← Chapters

အခန်း (၇၅၂)

Vol. 54 Ch. 752

အခန်း (၇၅၂)

Vol. 54 Ch. 752

“တန်မင်ထောင်က ဟန်မူယဲ့ကို သွားတွေ့ခဲ့တယ်”

တန်မင်ထောင်က ဟန်မူယဲ့၏ ခြံဝိုင်းထဲသို့ ဝင်သွားသောအချိန်တွင် ထိုသတင်းသည် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

“ဟားဟား၊ အဲဒီကလေးက ခက်ခက်ခဲခဲဖြစ်အောင် တကယ်လုပ်တတ်တာပဲ”

သိုးငါးကောင်စံအိမ်၏ ခန်းဆောင်တွင် တပည့်တစ်ယောက်၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ တုချန်ရှန်က ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး အေးစက်စွာ ပြုံးသည်။

“သူက အင်အားစုတွေအားလုံးကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား”

“မနေ့ညတုန်းက ငါ့ရဲ့ ကျောက်စိမ်းခန်းဆောင်ကို သူမလာခဲ့ဘူး။ ငါက သူ့ကို အထင်သေးသွားပြီ”

သတင်းပို့လိုက်သောတပည့်က နားမလည်နိုင်ဖြစ်နေသည်။ တုချန်ရှန်က အသာအယာ ပြောလိုက်သည်။

“သူက ကိုယ်ပိုင်အကျိုးအမြတ်ကို မရှာဖွေဘဲ တန်မင်ထောင်လာတွေ့တာကို စောင့်နေတယ်ဆိုရင် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးတာပဲ”

‘အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား’

‘ဓားစံအိမ်ရဲ့အကြီးအကဲက လူကိုယ်တိုင်လာတွေ့နေပြီလေ။ အဲဒါက အကြီးမားဆုံးအကျိုးအမြတ် မဟုတ်ဘူးလား’

သတင်းပို့လိုက်သောတပည့်က နားမလည်သေးပေ။

တုချန်ရှန်က ရှင်းပြရန် ပျင်းရိနေပြီး လက်ကို‌‌ ဝှေ့ယမ်းလိုက်သည်။

“အကြီးအကဲယောင်၊ တန်မင်ထောင်က ကိုယ်တိုင်ရောက်လာတယ်။ ဟန်မူယဲ့က ဓားစံအိမ်နဲ့ ပူးပေါင်းလိုက်မှာလား”

မုတ်ဆိတ်ဖြူနှင့် လူအိုကြီးတစ်ယောက်က စိုးရိမ်နေသည်။

“ဟုတ်တယ်။ အကြီးအကဲတစ်ယောက်ရဲ့ ရွေးချယ်မှုကို ခံရရင် ဟန်မူယဲ့က ဓားစံအိမ်မှာ အမှီအခိုတစ်ခု ရှိသွားလိမ့်မယ်”

အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ သူက လက်သီးဆုပ်ထားသည်။

“မုန်းစရာပဲ”

“အဲဒီကလေးက ငါတို့က အလင်းကျောက်စိမ်းဓားဂိုဏ်းကို လှေကားထစ်အဖြစ် အသုံးချသွားတာပဲ”

ဂိုဏ်းအသီးသီး၏ခွန်အားကို အသုံးချပြီး တန်မင်ထောင်ကို ကိုယ်တိုင်ထွက်လာအောင် တွန်းအားပေးခဲ့သည်။

ဟန်မူယဲ့က ဓားစံအိမ်သို့ ဝင်ရောက်သွားလျှင် သာမန်တပည့်များထက် အဆင့်မြင့်နေလိမ့်မည်။

“ဟားဟား၊ သူက ဓားစံအိမ်ကို ဝင်ရောက်သွားရင်လည်း ဘာမှမဖြစ်ပါဘူး။ ငါတို့ အလင်းကျောက်စိမ်းဓားဂိုဏ်းက ဘာကို ဆုံးရှုံးသွားလို့လဲ”

ထိပ်ဆုံးတွင်ထိုင်နေသော ‌ယောင်ရုံက ခပ်ဟဟရယ်လိုက်သည်။

“ပြီးတော့ သူက ငါတို့ အလင်းကျောက်စိမ်းဓားဂိုဏ်းကို အလည်လာခဲ့မယ်လို့ ကတိပေးပြီးပြီ”

“တန်မင်ထောင်က အဲဒီလို ဓားကျင့်ကြံသူမျိုးကို ဘယ်လောက်အထိ တန်ဖိုးထားမယ်လို့ မင်းတို့ထင်လဲ”

“ဒါက ပုံမှန်ဖြစ်ရပ်တစ်ခုပဲ။ သူက ဒီကိစ္စကို အလေးအနက်ထားမှာ မဟုတ်ဘူး”

ယောင်ရုံက ရှေ့တွင်ရှိနေသောလူများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဓားစံအိမ်က အရိုးထဲအထိ မာနကြီးတယ်”

ဓားစံအိမ်၏ မာန ....

အထက်ဘုံ၏ ဂိုဏ်းများအားလုံးသည် မာနကြီးကြသည်။

ဟန်မူယဲ့က သူတို့နှင့် ကစားနေသောကြောင့် လူတိုင်းက ဒေါသထွက်လာကြသည်။

သို့သော် ယခုအချိန်တွင် လောကကြီးက ပြောင်းလဲနေပြီး အခြေအနေကို ရှင်းလင်းစွာ မသိနိုင်သေးပေ။

အလျင်စလို လှုပ်ရှားရဲသောလူများ မရှိကြပေ။

တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ အဓိကခန်းဆောင်တွင် လီချင်းရှစ်က ဖြောင့်မတ်စွာထိုင်နေသည်။ တခြားအကြီးအကဲများက နှစ်ဖက်ခွဲ၍ ထိုင်နေကြသည်။

“ဂိုဏ်းသခင်၊ တန်မင်ထောင်က ခြံဝိုင်းထဲကို ဝင်သွားပါပြီ”

အစိမ်းရောင်ဝတ်စုံနှင့် ကျန်းယွမ်က ဦးညွတ်လိုက်ပြီး ပြောသည်။

လီချင်းရှစ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျန်းယွမ်က နောက်ဆုတ်သွားသည်။

“အကြီးအကဲတို့၊ ဒီနေ့ကိစ္စကို ဘယ်လိုထင်ကြလဲ”

ခန်းဆောင်ထဲတွင်ရှိသော အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း စကားမပြောပေ။

လီချင်းရှစ်က သူတို့ကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“ဟန်မူယဲ့က တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားရဲ့ အနာဂတ်ပဲ ....”

သူ့စကားကြောင့် တိတ်ဆိတ်နေသော ခန်းဆောင်က ပိုမိုတိတ်ဆိတ်သွားခဲ့သည်။

ဟန်မူယဲ့က တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကဲ့သို့ ရည်မှန်းချက်ဖြင့် လှုပ်ရှားနေခဲ့သည်။

ဂိုဏ်းအသီးသီးသည် သူ့ကို ဆွဲဆောင်နေကြသည်။

သို့သော် လူမည်မျှက စိတ်ရင်းပါသနည်း။

ကမ်းလှမ်းချက်များသည် မျှတမှုမရှိကြပေ။

လောကသည် ပြောင်းလဲသွားပြီး မဟာပုဂ္ဂိုလ်ကြီးများက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသောကြောင့် ဂိုဏ်းအသီးသီး၏ ဆုံးဖြတ်ချက်ချနိုင်သောလူများသည် ပျောက်ကွယ်သွားကြသည်။

တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသို့ ရောက်လာကြသော ကျွမ်းကျင်သူများသည် ဆေးတောင်ကြားကို တည်ငြိမ်စေပြီး အသုံးပြုရန်အတွက် ဖြစ်သည်။ ဆေးတောင်ကြားနှင့် ညီတူမျှတူပူးပေါင်းရန် မည်သူမှ ရည်ရွယ်မထားကြပေ။

ထိုကျွမ်းကျင်သူများသည် ဆေးတောင်ကြားနှင့် ပူးပေါင်းရန် အရေးပါသည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်စွမ်း မရှိကြပေ။

သူတို့က သဘောတူညီချက်ကို ဆောင်ရွက်ချင်လျှင်ပင် ဂိုဏ်းသို့ ပြန်ရောက်သွားသောအခါ သတ်မှတ်ချက်များကို သေချာပေါက် ချိုးဖောက်ကြလိမ့်မည်။

လူတိုင်းက အမှန်တကယ် အကျိုးပြုခြင်းမရှိဘဲ အကျိုးအမြတ်များကို ရရှိချင်ကြသည်။

သူတို့နှင့် ကျောက်ယန်တာအိုဂိုဏ်း၏ ကွာခြားချက်သည် အတင်းအကျပ် မတိုက်ခိုက်ခြင်းသာ ဖြစ်သည်။

သို့သော် အခြေအနေက ဤသို့ ဆက်ဖြစ်နေလျှင် ထိုလူများက တွန်းအားပေးသည့်နည်းလမ်းကို ထုတ်သုံးလာကြလိမ့်မည်။

သူတို့က သဘောတူညီချက်တစ်ခုကို ရသွားလျှင် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြား၏ အကောင်းဆုံးကံကြမ္မာသည် ထိုလူများကြားတွင် ခွဲဝေခံလိုက်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူတို့ကို ကယ်တင်မည့်လူ မရှိတော့ပေ။

“ငါတို့က ဆေးပညာမှာ ကျွမ်းကျင်ပေမဲ့ လက်နက်၊ အဆောင်လက်ဖွဲ့နဲ့ ဝင်္ကပါတွေမှာ မကျွမ်းကျင်ဘူး။ ငါတို့ အာခီမီပညာရှင်တွေက ကိုယ်ပိုင်ကံကြမ္မာကို နားလည်ထားသင့်တယ် ....”

လီချင်းရှစ်၏ဘေးတွင် ရှိနေသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ညင်သာစွာ သက်ပြင်းချလိုက်သည်။

ငြိမ်းချမ်းနေသောအချိန်တွင် ဆေးလုံးများသည် အရောင်းအဝယ်ကောင်းမွန်ပြီး အာခီမီပညာရှင်များသည် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားခဲ့သည်။

သို့သော် ရှုပ်ထွေးနေသောအချိန်တွက် တိုက်ခိုက်နိုင်စွမ်းအား တိုက်ရိုက်တိုးမြှင့်ပေးနိုင်သော လက်နက်များကိုသာ ကာကွယ်ကြလိမ့်မည်။

ယခုအချိန်သည် ရှုပ်ထွေးနေသောအချိန် ဖြစ်သည်။

အာခီမီပညာရှင်များသည် အကာအကွယ်မရှိဘဲ လျစ်လျူရှုခံနေရသည်။

ခန်းဆောင်အတွင်း၌ ရှိနေသော အကြီးအကဲများ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။

လီချင်းရှစ်က အကြီးအကဲများကို ကြည့်လိုက်ပြီး ခေါင်းခါလျက် တည်ငြိမ်စွာပြောသည်။

“ဟန်မူယဲ့က ဒါကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရအောင်။ တန်မင်ထောင်ပြန်ထွက်လာရင် သူက ဓားစံအိမ်ရဲ့ တပည့်တစ်ယောက် ဖြစ်သွားနိုင်တယ်”

အကယ်၍ ဟန်မူယဲ့က ဓားစံအိမ်၏ တပည့်တစ်ယောက် ဖြစ်သွားခဲ့လျှင် ဆေးတောင်ကြားသည် ကျေးဇူးဆပ်သည့်အနေဖြင့် ဓားစံအိမ်နှင့် ပူးပေါင်းနိုင်လိမ့်မည်။

ထိုအရာသည် ဆေးတောင်ကြား၏ နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်သည်။

သို့သော် ဆေးတောင်ကြားအတွက် တခြားဂိုဏ်းများကို ဆန့်ကျင်ခြင်းသည် တန်မင်ထောင်၏ စိတ်အခြေအနေအပေါ်တွင် မူတည်နေသည်။

ထိုအရာသည် အလွန်ခက်သည်။

ခြံဝိုင်းထဲတွင် မူဝမ်က ကြည်လင်သော လက်ဖက်ရည်နှစ်ခွက်ကို ယူလာပြီး နာခံမှုရှိစွာ နောက်ဆုတ်သွားခဲ့သည်။

အင်အားစုအသီးသီး၏အမြင်တွင် သူမက ဟန်မူယဲ့နှင့် နီးကပ်ရန်အတွက် ဆေးတောင်ကြားက အသုံးပြုထားသော အလှပန်းအိုးတစ်ခုသာ ဖြစ်သည်။

သူမက အပြင်လူများ၏အမြင်ကို ဂရုမစိုက်ပေ။ ဟန်မူယဲ့အား ဆွဲဆောင်နေသော ဂိုဏ်းအသီးသီး၏ နည်းလမ်းများကိုလည်း ဂရုမစိုက်ပေ။

သူတို့က ဟန်မူယဲ့၏ ခွန်အားကို မသိကြပေ။ မည်သို့ပင်ဖြစ်စေ ထိုဂိုဏ်းများသည် သူမ၏ အစ်ကိုဟန်ကို ဆွဲဆောင်နိုင်ကြမည်မဟုတ်ပေ။

မူဝမ်က လက်ဖက်ရည်ပွဲကိုချပြီး ထွက်သွားသောအခါတွင် တန်မင်ထောင်က ရည်ရွယ်ချက်ကို တိုက်ရိုက်ရှင်းပြရန် ပြင်လိုက်သည်။

သို့သော် ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သောအခါတွင် သူနှလုံးသားက လှုပ်ရှားသွားခဲ့သည်။ သူကလည်း လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။

လက်ဖက်ရည်၏ရနံ့သည် သင်းပျံ့နေပြီး အရသာက လန်းဆန်းစေသည်။ လက်ဖက်ရည်သည် ချောမွေ့နေပြီး အရသာက စွဲထင်သွားသည်။

ထိုလက်ဖက်ရည်သည် သူ့ဂိုဏ်းတွင် မကြုံဖူးသော ရှားပါးသည့် ရတနာတစ်မျိုး ဖြစ်သည်။

လက်ဖက်ရည်ကို သောက်လိုက်သောအခါတွင် သူ့ဝိညာဉ်က သန့်စင်သွားသည်ဟု ခံစားလိုက်ရသည်။

ထိုလက်ဖက်ရည်သည် လောက၏ ရှားပါး‌သော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။

ဟန်မူယဲ့က ထိုရတနာမျိုးကို ပိုင်ဆိုင်ထားပြီး သူ့ကို ဧည့်ခံလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ဒါက ဘယ်လိုလက်ဖက်ရည်မျိုးလဲ”

တန်မင်ထောင်၏ ပထမဆုံးမေးခွန်းသည် လက်ဖက်ရည်အကြောင်း ဖြစ်သွားသည်။

ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ညင်သာစွာပြုံးလျက် ပြောသည်။

“ဒီလက်ဖက်ရွက်ကို ကြည်လင်တဲ့ဓားဆန္ဒနဲ့ အလင်းပေးပြီး မရေမတွက်နိုင်တဲ့ ဓားအဆီအနှစ်နဲ့ ပျိုးထောင်ထားတယ်။ ဒီလက်ဖက်ရည်က ဓားအဆီအနှစ်ကို အရသာခံကြည့်လိုက်တာနဲ့ အတူတူပဲ”

“ဒီလက်ဖက်ရည်ကို ဓားနှလုံးသားလို့ အမည်ပေးထားတယ်”

ဓားနှလုံးသား၊ ကြည်လင်ပြီး သန့်ရှင်းသည်။

ထိုအရာသည် ဓားတာအို၏ အဆင့်တစ်ခုဖြစ်ပြီး သူနားလည်ထားသော ဓားတာအိုလည်း ဖြစ်သည်။

ရှေ့တွင်ရှိနေသော လက်ဖက်ရည်ခွက်ကို ကြည့်လိုက်ပြီး တန်မင်ထောင်၏မျက်နှာထားက‌ ပြောင်းလဲသွားသည်။

သူက ကြည်လင်သော ဓားအလင်းနှင့် မရေမတွက်နိုင်သော ဓားများ၏ အဆီအနှစ်ကို သိထားသည်။

သို့သော် ထိုအရာများနှင့် ဤလက်ဖက်ရည်ခွက်ကို ဖန်တီးရန် မဖြစ်နိုင်ပေ။

သန့်စင်သော ဓားနှလုံးသားသည် ကြည်လင်သောစိတ်ထားကို ဆိုလိုသည်။

‘ဒီလိုလူမျိုးက တကယ်ပဲ အနှောင်အဖွဲ့တွေ မရှိဘူးလား’

အကယ်၍ ဟန်မူယဲ့က အနှောင်အဖွဲ့မရှိသော ဓားကျင့်ကြံသူမျိုး ဖြစ်နေခဲ့လျှင် သူ၏ ကျင့်ကြံဆင့်သည် ထင်ထားသလောက် ရိုးရှင်းမည်မဟုတ်ပေ။

သူက ကိုယ်ပိုင်ကျင့်ကြံဆင့်ကို အသုံးပြု၍ ကျောက်ယွီကို သတ်ဖြတ်ခဲ့လျှင် ဓားစံအိမ်၏ ဂိုဏ်းခွဲမှူးတစ်ယောက် ဖြစ်လာနိုင်သည်။

ထို့အပြင် သူက အကာအကွယ်ရတနာတစ်ပါးကိုလည်း ပိုင်ဆိုင်ထားပုံရသည်။

ဟန်မူယဲ့၏နောက်ကျောတွင်ရှိသော ဓားအိမ်ကို ကြည့်လိုက်ပြီး တုမင်ထောင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ထိုအရာသည် ဟန်မူယဲ့၏ အကြီးမားဆုံးအမှီအခိုနှင့် ဝှက်ဖဲ ဖြစ်လိမ့်မည်။

ဓားကျင့်ကြံသူတစ်ယောက်၏ မာနသည် ဓားဖြစ်သည်။

တန်မင်ထောင်က ရှေ့တွင်ရှိနေသော လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒီလက်ဖက်ရည်က ကောင်းသားပဲ။ ဘယ်မှာလုပ်ခဲ့တာလဲမသိဘူး”

အကယ်၍ လက်ဖက်ရည်ခွက်သည် ဓားကို ကိုယ်စားပြုလျှင် လက်ဖက်ရည်ကို ပြုလုပ်ခြင်းသည် ခွန်အားကို ကိုယ်စားပြုသည်။

လူတစ်ယောက်က ပိုမိုသန်မာလေ ညှိနှိုင်းနိုင်စွမ်းရှိလေ ဖြစ်သည်။

အကယ်၍ ဟန်မူယဲ့က ဓားစံအိမ်သို့ ဝင်ရောက်လိုက်လျှင် အလွန်တန်ဖိုးထားခံရလိမ့်မည်။

ဟန်မူယဲ့က လက်ဖက်ရည်နှင့် ဧည့်ခံလိုက်သောအခါတွင် ဓားစံအိမ်သို့ ဝင်ရောက်ရန် ဆန္ဒရှိသည်ဟု တန်မင်ထောင်က ယုံကြည်လိုက်သည်။

ထိုသို့မဟုတ်လျှင် အရည်အသွေးမြင့်မားသော လက်ဖက်ရည်ကို အဘယ်ကြောင့် ထုတ်သုံးမည်နည်း။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပြောသည်။

“ဘာဖြစ်လို့များလဲ။ အကြီးအကဲတန်က ဓားနှလုံးသားလက်ဖက်ရည်ကို စိတ်ဝင်စားနေတာလား”

“တကယ်လို့ အကြီးအကဲက သဘောကျတယ်ဆိုရင် ....”

တန်မင်ထောင်က ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

‘အခု သူက ဓားစံအိမ်နဲ့ ငါ့ရဲ့လက်အောက်မှာ ခိုဝင်ဖို့ ပြောနေတာလား’

‘သူက ငါ့ကို ဓားနှလုံးသားလက်ဖက်ရွက်တွေ ပေးလာရင် တရားဝင်တပည့်တစ်ယောက်အဖြစ် ရာထူးတိုးပေးလိုက်မယ်’

‘သူက ငါ့ရဲ့ တပည့်ရင်းတစ်ယောက် ဖြစ်လာပြီး ငါလက်အောက်က ဂိုဏ်းခွဲမှူးတစ်ယောက်လည်း ဖြစ်လာနိုင်တယ်’

တန်မင်ထောင်၏ အကြည့်အောက်တွင် ဟန်မူယဲ့က တည်ငြိမ်စွာ ဆက်ပြောသည်။

“အကြီးအကဲက သဘောကျတယ်ဆိုရင် ဓားနှလုံးသားလက်ဖက်ရွက် တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံးဆယ်သန်း ကျသင့်လိမ့်မယ်။ အကြီးအကဲလိုသလောက် ထုတ်ရောင်းပေးနိုင်ပါတယ်”

တန်မင်ထောင်၏အကြည့်က အေးခဲသွားသည်။

ဟန်မူယဲ့က ထိုသို့ ပြောလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

လက်ဆောင်တစ်ခုမဟုတ်ဘဲ ရောင်းချခြင်း ဖြစ်သည်။

ဓားနှလုံးသားလက်ဖက်ရွက် တစ်ပေါင်အတွက် ဝိညာဉ်ကျောက်တုံးဆယ်သန်း ....

အရေးအကြီးဆုံးအနေဖြင့် တစ်ဖက်လူသည် သူလိုသလောက် ထုတ်ရောင်းပေးနိုင်သည်။

ထိုအရာက မည်သည့်အရာကို ဆိုလိုသနည်း။

တစ်ဖက်လူသည် သူနှင့် အဆင့်တူ သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုမှ ဆွေးနွေးနေခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

သူက လိုသလောက် ထုတ်ပေးနိုင်သည်။ ထိုအရာသည် ယုံကြည်ချက် ဖြစ်သည်။

သူက မှားယွင်းနေခဲ့သည်။

ဂိုဏ်းများအားလုံးကလည်း မှားယွင်းနေခဲ့ကြသည်။

သူ့ရှေ့တွင်ရှိသော ဟန်မူယဲ့သည် မည်သည့်အင်အားစုကိုမှ ဝင်ရောက်ရန် စီစဉ်မထားပေ။

အဘယ်ကြောင့်ဆိုသော် သူက သူတို့လိုအပ်သမျှ လက်ဖက်ရွက်များကို ထုတ်ပေးနိုင်သောကြောင့် ဖြစ်သည်။

တန်မင်ထောင်၏မျက်နှာထားက ဖြည်းဖြည်းချင်း လေးနက်လာပြီး ညင်သာစွာပြောသည်။

“ငါလိုချင်သလောက်လား”

သူက လက်မြှောက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။

“အဲဒါဆိုရင် ဒီလောက်ပေး”

ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာကို ယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာပြောသည်။

“ကောင်းပြီ”

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်းချီတန်ဖိုးရှိသော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများသည် ကျောက်စိမ်းသေတ္တာထဲတွင် ရှိနေကြသည်။ ထို့အပြင် အလွန်တန်ဖိုးရှိသော ဝိညာဉ်သတ္တုများကိုလည်း အပုံလိုက် မြင်ရသည်။

ထိုကျောက်စိမ်းသေတ္တာ၏ တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ကျော်နေသည်။

ထို့ကြောင့် ဟန်မူယဲ့က ဓားနှလုံးသားလက်ဖက်ရွက် ပေါင်တစ်ရာကို ထုတ်ပေးရမည်။

လောကတွင် အဖိုးတန်သော လက်ဖက်ရွက်များသည် ပေါင်တစ်ရာအထိ မည်သို့ ရှိနိုင်မည်နည်း။

ထိုအရာသည် တန်မင်ထောင်၏ စမ်းသပ်ချက်ဖြစ်ပြီး ဓားစံအိမ်၏ ခွန်အားကို ပြသခြင်းလည်း ဖြစ်သည်။

သူက ဓားစံအိမ်၏ အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ထိုပမာဏကို လွယ်ကူစွာထုတ်ပေးပြီး ကြွယ်ဝမှုကို ပြသလိုက်သည်။

သို့သော် ဟန်မူယဲ့က ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီး အဝတ်အိတ်တစ်လုံးကို ထုတ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တန်မင်ထောင်က အဝတ်အိတ်ကို ကောက်ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင် မျက်လုံးပြူးသွားသည်။

ဓားနှလုံးသားလက်ဖက်ရွက် ပေါင်တစ်ရာ ရှိနေသည်။

All Chapters