← Chapters

အခန်း (၇၄၃)

Vol. 54 Ch. 743

အခန်း (၇၄၃)

Vol. 54 Ch. 743

ထိုနေရာသည် နတ်အာရုံများ၏စူးစမ်းမှုကို တားဆီးပြီး သီးသန့်ကမ္ဘာတစ်ခု ဖြစ်သွားသည်။ အပြင်လူများက ထိုနေရာတွင်ရှိသော လှုပ်ရှားမှုများကို အာရုံမခံနိုင်ကြတော့ပေ။

နတ်ဘုရားဘုရင်ရှင်းတိ မသေသ၍ ထိုနေရာကို မည်သူမှ ချိုးဖောက်နိုင်မည်မဟုတ်ပေ။

နတ်ဘုရားဘုရင်ရှင်းတိကို တစ်ချက်တည်း သတ်ဖြတ်ပစ်ရန် လိုအပ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ ခန္ဓာကိုယ်နှစ်ခုနှင့် နတ်ဘုရားဘုရင်ရှင်းတိကသာ ထိုနေရာတွင် ရှိနေသည်။

“ဝီ”

ဘုံကိုးဆင့်တိမ်တိုက်ရတနာသည် ကျောက်စိမ်းဖြူနဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ရစ်ပတ်လိုက်သည်။

“ဘယ်သူက မင်းကို လာကယ်နိုင်မလဲ ကြည့်ရအောင်”

“လာကယ်မှာတဲ့လား”

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားသည် ရွှေရောင်အလင်းကို ထုတ်လွှတ်ပေးနေသည်။ ဓားသန်းသုံးဆယ်သည် စုစည်းလာခဲ့သည်။

“မင်းတစ်ယောက်တည်းဆိုရင် ငါ့ကို မတားနိုင်ဘူး”

နတ်ဘုရားသားရဲကိုယ်ပွားက ခပ်နိမ့်နိမ့် ဟိန်းဟောက်သည်။ သန်မာသောခန္ဓာကိုယ်သည် လှုပ်ရှားလိုက်ပြီး မူလခန္ဓနှင့် ပခုံးချင်းယှဉ်၍ ရပ်နေသည်။

နတ်ဘုရားသားရဲကိုယ်ပွားသည် နဂါးများကို ဝင်တိုက်ပြီး တစ်ကောင်ပြီးတစ်ကောင် ဖျက်ဆီးပစ်လိုက်သည်။

တိမ်တိုက်နဂါးကိုးကောင်းသည် ပျက်စီးသွားခဲ့သည်။ သို့သော် ပြန့်ကျဲသွားသော တိမ်တိုက်များသည် ကြိုးများအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားသားရဲကို ချုပ်နှောင်လိုက်ကြသည်။

နတ်ဘုရားသားရဲပါ့ရှားသည် လောကတစ်ခုကို ထမ်းပိုးနိုင်သော်လည်း ယခုအချိန်တွင် မလှုပ်ရှားနိုင်တော့ပေ။

နတ်ဘုရားဘုရင်ရှင်းတိက စိတ်ကျေနပ်စွာ ရယ်သည်။ သူ့လက်ထဲတွင်ရှိသော ရွှေရောင်ချီစွမ်းအင်အလင်းသည် ဟန်မူယဲ့၏ ဓားအလင်းနှင့် ထိတွေ့သွားသည်။

“ဘုန်း”

ချီစွမ်းအင်အလင်းသည် ဖျတ်ခနဲတောက်ပသွားပြီး ဓားအလင်းသည် ပြိုကွဲသွားသည်။

“ငါက မင်းကို လူအများရှေ့မှာ ဘာဖြစ်လို့မသတ်တာလဲ သိလား”

နတ်ဘုရားဘုရင်ရှင်းတိက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့မဖြေခင် သူက လက်ညှိုးညွှန်လိုက်ပြီး ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါက မင်းကို လိုချင်လို့လေ”

“မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ မျက်နှာသာအပေးခံရတဲ့လူပဲ။ တကယ်လို့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး မင်းရဲ့မူလဝိညာဉ်ကို ဝါးမြိုလိုက်မယ်ဆိုရင် ဒီလောကရဲ့ မဟာကံကောင်းခြင်းကို ရရှိလိမ့်မယ်”

“ငါက ဒီအခွင့်အရေးအတွက် ဘယ်လောက်ကြာအောင် စောင့်ခဲ့ရလဲ မင်းသိလား”

နတ်ဘုရားဘုရင်ရှင်းတိက အစိမ်းရောင်အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းသည် အစိမ်းရောင်ချပ်ဝတ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ထူးခြားဆန်းကြယ်သော အင်မော်တယ်အင်းကွက်များသည် အင်မော်တယ်ချပ်ဝတ်၏အပေါ်တွင် ပေါ်လာကြသည်။

ပုံရိပ်ယောင်ဆန်သော ရှေးခေတ်ပုဂ္ဂိုလ်တစ်ဦးသည် သူ့နောက်တွင် ပေါ်လာသည်။

“မင်းက သစ်သားနတ်ဘုရားနဲ့ ရင်းနှီးတယ်ဆိုတော့ ငါ့နာမည်ကို ကြားဖူးမှာပါ”

“ငါသိတယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားဘုရင်ရှင်းတိ၏နောက်တွင် ပေါ်လာသောပုံရိပ်ကို ကြည့်သည်။

“မှူးမတ်ဝေယွမ်ဖြစ်တဲ့ စုမင်။ ရှေးခေတ်နတ်ဘုရားခုံရုံးကို စောင့်ကြပ်ရတဲ့ စစ်သူကြီး”

“နတ်ဘုရားခုံရုံး ပျက်စီးခြင်းနဲ့ အင်မော်တယ်တက်လှမ်းစင်မြင့် ချိပ်ပိတ်ခြင်းတို့က ခင်ဗျားရဲ့ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ”

“ခင်ဗျားက အင်မော်တယ်တက်လှမ်းစင်မြင့်မှာ သေသွားပြီလို့ လူတိုင်းက ထင်နေကြတယ်္။ ဒါပေမဲ့ ခင်ဗျားက ပြန်လည်မွေးဖွားလာခဲ့တယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ခင်ဗျားက မလှုပ်ရှားခင်မှာ တည်နေရာချိပ်ပိတ်လိုက်ရတဲ့ အကြောင်းအရင်းကို နားလည်တယ်”

“တကယ်လို့ ဦးရီတော်ချောင်ရီက ခင်ဗျားကိုမြင်ရင် အသေသတ်ပစ်လိမ့်မယ်”

ရှေးခေတ်နတ်ဘုရားခုံရုံး ပျက်စီးသွားသောအချိန်တွင် စစ်သူကြီးစုမင်က အထင်ကြီးလောက်သော အကျိုးဆောင်မှုကို ပြုလုပ်ပေးခဲ့သည်။

သူက နတ်ဘုရားဧကရာဇ်၏ ယုံကြည်ရသောမှူးမတ်တစ်ယောက် ဖြစ်သော်လည်း နတ်ဘုရားဧကရာဇ်ကို သစ္စာ‌ဖောက်ပြီး မဟာပုဂ္ဂိုလ်ကြီးများနှင့် ပူးပေါင်းခဲ့သည်။

ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း သူအသက်ရှင်နေသည်ဟု ဦးရီးတော်ချောင်ရီက သိသွားခဲ့လျှင် သူ့ကို အလွတ်‌ပေးမည်မဟုတ်ပေ။

“ဟားဟား၊ အဲဒါက အရေးမကြီးပါဘူး။ ခဏနေရင် စုမင်က ပျောက်ကွယ်သွားတော့မယ်”

“အခုအချိန်ကစပြီး ဒီလောကမှာ ဟန်မူယဲ့ပဲ ကျန်နေလိမ့်မယ်”

စုမင်က ကျယ်လောင်စွာရယ်လိုက်ပြီး ဟန်မူယဲ့ကို ရွှေရောင်ဓားရှည်ဖြင့် ခုတ်ချသည်။

ဓားအလင်းသည် ထူးခြားပြီး ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ဖိနှိပ်၍ မူလဝိညာဉ်အတွင်းသို့ ထိုးဖောက်သွားသည်။

ထိုဓားချက်သည် မျက်နှာမဲ့စစ်သည်များ၏ ဓားချက်ကဲ့သို့ ချီစွမ်းအင်နှင့် အင်မော်တယ်စွမ်းအင်ကို လျစ်လျူရှုထားပြီး ဝိညာဉ်ကို ထိခိုက်စေသည်။

ထိုအရာသည် နတ်ဘုရားခုံရုံး၏ ထူးခြားသောနည်းစနစ်တစ်ခု ဖြစ်ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ထိုဓားချက်၏အောက်တွင် အသက်ဆုံးခဲ့ရသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြုံးသည်။

သူ့နောက်တွင် ပုန်းကွယ်နေသော ကိုးထပ်ဓားစံအိမ်သည် ဖြည်းဖြည်းချင်း ပေါ်လာသည်။

သူ၏ မူလဝိညာဉ်ဓားသည် စုစည်းလာပြီး လှုပ်ရှားလိုက်သည်။

“ကိုးထပ်ဓားစံအိမ်”

စုမင်က မျက်လုံးပြူးသွားပြီး ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။

ဤလောကတွင် အထက်ဘုံသုံးပါး၏ ဓားစံအိမ်ကသာ ကိုးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်သည်။ ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်တစ်ခုကို အဘယ်ကြောင့် ပိုင်ဆိုင်ထားသနည်း။

“ဝီ”

ကိုးထပ်ဓားစံအိမ်သည် ဟန်မူယဲ့၏ မူလဝိညာဉ်ဓားနှင့် ပေါင်းစပ်သွားပြီး စုမင်၏ဓားရှည်နှင့် ရင်ဆိုင်လိုက်သည်။

ရွှေရောင်ဓားရှည်သည် ချက်ချင်းပျက်စီးသွားခဲ့သည်။

မူလဝိညာဉ်ဓားနှင့် ကိုးထပ်ဓားစံအိမ်သည် ပေါင်းစပ်သွားပြီး စုမင်၏ အင်မော်တယ်လက်နက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

မူလဝိညာဉ်ဓားနှင့် ဓားစံအိမ်သည် ဦးတည်ချက်ပြောင်းမသွားဘဲ ဆက်လက်ကျဆင်းလာသည်။

စုမင်က ကိုးထပ်ဓားစံအိမ်ကို စိုက်ကြည့်နေပြီး ထိတ်လန့်နေသောအသံဖြင့်‌ ရေရွတ်သည်။

“ငါသိပြီ။ မင်းက ဘယ်သူလဲဆိုတာကို ငါသိပြီ။ ငါ့ကို မသတ်ပါနဲ့။ ငါက ....”

ဓားစံအိမ်သည် စုမင်၏ ပုံရိပ်ယောင်ခန္ဓာကို ဖြတ်သန်းသွားပြီး သူ၏ နတ်ဘုရားဝိညာဉ်ကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

ကိုးထပ်ဓားစံအိမ်နှင့် မူလဝိညာဉ်ဓား၏ ပေါင်းစပ်မှုကို အထက်ဘုံသုံးပါး၏ အသန်မာဆုံးလူများကသာ ခုခံနိုင်ကြလိမ့်မည်။

ပြန်လည်မွေးဖွားလာသော စုမင်သည် ယခင်ဘဝ၏စွမ်းအားကို စွန့်ပစ်ခဲ့သောကြောင့် မူလဝိညာဉ်ဓားနှင့် ရင်မဆိုင်နိုင်ခဲ့ပေ။

“ဝီ”

စုမင် သေဆုံးသွားသောအချိန်တွင် ပိတ်ဆို့ထား‌သောနေရာလွတ်သည် ပြိုကျသွားခဲ့သည်။ စွမ်းအားများသည် ဟန်မူယဲ့ဆီသို့ ဆင်းသက်လာကြသည်။

လျှပ်စီးကြောင်းများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လှုပ်ရှားနေကြသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ နတ်ဘုရားသားရဲ၏ ဧရာမခန္ဓာကိုယ်သည် သူ့ရှေ့သို့ ရောက်လာသည်။

မူလဝိညာဉ်ဓားသည် လှုပ်ရှားလိုက်ပြီး နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မူလဝိညာဉ်သည် တုန်ခါသွားပြီး ခန္ဓာကိုယ်နှစ်ခုသည် ချက်ချင်းပေါင်းစပ်လိုက်ကြသည်။

လောကတွင်ရှိသော အသန်မာဆုံးခန္ဓာကိုယ်ဖြစ်သည့် နတ်ဘုရားသားရဲ၏ ရုပ်ခန္ဓာသည် မူလဝိညာဉ်ဓားအပြင် အချိန်နှင့်တည်နေရာကို နားလည်ထားသော ဓားတာအိုစွမ်းအားနှင့်‌ ပေါင်းစပ်သွားခဲ့သည်။

အာကာသထဲတွင် အဆုံးမရှိသော လျှပ်စီးကြောင်းများသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

“ဘုန်း”

လျှပ်စီးပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်။

ကျွမ်းကျင်သူများအားလုံးက တိုက်ခိုက်မှုကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြသည်။

လျှပ်စီးပင်လယ်၏စွမ်းအားသည် မိုင်ထောင်ချီပတ်ဝန်းကျင်ကို သက်ရောက်သွားစေခဲ့သည်။

တာအိုပြိုင်ပွဲနယ်မြေ၏ အတွင်းနှင့်အပြင်တွင်ရှိသော ကျွမ်းကျင်သူများသည် လျှပ်စီးပင်လယ်ကို စိုက်ကြည့်နေကြသည်။

ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ထိုနေရာတွင် တည်ရှိနေသည်။

ထို့ကြောင့်‌ မေးခွန်းတစ်ခု ရှိနေသေးသည်။

‘လျှပ်စီးပင်လယ်ထဲမှာ ရှိနေတဲ့လူက ဟန်မူယဲ့လား။ ဒါမှမဟုတ် အထက်ဘုံသုံးပါးရဲ့ ယွီလင်တာအိုဂိုဏ်းက နတ်ဘုရားဘုရင် ရှင်းတိလား’

‘ဟန်မူယဲ့က တည်နေရာအချုပ်အနှောင်ထဲမှာ အသတ်ခံလိုက်ရပြီလား’

‘နတ်ဘုရားဘုရင်တစ်ပါးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူက ရှင်သန်ပြီး ‌ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်နိုင်မှာလား’

ယခုအချိန်တွင် လူတိုင်းက လျှပ်စီးပင်လယ်အတွင်းမှ ပြန်လည်ထွက်ပေါ်လာမည့်ပုံရိပ်ကို စောင့်ဆိုင်းနေကြသည်။

အကယ်၍ နတ်ဘုရားဘုရင်ရှင်းတိ ပြန်ထွက်လာခဲ့လျှင် ကောင်းကင်အံ့ဖွယ်အင်အားစုသည် ပြိုကွဲသွားလိမ့်မည်။

ဟန်မူယဲ့က ကြားခံအဖြစ် ဆောင်ရွက်၍ ရှေးတိမ်တိုက်စကြဝဠာ၏ မဟာကျင့်ကြံသူများနှင့် စစ်တပ်များကို စုစည်းခဲ့သည်။

ဟန်မူယဲ့ ကျဆုံးသွားခဲ့လျှင် မဟာမိတ်အင်အားစုသည် ပြန်လည်စုစည်းနိုင်မည် မဟုတ်ပေ။

အကယ်၍ ဟန်မူယဲ့က နတ်ဘုရားဘုရင်ရှင်းတိကို ဖိနှိပ်ပြီး ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်လိမ့်မည်။

သူက အလွန်သန်မာပြီး အဆုံးအဖြတ်စစ်ပွဲတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အင်အားစုအမျိုးမျိုးကို အမိန့်ပေးနေခဲ့လျှင် သူ့ကို မည်သူမှ လွန်ဆန်နိုင်မည်မဟုတ်ပေ။

“မဟာပုဂ္ဂိုလ်ကြီးတွေက ဟန်မူယဲ့ကို တိုးတက်လာအောင် ခွင့်ပြုပေးမယ်လို့ ထင်လား”

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးတစ်ယောက်က တီးတိုးပြောလိုက်သည်။

‘နတ်ဘုရားဘုရင်ရှင်းတိနဲ့ ကပ်ဘေးဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ ဟန်မူယဲ့တို့က မဟာပုဂ္ဂိုလ်ကြီးတွေအတွက် အရေးကြီးလို့လား’

လူတိုင်းက လျှပ်စီးပင်လယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

“ဘုန်း”

မိုးကြိုးသည် ဖြတ်ပြေးသွားသည်။ ပတ်ဝန်းကျင်သည် ဝရုန်းသုန်းကား ဖြစ်နေသည်။

လေပြင်းများသည် ဗလာဖြစ်နေသော အာကာသထဲတွင် တိုက်ခတ်လာကြသည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသောလူများ၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျွမ်းကျင်သူများအားလုံးသည် အံ့အားသင့်နေကြသည်။

“လေတိုက်လာတယ် ....”

အာကာသထဲတွင် ရပ်နေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူတစ်ယောက်က ဗလာဖြစ်နေသော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။

‘လေတိုက်နေတာလား’

‘အာကာသထဲမှာ လေတိုက်တာ၊ မိုးရွာတာတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ’

‘ကောင်းကင်နဲ့မြေကြီးကြားမှာ တစ်ခုခုပြောင်းလဲသွားလို့ပဲ ဖြစ်ရမယ်’

“ဝူ ....”

ကောင်းကင်နှင့်မြေကြီး၏ တီးတိုးစကားသံကဲ့သို့ သာယာသောအသံရှည်သည် အာကာသထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအသံကြောင့် သက်ရှိများအားလုံးသည် တုန်ခါသွားကြသည်။

ထိုအရာသည် နှလုံးသားထဲတွင်ရှိသော ထိတ်လန့်မှုဖြစ်သည်။ ခုခံနိုင်ရန် မစွမ်းသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရသည့်အတွက် ဖြစ်ပေါ်လာသော ကြောက်ရွံ့စိတ် ဖြစ်သည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ ငိုကြွေးသံ ဖြစ်သည်။

မဟာပုဂ္ဂိုလ်ကြီးများသည် တာအိုပြိုင်ပွဲ၏ရလဒ်ကို မစောင့်တော့ဘဲ စတေးခြင်းကို တိုက်ရိုက် ပြုလုပ်ခဲ့သည်။

တာအိုပြိုင်ပွဲနယ်မြေတွင်ရှိသော သက်ရှိများအားလုံးသည် စတေးခံရလိမ့်မည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်ခဲ့သော တာအိုဘိုးဘေးများက သက်ရှိများအားလုံး စတေးခံရမည့်အကြောင်းကို ယခုအချိန်တွင် နားလည်သွားကြသည်။

တာအိုပြိုင်ပွဲ၏ အခွင့်အရေးသည် အလိမ်အညာပင် ဖြစ်သည်။

ထိုအချိန်တွင် လူတိုင်းက စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ကောင်းကင်နှင့်မြေကြီးသည် လွတ်လမ်းမရှိဘဲ တင်းကျပ်စွာ ချိပ်ပိတ်ခံလိုက်ရသည်။

လှံရှည်ကို ကိုင်ထားသော ဦးရီးတော်ချောင်ရီက လေးနက်သောမျက်နှာထားဖြင့် လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဘုရားအလင်းများကို ထုတ်လွှတ်နေခဲ့သည်။

“သူတို့က ဒီနယ်မြေကို စတေးပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်နေတာ အမှန်ပဲ”

“အရင်တုန်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ဖို့အတွက် မရေမတွက်နိုင်တဲ့ အသက်တွေကို စတေးခဲ့ရတယ်။ အခုအချိန်မှာလည်း အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ဖို့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို စတေးတော့မယ်”

သွေးနှင့်ချီများသည် သူ့ခန္ဓာကိုယ်တွင် စုစည်းလာကြသည်။ သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်၏ ဝင်္ကပါများသည် စတင်စုစည်းလာကြသည်။ ဝင်္ကပါများ၏အပေါ်တွင် ရှေးခေတ်သားရဲများ၏ပုံရိပ်ကို မြင်နိုင်သည်။

သူတို့၏ သွေးနှင့်ချီစွမ်းအားသည် အာကာသထဲတွင်ရှိသော လေပြင်းကို ခုခံလိုက်ကြသည်။ သွေးနှင့်ချီမှ ထွက်ပေါ်လာသော ပဲ့တင်သံများသည် အာကာသ၏ ညည်းညူသံကို လွှမ်းမိုးသွားခဲ့သည်။

မရေမတွက်နိုင်သော စစ်တပ်ဝင်္ကပါများသည် ကောင်းကင်နှင့်မြေကြီး၏အလွန်မှ ရောက်လာသော စွမ်းအားကို ခုခံရန် ဆုံးဖြတ်ထားကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ပြင်ဆင်ထားခဲ့သည်။ သို့သော် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ဖရိုဖရဲ ဖြစ်နေကြသည်။

အထက်ဘုံသုံးပါးက ဤနယ်မြေကို စတေးချင်သည်ဟု ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပြောခဲ့သည်။ ထိုအချက်က အမှန်ဖြစ်နေသောအခါတွင် သူတို့က တုန်ခါသွားကြသည်။

သူတို့က အထက်ဘုံသုံးပါး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အာဏာပိုင်စိုးထားသော မဟာကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အဘယ်ကြောင့် စတေးခံရမည်နည်း။

သူတို့က အထက်ဘုံသုံးပါးနှင့် သက်ဆိုင်သည်။ သူတို့ကို အဘယ်ကြောင့် ကြိုတင်အသိမပေးခဲ့သနည်း။

“ဘုန်း”

ကောင်းကင်နှင့်မြေကြီးကြားတွင် ရွှေရောင်အစီအရင်တစ်ခု ပေါ်ထွက်လာသည်။

ထိုအစီအရင်၏ ရွှေရောင်အလင်းသည် အလွန်တောက်ပသောကြောင့် မျက်လုံးဖွင့်ကြည့်ရန် ခက်ခဲနေသည်။

ထိုအရာသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ထားသော အစီအရင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် အင်မော်တယ်တက်လှမ်းစင်မြင့်သည် ဤကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာအတွက် အဆက်အသွယ်တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

နောက်ပိုင်းတွင် ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးများက လှုပ်ရှားခဲ့ပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်လိုက်ကြသည်။

မရေမတွက်နိုင်သော အသက်များကို စုစည်း၍ ဖန်တီးထားခဲ့သည့် ထိုမဟာအစီအရင်ကို ဤနယ်မြေ၏ စတေးခြင်းစွမ်းအားဖြင့် ပြန်လည်ဖွင့်လှစ်တော့မည်။

အထက်ဘုံသုံးပါး၏ မဟာပုဂ္ဂိုလ်များသည် တာအိုပြိုင်ပွဲနယ်မြေကို စတေးရန် လုပ်ဆောင်ခဲ့ကြသည်။

“ဝီ”

အာကာသထဲတွင် ထူးခြားသောစွမ်းအားတစ်ခုသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို နုတ်ယူနေသည်။

ကောင်းကင်နှင့်မြေကြီး၏ကြားတွင် အမျိုးမျိုးသောစွမ်းအားများသည် စုစည်းလာပြီး လေဟာနယ်၏ အထွတ်အထိပ်သို့ ထိုးတက်သွားကြသည်။

“ဘုန်း”

မဟာအစီအရင်နှင့် ပထမဆုံး ထိတွေ့လိုက်သောစွမ်းအားသည် တာအိုပြိုင်ပွဲနယ်မြေတွင်ရှိသော သေဆုံးခြင်းစွမ်းအားများပင် ဖြစ်သည်။

အသိစိတ်ကင်းမဲ့နေပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းထားသော သေဆုံးခြင်းစွမ်းအားများသည် မဟာအစီအရင်နှင့် တိုက်ရိုက် ထိတွေ့လိုက်ကြသည်။

All Chapters