← Chapters

အခန်း (၇၄၆)

Vol. 54 Ch. 746

အခန်း (၇၄၆)

Vol. 54 Ch. 746

သွေးနီရောင်ဝတ်စုံနှင့် လူတစ်ယောက်က တင်းမာစွာ‌ အော်ဟစ်လိုက်သည်။ လှံတစ်စင်းသည် အစီအရင်အလင်းလွှာထဲမှ ပြေးထွက်လာသည်။

ဓားကိုင်ထားသော ဝမ်မော့ရှန်က ပေါ့ပါးစွာ ရယ်သည်။

“နောက်တစ်ကြိမ် အင်မော်တယ်တက်လှမ်းစင်မြင့် ပြန်ဖွင့်ရင် မင်းတို့ သွေးစစ်ပွဲဂိုဏ်းရဲ့အလှည့် မဟုတ်တော့ဘူး”

“မင်းတို့က လူတွေအများကြီး ရထားတာတောင် မကျေနပ်သေးဘူးလား”

သူ့လက်ထဲတွင်ရှိသော ဓားရှည်သည် ကြယ်အလင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်။

ကြယ်အလင်းသည် ပြန့်ကျဲသွားပြီး ချိပ်ပိတ်အစီအရင်ကို ပြန်လည်ပြုပြင်နေသည်။

ဟန်မူယဲ့က ဝမ်မော့ရှန်၏အသံကို ကြားလိုက်ရသည်။

“ကောင်လေး၊ ဒီချိပ်စည်းက နောက်ထပ် နှစ်ပေါင်းသုံးထောင် ခံနိုင်ရည်ရှိလိမ့်မယ်။ အဲဒီအချိန်မှာ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ထားတာက သွေးစစ်ပွဲဂိုဏ်း မဟုတ်တော့ဘူး”

“နောက်ပိုင်းကိစ္စတွေကတော့ မင်းနဲ့ပဲ သက်ဆိုင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ဒါက တန်ရဲ့လား”

“ဟားဟား၊ ကျင့်ကြံခြင်းလောကမှာ ကိုယ်ပိုင်နှလုံးသားကို နားလည်ဖို့က အရေးအကြီးဆုံးပဲ။ တန်တာ၊ မတန်တာက ဘာမလို့လဲ”

ဝမ်မော့ရှန်၏အသံက မှိန်ဖျော့လာသည်။

“ခမ်းနားတဲ့ ဒီလောကမှာ ငါက ဧည့်သည်တစ်ယောက် ဖြစ်နေရင်တောင် ဘယ်တော့မှ ထွက်မသွားဘဲ နေထိုင်ချင်တယ် ....”

အလင်းစီးကြောင်းများသည် အစီအရင်ပေါ်တွင် သွယ်ယှက်နေကြသည်။

မဟာအစီအရင်သည် ပြန်ပေါ်လာပြီး သွေးနီရောင်လူများကို နှင်ထုတ်လိုက်သည်။

ပြန်လည်မွေးဖွားလာသော နတ်ဘုရားဧကရာဇ်သည် ထိုပုံစံဖြင့် ထွက်သွားခဲ့သည်။

သူ၏ အပြုအမူကို မည်သူမှ နားမလည်ကြပေ။

သို့သော် ဟန်မူယဲ့က နားလည်သည်။ အကယ်၍ အင်မော်တယ်တက်လှမ်းစင်မြင့်ကို မပိတ်ခဲ့လျှင် သွေးစစ်ပွဲဂိုဏ်း၏ လူများသည် ဤကမ္ဘာသို့ ဝင်ရောက်လာပြီး သက်ရှိများ၏ တစ်ဝက်နီးပါးကို သတ်ဖြတ်ကြလိမ့်မည်။

ထိုအရာသည် ဤလောကအပေါ်တွင် ထားရှိသော လေးနက်သည့် ချစ်မြတ်နိုးခြင်း ဖြစ်သည်။

ဝမ်မော့ရှန်က နတ်ဘုရားဧကရာဇ်အဖြစ် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် သက်ရှိများအတွက် ကိုယ့်ကိုယ်ကိုယ် စတေးရန် ဆန္ဒရှိနေသည်။

ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးသည် ပြိုကျလာသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ မဟာပုဂ္ဂိုလ်ကြီးများက ထွက်သွားကြသောကြောင့် ဘုံကိုးပါးသည် ထောက်ပံ့ပေးမည့်လူ ပျောက်ဆုံးသွားသည်။

ပြိုကျမှုသည် ဘုံသုံးပါးသို့ ရောက်သောအခါတွင် ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့သည်။

ရှေးတိမ်တိုက်စကြဝဠာနှင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေကို တားဆီးထားသော ဆည်သည် ပျောက်ကွယ်သွားပြီး လောကနှစ်ခုသည် ပေါင်းစည်းခဲ့သည်။

ထို့ကြောင့် ဤလောသည် ဆယ်ဆခန့် ပိုမိုကျယ်ပြန့်လာသည်။

အစပိုင်းတွင် ဆည်၏ အတွင်းနှင့်အပြင်တွင်ရှိသော လောကနှစ်ခုသည် ရန်သူများ ဖြစ်ကြသည်။

သို့သော် ယခုအချိန်တွင် တိုက်ခိုက်ရန် မလိုတော့ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ မဟာပုဂ္ဂိုလ်များ ထွက်သွားခြင်း၊ ဘုံကိုးပါး ပြိုကျသွားခြင်း၊ ရှေးတိမ်တိုက်စကြဝဠာမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခြင်း စသည်တို့ကြောင့် အားလုံးသည် ခေါင်းဆောင်မရှိဘဲ ကျန်ခဲ့ကြသည်။ သူတို့အားလုံးက အဓိပ္ပာယ်မရှိသော စစ်ပွဲကို စတင်ရန် စိတ်မဝင်စားကြပေ။

ထို့အပြင် မဟာကျင့်ကြံသူများ ထွက်သွားကြသောကြောင့် မရေမတွက်နိုင်သော အခွင့်အရေးများသည် ဤလောကတွင် ကျန်ရစ်ခဲ့သည်။ ယခုအချိန်တွင် ထိုအခွင့်အရေးများကို သိမ်းယူရမည်။ မည်သူက ရန်စရန် စိတ်ဝင်စားမည်နည်။

ဟန်မူယဲ့က အသိဉာဏ်ပြည့်ဝသော မျက်လုံးတစ်စုံဖြင့် ဖရိုဖရဲဖြစ်နေသော လောကကို ကြည့်လိုက်သည်။

သူက ဖြည်းဖြည်းချင်း လက်မြှောက်သည်။

ဟွမ်ကျစ်ဟူဦးဆောင်ထားသော သန်းချီနေသည့် ဓားကျင့်ကြံသူဝင်္ကပါသည် သူ့နောက်တွင် အသင့်ရှိနေသည်။

ဓားအလင်းသည် ထွက်ပေါ်လာပြီး အာကာသကို အလင်းပေးလိုက်သည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တည်ငြိမ်စေဖို့အတွက် အမိန့်မနာခံတဲ့လူတွေကို သတ်ပစ်လိုက်ပါ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်၍ ဓားကျင့်ကြံသူဝင်္ကပါကို ဦးဆောင်လျက် အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ ဦးတည်လိုက်သည်။

“အာ၊ မင်းက ငါ့သမီးကို ဘာဖြစ်လို့ သံချပ်ကာမဝတ်ခိုင်းတာလဲ ငါနားလည်သွားပြီ”

ဟွမ်ခြောက်က စိုးရိမ်နေသောမျက်နှာထားဖြင့် စစ်တပ်အား ဦးဆောင်သွားသော ဟွမ်ကျစ်ဟူကို လှမ်းကြည့်သည်။

“ငါက အဖေအရင်းဆိုတော့ သမီးနဲ့ လိုက်သွားရမှာပေါ့”

သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ဓားကျင့်ကြံသူစစ်တပ်၏နောက်သို့ လိုက်သွားသည်။

အားကောင်းသောကျွမ်းကျင်သူများသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် ရှိနေနိုင်သည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် အထက်ဘုံသုံးပါး၏ ကျွမ်းကျင်သူများသည် စခန်းချထားကြသည်။

ဟန်မူယဲ့က တက်ကြွစွာလိုက်သွားသော ဟွမ်ခြောက်ကို ကြည့်လိုက်ပြီး ခေါင်းခါ၍ အသာအယာ ပြုံးသည်။

အလကားရထားသော သက်တော်စောင့်ကို အသုံးမပြုလျှင် နှမြောစရာ ကောင်းနေလိမ့်မည်။

တာအိုပြိုင်ပွဲသည် လောကတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ရှေးခေတ်နတ်ဘုရားများနှင့် နတ်ဘုရားခုံရုံးခေတ်၏ လက်ကျန်အင်အားစုများ အားလုံးသည် ဤလောကမှ ထွက်သွားခဲ့ကြသည်။ အလွန်နည်းပါးသော နတ်ဘုရားဘုရင်နှင့် တာအိုဘိုးဘေးများသာ ကျန်ရစ်ခဲ့ကြသည်။

ကောင်းကင်အံ့ဖွယ် တာအိုဘိုးဘေး၊ နတ်ဘုရားဘုရင် ချီယန်နှင့် တခြားလူများကလည်း ထွက်သွားကြသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်ဖြုန်းခဲ့သော ကျင့်ကြံသူများအတွက် ဤလောကမှ ထွက်သွားရန် အခွင့်အရေးတစ်ခု ရှိလာခဲ့လျှင် ဤလောကတွင် ဆက်နေရန် ဆန္ဒရှိမည် မဟုတ်ပေ။

အစိမ်းရောင်ဝတ်စုံနှင့် ရှုဝေ၊ ဓားတစ်လက်လွယ်ထားသော ကောင်းရှောင်ရွှမ်တို့သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာခဲ့ကြသည်။

“အမတ်ချုပ်ကြီးဟန်၊ တခြားကိစ္စတွေ မရှိတော့ရင် ကျွန်တော်က ယုံတင်းမြစ်ကို ပြန်ပါတော့မယ်။ နောက်ကျရင် တိုင်းပြည်အရေးကိစ္စတွေမှာ ဝင်မပါတော့ပါဘူး”

ရှုဝေက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“လှေပေါ်မှာရှိတဲ့ မိန်းကလေးတွေက ကျွန်တော့်ကို စောင့်နေကြတုန်းပဲ”

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး ညင်သာစွာ ပြောသည်။

“ဆရာရှု၊ ထွက်သွားလို့မရသေးဘူး”

ရှုဝေက တည်ငြိမ်စွာ ပြောသည်။

“အမတ်ချုပ်ကြီးက နတ်ဘုရားဧကရာဇ် မလုပ်ဘူးလေ။ အဲဒီတော့ ကျွန်တော်က ဘာဖြစ်လို့ ဆက်နေရမှာလဲ”

နတ်ဘုရားဧကရာဇ် ....

ရှုဝေ၏ ရည်ရွယ်ချက်က ထိုမေးခွန်း ဖြစ်သည်။

သူက အနားယူမည်ဟု ပြောခဲ့သော်လည်း ဟန်မူယဲ့၏ အနာဂတ်အစီအစဉ်ကို မေးနေခြင်း ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းခါသည်။

“ငါက နတ်ဘုရားဧကရာဇ် ဖြစ်လာမှာမဟုတ်ပေမဲ့ ဒီလောကကို အုပ်ချုပ်ဖို့ လူတစ်ယောက် လိုနေသေးတယ်”

မဟာပုဂ္ဂိုလ်ကြီးများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ထွက်သွားကြပြီး ဘုံကိုးပါးသည် ပြိုကျသွားခဲ့သော်လည်း ထိုနေရာသည် ဤလောက၏ ဗဟိုချက် ဖြစ်သည်။ ဂိုဏ်းအသီးသီး၏ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ရှိနေကြပြီး အရင်းအမြစ်များလည်း အလွန်ကြွယ်ဝသည်။

ဟန်မူယဲ့က အင်မော်တယ်ရင်းမြစ်ကမ္ဘာကို မသိမ်းပိုက်လျှင်ပင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ရင်ဆိုင်လာလိမ့်မည်။

ထိုအရာသည် လောက၏ ရွေးချယ်မှု ဖြစ်သည်။

သူက နတ်ဘုရာဧကရာဇ် ဖြစ်လာရန် မရွေးချယ်သော်လည်း လှုပ်ရှားရလိမ့်မည်။

ဝမ်မော့ရှန်က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်မပိတ်ခင် ဤလောကကို သူ့ဆီအပ်သွားမည်ဟု ပြောခဲ့သည်။

ရှုဝေက ပြုံးလိုက်ပြီး ပြောသည်။

“ယွင်သွမ့်က အရပ်လေးမျက်နှာကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး”

ဟန်မူယဲ့က နတ်ဘုရားဧကရာဇ် ဖြစ်မလာသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဧကရာဇ်ဖြစ်သော ယွင်သွမ့်သည် ဤလောကကို ဆက်လက်အုပ်ချုပ်ရမည်။

သို့သော် ယွင်သွမ့်သာမက ကောင်းကင်အံ့ဖွယ်ကမ္ဘာ တစ်ခုလုံးသည် ဤလောကအား ဖိနှိပ်နိုင်မည့် စွမ်းအားမျိုးကို မပိုင်ဆိုင်ထားပေ။

ဤလောကသည် အလွန်ကျယ်ပြန့်ပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ ရှေးတိမ်တိုက်စကြဝဠာနှင့် ဆည်အတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများလည်း ရှိနေသည်။

အာကာသထဲတွင် အလွန်များပြားသော ကမ္ဘာများလည်း ရှိနေကြသည်။ ထိုအရာများအားလုံးကို မည်သို့ စီမံရမည်နည်း။

ဟန်မူယဲ့က လက်မြှောက်ပြီး စုတ်တံတစ်ချောင်းကို ထုတ်ယူသည်။

တောင်နှင့်မြစ် စုတ်တံ ....

ရတနာတစ်ခု ဖြစ်သည်။

“ဆရာရှုက ဒီရတနာကို ယူလိုက်ပါ။ ဒီပစ္စည်းနဲ့ဆိုရင် အရာအားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်”

ရှုဝေက စုတ်တံကို ယူလိုက်ပြီး ခေါင်းညိတ်သည်။

ထိုရတနာနှင့်ဆိုလျှင် သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်အောင် ကူညီပေးပြီး နေရာတိုင်းကို ဖိနှိပ်နိုင်သည်။ တစ်နေ့တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အုပ်ချုပ်သူ ဖြစ်လာနိုင်သည်။

“အဲဒါဆိုရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်စေဖို့ စစ်တပ်ကို စုစည်းပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာကို သိမ်းပိုက်လိုက်ပါမယ်”

ရှုဝေက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဖျတ်ခနဲ ထွက်သွားသည်။

ရှုဝေ ထွက်သွားသောအခါတွင် ကောင်းရှောင်ရွှမ်က ဦးညွတ်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ကျွန်တော်နဲ့ ဝူဟန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်ခွာပြီး လောကမှာ လျှောက်သွားချင်ပါတယ်”

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“မင်းထွက်သွားလို့ ရပါတယ်။ ရှောင်းရွှမ်၊ မှတ်ထားပါ။ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရတယ်”

သူက ကောင်းရှောင်ရွှမ်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ကောင်းကောင်းကျင့်ကြံပါ။ အင်မော်တယ်တက်လှမ်းစင်မြင့် ပြန်ဖွင့်ရင် အင်မော်တယ်ကမ္ဘာကို သွားကြည့်ကြတာပေါ့”

ကောင်းရှောင်ရွှမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက ဦးညွတ်လိုက်ပြီး ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဟန်မူယဲ့က ပျောက်ကွယ်သွားသော ရွှေရောင်အလင်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။ သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာကို လှမ်းကြည့်သည်။

သူ့ပုံရိပ်က ပေတစ်ရာရှည်လျားသော ဓားအလင်းအဖြစ် ပြောင်းသွားပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ဦးတည်လိုက်သည်။

ယခင်က မူဝမ်သည် အာခီမီသူတော်စင်နှင့်အတူ အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ရောက်သွားခဲ့သည်။ ယခုအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက ဖရိုဖရဲ ဖြစ်နေသည်။ အာခီမီကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းသည် အကန့်အသတ်ရှိပြီး တခြားဂိုဏ်းများ၏ ခွဲဝေယူဆောင်ခြင်းကို ခံရနိုင်သည်။

ဓားအလင်းသည် ကြယ်ပျံတစ်ခုနှင့်တူညီသော တောက်ပသည့်အလင်းကို ထုတ်လွှတ်၍ လေဟာနယ်ကို ထိုးခွဲသွားခဲ့သည်။

အထက်ဘုံသုံးပါး၏ မဟာအာခီမီဂိုဏ်းဟု သိကြသော တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား ဖြစ်သည်။

ထိုဂိုဏ်းသည် နတ်ဘုရားခုံရုံးခေတ်ကတည်းက အာခီမီကြောင့် နာမည်ကြီးခဲ့သော မဟာဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ ထိုဂိုဏ်းတွင် အာခီမီလမ်းစဉ်နှင့် သူတော်စင်ဖြစ်လာသော မဟာကျင့်ကြံသူကြီးများအပြင် တာအိုဘိုးဘေးများလည်း ရှိနေကြသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ထိပ်တန်းအဆင့် ဆေးလုံးဖြစ်သော အင်မော်တယ်ဆေးလုံးကို များသောအားဖြင့် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားမှ ထုတ်လုပ်သည်။

တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသည် မဟာဂိုဏ်းကြီးများ ကျူးကျော်ခွင့်မရှိသော အထက်ဘုံသုံးပါး၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မတူညီတော့ပေ။

ကောင်းကင်နှင့်မြေကြီးသည် ပြိုကျသွားခဲ့သည်။ ဘုံကိုးပါးသည် ဘုံသုံးပါးအဖြစ် ပြောင်းလဲသွားပြီး အထက်ဘုံသုံးပါးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။

ဘုံကိုးပါးတွင် ရှိနေသော မဟာပုဂ္ဂိုလ်ကြီးများအပြင် နတ်ဘုရားဘုရင်နှင့် တာအိုဘိုးဘေး အများစုကလည်း ထွက်သွားကြသည်။

အင်မော်တယ်တက်လှမ်းစင်မြင့်သည် အချိန်ကြာမြင့်စွာ ပိတ်ထားခံရသည်။ ယခုအချိန်တွင် ထွက်မသွားလျှင် နောက်တစ်ကြိမ် ထွက်သွားရန် မသေချာတော့ပေ။

အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို မည်သူက ငြင်းပယ်မည်နည်း။

ဤလောကတွင် ထိပ်တန်းအဆင့်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။

အရေးပေါ်အခြေအနေကြောင့် ဂိုဏ်းအများစုသည် စီမံမှုများကို မပြုလုပ်ခဲ့ရပေ။ ထို့ကြောင့် ဘုံကိုးပါး ပြိုကျလာသောအခါတွင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။

တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ အကာအကွယ်ဖြစ်သော တားမြစ်ချက်သည် အဓိပ္ပာယ်မရှိတော့ပေ။

ရှေ့ဆက်လာရန် တားမြစ်ထားသော ကျောက်စိမ်းတိုင်သည် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဆေးတောင်ကြားအတွင်းသို့ ဝင်သွားပြီး ‌ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများကို အလုအယက် ရှာဖွေနေကြသည်။

အဖမ်းခံလိုက်ရသော အာခီမီပညာရှင်များသည် ဆေးလုံးများအားလုံးကို ထုတ်ပေးရသည်။ အကယ်၍ အနည်းငယ် ခုခံမိလျှင် အသတ်ခံရသည်။

တစ်ချိန်က လေးစားခံရသော အာခီမီပညာရှင်များ၏ အသက်သည် ဈေးပေါသွားခဲ့သည်။

All Chapters