← Chapters

အခန်း (၇၅၆)

Vol. 54 Ch. 756

အခန်း (၇၅၆)

Vol. 54 Ch. 756

ဟန်မူယဲ့နှင့်မူဝမ်က ဆေးတောင်ကြားမှ ထွက်လာသောအခါတွင် ဂိုဏ်းသခင်နှင့် အကြီးအကဲများသာမက ဂိုဏ်းအသီးသီးမှ အမျိုးသမီးကျင့်ကြံသူများကလည်း မျက်ရည်ဝဲနေပြီး သူတို့ကို နှုတ်ဆက်လိုက်ကြသည်။

ထိုအမျိုးသမီးကျင့်ကြံသူများအားလုံး၏ အသားအရေသည် ချောမွေ့နေပြီး လက်ရာမြောက်သော အလှဆင်ပစ္စည်းများကို ဝတ်ဆင်ထားကြသည်။

“အစ်မမူဝမ်၊ ကျွန်မတို့ သဘောတူထားတဲ့ ရေတိမ်တိုက်ဆေးလုံးကို မေ့မသွားနဲ့အုံးနော်။ ကျွန်မက စရံအနေနဲ့ ဝိညာဉ်ကျောက်တုံးဆယ်သန်းကို ပေးပြီးပြီ”

“အစ်မမူ၊ ခဲအိုနဲ့ ပျော်ခဲ့ပါ။ အစ်မပြန်လာရင် ကျွန်မတို့က အာခီမီကို အတူတူလေ့လာလို့ရတယ်”

“အစ်မရေ လျှို့ဝှက်နယ်မြေကို စူးစမ်းတဲ့အချိန်မှာ ဂရုစိုက်ပါ။ နေမလောင်စေနဲ့နော်”

ကျောက်ယွီ၏နောက်တွင်ရှိသော ဓားကျင့်ကြံသူများက အကြည့်လွှဲလိုက်ကြသည်။

‘သူတို့က လျှို့ဝှက်နယ်မြေကို ဘာထင်နေကြတာလဲ’

တစ်ဖက်တွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး သူတို့ကို လိုက်ပို့နေသော ဆေးတောင်ကြား၏ ဂိုဏ်းသခင်နှင့် အကြီးအကဲများကို ဦးညွတ်လိုက်သည်။ ထို့နောက် အဝေးတစ်နေရာတွင် ရပ်နေသော တုချန်ရှန်နှင့် တခြားလူများကို ခေါင်းညိတ်ပြသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် တုချန်ရှန်က အလည်ရောက်လာပြီး ဓားနှလုံးသားလက်ဖက်ရွက်အား ပြုလုပ်သည့်နည်းလမ်းကို ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သုံးထောင်ဖြင့် ကမ်းလှမ်းခဲ့သည်။

ဟန်မူယဲ့က စိတ်ဝင်စားသွားသည်။

မူဝမ်၏မျက်လုံးများက တောက်ပလာခဲ့သည်။

သို့သော် ထိုနည်းလမ်းကို မရောင်းချနိုင်ပေ။

လက်ဖက်ရွက်များကို ကိုးထပ်ဓားစံအိမ်ထဲတွင် ထည့်ပြီး ဓားသန်းသုံးဆယ်နှင့် အလင်းပေးထားသည်။ ထိုနည်းလမ်းကို ပြောလိုက်လျှင်ပင် မည်သူက ယုံကြည်နိုင်မည်နည်း။

‘ကိုးထပ်ဓားစံအိမ်ကို ထုတ်ရောင်းလိုက်ရမလား’

သူက တုချန်ရှန်ကို အထင်သေးနေခြင်း မဟုတ်ပေ။ တုချန်ရှန် အယောင်တစ်ထောင်ရှိနေလျှင်ပင် ကိုးထပ်ဓားစံအိမ်ကို ဝယ်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က တစ်ဖက်သို့ လှည့်သွားသောအခါတွင် ဟန်မူယဲ့၏ မျက်နှာထားက မည်းမှောင်သွားသည်။

ဟန်မူယဲ့တို့ ထွက်သွားသောအခါတွင် တုချန်ရှန်က တစ်ဖက်သို့လှည့်ပြီး ပြောသည်။

“တာအိုရောင်းရင်းတို့၊ ဟန်မူယဲ့ရဲ့ နှောင့်ယှက်မှုကြောင့် ငါတို့က အချိန်ကြာသွားတယ်”

“တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကလည်း အခြေအနေကို ပြောင်းလဲဖို့ အချိန်ရခဲ့တယ်”

“ဒါပေမဲ့ သူတို့က အဲဒီအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့ဘူး”

သူက နှာမှုတ်လိုက်ပြီး ခေါင်းခါသည်။

“ကြီးကျယ်ခမ်းနားတဲ့ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားက မျှော်လင့်ချက်တွေကို အပြင်လူတစ်ယောက်ဖြစ်တဲ့ ဟန်မူယဲ့ဆီမှာ ပုံအပ်ထားခဲ့တယ်။ တကယ် ရယ်စရာပဲ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဂိုဏ်းအသီးသီး၏ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သဘောတူညီချက်တစ်ခု ရသွားသည်။

သူတို့က တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ဆွေးနွေးရန်အတွက် တစ်လကျော်ကြာအောင် အချိန်ပေးခဲ့သည်။

သို့သော် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားက ထိုအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့ပေ။

ယခုအချိန်တွင် အထက်ဘုံ၏ ဂိုဏ်းများက အရင်းအမြစ်နှင့် နယ်မြေများအတွက် စိတ်လွတ်သည်အထိ တိုက်ခိုက်နေကြသည်။

သို့သော် ဆေးတောင်ကြားသည် ယခုအချိန်အထိ ငြိမ်းချမ်းနေသေးသည်။ ထိုအရာသည် အဓိပ္ပာယ်မရှိပေ။

ဂိုဏ်းများသည် တပည့်များကို ထပ်မံစေလွှတ်၍ သူတို့ကို တွန်းအားပေးခဲ့ကြသည်။

ဂိုဏ်းများအားလုံးသည် ဆေးလုံးများကို လိုအပ်နေကြသည်။

“အရင်က အထက်ဘုံသုံးပါးမှာ အာခီမီအတွက် တော်ဝင်နယ်မြေတစ်ခု လိုအပ်ခဲ့တယ်”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ဆေးတောင်ကြားမှ ထွက်ခွာသွားသော လူအုပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒါပေမဲ့ အခုလက်ရှိ အထက်ဘုံက မလိုအပ်ဘူး”

“ငြိမ်းချမ်းနေတဲ့အချိန်မှာ ဆေးလုံးတွေကို အသုံးပြုပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ လက်နက်ကို အသုံးပြုတယ်။ ဟီးဟီး ....”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ရယ်လိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်းပြီး ကျက်သရေရှိစွာ တစ်ဖက်သို့လှည့်လိုက်သည်။

ဆေးတောင်ကြားတွင် စုစည်းနေသော ကျွမ်းကျင်သူများအားလုံးသည် တစ်စုတစ်စည်းတည်း မဟုတ်ကြပေ။

ဂိုဏ်းအများအပြားသည် အချင်းချင်း ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။

ဆေးတောင်ကြားတွင် ဂိုဏ်းမတူသော ကျွမ်းကျင်သူများက တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ဘဲ ရှိနေခြင်းသည် အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။

အကယ်၍ ဆေးတောင်ကြားတွင် တစ်ယောက်ယောက်က လှုပ်ရှားခဲ့လျှင် သေဆုံးသည်အထိ တိုက်ခိုက်ခြင်း ဖြစ်သွားလိမ့်မည်။

လူအုပ်က လူစုခွဲသွားသောအခါတွင် တုချန်ရှန်က အန္တရာယ်ပေးချင်သောအကြည့်ဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟန်မူယဲ့နှင့် မူဝမ်က သင်္ဘောပျံနှင့် မိုင်ထောင်ချီအကွာသို့ ရောက်နေကြသည်။

ကျောက်ယွီနှင့် ဓားစံအိမ်၏ တပည့်များက ဓားပျံများကို စီးနင်းထားကြသည်။ ဟန်မူယဲ့က မူဝမ်နှင့်အတူ ရပ်နေပြီး သင်္ဘောပျံပေါ်တွင် ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုနေသည်။ သူတို့က အလွန်သက်တောင့်သက်သာ ရှိလှသည်။

ဓားပျံစီးနင်းနေသော တပည့်တစ်ယောက်က သင်္ဘောပျံကို ကြည့်လိုက်ပြီး ရေရွတ်သည်။

“သူက တကယ်ပဲ ဓားသမားတစ်ယောက်လား”

တခြားတပည့်များက ခေါင်းခါလိုက်ကြသည်။

ဓားသမားတစ်ယောက်သည် ခံစားချက်များကို ဖြတ်တောက်မထားလျှင်ပင် အခက်အခဲများနှင့် ရင်ဆိုင်သင့်သည်။ အနည်းဆုံး ကြည်လင်သောစိတ်ထားနှင့် ဓားတစ်ခုတည်းအပေါ်တွင် အာရုံစိုက်ထားသင့်သည်။

‘လောကမှာ ဓားပျံမစီးဘဲ တာအိုလက်တွဲဖော်နဲ့အတူ သင်္ဘောပျံစီးနေတဲ့ ဓားကျင့်ကြံသူမျိုး ရှိနေသေးတာလား’

“လောကမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေရှိတယ်။ ငါတို့က အလျင်စလို မဆုံးဖြတ်သင့်ဘူး”

ကျောက်ယွီ၏မျက်နှာထားက လေးနက်နေပြီး ရှေ့တွင်ရှိသော တိမ်တိုက်များကိုကြည့်၍ တီးတိုးပြောသည်။

“သတိထားကြ”

ထိုတိမ်တိုက်များထဲတွင် လှုပ်ရှားနေသောနတ်အာရုံကို ခံစားကြည့်နိုင်သည်။ တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေပုံရသည်။

‘ငါတို့က ဆေးတောင်ကြားကနေ ထွက်လာတာ သိပ်မကြာသေးဘူးလေ။ သူတို့က မစောင့်နိုင်ကြတော့ဘူးလား’

တန်မင်ထောင်၏ညွှန်ကြားချက်ကို ရထားသော ကျောက်ယွီနှင့် ဂိုဏ်းတပည့်များ၏ မျက်နှာထားက လေးနက်နေသည်။

ဤခရီးစဉ်သည် အလွန်ခက်ခဲလိမ့်မည်။

သင်္ဘောပျံထဲတွင် မူဝမ်သည် ဟန်မူယဲ့၏ဘေးတွင် ထိုင်နေသည်။

မှိန်ဖျော့သော ချီစွမ်းအင်အလင်းလွှာတစ်ခုက သူတို့ကို လွှမ်းခြုံထားသည်။

ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေပြီး ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားကို စုစည်းနေသည်။ သွေးချီသည် သူ့ကိုယ်ထဲတွင် ညင်သာစွာစီးဆင်းနေသည်။

ဟန်မူယဲ့က အထက်ဘုံ၏ တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသို့ ရောက်လာသောအချိန်တွင် အားလပ်ချိန်၌ အမြဲ ကျင့်ကြံနေလေ့ရှိသည်။

သူက မူလခန္ဓာနှင့် ကိုယ်ပွားကို ပေါင်းစပ်ပြီး အာကာသထဲတွင် သူတော်စင်တစ်ပါးအဖြစ် ကပ်ဘေးဖြတ်ကျော်ခဲ့သည်။

သို့သော် အဆင့်တက်သွားသောအချိန်တွင် သူက ချက်ချင်းလှုပ်ရှားပြီး မြက်ရိတ်တံ၏စွမ်းအားကို လှုံ့ဆော်ခဲ့သည်။ ထို့အပြင် ဓားကိုအသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို ချိုးဖောက်ခဲ့သည်။ ထို့နောက် ရပ်နားခြင်းမရှိဘဲ ဆေးတောင်ကြားသို့ ပျံသန်းလာခဲ့သည်။

သူ၏ ကျင့်ကြံဆင့်သည် တည်ငြိမ်ခြင်းမရှိသေးပေ။

သူက ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်မလုပ်ဘဲ ရုပ်ခန္ဓာနှင့် ဓားတာအို၏ မူလဝိညာဉ်ကို မပေါင်းစပ်နိုင်လျှင် တချို့ကိစ္စများသည် လွယ်ကူတော့မည်မဟုတ်ပေ။

ဟန်မူယဲ့က မူဝမ်ကို ကယ်တင်ရန်အတွက် ဆေးတောင်ကြားသို့ ရောက်လာသော်လည်း အရှုပ်အထွေးများကို ချန်ထားပြီး ကျင့်ကြံဆင့်တည်ငြိမ်အောင် ပြုလုပ်ရန် ရည်ရွယ်ထားသည်။

သူက အဆင့်တက်ခါစ ဖြစ်သောကြောင့် ကျင့်ကြံဆင့်နှင့် ခွန်အားသည် လိုက်ဖက်ညီမှု မရှိသေးပေ။

ထို့အပြင် နတ်ဘုရားသားရဲ၏ စွမ်းအားသည် အလွန်သန်မာပြီး အပြည့်အဝပေါင်းစပ်နိုင်ရန် အချိန်ယူရဦးမည်။

သူ၏ သွေးချီက ရပ်တန့်သွားသောအခါတွင် သူ့ဝိညာဉ်က အနည်းငယ် တုန်ခါသွားသည်။ သူက မျက်လုံးဖွင့်လိုက်သောအချိန်တွင် မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေသော မူဝမ်ကို မြင်လိုက်ရသည်။

“အစ်ကိုဟန်ရဲ့ကျင့်ကြံခြင်းက အဆင်ပြေလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ‌ခေါင်းညိတ်သည်။ ထို့နောက် သစ်သားတုတ်တစ်ချောင်းကို ထုတ်ယူသည်။

မြက်ရိတ်တံ ဖြစ်သည်။

သို့သော် မြက်ရိတ်တံသည် ခွန်အားအများစု ကုန်ဆုံးသွားပြီး ရှေးခေတ်မှော်ရတနာအဆင့် စွမ်းရည်ကို မထုတ်ဖော်နိုင်တော့ပေ။

သို့သော် ကောင်းကင်သစ်ပင်၏ သစ်ကိုင်းတစ်ခု ဖြစ်နေသေးသည်။ မြက်ရိတ်တံသည် ရှားပါးသော သစ်သားဓာတ်စုစည်းခြင်း ရတနာတစ်ခု ဖြစ်သည်။

“ညီမမူ၊ ဒီသစ်သားတုတ်က ရတနာတစ်ခု ဖြစ်ခဲ့တယ်။ ဒါကို ပျိုးထောင်ပေးရင် ပြန်ကောင်းလာနိုင်တယ်”

ဟန်မူယဲ့က မြက်ရိတ်တံကို ပေးလိုက်ပြီး တီးတိုးပြောသည်။

ဤရက်များတွင် သူက မူဝမ်အတွက် အကာအကွယ်ရတနာများကို ပေးခဲ့သည်။ ရတနာအချို့သည် နတ်ဘုရားခုံရုံးရတနာတိုက်မှ ဖြစ်သည်။

ဟန်မူယဲ့ပေးသောရတနာများကို မူဝမ်က ငြင်းပယ်မည်မဟုတ်ပေ။ သူမက မြက်ရိတ်တံကိုယူပြီး နတ်အာရုံဖြင့် သေချာစစ်ဆေးကြည့်လိုက်သည်။

“ထူးဆန်းလိုက်တာ။ ဒီသစ်သားတုတ်ကို မြင်ဖူးနေသလိုပဲ ....”

မူဝမ်က စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် မြက်ရိတ်တံကို ကြည့်နေသည်။

“ဒါက ကျွန်မခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းလိုမျိုးပဲ”

သေချာမမြင်နိုင်သော အစိမ်းရောင်အငွေ့အသက်သည် မြက်ရိတ်တံနှင့် သူမ၏ခန္ဓာကိုယ်ကြားတွင် လှည့်ပတ်နေသည်။

ခြောက်သွေ့နေသော သစ်သားတုတ်က ပြန်လည်ရှင်သန်လာပုံရသည်။

“ဘုန်း”

အဝေးတစ်နေရာတွင် ပေါက်ကွဲသံကို ကြားနိုင်သည်။

ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ရောက်သွားသည်။

ရှေ့တွင် ကျောက်ယွီနှင့် ဓားစံအိမ်၏ တပည့်များက ဓားကိုင်ထားပြီး ရပ်နေကြသည်။

“ညီအစ်ကိုဟန်၊ မစိုးရိမ်ပါနဲ့။ ဒါက ပုံမှန်တိုက်ပွဲလေးတစ်ခုပါပဲ”

ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ရောက်လာသောအခါတွင် ကျောက်ယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လမ်းတစ်လျှောက်တွင် သူတို့က များပြားလှသော တိုက်ပွဲများကို မြင်ခဲ့ရသည်။

ယခုအချိန်၌ အထက်ဘုံသုံးပါးတွင် ငြိမ်းချမ်းသောနေရာ မရှိပေ။

ထိုတိုက်ပွဲများသည် နှစ်တစ်ထောင်ကြာသည်အထိ ရပ်တန့်သွားမည်မဟုတ်ပေ။

အဓိကအင်အားစုကြီးတစ်ခု လျင်မြန်စွာပေါ်ထွက်လာပြီး အထက်ဘုံကို မဖိနှိပ်နိုင်သ၍ ဖရိုဖရဲဖြစ်နေသော တိုက်ပွဲများသည် နှစ်သောင်းချီကြာသည်အထိ ဆက်ဖြစ်နေလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အလင်းရောင်တောက်ပနေသော နေရာကို ကြည့်သည်။

လူအများအပြားသည် ပြင်းထန်စွာတိုက်ခိုက်နေကြသည်။

ဟန်မူယဲ့တို့ နီးကပ်လာသောအခါတွင် နှစ်ဖက်လုံးသည် သတိထားပြီး နောက်ဆုတ်လိုက်ကြသည်။

သင်္ဘောပျံသည် အထင်ကြီးစရာမကောင်းသော်လည်း ဓားကျင့်ကြံသူများ၏ တောက်ပနေသောဓားအလင်းသည် လူတိုင်းကို စိုးရိမ်သွားစေသည်။

ဓားအလင်းနှင့် သင်္ဘောပျံသည် ရှေ့သို့ ဆက်သွားသောအခါတွင် နှစ်ဖက်လုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ချီစွမ်းအင်ကို အသက်သွင်း၍ မီးတောက်များကို ထုတ်ဖော်လိုက်ကြသည်။

ထိုအချိန်တွင် သင်္ဘောပျံက ရုတ်တရက် ရပ်တန့်သွားသည်။

ဟန်မူယဲ့က တစ်ဒါဇင်ခန့်ရှိသော အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်များကို ကြည့်သည်။ သူက မေးလိုက်သည်။

“မင်းတို့က ရူရီဂိုဏ်းကလား”

သူ့စကားကြောင့် တိုက်ခိုက်နေသော လူများသည် အံ့အားသင့်သွားကြသည်။

အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်များကို ဦးဆောင်ထားသော ကျောက်စိမ်းဓားနှင့် ဆံပင်ဖြူလူအိုကြီးတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး စိုးရိမ်စိတ်များနှင့်အတူ ပြောသည်။

“ခင်ဗျားက ....”

“ငါက ရူရီဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျူးဝူရှဲ့ကို သိတယ်”

ဟန်မူယဲ့၏စကားကြောင့် လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

ကျူးဝူရှဲ့သည် သူတော်စင်တစ်ဝက်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။ သူက သူတော်စင်အဆင့်သို့ တက်ရောက်နိုင်ရန်အတွက် တာအိုပြိုင်ပွဲတွင် အခွင့်အရေးတစ်ခုကို လာရှာခဲ့သည်။

ကျူးဝူရှဲ့က ရူရီဂိုဏ်းမှ ထွက်သွားသောကြောင့် ဂိုဏ်း၏ခွန်အားသည် အပြင်းအထန် ကျဆင်းသွားခဲ့သည်။ အထက်ဘုံသုံးပါး ပြိုကျလာသောအခါတွင် ရူရီဂိုဏ်းက ကိုယ်ပိုင်နယ်မြေကို မကာကွယ်နိုင်တော့ပေ။

“သခင်လေး၊ မဟာအကြီးအကဲ ကျူးဝူရှဲ့က သခင်လေးရဲ့အမိန့်အောက်မှာလို့ ပြောတာလား”

ဆံပင်ဖြူလူအိုကြီးက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

သူက ရူရီဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် မဟာအကြီးအကဲ၏ တည်နေရာကို သိထားသည်။

ထို့ကြောင့် သူက အံ့အားသင့်သွားသည်။

ထို့အပြင် လူစိမ်းတစ်ယောက်ဖြစ်သော ဟန်မူယဲ့က ကျူးဝူရှဲ့၏နာမည်ကို ထုတ်ပြောလာသောကြောင့် အနည်းငယ်ထူးဆန်းနေသည်။

သင်္ဘောပျံ၏ရှေ့တွင် ပျံသန်းနေကြသော ကျောက်ယွီနှင့် တခြားလူများက ဦးတည်ချက်ပြောင်းလိုက်ကြသည်။

သူတို့၏ဝတ်စုံကို မြင်လိုက်ရသောအခါတွင် ရူရီဂိုဏ်းနှင့် တစ်ဖက်ရန်သူများ၏မျက်နှာထားက ပြောင်းလဲသွားကြပြန်သည်။

“ဓားစံအိမ်”

“သခင်လေးက ဓားစံအိမ်ကလား”

ကျောက်ယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုဟန်၊ လှုပ်ရှားလိုက်ရမလား”

သူက မလိုအပ်သောပြဿနာများကို မလိုချင်သော်လည်း ဟန်မူယဲ့က စကားပြောလိုက်သောကြောင့် ထိုင်ကြည့်နေရန် မဖြစ်နိုင်တော့ပေ။

ဟန်မူယဲ့က ခေါင်းခါသည်။

“ကျူးဝူရှဲ့က သူတော်စင်အဆင့်ကို ရောက်သွားပြီ။ သူက ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးရင် ရက်အနည်းငယ်အတွင်းမှာ ပြန်လာလိမ့်မယ်”

ဟန်မူယဲ့က ရူရီဂိုဏ်း၏ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပြောသည်။

All Chapters