့တော့၏။

“အလုပ်ဖြစ်မှာပါလေ...”

ချင်းဖုန်းက ခပ်တိုးတိုး ရေရွတ်ရင်း မှတ်ချက်ချလိုက်သည်။ သူမက ထိုလူစိမ်းကို မယုံကြည်ချေ။ အာမခံချက် ရရှိအောင် လုပ်သင့်လုပ်ထိုက်တာ သူမ လုပ်ရလိမ့်မည် ဖြစ်သည်။

...

တစ်ချိန်တည်း၌... အလွှာပါး အတွင်းရှိ တစ်နေရာတွင် အနက်ရောင် အစက် တစ်ခုမှာ ခပ်ဖြည်းဖြည်း ပေါ်လာခဲ့၏။ ၎င်းက တိမ်ပြာ၊ ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့ စုဝေး ဆွေးနွေးနေသည့် ရှေ့တည့်တည့်နားတွင်ပင် ဖြစ်သည်။ သူတို့ သုံးယေက် ကြည့်နေစဥ်မှာပင် ထိုအစက်က တဖြည်းဖြည်း စတင် ကြီးမားလာကာ ပေါ်တယ် တစ်ခု အသွင် ပြောင်းလဲ သွားခဲ့တော့သည်။

“ဘာလဲ...”

ပေါ်တယ်၏ တစ်ဖက်ရှိ အမိုက်မှောင်ကို ကြည့်ရင်း တိမ်ပြာ၏ အမူအရာက တင်းမာ သွားခဲ့၏။ ခုတ်ပိုင်းခြင်းဓားက ဓားရိုးကို ကိုင်လိုက်သည်။ ဓားအလင်းက သူ့မျက်လုံးထဲ တဖျပ်ဖျပ် တောက်ပလာခဲ့၏။ ခွန်ရီမင်ကတော့ လှုပ်ရှားခြင်း အလျင်း မရှိချေ။ အနည်းငယ် မျက်မှောင်ကြုတ်၍သာ စဥ်းစားနေ၏။ ထိုပေါ်တယ်က လျှို့ဝှက် တာရာ မိုင်းတွင်းကို ဝူယု ရောက်လာတုန်းကနှင့် ဆင်တူလှသည်ဟု သူမ တွေးနေမိ၏။

ဝှစ်... ဝှစ်...

သူတို့ ကြည့်နေစဥ်မှာပင် ပုံရိပ် လေးခုမှာ ထိုပေါ်တယ်ထဲမှ လမ်းလျှောက်ကာ ထွက်လာခဲ့၏။ ပထမဆုံး တစ်ယောက်က အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူက မျက်လုံးများကို မှိတ်ထားသည့်တိုင် ယခင်ကလိုပင် ချောမော ခန့်ညားနေဆဲ ဖြစ်သည်။

ဒုတိယမြောက် တစ်ယောက်ကတော့ ကြည်လင် သန့်ရှင်းသည့် မျက်ဝန်းများနှင့် မိန်းမလှလေး တစ်ယောက် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အော်ရာက သာမန်နည်းလမ်းများဖြင့် ခန့်မှန်းရန် ခက်ခဲလှကာ မြင့်မြတ်ထည်ဝါမှု အငွေ့အသက်တို့နှင့် ပြည့်နှက်နေ၏။

တတိယမြောက် ပုံရိပ်ကတော့ နှစ်ဆယ့်နှစ်မီတာ အရွယ်အစား ရှိသည့် အဖြူနှင့် ရွှေရောင်စပ် ကြိုးကြာ တစ်ကောင်ပင်။ သူမ၏ ခန္ဓာကိုယ်မှ အသက်အော်ရာ အငွေ့အသက်များ ကြွယ်ဝစွာ ထွက်ပေါ်နေကာ မာနကြီးစွာဖြင့် ခေါင်းကိုမော့ ရင်ကို ကော့ထားခဲ့၏။

နောက်ဆုံးမှ လိုက်ပါလာသူကတော့ သဘာဝ အတိုင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အော်ရာကို ပိုင်ဆိုင်ထားသည့် အသက်လတ် လူကြီး တစ်ယောက်ပင် ဖြစ်သည်။ သူ ဝင်သက်ထွက်သက် ရှူထုတ်လိုက်တိုင်း ရိုသေညွှတ်တွား လိုသည့် ဆန္ဒ တစ်ခုမှာ အလိုအလျောက်ပင် မွေးဖွားလာ၏။ သူ၏ တည်ရှိမှု ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ အုပ်စိုးသူ ဧကရာဇ် တစ်ပါးလိုပင်။

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက် အပါအဝင် သင်္ဘောထက်ရှိ လူတိုင်းမှာ ထိုပုံရိပ် ‌‌လေးခုကို ကြည့်ကာ ဆွံ့အ သွားကြ၏။

“အရှင်ဝေ့...”

တိမ်ပြာက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ သူတို့ စာပို့ခဲ့သည်မှာ မိနစ်အနည်းငယ်မျှသာ ကြာပေသေးသည်။ သို့သော်လည်း... ထိုလူငယ်မှာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌... ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့မှာလည်း ဝေ့ဝူယင် ချက်ချင်း လက်ငင်း ရောက်လာမည် မထင်ထားမိရာ အလွန် အံ့သြ နေခဲ့ကြလေသည်။

နောက်ဆုံး၌ ရပ်နေသည့် ဝူယု အပေါ် အကြည့်ရောက်သွားသော အခိုက်၌ သူတို့၏ နှလုံးသားများက လှုပ်ခါ သွားကြ၏။ လွန်ခဲ့သည့် တစ်နှစ်ခန့် အချိန်တုန်းက ဝူယုမှာ သူတို့နှင့် တန်းတူ လျှို့ဝှက် ဝိညာဥ် အဆင့်တွင်သာ ရှိနေခဲ့သေးသည်။ သို့သော်လည်း ယခုတွင်တော့ ထာဝရ နယ်မြေမှပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်သည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထာဝရ အစည်းအရုံးနှင့် ဝူယု၏ ရန်ပွဲ ဒဏ္ဍာရီများမှာ လွန်ခဲ့သည် နှစ်လအတွင်း မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို တောမီးရိုင်းများလို ပျံ့နှံ့ခဲ့ပြီး ဖြစ်ပေသည်။ ဝူယုမှာ လျှို့ဝှက် ဝိညာဥ် အဆင့်တွင် ရှိစဥ် ကတည်းက မွန်းစတား တစ်ကောင်ကို ကြောက်စရာ ကောင်းနေခဲ့သူ ဖြစ်သည်။ ယခု မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်လေရာ သူ့အတိုင်းအတာက ဘယ်လောက်တောင် မြင့်တက်သွားပြီလဲ မပြောတတ်ပါချေ။

အခြားတစ်ဖက်၌...ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပေါ်တယ်မှ စထွက်ကတည်းက ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ အခြေအနေကို စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။ အလွှာပါးကို တွေ့လိုက်ရသော အခိုက်၌ ထိုအရာ အမှန်တရား ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်၏။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် သူ၏ ဝိညာဥ်အာရုံကို တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ထံ ပြန်လည် ပို့လွှတ်လိုက်သည်။

သင်္ဘောသား အချို့မှာ ကြောက်ရွံ့ ထိတ်လန့်ဟန်ဖြင့် နောက်ကို ဆုတ်ခွာ သွားကြ၏။

အားလုံးထဲ၌ တိမ်ပြာမှာ အသက် အကြီးဆုံးနှင့် အတည်ငြိမ်ဆုံး ဖြစ်လေရာ အလျှင်အမြန်ပင် လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်၍ နှုတ်ဆက် လိုက်လေသည်။

“အာဏာရှင် အင်ပါယာကို နှုတ်ဆက်ပါတယ်...”

လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည့်တိုင် ဝေ့ဝူယင်၏ အရှေ့တွင်တော့ ထိုလူအိုကြီး၏ အမူအရာက အလွန် ရိုးကျိုး နေခဲ့ပေသည်။

“အာဏာရှင် အင်ပါယာကို နှုတ်ဆက်ပါတယ်...”

ခွန်ရီမင်လည်း အလျှင်အမြန်ပင် စိတ်ကို စုစည်းလိုက်ကာ တိမ်ပြာ အတိုင်း တူညီသည့် အမူအရာဖြင့် ဝေ့ဝူယင်ကို နှုတ်ဆက်လိုက်၏။ ခုတ်ပိုင်းခြင်းဓားက ဝူယုကို လေးပင်သည့် မျက်လုံးများဖြင့် တစ်ချက် လှမ်းကြည့်လိုက်ကာ ကျန် နှစ်ယောက် အတိုင်း လိုက်လံ လုပ်ဆောင်လိုက်သည်။

သင်္ဘောသားများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြကာ ဝေ့ဝူယင်တို့ အုပ်စုကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်မိကြ၏။ တိမ်ပြာ၊ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ ကိုယ်တိုင် တလေးတစားဖြင့် နှုတ်ဆက် ရလောက်အောင် ထိုပုဂ္ဂိုလ်များက မည်သူများနည်း။

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက တိုက်ရိုက်ပင် မေးလိုက်သည်။

“ခင်ဗျားတို့ ဘာလို့ အသက်ရှင်နေသေးတာလဲ...”

“...”

ဝေ့ဝူယင်၏ မေးခွန်းကြောင့် သင်္ဘောသားများမှာ ထိတ်လန့် တုန်ရီ သွားကြ၏။ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့မှာလည်း အတူတူပင် ဖြစ်သည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။ သူက သူတို့ကို သတ်တော့မည်လော။

သို့‌သော်လည်း တိမ်ပြာက မေးခွန်း၏ ဆိုလိုရင်းကို သဘောပေါက်လေရာ လျှင်လျှင်မြန်မြန်ပင် ပြန်လည် ဖြေလိုက်လေသည်။

“ဒီလိုပါ အာဏာရှင် အင်ပါယာ... လျှို့ဝှက် အဆင့်၊ ရွှေအဆင့် အင်အားစုတွေနဲ့ ကျုပ်တို့တွေ ပူးပေါင်းပြီး ဒီထူးဆန်းတဲ့ အာကာသ ဖြစ်စဥ်ကို စူးစမ်းဖို့ အလာမှာ အစစ်အမှန် ဧကရီ ဦးဆောင်တဲ့ ပြည်ထောင်စု ရင်းမြစ် သန့်စင်နန်းတော်က တန်းပြီး ချိပ်ပိတ်လိုက်တာပါပဲ... ကျုပ်တို့ ဘာလို့ ဆက်ပြီး အသက်ရှင်နေသေးတာလဲ ဆိုရင်တော့ သူတို့က ကျုပ်တို့ကို သတ်လိုက်ရင် မလိုလား အပ်တဲ့ အာရုံတွေကို ဆွဲဆောင်မိမှာ စိုးတာကြောင့်လို့ ထင်တယ်...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ခေါင်းညိတ်လိုက်သည်။ ထိုအခါတွင်မှ သင်္ဘောသားများနှင့် အခြား နှစ်ယောက်မှာ ဝေ့ဝူယင် မည်သည့် အရာကို ဆိုလိုကြောင်း နားလည်သွားကြသည်။ ဆိုလိုရင်းကို ချက်ချင်း မဖမ်းမိလိုက်သည့် အတွက် သူတို့ အနည်းငယ် ရှက်ရွံသွားသလို ခံစားလိုက်ရသည်။

“အဲဒါက ဘယ်လိုမျိုး ဖြစ်စဥ်လဲ...”

ဝေ့ဝူယင်က အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများ ဆက်၍ မေးလိုက်၏။ တိမ်ပြာက ဝေ့ဝူယင် မေးသမျှကို ဦးဆောင် ဖြေဆိုကာ ခွန်ရီမင်က မကြာခဏ ဆိုသလို ဝင်ရောက် ထောက်ပေး၏။ ခုတ်ပိုင်းခြင်းဓား ပါဝင်သည့် အကြိမ် အရေအတွက်ကတော့ အတော်လေး နည်းပါးပေသည်။ သူက ဝူယုကိုသာ မကြာခဏ ဆိုသလို လှမ်းလှမ်း ကြည့်နေခဲ့၏။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ ထိုဖြစ်စဥ်နှင့် ပတ်သက်သည့် မြေပြင် အခြေအနေကို အကြမ်းဖျဥ်း ဖမ်းဆုပ် နိုင်သွားခဲ့ပြီ ဖြစ်သည်။ ခွန်ရီမင်မှာ ထိုဖြစ်စဥ်ကို ပထမဆုံး တွေ့ခဲ့သူ ဖြစ်သည်။ သူက ခွန်ရီမင်ကို အကြောင်းကြားခဲ့ကာ ထိုမှ တစ်ဆင့် တိမ်ပြာပါ ပူးပေါင်းလာခဲ့သည်။ သို့သော်လည်း သူတို့ သုံးယောက် ပူးပေါင်းကာ ခရီးနှင်လာခဲ့ချိန်တွင်တော့ သန့်စင်နန်းတော်မှာ လက်ဦး နေခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကိုတော့ အားလုံး သိပြီး ဖြစ်ပေလိမ့်မည်။

တစ်ခဏမျှ စဥ်းစားပြီးနောက် ဝေ့ဝူယင်က ပြောလိုက်၏။

“အဲဒါက ဘာလဲ ဆိုတာ ရှာကြည့်ပါလား...”

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သို့သော်လည်း... ဝူယု တုန့်ပြန်လာသည်ကို မြင်လိုက်ရသော အခါတွင်တော့ ထိုအမိန့်က သူတို့ အတွက် မဟုတ်မှန်း သိလိုက်ကြလေသည်။

“ကောင်းပါပြီ... သခင်လေး...”

ဝူယုက အပေါ်သို့ မော့ကြည့်ကာ အလွှာပါးကို စစ်ဆေး လိုက်၏။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ခရက်...

ချက်ချင်း ဆိုသလိုပင် အလွှာပါးမှာ စက္ကူ တစ်စနှယ် စုတ်ပြဲ ပျက်စီး သွားခဲ့တော့၏။

***

All Chapters