← Chapters

အခန်း (၇၄၉)

Vol. 54 Ch. 749

အခန်း (၇၄၉)

Vol. 54 Ch. 749

အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အာခီမီပညာရှင်တစ်ယောက်သည် ဟန်မူယဲ့ဆီသို့ လျှောက်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာပြောသည်။

“တာအိုရောင်းရင်းဟန်၊ ကျေးဇူးပြုပြီး”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မူဝမ်နှင့်အတူ အာခီမီပညာရှင်၏နောက်မှ လိုက်သွားခဲ့သည်။

ယခုအချိန်တွင် ဆေးတောင်ကြားက ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ထားရပြီး အစီအစဉ်များကို ပြုလုပ်ရန် လိုအပ်နေသည်။ သူက အပြင်လူတစ်ယောက်ဖြစ်ပြီး အများအပြားသိရန် မလိုအပ်ပေ။

ဟန်မူယဲ့နှင့်မူဝမ်က ကျန်းယွမ်၏နောက်မှ လိုက်သွားသောအခါ ခန်းဆောင်ထဲတွင်ရှိသော အကြီးအကဲများ၏ မျက်နှာထားက ချက်ချင်း လေးနက်သွားသည်။

“ဂိုဏ်းသခင် ကျောက်ယန်တာအိုဂိုဏ်းက ပြန်လာလိမ့်မယ်။ ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ”

“ဂိုဏ်းသခင်၊ အဲဒီလူက ကျောက်ယန်တာအိုဂိုဏ်းရဲ့ သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူကို တစ်ချက်တည်း သတ်ပစ်ခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကောင်းတယ်။ သူက ဆေးတောင်ကြားမှာ အကြာကြီး နေပါ့မလား”

လီချင်းရှစ်၏ဘေးတွင် ရှိနေသော အကြီးအကဲများက လျင်မြန်စွာ ပြောလိုက်ကြသည်။

သူတို့က ဟန်မူယဲ့ဆိုသော နာမည်နှင့် မရင်းနှီးကြပေ။

အထက်ဘုံသုံးပါး၏ ဆေးတောင်ကြားတွင် နေထိုင်သော အဆင့်မြင့် အာခီမီပညာရှင်များအတွက် တာအိုပြိုင်ပွဲနယ်မြေ၏ ကောင်းကင်စာရင်းတွင် အဆင့်ကိုးရထားသော ပါရမီရှင်တစ်ယောက်သည် အရေးမပါပေ။

တာအိုပြိုင်ပွဲနယ်မြေတွင် ပေါ်ထွက်လာခဲ့သော နတ်ဘုရားခုံရုံးရတနာတိုက်သည် အထက်ဘုံသုံးပါး၏ အစစ်အမှန်အာရုံစိုက်မှုကို မရခဲ့ပေ။

မိုင်ထောင်ချီကျယ်ဝန်းသော နယ်မြေတစ်ခုသည် အထက်ဘုံသုံးပါး၏ အစစ်အမှန်စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

သို့သော် တာအိုပြိုင်ပွဲကြောင့် အထက်ဘုံသုံးပါးသည် ပြိုလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“စောင့်ကြည့်ကြရအောင် ....”

လီချင်းရှစ်က ခေါင်းခါလိုက်သည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဘုံကိုးပါးက ဖရိုဖရဲဖြစ်နေတယ်။ ငါတို့ ဆေးတောင်ကြားကို ဘယ်သူက ဂရုစိုက်နေမှာလဲ”

“ဖြည်းဖြည်းချင်း သွားကြတာပေါ့”

မည်သို့ပင်ဖြစ်စေ ဆေးတောင်ကြားသည် အာခီမီလမ်းစဉ်၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်သည်။

အဓိကဂိုဏ်းများက ကူညီပေးခဲ့လျှင် သူတို့က ဆက်လက်ရှင်သန်နိုင်ကြလိမ့်မည်။

နေရာတွင် ရပ်နေသော လီချင်းရှစ်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ရေရွတ်သည်။

“ဟန်မူယဲ့၊ ဒီနာမည်နဲ့ ရင်းနှီးနေသလိုပဲ ....”

....

“အစ်ကိုဟန်၊ တာအိုပြိုင်ပွဲက ဘယ်လိုဖြစ်သွားပြီလဲ”

“ကျွန်မတို့က ကောင်ကင်အံ့ဖွယ်ကမ္ဘာကို အခု ပြန်လို့ရပြီလား”

“အာခီမီကံကြမ္မာစံအိမ်ကရော ဘယ်လိုဖြစ်သွားပြီလဲ”

“ယွင်ကျင်းနဲ့ တခြားလူတွေကရော ....”

မူဝမ်က အဆုံးမရှိသော မေးခွန်းများကို မေးနေသည်။ ယခုအချိန်တွင် သူမက ဟန်မူယဲ့၏လက်ကို ကိုင်ထားပြီး လျင်မြန်စွာ ပြောနေသည်။

ဆေးတောင်ကြား၏ ကျန်းယွမ်က စုံတွဲနှစ်ယောက်၏ ပြန်လည်ဆုံတွေ့မှုကို သတိထားမိသည်။ ထို့ကြောင့် သူက သူတို့ကို လူရှင်းသော ခြံဝိုင်းတစ်ခုဆီသို့ ခေါ်ဆောင်ပြီး ရိုးရှင်းသော လမ်းညွှန်ချက်တချို့ပေး၍ ထွက်သွားခဲ့သည်။

ဟန်မူယဲ့က မူဝမ်၏ပခုံးကို ပုတ်လိုက်ပြီး တိတ်ဆိတ်သောအခန်းကို ရှာလိုက်သည်။ သူက တီးတိုးပြောသည်။

“ညီမမူရဲ့ဝိညာဉ်ကို မထိခိုက်အောင် အေးအေးဆေးဆေး ကျင့်ကြံရမယ်”

မူဝမ်က သဘောတူလိုက်သည်။ သူမက လျင်မြန်စွာခေါင်းညိတ်ပြီး တင်ပျဉ်ခွေထိုင်၍ ချီ၊ သွေးနှင့် ဝိညာဉ်ကို ကျင့်ကြံလိုက်သည်။

ဟန်မူယဲ့သည် ဘေးတွင် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ဤအခြေအနေသည် အာခီမီကံကြမ္မာစံအိမ်ကို သတိရသွားစေသည်။

မူဝမ်၏ကျင့်ကြံခြင်း အဆုံးသတ်သောအခါတွင် သူတို့နှစ်ယောက်က ကိုယ်ပိုင်အတွေ့အကြုံများကို ပြောပြခဲ့ကြသည်။

ယုဟုန်ကျီ၏ ခေါင်းဆောင်မှုအောက်တွင် မူဝမ်နှင့် မူကလန်၏ အကြီးအကဲများက အထက်ဘုံသုံးပါး၏ ကျောက်စိမ်းရေကန်အာခီမီဂိုဏ်းတွင် ကျင့်ကြံခဲ့ကြသည်။

နောက်ပိုင်းတွင် မူဝမ်၏ ထူးခြားသော ပါရမီကြောင့် အာခီမီတော်ဝင်နယ်မြေဖြစ်သော တိမ်တိုက်ကောင်းကင် ဆေးတောင်ကြား၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အကြီးအကဲတစ်ယောက်က သူမကို တပည့်အဖြစ် လက်ခံခဲ့သည်။

သို့သော် အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာသောအချိန်တွင် ထိုအကြီးအကဲက အင်မော်တယ်ကမ္ဘာသို့ ထွက်သွားခဲ့သည်။

ထိုအကြီးအကဲက မူဝမ်အတွက် အကာအကွယ်ရတနာအချို့ကို ချန်ထားခဲ့သော်လည်း ဝိုင်းရံတိုက်ခိုက်လာသော ရန်သူများကို မတားဆီးနိုင်ခဲ့ပေ။

ဟန်မူယဲ့က တာအိုပြိုင်ပွဲ၏အကြောင်းကို ပြောပြခဲ့သည်။

တာအိုပြိုင်ပွဲ၏အစတွင် နှစ်ဖက်အင်အားစု၏ ပြင်ဆင်မှုများ၊ အဆုံးမဲ့ပင်လယ်၊ ဆည်နှင့် ရှေးတိမ်တိုက်စကြဝဠာသို့ သွားခဲ့သော ခရီးစဉ်များ၊ အဆုံးအဖြတ်တိုက်ပွဲ၏ အကျိုးဆက်များ ....

ဟန်မူယဲ့ပြောပြလိုက်သော တိုက်ပွဲများကြောင့် မူဝမ်၏မျက်နှာထားက တင်းမာနေပြီး လက်သီးဆုပ်ထားသည်။

“အမတ်ချုပ်ကြီးဟန်က နတ်ဘုရားဧကရာဇ်လား ....”

“အစ်ကိုခြောက်က ပြန်ရောက်လာပြီပေါ့”

“ကျစ်ဟူက စစ်တပ်ကိုအမိန့်ပေးရတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာပြီလား”

ဟန်မူယဲ့၏ အံ့အားသင့်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းသော စကားသံများကြားတွင် မူဝမ်၏ မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။

“အစ်ကိုဟန်ရဲ့ဘေးမှာ မရှိနိုင်တာ နှမြောစရာပဲ”

“အခက်အခဲတွေအားလုံးကို အစ်ကိုဟန်က တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတယ်”

မူဝမ်က ဟန်မူယဲ့၏လက်မောင်းကို ပွေ့ဖက်ထားပြီး ညင်သာစွာ ပြောလိုက်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

“ညီမမူက အထက်ဘုံသုံးပါးမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်တယ်။ အစ်ကိုဟန်ကလည်း တာအိုပြိုင်ပွဲမှာ ငြိမ်းချမ်းမှုတချို့ ရှာတွေ့ခဲ့ပါတယ်”

သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။ “အစ်ကိုဟန်က အခု ဒီနေရာမှာ ရောက်နေပြီ။ နောက်ကျရင် ထွက်မသွားတော့ဘူး”

ထိုစကားကို ကြားလိုက်ရသောအခါတွင် မူဝမ်၏ မျက်လုံးများက တောက်ပသွားကြသည်။

သူမက ဟန်မူယဲ့၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

နောက်ရက်များတွင် ဆေးတောင်ကြားသည် အလုပ်ရှုပ်နေခဲ့သည်။ ဆေးပင်ဥယျာဉ်များကို ပြန်လည်တည်ဆောက်ပြီး မဟာမိတ်များနှင့် ဆက်သွယ်ခဲ့သည်။

ဂိုဏ်းအများအပြားသည် အကူအညီပေးရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။

မိုင်တစ်သိန်းကျယ်ဝန်းခဲ့သော တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသည် တစ်ဝက်ခန့် ကျုံ့သွားခဲ့သည်။ ဤကပ်‌ဘေးသည် ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများအပြင် အာခီမီပညာရှင်များကိုလည်း ပျောက်ဆုံးသွားစေခဲ့သည်။

သူတို့က အဖမ်းခံရသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ ပြန်လာရန် မဖြစ်နိုင်တော့ပေ။

ဂိုဏ်းသခင်လီချင်းရှစ်က အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူက ဟန်မူယဲ့နှင့်မူဝမ်ကို ဆယ်ရက်ကျော်အကြာတွင် သတိရလိုက်သည်။

ထိုရက်များအတွင်း၌ ယွီလင်တာအိုဂိုဏ်းနှင့် ဓားစံအိမ်အပါအဝင် ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ ရောက်လာခဲ့ကြသည်။

ယခင်က ဘုံကိုးပါးသည် ယခုအချိန်တွင် အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ဘုံသုံးပါးသာ ကျန်ရစ်တော့သည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသည် ယခင်က အထက်ဘုံသုံးပါးနှင့် အတူတူပင် ဖြစ်သည်။

ယခုအချိန်၌ အထက်ဘုံ၏ ယွီလင်တာအိုဂိုဏ်းတွင် အင်မော်တယ်ကမ္ဘာသို့ သွားရောက်ရန် ဆန္ဒမရှိသော အသက်အရွယ်ကြီးရင့်နေသည့် နတ်ဘုရားဘုရင်နှစ်ပါးသာ ကျန်ရှိတော့သည်။

ဓားစံအိမ်တွင် ခုနစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသော အကြီးအကဲတစ်ယောက်နှင့် တာအိုဘိုးဘေးတစ်ယောက် ကျန်ရစ်ခဲ့သည်။

အထက်ဘုံတွင် တာအိုဘိုးဘေးရှစ်ယောက်နှင့် သူတော်စင်တစ်ရာခန့်သာ ရှိနေသည်။

ထို့ကြောင့် အထက်ဘုံသည် တခြားဘုံနှစ်ခုနှင့် နှိုင်းယှဉ်ရာတွင် အပြည့်အဝ မလွှမ်းမိုးနိုင်တော့ပေ။

ထိုဘုံများက သူတို့ကိုလည်း မဖိနှိပ်နိုင်ကြပေ။

ဆည်သည် ပြိုကျသွားပြီး ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများက ဝင်ရောက်လာသည်ဟု ပြောကြသည်။ ရန်သူများသည် နေရာတိုင်းတွင် ရှိနေကြသည်။

သူတို့က ခွန်အားစုစည်းချင်လျှင် အထက်ဘုံကို တည်ငြိမ်အောင်လုပ်ပြီး အားပြန်ဖြည့်ရမည်။

ထိုသို့လုပ်ဆောင်ရန် အာခီမီလမ်းစဉ်၏ အကူအညီကို လိုအပ်သည်။

ထို့ကြောင့် လွန်ခဲ့သောသုံးရက်တွင် ကျောက်ယန်တာအိုဂိုဏ်းသည် တိုက်ခိုက်ခံရပြီး ခွင့်လွှတ်မှုကို တောင်းခံရန်အတွက် ဂိုဏ်းခေါင်းဆောင်ကို တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသို့ ပို့ဆောင်ခဲ့သည်။

သူတို့က ယခုအချိန်တွင် ကျွမ်းကျင်သူများကို လိုအပ်နေပြီး ကျောက်ယန်တာအိုဂိုဏ်းက ကျွမ်းကျင်သူအချို့ကို ပိုင်ဆိုင်ထားသောကြောင့် အပြည့်အဝ ဖျက်ဆီးမခံလိုက်ရပေ။

ဆေးတောင်ကြားသည် အထက်ဘုံမှ အင်အားစုများ၏ စိတ်ရင်းကို နားလည်ခဲ့သည်။

ထို့ကြောင့် လီချင်းရှစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် ဆေးတောင်ကြားသည် အင်အားစုအမျိုးမျိုးကို ဖိတ်ခေါ်ခဲ့သည်။

ယခင်က ထိုသို့ပင် ပြုလုပ်ခဲ့သည်။

အထက်ဘုံတွင် အသန်မာဆုံးအင်အားစုကို ဆုံးဖြတ်ပြီးလျှင် ဆေးတောင်ကြားသည် ထိုအင်အားစုနှင့် ဆက်သွယ်၍ အကောင်းဆုံးအကျိုးအမြတ်ကို ရနိုင်သည်။

“သခင်လေးဟန်နဲ့ ဂိုဏ်းတူအစ်မမူ။ ဂိုဏ်းသခင်က ပွဲတက်ဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်”

အပြာရောင်ဝတ်စုံနှင့် ကျောက်ယွမ်က ခြံဝိုင်း၏ရှေ့တွင် ရပ်ပြီး ဦးညွတ်လိုက်သည်။

သူက ဤရက်များတွင် ခြံဝိုင်းသို့ အလည်လာပြီး လိုအပ်သောအရာများကို မေးမြန်းခဲ့သည်။

မူဝမ်သည် မဟာအကြီးအကဲ၏ တိုက်ရိုက်တပည့် ဖြစ်ပြီး ဟန်မူယဲ့သည် အားကောင်းသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူတို့က ထူးခြားပြီး လျစ်လျူရှုထားလျှင် မဖြစ်ပေ။

သို့သော် မူဝမ်နှင့် ဟန်မူယဲ့က ခြံဝိုင်းထဲမှ ထွက်မလာသလို ဆေးတောင်ကြား၏ စီမံပေးမှုကိုလည်း မလိုအပ်ခဲ့ပေ။

သူတို့က အာခီမီနှင့် ပတ်သတ်သော အကြောင်းအရာများကို ဆွေးနွေးနေခဲ့ကြသည်။

ဟန်မူယဲ့က ရှေးခေတ်နတ်ဘုရားခုံရုံးနှင့် ရှေးတိမ်တိုက်စကြဝဠာ၏ အာခီမီလမ်းစဉ်ကို နားလည်ထားသည်။

မူဝမ်က နက်နဲသော အာခီမီဗဟုသုတနှင့်အတူ ဆေးတောင်ကြားတွင် သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့အပြင် ယခုနှစ်များတွင် မူဝမ်က တိမ်တိုက်ဆေးလုံးနည်းစနစ်ကို လေ့လာနေပြီး တတိယအဆင့် ဆေးလုံးအမျိုးမျိုးကို တိမ်တိုက်ဆေးလုံးအဖြစ် သန့်စင်နိုင်ခဲ့သည်။

သူမ၏ ဆရာဖြစ်သော မဟာအကြီးအကဲကသာ ထိုနည်းစနစ်ကို သိထားသည်။ ဆေးတောင်ကြားတွင် တိမ်တိုက်ဆေးလုံးကို မျက်မြင်တွေ့ဖူးသောလူက အနည်းငယ်သာ ရှိသည်။

သူတို့နှစ်ယောက်က ဆေးလုံးများကို သန့်စင်နေခဲ့သည်။ ကျန်းယွမ်၏ စကားသံကို ကြားလိုက်ရသောအခါတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“အစ်ကိုဟန်၊ ဂိုဏ်းသခင်က ဖိတ်လိုက်တာဆိုတော့ သွားကြည့်ကြရအောင်”

မူဝမ်က မီးပြင်းဖိုကို သိမ်းလိုက်ပြီး ညင်သာစွာ ပြောသည်။

ဤတစ်ကြိမ်တွင် ဆေးတောင်ကြားသည် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နက်နဲသည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။

အကယ်၍ ဆေးတောင်ကြားက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပူးပေါင်းနိုင်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် လျင်မြန်စွာ တိုးတက်လာကြလိမ့်မည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီး ဖြစ်သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများ တိုးတက်လာခဲ့လျှင် အကျိုးအမြတ် ရလိမ့်မည်။

ထိုအရာသည် မူဝမ်၏အကြံ ဖြစ်သည်။

ဟန်မူယဲ့နှင့် မူဝမ်က အပြင်သို့ ထွက်လာသောအခါတွင် ပတ်ဝန်းကျင်သည် ပြောင်းလဲသွားခဲ့သည်။

ဤနေရာသည် လူသားလောကနှင့် မသက်ဆိုင်သော အင်မော်တယ်ဂိုဏ်းနှင့် တူသည်။

ဟန်မူယဲ့က ဖရိုဖရဲဖြစ်နေသော တိုက်ပွဲနှင့် သတ်ဖြတ်မှုများကို မမြင်ခဲ့လျှင် ဤနေရာသည် အမြဲတမ်း ဤပုံစံအတိုင်း ရှိနေခဲ့သည်ဟု ထင်မိလိမ့်မည်။

သို့သော် မည်သို့ပင် အလှဆင်ထားပါစေ မခုခံနိုင်လျှင် အလကားသာဖြစ်သည်။

ဟန်မူယဲ့နှင့်မူဝမ်က လက်တွဲပြီး ခန်းဆောင်အတွင်းသို့ ဝင်လာသောအခါတွင် လူတိုင်းက ကြည့်လိုက်ကြသည်။

“ဒီနှစ်ယောက်က ဘယ်သူလဲ”

လူတစ်ယောက်က သိချင်စိတ်များနှင့်အတူ ရေရွတ်လိုက်သည်။

“အာခီမီကျင့်ကြံသူနဲ့ ဓားကျင့်ကြံသူ။ အရမ်းရင်းနှီးနေတယ်။ သူတို့က ဓားစံအိမ်ကလား”

လူတစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် ဓားစံအိမ်၏ တပည့်များကို ကြည့်သည်။

“စိတ်ဝင်စားစရာပဲ”

ဓားစံအိမ်၏ နေရာတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများ ကင်းမဲ့နေသော မျက်နှာထားဖြင့် တည်ငြိမ်စွာ ထိုင်နေသည်။

သူ့နောက်တွင် အသက်လေးဆယ်အရွယ်ခန့်ရှိသော ဓားကျင့်ကြံသူတစ်ယောက်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မျက်လုံးပြူးသွားပြီး လှမ်းခေါ်သည်။

“ညီအစ်ကိုဟန်”

သူ့အသံကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လှည့်ကြည့်ပြီး ပြုံးသည်။

“ညီအစ်ကိုကျောက်၊ မတွေ့ရတာ ကြာပြီ”

ဓားစံအိမ်၏ တပည့်တစ်ယောက်ဖြစ်သူ ကျောက်ယွီသည် တာဝန်ထမ်းဆောင်နေသောအချိန်၌ ဟန်မူယဲ့နှင့် အာကာသထဲတွင် တွေ့ခဲ့သည်။ သူက ဟန်မူယဲ့နှင့် တိုက်ခိုက်ပြီး ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းကို လေးစားခဲ့သည်။

All Chapters