← Chapters

အခန်း (၇၅၀)

Vol. 54 Ch. 750

အခန်း (၇၅၀)

Vol. 54 Ch. 750

ဟန်မူယဲ့နှင့် ကျောက်ယွီသည် နှစ်တစ်ရာအကြာတွင် ဓားကျင့်ကြံသူတစ်ယောက်၏ လိုဏ်ဂူကို ရှာဖွေရန် သဘောတူခဲ့ကြသည်။

ကျောက်ယွီက အထက်ဘုံသို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ၏ ကျင့်ကြံဆင့်ကလည်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပုံရသည်။

ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

လူတိုင်းက ဟန်မူယဲ့နှင့် ကျောက်ယွီကို ကြည့်လိုက်ကြသည်။

ဧည့်ခံပွဲကို လက်ခံကျင်းပပေးသော လီချင်းရှစ်နှင့် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ အကြီးအကဲများက အနည်းငယ် ကြောင်အသွားကြသည်။

ဟန်မူယဲ့က ဓားစံအိမ်၏ တပည့်တစ်ယောက် မဟုတ်သော်လည်း ဆက်သွယ်မှုရှိသည်ဟု ပြောခဲ့သည်။

ထိုဆက်သွယ်မှုက မည်သည့်အရာနည်း။

ကျောက်ယွီက မတ်တပ်ရပ်ပြီး ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူကို လေးစားစွာ ပြောသည်။

“ဆရာဦးလေးရှန်၊ ညီအစ်ကိုဟန်မူယဲ့က သုံးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားတဲ့ ဓားစံအိမ်ရဲ့ စမ်းသပ်ခံတပည့်တစ်ယောက်ပါ”

ဓားစံအိမ်၏ စမ်းသပ်ခံတပည့် ....

ဆက်သွယ်ချက်သည် ရှင်းလင်းသွားသည်။

အထက်ဘုံတွင် ဓားစံအိမ်၏ခွန်အားသည် ၇၀%အထိ ကျဆင်းသွားခဲ့သော်လည်း နံပတ်တစ်ဓားဂိုဏ်း ဖြစ်နေသေးသည်။ ခုနစ်ထပ်ဓားစံအိမ်ပိုင်ရှင်သည် နယ်မြေတစ်ခုကို ဖိနှိပ်ထားနိုင်သည်။

“ဟားဟား၊ ငါမိတ်ဆက်ပေးပါရစေ။ ဒီမိတ်ဆွေလေးဟန်က ငါတို့ ဆေးတောင်ကြားရဲ့တပည့် မူဝမ်နဲ့ တာအိုလက်တွဲဖော်တွေပဲ။ သူက ဓားပညာရပ်မှာ ကျွမ်းကျင်ပြီး ငါတို့ ဆေးတောင်ကြားကို တစ်ကြိမ် ကယ်တင်ခဲ့တယ်”

ထိပ်ဆုံးတွင်ထိုင်နေသော လီချင်းရှစ်က အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။

“မိတ်ဆွေလေးဟန်က ဓားစံအိမ်ရဲ့ စမ်းသပ်ခံတပည့်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ်ရှားပါးတာပဲ”

“တာအိုရောင်းရင်းတန်မင်ထောင်၊ ဓားစံအိမ်က အထက်ဘုံရဲ့ ထိပ်တန်းဂိုဏ်းပဲ”

သူက ဆရာဦးလေးရှန်ကို ကြည့်လိုက်သည်။

ဆရာဦးလေးရှန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

ရှေ့တွင်ထိုင်နေကြသော ကျင့်ကြံသူများက အားကျနေကြသည်။

ဓားစံအိမ်မှ မဟာဓားကျင့်ကြံသူတစ်ယောက်၏ အသိအမှန်ပြုခြင်းကိုကို ရရှိခြင်းသည် အောင်မြင်မှုတစ်ခု ဖြစ်သည်။

“ဟန်မူယဲ့တဲ့လား”

လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး မျက်မှောင်ကြုတ်၍ စဉ်းစားနေသည်။

ယခုအချိန်တွင် တာအိုပြိုင်ပွဲနယ်မြေ၏ အင်အားစုများက ပြန်မလာကြသေးပေ။ လူအများစုသည် ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်ကို သတိမထားမိကြပေ။

သူတို့က ထိုအကြောင်းကို သိထားလျှင်လည်း အလေးအနက်ထားမည် မဟုတ်ပေ။

ကောင်းကင်စာရင်းသည် တာအိုပြိုင်ပွဲနယ်မြေ၏ အဆင့်သတ်မှတ်ချက်လေးတစ်ခုသာ ဖြစ်သည်။

ဟန်မူယဲ့၏ခွန်အားကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။

ဤနေရာသည် အထက်ဘုံဖြစ်ပြီး တာအိုပြိုင်ပွဲနယ်မြေနှင့် နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

ခမ်းနား‌သော ဧည့်ခံပွဲသည် စတင်ခဲ့သည်။ ဟန်မူယဲ့နှင့် စကားလာပြောသော ကျောက်ယွီမှလွဲ၍ တခြားလူများက ထောင့်တစ်နေရာတွင်ရှိသော ဟန်မူယဲ့နှင့် မူဝမ်ကို ဂရုမစိုက်ကြပေ။

သူတို့နှစ်ယောက်က သီးသန့်ရှိနေသည့်အတွက် ပျော်ရွှင်နေပြီး ဝိညာဉ်သစ်သီးနှင့် ဝိညာဉ်သေရည်များကို သောက်ဆုံးနေကြသည်။

မူဝမ်၏မျက်နှာက အနည်းငယ် နီရဲနေသည်။

ဟန်မူယဲ့က ဆေးတောင်ကြားနှင့် ညှိနှိုင်းနေသော အင်အားစုများကို စိတ်မဝင်စားပေ။

တစ်ဖက်တွင် လီချင်းရှစ်က ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီး ဂိုဏ်းအသီးသီး၏ ကမ်းလှမ်းချက်နှင့် အရောင်းအဝယ်များကို ရှောင်တိမ်း၍ စကားလမ်းကြောင်းလွှဲနေသည်။

“မင်းတို့ဂိုဏ်းက ယန်သုံးပါးဆေးလုံးကို လိုချင်တာလား။ ပြဿနာမရှိပါဘူး။ အရင်ဆုံး သောက်ကြရအောင်”

“ခုနစ်စင်ကြယ်ဆေးလုံး သုံးထောင်လား။ ဒါက အမှာစာကြီးတစ်ခုပဲ။ အကြီးအကဲရှုက အရင်ဆုံး မှတ်ထားလိုက်ပါ။ လာပါ။ လာပါ။ ဒီနေ့ စီးပွားရေးအကြောင်းမပြောဘဲ သေရည်ပဲ သောက်ကြရအောင်”

“မိတ်ဆွေလေးဟန်၊ တစ်ခွက်လောက် သောက်ကြရအောင်”

လီချင်းရှစ်က မတ်တပ်ရပ်ပြီး သေရည်ခွက်ကိုကိုင်၍ ဟန်မူယဲ့ကို စကားပြောလိုက်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

မူဝမ်က လျင်မြန်စွာ မတ်တပ်ရပ်သည်။ ဟန်မူယဲ့က ပြုံးလိုက်ပြီး ခွက်မြှောက်သည်။

“မိတ်ဆွေလေးက ငါတို့ဆေးတောင်ကြားကို ကပ်ဘေးအချိန်မှာ ကူညီပေးခဲ့တယ်”

“ဒီနေ့ တာအိုရောင်းရင်းတွေရဲ့ရှေ့မှာ ငါ လီချင်းရှစ်က ကတိတစ်ခု ပေးမယ်။ မိတ်ဆွေလေးဟန်၊ မင်းက ငါတို့ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို တောင်းဆိုမှုတစ်ခု လုပ်နိုင်တယ်”

“ငါတို့ ဆေးတောင်ကြားက အမှန်တရားနဲ့ ဘိုးဘေးတွေရဲ့ သင်ကြားမှုကို မဆန့်ကျင်ဘူးဆိုရင် အစွမ်းကုန်ကြိုးစားပြီး မင်းရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ်”

တောင်းဆိုချက်တစ်ခု ....

ထိုစကားကြောင့် လူတိုင်းက မျက်လုံးပြူးသွားကြသည်။

တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားသည် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခွန်အားအပြည့်အဝ ကျန်ရစ်ခဲ့သည်။

သိန်းချီသော အာခီမီကျင့်ကြံသူများသည် ဤနေရာတွင် ရှိနေကြသည်။ အင်အားစုအားလုံးသည် သူတို့ကို ဂရုတစိုက် ဆက်ဆံရမည်။

သူတို့က အထက်ဘုံ၏ခွန်အားကို ပြန်လည်တည်ဆောက်ရာတွင် ထောက်ပံ့မှုကြီးတစ်ခု ဖြစ်ပြီး အထက်ဘုံ၏ ဂိုဏ်းများအားလုံးက သူတို့ကို အလိုရှိကြသည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ကြသည်။

ဓားစံအိမ်၏နေရာတွင် စကားသိပ်မပြောသော တန်မင်ထောင်ကလည်း ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ စကားတစ်ခွန်းသည် အဆုံးမရှိသော ကြွယ်ဝမှုများကို ယူဆောင်လာနိုင်သည်။

သူက စကားတစ်ခွန်းဖြင့် အထက်ဘုံ၏ အခြေအနေကို လွှမ်းမိုးနိုင်လိမ့်မည်။

အကယ်၍ ဟန်မူယဲ့က တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားကို ဓားစံအိမ်နှင့် ပူးပေါင်းရန် တောင်းဆိုခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။

သို့မဟုတ် လီချင်းရှစ်က ဓားစံအိမ်နှင့် ပူးပေါင်းရန် လမ်းဖွင့်နေခြင်း ဖြစ်နိုင်သည်။

ယွီလင်တာအိုဂိုဏ်းနှင့် တခြားအင်အားစုများမှ ကိုယ်စားလှယ်များ၏ မျက်နှာထားသည် လေးနက်လာသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် သေရည်ခွက်ကို ကိုင်ထားသည်။

သူက ဘေးတွင်ရှိနေသော မူဝမ်ကို ကြည့်လိုက်ပြီး သေရည်ခွက်ကို တစ်ခါတည်း မော့သောက်လိုက်သည်။

“အကြီးအကဲ၊ ညီမမူက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားမှာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရတယ်။ ကျွန်တော်က ဒီကနေ ကျေးဇူးတင်လိုက်ပါတယ်”

သူက ပြောသည်။

“ဟန်မူယဲ့က တိမ်တိုက်ကောင်းကင် ဆေးတောင်ကြားနဲ့ ပတ်သတ်ပြီး တစ်ခုခု ကူညီနိုင်တာရှိရင် သေချာပေါက် ကူညီပေးမှာပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများက တောက်ပလာကြသည်။

ဟန်မူယဲ့၏ကတိသည် ရိုးရှင်းသောအရာတစ်ခု မဟုတ်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် အင်အားစုတစ်ခုကို ထိန်းချုပ်ထားပြီး ဓားတာအိုကျင့်ကြံခြင်းတွင် အထွတ်အထိပ်သို့ ရောက်နေသည်။ သူ၏ ကတိစကားသည် ဤနေရာတွင်ရှိသော အဓိကဂိုဏ်းကြီးများ၏ ကတိစကားနှင့် ယှဉ်နိုင်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လီချင်းရှစ်က ကြောင်အသွားပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

တခြားလူများက အံ့အားသင့်သွားပြီး ဓားစံအိမ်၏နေရာကို လှည့်ကြည့်သည်။

‘ဒါက ဓားစံအိမ်ရဲ့ကတိလား။ ဒါမှမဟုတ် ဟန်မူယဲ့ရဲ့ ကတိလား’

တန်မင်ထောင်က မျက်မှောင်ကြုတ်လိုက်သော်လည်း တိတ်ဆိတ်နေသည်။

တခြားဂိုဏ်းကြီးများ၏ ကျွမ်းကျင်သူများကလည်း စကားမပြောကြပေ။

ဧည့်ခံပွဲ အဆုံးသတ်သွားသောအခါတွင် ခန်းဆောင်၏ လေထုသည် လေးနက်နေသည်။

ဂိုဏ်းများအားလုံးသည် လိုချင်သောအရာကို မရခဲ့ကြပေ။

လူစုခွဲလိုက်သောအခါတွင် လူအများစု၏မျက်နှာထားက အေးစက်လာသည်။

“ဟန်မူယဲ့ရဲ့နောက်ခံက ဘာလဲ။ သူက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ဘယ်လိုလုပ်ပြီး ကယ်တင်ခဲ့တာလဲ”

အစိမ်းရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဘေးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက်ကို ကြည့်သည်။

သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်က နားမလည်နိုင် ဖြစ်နေသည်။

“ဟန်မူယဲ့ဆိုတဲ့နာမည်နဲ့ ရင်းနှီးနေတယ်”

ကျောပေါ်တွင် ဓားတစ်လက်လွယ်ထားသော ကျောက်စိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည်။

“တာအိုပြိုင်ပွဲက ဟန်မူယဲ့လား။ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ဟန်မူယဲ့ဆိုတဲ့လူတစ်ယောက် ရှိနေတဲ့ပုံပဲ။ သူက ဓားပညာရပ်မှာ ကျွမ်းကျင်တယ်လို့ ပြောကြတယ်”

တာအိုတန်ခိုးရှင်၏ဘေးတွင် ရှိနေသော မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးက ပြောလိုက်သည်။

“တာအိုပြိုင်ပွဲလား။ ဂိုဏ်းတူညီအစ်ကို စုကျင်းကျီက တာအိုပြိုင်ပွဲမှာ မဟုတ်လား။ သူက သိပ်မကြာခင် ပြန်လာလိမ့်မယ်”

“ဟန်မူယဲ့က တာအိုပြိုင်ပွဲနယ်မြေကနေ ရောက်လာတာဆိုရင် ဘာမှ စိုးရိမ်စရာမလိုဘူး။ တာအိုပြိုင်ပွဲက အရေးမပါတဲ့ နယ်မြေလေးတစ်ခုပဲ”

အထက်ဘုံ၏ မောက်မာသော ကျင့်ကြံသူများသည် တာအိုပြိုင်ပွဲနယ်မြေကို ဂရုစိုက်ကြမည်မဟုတ်ပေ။ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာခြင်းသည် တာအိုပြိုင်ပွဲနယ်မြေနှင့် ပတ်သတ်နေလိမ့်မည်ဟု ထင်ထားကြမည်မဟုတ်ပေ။

မဟာပုဂ္ဂိုလ်များ၏ စတေးခြင်းအစီအစဉ်များသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

သူတို့က ထိုကိစ္စကို ထုတ်ပြောကြမည်မဟုတ်ပေ။

သူတို့က မိုင်ထောင်ချီနယ်မြေကို စတေးခဲ့သည်ဟု လူအများက သိသွားခဲ့လျှင် သူတို့၏ ဂုဏ်သတင်းသည် ပျက်စီးရလိမ့်မည်။

“ကျောက်ယွီ၊ ဟန်မူယဲ့အကြောင်းကို ပြောပြပါအုံး”

တန်မင်ထောင်က ခန်းဆောင်မှတစ်ဆင့် ဆေးတောင်ကြား စီစဉ်ပေးထားသော ဧည့်သည်အခန်းသို့ ပြန်ရောက်လာခဲ့သည်။ သူက ကျောက်ယွီကို လှည့်ကြည့်သည်။

ကျောက်ယွီက စုဝေကမ္ဘာတွင် ဟန်မူယဲ့နှင့် ဆုံတွေ့ခဲ့သောအကြောင်းကို လျင်မြန်စွာ ပြောပြလိုက်သည်။

“သူက ဓားစံအိမ်ရဲ့ စမ်းသပ်ခံတပည့်အဆင့်မှာ မင်းရဲ့ဓားချက်ကို ချိုးဖျက်နိုင်တယ်လား”

တန်မင်ထောင်၏မျက်နှာထားက လေးနက်နေသည်။

“ဓားစံအိမ်က ပါရမီရှင်တွေကို လိုအပ်နေတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပါရမီက မင်းနဲ့ ယှဉ်နိုင်တယ်ဆိုရင် တရားဝင်တပည့်အဖြစ် သတ်မှတ်ပေးလို့ ရတယ်”

တန်မင်ထောင်၏စကားကို ကြားလိုက်ရသောအခါတွင် ကျောက်ယွီက ပျော်ရွှင်သွားသည်။

“ဆရာဦးလေးပြောတာ မှန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခွန်အားအပြည့် မသုံးခဲ့ပေမဲ့ ညီအစ်ကိုဟန်ကလည်း ခွန်အားချန်ထားပုံရတယ်”

“တကယ်လို့ ဆရာဦးလေးက သူ့ကို သိမ်းသွင်းချင်တယ်ဆိုရင် ကျွန်တော်က သွားပြောပေးနိုင်ပါတယ်”

တန်မင်ထောင်က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“အလျင်မလိုပါဘူး။ သူက ကျန်တဲ့လူတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲ ကြည့်ကြရအောင်”

သူက ထိုသို့ပြောလိုက်ပြီး ပြုံးသည်။

“ဒီနေ့ သူ့စကားတွေအရ သူက မာနကြီးတဲ့လူတစ်ယောက်ပဲ”

ကျောက်ယွီကလည်း ပြုံးသည်။ ဟန်မူယဲ့ ဆေးတောင်ကြားကို တောင်းဆိုမှုမလုပ်ဘဲ ကတိတစ်ခု ပြန်ပေးခဲ့သည်။

ထိုမောက်မာမှုမျိုးသည် ဓားကျင့်ကြံသူတစ်ယောက်နှင့် လိုက်ဖက်သည်။

ဟန်မူယဲ့နှင့်မူဝမ်က ခြံဝိုင်းသို့ ပြန်လာကြသည်။ လူတစ်ယောက်သည် သိပ်မကြာခင် ရောက်လာခဲ့သည်။

“သိုးငါးကောင်စံအိမ်ရဲ့ တုချန်ရှန်က နှုတ်ဆက်လိုက်ပါတယ်။ ညီအစ်ကိုဟန်က သိုးငါးကောင်စံအိမ်ကို ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်။ ဒါပေမဲ့ ညီမဝမ်ကတော့ သေချာပေါက် ကြားဖူးမှာပါ”

ဝဖြိုးသော ကျင့်ကြံသူတစ်ယောက်က ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး မူဝမ်ကို ကြည့်သည်။

မူဝမ်က ခေါင်းခါသည်။

တုချန်ရှန်၏မျက်နှာထားက အေးခဲသွားသည်။

“ဟားဟား၊ ကြည့်ရတာ နတ်မိမယ်မူက အာခီမီပညာရှင်တွေရဲ့ ကျင့်ကြံမှုကို အာရုံစိုက်ထားတဲ့ပုံပဲ”

သူက ရယ်လိုက်ပြီး ရှက်ရွံ့မှုကို ဖြေဖျောက်၍ ဆက်ပြောသည်။

“သိုးငါးကောင်စံအိမ်က အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အကြီးဆုံး စီးပွားရေးဂိုဏ်းပါ”

“ငါတို့ရဲ့ သိုးငါးကောင်စံအိမ်မှာ နတ်ဘုရားဘုရင်ငါးပါး ရှိတယ်။ ငါတို့က အထက်ဘုံသုံးပါးကို လွှမ်းမိုးနိုင်တယ်”

‘နတ်ဘုရားဘုရင်ငါးပါးလား’

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူနေသော တုချန်ရှန်ကို မေးလိုက်သည်။

“အခု အထက်ဘုံမှာ နတ်ဘုရားဘုရင်ငါးပါးလုံး ရှိသေးလား”

တုချန်ရှန်၏မျက်နှာက အနည်းငယ်နီရဲသွားပြီး လက်တစ်ချောင်းထောင်ပြသည်။

“တစ်ယောက်တည်းလား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

“အဲဒါဆိုရင် ....”

“တစ်ယောက်မှ မရှိတော့ဘူး”

တုချန်ရှန်က ခက်ခဲစွာ ပြောသည်။

ဟန်မူယဲ့၏ဘေးတွင် ရှိနေသော မူဝမ်က မနေနိုင်တော့ဘဲ ရယ်လိုက်သည်။

“ငါတို့ သိုးငါးကောင်စံအိမ်မှာ နတ်ဘုရားဘုရင်တွေ မရှိတော့ပေမဲ့ တာအိုဘိုးဘေးတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ သူတော်စင်သုံးပါး ကျန်နေသေးတယ်”

All Chapters