← Chapters

အခန်း (၇၅၄)

Vol. 54 Ch. 754

အခန်း (၇၅၄)

Vol. 54 Ch. 754

မည်သို့ပင်ဖြစ်စေ အဆုံးမဲ့တာအိုဂိုဏ်းသည် အထက်ဘုံ၏ အဓိကဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ဟန်မူယဲ့က အထက်ဘုံတွင် ခြေချချင်သောကြောင့် မဟာမိတ်များကို သေချာပေါက် လိုအပ်နေလိမ့်မည်။

ထိုအရာသည် အခွင့်ကောင်းတစ်ခု ဖြစ်သည်။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် စကားပြောလိုက်ပြီး ယန်ယွင်ထျန်းကို ကြည့်နေကြသည်။

ဤနေရာတွင် ယန်ယွင်ထျန်းသည် တာဝန်ရှိသူ ဖြစ်သည်။

“အဲဒီလောက် မရိုးရှင်းဘူး”

ယန်ယွင်ထျန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ခန်းဆောင်၏အပြင်ဘက်သို့ ကြည့်သည်။

“ဟန်မူယဲ့က အရမ်းသန်မာတဲ့အတွက် ဆေးတောင်ကြားနဲ့ပတ်သတ်ပြီး အကြံအစည်ကြီးတစ်ခု ရှိလိမ့်မယ်”

“ငါတို့က သူနဲ့ အလျင်စလို မိတ်ဆွေဖွဲ့လိုက်ရင် တန်ပြန်ဒဏ်ကို ခံရလိမ့်မယ်”

ထိုကျွမ်းကျင်သူက ဆေးတောင်ကြားကို မျက်စိကျနေသည်။ သူတို့က သူနှင့် ရင်းနှီးနေလျှင် တခြားဂိုဏ်းများ၏ ရန်လိုခြင်းကို ခံရလိမ့်မည်။

ယန်ယွင်ထျန်းက ခေါင်းခါလိုက်ပြီး ခန်းဆောင်ထဲတွင်ရှိသော လူများကို ကြည့်သည်။

“အခု မိတ်ဆွေမဖွဲ့ဘဲ နေကြမယ်။ ရန်သူဖြစ်လာလို့လည်း မရဘူး”

“ဒါပေမဲ့”

သူက တစ်ဦးတည်းသော အမျိုးသမီးတပည့်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဂိုဏ်းတူညီမယွီထုံ၊ နတ်မိမယ်မူက သဘောကောင်းတယ်လို့ ပြောကြတယ်။ သူမနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာသင့်တယ်”

သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးသည်။

“စိတ်မပူပါနဲ့။ ကုန်ကျစရိတ်အားလုံးကို ဂိုဏ်းက ထုတ်ပေးမှာပါ”

သူ့စကားကို ကြားလိုက်ရ‌သောအခါတွင် အမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးများက တောက်ပသွားကြသည်။ သူမက ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး ခပ်ဟဟရယ်သည်။

“အဲဒါဆိုရင် ကျွန်မက ယဉ်ကျေးမနေတော့ဘူး”

ခန်းဆောင်ထဲတွင် ရယ်သံများကို ကြားနိုင်သည်။

ယန်ယွင်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး မျက်နှာထားက လေးနက်သွားသည်။ သူက ညင်သာစွာပြောသည်။

“ဂိုဏ်းတူအစ်ကိုကျူးဝူက အထက်ဘုံရဲ့ပြောင်းလဲမှုတွေကို မသိသေးဘူး။ ဟန်မူယဲ့က အဓိကဂိုဏ်းကြီးတွေနဲ့ ယှဉ်နိုင်တယ်ဆိုတာ အထက်ဘုံကို တက်လှမ်းမသွားခင်အချိန်နဲ့ နှိုင်းယှဉ်ပြီး ပြောနေတာပဲ”

သူ့စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူများ၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

ဟန်မူယဲ့က ပုံမှန်အချိန်တွင် အထက်ဘုံသုံးပါး၏ ဂိုဏ်းများနှင့် ယှဉ်နိုင်လျှင် ယခုအချိန်တွင် အထက်ဘုံ၏ ဂိုဏ်းများကို ဖျက်ဆီးနိုင်လိမ့်မည်။

“ပြီးတော့ ဟန်မူယဲ့က ဓားစံအိမ်ရဲ့ ထောက်ပံ့မှုကို ရထားတယ်လို့ ဂိုဏ်းတူအစ်ကျူးဝူက ပြောသွားပုံရတယ်”

“တန်မင်ထောင်က ဟန်မူယဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာလား”

ယန်ယွင်ထျန်း၏မေးခွန်းကို မည်သူမှ မဖြေနိုင်ကြပေ။

ဟန်မူယဲ့ကို တိုက်ရိုက်သွားမေးရန် လိုအပ်သည်။

သို့သော် ယခုအချိန်တွင် သူတို့က သွားမမေးရဲကြပေ။

ထိုအချိန်တွင် လူတစ်ယောက်သည် ဟန်မူယဲ့၏ ခြံဝိုင်းဆီသို့ ရောက်လာခဲ့သည်။

ကျောက်ယွီမဟုတ်ပေ။

အစိမ်းရောင်တာအိုဝတ်စုံနှင့် တာအိုဆန္ဒကို ထုတ်ဖော်ထားသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက် ဖြစ်သည်။

ယွီလင်တာအိုဂိုဏ်း၏ ပြင်ပရေးရာအကြီးအကဲ ကွမ်ယွီ ဖြစ်သည်။

မူဝမ်က လက်ဖက်ရည်ပွဲကို ချပေးပြီး ထွက်သွားသည်။ ကွမ်ယွီက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“မိတ်ဆွေလေးဟန်တို့စုံတွဲက ဆေးတောင်ကြားမှာ လွတ်လွတ်လပ်လပ် ရှိနေတာပဲ”

“အကြီးအကဲပြောတာ မှန်ပါတယ်”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။

“ဆေးတောင်ကြားက အမြဲတမ်းငြိမ်းချမ်းနေခဲ့တယ်။ ဂိုဏ်းတူညီမက ဒီနေရာကို သဘောကျတော့ ကျွန်တော်လည်း သဘောကျတာပေါ့”

ငြိမ်းချမ်းသည်။

ဆေးတောင်ကြားသည် ထူးခြားမှုများမရှိသော်လည်း တည်ငြိမ်အေးဆေးသည်။

ယခုအချိန်တွင် အင်အားစုအမျိုးမျိုးသည် ဆေးတောင်ကြားတွင် လှုပ်ရှားနေကြသည်။ သို့သော် ဟန်မူယဲ့က ငြိမ်းချမ်းသည်ဟု ပြောခဲ့သည်။

ကွမ်ယွီ၏မျက်လုံးများက တောက်ပသွားပြီး ရှေ့တွင်ရှိနေသော လက်ဖက်ရည်ခွက်ကို ကောက်ယူသည်။

“ဒီလက်ဖက်ရည်က ....”

ကွမ်ယွီက ဟန်မူယဲ့ကို ကြည့်သည်။

“အဲဒီလက်ဖက်ရည်က ဓားနှလုံးသားလို့ ခေါ်တယ်။ လက်ဖက်ရွက်ကို ကြည်လင်တဲ့ဓားဆန္ဒနဲ့ အလင်းပေးပြီး မရေမတွက်နိုင်တဲ့ ဓားအဆီအနှစ်နဲ့ ပျိုးထောင်ထားတယ်”

“လက်ဖက်ရွက်တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံးဆယ်သန်း ကျသင့်တယ်။ အကြီးအကဲက ဘယ်လောက်လိုချင်လဲ”

ဟန်မူယဲ့က သာမန်ကာလျှံကာ ပြောလိုက်သည်။

လက်ဖက်ရည်ခွက်ကို ကိုင်ထားသော ကွမ်ယွီ၏လက်က တုန်ခါသွားခဲ့သည်။

သူ၏ခန့်မှန်းချက်နှင့် မတူပေ။

တန်မင်ထောင်က ဆူပုပ်နေသောမျက်နှာထားဖြင့် ထွက်သွားသောကြောင့် သူက ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။

သူက ဟန်မူယဲ့ကို စိတ်ဝင်စားနေသည်။

ဓားစံအိမ်အတွက် ပြဿနာရှာနိုင်လျှင် ဟန်မူယဲ့ဆီသို့လာရန် ထိုက်တန်သည်။

သို့သော် ဟန်မူယဲ့က လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံပြီး လက်ဖက်ရွက်များကို လိုသလောက်ရနိုင်သည်ဟု ပြောခဲ့သည်။

‘လိုသလောက်ရနိုင်တယ်တဲ့လား’

‘ကောင်းသားပဲ’

အရေးအကြီးဆုံးအနေဖြင့် သူက ဟန်မူယဲ့၏ အင်အားစုကို လိုအပ်နေသည်။

ကွမ်ယွီက လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး တစ်ငုံသောက်၍ မေးလိုက်သည်။

“တန်မင်ထောင်က ဘယ်လောက်ဝယ်သွားတာလဲ”

တန်မင်ထောင်ကိုင်ထားသော အဝတ်အိတ်ထဲတွင် ရှိနေသည့်အရာကို နောက်ဆုံးတွင် သူက သိသွားခဲ့သည်။

တန်မင်ထောင်၏ မည်းမှောင်နေသော မျက်နှာထားကိုလည်း နားလည်သွားခဲ့သည်။

သူက အော်ရယ်လုနီးပါး ဖြစ်နေသည်။

တန်မင်ထောင်က ဟန်မူယဲ့ကို သိမ်းသွင်းရန်အတွက် ရောက်လာသော်လည်း အရောင်းအဝယ်တစ်ခုနှင့် အဆုံးသတ်သွားခဲ့သည်။

“အကြီးအကဲတန်က ရက်ရောပြီး ပေါင်တစ်ရာဝယ်သွားခဲ့ပါတယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

‘ရက်ရောတာလား’

‘ပေါင်တစ်ရာတည်းလား’

ကွမ်ယွီက မနေနိုင်တော့ဘဲ ပြုံးမိသည်။

တန်မင်ထောင်သည် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ယောက်သည် မည်မျှချမ်းသာနိုင်မည်နည်း။

သူက လက်ဖက်ရွက်ပေါင်တစ်ရာကို ဝယ်ယူရန်အတွက် အကုန်ထုတ်သုံးခဲ့ရလိမ့်မည်။

‘သူ့မျက်နှာထားက မည်းမှောင်နေတာ မထူးဆန်းတော့ပါဘူး’

တန်မင်ထောင်က မည်သို့ပင် စိတ်ကူးထားပါစေ ထိုသို့ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မထားလောက်ပေ။

ကွမ်ယွီက ကျယ်လောင်စွာရယ်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။

ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာကိုယူပြီး ခေါင်းညိတ်သည်။ ထို့နောက် အဝတ်အိတ်နှစ်အိတ်ကို ထုတ်ပေးသည်။

လက်ဖက်ရွက် ပေါင်နှစ်ရာ ဖြစ်သည်။

ကွမ်ယွီက ခြံဝိုင်းထဲတွင် ကြာမြင့်စွာမနေခဲ့ပေ။ သူက စကားအနည်းငယ်ပြောပြီး အိတ်လေးနှစ်အိတ်ကို ဆွဲ၍ ပျော်ရွှင်စွာထွက်သွားသည်။

မူဝမ်က စိုးရိမ်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။

“ဘာဖြစ်လို့လဲ။ ဒီဂိုဏ်းကြီးတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိခိုက်မှာကို စိုးရိမ်နေတာလား”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မေးသည်။

မူဝမ်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“အစ်ကိုဟန်ပြင်ထားတဲ့ လက်ဖက်ရွက်တွေက မလုံလောက်မှာကိုပဲ စိုးရိမ်နေတာပါ”

ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်သည်။

မူဝမ်သည် ငွေကြေးနှင့်ပတ်သတ်၍ စွဲလမ်းနေသည်။

ကျောက်ယွီရောက်လာသောအချိန်တွင် အဝတ်အိတ်လေးနှစ်အိတ် ကိုင်ထားပြီး ပျော်ရွှင်စွာပြုံးနေသော ကွမ်ယွီနှင့် တံခါးဝတွင် တွေ့လိုက်ရသည်။

ဟန်မူယဲ့၏ရယ်သံကို ကြားရသောအခါတွင် ကျောက်ယွီ၏မျက်နှာထားက ပိုမိုပျက်ယွင်းလာသည်။

“ညီအစ်ကိုဟန်”

ကျောက်ယွီက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။ ဟန်မူယဲ့က လက်မြှောက်ပြီး စားပွဲပေါ်တွင်ရှိသော လက်ဖက်ရည်ခွက်များကို သိမ်းလိုက်သည်။

“ညီအစ်ကိုကျောက်နဲ့ မတွေ့ရတာ နှစ်ပေါင်းတစ်ရာလောက် ရှိနေပြီ။ ညီအစ်ကိုဟန်က ကျင့်ကြံခြင်းမှာ အတော်လေးတိုးတက်လာတာပဲ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ကျောက်ယွီက ကျင့်ကြံခြင်းတွင် အမှန်တကယ် တိုးတက်လာခဲ့သည်။

သို့သော် ကျောက်ယွီက ဟန်မူယဲ့၏ ချီးကျူးစကားသံကို တစ်မျိုးကြားရသည်။

“အမတ်ချုပ်ကြီးဟန်လောက်တော့ မကောင်းသေးပါဘူး”

အမတ်ချုပ်ကြီးဟန် ....

‌ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် တာအိုပြိုင်ပွဲတွင် မုန်တိုင်းတစ်ခုကို ဖြစ်လာစေခဲ့သည်။

ဟန်မူယဲ့က ထူးခြားသည်ဟု တန်မင်ထောင်ကပင် ပြောခဲ့သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“ဒီလိုအခြေအနေတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ငြိမ်းချမ်းတဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ချင်တာပါ”

တာအိုပြိုင်ပွဲ၏ နှစ်တစ်ရာအချိန်တွင် ဟန်မူယဲ့က အင်အားစုအမျိုးမျိုးနှင့် အဆက်အသွယ်လုပ်ခဲ့ရပြီး အမှားတစ်ခုကြောင့် ပျက်စီးခြင်းသို့ စိုက်ရောက်သွားနိုင်သည်။

တာအိုပြိုင်ပွဲကို အနိုင်ရပြီး အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် ပတ်သတ်သော အကြောင်းအရာများကို ပြန်တွေးလိုက်သောအခါတွင် အရာအားလုံးက အိပ်မက်ဆန်နေသည်။

မဟာပုဂ္ဂိုလ်များ၏ အကြံအစည်အောက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သူလျှောက်လှမ်းခဲ့ရသော ပင်ပန်းခက်ခဲသည့်ခရီးကို သူကိုယ်တိုင်သာ နားလည်သည်။

ကျောက်ယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။

သူက ဟန်မူယဲ့နှင့် ဓားချင်းယှဉ်ပြီး စုဝေကမ္ဘာတွင် ဓားတာအို၏ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

သူ၏ နားလည်မှုအရ ဟန်မူယဲ့ပြောခဲ့သောစကားသည် အမှန်ပင်ဖြစ်သည်။

သို့သော် လောကကြီးက ပြောင်းလဲနေပြီး လူသားများ၏ နှလုံးသားသည်လည်း ပြောင်းလဲနိုင်သည်။

“ညီအစ်ကိုဟန်၊ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ ဂူနန်းကို စူးစမ်းရှာဖွေဖို့ ပြောခဲ့တာ မှတ်မိသေးလား”

ကျောက်ယွီက ပြောလိုက်သည်။

စုဝေကမ္ဘာတွင် ကျောက်ယွီနှင့် ဟန်မူယဲ့က သဘောတူညီချက် လုပ်ခဲ့ကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“မှတ်မိတာပေါ့”

ကျောက်ယွီက ဟန်မူယဲ့ကို ကြည့်သည်။

“ဖြစ်နိုင်မယ်ဆိုရင် နောက်လမှာသွားဖို့ စီစဉ်ထားတယ်။ ညီအစ်ကိုဟန်မှာ အချိန်ရှိလား”

ဟန်မူယဲ့က မူဝမ်ကို လှည့်ကြည့်လိုက်ပြီး ပြုံးသည်။

“ညီမမူက ဆေးတောင်ကြားမှာ အကြာကြီးနေခဲ့ပြီးပြီ။ ဒီတစ်ကြိမ်မှာ ညီအစ်ကိုကျောက်နဲ့အတူ အပြင်ထွက်ကြည့်ကြမလား”

မူဝမ်က ပျော်ရွှင်စွာခေါင်းညိတ်သည်။

ကျောက်ယွီက အနည်းငယ်မျက်မှောင်ကြုတ်ထားသော်လည်း တိတ်ဆိတ်နေပြီး မငြင်းလိုက်ပေ။

သူက ဓားစံအိမ်၏ ဧည့်သည်ခန်းဆောင်သို့ ရောက်လာသောအခါတွင် ထိုအကြောင်းကို ပြောပြလိုက်သည်။

“လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေတာက အမြဲတမ်း အန္တရာယ်ရှိတယ်။ ဟန်မူယဲ့က သတိမထားမိတာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခု ရှိနေတာလား”

အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက သံသယဝင်နေသည်။

“အာခီမီကျင့်ကြံသူတစ်ဦးကို ခေါ်သွားချင်နေတယ်။ သူက လျှို့ဝှက်နယ်မြေကို ပျော်ပွဲစားထွက်မလို့လား”

တစ်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူက အေးစက်စွာ နှာမှုတ်လိုက်သည်။

စားပွဲခုံ၏ထိပ်တွင် ရှိနေသော တန်မင်ထောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာပြောသည်။

“ကျောက်ယွီက ယုံကြည်ချက်ရှိရင် သူတို့ကို ခေါ်သွားလိုက်ပါ”

“သူက လျှို့ဝှက်နယ်မြေကို သွားမယ်ဆိုရင် ဆေးတောင်ကြားကို အာရုံစိုက်မထားဘူးလို့ ဆိုလိုတာပဲ”

“ငါတို့ရဲ့ ခန့်မှန်းချက်တွေက မှားနေတာလည်း ဖြစ်နိုင်တယ်”

တစ်လအကြာတွင် အင်အားစုအမျိုးမျိုးက သည်းမခံနိုင်တော့ဘဲ ဆေးတောင်ကြားကို ဖိအားပေးကြလိမ့်မည်။

ဟန်မူယဲ့က မူဝမ်ကို ခေါ်သွားမည်ဖြစ်သောကြောင့် ဆေးတောင်ကြားနှင့် အကွာအဝေးတစ်ခု ခြားထားရန် ရည်ရွယ်နေပုံပေါ်သည်။

ထိုအရာသည် ပြိုကျလာသော တောင်အောက်တွင် ရပ်နေမည်မဟုတ်သော ဗျူဟာရှင်တစ်ယောက် ဖြစ်သည်။

ထိုအပြုအမူသည် ကောက်ကျစ်သော ခေါင်းဆောင်တစ်ယောက်နှင့် ကိုက်ညီသည်။

‘ဒါပေမဲ့ သူက တာအိုလက်တွဲဖော်အတွက်ပဲ ဆေးတောင်ကြားကို ရောက်လာတာလား’

လီချင်းရှစ်က ဟန်မူယဲ့ဆီသို့ အလည်ရောက်လာသောအခါ တစ်လအကြာတွင် ကျောက်ယွီနှင့်အတူ လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေမည့် ဟန်မူယဲ့နှင့်မူဝမ်၏အကြောင်းကို သိလိုက်ရသည်။

All Chapters