← Chapters

ကြယ်တာရာအသိုက်... မျက်နှာဖုံးရှင်

Vol. 61 Ch. 852

ကြယ်တာရာအသိုက်... မျက်နှာဖုံးရှင်

Vol. 61 Ch. 852

ဟူး..

အေးခဲနေသည့် လေထုမှာ ဝေ့ဝူယင်၏ ပါးစပ်မှ ထွက်ပေါ်လာ၏။ အလွန်အမင်း အပူချိန် မြင့်မားသည့် ပတ်ဝန်းကျင်၌ ဖြစ်သည့်တိုင် ရေခဲ အခိုးအငွေ့များမှာ သူ့ထွက်သက်တိုင်း၌ ကွန့်မြူး နေလေ၏။ အဖြူရောင် ရေခဲမြူများက သူ့လက်ချောင်းထိပ်၊ ဆံပင်၊ မျက်ခုံးမွေးနှင့် နားရွက်တို့၌ စတင် တွဲလွဲ ခိုလာခဲ့သည်။ တစ်ချိန်တည်း၌... မျက်လုံးများကို မှိတ်ထားသည့်တိုင် မျက်လွှာ ထောင့်စွန်းများမှာ ရေခဲမြူမှုန်များကို မြွေနှာမှုတ် သကဲ့သို့ ထုတ်လွှတ် ပေးနေခဲ့လေသည်။

ဝေ့ဝူယင်၏ လှုပ်ရှားမှုများက ကြယ်တာရာမိုးများ၏ အာရုံကို ဖမ်းစားသွားဟန် ရ၏။ သူတို့က ဦးတည်ချက်ကို သူတစ်ယောက်တည်းထံသို့ ရွှေ့ပြောင်း လိုက်လေသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ပျောက်တိပျောက်ကြား အလင်းများဖြင့် စတင် ထွန်းလင်းလာခဲ့၏။ ထိုအလင်းများက သူတို့၏ အစုအဝေးကြီး တစ်ခုလုံးကို ကူးစက် ပျံ့နှံ့သွားသည်။ ထိုအရာက ကြယ်တာရာမိုးများ အကြားမှ ဆက်သွယ်မှု ပုံစံ တစ်မျိုး ဖြစ်နိုင်ပေသည်။ စက္ကန့်ဝက်မျှ အတွင်းမှာပင် ကြယ်တာရာမိုးများမှာ အမိန့်တစ်ချို့ ရရှိလိုက်သည့် အလား အန္တရာယ်ကို ရင်ဆိုင်ရန် စတင် စုဝေး လာကြ၏။

ဟူး... ဟူး...

သန်းဆယ်နှင့်ချီသည့် သက်ရှိများမှာ အတူတကွ စုဝေးလာကြကာ ကြီးမားသည့် အုပ်စုကြီး အသွင် ဖြစ်တည်လာ၏။ မိုင်ပေါင်းများစွာ တိုင်အောင် တောက်ပသည့် အလင်းများမှ တစ်ပါး အရာအားလုံး ဖုံးလွှမ်း ခံလိုက်ရသည်။ ၎င်းတို့၏ အရွယ်အစားနှင့် နှိုင်းယှဥ်ပါက ဝေ့ဝူယင်မှာ အလွန် သေးငယ်ကာ အရေးမပါသလောက် ဖြစ်သည်။

လူသား တစ်ယောက်နှင့် ထူးဆန်းသည့် သက်ရှိ သန်းပေါင်းများစွာမှာ မျက်နှာချင်းဆိုင် တွေ့ကြပြီ ဖြစ်လေသည်။ သို့သော်လည်း လူသားက ရှေ့ကို တစ်လှမ်းတိုးလိုက်သည်နှင့် သက်ရှိများမှာ နောက်သို့ ဆုတ်သွားကြ၏။

‘သူတို့က ငါ့ခွန်အားကို အာရုံခံနိုင်တာလား...’

သူ့ လက်ရှိ အခြေအနေနှင့် ဝိညာဥ်အာရုံ အပေါ် တုန့်ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ထိုကြယ်တာရာမိုးများမှာ ဉာဏ်ရည် မနိမ့်ပါးကြကြောင်း ရှင်းလင်းလှပေသည်။ သူတို့က ဝေ့ဝူယင်ထံမှ အမျိုးမျိုးသော စွမ်းအားများ၏ ခြိမ်းခြောက်နိုင်စွမ်းကို နားလည်နိုင်ကြပုံ ပေါ်သည်။ သို့သော်လည်း... ရှင်းလင်းစွာပင် အလိုရှိသည့် အရာကို မရပဲ သူတို့ နောက်ဆုတ်လိုပုံ မရချေ။

တစ်ခဏ အတွင်းမျာပင် ဝေ့ဝူယင်မှာ ခန္ဓာကိုယ် ဒွါရပေါက်တိုင်းမှ ရေခဲ အမှုန်အမွှားများ ထွက်ပေါ်နေသည့် ရုပ်တုတစ်ခု အသွင် ပြောင်းလဲ သွား၏။ အထွတ်အထိပ် အဆင့် ရေခဲ ရည်ရွယ်ချက် တစ်ခုဖြစ်သည့် အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်ကိ သုံးရင်း ဝေ့ဝူယင်မှာ မူလ ဒြပ်စင်အင်အား အားလုံးကို အသန့်စင်ဆုံး ရေခဲ မူလ အင်အားများ ဖြစ်အောင် အသွင်ပြောင်းလဲ နေသည်။

“အေးခဲစမ်း...”

ဝေ့ဝူယင်က အေးခဲခြင်း နတ်ဘုရား တစ်ပါးကို အေးစက် ပျော့ပျောင်းနေသည့် လေသံဖြင့် ရေရွတ်လိုက်၏။ သူ့ အဆုပ်ထဲမှ လေများမှာ ရေခဲ မူလ အင်အားများနှင့် အတူ အလုံးလိုက် အရင်းလိုက် ထွက်ပေါ်လာ၏။ ၎င်းတို့က ရေခဲမြူနှင်း မုန်တိုင်း တစ်ခု အသွင်ကို ယူထားသည်။ မီလီ စက္ကန့်များ အတွင်းမှာပင် မုန်တိုင်းမှာ အရပ် မျက်နှာ ပေါင်းစုံကို မိုင်ပေါင်းဆယ်နှင့်ချီ ရောက်ရှိသွား၏။ အကယ်၍ အဝေးမှ ကြည့်မည် ဆိုပါက... ထိုမုန်တိုင်းမှာ ရေခဲပြာ နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် သဏ္ဌာန်တူနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

၎င်းမှာ မေးရိုးများကို ကျယ်ပြန့်စွာ ဖွင့်ဟထားကာ ကြယ်တာရာမိုးများကို ရက်စက် ကြမ်းကြုတ်စွာ ဝါးမြိုရန် စိုင်းပြင်းနေ၏။

ရှီး...

ဝေ့ဝူယင် တစ်ခါမှ မကြားဖူးသည့် ထူးဆန်းသော အသံ တစ်ခုမှာ ကြယ်တာရာမိုးများထံမှ ထွက်ပေါ်လာ၏။ ၎င်းတို့၏ တိုက်ပွဲဝင်ရန် ပြင်ဆင်မှုက တဒင်္ဂ အတွင်းမှာပင် ပျက်စီးသွားသည်။ သူတို့က လျှင်မြန်စွာပင် ကျဲပြန့် သွား၏။

သို့သော်လည်း... ကံမကောင်းတာ တစ်ခုက သူတို့မှာ အလွန် နှေးကွေးကြခြင်းပင် ဖြစ်လေသည်။ တဒင်္ဂ အတွင်းမှာပင် ၎င်းတို့ အာလုံးမှာ ရေခဲမူလ အင်အား၏ လွှမ်းမိုးမှုကို ခံလိုက်ရ၏။ အကြွင်းမဲ့ သုည ရေခဲ ရည်ရွယ်ချက်၏ ပြိုင်စံရှား ‌အေးခဲခြင်း စွမ်းရည် အောက်တွင် ၎င်းတို့နှင့် အတူ ထုတ်လွှတ်နေသည့် ကြယ်တာရာ အလင်းများပါ အေးခဲ သွားလေ၏။

“ဟူး...”

ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ပြန်ရှူသွင်းလိုက်ကာ ရေခဲ အမှုန်အမွှားများကို တစ်ခုမကျန် ပြန်လည် စုပ်ယူလိုက်သည်။ ၎င်းတို့ အားလုံးက သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားကြကာ နေရာတစ်ခုလုံး ဗလာကျင်း သွား၏။ တစ်ခဏ အတွင်းမှာပင် ပတ်ဝန်းကျင်က မူလအတိုင်း ပြန်လည် ပူပြင်းလာ၏။ သို့သော်လည်း မြင်ကွင်းကတော့ ယခင်ကနှင့် ခြားနား သွားခဲ့ပြီ ဖြစ်လေသည်။

သန်းပေါင်း ဆယ်နှင့်ချီသည့် အပြာရောင် ရေခဲ ကျောက်မျက်ကလေးများမှာ ကြမ်းပြင်ပေါ် ပြန့်ကျဲ ပြုတ်ကျ လာကြ၏။ ၎င်းတို့က တစ်ခုနှင့် တစ်ခုနှင့် တစ်ခု ပွတ်တိုက်သွားကာ စိတ်ကျေနပ်ဖွယ် ကောင်းသည့် အသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်၏ အလွန်အမင်း ပူပြင်းသော အပူချိန်က ထိုရေခဲ ကျောက်မျက် ကလေးများကို အရည်ပျော်အောင် မလုပ်နိုင်ပါချေ။

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ကမ္ဘာလောကထံ ဆန့်ထုတ်ရင်း ဖြည်းညင်းစွာပင် ကြယ်တာရာမိုးများထံ လျှောက်သွားလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေရာ ရေခဲကျောက်မျက် တစ်ခုမှာ ပျံသန်း၍ သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ထို‌ကျောက်မျက် ကလေးမှာ အလွန်ပင် ကြည်လင်နေကာ အတွင်းပိုင်းရှိ ကြယ်အလင်းနှင့် ကြယ်တာရာမိုး၏ ထူးဆန်းသော အသွင်ကို ထုတ်ချင်းပေါက် မြင်နေရသည်။

ဝေ့ဝူယင်မှာ ကြယ်တာရာမိုး၏ အစစ်အမှန် ပုံစံကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ ၎င်းက ငါးရှဥ့် တစ်ကောင်နှင့် တူကာ အရေပြားမှာ ကလီစာများကို ထွင်းဖောက် မြင်နေရသည် အထိ ကြည်လင်နေ၏။ ထို့အပြင် ၎င်းတွင် အတောင်ပံ ခြောက်ခု ရှိသည်။ ထိုအတောင်ပံများထဲမှ နှစ်ခုမှာ ခေါင်းတစ်ဖက် တစ်ချက်၌ ရှိနေကာ နှစ်ခုကတော့ ခန္ဓာကိုယ် အလယ်ပိုင်းတွင် ဖြစ်၏။ နောက်ထပ် အတောင်ပံ နှစ်ခုကတော့ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ချိတ်ဆက် မနေပဲ ကြယ်တာရာ အလင်းနှင့်သာ ဆက်သွယ်ထား၏။ ထိုအတောင်ပံ နှစ်ခုမှာ အခြား လေးခုလို ကြည်လင် မနေပဲ လုံးဝ အနက်ရောင် ဖြစ်သည်။

ဝေ့ဝူယင် စိတ်ဝင်တစားပင် ကြယ်တာရာမိုးကလေးကို ဆက်လက် လေ့လာနေလိုက်၏။ မကြာခင်မှာပင် ထိုသက်ရှိကလေးထံ၌ ဝိညာဥ်အော်ရာ ကင်းမဲ့နေကြောင်း သတိထားမိသွားသည်။ သူတို့က မကျင့်ကြံနိုင်ကြပါချေ။ သို့သော်လည်း... အံ့အားသင့်ဖို့ တောင်းတာ တစ်ခုက သူတို့ထံတွင် အသိစိတ် ပင်လယ် မရှိသည့်တိုင် စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

“ကိုယ်ပွားတွေလား...”

ထိုအရာက ဝေ့ဝူယင် စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အတွေး ဖြစ်ပေသည်။ အချိန်နှင့် အမျှ သူ့ စိတ်ဝင်စားမှုများမှာ ပိုမို မြင့်တက်လာခဲ့၏။

ခရက်... ခရက်...

ရုတ်တရက်...သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ရေခဲ အက်ကွဲသံများကို ကြားလိုက်ရ၏။ ချက်ချင်းပင် ဝေ့ဝူယင်၏ ဝိညာဥ်အာရုံက တစ်မိုင်ခန့် အကွာအဝေးထံ ရောက်ရှိသွားသည်။ထို့နောက် ၎င်းက ပြင်းထန်စွာ ပေါက်ကွဲသွားကာ မျက်နှာဖုံး တပ်ဆင်ထားသည့် ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။

သူက ပတ်ဝန်းကျင်ကို တစ်ခဏမျှ လှည့်ပတ် ကြည့်ရှုပြီးနောက် ဝေ့ဝူယင်ဘက်ကို လှည့်လိုက်၏။ ဝေ့ဝူယင်မှာ မျက်လုံးများ မှိတ်ထားသည့်တိုင် တဒင်္ဂမျှ ကြာအောင် သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားကြောင်း သိသာလှပေသည်။

“မင်းက အပြင်ကနေ ဝင်လာတာလား...”

မျက်နှာဖုံးတပ်က ဝေ့ဝူယင်ထံ ဝိညာဥ်အသံ ပို့လွှတ်လိုက်ရင်း သူ့ လက်ထဲရှိ နေကြယ် အသေးစားလေးကို စစ်ဆေး လိုက်သည်။ ထိုအရာ မထိခိုက်ကြောင်းသေချာသွားသော အခါတွင်မှ သူက နောက်တစ်ကြိမ် ဝေ့ဝူယင်ဘက်ကို ပြန်လှည့်လိုက်၏။

ဝေ့ဝူယင်က ခေါင်းညိတ် အဖြေပေးလိုက်သည်။ မျက်နှာဖုံးတပ်မှာ တစ်ခဏမျှ တိတ်ဆိတ် သွား၏။ ထို့နောက် သူက ထူးဆန်းသော အသံဖြင့် နောက်တစ်ကြိမ် မေးလိုက်သည်။

“ပြည်ထောင်စုရင်းမြစ် ကြယ်တာရာ နယ်မြေနားက ဝင်ပေါက်က ဝင်လာခဲ့တာလား...”

မျက်နှာဖုံးတပ်၏’လေသံထဲ၌ မျှော်လင့်ချက် အရိပ်အယောင်များ ပါဝင်နေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်၏။ စိတ်ထဲမှ အနည်းငယ် အံ့သြသွားမိသည့်တိုင် သူ ခေါင်းညိတ်ပြလိုက်သည်။

မျက်နှာဖုံးတပ်မှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူက ပါးစပ်မှ နေ၍ ပြန်လည် ရှူထုတ် လိုက်သည်။ ထို့နောက် သူက ခံစားချက် မျိုးစုံ ပါဝင်နေသည့် လေသံဖြင့် စကားလုံး တစ်လုံးကို ရေရွတ် လိုက်လေ၏။

“ချီးပဲကွာ...”

“...”

ဝေ့ဝူယင်မှာ ‌ကြောင်အ နေ၏။

“အဲဒီကောင်မ အားလုံးကို ဖျက်ဆီးလိုက်ပြီ”

ရုတ်တရက်...

ဂွီး... ဂွီး...

ထူးဆန်းသော အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ၎င်းက အလုံပိတ်ခန်းထဲ၌ ပေါက်ကွဲလာသည့် မိုးကြိုး ထစ်ချုန်းသံ တစ်ခုလိုပင်။ ၎င်းက နားများကို သွေးယိုစီးအောင် ပြုလုပ်နိုင်စွမ်း ရှိ၏။

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဆန့်ထုတ်လိုက်၏။ မိုင်သောင်းပေါင်းများစွာ အကွာအဝေးသို့ အရောက်၌ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားကာ ကြီးမားသည့် လှုပ်ရှားမှု တစ်ခုကို ရှာတွေ့လိုက်သည်။

“ဘယ်လောက်တောင် ကံဆိုးလိုက်သလဲကွာ...”

မျက်နှာဖုံးတပ်က ဘယ်ညာကို ကြည့်ရင်းပြောလိုက်၏။

“နည်းတဲ့ ကောင်တွေလား...”

စက္ကန့်ဝက်မျှ အတွင်းမှာပင် ဝေ့ဝူယင်သည်လည်း အာရုံခံမိလိုက်ပြီ ဖြစ်သည်။ ၎င်းတို့က သန်းဆယ်ချီ... မဟုတ်သေး... ဘီလီယံ... ထရီလျံ ဆယ်ချီသည် အထိ ရှိပေလိမ့်မည် ဖြစ်သည်။

၎င်းတို့မှာ အရပ်မျက်နှာတိုင်း အရပ်မျက်နှာတိုင်းမှ နေ၍ ကြောက်မက်ဖွယ် အမြန်နှုန်းများနှင့် ပျံသန်း လာနေခဲ့၏။ ဝိညာဥ်အာရုံကို ပိုမို၍ ဖြန့်ကျက်လိုက်တိုင်း ကြယ်တာရာမိုးများမှာ ပိုမို၍ပင် တိုးလာခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters